Taunggyi Travel

  • Home
  • Taunggyi Travel

Taunggyi Travel Travel services focus in Southern Shan State, Myanmar.

⭐️ ကလေးဘဝတုန်းက သီတင်းကျွတ်ကို သတိရလို့ ✨
19/10/2021

⭐️ ကလေးဘဝတုန်းက သီတင်းကျွတ်ကို သတိရလို့ ✨

🧡တောင်ထိပ်ဖျားက အိမ်ကလေးကို အသေးစိတ်ခံစားပြီး post ရေးပေးတဲ့ Wandering SAI HTET ကို ကျေးဇူးအထူးတင်ရှိပါတယ် 🥂
19/08/2020

🧡တောင်ထိပ်ဖျားက အိမ်ကလေးကို အသေးစိတ်ခံစားပြီး post ရေးပေးတဲ့ Wandering SAI HTET ကို ကျေးဇူးအထူးတင်ရှိပါတယ် 🥂

အားလပ်ရက်မှာ မိသားစုနဲ့အတူတူ လာရောက် အနားယူ အပန်းဖြေသွားတဲ့ ညီမလေး Nang Kham Naunt တို့မိသားစုကို ကျေးဇူးတင်ပါတယ် 😍😍    ...
09/08/2020

အားလပ်ရက်မှာ မိသားစုနဲ့အတူတူ လာရောက် အနားယူ အပန်းဖြေသွားတဲ့ ညီမလေး Nang Kham Naunt တို့မိသားစုကို ကျေးဇူးတင်ပါတယ် 😍😍







photo credit : Nang Kham Naunt

Welcome To Shan Stateရှမ်းရိုးမရဲ့ ကျေးလက်တောတန်းတွေကြားမှာ . . . . စိုက်ခင်းတွေနဲ့ တောင်တန်းတွေကြားမှာ . . . . မြို့ပြလ...
06/08/2020

Welcome To Shan State

ရှမ်းရိုးမရဲ့ ကျေးလက်တောတန်းတွေကြားမှာ . . . .
စိုက်ခင်းတွေနဲ့ တောင်တန်းတွေကြားမှာ . . . .
မြို့ပြလူနေမှုဘဝနဲ့ အဝေးမှာ . . . .

✨စိတ်ပျော်ရွှင် ကြည်နူးစရာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့ . . . .

“ အပျော်တမ်းမြင်းစီးခရီးစဉ် “

ဒီခရီးစဉ် Package လေးကို Taunggyi Travel နဲ့ ရှမ်းတောင်မြင်းစီးအဖွဲ့ (Welcome To Shan State အပျော်တမ်းမြင်းစီးခရီးစဥ်) တို့မှပူပေါင်းစီစဥ်ထားတာဖြစ်ပါတယ်။

ခရီးစဥ်တည်နေရာကတော့ တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံသေကျေးရွာမှာပါ . . . .

ဘယ်လိုပုံစံမျိုးလည်းဆိုတော့ . . . .

▫️မြင်းစီးရင်းနဲ့ လမ်းခရီးတလျှောက်မှာရှိတဲ့ ရှု့ခင်းတွေကြည့်ရှု့ခံစားမယ်🐴😍
▫️ရှမ်းရိုးရာ ပဲပုတ်လုပ်ငန်းကို ဝင်ရောက်လေ့လာမယ်🤠🤠
▫️အမှတ်တရ ဓါတ်ပုံတွေရိုက်ကြမယ် 📸👭👬

အချိန် (၂)နာရီလောက် မြင်းစီးပြီးရင်တော့ နေ့လည်စာသုံးဆောင်ရမယ့် တောင်ပေါ်ရေကန်ကိုရောက်ရှိပါမယ်🥘🏞️

ရေကန်ဘေးက အေးမြနေတဲ့ သစ်ရိပ်ဝါးရိပ်အောက်မှာ ရိုးရာအစားအသောက်များနဲ့ နေ့လည်စာကိုတည်ခင်းဧည့်ခံမှာဖြစ်ပါတယ် 🍀🌿🥙

အေးအေးဆေးဆေး အနားယူပြီးတဲ့အချိန်ကျမှ ခရီးစဉ်စတင်ရာ သံသေကျေးရွာသို့ ပြန်လည်ထွက်ခွါကြမှာဖြစ်ပါတယ် 🐴🥰

Package Price

3 Persons - 165,000
4 Persons - 220,000
5 Persons - 255,000
6 Persons - 306,000
7 Persons - 343,000
8 Persons - 392,000

အသေးစိပ်အချက်အလက် သိရှိလိုပါက
Chat Box
📞 095169715

မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်....





အားလုံးပဲ မင်္ဂလာပါ .....Taunggyi Travel Page ကနေကြိုဆိုလိုက်ပါတယ်🥰🚙ဒီ Taunggyi Travel Page လေးကတော့ အားလပ်ရက်နဲ့ရုံးပိတ...
27/07/2020

အားလုံးပဲ မင်္ဂလာပါ .....
Taunggyi Travel Page ကနေကြိုဆိုလိုက်ပါတယ်🥰🚙
ဒီ Taunggyi Travel Page လေးကတော့ အားလပ်ရက်နဲ့ရုံးပိတ်ရက်ရှည်တွေမှာ ရှမ်းပြည်နယ်မှာရှိတဲ့တောတောင်၊ ရေမြေသဘာဝအလှရှုခင်းတွေကို ခံစားရင်းသန့်ရှင်းလတ်ဆတ်တဲ့တောင်ပေါ်လေကိုရှူရှိုက်ပြီး စိတ်လက်အပန်းပြေစေဖို့အတွက် လွတ်လပ်ပေါ့ပါးတဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်တွေကို Package အလိုက်စီစဉ်ပေးထားတဲ့ page လေးပဲဖြစ်ပါတယ်။ 🏕️⛰️🚙
Taunggyi Travel ကနေ စီစဉ်ပေးထားတဲ့ ခရီးစဉ် Package တွေကိုသင့်တင့်မျှတသော စျေးနှုန်းများ နဲ့
အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ပေးထားပြီး ခရီးစဉ်တလျှောက် သွားလာနေထိုင်၊ စားသောက်မှုတွေကို
ဝန်ဆောင်မှုအပြည့် ပေးသွားမှာဖြစ်ပါတယ်။🤗😍
Taunggyi Travel ရဲ့ ပထမဆုံးခရီးစဉ် Package လေးတွေကတော့ ....
အင်းလေးကန်ရဲ့အရှေ့ဘက် တောင်တန်းပေါ်မှာတည်ရှိတဲ့ နန်းနွဲ့ရွာထဲက သစ်သားအိမ်လေးမှာ
မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ 👭👩‍👩‍👧
- ပျော်ပျော်ပါးပါးအမှတ်တရဓာတ်ပုံတွေရိုက်ရင်း📸
- ရိုးရာအစားအသောက်တွေရဲ့ အရသာကိုမြည်းစမ်းခံစားရင်း🤤
- ရွာလေးထဲကိုလမ်းလျှောက်လေ့လာလည်ပတ်ရင်း🚶‍♀️🚶‍♂️
- နေဝင်ချိန် အင်းလေးကန်ရေပြင်နဲ့ တောင်တန်းအလှတွေကိုငေးမောရင်း🌄🌅
- ဝိုင်တစ်ခွက်ရယ် BBQ အကင်တွေနဲ့ ညစာလက်ဆုံစား စကားဖောင်ဖွဲ့ကြရင်း🍷🍤🍢
- မီးရောင်စုံထိန်ထိန်လင်းနေတဲ့ ညောင်ရွှေမြို့လေးရဲ့ညမြင်ကွင်းအလှကိုကြည့်ရှုခံစားရင်း🌌🌃🤩
မြို့ပြလူနေမှုပါတ်ဝန်းကျင်နဲ့ခဏတာခွဲခွာပြီး ဘဝအမောတွေကိုဖြေဖျောက်ပေးမယ့် 🌳🌱
2 Days 1 Night ( Nang Nwe Trekking House ) Package လေးပဲဖြစ်ပါတယ်။😍🤗🚙

Package Price - 199,000 (for 4 Persons)

Package တွင်ပါဝင်သော ဝန်ဆောင်မှုများ...

🔹 တစ်ညတာတည်းခိုခွင့် ( လူဦးရေ(၄)ဦး )
🔹 နေ့လည်စာ (ရိုးရာအစားအစာဖြင့် တည်ခင်းဧည့်ခံပါမည်)
🔹 ညစာ (ရိုးရာထမင်း+ဟင်း)+ BBQ (ကိုယ်တိုင်ကင်စားရန်)
🔹 မနက်စာ (ကိုယ်တိုင်ပြင်ဆင်ရန် ပစ္စည်းများအသင့်ထားရှိပေးပါမည်)
🔹 ညောင်ရွှေမြို့တွင်းမှ နန်းနွဲ့ရွာသို့ ကားဖြင့် ကြို/ပို့
🔹 မိမိကြိုက်နှစ်သက်ရာ အဆာပြေ ချက်ပြုတ်စားသောက်နိုင်ရန် ဂက်(စ်)မီးဖို နှင့် မီးဖိုချောင်သုံး ပစ္စည်းများကိုလည်း စီစဥ်ပေးထားပါမည်)

Package တွင်မပါဝင်သောဝန်ဆောင်မှုများ

▪️ အဖျော်ယမကာများ မပါဝင်ပါ။
▪️ မီးအလင်းရောင်ရရှိရေးအတွက် ဆိုလာမီးကို အသုံးပြုရပါသဖြင့် ရေခဲသေတ္တာ၊ တီဗွီ အစရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများမပါဝင်ပါ။

🔴Check in Time - 10:30/11:00 AM
🔴Check out Time -10:30/11:00AM

•••••••••••••••••••••••••••••••••••••••••••••••

Package အပြင်ထပ်မံရရှိနိုင်သော ဝန်ဆောင်မှုများ

🔸 ဓါတ်ပုံဆရာမှ ဓါတ်ပုံရိုက်ကူးပေးခြင်း
🔸 ထင်းမီးပုံပွဲအစီအစဥ်များ ဆောင်ရွက်ပေးခြင်း
🔸 Trekking ခရီးစဥ်ကိုစီစဥ်ပေးခြင်း
🔸 အင်းလေးကန် နှင့် ညောင်ရွှေမြို့အနီးနားပတ်ဝန်းကျင် အလည်အပတ် ခရီးစဥ်များကို စီစဥ်ပေးခြင်း
🔸 လေဆိပ်/ကားဂိတ်များအထိ ကြို/ပို့ စီစဥ်ပေးခြင်း

အသေးစိပ်အချက်အလက် သိရှိလိုပါက
CB
📞 095169715
သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်....





Address


Alerts

Be the first to know and let us send you an email when Taunggyi Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taunggyi Travel:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share