Mkz Twin Brothers

  • Home
  • Mkz Twin Brothers

Mkz Twin Brothers ခရီးသွား မယ်ဆိုရင် MKZ transportation service ကို သတိ?

18/07/2022
24/01/2021

Welcome to Myanmar 🇲🇲

🚨 #ဒီဇင်ဘာ၁၇မှ၃၁ထိကြားရက်စနေတနင်္ဂနွေရက်အကုန်ပြည့်ပါပီ 🚨 ဇန်နဝါရီလအတွက် booking များလက်ခံနေပါပီရှင့် ဈေးနှုန်း အပြောင်းအ...
03/01/2021

🚨 #ဒီဇင်ဘာ၁၇မှ၃၁ထိကြားရက်စနေတနင်္ဂနွေရက်အကုန်ပြည့်ပါပီ 🚨

ဇန်နဝါရီလအတွက် booking များလက်ခံနေပါပီရှင့် ဈေးနှုန်း အပြောင်းအလဲရှိလို့ page မှာ ပိုစ့်အသစ်တင်ထားပါတယ်ရှင့်

🎉ဒီဇင်ဘာ ၁၅ ရက်နေ့ကစပီး ပြန်လည်ဖွင့်လှစ်လိုက်ပါပီ 🎉

မြို့ပြရဲ့ မွန်းကျပ်မှုတွေကြားကနေ ခဏတာ ရုန်းထွက်ဖို့

38 miles farm house ကနေပြန်လည် ကြိုဆိုပါတယ်

ရန်ကုန်မြို့ကနေ ၁နာရီခွဲ မောင်းရုံနဲ့ 38 miles farm house ကို ရောက်ပါပီနော်

ခြံထဲရောက်ရင် အနားယူမယ် အပန်းဖြေမယ် ဒန်းလေးစီးရင်း ဓာတ်ပုံရိုက်မယ် လေကောင်းလေသန့် ရှူမယ် ခြံနောက်မှာ စိမ်းစိုနေတဲ့ လယ်တောတွေနဲ့ ပဲခူးမြစ်ကြီးလဲရှိသေးတယ်

နေ့လည်စာကိုလဲ ဆန်ဆိုလဲ ရွှေဘ်ိုပေါ်ဆန်းမွှေးလေးကိုမှ သုံးထားပီး ဗမာကြက်စစ်စစ်လေးက်ို ဘူးသီး(သို့ )အာလူးလေးနဲ့ ဆီလည်ရေလည်လေးချက် အသီးအရွက်ကြော် ငပိရည်တို့စရာအစုံနဲ့ စားရမယ် ( အသားဟင်း အသီးအရွက်ရယ် ငါးပိတို့စရာရယ် 😋😋)

မွန်းလွှဲ Tea time မှာလဲ ကော်ဖီနဲ့ အကြော်စုံ (သို့) ကောက်ညင်းပေါင်း (သို့ ) အသုပ်စုံလေးစီစဉ်ပေးမှာနော်

Menu တွေလဲ အလျဉ်းသင့်သလိုပြောင်းပေးမှာနော်☺️

စားသောက်ပီးရင်တော့ တဲလုံးလေးတွေမှာ အနားယူ
င်း ညနေခင်းပဲခူးမြစ်ထဲ လှေစီးရမဲ့ package လေးက်ို စောင့်ကြမယ် (ရေမကူးတတ်လဲ မစိုးရိမ်နဲ့နော် life jacket ပါပေးအူံးမှာ 😉)

အေးအေးဆေးဆေးညနေကျမှ ခြံထဲကပြန်ကြမယ်နော်

နေ့လည်စာ မွန်းလွှဲအဆာပြေ လှေစ်ီး package အပါ

⭐️ တစ်ဉ်ီးလျှင် ၁သောင်းနှုန်းဖြင့် ⭐️

တစ်နေ့ကို လူဦးရေအနည်းဆုံး ၁၀ ယောက်ကနေ အများဆုံး ၃၀ ထိပဲလက်ခံပါတယ်နော်

စနေ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်များသာ ဖွင့်မှာမို့ မနက် ၉နာရီမှ ညနေ ၅ နာရီထိ page messenger (သို့) 09988293221 (သို့) 09424821233 ကနေကြိုပီး booking လုပ်ပေးပါနော်

🚨Walk in လုံးဝ လက်မခံပါဘူးနော် 🚨

🌟 သီးသန့် ကိုယ့်မိသားစု သူငယ်ချင်းတွေနဲ့ပဲ ကြားရက် စီစဉ်ပေးပါဆိုလဲ သီးသန့် package တွေအတွက် စီစဉ်ပေးပါတယ်နော် အနည်းဆုံး လူဦးရေ ၁၀ ယောက်ရှိရပါမယ်ရှင့် (ဈေးနှုန်းအပြောင်းအလဲရှိ)

လမ်းညွှန်အနေနဲ့ ရန်ကုန် မန်းလေး အမြန်လမ်း ဘယ်ဘက်ခြမ်း ၃၈ မိုင် ၁ဖာလုံ (အတွင်းထဲ ဝင်စရာမလို အမြန်လမ်းဘေး ဒိုးတန်းသာသနာ့နယ်မြေ ဆိုင်းဘုတ်ရှိတဲ့ လမ်းထဲဝင်ရန်) 39 miles rest camp မရောက်ခင်

ထပ်မံလာရောက်လည်ပတ်မဲ့ ဧည့်သည်တွေကို 38 miles farm house မှ ကြိုဆိုပါတယ်နော် ❤️❤️

ဇလုံတောင်ဘုရား မရောက်ဖူးသေး သူများအတွက်ဖူးမျှော်နိင်ရန်တင်ပေးပါတယ်
27/12/2020

ဇလုံတောင်ဘုရား မရောက်ဖူးသေး သူများအတွက်ဖူးမျှော်နိင်ရန်တင်ပေးပါတယ်

ခရီးမသွားရတာလည်းကြာပြီ✈️🚌💦 စိတ်ရဲ့မွန်းကြပ်မှုတွေကိုမြို့ပြရဲ့အဝေးခေါ်ဆောင်ဖို့ခရီးတစ်ခုထွက်ဖို့စဉ်းစားနေပြီလား???ဒါဆိုရ...
25/12/2020

ခရီးမသွားရတာလည်းကြာပြီ✈️🚌

💦 စိတ်ရဲ့မွန်းကြပ်မှုတွေကိုမြို့ပြရဲ့အဝေးခေါ်ဆောင်ဖို့ခရီးတစ်ခုထွက်ဖို့စဉ်းစားနေပြီလား???

ဒါဆိုရင်တော့မြန်မာပြည်ရဲ့အရမ်းသာယာလှပတဲ့မြို့လေးတစ်မြို့ဆီကိုခရီးထွက်ဖို့အကြံပြုလိုပါတယ်

အဲ့ဒီမြို့လေးကတော့ ဘယ်အချိန်သွားသွား မရိုးတဲ့ တောင်ပေါ်အပန်းဖြေစရာမြို့လေးတစ်မြို့ဖြစ်တဲ့ ကလောမြို့လေးပါပဲ🌲🌲🎄

ကလောကို ရောက်တာနဲ့ ရာသီဥတု၊ အစားအသောက်၊ သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေက စိတ်ကို အလိုလို ကြည်နူးစေပါတယ်
သဘာဝမြင်းကွင်းတွေကလဲ တစ်နေကုန်ငေးကြည့်ရလောက်အောင်ကိုသာယာလှပပါတယ်🌈

📷📷ဓာတ်ပုံရိုက်လို့ကလည်းရှုခင်းတွေကအကုန်လှနေတော့ စိတ်တွေကိုပိုပြီးတောင် ကြည်နူးမိတယ်

ကလောဟာ နွေရာသီ အပန်းဖြေစခန်းဆိုလည်း ဟုတ်။ မိုးရာသီ လတ်ဆတ်ခြင်းတွေ မွှေးပျံ့နေတတ်တဲ့ ကော်ဖီမြို့တော်ဆိုလည်း ဟုတ်။ ဆောင်းတွင်းရဲ့ နှင်းမြို့တော် ဆိုလည်း ဟုတ်ရဲ့လေ။
ကလော ကို လည်ချင်သူတွေအတွက် ဘယ်တွေလည်ရမလဲ မေးလာရင်
အဓိက လည်ပတ်စရာနေရာတွေက

- နှီးဘုရား
- ရွှေဥမင်လိုဏ်ဂူ
- နှစ်တစ်ရာသက်တမ်းရှိတဲ့ Christ The King Church ရိုမန်ကတ်သလစ်ဘုရားကျောင်း
- ရှုခင်းသာ
- နာရီစင်
- Kalaw View Point
- ကလောဈေး
- ကလောဘူတာ
-Red Mountain (ဝိုင်ခြံ)
-ကလောမြင်းစီးကွင်း
-မြန်မာပြည်မှာဒုတိယဆောက်လုပ်ခဲ့တဲ့ Kalaw Hotel (ကိုလိုနီအိမ်ဟောင်း)
-ဗျိုက်တောင်

စတဲ့နေရာတွေ ကတော့မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာလေးတွေဘဲဖြစ်ပါတယ်
ကလောကိုတော့ ✈️လေယာဉ်နဲ့ဘဲသွားသွား🚌 ကားနဲ့ဘဲသွားသွား အဆင်ပြေပါတယ်
ခုချိန်မှာဆို လေယာဉ်ခတွေလည်း Promotion ချထားတာဆိုတော့အရမ်းအဆင်ပြေပြီပေါ့နော်😍🤩

နောက်လည်းဗဟုသုတရစေမဲ့အကြောင်းအရာလေးတွေတင်ပေးမှာဖြစ်လို့
Like & Follow လုပ်ဖို့မမေ့နဲ့အုံးနော်👍👍👍

ဘုရားဖူးမယ်
19/12/2020

ဘုရားဖူးမယ်

Updated News!
18/12/2020

Updated News!

မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ဒီဇင်ဘာ (၂၀) ရက်တွင် စတင်မည်
========================================================

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ကို Myanmar National Airlines မှ ဒီဇင်ဘာလ (၂၀) ရက်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြည်မြန်မာကို ပြောသည်။

“ရန်ကုန်- ကျိုက်ထီးရိုး - ဘားအံ -သံလွင်မြစ်ကိုပြပြီး ရန်ကုန်ကိုပြန်လာမှာပါ၊ညနေခင်းကျတော့ ရန်ကုန်မြစ် တွင်း အပျော်စီး သင်္ဘောခရီးစဉ်ပါမယ်။အပြင်လူက အယောက် ၂၀ လောက်ပါမယ်။ခုလောလောဆယ်တော့ ၁၀ ယောက်လောက် ရောင်းပြီးနေပြီ ဖိတ်ထားတဲ့ဧည့်သည်တော်တွေပါ မယ်။သံရုံးတ ချို့ပါတယ်။မီဒီယာ လည်းပါမယ်။UMFCCI ကလည်းပါမယ်။စုစုပေါင်း လူ အယောက် ၃၀ ကျော်လောက်ပဲပါမယ် ထင်ပါတယ်။ ထိုင်ခုံက ၅၀ လောက်ပဲ ရောင်းလို့ရတာကိုး။၇၂ ယောက်စီးဆိုပေမဲ့ အတန်းလိုက်တွေ ဖြုတ်ရတာ ၁၆ ယောက် စာက ဖြုတ်တဲ့ အထဲ ပါသွားတာ၊ကိုဗစ်စည်းကမ်းတွေအရ။အနည်းဆုံးတော့ ၅၀ ယောက် ပါမှာပါ”ဟု ယင်းက ဆိုသည်။

Myanmar National Airlines ရှိ ATR -72 လေယာဉ်၏ အနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားအား ဖူးမြော်ပြီး လျှင် ဘားအံမြို့၏ ပတ်ဝန်းကျင် ရှုခင်းအလှ များကိုလည်း ဝေဟင်မှ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)တွင် လိုက်ပါစီးနင်းမည့် ခရီး သည်များအနေဖြင့် COVID - 19 စစ်ဆေးခြင်းများကို မိမိအစီအစဉ်ဖြင့် စစ်ဆေးကြရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ် တက်၍ လိုက်ပါခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

MN

ဓာတ်ပုံ-

မုလအိတောင်မုလအိတောင် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ ...
06/12/2020

မုလအိတောင်

မုလအိတောင် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်ပြီး တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ၊ မုလအ စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်သည်။

မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်၍ ပူဇော်ကြလေသည်။

ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော် မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။

မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ်တော်လတွင် အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင် ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။

ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏။ ပြီးလျှင် ကပ္ပရသေ့ရုပ်ထု၊ ကုလာပုမင်းရုပ်ထုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်များစွာကို ဌာပနာကြလေသည်။ ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူ ကို တည်ထားကိုးကွယ်လေ၏။

ဘုရားစေတီဘွဲ့တော်နာမည်သည် ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။

မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။

မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။

ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန် ၍ မဆင်းဝံ့ သေးချေ။

မိန်းမစေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီးအရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ ၈ မိုင် အကွာ၌ မုလအတောင်တော် တည်ရှိလေသည်။

မုလအိစေတီတည်၍ မုလအိတောင်အမည်တွင်သော တောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာ ရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်။

ကျမ်းကိုး။ ။ဝီကီပီးဒီးယား
Copy from Thida Lwin

လားရှိုး ကနေ ဟိုက်ပါ သွားကြမလား။အရှေ့တောင်အာရှမှာအလှဆုံး ဟိုက်ပါရေတံခွန်သွားလည်ကြမယ်။ပို့စ်တော်တော်များများက တောင်ကြီးဘက...
04/12/2020

လားရှိုး ကနေ ဟိုက်ပါ သွားကြမလား။

အရှေ့တောင်အာရှမှာအလှဆုံး ဟိုက်ပါရေတံခွန်သွားလည်ကြမယ်။

ပို့စ်တော်တော်များများက တောင်ကြီးဘက်ကနေသွားလည်ကြဖို့ ဖိတ်ခေါ် လမ်းပြထားတာပဲတွေ့လို့ ကျွန်တော်တို့ လားရှိုးမြို့ဘက်ကနေ သွားရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။ လမ်းလဲပိုသာသလို နီးလဲ ပိုနီးပါတယ်။

လားရှိုးကနေဆို နေ့ခြင်းပြန်သွားချင်တောင် သွားလို့ရပါတယ်။ မနက်အစောကြီး ကြက်မတွန်ခင်လောက်ထထွက်မှ အေးအေးဆေးဆေးလည်ပတ်လို့ရမှာမို့ နေ့ခြင်းပြန်သွားဖို့တော့ အားမပေးချင်ပါ။
သွားမယ်ဆို တစ်ညအိပ်တော့သွားလိုက်ပါ။ ဟိုက်ပါမှာတော့အိပ်လို့မရပါဘူး။ တန့်ယန်းမှာဖြစ်ဖြစ် မိုင်းရှူးမှာဖြစ်ဖြစ် အိပ်လို့ရပါတယ်။ တန့်ယန်းနဲ့ မိုင်းရှူးတို့မှာ တည်းခိုခန်းတွေရှိပါတယ်။

လားရှိုးကနေ ဟိုက်ပါအထိဆို အားလုံး မိုင် ၁၅၀ ရှိပါတယ်။ ခရီးကြာချိန်ကတော့ ၆နာရီခန့်ပါ။
လားရှိုး - တန့်ယန်းက မိုင်(၈၀)၊ တန့်ယန်း - မိုင်းရှူးက မိုင်(၅၅)၊ မိုင်းရှုး - ဟိုက်ပါက (၁၅)မိုင်ပါ။ လမ်းလဲကောင်းပါတယ်။ ကတ္တရာလမ်းတွေပါပဲ။ ဟိုက်ပါရွာရောက်မှ ရွာကနေ ရေတံခွန်ဆီသွားတဲ့လမ်းက လယ်ကွက်တွေထဲက ဖြတ်သွားရတဲ့ မြေသားလမ်းပါ။ အောက်ပိုင်းနိမ့်လွန်းတဲ့ကားတွေကတော့ အောက်ပိုင်းထိပါမယ်။ မြေသားလမ်းဖြစ်တဲ့အတွက် မိုးတွင်းဆိုသွားလို့မရပါဘူး။ ရွာကနေ ရေတံခွန်ထိ လမ်းလျှောက်သွားမှရပါမယ်။

ဒီဘက်လမ်းကြောက တိုင်းရင်းသားလက်နက်ကိုင် ဂိတ်တွေမရှိပါဘူး။ တစ်ခုပဲသတိထားရမှာက ဟိုက်ပါကနေ တန့်ယန်းပြန်မယ်ဆိုရင် အဲ့ဒီဘက်လမ်းကြောမှာ လုံခြုံရေးအတွက်ထိုင်တဲ့ အစိုးရစစ်တပ်ဂိတ်လေးတွေက ည(၆း၀၀)နာရီဆိုပိတ်ပါတယ်။ ကားတွေပေးမဖြတ်တော့ပါဘူး။ ဒါကြောင့် ဟိုက်ပါကနေ ပြန်ထွက်လာရင် ညနေ ၃နာရီထက်နောက်မကျစေပဲ ပြန်ထွက်လာကြဖို့ လိုအပ်ပါမယ်။

ရန်ကုန်ကလာရောက်လည်ပတ်ချင်တဲ့လူတွေ ကိုယ်ပိုင်ကားမရှိလဲ ရန်ကုန် - လားရှိုးပြေးတဲ့ express ကားကြီးတွေစီးလာရင် အောင်မင်္ဂလာကားကွင်းကနေ နေ့လည် (၃း၀၀)နာရီလောက်ထွက်ကြပါတယ်။ လားရှိုးကိုတော့ နောက်နေ့မနက် ၈နာရီ-၉နာရီလောက်ဆိုရောက်ပါပြီ။ လားရှိုးမှာ မအိပ်ချင်လို့ တခါထဲတန်းသွားချင်လဲရပါတယ်။ လားရှိုးကနေ ဟိုက်ပါထိကို တစ်ညအိပ်ခရီးပို့ဆောင်ပေးနေတဲ့ ကားငယ်လေးတွေရှိနေပါပြီ။ စျေးကတော့ ကားတစ်စီးလုံးကို တစ်ညအိပ် အသွားအပြန် တစ်သိန်းခြောက်သောင်း(၁၆၀၀၀၀)ဝန်းကျင်ရှိပါတယ်။ ကားကိုတော့ ကြိုချိတ်ထားဖို့တော့လိုတာပေါ့။ နို့မို့ဆို လားရှိူးရောက်မှ လိုက်ရှာနေရမယ်။
လားရှိုးကနေ တန့်ယန်းမှာဖြစ်ဖြစ် မိုင်းရှူးမှာဖြစ်ဖြစ် သွားအိပ်လိုက်ပေါ့။ နောက်နေ့မနက်မှ ဟိုက်ပါကိုသွားလည် နေ့ခင်းပိုင်း ပြန်ထွက်လာပြီး လားရှိူးမှာ ညလာအိပ်လိုက်ပါ။

လားရှိူးပြန်ရောက်ရင် ညနေပိုင်းလောက်ဖြစ်ပြီမို့ သွားလည်ချင်ရင် လားရှိူးမြို့ရဲ့ နာမည်ကြီးရေပူစမ်းနဲ့ ညစျေးတန်းကို သွားရောက်လည်ပတ်ပြီး တစ်ညတာ အိပ်စက်အနားယူလိုက်ပါ။
လားရှိူး - ရန်ကုန်ကားတွေကလဲ လားရှိူးကနေ ညနေ ၄း၀၀နာရီလောက်မှ ထွက်ကြတာမို့ မနက်ပိုင်း ရှမ်းခောက်ဆွဲလေးစားပြီး တစ်နေကုန် လားရှိူးမြို့ရဲ့ နာမည်ကြီးဘုရားတွေ သွားလည်လို့ရပါတယ်။ ဒီလိုလည်ပတ်ဖို့အတွက်လဲ လားရှိူးမှာ ကားလေးတွေ ဟိုက်ဂျက်တွေ ဒါမှမဟုတ် တုတ်တုတ်ခေါ်တဲ့ သုံးဘီးတွေ ငှါးလို့ရပါတယ်။ ဘုရားတွေလည်ပတ်ပြီးလို့ အချိန်ပိုသေးရင် လားရှိူးမြို့မစျေးကြီးကိုလဲ ဝင်ရောက် ရှော့ပင်ထွက်လို့ရပါသေးတယ်။ လားရှိူးမြို့မစျေးကြီးက လပြည့် လကွယ် (၂)ရက်တော့ပိတ်တက်ပါတယ်။
လားရှူိးကနေ ညနေ၄နာရီထွက်တဲ့ကားစီးသွားရင် ရန်ကုန်ကို နောက်နေ့မနက် ၈နာရီလောက်ပြန်ရောက်ပါပြီ။ express ကားခတွေကလဲ လူတစ်ယောက်ကို ၁၅၀၀၀ ကနေ ၂၀၀၀၀ကျပ် ကြားမှာပဲရှိပါတယ်။
အချိန်လဲအများကြီးမပေးရပါဘူး။ ရန်ကုန်ကနေ ဟိုက်ပါ အသွားအပြန် ၃ရက်ခရီးပါပဲ။ လမ်းကြောလဲ ဒီဘက်က ပိုစိတ်ချရပါတယ်။

ဟိုက်ပါရေတံခွန်တည်ရှိတဲ့နေရာက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရှိတဲ့ နေမြေအတွင်းရောက်နေလို့ အခုလို ငြိမ်းချမ်းတဲ့အချိန်သွားရောက်လည်ပတ်ထားသင့်ပါတယ်။ အခြေအနေဆိုတာမပြောနိုင်ဘူးလေ။ တော်ကြာသွားလာခွင့်ပိတ်သွားလို့ သွားချင်တောင် သွားမရဖြစ်သွားနိုင်ပါတယ်။ တစ်ကယ်လဲလှပတဲ့နေရာမို့ တစ်ခါတစ်ခေါက်လောက် အရောက်လာလည်ကြစေချင်ပါတယ်။

ဓာတ်ပုံများကို ဖေ့စ်ဘုတ်ပေါ်မှရယူပါတယ်။ ဓာတ်ပုံပိုင်ရှင်များ ခရက်ဒစ်ပါ။

ခရက်ဒစ်။ ။ မင်းညွှန့် ( လားရှိုးသတင်းထောက်)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်။ အလည်သွားချင်ကြတဲ့မိတ်ဆ...
03/12/2020

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်။

အလည်သွားချင်ကြတဲ့မိတ်ဆွေအပေါင်းအသင်းတို့အတွက် လမ်းကြောင်း ( ၂ )ခုဖြင့် ညွှန်ပေးလိုက်ပါတယ်။

#အမှတ် ( ၁ ) လမ်းကြောင်း (တရုတ်ပြည်တွင်း ပတ်ဝင်ပြီးမှ ရေခဲပြင်ရွာကလေးကို ရောက်ရှိမယ့် လမ်းကြောင်း -

မြစ်ကြီးနား - ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီ (တရုတ်နယ်ခြားဂိတ် မှ ကူရုန်း မှ -ဖီမော် - ဖူကုန်းမြို့ မှ ရှိန်းခေါင်ရွာကိုရောက်မှာဖြစ်ပါတယ်။

#အမှတ် ( ၂ )လမ်းကြောင်း (မြန်မာပြည်တွင်း)

မြစ်ကြီးနား - ပူတာအို - မချမ်းဘော့ - မဂွေဇ - ရီဒမ်း - ခေါင်လန်ဖူး - အဘွမ်ထန် - ညီဝါး - ဇန်ယော့ မှ ရှိန်းခေါင်လည်းသွားလို့ရပါကြောင်းပြော‌ပြပေးချင်ပါတယ်။ ရီဒမ်းရွာ မှ ညီဝါးရွာအထိ ကားလမ်းမပေါက်သေးမို့ ရီဒမ်း မှ ခေါင်လန်ဖူးမြို့အထိတော့ ဆိုင်ကယ်လမ်းသွားပြီး ခေါင်လန်ဖူးမြို့ မှ ညီဝါးရွာအထိခြေလျင်ခရီးနဲ့ တစ်ရက်နဲ့နေ့တစ်ပိုင်း သွားရတယ်။ ညီဝါးရွာညမှ ရှိန်းခေါင် ရွာအထိ ကားလမ်းပေါက်နေပါတယ်။

၂၀၁၄ ၊ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်များမှ ပုံအချို့

✏️
Credit:Sar Aung Marphang

Pindaya, Taunggyi, Inle!
02/12/2020

Pindaya, Taunggyi, Inle!

01/12/2020
ဇလုံတောင်
28/11/2020

ဇလုံတောင်

ခရီးတွေသွားချင်နေကြပြီလားအဆင်သင့်ပဲနော်😜😃🤣
26/11/2020

ခရီးတွေသွားချင်နေကြပြီလား
အဆင်သင့်ပဲနော်😜😃🤣

MKZ twinbrother Co,Ltd
Transportation Services
ြီးကြောင့် Home Stayနေရပြီးမွန်းကြပ်နေသူများCovid ပြီးသွားလို့ ခရီးသွားရန် ကား" လိုအပ်
နေပြီဆိုလျှင်MKZ twinbrother မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ ကားငှားရမ်းနိုင်ပါတယ် ခင်ဗျာ

-7-8 Seater
with Driver(၁)ရက် 90000/MMK)
ဆီ+လမ်းတံတားကြေးမပါ။

✅ပါဝင်သောဝန်ဆောင်မှု
ရေသန့်/စနိုးတာဝါ/Tissue/Mask/HanGel

✳️ ဆီဖိုး လမ်းတံတားကြေး အပြီးအစီးသွားချင်သော များအတွက်လည်း အသက်သာဆုံးစျေးနှုန်းဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါပြီခင်ဗျာ

Contous us: MKZ twinbrother Co,Ltd
09 254969354
09796223387
09420043246

MKZ twinbrother Co,LtdTransportation Services ြီးကြောင့် Home Stayနေရပြီးမွန်းကြပ်နေသူများCovid ပြီးသွားလို့ ခရီးသွားရန်...
26/11/2020

MKZ twinbrother Co,Ltd
Transportation Services
ြီးကြောင့် Home Stayနေရပြီးမွန်းကြပ်နေသူများCovid ပြီးသွားလို့ ခရီးသွားရန် ကား" လိုအပ်
နေပြီဆိုလျှင်MKZ twinbrother မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ ကားငှားရမ်းနိုင်ပါတယ် ခင်ဗျာ

-7-8 Seater
with Driver(၁)ရက် 90000/MMK)
ဆီ+လမ်းတံတားကြေးမပါ။

✅ပါဝင်သောဝန်ဆောင်မှု
ရေသန့်/စနိုးတာဝါ/Tissue/Mask/HanGel

✳️ ဆီဖိုး လမ်းတံတားကြေး အပြီးအစီးသွားချင်သော များအတွက်လည်း အသက်သာဆုံးစျေးနှုန်းဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါပြီခင်ဗျာ

Contous us: MKZ twinbrother Co,Ltd
09 254969354
09796223387
09420043246

A beach (Goyangyi) in Myanmar that has not lost its natural beauty!
26/11/2020

A beach (Goyangyi) in Myanmar that has not lost its natural beauty!

Lashio!
25/11/2020

Lashio!

ရန်ကုန်မြို့ရှိစက်ရုံ/အလုပ်ရုံ/ Company/ရုံးများအတွက် လချုပ် နှစ်ချုပ် ကြိုပို့ Ferry အတွက်ဖြစ်ဖြစ်၊မြို့တွင်းမြို့ပြင်ခ...
22/11/2020

ရန်ကုန်မြို့ရှိစက်ရုံ/အလုပ်ရုံ/ Company/ရုံးများအတွက် လချုပ် နှစ်ချုပ် ကြိုပို့ Ferry အတွက်ဖြစ်ဖြစ်၊မြို့တွင်းမြို့ပြင်ခရီးစဥ်ဖြစ်ဖြစ် ကားငှားဖို့လိုအပ်မယ်ဆိုရင်MKZ twinbrother Co, Ltd ကိုသတိယပါနော်

🚗 ခရီးသွားချစ်မိတ်ဆွေတို့အတွက်

-ပိုးသတ်ဆေး ဖျန်းထားသည့်ကား
-လက်သန့်ဆေး(Hand gel)
-Mask
-ရေသန့်/ စနိုးတာဝါ
များ ပြည့်စုံအောင်ထည့်ပေးထားပါတယ်ခင်ဗျား👍👍👍

လမ်းကြောင်းကျွမ်းကျင်သည့် ယာဥ်မောင်းဆရာများဖြင့်
Alphard-7 Seater/
-8Seaterကားများဖြင့်ဝန်ဆောင်မှုပေးနေပါပြီခင်ဗျား
ဆက်သွယ်ရန်- 09 254969354
-09 420043246

Some places to visit in Kachin State!
22/11/2020

Some places to visit in Kachin State!

Loikaw!
21/11/2020

Loikaw!

A City (Hpa-An) with beautiful scenery to visit in Myanmar.
20/11/2020

A City (Hpa-An) with beautiful scenery to visit in Myanmar.

One of the famous Pagoda (Golden Rock) in Myanmar. If have not Covid 19 this season is the best to visit there.
19/11/2020

One of the famous Pagoda (Golden Rock) in Myanmar. If have not Covid 19 this season is the best to visit there.

Everybody Good Morning! 😍😍😍😍ခရီးသွားရတော့မယ် ခရီးထွက်လို့ရတော့မယ် 📷 #ဝမ်းသာလိုက်တာ📷မြန်မာနိင်ငံတနိုင်ငံလုံးအတွက် ဝမ်းသာစ...
18/11/2020

Everybody Good Morning! 😍😍😍😍

ခရီးသွားရတော့မယ် ခရီးထွက်လို့ရတော့မယ် 📷
#ဝမ်းသာလိုက်တာ
📷မြန်မာနိင်ငံတနိုင်ငံလုံးအတွက် ဝမ်းသာ
စရာသတင်းပါ
ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့် TV မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားပါပြီ
2020 နှစ်ကုန်ပိုင်းမှာ (၁၂)လပိုင်းပေါ့
Covid 19 ရောဂါကာကွယ်ဆေး
တရားဝင်ရရှိပါပြီ။
ဆေး ၁ လုံးကိုလည်း မြန်မာကျပ်ငွေ ၄၀၀၀/ကျပ်ဖြင့် ရအောင်ဆောင်ရွက်ပေးပါမည်လို့
WHO ကလည်းတရားဝင်ပြောကြားထားပါတယ်။
ယခုသတင်းကိုလည်း ယနေ့ည ၈ နာရီ TV သတင်းမှာ တရားဝင်ကြေငြာပေးပါမယ် ကြည့်ကြပါ။
ဒီတော့ မြန်မာနိင်ငံသားအားလုံးပဲ ( ၂ )လဆိုတဲ့ အချိန်လေးကို ခဏလေးသီးခံပြီး အိမ်ထဲမှာနေ အားတင်ထားကြရအောင်ဗျာ။
ယခုတော့ အားလုံး Homestay ကြမယ် OK။
ယနေ့ထုတ် စံတော်ချိန်သတင်းစာ နှင့် ည ၈ နာရီ TV ဖွင့်သတင်းကြည့်ကြပါ ။
Credit #
T. T. 📷
UTG:crd
📷ပြန်လည်ဝေမျှပါသည်
လေးစားလျက်
Tin Win

ကမ္ဘာသူကမ္ဘာသားအားလုံးဘေးအန္ထရာယ်ကင်းကြပါစေ။
17/11/2020

ကမ္ဘာသူကမ္ဘာသားအားလုံးဘေးအန္ထရာယ်ကင်းကြပါစေ။

ကိုဗစ်ပြီးတော့မယ်Booking မြန်မြန်လုပ်ထားမှ စိတ်ချရမယ်နော်
10/11/2020

ကိုဗစ်ပြီးတော့မယ်
Booking မြန်မြန်လုပ်ထားမှ စိတ်ချရမယ်နော်

ရန်ကုန်မြို့တွင်း မြို့ပြင် မိသားစုသီးသန့် ခရီးသွားအပန်းဖြေလိုပါသလား🌲Alphard ,Hiace ကားများဖြင့်သက်သာသောစျေနှုန်းဖြင့် ဝ...
10/11/2020

ရန်ကုန်မြို့တွင်း မြို့ပြင် မိသားစုသီးသန့် ခရီးသွားအပန်းဖြေလိုပါသလား
🌲Alphard ,Hiace ကားများဖြင့်သက်သာသောစျေနှုန်းဖြင့် ဝန်ဆောင်မှုပေးပါရစေ
❇️Covid ကြီးပြီးလို့ခရီးသွားမယ်ဆိုရင်တော့ နောက်မကျရလေအောင် Booking တင်ထားမှ စိတ်ချရမယ်နော်
👍အလွန်ဖော်ရွေပြီးအသောက်စားကင်းသော၊ အထူးကျွမ်းကျင်သော Driver ပါရှိခြင်းကြောင့် လူကြီးမင်းတို့စိတ်ချမ်းမြေ့မှာ အမှန်ပါနော်။
-နေ့ချင်းပြန် ခရီးစဥ်များ
-၂ရက် ၁ည ခရီးစဥ်များ
-၃ရက် ၂ည ခရီးစဥ်များ
🌴မြန်မာပြည်အနှံ့
ငွေဆောင်/ခေါင်းသာ
မန္တလေး၊ ပြင်ဦးလွင်
ပုဂံ ညောင်ဦး ပုပ္ပား ကလော တောင်ကြီး အင်းလေး
ကချင်ပြည်နယ် အင်းတော်ကြီးအိုင် မြစ်ဆုံ
ငပလီကမ်းခြေ
☝️အခြားရက်တိုရက်ရှည် ခရီးစဥ်များကိုလည်းဆက်သွယ်မေးမြန်း စုံစမ်းညှိနှိုင်းနိုင်ပါသည်။
ပါဝင်သော ဝန်ဆောင်မှု၊များ-ကားဆရာ၊ဆီ၊လမ်းကြေး၊ရေသန့်၊စနိုးတာဝါ
ဆက်သွယ်ရန်ဖုန်း-09254969354
09420043246
ရုံးခန်းလိပ်စာ-အမှတ်169/B အခန်း3 ပထမထပ်
သံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့

🌴ရန်ကုန်မြို့တွင်း မြို့ပြင်မိသားစုသီးသန့် ခရီးသွားအပန်းဖြေလိုပါသလား🌲Alphard 7-8 Seater ကားများ သက်သာသောစျေးနုန်းဖြင့် ဝ...
10/11/2020

🌴ရန်ကုန်မြို့တွင်း မြို့ပြင်မိသားစုသီးသန့် ခရီးသွားအပန်းဖြေလိုပါသလား

🌲Alphard 7-8 Seater ကားများ သက်သာသောစျေးနုန်းဖြင့် ဝန်ဆောင်မှု ပေးပါရစေ

🌵Covid ကြီးပြီးလို့ ခရီးသွားကြမယ် ဆိုရင်တော့ နောက်မကျရလေအောင် Booking တင်ထားမှ စိတ်ချရမယ်နော်
👍အလွန်ဖော်ရွေပြီး အသောက်စားကင်းသော၊ အထူးကျွမ်းကျင်သောDriver ပါရှိခြင်းကြောင့် လူကြီးမင်းတို့ စိတ်ချမ်းမြေ့စေမှာ အမှန်ပါနော်
နေ့ချင်းပြန် ခရီးစဥ်များ
၂ရက် ၁ည ခရီးစဥ်များ
၃ ရက် ၂ည ခရီးစဥ်များ

🚗 မြန်မာပြည်အနှံ့
ငွေဆောင်/ချောင်းသာ
မန္တလေး၊ ပြင်ဦးလွင်
ပုဂံညောင်ဦး ပုပ္ပား
ကလော တောင်ကြီး အင်လေး
ကချင်ပြည်နယ် မြစ်စုံ
ငပလီကမ်းခြေ

☝️အခြား ရက်တို ရက်ရှည် ခရီးစဥ်များကိုလည်း ဆက်သွယ် မေးမြန်းစုံစမ်း ညှိ နှိုင်း နိုင်ပါသည်။

ပါဝင်သောဝန်ဆောင်မှုများ 👍ကားဆရာ၊ ဆီ၊ လမ်းကြေး၊ရေသန့်၊ စနိုးတာဝါ
ဆက်သွယ်ရန်ဖုန်း-- 09 254969354
09420043246
ရုံးခန်းလိပ်စာ-- အမှတ်169/B အခန်း3 ပထမထပ်
သံလမ်း(၉)ရပ်ကွက်၊ လှိုင်မြို့နယ် ရန်ကုန်မြို့

Mkz Twin Brother Travel & Transportation Services24 Hr Private Transport Micro Bus(7/8 seater) for booking Vehicle: Toyo...
04/11/2020

Mkz Twin Brother Travel & Transportation Services
24 Hr Private Transport Micro Bus(7/8 seater) for booking
Vehicle: Toyota Alphard
We provide transportation booking for all occasion for local/ Tourist.
(1) Airport Transfer
(2) City Transfer
(3) Hotel to Hotel(VIP Transport)
(4) Tour Services (sight Seeing)
(5) Wedding Function
(6) Private Event
Contact us : 09 254969354/09 796223387
09420043246

ရုံး၀န်ထမ်း ကုမ္ပဏီဝန်ထမ်းများအတွက်-----ရုံးပိတ်ရက် (စနေ တနင်္ဂနွေ) ရန်ကုန်မြို့တွင်း နဲ့ မြို့ပြင်ခရီးတိုလေးတွေထွက်ခြင်...
17/12/2019

ရုံး၀န်ထမ်း ကုမ္ပဏီဝန်ထမ်းများအတွက်-----
ရုံးပိတ်ရက် (စနေ တနင်္ဂနွေ) ရန်ကုန်မြို့တွင်း နဲ့ မြို့ပြင်ခရီးတိုလေးတွေထွက်ခြင်သူများအတွက် MKZ Twin Brothers (Transport Service) မှ ၀န်ဆောင်မူ့ ပေးနေပါပြီခင်ဗျာ။
ဆက်သွယ်ရန်ဖုန်း - 09254969354
ရုံးခန်းလိပ်စာ - 169/B, Room (3, 1st Floor), Than Street, 9 Quarter, Hlaing Tsp, Yangon.

11/12/2019
04/12/2019
04/12/2019

Address


Telephone

+959254969354

Website

Alerts

Be the first to know and let us send you an email when Mkz Twin Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mkz Twin Brothers:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share