28/07/2023
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ကုမ္ပဏီကြီးတစ်ခုရှေ့မှာ ပလာတာရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က ပလာတာတွေက အလွန့်ကိုအရသာရှိတဲ့အတွက် ကုမ္ပဏီက ဝန်ထမ်းတော်တော်များများ နေ့လည်စာစားချိန်တိုင်းမှာ လာရောက်စားသောက်လေ့ရှိတယ်။
တစ်နေ့မှာတော့ ကုမ္ပဏီက မိတ်ဆွေမန်နေဂျာ
တစ်ယောက် ဆိုင်မှာပလာတာလာစားရင်း ဆိုင်ရှင်ကို မေးခွန်းတစ်ခုမေးလိုက်တယ်။
" ခင်ဗျားက ခင်ဗျားရဲ့ဆိုင်ကို သပ်သပ်ရပ်ရပ်လည်း ပြုပြင်ထိန်းသိမ်းနိုင်တယ် ပြီးတော့ စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ ခင်ဗျားရဲ့ ပင်ကိုအရည်အသွေးနဲ့ အချိန်တွေကို ပလာတာရောင်းတာတစ်ခုထဲနဲ့ပဲ အချိန်ဖြုန်းနေမိတယ်လို့ မထင်ဘူးလား။
ကျွန်တော့်လို ကုမ္ပဏီအကြီးကြီးတစ်ခုခုမှာ အလုပ်လုပ်နေခဲ့တယ်လို့ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါဗျာ။
ဒီအချိန်မှာကျွန်တော့်လို မန်နေဂျာတစ်ယောက် ဖြစ်နေလောက်ပြီ။ မဟုတ်ဘူးလားဗျာ။"
ပလာတာဆိုင်ရှင်က မန်နေဂျာကို
"ဆရာရယ် ကျွန်တော်ကတော့ ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက် ပိုကောင်းတယ်လို့ ထင်ပါတယ်ဗျာ။"
လို့ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။
ဆက်ပြီးတော့
"ဘာလို့လည်း သိလား?လွန်ခဲ့တဲ့ဆယ်နှစ်က ခင်ဗျား
ဒီအလုပ်ကို စဝင်တဲ့အချိန်မှာ ကျွန်တော်က ပလာတာကို လက်တွန်းလှည်းလေးနဲ့ လှည့်ရောင်းနေတဲ့အချိန်ပေါ့။ ကျွန်တော်တစ်လကို ရူပီးတစ်ထောင်လောက်ပဲ ရှာလို့
ရတဲ့အချိန်မှာ ခင်ဗျားလစာက တစ်သောင်းလေ။
ဒီဖြတ်သန်းလာတဲ့ ဆယ်စုနှစ်အတွင်းမှာ ခင်ဗျားရော၊ ကျွန်တော်ရော တော်တော်လေး တိုးတက်လာခဲ့တယ်လေ။ ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်လာပြီး
ဒီနယ်တဝိုက်မှာ နာမယ်ကြီး ပလာတာဆိုင်ကြီး ဖြစ်လာပြီး ခင်ဗျားက အဲဒီကုမ္ပဏီမှာ မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့တယ်လေ။
အခု ခင်ဗျား တစ်လတစ်သိန်းရနေချိန်မှာ ကျွန်တော်လည်း အဲဒီလောက်ရှာနိုင်တယ်။ တခါတလေမှာ အဲဒီထက်တောင် များများရှာနိုင်သေးတယ်။ အဲဒါကြောင့် ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက်သာတယ်လို့ သေသေချာချာပြောနိုင်တာပေါ့။ဘာကြောင့် အဲဒီလို
ပြောနိုင်သလဲဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂတ်ကြောင့်ပေါ့။
ထပ်ရှင်းပြပါရစေဦး။ကျွန်တော်ပြောတဲ့စကားလုံးတွေကို သေသေချာချာ ဂရုစိုက်ပြီး နားထောင်ကြည့်စမ်းပါ
ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အနိမ့်ဆုံးဝင်ငွေက စတင်ခဲ့ရတယ်လေ။ ကျွန်တော့်သား လက်ထက်မှာ ကျွန်တော့်လို မခံစားစေရတော့ဘူး။ တနေ့မှာ သူက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံရမှာလေ။ သူ သုညက စလုပ်စရာ မလိုတော့ဘူး။ သူ့မှာ သေချာတည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက
အသင့်စောင့်နေမှာလေ။
ခင်ဗျားရဲ့လက်ရှိအခြေအနေမှာဆိုရင် ခင်ဗျားကြိုးစားမှုကြောင့် ရရှိထားတဲ့စီးပွားရေးအကျိုးအမြတ် အသီးအပွင့်တွေက ခင်ဗျား အလုပ်ရှင်သူဌေးရဲ့ ကလေးတွေအတွက်ပဲဖြစ်သွားမယ်။ ခင်ဗျားကလေးတွေအတွက်တော့ မဟုတ်ဘူးလေ။
ခင်ဗျားရဲ့သား သို့မဟုတ် သမီးကို ခင်ဗျားလက်ရှိရနေတဲ့ မန်နေဂျာရာထူးနေရာကို တန်းပေးလို့မရဘူး။ သူတို့က သုညက ပြန်စရမှာဗျ။ ခင်ဗျားလွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြိုးစားရုန်းကန် ခံစားခဲ့ရသလိုမျိုး ခင်ဗျားကလေးတွေပြန်ခံစား ကြိုးစားရုန်းကန်ရလိမ့်မယ်။
ကျွန်တော့်သားကတော့ ကျွန်တော့်ရဲ့လက်ရှိရောက်နေတဲ့ စီးပွားရေးအခြေအနေကနေ အဆင်သင့်ဝင်ပြီး လုပ်ငန်းကို ဆက်လက်ချဲ့ထွင်နိုင်လိမ့်မယ်။ ခင်ဗျားရဲ့ကလေး မန်နေဂျာဖြစ်လာမဲ့အချိန်မှာ ကျွန်တော့်ရဲ့သားအခြေအနေက အများကြီး မြင့်မားနေလိမ့်မယ်
ကဲ ပြောပါဦးဗျာ ဘယ်သူက အချိန်နဲ့ ပင်ကို အရည်
အသွေးတွေ ဖြုန်းတီးပစ်နေတယ်ဆိုတာ။"
မန်နေဂျာကြီး စကားတစ်ခွန်းမှပြန်မပြောနိုင်တော့ပဲ ပလာတာဖိုး ၅၀-ရူပီးပေးပြီး ထွက်သွားပါတော့တယ်
Credit မူရင်းရေးသားသူ