Treasure Lino Travel & Tours

  • Home
  • Treasure Lino Travel & Tours

Treasure Lino Travel & Tours Travel

26/12/2024

Merry Christmas & Health & happiness to you and yours in the new year ahead......
😍😍😍

27/10/2024

ကိုယ်ပြန်လာပြီသဲလေးတို့ရေ...

27/02/2023

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အသိပေးကြေညာချက် 📣📣📣

မြန်မာနိုင်ငံကူးလက်မှတ်များလျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းကို (၂၄-၂-၂၀၂၃) နေ့မှ စတင်၍ www.passport.gov.mm ဝက်ဆိုဒ်သို့ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ (၃၅၀၀၀)ကျပ်ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပြုလုပ်ရပါမည်။ ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကို ပယ်ဖျက်လိုက်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



ဘန်ကောက်မှာ ရက်တို လတို နေချင်သူများအတွက် အခန်းကောင်းလေး၁ခန်းထွက်လာပြန်ပါပြီ။ ပက်တူနမ့် နီး  Down Town မှာနေမယ်ဆိုချင်ရင...
28/12/2022

ဘန်ကောက်မှာ ရက်တို လတို နေချင်သူများအတွက် အခန်းကောင်းလေး၁ခန်းထွက်လာပြန်ပါပြီ။

ပက်တူနမ့် နီး Down Town မှာနေမယ်ဆိုချင်ရင်တော့
Hello !!!!!! လုပ်လိုက်ပါ။

Viber +95943162318

14/09/2022

ထိုင်းတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၀ သန်းပြည့်မီရန် ဗီဇာရက်တိုးမြှင့်
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဦးရေ ၁၀ သန်းပြည့်မီရန်အတွက် ဗီဇာရက်တိုးမြှင့်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အတွင်း ထိုင်းနိုင်ငံသို့လာရောက်လည်ပတ် ခဲ့သည့်ခရီးသွားဦးရေ ၄ သန်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၀ သန်းပြည့်ရန် ရာထားသည်ဟု ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က ဖော်ပြထားသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၆ ရက်အထိ နိုင်ငံခြားခရီးသွား ၄၀၁၅၅၀၄ ဦးဝင်ရောက်ခဲ့သည့်အနက် အများဆုံး ၅ နိုင်ငံမှာ မလေးရှား၊ အိန္ဒိယ၊ လာအို၊ စင်ကာပူ၊ ဗြိတိန် စသည့်နိုင်ငံများဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ကိန်းဂဏန်းသည် ထိုင်းအစိုးရ၏ကိုဗစ်-၁၉ စည်းကမ်းချက်များပြန်လည်ဖြေလျှော့လိုက်ပြီးနောက် ထိုင်းခရီးသွားလုပ်ငန်းပြန်လည်နားလန်ထူလာသည့် အရိပ်အရောင်ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၀ သန်းပြည့်မီရန်အတွက် ဒုတိယနှစ်ဝက်တွင် ခရီးသွား မြှင့်တင်ရေးမူဝါဒတစ်ရပ်အနေဖြင့် ဗီဇာအမျိုးအစား ၂ ခုကို နေထိုင်ခွင့်ကာလတိုးမြှင့်ပေးလိုက်ပြီး မတ်လ ၃၁ ရက်နေ့ (၂၀၂၃) အထိ သက်ဝင်စေသည်ဟု ဖော်ပြထားသည်။
ဗီဇင်ကင်းလွှတ်ခွင့် (Free Visa) ရရှိသူများကို ယခင်က ရက် ၃၀ နေထိုင်ခွင့်ပြုရာက ၄၅ ရက်တိုးမြှင့်ပေးလိုက်သည်ဟု သိရသည်။ ထိုင်းနိုင်ငံဘက်ကသာ ဗီဇာကင်းလွှတ်ခွင့်ပေးထားသောနိုင်ငံများအပါအဝင် နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွှတ်ခွင့်ပေးထားသောနိုင်ငံများ အကျုံးဝင်သည်ဟု ဆိုသည်။
ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့်ဝင်ရောက်လာသူများကို ယခင်ကနေထိုင်ခွင့် ၁၅ ရက်သာပေးခဲ့ရာမှ ရက် ၃၀ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်ဟု ဖော်ပြထားသည်။

ဗီဇာကင်းလွှတ်ခွင့်ရရှိထားသောနိုင်ငံသားများသည် ဗီဇာပြုလုပ်ရန်မလိုဘဲ ထိုင်းနိုင်ငံသို့ဝင်ရောက်နိုင်ပြီး စုစုပေါင်း ၅၆ နိုင်ငံရှိသည်ဟု သိရသည်။
ဆိုက်ရောက်ဗီဇာရရှိထားသောနိုင်ငံသားများသည် နေရပ်နိုင်ငံမှဗီဇာပြုလုပ်လာရန်မလိုဘဲ ထိုင်းနိုင်ငံသို့ဆိုက်ရောက်မှသာ လေဆိပ်လူဝင်မှုကြီးကြပ်ရေးတွင် ဗီဇာပြုလုပ်ရခြင်းဖြစ်ပြီး စုစုပေါင်း ၁၈ နိုင်ငံ
နှင့် အထူးစီးပွားရေးဇုန် ၁ ခုပါဝင်သည်ဟု ဖော်ပြထားသည်။
ပလာတူး

နိုင်ငံခြားသားများကို ထိုင်းမြေနင်းခ တစ်ဦးလျှင် ၃၀၀ ဘတ်ကောက်ခံရန် အတည်ပြုနိုင်ငံသို့ဝင်ရောက်လာသောနိုင်ငံခြားသားများကို ထ...
02/09/2022

နိုင်ငံခြားသားများကို ထိုင်းမြေနင်းခ တစ်ဦးလျှင် ၃၀၀ ဘတ်ကောက်ခံရန် အတည်ပြု
နိုင်ငံသို့ဝင်ရောက်လာသောနိုင်ငံခြားသားများကို ထိုင်းမြေနင်းခအဖြစ် ၁ ဦးလျှင် ၃၀၀ ဘတ် ကောက်ခံရန်အတည်ပြုနိုင်ခဲ့ပြီဟု ထိုင်းအားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန က လွန်ခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ (၂၀၂၂) တွင် ထုတ်ပြန်ထားသည်။
ထိုသို့ ထိုင်းမြေနင်းကကောက်ခံရာတွင် လေကြောင်းခရီးဖြင့်ဝင်ရောက်လာသူများကို ၁ ဦးလျှင် ၃၀၀ ဘတ်ကောက်ခံသွားမည်ဟု ဖော်ပြထားသည်။
ကုန်လမ်းခရီးမှဝင်ရောက်လာသူများကိုမူ မည်မျှကောက်ခံမည်ဟု အတည်ပြုနိုင်ခြင်းမရှိသေးသော် လည်း ကုန်လမ်းမှဝင်ရောက်လာအများစုမှာ ၂ ရက် ၃ ရက်သာနေထိုင်ကြခြင်းကြောင့် ၃၀၀ ဘတ်
ထက်နည်းမည်ဟု ဖော်ပြထားသည်။
တဆက်တည်းတွင် မနက်လာ-ညနေပြန်သူများကို မြေနင်းခကောက်ခံခြင်းမှကင်းလွှတ်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။
ထိုင်းမြေနင်းခကောက်ခံရာမှရရှိလာသောရန်ပုံငွေများကို နိုင်ငံခြားသားများအတွက် မတော်တဆမှု အာမခံပြုလုပ်ပေးခြင်း ၊ အသက်အာမခံပြုလုပ်ပေးခြင်း စသည့်ကဏ္ဍများတွင် အသုံးပြုမည်ဟု ဆိုသည်။
မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားများက အစိုးရဆေးရုံများ တွင်ဆေးကုသမှုခံယူရာမှ ထိုင်းအစိုးရကအိတ်ဆိုက်လိုက်ရသည့်ငွေပမာဏသည် ဘတ်ငွေ သန်း ၃၀၀ မှ ၄၀၀ အထိရှိခဲ့သည်ဟု ဖော်ပြထားသည်။
ပလာတူး

Bangkok Bank မှာအကောင့်ဖွင့်ဖို့အတွက် ဘာတွေလိုအပ်လဲမေးနေကြနဲ့ချစ်သော Customerများအတွက်-👉၁၇ရက်နေ့ ဩဂုတ်လ၂၀၂၂  ရက်နေ့မှာ အ...
29/08/2022

Bangkok Bank မှာအကောင့်ဖွင့်ဖို့အတွက် ဘာတွေလိုအပ်လဲမေးနေကြနဲ့ချစ်သော Customerများအတွက်-

👉၁၇ရက်နေ့ ဩဂုတ်လ၂၀၂၂ ရက်နေ့မှာ အသိတစ်ယောက်အကူညီနဲ့ သံရုံသွားဖောင်တင်ခဲ့ပြီး ၁၉ ရက်နေ့ ထောက်ခံစာရ ခဲ့ပါတယ်ရှင့် ၂၄ ရက်နေ့ အကောင့်ဖွင့်ဖို့အတွက် Central Orld ကိုထွက်ခဲ့ပါတယ်။

👉ပထမဆုံးinsurance ဝယ်ဖို့ package စာရွက်ထုတ်ပြပြီး ဝယ်ခိုင်းတယ် ဘတ်၅၀၀၀ ပေးမှ စပြီး ဘတ်၅၀၀၀၀ထိရှိတယ် ၊ ဒါဝယ်မှ mobile banking ဖွင့်လို့ရမယ်လို့ Bank ကပြောတယ် ၊ အဲ့လိုပြောလာခဲ့ရင် ငါဒီမှာနေမှာမဟုတ်ဘူး ပြန်ရမှာမလို့ insurance တော့ငါမလုပ်နိုင်ဘူး လို့သာပြောလိုက်ပါ။ သူတို့လက်ခံပါတယ် ၊ ထိုင်းစကားပေါက်တဲ့ သူတို့လူမျိုးပါရင်တော့ ပိုအဆင်ပြေပါတယ်။ အဲ့လိုပြောလို့မှမရရင် တခြားဘဏ်ခွဲသာပြောင်းပြီးဖွင့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ထောက်ခံစာကိုယ်တိုင်သွားမလုပ်ချင်တဲ့သူတွေအတွက်ကတော့ -

👉passport ဓါတ်ပုံ ၁ပုံ
👉ပတ်စပို့မိတ္တူ ၁စောင် ရယ်
ကုန်ကျစရိတ်ဘတ် ၉၀၀မှ ဘတ် ၁၂၀၀ ရှိရုံနဲ့ လွယ်လွယ်ကူကူ ကိုယ်တိုင်ဖွင့်လို့ရပါတယ်။

👉14 ရက်visit နဲ့လာလာ ၂လvisas နဲ့ လာလာ Bangkok bank မှာ အကောင့်ဖွင့်ဖို့ ဆိုရင်အရင်ဆုံး ထောက်ခံစာယူဖို့အတွက် မြန်မာသံရုံးမျက်စောင်းထိုးနားက ဘန်ကောက်ဘဏ် ကိုသွားပြီး Myanmar Embassy အကောင့်ထဲ ဘတ် ၁၅၀ သွင်းလိုက်ပါ။

👉သွင်းပြီး ငွေသွင်းစလစ်ရပြီဆိုမြန်မာသံရုံးကို ၁၂ နာရီအမှီပြေးပါ။

👉၁၂နာရီကျော်ရင် ကောင်တာပိတ်ပါတယ်/ သံရုံး reception မှာ ထောက်ခံစာအတွက် ဖောင်ယူ၊ (လိပ်စာနေရာမှာ တည်းတဲ့ Hotel နေရာကို Hotel နာမည်မထည့်ဘဲ ကျန်တာအသေးစိပ်ရေးပေးလိုက်လို့ရပါတယ်) ဖြည့်ပြီးရင်

👉ဘဏ်မှာငွေသွင်းခဲ့တဲ့ slip
👉passport ဓါတ်ပုံ ၁ပုံ
👉ပတ်စပို့မိတ္တူ ၁စောင် ရယ် ဖြည့်ထားတဲ့ဖောင် ရယ်တွဲပြီး ကောင်တာမှာပေးခဲ့ရင်ရပါပြီ။

👉ပုံမှန်ဆို နောက်တရက် မှာ ထောက်ခံစာယူဖို့ ပြန်ချိန်းပါတယ်။

နောက်ရက်ထောက်ခံစာရပြီးရင် အေးအေးဆေးဆေးဘဲ ကိုယ်နဲ့နီးစပ်ရာ Bangkok bank မှာသွားဖွင့်လိုက်ယုံပါပဲ။
Shopping mall တွေက ဘဏ်တွေဆို လူရှင်းပါတယ်ရှင့် Tonkin ယူစရာမလိုပါဘူးနော်။

လက်ထဲ သံရုံးထောက်ခံစာရယ် passport ရယ်ကို ကွန်ပျူတာကိုင်ထားတဲ့ ဘဏ်ဝန်ထမ်းလေးတွေကိုပေးလိုက်တာနဲ့ ဘဏ်အကောင့်ဖွင့်ဖို့လာတာမှန်း ဘဏ်ဝန်ထမ်းတွေ သိပါတယ်။ (ပုံထဲကလို ဖြည့်ဖို့ဖောင် လာပေးပါလိမ့်မယ် အချိန်ရတာမို့သေချာဖတ်ပြီးဖြည့်ပါ) အလုပ်အကိုင်နေရာမှာရေးရင် ကိုယ်ပိုင်လုပ်ငန်းနဲ့ဖွင့်ရင်ပိုအဆင်ပြေပါတဉ်ရှင့်။ company staff ဆိုရင်တော့ ရာထူးနဲ့ အလုပ်ကိုင်ကိုအသေးစိပ်ကို ရေးပေးရပါသေးတယ်။

ပြီးရင် Mobile Banking ယူမယ် / ATM ကဒ်ယူမယ့် စသည်ဖြင့် card type ကိုရွေးတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ cardကို ရွေးပေးရပါတယ်။
ကျွန်မကတော့ Union Pay card လုပ်ခဲ့ပါတယ်။ တချို့ကတော့ Master card လုပ်ကြတယ်။
Union Pay card ဖိုးက ဘတ် 599 + Mobile bank acc ခ 100 နဲ့ စဖွင့်ဖွင့်ချင်း အနည်းဆုံး ဘတ် ၅၀၀ ထည့်ပေးရပါတယ်။

Union pay card ရဲ့ benefit တွေကတော့ ပုံထဲက ပြထားတဲ့အတိုင်းဖြစ်ပါတယ်။ BTS rabbit လိုင်းစီးရင် သုံးလို့ရ၊ personal insurance အတွက် ဘတ် ၂သိန်း cover လည်းရတယ် ဆိုတော့ ဆက်နေမယ့်သူတွေအတွက်ပိုအဆင်ပြေပါတယ်ရှင့်။

ဖောင်မှာ အပြည့်အစုံဖြည့်ပြီးသွားတာနဲ့ passport ရယ် ၊ ထောက်ခံစာရယ် အဲ့ဖောင်ကိုပေးလိုက်တာနဲ့ အဲ့ဒီ့ကောင်တာမှာပဲ တထိုင်တည်းရမှာပါ။( ထောက်ခံစာကို မလိုမကာ copy ပြန်တောင်းကြပါနော် နောက်ဘဏ်တွေ ဖွင့်ချင်လဲအသုံးဝင်ပါတယ်)
သူတို့ရဲ့ Counter ရှေ့က စက်လေးမှာ Mobile banking အတွက် ဂဏန်း၆လုံး နဲ့ card အတွက် လျှို့ဝှက်ဂဏန်း ၄လုံးရိုက်ခိုင်းပါတယ်။
၁) saving book

၂) mobile banking (မြန်မာပြည်ကဘဏ်တွေလိုမဟုတ်ပါဘူး appထဲကနေ ကြိုက်တဲ့ ဘဏ် other bankကိုလွှဲလို့ရပါတယ်)

၃) master card,union pay card (အတူတူပဲနော် ၂မျိုးလုံး ATM စက်ကနေငွေထုတ်လို့ရ)

၄) sms alert (မယူချင်လည်းရပါတယ်၊ယူမယ်ဆို ပထမ ၂လအတွက် free နောက်လတွေအတွက် ၁လကို ၁၅ဘတ် ပေးရမှာပါ)

အကယ်၍ စောစောကထည့်ထားတဲ့ ဘတ်၅၀၀ ကိုပြန်ထုတ်ချင်တယ်ဆိုလည်း ဘဏ်အပြင်မှာရှိတဲ့ ATM ကနေ ချက်ချင်းပြန်ထုတ်လို့ရတယ်နော်။

ငွေသွင်းချင်ရင် ဘဏ်သွားစရာမလိုဘဲ တွေ့တဲ့ Deposit Machine မှာသွင်းလို့ရပြီး saving book update လုပ်ချင်ရင်လည်း saving book စက်မှာ စာအုပ်သွားထိုးပြီး ကိုယ်တိုင်လုပ်ရုံပါပဲ။

ဒါကတော့ ကျွန်မအကောင့်ဖွင့်ခဲ့တဲ့ အတွေ့အကြုံလေးပါရှင့်။တခြားသိချင်တာတွေရှိရင်လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

#ကူးယူဖော်ပြခြင်းသီးခံ ပါရှင့်

လွတ်လပ်စွာ share နိုင်ပါတယ်ရှင့်😊

ထိုင်းနိုင်ငံကိုအလည် (၁၄) ရက်နဲ့သွားချင်ပါတယ်။ visaလိုပါသလား????ဘာတွေလိုအပ်လဲလာလာမေးကြတဲ့ အချစ်တွေ…….. ဖြေပေးမယ်နော်❤️❤️...
29/08/2022

ထိုင်းနိုင်ငံကိုအလည် (၁၄) ရက်နဲ့သွားချင်ပါတယ်။ visaလိုပါသလား????

ဘာတွေလိုအပ်လဲလာလာမေးကြတဲ့ အချစ်တွေ…….. ဖြေပေးမယ်နော်❤️❤️❤️

ထိုင်းကို ၁၄ရက် visitနဲ့သွားမယ်ဆိုရင် -

(၁) ပတ်စ်ပို့ သက်တမ်းအနည်းဆုံး၆လရှိရပါမယ်။

(၂) အသွားအပြန်လေယာဉ်လက်မှတ်လိုအပ်ပါမယ်။

(၃) Covid ဆေး၃ကြိမ်းထိုးပြီးသားကို နိုတြီ ပြုလုပ်သွားရပါမယ်ရှင့်

(၄) Show Money အနည်းဆုံး ဘတ်၂၀၀၀၀ကျော်ယူသွားရပါမယ်။

(၅) မိမိတည်ခိုမည့် Hotelရဲ့ booking (သို့) တည်းခိုမည့်လိပ်စာ ကိုယူသွားရပါမယ်။ ( တခါတလေလဲမစစ်တတ်ပါ။ မလိုမကာ ယူဆောင်သွားသင့်ပါတယ်)

လေယာဉ်ဆိုက်တာနဲ့ ကိုဗစ်ဆေးထိုးပြီးတဲ့ နိုတြီ စာရွက်တန်းစစ်ပါတယ်။

ဒါကတော့ ထိုင်းနိုင်ငံသိုဝင်မယ်ဆိုလိုအပ်တာတွေပါရှင့်။

မြန်မာနိုင်ငံသို့ပြန်လားမယ်ဆိုရင် ဆောင်ရန်ရှောင်းရန်လေးတွေထပ်တင်ပေးသွားမှာဖြစ်လို့ like & follow လေးလုပ်ပေးထားကြပါအုံးရှင့်။

ဘန်ကောက်မှာ ကျောင်းလျှောက်ချင်တဲ့ သားသားမီးမီးတွေ အတွက် ကူညီဖို့အသင့်ရှိနေပြီဖြစ်လို့ ဆက်သွယ် မေးမြန်း နိုင်ပါတယ်ရှင့်💁💁...
27/08/2022

ဘန်ကောက်မှာ ကျောင်းလျှောက်ချင်တဲ့ သားသားမီးမီးတွေ အတွက် ကူညီဖို့အသင့်ရှိနေပြီဖြစ်လို့ ဆက်သွယ် မေးမြန်း နိုင်ပါတယ်ရှင့်💁💁💁💁

🏢 ကျောင်းစတင်လျှောက်ဖို့ အတွက် အကြံဥာဏ်ကောင်းများကို တောင်းခံနိုင်သလို👍👍👍

👉Student Visa လျောက်ထားခြင်းများဆောင်ရွက်ပေးခြင်း။

👉လေယာဉ်လက်မှတ် စီစဉ်ဆောင်ရွက်ပေးခြင်း။

👉လေယာဉ်ကွင်းကြိုပို့ ကားဌားရမ်းခြင်းအတွက် ဆောင်ရွက်ပေးခြင်း။

👉မိဘများတည်းခိုးနိုင်ရန်အတွက် Hotel ဌားရမ်း
ဝန်ဆောင်မှုပေးခြင်း။

👉ကျောင်းငွေသွင်းရန် အခက်ခဲဖြစ်နေပါက ကျောင်းငွေသွင်းဖို့အတွက် ကူညီဆောင်ရွက်ပေးခြင်း။

👉ကျောင်းအဆောင် (သို့) လူနေအိမ် ဌားရမ်းခြင်းကိစ္စများဆောင်ရွက်ပေးခြင်း။

👉သံရုံးထောက်ခံစာ လိုအပ်သူများအတွက်ဝန်ဆောင်မှုပေးခြင်း။

စသည့်ဝန်ဆောင်မှုများလိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်။

Yangon ဖုန်း- 0943162318
Thai ဖုန်း -0955756193

ဘန်ကောက်ရောက်တုန်းလည်ဖို့ ပတ်ဖို့ ကားဝန်ဆောင်မှု လိုချင်ပြီဆိုရင် ခေါင်းရှုပ်မနေနဲ့တော့…………..လူကြီးမင်းတို့ စိတ်တိုင်းကျ...
26/08/2022

ဘန်ကောက်ရောက်တုန်းလည်ဖို့ ပတ်ဖို့ ကားဝန်ဆောင်မှု လိုချင်ပြီဆိုရင် ခေါင်းရှုပ်မနေနဲ့တော့…………..

လူကြီးမင်းတို့ စိတ်တိုင်းကျ ကားများကို စီစဉ်ပေးနိုင့်မည့် TLလေးကိုသတိရပေးပါနော်😊😊😊😊

ပိတ်ရက်တွေမှာ ဘန်ကောက်ရောက်နေမယ့် ဧည့်သည်တော်များအတွက် ဘန်ကောက်မြို့တွင်းဘဲ လည်မလား 🤔

ဘန်ကောက်ကနေသွားလို့ ရတဲ့ ပတ္တရားဘက်သွားမလား 🤔ခေါင်ရိုင်မြို့လေးဆီသွားမလား 🤔

ဟွာဟင်ဘက်ကော ကူးချင်သေးလား🤔

ကချနာဘူရီဆိုရင်ကော……🤔

ဘယ်နေရာဘဲသွားသွား အတူလိုက်ပို့ပေးမယ့် Car Services က ရှိနေပါပြီ✌️✌️✌️

ကဲ ငှားရမ်းသွားရောက်နိုင်တဲ့ နေရာလေးတွေနဲ့ ကားငှားရမ်းခလေးတွေ ကို ဖော်ပြပေးလိုက်ပြီနော်…😘😘😘

(1) ဘန်ကောက်မြို့တွင်း ( 8AM to 8PM )
1-4 ယောက်စီး 2500 Baht🚐🚐
5-12 ယောက်စီး 2800 Baht🚐🚐

(2) ဘန်ကောက် - ပတ္တရား ( 8AM to 8PM )
1-4 ယောက်စီး 3000 Baht🚐🚐
5-12 ယောက်စီး 3500 Baht🚐🚐

(3) ဘန်ကောက်-အယုဒ္ဓယ ( 8AM to 8PM )
1-4 ယောက်စီး 3000 Baht🚐🚐
5-12 ယောက်စီး 3500 Baht🚐🚐

(4) ဘန်ကောက်-ဟွာဟင် (8AM to 8PM)
1-4 ယောက်စီး 4000 Baht🚐🚐
5-12 ယောက်စီး 4500 Baht🚐🚐

(5) ဘန်ကောက်-ကန်ချနာဘူရီ (8AM to 8PM )
1-4 ယောက်စီး 4000 Baht🚐🚐
5-12 ယောက်စီး 4500 Baht🚐🚐

(6) ဘန်ကောက်-ခေါင်ရိုင် (8AM to 8PM )
1-4 ယောက်စီး 4000 Baht🚐🚐
5-12 ယောက်စီး 4500 Baht🚐🚐

(7) လေဆိပ်ကြိုပို့
1-4 ယောက်စီး 800 Baht🚐🚐
5-12 ယောက်စီး 1000 Baht🚐🚐

ဧည့်လမ်းညွှန်ဝန်ဆောင်မှုကတော့ တစ်ရက်ကို ဘန်ကောက်မြို့တွင်း မြို့ပြင် ဘတ်1200ပါနော်…🗣🗣

အသေးစိတ်ကိုတော့ အောက်ဖော်ပြပါအချက်အလက်တွေကို စုံစမ်းမေးမြန်းနိုင်ပါပြီ။

နောက်ထပ်ရရှိနိုင်သော Services များမှာ...........

Thai ph —- 0955756193
Viber ph —- 0943162318
Email [email protected]

💕💕💕သွားလည်ကြမလား💕💕💕
26/08/2022

💕💕💕သွားလည်ကြမလား💕💕💕

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95943162318

Website

Alerts

Be the first to know and let us send you an email when Treasure Lino Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Treasure Lino Travel & Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Health Service

အထူးအစီအစဉ်အဖြစ် ထိုင်းနိုင်ငံရဲ့နာမည်ကြီး ဆေးရုံတစ်ခုဖြစ်တဲ့ WMC Wold Medical Hospital မှာဆေးကုသခြင်းအစီအစဉ်ပဲဖြစ်ပါတယ်။