Way to abroad Travels and Tours

  • Home
  • Way to abroad Travels and Tours

Way to abroad Travels and Tours Find your way with us!
(3)

ခရီးသွားပါ။ သွားနိုင်သလောက် ဝေးဝေးသွားပါ။ ကြာနိုင်သလောက် ကြာအောင်နေပါ။ ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများက...
17/01/2024

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့်
Credit ပေးပါသည်။

  Travels and Tours မှ လျှောက်ထားပေးပြီး ရရှိခဲ့သော China Visit Visa များ 💁‍♀️ယုံယုံကြည်ကြည်နဲ့ ဗီဇာတွေ အပ်နှံပေးကြလို့ ...
11/01/2024

Travels and Tours မှ လျှောက်ထားပေးပြီး ရရှိခဲ့သော China Visit Visa များ

💁‍♀️ယုံယုံကြည်ကြည်နဲ့ ဗီဇာတွေ အပ်နှံပေးကြလို့ ကျေးဇူးအထူးပဲ တင်ရှိရပါတယ်နော်

💁‍♀️ဗီဇာရငွေချေ နဲ့ ဗီဇာလျှောက်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးလျှောက်ထားပေးနေတဲ့ Travels and Tours ကို မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင့်

💁‍♀️အသေးစိတ် သိရှိလိုတယ်ဆိုရင်ဖြင့်
💁‍♀️𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴
🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့ ။



Way to abroad Travels and Tours မှ လျှောက်ထားပေးခဲ့ပြီး Malaysia Visit Visa ရရှိသွားသောသူများ ယုံယုံကြည်ကြည်နဲ့ ဗီဇာတွေ ...
11/01/2024

Way to abroad Travels and Tours မှ လျှောက်ထားပေးခဲ့ပြီး Malaysia Visit Visa ရရှိသွားသောသူများ

ယုံယုံကြည်ကြည်နဲ့ ဗီဇာတွေ အပ်နှံပေးကြလို့ ကျေးဇူးအထူးပဲ တင်ရှိရပါတယ်နော်

ဗီဇာရငွေချေ နဲ့ ဗီဇာလျှောက်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးလျှောက်ထားပေးနေတဲ့ Way to abroad Travels and Tours ကို မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင့်

💁‍♀️အသေးစိတ် သိရှိလိုတယ်ဆိုရင်ဖြင့်
💁‍♀️𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴
🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်မြို့ ။



🎄Merry Christmas to you all 🎄💖✨🎄Thank you for being a wonderful client. We appreciate your support over the past year. S...
25/12/2023

🎄Merry Christmas to you all 🎄💖✨

🎄Thank you for being a wonderful client. We appreciate your support over the past year. Sending our best wishes at Christmas.

🎄Wishing you joy at Christmas and prosperity in the coming year. Thank you for being such an important part of what we do.

🇨🇳မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ဗီဇာ လျှောက်ထားခြင်းများနှင့် သက်ဆိုင်သော တရားဝင်ကြေငြာချက် 🇨🇳💁လာမည...
09/12/2023

🇨🇳မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ဗီဇာ လျှောက်ထားခြင်းများနှင့် သက်ဆိုင်သော တရားဝင်ကြေငြာချက်

🇨🇳💁လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၃၁ ရက်နေ့ ၂၀၂၃ ခုနှစ်ထိ တရုတ်ပြည်သို့ အလည်အပတ်ဖြင့် သွားရောက်မည့်သူတိုင်းအတွက် ဗီဇာကြေးများကို ပြောင်းလဲ ပြင်ဆင် လျှော့ချပေးလိုက်ပါပြီဆိုတာကို သတင်းကောင်းလေးပေးချင်ပါတယ်ရှင့်

🇨🇳💁ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ပြီး တရုတ်ဗီဇာများလျှောက်ထားရာတွင် ဟိုယခင်လို Appointment ကြိုတင်ယူရခြင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းလည်း တရားဝင် ကြေငြာချက် ထုတ်လိုက်ခြင်းကြောင့် ဗီဇာများကို ပိုမို လွယ်ကူလျှင်မြန်စွာ လျှောက်ထားနိုင်တော့မှာပါနော်

🇨🇳💁၁၇ ရက်နေ့ မတိုင်ခင် ဗီဇာ လျှောက်ထားလိုသော သူများကတော့ ပုံမှန်တိုင်း Appointment Date များကို ကြိုတင်ယူဖို့ လိုအပ်နေဉီးမယ်ဆိုတာလေးကို သတိပြုပေးစေချင်ပါတယ်ရှင့်

🇨🇳💁ဒီတော့ တရုတ်ပြည်ရဲ့ ဘယ်နေရာကိုမဆို အလည်ပတ်သွားချင်တဲ့သူများအနေနဲ့ အရင်ကထက် ပိုမို သက်သာသော နှုန်းထားများနှင့် သွားရောက် လည်ပတ်နိုင်မှာ ဖြစ်ပါကြောင်း သတင်းကောင်းလေး ပါးရင်း ဗီဇာ လျှောက်ထားဖို့ လိုပြီဆို 𝐖𝐚𝐲 𝐭𝐨 𝐚𝐛𝐫𝐨𝐚𝐝 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ရှိနေပါတယ်နော်

🇨🇳💁ဗီဇာ လျှောက်ထားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများကို အသေးစိတ် ပြင်ဆင် ပေးပြီး အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ဖို့ ကျွမ်းကျင်ဝန်ထမ်းများမှ အဆင်သင့် ကူညီပေးဖို့ ရှိနေပါပြီနော်

🤩November လအတွင်း 𝐖𝐚𝐲 𝐭𝐨 𝐚𝐛𝐫𝐨𝐚𝐝 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 မှ လျှောက်ထားပေးပြီး ရရှိခဲ့သော ဗီဇာများ

💁 https://www.facebook.com/share/p/mY3TcPxEqgRPDeJo/?mibextid=QRhQuG

💁‍♀️အသေးစိတ် သိရှိလိုတယ်ဆိုရင်ဖြင့်
💁‍♀️𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴
🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင်



01 DEC ကစပြီးMalaysia Digital Arrival Card (MDAC) Malaysia သို့ ဝင်ရောက်မည့် နိုင်ငံခြားသားအားလုံး (all Travellers) Mala...
02/12/2023

01 DEC ကစပြီး

Malaysia Digital Arrival Card (MDAC)

Malaysia သို့ ဝင်ရောက်မည့် နိုင်ငံခြားသားအားလုံး (all Travellers) Malaysia Digital Arrival Card (MDAC) ကို ခရီးမထွက်ခင် (၃) ရက်အတွင်း ဖြည့်ပြီး online submit လုပ်ရပါမည်

Arrival Form ဖြည့်ရန်အတွက်
Full Name / PP No. / DOB / DEP City/ Contact Mail and Phone No./ etc….

Link
Malaysia Digital Arrival Card (MDAC)
https://imigresen-online.imi.gov.my/mdac/main

Online Enquiry System (SPO) at

https://eapp.imi.gov.my

and

https://www.imi.gov.my

to obtain any information regarding the Immigration Department Of Malaysia.

𝟎𝟏 𝐃𝐞𝐜 𝟐𝟎𝟐𝟑 နေ့မှ စတင်၍ 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚 (𝐒𝐢𝐧𝐠𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚/ 𝟑 𝐌𝐨𝐧𝐭𝐡𝐬 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚) အစား  (𝟔 𝐌𝐨𝐧𝐭𝐡𝐬 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞...
30/11/2023

𝟎𝟏 𝐃𝐞𝐜 𝟐𝟎𝟐𝟑 နေ့မှ စတင်၍ 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚 (𝐒𝐢𝐧𝐠𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚/ 𝟑 𝐌𝐨𝐧𝐭𝐡𝐬 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚) အစား (𝟔 𝐌𝐨𝐧𝐭𝐡𝐬 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚) တစ်မျိုးတည်းသာလျှင် ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ်ကြောင်း 𝐕𝐢𝐬𝐚 𝐔𝐩𝐝𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 အဖြစ် တင်ပေးလိုက်ရပါတယ်နော်

(𝟔 𝐌𝐨𝐧𝐭𝐡𝐬 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 𝐕𝐢𝐬𝐚) ဖြစ်သည့်အတွက်ကြောင့် ပေးဆောင်ရသော ဗီဇာကြေးမှာလည်း ပြောင်းလဲသွားပါမည်

မကြာခင် အချိန်တွင်းမှာ 𝐔𝐩𝐝𝐚𝐭𝐞 𝐕𝐢𝐬𝐚 𝐅𝐞𝐞 𝐚𝐧𝐝 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭များကို လည်း ထပ်မံကြေငြာပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေနော်



တန်ဆောင်တိုင် အခါသမယလေးမှာ  ပျော်ရွင်စရာ အချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝗪𝗮𝘆 𝘁𝗼 𝗔𝗯𝗿𝗼𝗮𝗱 𝗧𝗿𝗮𝘃𝗲𝗹𝘀 & 𝗧𝗼𝘂𝗿𝘀 မှ ဆုမွန်က...
26/11/2023

တန်ဆောင်တိုင် အခါသမယလေးမှာ ပျော်ရွင်စရာ အချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝗪𝗮𝘆 𝘁𝗼 𝗔𝗯𝗿𝗼𝗮𝗱 𝗧𝗿𝗮𝘃𝗲𝗹𝘀 & 𝗧𝗼𝘂𝗿𝘀 မှ ဆုမွန်ကောင်းများ တောင်းပေးလိုက်ရပါတယ်ရှင်

တန်ဆောင်တိုင် ရုံးပိတ်ရက်အဖြစ် ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ ၂ ရက် ရုံးပိတ်ထားမည်ဖြစ်ပါသည်

အရေးတကြီး ကိစ္စများအတွက် 𝗛𝗼𝘁 𝗟𝗶𝗻𝗲 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴 သို့ ဆက်သွယ်နိုင်ပါတယ်နော်

🥰🅽🅾🆅🅴🅼🅱🅴🆁 လအတွင်း ရရှိခဲ့သည့် ဗီဇာများ 🇯🇵𝙅𝙖𝙥𝙖𝙣 𝙑𝙞𝙨𝙞𝙩 𝙑𝙞𝙨𝙖🇲🇾𝙈𝙖𝙡𝙖𝙮𝙨𝙞𝙖 𝙑𝙞𝙨𝙖🇨🇳𝘾𝙝𝙞𝙣𝙖 𝙑𝙞𝙨𝙞𝙩 𝙑𝙞𝙨𝙖🇲🇲𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙀 𝙑𝙞𝙨𝙖 (𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖...
16/11/2023

🥰🅽🅾🆅🅴🅼🅱🅴🆁 လအတွင်း ရရှိခဲ့သည့် ဗီဇာများ

🇯🇵𝙅𝙖𝙥𝙖𝙣 𝙑𝙞𝙨𝙞𝙩 𝙑𝙞𝙨𝙖
🇲🇾𝙈𝙖𝙡𝙖𝙮𝙨𝙞𝙖 𝙑𝙞𝙨𝙖
🇨🇳𝘾𝙝𝙞𝙣𝙖 𝙑𝙞𝙨𝙞𝙩 𝙑𝙞𝙨𝙖
🇲🇲𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙀 𝙑𝙞𝙨𝙖 (𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖)

💁‍♀️𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 ကို စိတ်ချယုံကြည်ပြီး ယခုလို ဗီဇာများလာရောက်လျှောက်ထားကြတဲ့ ဧည့်သည်တော်တိုင်းကို ကျေးဇူးအထူးတင်ရှိရပါတယ်နော်

💁‍♀️𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 မှ နိုင်ငံတကာသို့ သွားရောက်လည်ပတ်နိုင်မယ့် Tourist Visa, နိုင်ငံတကာသို့ ကျောင်းသွားတက်ရောက်လိုသူများအတွက် 𝙎𝙩𝙪𝙙𝙚𝙣𝙩 𝙑𝙞𝙨𝙖 များကိုလည်း 𝙊𝙣𝙚 𝙎𝙩𝙤𝙥 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 ဖြင့် စိတ်တိုင်းကျ တိုင်ပင်ဆွေးနွေး လျှောက်ထားပေးနေပါပြီ

📱အသေးစိတ် သိရှိလိုတယ်ဆိုရင်ဖြင့်

𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴
🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင့်



🙏ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေး ဖြစ်ကြပါစေ🙏စီးပွါးဥစ္စတွေလည်း တိုးတက်အောင်မြင်ကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သအပ်ပါတ...
28/10/2023

🙏ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေး ဖြစ်ကြပါစေ🙏
စီးပွါးဥစ္စတွေလည်း တိုးတက်အောင်မြင်ကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်ရှင်🙏

Way to abroad Travels & Tours ကို ယနေ့ စနေနေ့ ၂၈ ရက်နေ့မှ စပြီး ၃၀ ရက်နေ့ထိ သီတင်းကျွတ်ပိတ်ရက်အဖြစ် ပိတ်ထားမည်ဖြစ်ပြီး ၃၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်


  visa (B1/B2) visa ကို မြန်မာနိုင်ငံသံရုံးမှာ ဖြေဆိုဖို့ စောင့်ဆိုင်းနေသူတွေကို သတင်းလေးပေးချင်တာက မြန်မာနိုင်ငံမှာ   ပ...
22/10/2023

visa (B1/B2) visa ကို မြန်မာနိုင်ငံသံရုံးမှာ ဖြေဆိုဖို့ စောင့်ဆိုင်းနေသူတွေကို သတင်းလေးပေးချင်တာက မြန်မာနိုင်ငံမှာ ပြန်ဖွင့်ဖို့ ခန့်မှန်းထားတာထက် ကြာနိုင်ပါတယ်

လမှာ ခံရတဲ့ ရက်ချိန်းတွေကိုတောင် ပြန်လည် ချထားမပေးသေးတဲ့အတွက် မှာ ဖြေဖို့ စဉ်းစားနေပြီဆို လိုပဲ ဖြေရမှာဖြစ်ပြီး ခေါ်ယူလို့မရနိုင်တာကြောင့် အခုကတည်းက လို အမေးအဖြေတွေကို ကြိုတင်လေ့လာပြီး ကျက်မှတ်ထားကြဖို့ တိုက်တွန်းလိုပါတယ်နော်

မှာ ဗီဇာ ဖြေဆိုချင်သူများအတွက်လည်း အစအဆုံး ဝန်ဆောင်မှုပေးနေတာဖြစ်လို့ သိချင်တာ စုံစမ်းချင်တာရှိရင် မေးမြန်းနိုင်ပါတယ်ရှင့်

🇻🇮အမေရိကန် အိမ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါစေ

- #09777296828 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်



🇱🇷 𝙐𝙎 𝙑𝙞𝙨𝙖 (𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖 𝘽1/𝘽2) 𝙑𝙞𝙨𝙖 များကို 𝙏𝙝𝙞𝙧𝙙 𝘾𝙤𝙪𝙣𝙩𝙧𝙮 တွင် ဖြေဆိုချင်သူများအတွက် 𝘼𝙥𝙥𝙤𝙞𝙣𝙩𝙢𝙚𝙣𝙩 𝘿𝙖𝙩𝙚 ယူပေးခြင်း  #ဗီဇာ...
20/10/2023

🇱🇷 𝙐𝙎 𝙑𝙞𝙨𝙖 (𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖 𝘽1/𝘽2) 𝙑𝙞𝙨𝙖 များကို 𝙏𝙝𝙞𝙧𝙙 𝘾𝙤𝙪𝙣𝙩𝙧𝙮 တွင် ဖြေဆိုချင်သူများအတွက် 𝘼𝙥𝙥𝙤𝙞𝙣𝙩𝙢𝙚𝙣𝙩 𝘿𝙖𝙩𝙚 ယူပေးခြင်း #ဗီဇာကြေး ငွေသွင်းပေးခြင်းများကို ဖြင့် တစ်နေရာထဲမှာ ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုများ ရယူနိုင်ပါပြီရှင်

🇱🇷𝙑𝙞𝙨𝙖 ဖြေဆိုရာမှာ အဓိက ကျလှတဲ့ 𝘿𝙎 160 𝙁𝙤𝙧𝙢 ကို အကောင်းဆုံးတိုင်ပင်ဆွေးနွေးပြီး ဖြည့်ပေးခြင်း

🇱🇷𝙄𝙣𝙩𝙚𝙧𝙫𝙞𝙚𝙬 ဖြေဆိုရာတွင်လည်း 𝙄𝙣𝙩𝙚𝙧𝙫𝙞𝙚𝙬 𝙏𝙞𝙥, 𝙋𝙤𝙞𝙣𝙩 𝙤𝙪𝙩 များကို ထုတ်ပေးခြင်း အကြံဉာဏ်ပေးခြင်းများအပြင် ဖြေဆိုရာတွင် ယူဆောင်သွားရမည့် စာရွက်စာတမ်းများကို အသေးစိတ် စီစစ်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို 𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 မှာ စိတ်ချမ်းမြေ့စွာ ယူနိုင်ပါပြီရှင်

𝙑𝙞𝙨𝙖 𝘼𝙥𝙥𝙤𝙞𝙣𝙩𝙢𝙚𝙣𝙩 ယူနိုင်သည့် နိုင်ငံများမှာ

🇹🇭𝗕𝗮𝗻𝗴𝗸𝗼𝗸
🇹🇭𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶
🇻🇳𝗛𝗼 𝗖𝗵𝗶 𝗠𝗶𝗻𝗵
🇻🇳𝗛𝗮𝗻𝗼𝗶
🇸🇬𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲
🇰🇭𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮
🇲🇾𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮
🇮🇩𝗝𝗮𝗸𝗮𝗿𝘁𝗮 (𝗜𝗻𝗱𝗼𝗻𝗲𝘀𝗶𝗮)
🇧🇳𝗕𝗿𝘂𝗻𝗲𝗶

💁အသေးစိတ် မေးမြန်းစုံစမ်းလိုတယ်ဆိုရင်တော့
📱𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴
🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ (၃ လမ်း) (၃၂ ရပ်ကွက်) ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင့်

☁️ချစ်ရတဲ့သူနဲ့ အမှတ်တရတွေ ဖန်တီးဖို့ အကောင်းဆုံးနေရာလေးတစ်ခု 🇻🇳🇻🇳သူပြောသလိုပဲ Free and Easy လေးနဲ့ လည်ပတ်လို့ရသလို ဘာမှ...
20/10/2023

☁️ချစ်ရတဲ့သူနဲ့ အမှတ်တရတွေ ဖန်တီးဖို့ အကောင်းဆုံးနေရာလေးတစ်ခု 🇻🇳

🇻🇳သူပြောသလိုပဲ Free and Easy လေးနဲ့ လည်ပတ်လို့ရသလို ဘာမှ မစီစဉ်ချင်ဘူး မင်မင်တို့ပဲ စီစဉ်ပေးဆိုလည်း သူပြောတဲ့Vibe လေး ရအောင် အလုံးစုံ စီစဉ်ပေးနိုင်တဲ့ မင်မင်တို့ဆီဖုန်းလေး တစ်ချက်ပဲ Hello လိုက်နော်

👩‍❤️‍💋‍👨 ၂ ယောက်ထဲရှိရုံနဲ့လည်း ဟနွိုင်း ဟလောင်းဘေး ဆာပါး ၃ည၄ ရက် ၄ ည ၅ ရက် စိတိကြိုက် သွားလို့ရနေပါပြီနော်



🔔𝙊𝙘𝙩𝙤𝙗𝙚𝙧 လအတွင်း 𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 မှ လျှောက်ထားပေးပြီး ရရှိသွားသော ဗီဇာများ🇯🇵Japan Visit Visa 🇬🇧UK Student ...
17/10/2023

🔔𝙊𝙘𝙩𝙤𝙗𝙚𝙧 လအတွင်း 𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 မှ လျှောက်ထားပေးပြီး ရရှိသွားသော ဗီဇာများ

🇯🇵Japan Visit Visa
🇬🇧UK Student Visa
🇲🇾Malaysia Tourist Visa
🇹🇭Thai ED(Student) Visa

💁ယခုလို ယုံယုံကြည်ကြည်နဲ့ ဗီဇာတွေ အပ်နှံပေးလို့ ဧည့်သည်တော် အပေါင်းကို အထူးပင် ကျေးဇူးတင်ရှိရပါတယ်နော်

💁𝙒𝙖𝙮 𝙩𝙤 𝙖𝙗𝙧𝙤𝙖𝙙 𝙏𝙧𝙖𝙫𝙚𝙡𝙨 & 𝙏𝙤𝙪𝙧𝙨 မှ နိုင်ငံတကာသို့ သွားရောက်လည်ပတ်နိုင်မယ့် Tourist Visa, ကျောင်းသွားတက်ရောက်လိုသူများအတွက် Student Visa များကိုလည်း 𝙊𝙣𝙚 𝙎𝙩𝙤𝙥 𝙎𝙚𝙧𝙫𝙞𝙘𝙚𝙨 ဖြင့် စိတ်တိုင်းကျ တိုင်ပင်ဆွေးနွေး လျှောက်ထားပေးနေပါပြီ

📱အသေးစိတ် သိရှိလိုတယ်ဆိုရင်ဖြင့်
𝗛𝗼𝘁𝗲 𝗹𝗶𝗻𝗲 𝗻𝘂𝗺𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴

🏠ရုံးလိပ်စာလေးကတော့
အမှတ် (၂၃၆) ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်ရှင့်

👩🏻‍💻မိသားစုလိုက် လာရောက်လျှောက်ထားသွားတဲ့ အစ်ကို အစ်မတို့ မိသားစုတွေ အားလုံး ကံကောင်းကြပါစေနော်🦅လင်းယုန်မြေကို အဆင်ပြေပြ...
16/10/2023

👩🏻‍💻မိသားစုလိုက် လာရောက်လျှောက်ထားသွားတဲ့ အစ်ကို အစ်မတို့ မိသားစုတွေ အားလုံး ကံကောင်းကြပါစေနော်

🦅လင်းယုန်မြေကို အဆင်ပြေပြေ ခြေချနိုင်ကြပါစေ🇺🇸


🌍Schengen Country Visa Services 🌍 🇮🇹Italy Tourist Visa Services 🇫🇷 France Tourist Visa Services🇨🇭Switzerland Tourist Vis...
15/10/2023

🌍Schengen Country Visa Services 🌍

🇮🇹Italy Tourist Visa Services
🇫🇷 France Tourist Visa Services
🇨🇭Switzerland Tourist Visa Services
🇧🇪Germany Tourist Visa Services
🇳🇱Netherland Tourist Visa Services
🇨🇿Czech Republic Tourist Visa Services
🇲🇹Malta Tourist Visa Services

🌍 ရှန်ဂန်နိုင်ငံများသို့ အလည်အပတ်ဗီဇာများ လျှောက်ထားပေးနေပါပြီနော်

💁‍♀️ခိုင်လုံတဲ့ ပိုင်ဆိုင်မှု အထောက်အထား တိကျသေသပ်တဲ့ ခရီးစဉ် တွေနဲ့ ဗီဇာ လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေး လျှောက်ထားပေးနေတဲ့ 𝗪𝗮𝘆 𝘁𝗼 𝗮𝗯𝗿𝗼𝗮𝗱 𝗧𝗿𝗮𝘃𝗲𝗹𝘀 & 𝗧𝗼𝘂𝗿𝘀 မှာ ကိုယ်လျှောက်ထားလိုသော နိုင်ငံများ နှင့် ပတ်သက်ပြီး ဗီဇာ အကြံဉာဏ်များလည်း ပေးနေတာဖြစ်လို့ 𝗦𝗰𝗵𝗲𝗻𝗴𝗲𝗻 𝗩𝗶𝘀𝗮 များ လျှောက်ထားလိုပြီဆို 𝑯𝒆𝒍𝒍𝒐 လိုက်ပါနော်

📱𝐇𝐨𝐭 𝐋𝐢𝐧𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - 𝟎𝟗𝟕𝟕𝟕𝟐𝟗𝟔𝟖𝟐𝟖

💁‍♀️ရုံးသို့ လာရောက်မေးမြန်းစုံစမ်းလိုပါက ကြိုတင်ဖုန်းဆက်သွယ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ဖို့ စောင့်မျှော်နေပေးပါမယ်နော်

💁‍♀️ရုံးတည်ရှိရာ လိပ်စာလေးကတော့

🏠𝗪𝗮𝘆 𝘁𝗼 𝗮𝗯𝗿𝗼𝗮𝗱 𝗧𝗿𝗮𝘃𝗲𝗹𝘀 & 𝗧𝗼𝘂𝗿𝘀
အမှတ် ၂၃၆ ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မှာ ဖွင့်လှစ်ထားပါတယ်ရှင့်

🇳🇵 𝙉𝙚𝙥𝙖𝙡 𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖🇳🇵နီပေါ နှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လုံးပတ်လုံး စေတီပုထိုးများထဲမှ တစ်ခုဖြစ်သည့်  မဟာပုထိုးတော်ကြ...
15/10/2023

🇳🇵 𝙉𝙚𝙥𝙖𝙡 𝙏𝙤𝙪𝙧𝙞𝙨𝙩 𝙑𝙞𝙨𝙖

🇳🇵နီပေါ နှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လုံးပတ်လုံး စေတီပုထိုးများထဲမှ တစ်ခုဖြစ်သည့် မဟာပုထိုးတော်ကြီး ဆီသို့ သွားရောက်လည်ပတ်နိုင်ရန် အတွက် နီပေါ နိုင်ငံသို့ အလည်အပတ်ဗီဇာများ လျှောက်ထားပေးနေပါပြီနော်

👩🏻‍💻လူကိုယ်တိုင်လိုက်ပါစရာမလိုပဲ ..လျှောက်ထားပေးနေပါပြီရှင့်

👩🏻‍💻အသေးစိတ်မေးမြန်းလိုပါက 𝟬𝟵 𝟳𝟳𝟳 𝟮𝟵𝟲𝟴𝟮𝟴 သို့ ဆက်သွယ်စုံစမ်းနိုင်သလို

👩🏻‍💻ရုံးသို့လည်း လူကိုယ်တိုင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါပြီနော်

👩🏻‍💻လူကြီးမင်းတို့ စိတ်တိုင်းကြ ဗီဇာ ဝန်ဆောင်မှုများ ပေးနေသော 🏘️𝗪𝗮𝘆 𝘁𝗼 𝗮𝗯𝗿𝗼𝗮𝗱 𝗧𝗿𝗮𝘃𝗲𝗹𝘀 𝗮𝗻𝗱 𝗧𝗼𝘂𝗿𝘀 ကတော့ 🏠အမှတ် (၂၃၆) မြေညီ ချမ်းမြေ့သာယာ ၃ လမ်း ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်

🇻🇳ဗီယက်နမ်ကို သွားလည်ပြီဆို စားဖြစ်အောင် စားရမယ့်  ___________________🇻🇳Banh Mì : ဗီယက်နမ်အရသာအသားညှပ်ပေါင်မုန့်Banh Mì ...
11/10/2023

🇻🇳ဗီယက်နမ်ကို သွားလည်ပြီဆို စားဖြစ်အောင် စားရမယ့် ___________________

🇻🇳Banh Mì : ဗီယက်နမ်အရသာအသားညှပ်ပေါင်မုန့်

Banh Mì သည် ပြင်သစ်နဲ့ ဗီယက်နမ်အရသာတွေကို ပေါင်းစပ်ထားတဲ့ ဗီယက်နမ်အသားညှပ်ပေါင်မုန့်တစ်ခုဖြစ်ပါတယ်။ ပြင်သစ်စတိုင်လ် ကျွတ်ကျွတ်ရွရွ ပေါင်မုန့်ရှည်ထဲမှာ အသားတွေ၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ အရသာရှိလှတဲ့ ဆော့စ်တွေ ပါဝင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာမျိုးစုံကို ထည့်ညှပ်ပြီး စားလို့ရတဲ့အတွက် တစ်ကိုက်ကိုက်လိုက်တိုင်း အရသာထိမိနေမှာပဲဖြစ်ပါတယ်။

🇻🇳✈️MAI မှ ဟနွိုင်းခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ပြေးဆွဲပေးနေပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ ရက်နေ့မှစ၍ တနင်္ဂနွေနေ့တိုင်း ထပ်တိုးပြေးဆွဲပေးသွားမည့်အပြင် ဟိုချီမင်းခရီးစဉ်များကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ဆွဲပေးနေပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်နေ့မှစ၍ ကြာသပတေးနေ့တိုင်း ထပ်တိုးပြေးဆွဲပေးသွားမှာဖြစ်တဲ့အတွက် ဗီယက်နမ်ခရီးစဉ်တွေကို အခုပဲ အကောင်အထည်ဖော်လိုက်တော့နော်။

👩🏻‍💻လက်မှတ်များ ဆက်သွယ်ဝယ်ယူလိုပါက

𝐇𝐨𝐭 𝐋𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 𝟎𝟗 𝟕𝟕𝟕𝟐𝟗𝟔𝟖𝟐𝟖 ဆက်သွယ်စုံစမ်း ဝယ်ယူနိင်ပါပြီရှင့်

😍✈🎆သီတင်းကျွတ် ခရီးစဉ်များကို အဲအေးရှားရဲ့ အသက်သာဆုံး အထူးပရိုမိုးရှင်း နဲ့ ကြိုတင်ပြင်ဆင်လိုက်ပါ။ ⁣🤗🤗ကြိုတင်ဝယ်ယူဖို့တေ...
10/10/2023

😍✈🎆သီတင်းကျွတ် ခရီးစဉ်များကို အဲအေးရှားရဲ့ အသက်သာဆုံး အထူးပရိုမိုးရှင်း နဲ့ ကြိုတင်ပြင်ဆင်လိုက်ပါ။ ⁣🤗🤗

ကြိုတင်ဝယ်ယူဖို့တော့ လိုပါမယ်နော်
ဝယ်ယူနိုင်မယ့် ကာလကတော့ ယနေ့မှ စတင်ပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ

ခရီးသွားကာလကတော့
အောက်တိုဘာ ၂၂ ရက် မှစတင်ပြီး မတ်လ ၃၁ ရက် ၂၀၂၄ အထိပဲ ဖြစ်ပါတယ်နော်

ဒီတော့ သီတင်းကျွတ်မှာ ဘန်ကောက် နဲ့ မလေးရှားကို အပန်းဖြေခရီးထွက်ဖို့ပဲဖြစ်ဖြစ် အခြားသော အကြောင်းကိစ္စတွေကြောင့် သွားချင်ရင်ပဲဖြစ်ဖြစ် အသက်သာဆုံးနဲ့ သွားရောက်နိုင်ဖို့ အခုပဲ ဝယ်ယူလိုက်တော့နော်

လက်မှတ်များ ဝယ်ယူလိုပါက
Hotline Number 09777296828 သို့ ဆက်သွယ်စုံစမ်း နိုင်ပါပြီ




Autumn Season 🍂🍁USA မှာလည်း အရမ်းလှနေပြီ 🍁🍂
03/10/2023

Autumn Season 🍂🍁
USA မှာလည်း အရမ်းလှနေပြီ 🍁🍂

📣မနက်ဖြန်ဆို DV တွေ စတင်လို့ရပြီနော်👩🏻‍💻အားလုံး အဆင်သင့်ပဲလား📣စစချင်းမှာ အကုန်ပြုံပြီးတင်ရင် Website ကမနိုင်တာမျိုးဖြစ််...
03/10/2023

📣မနက်ဖြန်ဆို DV တွေ စတင်လို့ရပြီနော်

👩🏻‍💻အားလုံး အဆင်သင့်ပဲလား

📣စစချင်းမှာ အကုန်ပြုံပြီးတင်ရင် Website ကမနိုင်တာမျိုးဖြစ်််တတ်တဲ့အတွက် မလောကြပါနဲ့နော်

👩🏻‍💻တစ်လလုံးလုံး တင်ဖို့ အချိန်ရပါတယ်လို့

📸 Look at this post on Facebook https://www.facebook.com/100075791121001/posts/339220168614351/?mibextid=2Ep60M

ရှမ်းပြည်​တောင်ပိုင်းမိုင်းရှူး​ဒေသ အ​ရှေ့​တောင်အာရှတွင်အလှဆုံးဖြစ်​သော ဟိုင်ပါ​ရေတံခွန်🍀  ln lnfinity📷-Thaw Tar(ဓာတ်ပုံ...
02/10/2023

ရှမ်းပြည်​တောင်ပိုင်းမိုင်းရှူး​ဒေသ အ​ရှေ့​တောင်အာရှတွင်အလှဆုံးဖြစ်​သော ဟိုင်ပါ​ရေတံခွန်🍀

ln lnfinity
📷-Thaw Tar(ဓာတ်ပုံ)

🇯🇵ဂျပန်နိုင်ငံတွင် ပြန်လည်မွေးဖွားခြင်းနှင့် ငြိမ်းချမ်းရေး၏သင်္ကေတအဖြစ် သတ်မှတ်ခံထားရသည့် ဘုရားကျောင်း Sensoji ဘုရားကျေ...
02/10/2023

🇯🇵ဂျပန်နိုင်ငံတွင် ပြန်လည်မွေးဖွားခြင်းနှင့် ငြိမ်းချမ်းရေး၏သင်္ကေတအဖြစ် သတ်မှတ်ခံထားရသည့် ဘုရားကျောင်း Sensoji ဘုရားကျောင်း

🇯🇵တိုကျို၏ရှေးအကျဆုံးဘုရားကျောင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင် လာရောက်လည်ပတ်မှုအများဆုံး ဘုရားကျောင်း တစ်ခုဖြစ်သည့် Sensoji ဘုရားကျောင်းကို 645 ခုနှစ်တွင် ဒေသခံညီအစ်ကိုနှစ်ဦး ငါးဖမ်းနေစဉ် Sumida မြစ်တွင် ရွှေရုပ်တုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့် ဒဏ္ဍာရီ အရ ရုပ်တုကို ရေထဲသို့ ပြန်ထည့်ထားသော်လည်း ရုပ်ထုမှာ ရေထဲသို့ ပြန်လည် ပျောက််ကွယ်မသွားပဲ ၄င်းတို့တွင်ပဲ တည်ရှိနေခြင်းကြောင့် ဘုရားသခင်ကိုယ်စားရုပ်ထုအဖြစ်သတ်မှတ်လိုက်ကြပြီး Asakusa ရွာငယ်လေး၏ အကြီးအကဲသည် နတ်ကွန်းတည်ဆောက်ပြီး ရုပ်တုကို ဒေသခံများအား ဝတ်ပြုကိုးကွယ်ရန် စီမံပေးခဲ့ပါသည်

🇯🇵နောက်ပိုင်းတွင်၊ 10 နှင့် 11 ရာစုများအတွင်း Sensoji သည် Taira နှင့် Minamoto မိသားစုများမှ သြဇာကြီးသော ဆာမူရိုင်းစစ်ဘုရင်များထံ လာရောက်လည်ပတ်ခဲ့ပြီး ဗိမာန်တော်၏အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်ရန်နှင့် တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ယခုအခါ နာမည်ကြီး Kaminarimon (မိုးကြိုးတံခါး) နှင့် Hozomon(ပင်မတံခါး) Gates များ ပြီးစီးနေပြီဖြစ်ပါသည်။

🇯🇵ယနေ့ခေတ်ဘုရားကျောင်း၏ အဓိကအင်္ဂါရပ်တစ်ခုမှာ Nishinomiya Inari အတွင်းနတ်ကွန်းသို့ ဝင်ပေါက်ကိုညွှန်ပြသည့် တိုရီဂိတ်တံခါးကို 1727 ခုနှစ်တွင် စိုက်ထူခဲ့သည်။

🇯🇵တိုကျိုမြို့ ကို ဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုအတွင်း Sensoji အဆောက်အအုံ အတော်များများ ကံမကောင်းစွာ ဖျက်ဆီးခံခဲ့ရသော်လည်း ဘုရားကျောင်းကို အပြီးအပိုင် ပြန်လည်တည်ဆောက်ခဲ့ပြီး ယခုအခါတွင် ဂျပန်နိုင်ငံတွင် ပြန်လည်မွေးဖွားခြင်းနှင့် ငြိမ်းချမ်းရေး၏သင်္ကေတအဖြစ် သတ်မှတ်ခံထားရပြီး ဆုတောင်းပြည့်သည်ဟု နာမည်ကြီးလျှက် လည်ပတ်သူအများဆုံးသော ဘုရားကျောင်းအဖြစ် မှတ််တမ်းတင် ခံထားရပါသည်။

🇯🇵Nakamise-dori
တိုကျိုမြို့ ရှိ အကြီးမားဆုံး အမှတ်တရပစ္စည်း စျေးတစ်ခုဖြစ်သည့် Nakamise သည် ဘုရားကျောင်းဝင်းအတွင်း တည်ရှိသော မီတာ 200 ရှည်လျားသည့် ဈေးဝယ်လမ်း တစ်ခုဖြစ်ပြီး Edo ခေတ်အထိ ရာစုနှစ်များအတွင်း ကူးသန်းရောင်းဝယ်ရေးစင်တာအဖြစ် သမိုင််းဝင် တည်ရှိနေပြီး ဈေးဝယ်ကောင်းသည့် နေရာအဖြစ်လည်း နာမည်ကျော်ကြားလှပါသည်။

🇯🇵Sensoji ဘုရားကျောင်း၏ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး ဧပြီလမှ စက်တင်ဘာလအထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထား ပြီး အောက်တိုဘာလမှ မတ်လအထိ နံနက် ၆း၃၀ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး အလှဆုံးအချိန်ကတော့ပင်မအဆောက်အဦကို နေဝင်ချိန်မှ ည ၁၁ နာရီအထိ ညတိုင်း မီးတွေ ထွန်းထားပေးသည့်အတွက် အလှဆုံးသော အချိန်ဖြစ်ပါကြောင်း Way to abroad Travels and Tours မှ တင်ပြပေးလိုက်ရပါတယ်ရှင့်



Beautiful Hokkaido 😍ဟိုကိုင်းဒိုးမှာ နောက်လဆို တအားလှနေပြီ 🇯🇵
01/10/2023

Beautiful Hokkaido 😍
ဟိုကိုင်းဒိုးမှာ နောက်လဆို တအားလှနေပြီ 🇯🇵

🇲🇲မြန်မာပြည်ထဲက ရှိန်းခေါင်လို့ ခေါ်တဲ့ရေခဲပြင်ပေါ်ကရွာလေးပါ☘️ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အု...
01/10/2023

🇲🇲မြန်မာပြည်ထဲက ရှိန်းခေါင်လို့ ခေါ်တဲ့ရေခဲပြင်ပေါ်ကရွာလေးပါ

☘️ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်

ရုတ်ရက်ကြည့်ရင်ပြည်ပကလိုထင်ကောင်းထင်နိုင်တယ် ပြည်ပမဟုတ်တဲ့မြန်မာကပါ🇲🇲

✈အလည်သွားချင်ကြတဲ့မိတ်ဆွေအပေါင်းအသင်းတို့အတွက် လမ်းကြောင်း ( ၂ )ခုဖြင့် ညွှန်ပေးလိုက်ပါတယ်🍀

☃️အမှတ် ( ၁ ) လမ်းကြောင်း (တရုတ်ပြည်တွင်း ပတ်ဝင်ပြီးမှ ရေခဲပြင်ရွာကလေးကို ရောက်ရှိမယ့် လမ်းကြောင်း -

☃️မြစ်ကြီးနား - ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီ (တရုတ်နယ်ခြားဂိတ် မှ ကူရုန်း မှ -ဖီမော် - ဖူကုန်းမြို့ မှ ရှိန်းခေါင်ရွာကိုရောက်မှာဖြစ်ပါတယ်

☃️အမှတ် ( ၂ )လမ်းကြောင်း (မြန်မာပြည်တွင်း)

☃️မြစ်ကြီးနား - ပူတာအို - မချမ်းဘော့ - မဂွေဇ - ရီဒမ်း - ခေါင်လန်ဖူး - အဘွမ်ထန် - ညီဝါး - ဇန်ယော့ မှ ရှိန်းခေါင်လည်းသွားလို့ရပါကြောင်းပြော‌ပြပေးချင်ပါတယ်
ရီဒမ်းရွာ မှ ညီဝါးရွာအထိ ကားလမ်းမပေါက်သေးမို့ ရီဒမ်း မှ ခေါင်လန်ဖူးမြို့အထိတော့ ဆိုင်ကယ်လမ်းသွားပြီး ခေါင်လန်ဖူးမြို့ မှ ညီဝါးရွာအထိခြေလျင်ခရီးနဲ့ တစ်ရက်နဲ့နေ့တစ်ပိုင်း သွားရတယ်။ ညီဝါးရွာညမှ ရှိန်းခေါင် ရွာအထိ ကားလမ်းပေါက်နေပါတယ်☃️

Paoh Stars
📷-မူရင်း Photo Credit to Owner
✏️-Sar Aung Marphangm

🇯🇵Tokyo Skytree 🌸View of Cherry Blossom Season 🌸
01/10/2023

🇯🇵Tokyo Skytree
🌸View of Cherry Blossom Season 🌸

ခေါင်လန်ဖူး🍀ကချင်ပြည်နယ်☘️Vs ​ဗီယက်နမ်​မြောက်ပိုင်း ဆာပါး ( Sapa )မြို့ ☁️☁️☁️Photo - Credit
01/10/2023

ခေါင်လန်ဖူး🍀
ကချင်ပြည်နယ်☘️Vs ​ဗီယက်နမ်​မြောက်ပိုင်း
ဆာပါး ( Sapa )မြို့ ☁️☁️☁️
Photo - Credit

🇨🇳တရုတ် သံရုံး ပိတ်ရက်ရှည် ပိတ်မှာဖြစ်တဲ့အတွက်် ဗီဇာ လျှောက်ထားလိုသူများ အောက်တိုဘာ ၉ ရက်နေ့မှ ပြန်လည်် လျှောက်ထားနိုင်မ...
27/09/2023

🇨🇳တရုတ် သံရုံး ပိတ်ရက်ရှည် ပိတ်မှာဖြစ်တဲ့အတွက်် ဗီဇာ လျှောက်ထားလိုသူများ အောက်တိုဘာ ၉ ရက်နေ့မှ ပြန်လည်် လျှောက်ထားနိုင်မှာဖြစ်ပါတယ်ရှင့်

🇨🇳စက်တင်ဘာ ၂၉ ရက်နေ့ကနေ စပြီး အောက်တိုဘာ ၆ ရက်နေ့အထိ တရားဝင်ပိတ်ရက်ဖြစ်ပြီး ၇/၈ မှာ စနေ တင်္နဂနွေဖြစ်တဲ့အတွက် ၁၀ ရက်တိတိ ပိတ်မှာဖြစ်ပါတယ်နော်

💁🏻‍♀️𝐖𝐚𝐲 𝐭𝐨 𝐚𝐛𝐫𝐨𝐚𝐝 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 မှ တရုတ်နိုင်ငံသို့ အလည်အပတ်ဗီဇာ(Visit Visa) စီးပွားရေးဗီဇာ(Business Visaa) များလည်း လျှောက်ထားပေးနေပါတယ်ရှင့်

💁🏻‍♀️လူကိုယ်တိုင် မလိုက်နိုင်တဲ့သူများအတွက်လည်း ဗီဇာကိုယ်စားလျှောက်ထားပေးခြင်း ဝန်ဆောင်မှုများလည်းရရှိနိုင်ပါပြီရှင်

🇨🇳ဗီဇာ ဝန်ဆောင်မှုတွေကတော့
🇨🇳ဗီဇာဖောင် ဖြည့်ပေးခြင်း
🇨🇳Appointment Date ယူပေးခြင်း
🇨🇳လိုအပ်သော စာရွက်စာတမ်းများ ညှိနှိုင်းဆောင်ရွက်ပေးခြင်း
အစရှိသည့် ဝန်ဆောင်မှုများကို ဧည့်သည်တော်များ စိတ်တိုင်းကျစီစဉ်ပေးနေပါပြီနော်

🇨🇳💁🏻‍♀️ဗီဇာအတွက် အသေးစိတ်သိလိုပြီဆိုရင်တော့
🏡𝐖𝐚𝐲 𝐭𝐨 𝐚𝐛𝐫𝐨𝐚𝐝 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬
𝐍𝐨.𝟐𝟑𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐡𝐚𝐧 𝐌𝐲𝐚𝐞 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝟑 𝐒𝐭𝐫𝐞𝐞𝐭𝐬, 𝟑𝟐 𝐖𝐚𝐫𝐝, 𝐍𝐨𝐫𝐭𝐡 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
𝗛𝗼𝘁 𝗟𝗶𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: 𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟲𝟴𝟮𝟴

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959777296828

Alerts

Be the first to know and let us send you an email when Way to abroad Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Way to abroad Travels and Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share