The Burmese Flyer

  • Home
  • The Burmese Flyer

The Burmese Flyer Mingalar par. Welcome to The Burmese Flyer page. This page is established to share my travel experie

Singapore Jurong Lake Garden
17/06/2021

Singapore Jurong Lake Garden

Thomson Nature Park
01/01/2020

Thomson Nature Park

Sapa, Vietnam
12/11/2019

Sapa, Vietnam

Lets walk along the rice terrace in vietnam
12/11/2019

Lets walk along the rice terrace in vietnam

Pulau Ubin, Singapore
12/11/2019

Pulau Ubin, Singapore

ဟနွိုင်းမြို့ဟနွိုင်းမြို့လေးက ချစ်စရာကောင်းပီး လှပတဲ့နေရာလေးတွေက ပုံလေးတွေ ဝေမျှလိုက်ပါတယ်နော်။ The Burmese Flyer ဟႏြို...
01/11/2019

ဟနွိုင်းမြို့

ဟနွိုင်းမြို့လေးက ချစ်စရာကောင်းပီး လှပတဲ့နေရာလေးတွေက ပုံလေးတွေ ဝေမျှလိုက်ပါတယ်နော်။

The Burmese Flyer


ဟနွိုင်းမြို့


The Burmese Flyer

26/10/2019

Sapa, Vietnam

Aha Cafe (Hanoi, Vietnam)Hanoi မြို့ကိုရောက်တိုင်းအမြဲထိုင်လေ့ရှိတဲ့ လဘက်ရည်ဆိုင်လေးကို ဒီနေ့ခေါ်သွားပေးမယ်နော်။ ဆိုင်ရဲ...
24/10/2019

Aha Cafe (Hanoi, Vietnam)

Hanoi မြို့ကိုရောက်တိုင်းအမြဲထိုင်လေ့ရှိတဲ့ လဘက်ရည်ဆိုင်လေးကို ဒီနေ့ခေါ်သွားပေးမယ်နော်။ ဆိုင်ရဲ့နာမည်က Aha Cafe ဖြစ်ပီး 1997ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဆိုင်လေးပါ။ Old Quater မှာရှိပြီး နာမည်ကျော် Hoan Kiem Lake ကနေ ငါးမိနစ်လောက် လမ်းလျောက်ရင်ရောက်ပါပီ။ ဆိုင်က သုံးထပ်ရှိပီး လမ်းဆုံမှာရှိတော့ မြင်ကွင်းအလွန်‌ကောင်းပါတယ်။ မြင်ကွင်းကောင်းကောင်းနဲ့ လ္ဘက်ရည်ကြိုက်တတ်တဲ့ ကျွန်တော့်လိုမြန်မာများအတွက် သင့်တော်တဲ့ဆိုင်ပါ။ သင့်တင့်တဲ့ဈေးနဲ့ လ္ဘက်ရည်မျိုးစုံကိုလဲ သုံးဆောင်နိင်ပါတယ်။
The Burmese Flyer

Zawgyi Version
Aha Cafe (Hanoi, Vietnam)

The Burmese Flyer

24/10/2019
24/10/2019

တိမ်တွေလှလို့ .....

တောင်တက်ခရီးအစ..
24/10/2019

တောင်တက်ခရီးအစ..

Hou Tong Cat Village🐱🐱🐱🐱🐱🐱🐱🐱ဒီနေ့တော့ ထိုင်ပေမြို့နားက ကြောင်ရွာလေးကို ခေါ်သွားပေးမယ်နော်။ တိုင်ပေ ဘူတာကြီးကနေ Ruifang ဘ...
15/10/2019

Hou Tong Cat Village
🐱🐱🐱🐱🐱🐱🐱🐱
ဒီနေ့တော့ ထိုင်ပေမြို့နားက ကြောင်ရွာလေးကို ခေါ်သွားပေးမယ်နော်။ တိုင်ပေ ဘူတာကြီးကနေ Ruifang ဘူတာကို ရထားစီးသွားရပါမယ်။ Ruifang ကနေမှ Pingxi လိုင်းကို ပြောင်းစီးပေးရပါမယ်။ Houtong ဘူတာကတော့ ပထမဆုံးမှတ်တိုင်ဖြစ်ပြီး ကြောင်ရုပ်လေးတွေနဲ့ အလှဆင်ထားတဲ့ ဘူတာလေးကိုတွေ့ရမှာပါ။
ဂျပန်တွေ အုပ်ချုပ်စဉ်တုန်းကတော့ ကျောက်မီးသွေးမိုင်းလုပ်သမား ၆၀၀၀ ခန့် နေထိုင်ခဲ့တဲ့ရွာလေးဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ကျောင်းပြီးသွေးထုတ်လုပ်မှုအားလုံးရပ်ဆိုင်ပြီး ပြတိုက်နဲ့ဈေးဆိုင်တန်းလေးတွေသာဒီရွာမှာ ရှိပါတော့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ ရွာက‌ ကြောင်ချစ်တတ်တဲ့လူတွေက စွန့်ပစ်ခံ ကြောင်လေးတွေကို ရွာမှာထိန်းသိမ်းစောင့်ရှောက်ရင်း အင်တာနက်မှာကြောင်ပုံလေးတွေကိုတင်ရာက ကြောင်ရွာကလေးဖြစ် စတင်ထင်ရှားလာပါတယ်။ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းစိုနေတဲ့ရွာလေးကိုလည်း လည်ပတ်ကြည့်ရှုနိုင်ပါတယ်။
The Burmese Flyer

Zawgyi
Hou Tong Cat Village

The Burmese Flyer

Mount Fuji Climbing ဂျပန်ကိုရောက်ရင်ဖြင့် ကမ္ဘာ ကျော်လှတဲ့ ဖူဂျီတောင်ကို သတိရကြမှာပါ။ ကမ္ဘာ့ အမွေအနှစ်ဝင် လဲဖြစ်ပါတယ်။ ဂ...
09/10/2019

Mount Fuji Climbing
ဂျပန်ကိုရောက်ရင်ဖြင့် ကမ္ဘာ ကျော်လှတဲ့ ဖူဂျီတောင်ကို သတိရကြမှာပါ။ ကမ္ဘာ့ အမွေအနှစ်ဝင် လဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ အမွေအနှစ် တစ်ခုလဲ ဖြစ်ပါတယ်။ ဖူဂျီတောင်ဟာ အများထင်ထားသလို တောင်တစ်လုံးထဲရှိနေတာ မဟုတ်ပဲ တောင်သုံးလုံးဆင့်နေတာဖြစ်ပီး မီးတောင်ရှင်လဲ ဖြစ်ပါတယ်။ ဖူဂျီတောင်ကို တစ်နှစ်ပတ်လုံး သွားရောက်နိင်ပေမယ့် တောင်ထိပ်ကိုတော့ နွေရာသီမှာပဲ တက်ရောက်နိင်ပါတယ်။ ဂျူလိုင်လကုန်ကနေ စက်တင်ဘာလဆန်းလောက် အထိပါ။ ဖူဂျီတောင်ကို တိုကျိုမှ ရထား သို့ ကားနဲ့ သွာနိင်ပါတယ်။ ရထားနဲ့လာရင်ဖြင့် kawaguchiko station ကိုလာရမှာပါ။ ဒီကတစ်ဆင့် ဘတ်စ်ကား နဲ့ 5th station ကိုသွားနိင်ပါတယ်။ တိုကျိုကဆိုရင်တော့ shinjuku express bus terminal ကနေ 5th station အထိ တိုက်ရိုက်ကားရှိပါတယ်။ ကားပဲစီးစီး ရထားပဲစီးစီး မနက်စောစော သွားနိင်ရင်ပိုကောင်းပါတယ်။
ဆောင်းတွင်းဆိုရင်တော့ တောင်ပေါ်တက်လို့မရပါဘူး။ ရာသီဥတု အေးတဲ့အတွက် ထူထဲနွေးထွေးစွာ ဝတ်ဖို့လိုပါမယ်။ ဒီ post လေးကတော့ နွေရာသီမှာ တောင်ထိပ်ကို တက်မည့်လူမျာအတွက် ရည်ရွယ်ပါတယ်။ မတက်ခင် ကြိုတင်ပြင်ဆင်သင့်တာကတော့ တောင်တက်အားကစားဝတ်စုံ ဆိုရင်တော့ ပိုသင့်တော်ပါမယ်။ တောင်တက်တောင်ဝှေး ရေ အစားအစာ အာဟာရမုန့် မြို့ထဲက ဝယ်လာသင့်ပါတယ်။ 5th station မှာ ဝယ်လို့ရပေမယ့် ဈေးက ၃/၄ဆ ကြီးပါတယ်။ အကြွေစေ့လေးတွေဆောင်ထားဖို့လဲ အရေးကြီးပါတယ်။ အိမ်သာတွေက အကြွေစေ့သုံးမှ တက်လို့ရလို့ပါ။ တောင်ပော်မှာ အိပ်ရင်တော့ mountain hut မှာ ကြိုတင်စီစဉ်ပီး တည်းစေချင်ပါတယ်။
သက်လုံ အတန်အသင့်ကောင်းမှလဲ တက်စေချင်ပါတယ်။ တောင်တက်တဲ့လမ်း အချို့ရှိပါတယ်။ yoshida trail/subashiri trail/gotemba trail/fujinomiya trail တို့ပါ။ yosjiada trailကတော့ beginner တွေအတွက်သင့်တော်ပီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၀၅မီတာက စတင်တက်ရမှာပါ။
6th station (2390m abv sea lvl)/ 7th station (2700m abv sea level)/ 8th station (3400m abv sea level)/ 9th station (3580m abv sea level) နဲ့ တောင်ထိပ် (3775m abv sea level) အဆင့်ဆင့် တက်သွားရမှာပါ။ တောင်တက်ရာမှာ အမြင့်မှာ မူးမော်တဲ့ altitude sickness လဲရလာနိင်ပါတယ်။ ဒါကြောင့်တက်ရာမှာ အမြင့်ပေ နဲနဲမြင့်သွားတိုင်း အနားယူပီး အဲ့ဒီအမြင့်မှာရှိတဲ့ လေဖိအားကို အသားကျအောင် ခနယူရပါမယ်။ နွေရာသီဆို တောင်တက်မယ်လူ အများအပြားတွေ့နိင်ပါတယ်။ သူငယ်ချင်းတီု့လဲ ကမ္ဘာကျော် ဖူဂျီတောင်ကို တစ်ခါစတစ်ခေါက်တော့ တက်သင့်ပါတယ်။
The Burmese Flyer..

Address


Telephone

+959788888593

Website

Alerts

Be the first to know and let us send you an email when The Burmese Flyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Burmese Flyer:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share