အလောင်းတော်ကဿပ ဘုရားဖူးလမ်းညွှန် - Alaungdawkathapa

  • Home
  • အလောင်းတော်ကဿပ ဘုရားဖူးလမ်းညွှန် - Alaungdawkathapa

အလောင်းတော်ကဿပ ဘုရားဖူးလမ်းညွှန် - Alaungdawkathapa we intend to be more easily so that people from all of the world to Alaungdawkathapa Pagoda.

24/09/2021

မဟာ​ဗောဓိမြိုင်ဆရာ​တော်ဘုရားကြီးအားအများသူငှာဖူး​မျှော်နိုင်​စေရန်မျှ​ဝေလိုက်ပါသည်။
23▪︎9▪︎21

ယနေ့ ဖူးတွေ့ရသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဓာတ်ပုံ -Ven Yewara မဟာဗောဓိမြိုင်ဆရာတေ...
29/08/2021

ယနေ့ ဖူးတွေ့ရသော
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓာတ်ပုံ -Ven Yewara


မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့
အထူးမေတ္တာပို့သပေး တဲ့စာ

ကမ္ဘာပေါ်တွင်ကျရောက်နေသော
ကပ်ရောဂါဘေးကြီးမှ အမြန်ဆုံး
ကင်းလွတ်ငြိမ်းအေးကြပါစေ။
-----------------------------------------------
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏
နေ့စဉ်ပို့သ မေတ္တာဓာတ် . .
🙏 🙏 🙏 🙏 🙏 🙏 🙏
(၁) ဤ ဋ္ဌာနေ အတွင်း၌ နေထိုင်ကြကုန်သော
မမြင်အပ်ရာ မြင်အပ်ရာအပေါင်းတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
* ဤ ဋ္ဌာနေ အတွင်း၌ နေထိုင်ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာအပေါင်းတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၂) ငါတို့ပြည်ရွာ ဒို့ဂေဟာ၌ နေထိုင်ကြ
ကုန်သော . .
မမြင်အပ်ရာ မြင်အပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
* ငါတို့ပြည်ရွာ ဒို့ဂေဟာ၌နေထိုင်ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၃) တို့တိုင်းမြန်မာ တို့ကမ္ဘာအတွင်း၌
နေထိုင်ကြကုန်သော
မမြင်အပ်ရာ မြင်အပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
* တို့တိုင်းမြန်မာ တို့ကမ္ဘာအတွင်း၌နေထိုင်
ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၄) ထက်အောက်ဝဲယာ ဆယ်မျက်နှာတို့၌
နေထိုင်ကြကုန်သော. . .
မမြင်အပ်ရာ မြင်အပ်ရာတို့သည်. . .
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
* ထက်အောက်ဝဲယာ ဆယ်မျက်နှာတို့၌
နေထိုင်ကြကုန်သော. . .
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်. . .
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာ ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
( သာဓု သာဓု သာဓု )

14/03/2020

14.3.2020 ရက်နေ့ နေ့လည်(2:30) အလောင်းတော်ကဿပကားနာစခန်းကားကွင်းအခြေနေဖြစ်ပါသည်****ပုံမှန်အတိုင်းဘုရားဖူးများလာရောက်ဖူးမျှော်နေကြပုံကိုတင်ပြပေးလိုက်ပါသည်~~~~
ဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်ကပိုင်သီးကုန်းရွာ)
အသေစိတ်သိလိုပါက(09977580588)ဆက်သွယ်မေးမြန်းလိုရပါတယ်

13/03/2020

13.3.2020 ရက်နေ့
အလောင်းတော်ကဿပဘုရားလမ်းမပိတ်ပါဘူး ​ဘုရားဖူးများအသွားလာမပျက်ဖူးမျှော်နေဆဲပါ****

တစ်နိုင်ငံလုံးအတိုင်းတာလူစည်ကာပြီးစေတီပုထိုးတန်းခိုးကြီးဘုရားများစွာရှိပါသည် ပုဂံဘုရားများနှင့်ရန်ကုန်မြို့တော်ကြီးမှဘုရားဖူးများစည်ကားလျှက်ရှိသည့် ရွှေတိဂုံစေတီတော်ကြီးနှင့်တကွတစ်နိုင်ငံလုံးအတိုင်းတာနဲ့ပိတ်မည်ဆိုပါမှပိတ်မည်ဟုယူဆမိပါသည်~~~
ဘုရားဖူးများအ​လောင်းတော်ကဿပဘုရားလာ​ရောက်ဖူးမျှော်ဖို့စိတ်ဆန္ဒစီစဥ်ထားသည့်အတိုင်းလာရောက်ဖူးမျှော်လိုရနေပါသည်~~~~

အချိန်နှင့်တပြေးညီးအသေစိတ်သိလိုပါက
Ph / 09977580588ဆက်သွယ်မေးမြန်လို့ရပါတယ်

ဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်ကပိုင်သီးကုန်းရွာ)

အလောင်းတော်ကဿပ ဘုရားဖူးဧည့်သည်များအဆင်ပြေချောမွေ့စွာဖြင့် ဘုရားဖူးလာရောက်နိုင်စေရန်ရည်ရွယ်ပြီး . "အလောင်းတော်ကဿပ ဘုရားဖူ...
07/01/2020

အလောင်းတော်ကဿပ ဘုရားဖူးဧည့်သည်များ
အဆင်ပြေချောမွေ့စွာဖြင့် ဘုရားဖူးလာရောက်နိုင်စေရန်ရည်ရွယ်ပြီး .

"အလောင်းတော်ကဿပ ဘုရားဖူးလမ်းညွှန်" Facebook စာမျက်နှာအပြင်

ခေတ်နှင့်အညီ သတင်းအချက်အလက်များကို လွယ်ကူလျှင်မြင်စွာ ရှာဖွေကြည့်နိုင်ရန်အတွက်ကောင်းမွန်တဲ့ စိတ်စေတနာဖြင့်

http://www.alaungdawkathapa.com/ website အား ရေးသားလှူဒါန်းထားပါတယ်

Website မှာ ရေးသားဖော်ပြမယ့်အကြောင်းအရာတွေကတော့

☑ ဘုရားဖူးလမ်းအခြေအနေသတင်းများ
☑ ဘုရားသမိုင်း
☑ ဗဟုသုတရစရာသတင်းများ
☑ တည်နေရာလမ်းညွှန်များအပြင်

◾ ဘုရားဖူးများ အလွယ်တကူ တည်းခိုနိုင်ရန်အတွက် (ရှင်းရှင်း) မိသားစုမှ ကူညီပေးထားသည့် အခမဲ့ နေရာထိုင်ခင်းများ ၊

◾ ရှင်းရှင်းစားသောက်ဆိုင် ဝန်ဆောင်မှုများ ၊

◾ တောင်ပေါ်တက်ရန်အတွက် ဆိုင်ကယ်နှင့်ကားအခြေအနေများကိုလဲ

စဉ်ဆက်မပြတ်ဖော်ပြပေးသွားမှာဖြစ်ပါသောကြောင့်

ဒီ website မှတဆင့် ဘုရား ဖူးမိတ်ဆွေများအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီအထောက်အပံ့ဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

4•1•2020 အလောင်းတော်ကဿ ပဘုရားတွင်မိုးများရွာသွန်းနေ၍ဘုရားဖူးများသွားလာဖူးမျှော်ခွင့်ယာယီပိတ်ထား~~~~ မိုးလေဝသ.....

07/01/2020

7•1•2020 ရက်နေ့ အလောင်းတော်ကဿ ပဘုရား
လမ်းဖွင့်ပါပြီးကိုယ်တိုင်းဖူးမျှော်၍ပြန်ခဲ့ပါပြီး live video လည်တင်ပေးထားပါသည်~~~ ရပ်ဝေမှမိတ်ဆွေများစိတ်ဆန္ဒရှိသည်အတိုင်းလာရောက်ဖူးမျှော်လိုရပါပြီး အသေစိတ်သိလိုပါက(09977580588) ကျေးဇူးပြု၍ဆက်ပေးပါဗျာ


7•1•2020 ရက်နေ့မှစ၍ အလောင်းတော်ကဿ       ပဘုရားဖူးဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့လာရောက်ဖူးမျှော်နိုင်ပါပြီးမိုးရွာသွန်းခဲ...
06/01/2020

7•1•2020 ရက်နေ့မှစ၍ အလောင်းတော်ကဿ ပဘုရားဖူးဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့လာရောက်ဖူးမျှော်နိုင်ပါပြီးမိုးရွာသွန်းခဲ့လို့လမ်းယာယီပိတ်ခဲ့ပေမယ့်(6)ရက်နေ့ယနေ့နေကျက်ကျက်ပူခဲ့သည့်အတွက်ရပ်ဝေကဘုရားဖူးများစိတ်ဆန္ဒရှိသည်အတိုင်းလာရောက်ဖူးနိုင်ပါပြီး~~~~~
ယနေ့ကပိုင်ဘုရားကြီးကျောင်းဆရာတော်နှင့်ဂေါ်ပကဥက္ကဌဦးအောင်ကိုလင်းနှင့်အဖွဲ့~ကပိုင်ရွာဒေခံကိုအောင်ဇော်(ခ)ကျားမင်းအောင်ကျွန်တော်တို့သည်ဆရာတော်ကားဖြင့်ကိုယ်တိုင်လမ်းအခြေနေသွားရောက်လေ့လာပြီးဘုရားဖူးများအချိန်မှီသွားလာဖူးမျှော်နိုင်ရန်သွားရောက်သတင်းယူတင်ပြရခြင်းဖြစ်ပါသည်~~~~~

အသေစိတ်သိရှိလိုပါက(09977580588)ဆက်သွယ်နိုင်ပါသည်

6•1•2020 အလောင်းတော်ကဿ       ပဘုရားမှာနေကျက်ကျက်ပူနေပါပြီးဘုရားဖူးများမကြာမှီဖူးမျှော်နိုင်ပါတောမည့်~~~~                ...
06/01/2020

6•1•2020 အလောင်းတော်ကဿ ပဘုရားမှာနေကျက်ကျက်ပူနေပါပြီးဘုရားဖူးများမကြာမှီဖူးမျှော်နိုင်ပါတောမည့်~~~~ (5•1•2020)ရက်နေ့ကလည်နေလည်(1)နာရီမှစ၍နေပူခဲ့ပါသည်~~~~~ ဘုရားပေါ်တွင်ပိတ်မိနေသောဘုရားဖူးများအတွက်လည်ဂေါပကအသစ်လက်ထက်ကြို စားမှုများကိုလည်တွေ့ရှိရပါတော့မည်~~~~~~

အရာအားလုံးဟာစိတ်ရင်းအတိုင်းရောင်ပြန်ဟတ်ပါသည်လုပ်ပိုင်ခွင့်ရတုန်းသာသနာပြု ဖို့ရှင်မဟာကဿ ပသာသနာနယ်မှာအတိတ်ကုသိုလ်ကြောင့်ပေးဆပ်ခွင့်သာသနာအကျိုးသယ်ပိုခွင့်ဆုံးဖြတ်ခွင့်ဘုရားဖူးများအခက်ခဲ့ကိုကူညီးဖို့သာသနာထွန်းကာအရပ်မှာလူဖြစ်ရတဲ့မြတ်သောအခွင့်ရေးကိုစိတ်ရောကိုယ်ပါနှစ်၍ဘုရားရှင်နှစ်သက်သောအလုပ်ကိုအရေးကြုံရင်ကြုံသလိုနည်းလမ်းမှန်စွာညီးညွတ်ခြင်းဖြင့်ပါမှီဖြည့်နိုင်ကြပါစေ~~~~~
လက်တလော်အခြေနေအသေစိတ်သိရှိလိုပါက
09977580588 ကိုဆက်သွယ်လိုရပါတယ်
အလောင်းတော်ကဿ ပတောင်းခြေကပိုင်သီးကုန်းသား

http://thevoicemyanmar.com/news/38854-kar
05/01/2020

http://thevoicemyanmar.com/news/38854-kar

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အတွင်းရှိ အလောင်းေတော် ကဿပ ဘုရားဖူး တောင်တက်လမ်းသည် မိုးရွာသွန်းပ.....

5•1•2020 အလောင်းတော်ကဿ       ပဘုရားမှာမိုးဘယ်လောက်ရွာရွာဇွဲမလျှော့တဲ့ရှမ်းပြည်ကဘုရားဖူးအဖွဲ့ကတော့နေသာပြီးလမ်းကောင်းတဲ့အထ...
05/01/2020

5•1•2020 အလောင်းတော်ကဿ ပဘုရားမှာမိုးဘယ်လောက်ရွာရွာဇွဲမလျှော့တဲ့ရှမ်းပြည်ကဘုရားဖူးအဖွဲ့ကတော့နေသာပြီးလမ်းကောင်းတဲ့အထိစောင့်ပြီးဖူးမယ်တဲ့တစ်ခေါက်လာရတာမလွယ်တဲ့ခရီးမို့ဆိုပါတယ်ရှင်းရှင်းစားတော်ဆက်မှာကျွန်တော်နဲ့စကားဝိုင်းဖွဲ့လိုပေါ့်ဗျာ သြော်အစိုးရဆိုတဲ့လူကြီးမင်းတို့ရယ်အလောင်းတော်ကဿ ပလမ်းလေများ(12)ရာသီးသွားလိုရမယ်လမ်းအဖြစ်ဆောင်ရွက်ပေးဖို့ကုသိုလ်စိတ်လေနဲ့ဆောင်ရွက်ပေးချင်းတဲအစီစဉ်လေးများမရှိဘူးလာဗျာ?အခုလိုဘုရားဖူးများစိတ်ဆန္ဒအတိုင်းရာသီမရွေးသွားလာလိုရအောင်ဆောင်ရွက်ပေးလို့ငွေကြေးဝင်းငွေများစွာအကျိုးးအမြတ်မရပေ့မယ်သူတော်စင်တို့နှစ်သက်တဲ့အလုပ်မို့နိဗ္ဗာန်၏အထောက်ပံဖြစ်တဲ့သုဂတိဘုံကိုတော့တက်လမ်းနိုင်မှာမလွဲဧကန့်မို့ရခဲ့လှတဲ့လူဘဝမှာအမြတ်ဆုံးလုပ်ပိုင်ခွင့်ရတုန်ခဏမှာတာဝန်ရှိလူကြီးပုဂ္ဂိုလ်များစွမ်းဆောင်ပေးနိုင်ပါစေ

ကုသိုလ် အမျှ အမျှ အမျှ

4•1•2020 အလောင်းတော်ကဿ       ပဘုရားတွင်မိုးများရွာသွန်းနေ၍ဘုရားဖူးများသွားလာဖူးမျှော်ခွင့်ယာယီပိတ်ထား~~~~    မိုးလေဝသကင်...
04/01/2020

4•1•2020 အလောင်းတော်ကဿ ပဘုရားတွင်မိုးများရွာသွန်းနေ၍ဘုရားဖူးများသွားလာဖူးမျှော်ခွင့်ယာယီပိတ်ထား~~~~ မိုးလေဝသကင်စင်ပြီးနေကျက်ကျက်ပူမှသာလမ်းများကောင်းသွာမည့်ဖြစ်ပါသည်ဘုရာဖူးများစိတ်ဆန္ဒရှိသည်အတိုင်းသွားလာဖူးမျှော်ခွင့်ရမည့်နေ့ကိုအချိန်နှင့်မျှသိရှိသည်နေစဉ်ထူးခြားပြောင်းလဲမှုရှိပါကpost တင်ပေးသွားပါမည်~~~~~~ လက်တလော်သတင်းများသိရှိလိုပါလိုပါက (09977580588) ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်

04/01/2020

Knowledge and Motivation

2•1•2020 ရက်နေ့ (9)နာရီကျော် ဘုရားဖူးကာများ အလောင်းတော်ကဿ       ပဖူးမျှော်သွားလာခွင့်ပြု ပေးလိုက်ပါပြီး~~~~             ...
02/01/2020

2•1•2020 ရက်နေ့ (9)နာရီကျော် ဘုရားဖူးကာများ အလောင်းတော်ကဿ ပဖူးမျှော်သွားလာခွင့်ပြု ပေးလိုက်ပါပြီး~~~~ မိုးအနည်းငယ်ရွာသွန်းခဲ့ပေ့မယ်လည်ပုံမှန်အတိုင်းဖူးမျှော်ခွင့်ရ၍အလောင်းတော်ကဿ ပဘုရားဖူးများသွားလာစည်ကာလျှက်ရှိပြီး စိတ်ဆန္ဒရှိသည့်အတိုင်းဘုရာဖူးများလာရောက်ဖူးမျှော်နိုင်ပြီးဖြစ်ပါသည်~~~~~
အသေစိတ်မေးမြန်းလိုပါက(09977580588) ဆက်ပေးပါဗျာ

ဦးဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်) အလောင်းတော်ကဿ ပတောင်ခြေ (ကပိုင်သီးကုန်းရွာသား)

အလောင်းတော် ကဿ     ဖ လှိုဏ်​ဂူထဲ ဝင်နိုင်ခဲ့သူ ¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡(ဖတ်​ရင...
01/01/2020

အလောင်းတော် ကဿ ဖ လှိုဏ်​ဂူထဲ ဝင်နိုင်ခဲ့သူ
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
(ဖတ်​ရင်း ​ကျောပါ ချမ်းလာတယ်​ )

ကျော်အောင်စံထား ဆရာတော်၏ အလောင်းတော်
ကဿပ ခရီးသွားမှတ်တမ်းမှ ဖတ်၍အဆင်ပြေရန်
အတိုချုံး၍ ပြန်လည်ကူးယူ ရေးသားခဲ့ပါသည်။

အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင်ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်လာ၏။

ကပိုင်မှ တဆင့် တောကြီးအတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင်
ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။နောက်ကျနေလျှင် စောင့်နေ၏။ ကြေးစည်သံ ကြားရ၍
ဘုရားအာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး
ပရိနိဗ္ဗာန်ပြု နေပုံအာရုံတွင်ကိုဖူးရ၏။

ထိုနေရာမှ အောက်လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။မှောင်နေ၍ စမ်းတဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကို ကျောက်တုံးကြီး
တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏။ ရေစီးကြောင်း
တစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်းစီးဝင်
သွားပြီး တဖက်မှ ပြန်ထွက် လာ၏။

ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကိုခင်းပြီး ရှိခိုး၏။ အမျှဝေ၏။အလင်းတိုင် ၃ တိုင် မီးပူဇော်၏ ။သစ္စာပြု၍ ပုတီး ၂ ပါတ်စိပ်၏။
ဂူအပေါက်ကလှုပ်နေ၏ ။ ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခရီးပန်းလာ၍ ခေတ္တအိပ်လိုက်၏။ နိုးလာ သောအခါ ည ၁၂ နာရီ ရှိနေ၏။၊ "သုဂတော ငါးချက် ဂါထာကို ယနေ့မှ ၄၅ ရက်အတွင်း ပါတ်ရေ ကိုးထောင် ပြည့်အောင်စိပ်ပါမည်ဟုသစ္စာအဓိဋ္ဌာန်ပြု ၏။ မှန်ကန်သော သစ္စာ စကားဖြစ်ပါက ၇ ရက် အတွင်း ဂူ ပွင့်၍ အထဲဝင်ပြီး ပုတီးစိပ်နိုင်ပါစေသား ဟု ပဋ္ဌာနပြု
လိုက်၏။ ထိုအခါဂူကြီး တဖြစ်ဖြစ်မြည်သွားလေ၏ ။

ဂူအမိုးက ကျောက်စက်ရေများ ကျနေ၏။ လင်းနို့ချေး နံ့ ဆိုးရွား လှ၏။ သန်းခေါင်ကျော်၌ အေးစိမ့်လာ၏ ။ နှစ်ထပ် သင်္ခန်းကြီး ခြုံ ထားသဖြင့် ခံနိုင်သေး၏ ။ပုတီး ၆ ပါတ်စိတ်အပြီး ဂူအဝတွင် လမ်းလျှောက်၍ စိပ်၏ ။ဖယောင်းတိုင် ထွန်းထာ၍ မြင်ရ၏ ။ ကျား ဟိန်းသံများ မြွေတွန်သံများ ပီပီသသ ကြားရ၏ ။

ခန္ဓာကိုယ်ကို ဘုရားလှူ ထားပြီ ဖြစ်၍သေရုံအပြင် မပိုနိုင်ဟု စိတ်တင်းထားပြီး ပုတီးကိုသာ တွင်တွင်စိတ်၏။ ပုတီး ၁၀ ပါတ် ရသောအခါ မေတ္တာပို့ အမျှဝေ လိုက်၏ ။သာဓု ခေါ်သံမျာ်းတောတောင်တစ်ခုလုံး ဆူညံစွာ ကြားရ၏ ။ ပတ်ဝန်းကျင်မှာ နတ်တွေ ရှိသားပဲဟု
အားတက်လာ၏။ နံနက် လေးနာရီတွင် သုဂတော ၅ချက်
ထပ်မံစိတ်ပြန်၏ ။နံနက်လင်းသော် မေတ္တာပို့ အမျှဝေ၏။

မျက်နှာသစ်ပြီ်း စားစရာ ရှုာ ရ၏ ။ ဂူအထက် မြောက်ဘက်သို့သွားသော် ငှက်ပျော တောကြီး တွှေုရ၏ ငှက်ပျောသီးမှည့် ၂ ဖီးခူလာ၏ ။ ရေဆေးပြီး ဆွမ်းတော်
ကပ်၍ ၃ လုံးစားလိုက်၏။ စားပြီးလျှင် ရေချိုး သင်းပိုင်
နေလှန်း ဧကသီကို တစ်ပိုင်းဝတ် တစ်ပိုင်းခြုံပြီး နေပူဇာ လှုံရင်း ပုတီးစိတ်၏ည ၁၂ နာရီထိုးသောအခါ ပုတီး
အပါတ်ရေ ပေါင်း ၃၆ ပါတ်ရ၏ မေတ္တာပို့ အမျှဝေပြီး အိပ်လိုက်၏။ တစ်ချက်ခွဲသော် နိုးလာပြီးပုတီးဆက်စိပ်၏
၃ ပါတ်လောက်ရောက်သောအခါ နောက် ကျောကို တွန်းလိုက်သလိုခံစားရပြီး ရှေ့စိုက်သွား၏။ နဖူးနှင့်မြေမထိအောင် ထိန်းထားရ၏ လှည့်ကြည့်ချင်သော်
လည်း အဓိဋ္ဌာန်ထားသောကြောင့် သီးခံလိုက်ရ၏။
ဆက်စိပ်၏။ ခင်းထိုင်ထားသော သင်းပိုင်နှင့်အတူလူပါကြွ
တက်လာပြီး အထက်မြောက်နေသည်ဟု ထင်ရ၏ ။

ပုတီးပါတ်ရေ မပျက်အောင် အတော် သတိထားရ၏ ။တဖန် ရေသနုပ်သင်းပိုင်က ပူလာ၏ ။ထိုင်ခွင်ဖျက်ချင် လောက်အောင် ပူလာသော်လည်း ဆက်စိပ်၏ ။ ပုတီး ၉ ပါတ်ရ၍ အဓိဋ္ဌာန်ချပြီး မေတ္တာပို့ အမျှဝေလိုက်ရာ ယက်ဟက်ပက်ပက် ရယ်သံများ ကြားရ၏ ။

၃ နာရီထိုးခါနီးပြီ ။ဆက်ပြီး ၉ပါတ်စိပ်၏ ။ ၃ ပါတ်လောက် ရောက်သောအခါ ရှေ့တည့်တည့်က ဝင်းခနဲ
ဖြစ်သွား၏။ မျက်လုံးဖွင့်ကြည့်မိ၏ ဝင်းလက်တောက်
ပပြီး နွားမျက်လုံးလောက် မျက်လုံးနှစ်လုံးကိုတွေ့ရ၏ ။စူးရှသောအလင်းရောင်ကြောင့်မျက်လုံးဖွင့်လိုက်ပိတ်
လိုက်လုပ်ပြီးစိတ်ရ၏ ။ အလင်းရောင်က ရှေ့တိုးလာ
လိုက် နောက်ဆုတ်လိုက်ဖြင့် များစွာနှောင့်ယှက်နေ၏။ ဖြစ်ချင်ရာဖြစ် ပုတီးတော့အပျက်မခံနိုင်ဆိုပြီး အထူးဂရု
စိုက်စိတ်နေ၏ ။

ပုတီး ၉ ပါတ်ပြည့်သောအခါ ထိုင်ခွင်ဖြုတ်၍ ကျောခင်း
အညောင်းဆန့်မိ၏ ။ ပက်လက် စောင်းလျှက်
ဘာမှမဖြစ်။ မှောက်လိုက် သောအခါ ကျောပေါ် ခွစီးထားသလိုဖြစ်ပြီးမထနိုင်တော့ချေ ။ ပုတီးဆက်စိပ်
နေ၏ ။ပုတီး ၃ ပါတ်ရသောအခါ တစ်ကိုယ်လုံး ပေါ့ပါးသွား၏။အာရုံ လာခါနီးတွင် ပုတီးဆက်စိပ်၏။ မောသလိုဖြစ်လာသော်လည်းဆက်စိပ်နေ၏ ။

၆ ပ်ါတ်ခန် ရနေချီန်တွင် လူဘယ်လိုဖြစ်သွားမှန်း မသိ။ကိုယ်တော် ထ ထ ဟုအသံကြားရ၍ ကြည့်လိုက် သောအခါ ဘုန်းတော်ကြီး တစ်ပါးက ကျွန်ုပ် ခေါင်း လက် ရင်ဘတ်တို့ကို ဆေးလူး ပေးနေသည်ကို တွေ့ရ၏။ "ဘာဖြစ်လို့ပါလဲ ဘုရား ဟုမေးလိုက် သောအခါ "ဒအလောင်းတော်ကဿ တောစိုး နတ် က ကောင်း တာ ကျင့် နေတာကိုမကြိုက်။အရက်သောက်ကာမအကြောင်း
ပြောသူတွေမှ သဘောကျတာ။ ကိုယ်တော်လေးက မေတ္တာပို့။ အမျှဝေ။ နတ်များက မေတ္တာခံယူကြ ဖူးမျော်ကြတော့ သုတို့မနေနိုင်ဘူး။ နတ်များရှင်းတဲ့အခိုက် မူးမေ့ထုံထိုင်းစေတဲ့ အသီးများကို လေအထက်က အခိုးလွှတ်ပြီး မူးမေ့စေတယ်။ တပည့်တော်သိလို့သာပေါ့။ နို့မို့ မလွယ်ဘူး ။ မှတ် လောက်သားလောက်အောင်ဆုံးမ ရမယ်ဟုပြော၏။

ဘယ်ကကြွလာကြောင်း မေးလျောက်ရာမြောက်ဘက် မိုင် ၃၀ လောက်ဝေးတဲ့ တောမှာ သီတင်းသုံးတဲ့ မဟာမြိုင် ဆရာတော် ဖြစ်ကြောင်သိရ၏။။ ပဉ္ဇင်းလေး အဓိဋ္ဌာန်ကြောင့် မနက်ဖြန် အာရုဏ်တက်လောက်မှာ ဂူပေါက်ပွင့် လိမ့်မယ် ။ နမက္ကာရထဲက
"တဟိံ တဟိံ ပါရမီ သဉ္စရံ စရံ ၊ သဗ္ဗိသုခ ပဒံ ပဒံ ၊
နရာ နရာနံ သုခံ သမ္ဘဝံ ဘဝံ ၊နမော နမာနံ ဇိန ပုံဂံ ဂဝံ "
ဂါထာ ကိုဂူပေါက်မှာထိုင်ပြီး ၉ ပါတ်စိပပါ။ပြီးမှ အဓိဋ္ဌာန် ပုတီးဆက်စိပ်ရန် မှာ၏။က ၁၁ နာရီ ထိုးခါနီးတွင် ပြန် ကြွသွား၏။ ရှေ့မှာတင် ပျောက် သွား၏ ။အံ့သြနေမိ၏။

ငှက်ပျောသီး ၂ လုံးစား၏ ရေသောက်ပြီး ရေချိုးလိုက်၏ တောစိုးနတ်ကြီးကို ကျေးဇူးတင်မိ၏ ။ သူကြောင့်သာ မဟာမြိုင်ကိုယ်တော်ကြီးနဲ့တွေ့ရ၏။ မောင်မင်းကြီးသားတောဆိုးနတ်ကို ကျေးဇူးတင်မဆုံး ဖြစ်မိ၏ ။ဂူဝရှေ့ တွင် သုဂတော ၅ ချက် ၁၂ ပါတ်စိပ်၏
(တဟိံ တဟိံ) ၉ ပါတ်စိပ်၏ ။ညနေပိုင်းတွင် ထိုင်လျှက် ထလျှက် ပုတီးစိပ်၏။၁၅ပါတ်ရ၏ ။ညပိုင်းတွင်ဖယောင်း
တိုင် ထွန်း၏ ။

နောက်နေ့ နံနက် ဂူပေါက်မှာ ( တဟိံတဟိ)ံပုတီး၉ပါတ်
စိပ်၏ ပြီးလျှင် သုဂတော ၅ ချက်ဆက်စိပ်၏။အာရုံ ထဲတွင် ဘုရားလေးဆူ ဝန်းရံနေပုံ ဖူးရ၏။သုဂတော ၁၈ ပါတ်အပြီး ဂူပေါက်ဝမှ လျှပ်စီးလက်သလို ဝင်းခနဲ ဖြစ်သွား၍ ကျွန်ုပ် နောက်လန်သွား၏ ။

ည ပိုင်းတွင်ပုတီး ၉ ပါတ်ရ၏ ဂူထိပ်က မြွေဆင်းလာသကဲ့သို့ တဝေါဝေါ အသံကြားရ၏ ။တောင်ထိပ်ကဇရပ်ပြိုလဲသကဲ့သို့ကြားရ၏။ နောက်ကလဲ လူလျှေက်နေသကဲ့သို့ ထင်ရ၏ ။ပုတီး ဆက်စိပ်နေ၏ ။ပုတီးပတ် ၁၅ ပါတ်ပြီ်သောအခါ
နံနက် ၄ နာရီ ခန့် ရှိနေ၏။

ထိုအခိုက်လေတိုက်လာ၍ ဖယောင်းတိုင် ငြီမ်းသွား၏ "ဂျိန်း ဂျိန်း မည်သံကြား၍ ကြည့်လိုက်သော်အခါ တစ်ပေ ခန့်တံခါး ဟ ပြီးပွင့်နေသည်ကိုတွေ့လိုက်ရ၏ ။ဝမ်းသာ
လိုက်သည့်ဖြစ်ခြင်း။ ဂူ အတွင်းမှ အလင်းရောင်ထွက်
နေပြီး လင်းထိန်နေ၏။

ဖယောင်းတိုင် ငြိမ်းသွားသော်လည်းဂူ အတွင်းမှ
ထွက်သော အလင်းရောင်ကြောင့် အာလုံးကို
မြင်နေရသည်။ လွယ်အိတ်၊ သင်းပိုင်၊ နှစ်ထပ် သင်္ကန်းကို ယူ၍ ဂူပေါက်ထဲသို့ ဘေးစောင်း ဝင်လိုက်၏။ ချောင်ချောင်ဝင်နိုင်၏။ အပြင်တွင် အေးသလောက် အထဲတွင် နွေးနေ၏။

လျောင်းတော်မူနေသော အရှင်ကဿ ပထံ ချဉ်းကပ်လျှက် အားပါးတရ ဝပ်တွား ၍သက်စေ့ အကြီမ်ပေါင်း ၃၀ ၊ထိခြင်း ငါးဖြာဖြင့် ဝပ်ချ၏။ ပရိကံယူပြီးပုတီး ၂၇ ပါတ် စိတ်၏။
(၁၃၁၆ ခု တပို့တွဲလဆန်း ၅ ရက် သောကြာနေ့ နံက့် ၉:၄၅)

အလောင်းတော်မှာ ကျောက်ညိုပြားကြီးပေါ်၌ပက်လက်ရှိ နေ၏။ ထို ထု ၁ တောင်၊ အလျား ၉ တောင်၊
အနံ ၄ တောင်၂ မိုက်ရှိ ကျောက်ညိုပြားပေါ်တွင် ပတ္တမြားမြ စိန် ပုလဲစသော ရတနာ အပြည့် ရှိ၏။ ရောင်စဉ်များ တဖြတ်ဖြတ်နှင့်တောက်ပ ဖျာထွက် နေ၏။

ဝတ်ရုံထားသော သင်္ကန်းမှာ သစ်ခေါက်အရောင်ဆိုး ဖြစ်၍ ဆွေးမြေ့နေ၏ ။ ဦးခေါင်းတော်တွင် ဆံအုံက ဆန်ကောဝိုင်း ပမာဏရှိ၍ ရှုပ်ထွေးနေ၏။ နဖူးပေါ်ကျ နေသော ဆံတော်ကို တိုင်းကြည့်ရာ ၅ တောင်နှင့် လက် ၃ လုံးရှိ၏။ မျက်လုံး မှိတ် နေ၏။ နထင်နရင်းများမကျပေ။ လူရှင်တစ်ယောက် အိပ်နေ သကဲ့သို့ ဖြစ်၏။

နှုတ်ခမ်းမွေးများလည်းရှည်ထွက်နေကြ၏။ချေ လက်သည်းများက ရှည်နေ၏။လက်များကလူရှင် သကဲ့သို့ကွေး၍ရ၏။ အသားအရေ ကလည်း ပျော့ပြောင်း နေ၏။ လက်သည်း ၂ လက်မခန့် ရှည်နေ၏။ ဘုရားထုရန်လက်သည်းများ ညှပ်ယူခဲ့၏။(နောင်တွင်ခြေသည်းလက်သည်းများကို ဘုးထုရာတွင်
ထာပနာထည့်သွင်းခဲ့၏)

အလွန်ပီတိဖြစ်၍ ကြည်ညိုလှသဖြင့် နှစ်ထပ် သင်္ကန်ကြီးကို လွှမ်းလှူလိုက်၏။ အလျားလိုက်လွှမ်းက ဒူးဆစ်အောက် ခန့်သာ ရောက်၏။ အနံလိုက် လွှမ်းသောအခါ ခြေသလုံး သုံးချိုးတစ် ချီူး လောက်အထိကျ၏။ အလွန်အံ့သြမိ၏ ။ကိုယ်တြော်ကီး အရပ် ၆ တောင် ၁ ထွာနှင့် လက် ၃ လုံး ရှိ၏ ။

မြေသပိတ်တော်က၊ သပိတ်ဖုံး၊သပိတ်ခြေ မရှိ ။ အဝမှာ ၂ တောင်ပြည့်ရန် လက် ၁ လုံးလျော့၏။ ကိုယ်တော် နှင့် ၃ တောင် အကွာတွင် အမြဲလင်းနေသော ကျောက်ဖယောင်း တိုင်ကြီး ၃ တိုင်က လူ့တစ်ရပ်ခန့့်် မြင့်၏။ လုံးပတ် ၂ထွာနှင့် လက် ၁ အုပ်ရှိ၏။ အောက်ခြေတွင် အင်တုံပက်ကြီးများ ခံထား၏။ ခေါင်းရင်း တွင် လှည်းဘီးခန့် ပန်းဆိုင်းကြီး ၂ ခုကို တွဲလွဲ ဆွဲ ထား၏။ လတ်ဆတ်သော ပန်းနံ့များ လိုဏ်ဂူအတွင်း မွှေးပျံ့နေ၏။

ကြားဖူး ထားသည်မှာ ဂူပေါက်အဝင် ဝ ရေစီးကြောင်းးတွင် သစ်သားပြား အပေါ် လှူ ရန်ရတနာပစ္စည်း တင်ပြီး မျှောပါက ပြန်ထွက်လာ သောအခါ ထိုရတနာပစ္စည်း ပြန်ပါမလာဟု ကြားဖူး၏ ။နတ်များက ဆောင်ဟန်တူ၏ ။ ဤနည်းဖြင့် လှူ ဒါန်း ထားဟန်ရှိသော ရွှေဆွဲကြိုး လက်ကော် လက်စွပ် ခြေကျင်း နားဋောင်း ရွှေပြား ငွေပြားများမှာ လှည်း ၅ စီးတိုက်ခန့် ရှိမည်ထင်၏ ။ရွှေ ငွေပန်းခိုင် တံခွန် ကုက္ကား များက ငါးဆယ် ခန့် ရှိမည်။ ကြေးစည် အကြီး အသေး အထပ်က လူ့တစ်ရပ်ခန့် ရှိမည်။ ရွှေခွက် ငွေခွက် များလည်း အများအပြားတွေ့ရ၏ ။

မျက်နှာကြက်တွင် ရုပ်သေးရုပ်များ ကျောက်မောင်းများ တွဲလွဲ ကျနေ၏ ။ ရှင်သူငယ် အလင်း အပေါက်မှာ ၂ တောင်ခန့်ကျယ်၍ အမြင့် ပေ ၂၀ ခန့်၌ ရှိ၏။ ထိုအပေါက်မှ နေရောင်ဝင်၏ ။ နံရံများ တွင် ရွှေချထားသော ဘုရားပုံတော်များ ကွက်တိကွက်ကြား ရှိနေသေး၏ ။ ဂူကြီးမှာ အလျား ၄၇ တောင် အနံ ၃၇ တောင် ခန့်ရှိ၏။ ရွှေပုံ ကြီး နေရာတွင် ဆက်တိုင်း၍မရတော့ပါ။ကြည်ညို စိတ်ဖြင့် တိုင်းထွာချိန် တစ်ရီ နာရီ ကျော်သွား၏ ။ငှက်ပျောတစ်ဖီး ရေဆေး၍ ဆွမ်းကပ်လှုလိုက်၏ ။

ပီတိ ထောမနဿ ဖြင့်အဓိဋ္ဌာန် စခန်းကို ဆက်ရပါတော့မည် ။
ကျွန်ုပ်သည် အလောင်းတော်ကဿပ လှိုင်
ဂူတော်အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး ၄၅ ရက်အဓိဌာန် ပုတီးအားလုံးပြီး၍ အဓိဌာန်ချပြီး ကုသိုလ်အဘို့ကို ၃၁ဘုံသားတို့အား စုံစုံလင်လင် အမျှပေးဝေ
လိုက်သောအခါ တတောလုံးတတောင်လုံး ပဲ့တင်ထပ်
အောင် သာဓုခေါ်သံများကြားရတော့၏။သာဓုသံခေါ်များ
သည် ၅ မိနစ်ခန့်ကြာသည်အထိ ကြားနေရ၏။

အသံများငြိမ်သွားသောအခါ အလောင်တော်ကဿပ
ကိုယ်တော်ကြီး အား လှူ ဒါန်းထား သော နှစ်ထပ်
သင်္ကန်းကြီးကိုခါ၍ သေသပ်စွာ ခြုံပေးပြီး ကိုယ် တော်မြတ်ကြီးရှေ့တွင် ပရိတ်များ၊ ဘုရားရှိခိုး ဂါထာ ၁၀၀ ကျော်ဖြင့် အားရအောင် ရှစ်ခိုးပြီး ၅၂၈ သွယ် မေတ္တာပို့ ကောင်းမှု့များကို အမျှဝေပြီး နာရီကြည့်လိုက်
ရာ နံနက်၆နာရီထိုးပေပြီ။

အားရစွာကန်တော့ပြီး နောက်လှည့်ကြည့် လိုက်သောအခါ လူတစ်ယောက်ကိုတွေ့ရ၏။ "အသင်ဘယ်သူလဲ" ဟုမေးတော့ "ဤတောင်စောင့်နတ်ပါ" ဟုပြော၏။ ထိုနတ်က "တပည့်တော် အရှင်မြတ်ကို ပြစ်မှားမိသမျှ တောင်းပန်ပါတယ် " ဟုပြောပြီး ငိုတော့၏။ "ဘာပြုလိုငိုတာလဲ " မေးတော့ "အရှင်ဘုရားက ဒီနေ့ပြန်မှာ ဆိုတော့ တပည့်တော်တို့မှာ ဝမ်းနည်းလွန်းလို့ပါ ဘုရား " ဟုဆိုပြီးငို တော့၏။ ကျွန်ုပ်က တရားဟောပြီး နှစ်သိမ့်ရ၏။ ကိုယ်က အလောင်းတော်ကဿ ပ ကိုယ်တော်ကြီး နှင့် ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့အထဲ သူကလာငိုနေပြန်၏။
စိတ်ကိုထိန်းချုပ်ထားရ၏။ စိတ်မကောင်းဖြစ်မိ၏။ အားတင်း၍ ကိုယ်တော်မြတ်ကြီးကို ကန်တော့ဆုတောင်ပြီး အပေါက်ဝဘက် လှည့်လိုက်၏။ ထိုအခိုက် ဝင်းခနဲဖြစ်သွား၍ ကိုယ်တော်မြတ်ကြီး ဘက်လှည့်၍ကြည့်လိုက် သောအခါ ရောင်ခြည်တော်မှာ အလောင်းတော် ကဿ ပ ဦးခေါင်တော်မှ တဖြတ်ဖြတ်လက်ကာ ထွက်ပေါ်နေခြင်း ဖြစ်၏။ ကျွန်ုပ်က ပြန်လှည့်လာပြီးလက်အုပ်ချီ၍ ဖူးနေမိ၏။ ရောင်ခြည်တော်မှာ
ခေါင်းတော်မှ ရင်ဘတ်တော်၊ ရင်ဘတ်တော်မှ ညာလက်တော်၊ ညာလက်တော်မှဘယ်လက်တော်၊ ဘယ်လက်တော်မှ ဝမ်းတော်၊
ဝမ်းတော်မှ ပေါင်တော်၊ခြေသလုံးတော်၊ ခြေဖျားတော်များ တိုင်အောင် အစဉ်လျှောက်ပြီး လူးလားခေါက်ပျံ ပြုနေ၏။

ကျွန်ုပ်လည်းဖူး၍မဝအောင်ဖြစ်နေမိ၏။ အလင်း ရောင်ခြည်တော်သည် အစိမ်းရောင်နှင့် အဖြူရောင်များဖြစ်၏။ မီးညွှန့်ကဲ့သို့ တဖြတ်ဖြတ်နှင့် တောက်ပနေ၏။ နောက်ဆုံး ခြေဖျားတော် ရောက်မှ ပျောက်သွားလေ၏။ ပေါ်လာလေဦးမလား ဟုစောင့်ကြည့် နေသေး၏။ နောက်ဆုံးပေါ်မလာတော့မှ အပေါက်ဘက် ထွက်လာတော့၏။

ဂူပေါက်ဝ အပြင်လည်း ရပ်လိုက်ရော အောင်ပြီ အောင်ပြီ အောင်ပြီ ဟူသော အသံကြီး သုံးခွန်း အော်သံကြားရ၏။ ကျွန်ုပ်မှာကြက်သီးများ တဖြန်းဖြန်းထနေမိတော့၏။

ဤမှတ်စုကိုဖတ်မိသော သူတော်ကောင်းအပေါင်းတို့ကိုလည်း ကျွန်ုပ်က အမျှပေးဝေပါ၏။
အမျှရ၍ ကျန်းမာ ချမ်းသာခြင်း သည်
ဟောတု ဖြစ်ကြပါစေကုန်သတည်း။

ကုသိုလ် အမျှ အမျှ အမျှ ။

အရှင်ဝါယာမာဘိဝံသ

1•1•2020 ရက်နေ့ ညနေပိုင်မှာ အလောင်းတော်ကဿ       ပတောင်ခြေမှာမိုးအနည်းငယ်ရွာသွန်းခဲ့ပါသည် မနက်ဖြန်မနက်မိုးဆက်လက်ရွာသွန်ြး...
01/01/2020

1•1•2020 ရက်နေ့ ညနေပိုင်မှာ အလောင်းတော်ကဿ ပတောင်ခြေမှာမိုးအနည်းငယ်ရွာသွန်းခဲ့ပါသည် မနက်ဖြန်မနက်မိုးဆက်လက်ရွာသွန်းခြင်းမရှိပဲ နေသာမည်ဆိုပါ မနက်(10)နာရီကျော်လောက်မှဘုရားဖူးများသွားလာဖူးမျှော်ခွင့်ရနိုင်မည်ဖြစ်ပါသည့်~~~~~
ပြောလဲမှုသတင်းအတိအကျကိုမနက်ဆက်လက်တင် ပြပေးသွားပါမည်~~~~~
လက်တလော်လာရောက်ဖူးမျှော်လို၍သတင်းအမှန်အသေစိတ်သိရှိမေးမြန်လိုပါက(09977580588)ကိုဆက်သွယ်လိုရပါတယ်

ဦးဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်) ကပိုင်သီးကုန်းရွာသား

27•12•2019 အလောင်းတော်ကဿ       ပဘုရားတောင်တန်ကြီးများအပေါ်မိုးများအုံးမိုင်းခဲ့ပေ့မယ့်လည်မိုးရွာသွန်းခဲ့ခြင်းမရှိသည်အတွက်...
27/12/2019

27•12•2019 အလောင်းတော်ကဿ ပဘုရားတောင်တန်ကြီးများအပေါ်မိုးများအုံးမိုင်းခဲ့ပေ့မယ့်လည်မိုးရွာသွန်းခဲ့ခြင်းမရှိသည်အတွက်ဘုရားဖူးကားပေါင်းများစွာအသွားလာမပျက်ဘုရားများဖြင့်စည်ကာလျှက်ရှိပါသည်~စဉ်ဆက်မပျက်သတင်းများကို တင်ပြပေးသွားပါမည်~~~~
စဉ်ဆက်မပျက်နေစဉ်သတင်းများနှင့်ဘုရားဖူးသွားဖို့ရည်ရွယ်ထားလိုလမ်းကြောင်းအခြေနေသိရှိလိုလျှင်သော်၎င်းယခုဖူးမျှော်လာရောက်နေစဉ်လမ်းတွင်အလောင်းတော်ကဿ ပလမ်းကြောင်းအခြေနေချက်ခြင်းသိလို၍သော်လည်ကောင်း(24)နာရီ ph-09977580588 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်~~~~

ဝင်းနိုင်ဦး(ရှင်းရှင်းစားတော်ဆက်) အလောင်းကတော်ကဿ ပတောင်ခြေ ကပိုင်သီးကုန်းရွာ

(14•12•2019)(15•12•2019)ရက်နေ့အလောင်းတော်ကဿ       ပဘုရားလမ်းဖောက်လုပ်မှုအခြေနေကတောလမ်းကြမ်း(18)မိုင်းခန့်ဖောက်လုပ်ပြီးစီး...
15/12/2019

(14•12•2019)(15•12•2019)
ရက်နေ့အလောင်းတော်ကဿ ပဘုရားလမ်းဖောက်လုပ်မှုအခြေနေကတောလမ်းကြမ်း(18)မိုင်းခန့်ဖောက်လုပ်ပြီးစီးနေပါပြီး ဆက်လက်ဖောက်လုပ်ရန်(3)မိုင်ခန့်တာကျန်ရှိတော့သည့်အတွက်ရက်ပိုင်အတွင်းမကြာမှီဘုရားဖူးများအလောင်းတော်ကဿ ပဘုရား ဖူးမျှော်ခွင့်ရရှိတောမည့်ဖြစ်
ပါသည့်ယခုရက်ပိုင်အတွင်း(4)ကြိမ်းမြောက်ဘုရားဖူးကုသိုလ်ပြု ၍ ကိုယ်တိုင်းသတင်းရယူခဲ့ပြီး နိဗ္ဗာန်အကျိုး မျှော်၍ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ ကောင်းမှုမြတ်နိုးကောင်းကျိုးပြုရင်း အလောင်းကဿ ပဘုရားစိတ်ဆန္ဒအတိုင်းဖူးမျှော်ကုသိုလ်ပြု နိုင်ရန်းလက်တလော်လမ်းအခြေနေများကိုတင်ပြပေးလိုက်ပါသည့်~~~~
မှတ်ချက်/ယနေ့လာရောက်ဖူးမျှော်နေသည့်ဘုရား
ဖူးများသည်ကားဖြင့်(19)မိုင်ခန့်ထိရောက်ရှိပြီးကျန်(2)
မိုင်ကိုတော့ဆင်စီး၍သွားလာဖူးမျှော်ကြသလိုခြေလျှင်လမ်းလျှောက်၍လည်ဖူးမျှော်နေကြတာကိုတွေရှိခဲ့ရပါသည်~~~~
ယခုရက်ပိုင်လာရောက်ဖူးမျှော်လိုသည့်ဘုရားဖူးများအသေစိတ်သိရှိမေးမြန်လိုပါ (09977580588)


13/12/2019
09/12/2019
8•12•2019 အလောင်းတော်ကဿ       ပဘုရားလမ်းလမ်းကြမ်းဖောက်လုပ်မှုအခြေနေကတော့(15)မိုင်ခန့်လောက်ရောက်ရှိနေပါပြီး (23•12•2019)အေ...
08/12/2019

8•12•2019 အလောင်းတော်ကဿ ပဘုရားလမ်းလမ်းကြမ်းဖောက်လုပ်မှုအခြေနေကတော့(15)မိုင်ခန့်လောက်ရောက်ရှိနေပါပြီး (23•12•2019)အလောင်းတော်ကဿ ပဘုရားလမ်းရာသီ လမ်းဖွင့်ပွဲလုပ်ရန် စီစဉ်သတ်မှတ်ထားသည့်အတွက် ရပ်ဝေရပ်နီးမှဘုရားဖူးအပေါင်းတို့စိတ်ဆန္ဒအတိုင်း မကြာမှီဖူးမျှော်ခွင့်ရရှိတော့မည်ဖြစ်ပါသည်~~~~
နေစဉ်လမ်းအခြေအနေကိုလည် post တင်ပေးသွားပါမည့်~

ဖုန်းဖြင့်အသေစိတ်မေးမြန်လိုပါက(09977580588)

Address


Alerts

Be the first to know and let us send you an email when အလောင်းတော်ကဿပ ဘုရားဖူးလမ်းညွှန် - Alaungdawkathapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share