Little Burmese Travel & Tour

  • Home
  • Little Burmese Travel & Tour

Little Burmese Travel & Tour Private tour, day tour and bike tour
(1)

Wine ကိုခုမှစတင်မြည်းစမ်းချင်တဲ့သူတွေတွက်Wine ရွေးချယ်နည်း tips များမင်္ဂလာပါ..ခရီးသွားချစ်သူတွေတွက်ဆောင်းတွင်းမှာ Vacat...
22/12/2022

Wine ကိုခုမှစတင်မြည်းစမ်းချင်တဲ့သူတွေတွက်
Wine ရွေးချယ်နည်း tips များ

မင်္ဂလာပါ..
ခရီးသွားချစ်သူတွေတွက်
ဆောင်းတွင်းမှာ Vacation ယူရင်း
Chill လို့ကောင်းအောင်
Wine ကောင်းတစ်လုံးရွေးချယ်နည်း
အခြေခံ Tips လေးတွေကို
Little Burmese Travels & Tour page လေးကနေတဆင့်share လုပ်ပေးချင်ပါတယ်

ကဲ..ဒါဆို..
Wine ကောင်းတစ်လုံးကိုရော
ဘယ်လိုရွေးချယ်ကြမလဲ?

အခါးအရသာကို ပိုလိုလားတဲ့သူတွေတွက်
Red wine တွေဟာပိုသင့်တော်ပြီး
အချဉ်ဓာတ်လေးကဲပြီး Light ဖြစ်တာကိုသာ
နှစ်သက်ရင်တော့ White wine/Rosé wine များကိုသာရွေးချယ်သင့်ပါတယ်

လူတစ်ယောက်နှင့်တစ်ယောက်ဟာအရသာနှစ်သက်ပုံချင်းကွဲပြားကြပါတယ်
ကိုယ်ကသာ မိမိသဘောတကျရှိတဲ့အရသာကို သေချာသိတယ်ဆိုရင်တော့ Wine ကောင်းကောင်းကိုရွေးချယ်နိုင်ဖို့ Label လေးတွေဖတ်ရပြီပေါ့

Wine Label ဖတ်နည်းကိုညွှန်းရရင်

Dry/Full body စတာတွေပါတဲ့
Wine တွေဟာအခါးပိုချိန်မှာ

Light-body/Tart စတဲ့ စကားလုံး
တွေရေးထားရင်တော့
အချဉ်ဓာတ်ကဲတာကို ဆိုလိုခြင်းဖြစ်ပါတယ်

ကိုယ်က ချဉ်တာကို မနှစ်သက်ရင်တော့
Rounder or Richer ဆိုတဲ့စကားလုံးတွေသာ
ရှာရွေးရုံပါပဲ..

Red wine တွေဟာ အနီရောင်ရှိတဲ့အသားဟင်းလျာတွေနှင့်လိုက်ဖက်ပြီး White wine/Rosé wine တွေကတော့ ပင်လယ်စာဟင်းပွဲတွေတွက် အသင့်လျော်ဆုံးပါပဲ

Wine ကိုခုမှစသောက်မယ့်သူတွေတွက် White/Rosé wine ကနေစခါ Alcohol percentage နည်းတာတွေကို ရွေးချယ်သင့်ပါတယ်

ဗုဟုသုတအနေနှင့် Wine Alcohol percentage ကို
ထပ်မံမျှဝေရရင်တော့ Alcohol 11% to 13% ကြား
Wine တွေဟာ လူသောက်များသော်ငြား

အနိမ့်ဆုံး 5.5% ကနေ အမြင်​့ဆုံး 20% ထိရှိတဲ့
Wine တွေဟာလည်း စျေးကွက်ထဲမှာတွေ့နိုင်ပါတယ်

Wine အကြောင်းတွေကိုသာ အကျယ်ချဲ့ပြောရရင်
အသေးစိတ်ရင်စိတ်သလို
ပြောမကုန် လေ့လာမကုန်တာကြောင့်

အကြမ်းဖျင်းအခြေခံ tips လေးတွေနှင့်တင်
လောလောဆယ်ရပ်ပါဦးမယ်

နောက် post တွေမှာလည်း Little Burmese ရဲ့
Tour package သစ်တွေနှင့်အတူ အသုံးဝင်စရာ tips အမျိုးမျိုးကိုလည်း ဆက်လက်ဝေမျှပေးသွားမှာမို့

ခရီးသွားခြင်းကို ချစ်ခင်ရုံတင်မက
ခရီးတစ်ခုရဲ့အနှစ်ရသာကိုပါ တန်ဖိုးသိရအောင်
ကျမတို့ page ရဲ့ post လေးတွေကို
စောင့်မျှော်ဖတ်ရူပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်




December Bagan Tour Package (ပုဂံခရီးစဉ်)1. Art & Architecture tour (အနုပညာနှင့်ဗိသုကာခရီးစဉ်2. Chill tour (အေးဆေးအချိန်...
09/12/2022

December Bagan Tour Package (ပုဂံခရီးစဉ်)

1. Art & Architecture tour
(အနုပညာနှင့်ဗိသုကာခရီးစဉ်
2. Chill tour (အေးဆေးအချိန်ဖြုန်းသောခရီးစဉ်)
3. Adventure tour (စွန့်စားခရီးစဉ်)

Art & Architecture tour

🍁အနုပညာနှင့်ဗိသုကာ
Audio ရှင်းလင်းချက်များပါဝင်ပါတယ်

​🍁အနုပညာလက်မှုလုပ်ငန်းတွေ
နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ်အထူးပြု
ထူးခြားသော စေတီပုထိုးများကို
ရာစုနှစ်အလိုက်လည်ပတ်ကြမှာဖြစ်သလို

🍁Sunset ချိန်မြင်းလှည်းစီးရင်း
ရူခင်းခံစားမှုများပါ ပါဝင်ပါတယ်

Chill tour

🍁အေးဆေးလည်ကြမယ့်ခရီးစဉ်မှာတော​့
ပုံမှန်လည်ပတ်နေကျ စေတီပုထိုးတွေ
လည်ပြုကြပြီး

🍁Hotel ရဲ့ Rooftop မှာ Sunrise or Sunset
Yoga လုပ်ရင်းအပန်းဖြေလို့လည်းရပါမယ်

🍁Sunset ချိန်မြင်းလှည်းစီးရင်း
ရူခင်းခံစားမှုများလည်းပါဝင်ပါတယ်

Adventure tour

🍁အနည်းငယ်စွန့်စားကြမယ့်ခရီးစဉ်မှာ
ပုံမှန်လည်ပတ်နေကျ စေတီပုထိုးတွေ
အပြင်

🍁စက်ဘီးပတ်စီးရင်းက Street food တွေ
ပတ်စားကြတာ (လမ်းကြောင်းပြမြေပုံပါပါမယ်)

🍁Soft trekking လုပ်ရင်း
သဘာဝအလှတရားကိုခံစားကြသလို

🍁Sunset ချိန်မြင်းလှည်းစီးရင်း
ရူခင်းခံစားမှုများလည်းပါဝင်ပါတယ်

🚩ခရီးစဉ်ခေါင်းစဉ် ၃ ခုလုံးဟာ
၁ ညအိပ် ၂ ရက်ခရီးစဉ်များဖြစ်ပါတယ်

🚩ဟော်တယ်+တုတ်တုတ်+မြင်းလှည်း+ညစာများ ပါဝင်ပါမယ်

🚩ကိုယ့်အစီစဉ်နှင့်ကိုယ်ပုဂံထိလာဖို့လိုပြီး လေဆိပ်/ကားဂိတ် စသဖြင့် ကြိုဖို့ဝန်ဆောင်မှုလိုအပ်ပါက ကြိုတင်မှာကြားနိုင်ပြီး ဒီ့အတွက် အပိုဝန်ဆောင်ခထပ်ရှိပါမယ်

🚩Hotel Early Check In တွက်ရှေ့မှာအခန်းလွတ်ရင်ရပါတယ် လူရှိသေးရင်တော့ စောင့်ရပါမယ်

🚩ပါဝင်မယ့် Day 1 ညစာတစ်နပ် Menu ကတော့ Hotel ရဲ့ Signature အညာစာဟင်းလျာများကို ဘိုယဉ်ကျေးမှု Fine dining style နှင့်ပေါင်းစပ်ပြီး Garden ထဲမှာတည်ခင်းကျွေးမွေးပါတယ်

🚩စွယ်တော်လေးဆူဘုရားဖူးခရီးစဉ်မပါဝင်ပါ

🚩နှစ်ဦးမှစတင်၍သီးသန့်ခရီးစဉ်ဖြစ်ပါသည်မည်သည့်သူစိမ်းနှင့်မှရော၍လည်ရန်မလိုပါရှင်

🚩Tour တိုင်းရဲ့လည်ပတ်မည့်အစီစဉ်အသေးစိတ်များကို ငွေလွှဲ၍ Tour confirm ပြီးချိန်တွင်
ပေးပို့ပေးသွားပါမယ်

💸 ခရီးစဉ်လေးတွေရဲ့
တစ်ဦးကျသင့်စရိတ်များကတော့

🍁Art & Architecture tour (112500 MMK)
🍁Chill Tour (97500 MMK)
🍁Adventure Tour (97500 MMK) ဖြစ်ပါတယ်

အသေးစိတ်အချက်လက်များကိုသိရှိလိုပါက
Page messenger ကနေစာမပို့ပဲ
09981760685 ဆီတိုက်ရိုက်ဆက်သွယ်မေးမြန်း
နိုင်ပါတယ်ရှင်

လူဦးရေကန့်သက်ထားလို့
Booking လေးစောစောတင်ပေးစေချင်ပါတယ်

ကျေးဇူးပါရှင်

Here are some reviews from TripAdvisor of LB Yangon Downtown Walking Tour! ကိုဗစ်ကြောင့် အလုပ်တွေမရပ်ခဲ့ရခင်ချိန်ထိအမြဲ ...
07/04/2022

Here are some reviews from TripAdvisor of LB Yangon Downtown Walking Tour!

ကိုဗစ်ကြောင့် အလုပ်တွေမရပ်ခဲ့ရခင်ချိန်ထိ
အမြဲ လူကြိုက်များ Run ခဲ့ရတဲ့
Walking Tour လေးပါပဲ..

2022 မှာလဲ ပိုမို update ဖြစ်တဲ့
Vibes တွေ Knowledge တွေနဲ့
လမ်းတူတူလျှောက်ကြရင်း နွေရဲ့ညနေခင်းတွေကို
Enjoy လုပ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်



Hello guys!Would like to join the Summer Evening Downtown Walking Tour on the weekend?အပတ်စဉ် ပိတ်ရက် ညနေခင်း ၅ နာရီမှ ၆...
06/04/2022

Hello guys!
Would like to join the Summer Evening Downtown Walking Tour on the weekend?

အပတ်စဉ် ပိတ်ရက်
ညနေခင်း ၅ နာရီမှ ၆ နာရီ တိုင်းမယ်
ကျမတို့ LB မှ ကျွမ်းကျင် Tour Guide နဲ့အတူ

မြို့ထဲတလျှောက် ကိုလိုနီတိုက်များ
ဘုရားကျောင်းများနဲ့ လူနေမှုဘဝပုံများကို
ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရ

ဗိသုကာရူထောင့် ယဉ်ကျေးမှုရူထောင့်
စီးပွားရေးရူထောင့် စသဖြင့် ချဉ်းကပ်မှုအမျိုးမျိုးဆီကနေ
စိတ်ဝင်စားဖို့ကောင်းအောင် ရှင်းပြလင်းပြကြရင်းက

ဟိုအရင် ကိုလိုနီခေတ်တစ်ခုဆီ
Time machine နဲ့ ပြန်သွားကြရအောင်ပါ..

အပတ်စဉ် Sat & Sun တိုင်းမှာ
လူ ၄ ယောက်ပြည့်တိုင်း
Walking tour ကို စီစဉ်ပေးသွားမှာဖြစ်လို့
စိတ်ဝင်စားသူများ page messenger လေးကနေ
စာရင်းပေးခါ ကြိုတင်ငွေလွှဲပေးခြင်းဖြင့်
Online Booking တင်ထားနိုင်ပါပြီရှင်

အားလုံးပဲ Have a good day ပါနော်



Amarapura (အမရပူရ)အမရပူရလို့ပြောရင်လူတော်တော်များများဟာဦးပိန်တံတားလောက်နဲ့သာတွဲမြင်ကြတာအမှန်က သူ့မယ်လဲသူ့ဟာနဲ့သူတော့ his...
12/01/2022

Amarapura (အမရပူရ)

အမရပူရလို့ပြောရင်
လူတော်တော်များများဟာ
ဦးပိန်တံတားလောက်နဲ့သာတွဲမြင်ကြတာ

အမှန်က သူ့မယ်လဲ
သူ့ဟာနဲ့သူတော့ historic ဖြစ်တဲ့
ရှေးဟောင်းမြို့ထဲမယ်ပါတာပါပဲ

ရှေးတုန်းကများဆို
ကုန်းဘောင်ခေတ်မယ် ၂ ကြိမ်များတောင်
အမရပူရဆီ နန်းလာတည်ခဲ့ဖူးတဲ့ထိ
သည်မြို့လေးဟာ
အရေးပါအရာရောက်ခဲ့ဖူးတာ
အားလုံးကို သိစေချင်တာနဲ့ပဲ
ကျမ ဒီစာကိုရေးတယ်ရယ်

အမရပူရကိုတည်တဲ့မင်းကြ
ယူတို့ကြားဖူးနေကြ
ကုန်းဘောင်ခေတ်ဆီတုန်းက
ဘုရင် ဘိုးတော်ဘုရားပါပဲ

ဒုတိယအကြိမ်
နန်းထပ်ရွှေ့လာသူကြ
တလောက ကျမရေးပြတဲ့
အင်းဝမြို့အကြောင်းမယ်ပါတဲ့တိုင်း
King သာယာဝတီပေါ့ကွယ်

ဘာလို့ဆို အများစုဟာ
နန်းတော်လို့ပြောရင်
ဟော့ မန္တလေးက
ရတနာပုံနန်းတော်လောက်သာ
သွားပြေးမြင်ကြတာမို့လား

တကယ်က
Yandanarpone Palace ဆိုသဟာ
အမရပူရနန်းတော်ဆီက
သစ်တွေ တိုင်လုံးတွေကို
တတ်နိုင်သလောက်ဖြုတ်ပြုပြီး

ဆင်ကြီးတွေအလီလီနဲ့သယ်ပြုရင်းက
မန္တလေး နန်းတော်ဖို့
ပြန်သုံးခဲ့ကြတာမျိုးနှယ်

Amarapura ရဲ့မြို့ရိုးနံရံများဆို
သည်က material အဟောင်းတွေကို
မြို့လမ်းတို့ ရထားတို့လမ်းဆီမယ်
ပြန်သုံးပြီး ဖောက်ခဲ့ကြတာပဲ

မင်းတုန်းမင်းရဲ့
စီစဉ်မှုတွေပေါ့ကွယ်

ဒါနဲ့.. ယူတို့သိလား
အမရပူရဆီရောက်တဲ့ခါကြ
သူ့မြို့မယ် လမ်းလေးတွေကို
သတိထားကြည့်ကြည့်ရင်
သိပ်လှတာ

လမ်းတွေက ဒီခေတ်ဒီခါမယ်
ထပ်ချဲ့ကြပြုကြကုန်ကြသေးတာတော့
ရှိတာပေါ့

သို့သော်ညား
ရှေးမူပျက်ရလောက်သည်ထိ
ပြောင်းလဲကုန်ရယ်ဟယ်လဲမဟုတ်တော့ကြ

ရသခပ်ပြေပြေတော့
ခံစားလို့ရသေးတာပါပဲ

ဟိုတုန်းကများဆို
သည်လမ်းတွေဟာ
လှည်းသွားလှည်းပြန်လမ်းတွေပေါ့ရယ်

ခုများထိတောင်
အမရပူရမယ်
မြင်းလှည်းတွေဆွဲကြပြုကြ
စီးကြနင်းကြတာမျိုး
မြင်နေရသေးတော့ကြ
ကျမတော့ သိပ်သဘောကျတာပဲ

Amarapura ရဲ့ အဓိပ္ပါယ်ကိုယ်က
City of Immortal မဟုတ်လား

နာမည်လေးဟာလဲလှ
အဓိပ္ပါယ်ရယ်လေးကလဲပြည့်စုံနဲ့
တကယ့်သမိုင်းဝင်
ရှေးဟောင်းမြို့လေးပါပဲ

ယနေ့ခေတ်
မြန်မာခရီးသွားအများစုတွက်
အမရပူရဟာ
ဦးပိန်တံတားနဲ့ အမရပူရပိုးထည်ချည်ထည်
ဝယ်ဖို့ပြုဖို့လောက်သာ
ရောက်ရတော့တာ မြင်ရတော့

ကျမဆိုလိုချင်တာ
သည်မြို့ဟာသည့်ထပ်ပိုတာ
တန်ဖိုးရှိမှန်း တန်ဖိုးသိစေချင်လွန်းရတာလေ

​အမရပူရဟာ
​ဟိုစဉ်ထဲက မြန်မာချိတ်နဲ့
ကြေးသွန်းလုပ်ငန်းမယ်
တမူထူးခဲ့တာ

တကယ့်တကယ်က
အမရပူရလည်ဖြစ်ရင်
ဒါတွေချန်ထားခဲ့လို့ဘယ်ဖြစ်မှာတုန်းရယ်

ကျမတို့ Little Burmese Travels ရဲ့
ခရီးစဉ်တွေမှာတော့

နိုင်ငံခြားသားဧည့်သည်တွေနဲ့
လည်ကြပြုကြသလိုပဲ

အမရပူဆီမယ်
အချိန်တစ်ခုကိုပေးပြုပြီး
ဒေသခံ လိုင်စဉ်ရဧည့်လမ်းညွှန်နဲ့တူတူ

မြန်မာချိတ်ပိုးထည်တွေဘယ်လိုခတ်တယ်
ဘယ်လို Design ပြုစုတယ်တွေကိုပါ
ပိုးထည်အလုပ်ရုံတွေဆီထိ သွားပြုရင်း
​ကြည့်ကြရူကြနဲ့ လည်ပြုနေကြပါပဲ

မြန်မာပြည်မယ် ပိုးထည်လို့ဆိုရင်ငြား
အမရပူရဆီက ပိုးထည်ဟယ်
အင်းလေးပိုးထည်ရယ်ဆိုတာ
စင်ပေါ်ကပေါ့ကွယ်

သို့ပေသိ ချည်ဆိုးချည်ငင်တာလောက်ကလွဲ
ပိုးထည်အဆင်ဒီဇိုင်းနဲ့
ခက်ကြယက်ကြတဲ့ နည်းစနစ်ကြ
လုံးလုံးကွဲတာပဲ..

ခုများတော့
လက်ယက်ကန်းပိုးထည်တွေဟာ
တိမ်ကောမှာစိုးရတာလေ

စက်ယက်ကန်းထည်တွေလောက်
အမြိုင်အဆိုင်ဝယ်ကြဝတ်ကြတော့တာမို့လား

တကယ်ဆို
မြန်မာလူမျိုးတစ်ယောက်အနေနဲ့

မြန်မာပြည်မယ်သာရှိတဲ့
လက်နဲ့သာ အစအလယ်အဆုံး
ဖန်တီးပုံဖော်ထားတဲ့

Make from the scratch ရတဲ့
အမရပူရပိုးထည်ချည်ထည်လုပ်ငန်းကို
မဖြစ်မနေ သွားလေ့လာစေချင်တာပါပဲ

ဒါမှသာ ဟိုစဉ်က
ဘုရင့်နန်းတော်မယ်
ပိုးထည်တွေ ဘယ်လိုအပ်ကြတယ်
ဒါတွေကို ဘယ်လိုအသေးစိတ်
ပြုစုဖန်တီးရတယ်
မြန်မာချိတ်တွေ ဘာကြောင့်တန်ဖိုးကြီးပြီး
အဖိုးကြီးရတယ်ဆိုတာကို
နားလည်တော့မှာ

Bronze casting ဆိုလဲ
သည်သဘောပါပဲ
ကြေးရုပ် ကြေးပစ္စည်း ကြေးခွက်ကြေးယောက်တွေ
ဘယ်လို အစကနေဟယ်အဆုံး
လက်နဲ့ချည်းသာ
အသုံးပြုပြီး ထုတ်လုပ်ကြတယ်ဆိုတာ
သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ

ဒါ့အပြင် ဦးပိန်ဆိုရင်လဲ
နေဝင်ချိန်နဲ့တွဲပြုမြင်ကြတာမို့
အချိန်မှန်နေရာမှန်ရောက်ခါမှ
လည်ရတာဟာ ရသပြည့်စုံပြီး
လှပတော့တာမို့လား

ဒီတော့ တောင်သမန်အင်းမယ်
လှေစီးပြုရင်းက ဝိုင်လေးသောက်ပြီး
ဦးပိန်တံတားနောက်ခံထားလို့
နေဝင်တာစောင့်ကြည့်ရတဲ့ ခံစားမှုကို

ကျမတို့ဆီက package tour တွေနဲ့
ကြုံပြုလာတဲ့ခါ try ကြည့်ဖို့
ဖိတ်ခေါ်ချင်ပါတယ်

နောက်နေ့မယ်တော့
မင်းကွန်း ဆိုတဲ့ခေါင်းစဉ်နဲ့
ပြန်လာခဲ့ဦးမှာမို့

စောင့်ဖတ်ရူပေးကြပါဦးကွယ်

အားလုံးပဲ have a good day ပါရှင်

Photo Cd.

How to be a Female Solo Traveler Training One night Two days Yangon City Tour PackageFor 2022 ကဲ.. သူများတိုင်းပြည်ကလူငယ...
07/01/2022

How to be a Female Solo Traveler Training
One night Two days Yangon City Tour Package
For 2022

ကဲ.. သူများတိုင်းပြည်ကလူငယ်တွေ
၁၈/၁၉ ထဲက ကမ္ဘာပတ်နေကြပြီ
ယူတို့တွေ မြန်မာပြည်တခွင်တောင်
တစ်ယောက်ထဲ ခရီးသွားဖူးပြီလား?

ဟုတ်ပါတယ် ခုချိန်ဟာ
ဘယ်လိုနည်းနဲ့မှ မြန်မာပြည်ဟာ
Safe ဖြစ်မနေတာ ကျမသိတာပေါ့

But it doesn’t mean you can’t dream to become a female solo traveler right?

2022 မှာ ဘာအလုပ်မှမဖြစ်ရင်တောင်
ရှေ့လာမယ့် နှစ်များတွက်
ခြေတစ်လှမ်းအရင်စလိုက်ကြရအောင်

ဆိုတော့
ဒီ package ဟာ
ခရီးသွားရတာရူးသွပ်ပြီး
Independent ဖြစ်ချင်တဲ့အမျိုးသမီးတွေ
Adventure ကိုခုံမင်တဲ့သူတွေတွက်
ယူတို့အိမ်မက်ရဲ့
ပထမခြေလှမ်းဖြစ်ဖို့ ရည်ရွယ်ပါတယ်

So, package အကြောင်း
အကြမ်းမိတ်ဆက်ရရင်တော့
ကျမတို့ တစ်ညအိပ် နှစ်ရက် training မှာ
ကျမတို့က tourists တွေတည်းသလို
ရန်ကုန် downtown ရဲ့ hostels မယ်
သွားအိပ်ကြမှာ

နောက်ပြီးရင်တော့
Solo traveler တစ်ယောက်ရင်ဆိုင်ရမယ့်
ကြိုတင်ပြင်ဆင်ရမယ့်

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ
ကိစ္စတော်တော်များများနဲ့

Budget ဘယ်လိုတွက်ရမယ်
ခရီးစဉ်တစ်ခုကို ဘယ်လို plan ရမယ်
Backpacker တစ်ယောက်အနေနဲ့
Luggage ဘယ်လို pack ရမယ်

စတာစတာတွေအပြင်
တခြားခေါင်းစဉ်အမျိုးမျိုးကို

ခရီးသွားအတွေ့ကြုံ
နှစ်ချီရှိလာတဲ့ကျမနဲ့တူတူ
မြန်မာပြည်တင်မက ပြည်ပဆီပါ
Solo အဖြစ်ခရီးသွားဖူးတဲ့
အမျိုးသမီး solo traveler တစ်ယောက်နဲ့တွဲပြီး

ကျမတို့ Yangon downtown tour လေးလုပ်ရင်းက
Training လုပ်သွားဖို့ရှိပါတယ်

Package မယ်ပါမယ့်
အချက်အလက်အသေးစိတ်နဲ့
Tour date and fees ကိုတော့

ကျမ post တစ်ခုထပ်တင်ပေးမှာမို့
စိတ်ဝင်စားသူတွေ page လေးကို
Like and follow လုပ်ထားဖို​့ဖိတ်ခေါ်ပါတယ်

အားလုံးပဲ have a good day ပါရှင်

Photo Cd.

Ava or Inwaအင်းဝအင်းဝဟာ သိပ်လှတာနောက်သူက Ancient city ကိုးပြောရရင် မင်းဆက် ၃ ဆက်လောက်တောက်လျှောက် မြန်မာ King တွေရဲ့ Cap...
29/12/2021

Ava or Inwa
အင်းဝ

အင်းဝဟာ သိပ်လှတာ
နောက်သူက Ancient city ကိုး
ပြောရရင် မင်းဆက် ၃ ဆက်လောက်
တောက်လျှောက် မြန်မာ King တွေရဲ့
Capital လုပ်တည်ခဲ့တဲ့မြို့ဆိုတော့က
နယ်နယ်ရရတော့ မဟုတ်ဖူးပေါ့လေ

အင်းဝ တောင်ငူ ကုန်းဘောင်ထိ
ခေတ်တွေဆက်ခဲ့တဲ့ အင်းဝဟာ
ခုများတော့ အမေ့ခံမြို့ဟောင်းလေးကိုဖြစ်လို့

ဒါကြောင့်ပဲ
ကျမ အင်းဝကို
တခုတ်တရ
သေချာပြောပြချင်တာပါ

ဆိုတော့ လိုရင်းပြောရရင်
အင်းဝမြို့ရယ်ဘာရယ်လို့
Official စခဲ့တာကတော့
၁၄ ရာစုလောက်ဖြစ်လိမ့်မယ်ဆိုပါတော့
ဒီကနေမှာ ၁၉ ထိ သက်တမ်းရှည်ပြီး

ဒီကြားထဲမယ် ငလျင်ဘာညာကလဲ
ဝင်ဖြုတ်သွားသေးတာ

သူ့နောက်ပိုင်းမှ
ရတနာပုံရယ်ဘာရယ်ဆိုပြီး
မန္တလေးမြို့မယ် နန်းတည်ရာကနေ
ရတနာပုံခေတ်ဖြစ်ပြီး
အင်းဝဟာ ကျန်ခဲ့ရတော့တာပဲ

အင်းဝမြို့မယ် ရှိခဲ့တဲ့
နန်းဆက်တွေထဲမယ်မှ
အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ကတော​့
အထင်ကရပေါ့လေ

ဆိုတော့
ယူတို့တွက် confuse ဖြစ်နိုင်တာ
အင်းဝမြို့ရယ် အင်းဝခေတ်ရယ်မို့လား

တကယ်က
အင်းဝမြို့က သပ်သပ်
အင်းဝခေတ်က အင်းဝမြို့မယ်
လာတည်မိရာကနေဖြစ်လာရတဲ့ period

ယူတို့ကြားဖူးနေကြ
ဆင်ဖြူရှင်တို့ ဘိုးတော်ဘုရားတို့
ဘကြီးတော်တို့ဘာတို့က
ကုန်းဘောင်ခေတ်က kings တွေ

အင်းဝခေတ်ကြသူ့ထပ်စောတာ
သတိုးမင်းပြားတိူ့ဘာတို​ြ့ကားဖူးမှာပါ
တကယ်က..
သူကနေမှ အင်းဝဆီ capital လာလုပ်ရင်း
Inwa period ရယ်လို့စတာ

သူ့အပြီးကြ
ကုန်းဘောင်မတိုင်ခင်
တောင်ငူခေတ်ဆိုတာလာသေးတာမို့လား

တောင်ငူခေတ်တော့ကြ
လူတိုင်းသိပြီးသားမို့
ကျမထဲ့မပြောတော့သော်ညား
သူကလဲ စိတ်ဝင်စားဖို့တော့
အင်မတန်ကောင်းတာ

ကဲ ထားပါ..
ဆိုတော့ ကုန်းဘောင်ခေတ်လောက်က
အင်းဝမယ် ငလျင်တအားကြမ်းချပြစ်လိုက်တာ

ဘုရင်ခင်မျာ အင်းဝကို
ပြင်ရမယ့်အစား
အမရပူရဆီပဲ
ပြေးပြီးနန်းထပ်တည်ရတော့တာပဲ

အဲ့တုန်းကဘုရင်ကတော့
King သာယာဝတီပေါ့

သူ့တော့..
ငယ်ငယ်ကသမိုင်းမယ်
ကျက်ဖူးတာမှတ်မိမှာကြမှာပါ

ကဲ ဒီလောက်ဆို
ခေတ်တွေအကြမ်းဖျင်းမြင်လောက်ပြီမို့

အင်းဝမြို့ရဲ့ အင်းဝခေတ်ကို
ပုစိလောက် ပြောပြရင်းက
အင်းဝမြို့ဆီဆက်ကြစို့လား

အင်းဝခေတ်ဆိုတာ
အင်မတန် စာပေနဲ့ပတ်သက်ရင်
ရှယ် hot တာ

တိုင်းပြည်ငြိမ်းချမ်းလို့လဲ
ပါမှာပါ
အဲ့ခေတ်က အင်းဝမှာ
Artist တွေရှယ်ထွက်တာများ

ကဗျာတွေ စကားပျို့တွေဆို
ဘုန်းတော်ကြီးတွေကအစ
​စပ်ကြဆိုကြနဲ့

Inwa literature ရယ်လို့ကို
တစ်ခေတ်ဖြစ်ခဲ့သေးတာပါ

ဆိုတော့ကြ ယူတို့
အင်းဝမြို့ဆီရောက်တဲ့ခါ
ယူတို့ကို မြင်ယောင်ကြည့်စေချင်တာ

မြို့ဟာ မင်းဆက် ၃ ဆက်များတောင်
တည်ခဲ့တဲ့ နန်းတော်ရာနဲ့ဘာနဲ့
မြို့ရိုးဟောင်းတွေ
မြို့အဝင်အုတ်မြို့ရိုးတွေ..

မြန်မာ architecture စစ်စစ်
ဘုန်းကြီးကျောင်းတွေ

အင်းဝခေတ်စတိုင်
စေတီတွေ ဘုရားဆင်းတုတွေ
အိုး စုံလို့ကိုနေတဲ့ ဒီမြို့လေးကို

ဟိုတုန်းခါများက
ဘယ့်နှယ့်များတောင်
အရှိန်ဝါကြီးလိုက်မလဲ
ပုံဖော်ကြည့်ကြည့်ပါ

ခုနောက်ပိုင်းခေတ်တွေကြခါမှ
လူအများကြား ရေပန်းစားလာတဲ့
မယ်နုအုတ်ကျောင်းတို့ဘာတို့ဆိုတာ

အောက်မလေး
တကယ်က
သူ့ကျောင်းနဲ့ ကျောင်းဒကာ
နန်းမတော်မယ်နုချည်း
သီးသန့်အကြောင်းတင်တောင်
တစ်ညအိပ်နှစ်ရက်လောက်
ဆက်ပြောလို့ရသေးပြန်တာ

ဆိုလိုချင်တာကဒီလိုပါ
အင်းဝမြို့ဘယ်လောက်
Hot ခဲ့လဲ လူတွေသိပ်မသိကြတာကို
ကျမ အသည်းဘယ်လောက်ယားကိုနေတာ
ပြောပြတာ..

မြန်မာဘုရားဖူးတွေဟာ
အင်းဝရောက်ပြီဆို
ဓာတ်ပုံတွေရိုက်ပြီးသာ
ပြန်ကြတာ

မယ်နုအုတ်ကျောင်းကနေ
လှမ်းမြင်နေရတဲ့ စစ်ကိုင်းတံတားတို့
ဧရာဝတီမြစ်တို့ အင်းဝကပ်ရပ်က
မြစ်ငယ်မြစ်တို့ဘာတို့
ဆက်စပ်ပုံလဲသေချာမကြည့်

အင်းဝမြို့ရယ် အင်းဝခေတ်ရယ်
ဆက်စပ်ပုံလဲ သေချာမသိနဲ့
ဒီလောက်ခမ်းနားခဲ့တဲ့
Inwa ancient city ကို

ပုဂံလောက်ကိုး
တန်ဖိုးထားရကောင်းမှန်း
သတိမမူမိမဖြစ်ရအောင်
ကျမ ဒီစာကိုရေးတာ

အင်းဝကို ကျမတို့
Little Burmese Travels က
Tour တွေမှာတော့
နိုင်ငံခြားသားဧည့်သည်တွေနဲ့
လည်ကြပတ်ကြသလိုအတိုင်းပဲ

​ဘုတ်လေးနဲ့
အင်းဝထိကူးပြီး
​ရိုးရာမြင်းလှည်းလေးစီးပြုရင်း
ဒေသခံလိုင်စင်ရဧည့်လမ်းညွှန်နဲ့တူတူ
ခပ်ဖြေးဖြေးလည်ကြတာပါ

အထူးသဖြင့် နွေဆိုအင့်မတန့်ကို
လှလိုက်တာဆိုတာဟာ
လက်ပံပွင့်နီနီတွေကိုမှရဲလို့အာလို့
နွေမို့ပူတယ်ရယ်
မထင်မိပါဖူး

အင်းဝတစ်မြို့လုံးက
သစ်ပင်ကြီးတွေနဲ့
စိမ်းလို့ကိုစိုဖက်နေတာမို့လား

ကောင်းကင်ကပြာပြာ
သစ်ရိပ်သစ်မိုးတွေဆိုတာဟာစိမ့်စိမ့်နဲ့
​အေးအေးလူလူ
​ဘုန်းကြီးကျောင်းတွေလည်လိုက်
အင်းဝခေတ်ဘုရားတွေကို လေ့လာလိုက်နဲ့

​၂၁ ရာစုကနေ
Time travel နဲ့
ဟိုးခေတ်ကိုပြန်ရောက်သွားသလိုမျိုးကို
ခံစားရစေတာမို့

မန္တလေးများကြုံရင်သပ
အင်းဝဆီထိပါ ခရီးဆက်စေချင်တာပါပဲ

ခုတော့
စာအင်မတန်ရှည်ရပြီမို့
နောက်နေ့များခါမှ အမရပူရမြို့နဲ့အတူ
ပြန်လာခဲ့ပါမယ်

အားလုံးပဲ have a good day ပါရှင်

Photo Cd.

Mandalay မန္တလေးဆိုရင်မြန်မာခရီးသွားအများစုဟာမဟာမြတ်မုနိနဲ့ ကုသိုလ်တော်လောက်ပဲလည်ဖြစ်ကြတယ်ဒါကလဲ ဘုရားဖူးပြီးပုံရိုက်ပြန်...
27/12/2021

Mandalay
မန္တလေးဆိုရင်
မြန်မာခရီးသွားအများစုဟာ
မဟာမြတ်မုနိနဲ့ ကုသိုလ်တော်လောက်ပဲ
လည်ဖြစ်ကြတယ်

ဒါကလဲ ဘုရားဖူးပြီး
ပုံရိုက်ပြန်ရုံပဲဆိုတာ
ကျမသိပါတယ်

တကယ်တော့
မန္တလေးအကြောင်း
အကျယ်တဝင့်ထိုင်ရေးပြရင်
တညအိပ် ၂ ရက်ဖြစ်ကုန်တော့မှာပဲ

ဒီတော့ကျမက
အသေးစိတ်မပြောတော့ပေသိ
တွေးကြည့်ရင် သူ့တန်ဖိုးက
ဘယ်လောက်ကြီးလဲ မှန်းလိူ့ရအောင်
နဲနဲအပေါ်ယံလောက်ဖြစ်ဖြစ်တော့
မျှပေးချင်ပါတယ်

ဆိုတော့
ရတနာပုံခေတ်ရဲ့
နောက်ဆုံးမင်းဆက်တည်ခဲ့တဲ့မြို့ဆိုထဲက
Classic က ဖြစ်နေပြီးသားပဲ

ရတနာပုံခေတ်ရဲ့ literature အကြောင်း
သီပေါရဲ့ ရှေ့ပိုင်းနောက်ပိုင်း
မင်းဆက်မျိုးနွယ်တွေအကြောင်း

ထိုခေတ်က အဂ်လိပ်တို့ ပြင်သစ်တို့နဲ့
မြန်မာပြည် ဆက်ဆံရေး
သူ့ရဲ့ economy, politics,
Education ရူထောင့်တွေအပြင်

Mandalay အကြောင်းဆိုတာများတော့
ပြောစရာတွေဆိုသဟာလေ
အင်မတန်ကို ပုံလို့နေတာပါ

လည်ဖို့ပတ်ဖို့
ဆိုရာမှာတော့
သစ်သားနဲ့ဆောက်တဲ့
မြန်မာ ဗိသုကာအစစ်
ဘုန်းကြီးကျောင်းတွေဆိုလဲ

တခြားမယ်လဲရှိသေးသော်ညား
မန္တလေးမယ်သာ
လည်ရပတ်ရ ပိုအဆင်ပြေပြီး
တော်တော့ကိုအကောင်းတိုင်း
ကျန်သေးသမို့

ခုထိလည်ခွင့်
​ရနေသေးတာကပဲ
ကျမတို့ အများကြီး
ကံကောင်းနေတာလို့ပြောလို့ရပါတယ်

ဘုန်းကြီးကျောင်းကို
ဘာအတွက်သွားလည်မှာလဲမေးရင်တော့

ရှေးခေတ်က ဘုန်းကြီးကျောင်းဆိုတာ
ဒီခေတ်လူကျမတို့တွက်ကြ
Museums တွေပဲ

ဟိုခေတ်ကလူတွေ
သူတို့ဘယ်လောက် artistic ဖြစ်တယ်
Smart ဖြစ်တယ် သူတို့ချန်ခဲ့တဲ့
လက်ရာတွေကိုကြည့်ရင်း
ခန့်မှန်းလို့ရတဲ့အပြင်

ဟိုတုန်းကလူတွေရဲ့
Way of life ကိုပါ
မျက်လုံးထဲမြင်ယောင်လာစေမယ့်
အငွေ့သက်မျိုးပေးနိုင်တာကြောင့်

ကျမတို့ဟာ Mandalay ဆို
​ရှေးဘုန်းကြီးကျောင်းတွေကိုပါ
အမိအရ သေချာ့ကိုလည်ရတာပဲ

နောက်တစ်ခုကတော့
ရိုးရာလက်မှုလုပ်ငန်းတွေပေါ့လေ

မြန်မာလူမျိုးတွေထပ်
နိုင်ငံခြားခရီးသည်တွေသာ
အလည်များတော့
သတိမထားမိလောက်ပေသိ

မန္တလေးမှာက
ပန်းပု ရုပ်သေး ကျောက်ဆစ်​ ကြေးသွန်း
ရွှေပြားခတ် ရွှေချည်ထိုး တို့လိုမျိုး

လက်မှုလုပ်ငန်းတွေကလဲ
တန်းစီနေပြန်သေးတာ

ဒါတွေသွားကြည့်ပြီး
ဘာထူးမှာမို့လဲမေးလာရင်တော့

သစ်သားတုံးတစ်ခုကနေ
ရုပ်ထုတစ်ခုဖြစ်လာဖို​့
ဘယ်ကနေစခဲ့ရလဲ

ဘုရားမှာ ကပ်နေကြတဲ့
ရွှေပြားပုစိလေးတစ်ချပ်ရဖို့တွက်
ဘယ်အဆင့်ဆင့်တွေကို
လုပ်အားဘယ်နှယောက်လောက်စုပေါင်းပြီး
ထုတ်ခဲ့ကြရလဲ

စသဖြင့်.. လက်မှုလုပ်ငန်းတိုင်းဟာ
သူဟာနဲ့သူတန်ဖိုးကြီးလွန်းသမျှ

ဒီလုပ်ငန်းစဉ်တွေတိုင်းဟာ
ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲဆို

လုပ်ငန်းခွင်တိုင်းကို
လည်ရပတ်ရတိုင်းမှာ
အင်မတန်ကို enjoy ဖြစ်လွန်းရတာပဲ

ဒါတောင် ကျမပြောသွားတဲ့ထဲမယ်
အမရပူရ အင်းဝ စစ်ကိုင်း မင်းကွန်း
စတာတွေ ချန်ခဲ့သေးတာပါ

မန္တလေးချည်း သီးသန့်မြင်တာကို
ပြောဆိုရင်တော့

အာရှနိုင်ငံတွေချင်းချင်းဆို
မန္တလေးနဲ့ဆင်တဲ့မြို့ကို
မြင်ယောင်ကြည့်ရရင်

ကျမကတော့ ဗီယက်နမ်က
ဟနွိုင်းကို သွားပြေးမြင်တာပဲ

ဘာကြောင့်ဆို
Mandalay လဲ
ဟနွိုင်းလိုပဲ bike city လို့ပြောလိုရတဲ့အပြင်

မြို့ရဲ့ history
Significant ဖြစ်တာချင်းကလဲ
ဆင်ပြန်တယ်

ကွဲတာဆိုလို့
ဗီယက်နမ်က ဟနွိုင်းက
ပြင်သစ်ကိုလိုနီမြို့

ကျမတို့ရဲ့ မန္တလေးက
အဂ်လိပ် ကိုလိုနီမြို့
အဲ့သလိုကိုး

နောက်ထပ် မန္တလေးမြို့
ကျော်ကြားတာကိုရယ်ဖြည့်ပြောရရင်ဖြင့်
ယူတို့ ဂုဏ်ယူချင်စရာ
တစ်ခုရှိတာ

ကမ္ဘာမယ်နော်
Mandalay ဆို လူတိုင်းနီးပါး
ပတ္တမြားနဲ့ သိပ်တွဲသိကြတာပဲ

ကျမတို့ Mandalay က
မိုးကုတ်ထွက် ကျောက်တွေဆိုတာ
ဓာတ်ခွဲခန်းထုတ် ကျောက်တွေမှမဟုတ်တာ

ပတ္တမြား နီလာ ကျောက်စိမ်း
စသဖြင့်ဟာ
တွင်းထွက်စစ်စစ်တွေချည်းဟာ
ဆိုတော့ စျေးကလဲကောင်း
ကျောက်အရည်သွေးကလဲ
ကောင်းလွန်းတော့

နိုင်ငံခြားသားတွေတွက်က
Mandalay ruby ဝယ်ဆင်နိုင်တယ်ဆိုတာ
ဒါတော်တော် အထာကျပြီး
ဂုဏ်ရှိတာမို့လား

ဆိုတော့ ပြောရရင်
Mandalay ဆိုတာ
လည်တတ်ရင်
မြန်မာသိပ်ဆန်ပြီး
Classy သိပ်ဖြစ်တဲ့မြို့ရယ်ပါ

Mandalay ရောက်ရင်
ဓာတ်ပုံရိုက်ပြန်လာတာထပ်
ပိုတဲ့အရာတွေ ရှာပြုပြီး
တန်ဖိုးထားသိစေချင်လို့သာ
ကျမ ဒီစာကိုရေးတာပါ

ကျမတို့
Little Burmese Travels က
Mandalay city tour တွေမှာဆိုရင်တော့

ရှေးဘုန်းကြီးကျောင်းတွေ
လက်မှုလုပ်ငန်းတွေ
ကျောက်စျေးကြီးတွေကို

သေချာရှင်းပြပြုပြတတ်တဲ့
လိုင်စင်ရ ဒေသခံဧည့်လမ်းညွှန်နဲ့တူတူ
လည်ကြပတ်ကြတာအပြင်

Mandalay city bike tour, food tour
တို့လို လူငယ်ဆန်တဲ့ tour မျိုးတွေလဲ
guide ရဲ့ဦးဆောင်မှုနဲ့အတူ
Package တွေထဲမှာ
ထည့်သွင်းစီစဉ်ပေးလေ့ရှိတတ်တာမို့

နောက်များခါ
တိုင်းပြည်အေးချမ်းချိန်
ကျမတို့ ခရီးစဉ်တွေပြန်စဖြစ်တဲ့ခါကြ
လာ join ဖို့ဖိတ်ခေါ်ချင်တာပါပဲ

ခုတော့ စာလဲရှည်သွားပြီသမို့
နောက်နေ့တော့ကြ
အင်းဝမြို့ အကြောင်းနဲ့တူတူ
ကျမပြန်လာခဲ့ပါမယ်

အားလုံးပဲ have a good day ပါရှင်




Photo Cd

Hello guys!Welcome back to our Little Burmese Travels page..ဆိုတော့ ခြုံပြောရရင်တော့ကျမ ဒီ page လေးကနေတဆင့်လွယ်ကူရိုးရှင...
26/12/2021

Hello guys!
Welcome back to our
Little Burmese Travels page..

ဆိုတော့ ခြုံပြောရရင်တော့
ကျမ ဒီ page လေးကနေတဆင့်

လွယ်ကူရိုးရှင်းတဲ့
စာပုဒ်တိုလေးတွေနဲ့တူတူ
မြန်မာပြည်ရဲ့ ကျမတို့လည်ပတ်နေကြ
အထင်ကရမြို့တွေမှာ

ဓာတ်ပုံသွားရိုက်ပြန်လာရုံ
ဘုရားဖူးပြန်လာရုံထပ်ပိုတဲ့

သိသင့်တဲ့
Activities တွေ
မြို့တန်ဖိုး အနှစ်သာရတွေ
Cultures တွေ traditions တွေကို
နဲနဲစီဝေမျှသွားချင်ပါတယ်

ရည်ရွယ်ချက်ကတော့..
ကိုယ်လည်ပတ်မယ့်ဒေသတန်ဖိုးကို
သိစေချင်တာရယ်

ဒေသရဲ့
Traditions and Cultures ကိုပါ
နားလည်စေချင်တာရယ်နဲ့

ခရီးတစ်ခုမှာ
ဓာတ်ပုံရိုက်ပြန်တာ
ဘုရားဖူးပြန်တာ
နေ့မအားညမအားပင်ပန်းအောင်
လည်ပစ်တာထပ်
အများကြီးပိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့
Activities တွေလုပ်လို့ရကြောင်းကို
သတိမူမိစေချင်တာကြောင့်ပါပဲ..

ဆိုတော့
နောက်နေ့မှာ ကျမ Mandalay မြို့ရဲ့
တန်ဖိုးအနှစ်သာရတွေနဲ့ သူ့ဆီက
ကျမတို့ လည်နေကြမဟုတ်တဲ့
Sightseeing တွေနဲ့အတူတူပြန်လာခဲ့ပါမယ်

Have a good day ပါရှင်

Photo Cd.

ဘုရားဖူးခရီးများအလှဓာတ်ပုံများရိုက်ယူခြင်းများထပ်ပိုတဲ့ရသများနဲ့ မြန်မာနိုင်ငံရှိ လည်ပတ်စရာမြို့များမဂ်လာပါရှင်Little Bu...
07/08/2020

ဘုရားဖူးခရီးများအလှဓာတ်ပုံများရိုက်ယူခြင်းများ
ထပ်ပိုတဲ့ရသများနဲ့ မြန်မာနိုင်ငံရှိ
လည်ပတ်စရာမြို့များ

မဂ်လာပါရှင်
Little Burmese Travels မှာစီစဉ်ပေးလျက်ရှိတဲ့

မြန်မာနိူင်ငံရှိလည်ပတ်စရာမြို့များစွာရဲ့
ဘုရားဖူးခရီးထပ်ပိုတဲ့ရသများကို
စာဖတ်သူများနဲ့မိတ်ဆက်ပေးချင်ပါတယ်

စာရှည်မှာစိုးတဲ့တွက် တစ်မြို့ချင်းစီခွဲပြီး
ကျကျနန page မယ် ပုံမှန်တင်သွားဖို့ရှိတာမို့
စိတ်ဝင်စားသူများ စောင့်မျှော်ဖတ်ရူပေးဖို​့
ကြိုတင်ဖိတ်ခေါ်ပါတယ်နော်

ဒီနေ့ Little Burmese ရဲ့ဦးဆုံးမိတ်ဆက်ပေးချင်တဲ့
မြို့ကတော့ ဂန္တဝင်ဆန်တဲ့ ရတနာပုံ (ခေါ်) မန္တလေးမြို့ပဲဖြစ်ပါတယ်..

မန္တလေးမြို့ရဲ့ ဘုရားဖူးတာထပ်ပိုတဲ့
စိတ်ဝင်စားစရာအချက်တွေကဘာတွေပါလိမ့်?

၁ အချက်
Monastery Tour
(ရိုးရာဘုန်းကြီးကျောင်းဗိသုကာများတွက်သီးသန့်လည်ပတ်ခြင်း)

ဘုန်းကြီးကျောင်းသွားပြီး တို့ကဘာလုပ်ရမှာလဲလို့
စာဖတ်သူတို့မေးချင်မေးနိူင်ပါတယ်

တကယ်တော့
ရှေးခေတ်တုန်းက မြန်မာပြည်မှာ
အဆောက်ဦးတစ်ခုကို မြင်လိုက်တာနဲ့
သူ့ရဲ့ဗိသုကာကိုကြည့်ပီး

ဒီအဆောက်အဦးက
ဘုန်းကြီးကျောင်းလား လူနေအိမ်လား
စာသင်ကျောင်းလား စသဖြင့်ကွဲပြားစေတဲ့
သူ့နည်းသူ့ဟန်သူ့စည်းသူ့ဘောင်အလိုက်
ကွဲပြားမှုရှိတဲ့ဆောက်ပုံဆောက်နည်းတွေရှိကြပါတယ်

ရန်ကုန့်မြို့က
ဘုန်းကြီးကျောင်းတွေကိုကြည့်ရင်တော့
ကျောင်းအားလုံးနီးပါးဟာ
အုတ်များနဲ့သာဆောက်ထားတဲ့

ပါသင့်ပါထိုက်တဲ့ အခန်းများ
အဆောင်ယောင်များသာပါအောင်ဆောက်ထားတဲ့
သာမန်အဆောက်ဦးတစ်ခုကိုပဲ မြင်ရနိုင်သော်ညား

မန္တလေးမှာဆိုရင်တော့
ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့
ဗိသုကာကြင်အင်လက္ခဏာသွင်ပြင်များ
အပြည့်ဝပါတဲ့ ရိုးရာဘုန်းကြီးကျောင်းများစွာကို
ယနေ့ထိ လေ့လာလည်ပတ်နိုင်သေးတာကို
ဝမ်းသာဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်

မန္တလေးမှ ရိုးရာဘုန်းကြီးကျောင်းများကို
လည်ပတ်တဲ့အခါ

သစ်သားနဲ့ချည်းဆောက်ထားတဲ့
ဘုန်းကြီးကျောင်းတိုင်းမှာ
ဘယ်လိုတူညီချက်တွေရှိကြသလဲ

မြန်မာဘုန်းကြီးကျောင်းလို့ပြောလိုက်ရင်
ဘယ်အချက်တွေကိုလိုက်နာပြီး
ဘယ်အခန်းတွေပါအောင်
ဆောက်ပေးရသလဲ

အဆောက်အဦးကိုဆောက်တာချင်းတူတူ
ဘုန်းကြီးကျောင်းကိုဆောက်တဲ့ဗိသုကာဒီဇိူင်းနဲ့
နန်းတော်တစ်ခုက အဆောင်တစ်ခုကို
ဆောက်ထားတဲ့ဗိသုကာဒီဇိုင်းကွဲပြားမှုရှိသလိုပဲ

တခြားတခြားသောကွဲပြားတဲ့
ရိုးရာဗိသုကာဒီဇိုင်းများနဲ့အတူ

အသေးစိတ်စွာ အလှဆင်ထားတဲ့
ပန်းပု ပန်းချွန်းများရဲ့ ရည်ရွယ်ချက်များ
ရန်ကုန်မယ် တွေ့ရခဲတဲ့အနုပညာလက်မှုပညာများကို
တွေ့မြင်နိူင်တာမို့

မန္တလေးမယ်
ကျွမ်းကျင်တဲ့လိုင်စင်ရဧည့်လမ်းညွှန်နဲ့တူတူ
Monastery Tour မျိုးလုပ်ရင်းက
ဘုရားဖူးခြင်းအပြင် တခြားစိတ်ဝင်စားဖို့ကောင်းတဲ့
Sightseeing သဘောမျိူးလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်

၂ အချက်
Art crafts Tour
(မြန်မာ့ပန်းဆယ်မျိုးလက်မှုလုပ်ငန်းများ လည်ပတ်ခြင်း)

ဂန္တဝင်ဆန်တဲ့ မန္တလေးမြို့မှာ
မြန်မာ့ရိုးရာပန်းဆယ်မျိုးထဲ ပန်းယွန်းဆိုတဲ့
ယွန်းထည်လုပ်ငန်းကလွဲ

ပန်းပု ပန်းတမော့ ပန်းပွတ် တို့လို့
ကျန်ရှိတဲ့ ပန်းကိုးမျိုးလုံးရဲ့ လက်မှုလုပ်ငန်းတွေကို
လေ့လာလည်ပတ်လို့ရမှန်း သင်သိပါသလား

ရန်ကုန်မှာမြင်ရန်ခက်ခဲတဲ့
လက်နဲ့သာ အစအဆုံးဖန်တီးကြတဲ့
ပန်းပုလုပ်ငန်းတွေ ကြေးသွန်းလုပ်ငန်းတွေ
ကျောက်ဆစ်လုပ်ငန်း ရွှေပြားခတ်လုပ်ငန်း
ရွှေချည်ထိုးလုပ်ငန်း ရုပ်သေးရုပ်လုပ်ငန်း
ပိုးထည်လုပ်ငန်း စတဲ့

သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့
ရိုးရာ technique တွေကိုလေ့လာနိုင်မယ့်အပြင်
ဒီအနုပညာများရဲ့ ရတနာပုံခေတ်က
နောက်ခံရာဇဝင်များပါ နားထောင်နိုင်တာမို့

မန္တလေးရောက်တိုင်း
ဘုရားဖူးပြီး အလှပုံများရိုက်ရတာအပြင်
တခြားသော ဆန်းတဲ့ Tour Plan များနဲ့
လည်ပတ်ချင်တယ်ဆိုရင်တော့

Little Burmese Travels မှာ
စီစဉ်ပေးလျက်ရှိတဲ့
လိုင်စင်ရဧည့်လမ်းညွှန်များရဲ့
ဝန်ဆောင်မှုပါ ပါဝင်တဲ့ Monastery Tour
Art Crafts Tour များကို
ချိတ်ဆက်ဝယ်ယူနိုင်နေပြီဖြစ်တာမို့

စိတ်ဝင်စားသူများ အသေးစိတ်ဆက်သွယ်
မေးမြန်းစုံစမ်းနိုင်ပါတယ်နော်

နောက်နေ့များမှာတော့
မန္တလေးမြို့ရဲ့အနီးမှ ရှေးဟောင်းမြို့လေးမြို့နဲ့
မိတ်ဆက်ပေးသွားမှာဖြစ်တာကြောင့်
စာဖတ်သူများစောင့်မျှော်ဖတ်ရူပေးဖို​့
ဖိတ်ခေါ်ပါတယ်ရှင်

Little Burmese Travels ရဲ့ ဒေသခံအကျိူးပြုခရီးစဉ်များမဂ်လာပါရှင် ဒီနေ့တော့ကျမတို့ Little Burmese ရဲ့ဒေသခံအကျိုးပြုခရီးစဉ်...
06/08/2020

Little Burmese Travels ရဲ့
ဒေသခံအကျိူးပြုခရီးစဉ်များ

မဂ်လာပါရှင်
ဒီနေ့တော့ကျမတို့ Little Burmese ရဲ့
ဒေသခံအကျိုးပြုခရီးစဉ်များနဲ့စာဖတ်သူများကို
မိတ်ဆက်ပေးချင်ပါတယ်

ပုံမှန်ဘုရားဖူးခရီးစဉ်များနဲ့မတူတဲ့
ကျမတို့ ခရီးစဉ်များရဲ့ အသက်ဟာ
သွက်လက်ရမယ် စိတ်ဝင်စားဖို့ကောင်းရမယ်
အပန်းပြေပြီးဒေသခံများကိုအကျိုးပြုရမယ်ရယ်

ဒါကြောင့် ဒေသတစ်ခုစီတိုင်းဆီလည်ပတ်ရာ
ခရီးစဉ်တိုင်းမှာ ဒေသခံများရဲ့ တစ်နိုင်တစ်ပိုင်
စီးပွါးရေးလုပ်ငန်းအသေးစားလေးများကို
အပြန်အလှန်အကျိုးပြုနိုင်မယ့်

Enjoy လုပ်စရာ Activities တွေကို
Little Burmese က Tour Plan တွေတိုင်းမှာ
ထည့်သွင်းရေးဆွဲလေ့ရှိတယ်ဆိုပါတော့

ဥပမာအားဖြင့် ရှမ်းပြည်ဆို ရှမ်းပြည်အလျောက်
ပင်းတယရှမ်းစက္ကူထီးလုပ်ငန်းတွေဆီ
လည်ပတ်ခြင်းများ

ဒေသတိုင်းရှိ
ရိုးရာစျေးတိုင်းကိုလည်ပတ်ခြင်းများ

အင်းလေးကန်ထဲမယ်ဆို
ကနူးလှေလှော်ခြင်း
ဒေသစာ food tour လုပ်ခြင်းများ
ညောင်ရွှေမြင်းစီးကွင်းမယ် အပျော်မြင်းစီးခြင်းများ
စသဖြင့်ထည့်သွင်းရေးဆွဲထားသလို

ပုဂံဆိုလဲ ပုဂံ
မန္တလေးဆိုလဲ မန္တလေးရယ်ဖြင့်
နေဝင်ချိန်မြစ်ထဲမယ် စက်လှေစီးခါ
ဆည်းဆာအလှကို ခံစားခြင်းမျိုး
ဆင်စခန်းများဆီသွားရောက်အပန်းဖြေခြင်းမျိူး

ပုဂံယွန်းထည်လုပ်ငန်းများလည်ပတ်ခြင်းမျိူး
မြင်းလှည်းစီးခါ မြို့တခွင်လည်ပတ်ခြင်းမျိုး
Private cruise နဲ့ တမြို့ကတမြို့သွားလာကူးသန်း
လည်ခြင်းပတ်ခြင်းမျိုးလို

တနိုင်တပိုင်အသေးစားဒေသခံလုပ်ငန်းများဆီ
ခရီးသွားလုပ်ငန်းများမှတဆင့်
ဝင်ငွေများဖြန့်ကျက်ရောက်ရှိစေဖိူ့
ရည်ရွယ်တာမို့

ကျမတို့ရဲ့ ခရီးစဉ်များဟာ
Little Burmese ရဲ့ခရီးသည်များနဲ့တူတူ
အမြဲလိုလို သွက်လက်တတ်ကြွကာ
စိတ်ဝင်စားစရာအပြည့်နဲ့ ဒေသခံများတွက်
အကျိုးပြုနေမှာပါပဲ

ဆိုတော့ ခုကစပြီး
ခရီးစဉ်ဟောင်းတွေကိုတာ့တာပြလိုက်ရအောင်
ကျမတို့ ခရီးစဉ်သစ်တွေနဲ့တူတူ
ဒေသခံလုပ်ငန်းများကို အကျိုးပြုရင်း
အမှတ်တရများစွာဖန်တီးကြရအောင်

ကျမတို့ Little Burmese က ဒေသခံများရော
ခရီးသည်များပါပျော်ရွှင်ဖို့ ခရီးစဉ်များစွာ
ဆန်းသစ်တီထွင်ပေးချင်ပါတယ်
မြန်မာပြည်ကိုချစ်တဲ့ခရီးသွားချစ်သူများအားလုံးကို
ခရီးစဉ်များမယ်ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်နော်





Little Burmese Travels ရဲ့Follow up team တာဝန်ကဘာတွေလဲ?ကျမတို့ရဲ့ Follow Up Team မှတာဝန်ရှိသူများဟာခရီးစဉ်တစ်ခုမှာပါဝင်တ...
05/08/2020

Little Burmese Travels ရဲ့
Follow up team တာဝန်ကဘာတွေလဲ?

ကျမတို့ရဲ့ Follow Up Team မှတာဝန်ရှိသူများဟာ
ခရီးစဉ်တစ်ခုမှာပါဝင်တဲ့
ဟော်တယ် ကား နဲ့အတူ တခြားချိတ်ဆက်ထားတဲ့
အစီစဉ်များကို ခရီးစဉ်မစခင် Double Check
လုပ်ရပါတယ်

​ခရီးစဉ်တစ်ခုချင်းစီအလိုက်
ဟော်တယ်အခန်းတွေမှန်မမှန်
ကုတင်အမျိုးအစား ခရီးသည်အရေအတွက်
ခရီးသည်အမည်နဲ့ ခရီးစဉ်ရက်စွဲများ
စသဖြင့်အသေးစိတ်ပြန်လည်စစ်ဆေးရပြီး

ကားဆိုလျင်ကား လေယာဉ်ဆိုလေယာဉ်
ထွက်ခွါမည့်နေ့ နဲ့ ပြန်လာမည့်နေ့ရက်စွဲများ
check in time များဟာ
Delay ဖြစ်မဖြစ် အချိန်မှန်မမှန်တို့ကို
သက်ဆိုင်ရာရုံးတွေဆီဆက်သွယ်ပြီး
​Reconfirm လုပ်ရပါတယ်

ဒါမှသာ ခရီးစဉ်တစ်ခုဟာ
အမှားယွင်းမရှိနိုင်မှာဖြစ်တာမို့
ကျမတို့ခရီးသည်များတွက်ခရီးစဉ်တလျှောက်
အဆင်ပြေချောမွေ့ရပြီပေ့ါ

တဖန် ခရီးသည်များခရီးစဉ်မယ်
သွားလာလည်ပတ်နေစဉ်တလျှောက်လုံး

ဧည့်သည်များဟော်တယ်ခန်းဆီ
ချောမောစွာရောက်မရောက်
တည်းခိုရသည့်ဟော်တယ်များ အဆင်ပြေမပြေ
ကားဆရာနဲ့ခရီးသည်များ ပြသနာရှိမရှိနဲ့
ဧည့်သည်များတွက်ရေးဆွဲပေးထားသည့်ခရီးစဉ်ဟာ
သက်တောင့်သက်သာရှိခြင်းမရှိခြင်းများကိုလဲ
အချိန်နဲ့တပြေးညီ follow up လိုက်ရပါတယ်..

သို့မှာသာ
အကြောင်းတစုံတရာ ပြသနာပေါ်ခဲ့ပါက
ခရီးသည်များ စိတ်ကျေနပ်မှုရှိစေဖို့
သက်ဆိုင်ရာဝန်ထမ်းများကချက်ချင်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်

ဒါကြောင့်သာပဲ
ကျမတို့ Little Burmese ရဲ့ Follow up team ဟာ
ခရီးသည်များခရီးစဉ်မယ်လည်ပတ်နေစဉ်မှ
မိမိနေအိမ်သို့ချောမွေ့စွာပြန်လည်ရောက်ရှိချိန်ထိ

၂၄ နာရီပတ်လုံး နေ့ညသန်းခေါင်မရွေး
ဆက်သွယ်နိုင်ရန် Hotline များထားရှိပြီး
ခရီးသည်များတွက်အမြဲ Ready ဖြစ်စေရခြင်းဖြစ်ပါတယ်

နောက်ဆုံးအနေနဲ့ Follow up team တာဝန်ကတော့
ခရီးသည်များနေအိမ်သို့ပြန်ရောက်ပြီးနောက်မှာ
ခရီးသည်များဆီဆက်သွယ်ခါ ခရီးစဉ်တလျှောက်
ကြုံတွေ့ရသည့် မပြေလည်မှုများရှိမရှိ

ချိတ်ဆက်ပေးထားသည်​့ ဟော်တယ် ကား
ကားဆရာနဲ့ လည်ပတ်ရန်အစီစဉ်များနဲ့ပက်သက်ပြီး
အဆင်ပြေမပြေ စသဖြင့် ခရီးသည်များရဲ့အမြင်
Feedback များတောင်းခံ၍ စားရင်းပြုစုရပါတယ်

သို့မှသာ နောက်နောင် ခရီးစဉ်များမယ်
ပိုလို့ပိုလို့ကောင်းမွန်ပြည့်စုံတဲ့ခရီးစဉ်များကို
ကျမတို့ခရီးသည်များတွက်ဖန်တီးနိူင်ပြီပေါ့

နောက်နေ့များမှာတော့
ကျမတို့ Little Burmese ရဲ့ Operation Team နဲ့
စာဖတ်သူများကို မိတ်ဆက်ပေးသွားမှာမို့
စောင့်မျှော်ဖတ်ရူပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်

Little Burmese Travel and Tour
Your Trusty Travel In Myanmar




Little Burmese Travels ကစီစဉ်ပေးတဲ့Package Tour တွေမှာပါတဲ့Hotel တွေကိုခရီးသည်များတွက်ဘယ်လိုစီစဉ်ရွေးသလဲ?Vacation တစ်ခုမ...
04/08/2020

Little Burmese Travels ကစီစဉ်ပေးတဲ့
Package Tour တွေမှာပါတဲ့Hotel တွေကို
ခရီးသည်များတွက်ဘယ်လိုစီစဉ်ရွေးသလဲ?

Vacation တစ်ခုမှာ
တည်းခိုရမယ့်ဟော်တယ်ဆိုတာ
ခရီးစဉ်တစ်ခုရဲ့ highlight ပါ

​ဒါကြောင့်လဲ
ကျမတို့ ခရီးစဉ်တွေမှာပါဝင်မယ့်
ဟော်တယ်များကို

ကိုယ်တိုင်ကိုယ်ကျမရောက်ဖူးသေးပဲ
ဘယ် location မှာရှိလို့ရှိမှန်း
မရေရာမသေချာစွာနဲ့

မလှလှအောင်ရိုက်ထားတဲ့ ပုံတွေကိုသာကြည့်ပြီး
စျေးပေါတာတစ်ခုထဲကိုပဲအလေးထားတာမျိုး
သင့်တော်မှုမရှိတဲ့ဟော်တယ်များဖြင့်
ချိတ်ဆက်ပေးတာမျိုးမရှိစေရအောင်

Professional Traveler Consultant နဲ့
တိုင်ပင်ပြီးတော့မှသာ..
ဘယ်ခရီးစဉ်ကတော့
ဘယ်လိုဟော်တယ်မျိုးနဲ့မှအဆင်ပြေနိုင်မယ်
ဘယ်ခရီးစဉ်ကတော့
ဒါမျိူးဟော်တယ်တွေကို ရှောင်သင့်တယ်

စသဖြင့် ခရီးသည်အကြိုက်နဲ့
ခရီးစဉ်အလိုက် ကိုက်ညီပြီး
ရေးဆွဲထားတဲ့ခရီးစဉ်နဲ့သင့်လျော်တဲ့
ဟော်တယ်မျိူးကိုပဲ
ထည့်သွင်းချိတ်ဆက်စီစဉ်ပေးတာဟာ
ကျမတို့ Little Burmese Travels ရဲ့
ဝန်ဆောင်မှုတာဝန်ဖြစ်ပါတယ်

ကျမတို့ package Tour များနဲ့ ခရီးသွားကြည့်ပါ
အရေသွေးပြည့်မှီပြီး တာဝန်အပြည့်ဝယူတဲ့
ခရီးစဉ်များကိုမြည်းစမ်းကြည့်ပါ

စစ်မှန်တဲ့ ကျွမ်းကျင်သူများကိုသာ
ပေးစီစဉ်တဲ့ Little Burmese Travels ခရီးစဉ်များက
သင့်ကိုစိတ်ကျေနပ်မှုအပြည့်ဝပေးနိုင်မယ်ဆိုတာကို

စိတ်ချလက်ချယုံကြည်ဖို့ ခရီးသွားချစ်သူများကို
ဖိတ်ခေါ်ချင်ပါရှင်..

Little Burmese Travel and Tour
Your Trusty Travel In Myanmar



အိမ်ကမိဘက ခရီးသွားဖို့မလွှတ်ဖူးလားLittle Burmese နဲ့သွားမှာလို့သာပြောလိုက်ပါLittle Burmese ရဲ့ခရီးစဉ်တွေဆိုတာလည်ပတ်ရမယ့်...
03/08/2020

အိမ်ကမိဘက ခရီးသွားဖို့မလွှတ်ဖူးလား
Little Burmese နဲ့သွားမှာလို့သာပြောလိုက်ပါ

Little Burmese ရဲ့ခရီးစဉ်တွေဆိုတာ
လည်ပတ်ရမယ့်နေရာတိုင်းကို
ကိုယ်တိုင်ကိုယ်ကျအကြိမ်ပေါင်းများစွာ
ရာသီတိုင်းမှာရောက်ဖူးပြီးသားဖြစ်တဲ့
ခရီးသွားအကြံပေးများရဲ့
လမ်းညွှန်ချက်များအတိုင်းကွက်တိ
ရေးဆွဲစီစဉ်ပေးထားတာဖြစ်ပါတယ်

လည်ပတ်ရမယ့် အစီစဉ်များကို
မိုးလေဝသကအစ နယ်မြေအနေအထား
လုံခြုံမှုအဆုံး သွားရန်လာရန်လမ်းကြောင်းအထိ
အသေးစိတ်တွက်ချက် ရေးဆွဲပေးထားတဲ့အပြင်

အမှန်တကယ် နာမည်ရှိပြီး
Overall rating အရကောင်းမွန်တဲ့
ဟော်တယ်များဖြင့်သာချိတ်ဆက်စီစဉ်ပေးတာမို့

​Little Burmese Travels နဲ့
ခရီးထွက်ဖို့သာဆိုရင်ယူတို့အိမ်ကမိဘတွေ
စိတ်ချလက်ချထည့်လွှတ်ပေးနိုင်ပြီပေါ့..

ဒါတင်မကဖူးနော် ခရီးသည်များ
အိမ်ပြန်ရောက်ပြီးအထိ ၂၄ နာရီပတ်လုံး
ရန်ကုန်ရုံးကနေခရီးစဉ်တောက်လျှောက်ကို
follow up လုပ်ပေးခါ
အဆင်မပြေမှုကိစ္စအဝဝရှိလာခဲ့သည်ရှိသော်
အချိန်နဲ့တပြေးညီ တာဝန်ယူဖြေရှင်းပေးနေတာကြောင့်

အရည်သွေးပြည့်ဝတဲ့
Little Burmese ရဲ့ package tour များက
သင့်မိဘရဲ့ ပူပန်မှုသောကတွေကို
လျှော့ချပေးနိုင်ပြီပေါ့..

သင့်မိဘက သင်ခရီးသွားဖို့စိတ်မချဖူးလား?
Little Burmese နဲ့သွားမှာလို့သာပြောလိုက်ပါ

ကျမတို့ကသင်တို့ရဲ့လုံခြုံပျော်ရွှင်တဲ့
ခရီးစဉ်များအတွက် သင်တို့မိဘတွေကိုယ်စား
တာဝန်ယူပေးပါရစေနော်

Little Burmese Travel and Tour
Your Trusty Travel In Myanmar



ကိုယ်ပိုင်ကားနဲ့သာခရီးထွက်ချင်ကြသူများအတွက်Little Burmese Travels ရဲ့ Instant Package TourInstant package tour မှာဘာတွေပ...
02/08/2020

ကိုယ်ပိုင်ကားနဲ့သာခရီးထွက်ချင်ကြသူများအတွက်
Little Burmese Travels ရဲ့ Instant Package Tour

Instant package tour မှာဘာတွေပါမလဲ?

Hotel + Activities + Itinerary + Restaurant Booking

၁ Little Burmese ရဲ့ Travel Consultant စိတ်ကြိုက်
ရွေးချယ်ပေးထားတဲ့လည်ပတ်ရာမြို့မှ
Hotel room booking ပါပါမယ်

၂ တဖန်သမရိုးကျလည်ပတ်ခြင်းများကို
ငြိီးငွေ့နေကြသောခရီးသွားများအတွက်
Little Burmese ရဲ့Travel Consultant
စိတ်ကူးပုံဖော်ပေးထားတဲ့ ခရီးသည်များနှစ်သက်ရာ
ရွေးချယ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး enjoy လုပ်နိုင်မယ့် Activities များ

၃ Famous Restaurant Dinner Booking များ
ပါဝင်တဲ့အပြင်..

၄ ကိုယ့်အစီစဉ်နဲ့ကိုယ်လည်ချင်သော်ငြား
ဘယ်ကစလည်၍ ဘယ်ကိုနောက်ဆုံးလည်ရမယ်
ဘယ်နှစ်ညအိပ်ခရီးဆိုပါက
ဘယ်အရာတွေဦးစားပေးလည်ပြီး
ဘယ်အရာများချန်လည်ခဲ့သင့်တယ်
စသဖြင့်ပါဝင်မှာဖြစ်ပြီး

အကြိမ်ပေါင်းများစွာရောက်ဖူးပြီးသူများတွက်လဲ
ထူးထူးခြားခြားလည်ပတ်စရာအစီစဉ်များ
Tour Plan များကိုပါ package service မယ်
ထည့်သွင်းစီစဉ်ပေးသွားမှာမို့

သင့်တို့ကကိုယ့်ကားလေးကိုမောင်းပြီးထွက်လာခဲ့ရုံပါပဲ
ဟော်တယ်အတွက် လည်ပတ်စရာတွက်
ဘာဆိုဘာတွက်မှ ခေါင်းရှုပ်စရာမလိုအောင်

လည်ပတ်ရန်နေ့ Weather Forecast ကအစ
​ကြိုတင် check လုပ်ပေးပြီးသားအထိ
Little Burmese ကဂရုစိုက်ပေးနေပါပြီနော်

ဦးဆုံးပွဲဦးထွက်အနေနဲ့
ပုဂံ သီပေါ အင်းလေး မန္တလေးစတဲ့မြို့လေးမြို့ကို
ကျမတို့ Little Burmese ရဲ့ ပထမဆုံး
Instant Package များအဖြစ်
စတင်မိတ်ဆက်စီစဉ်ပေးနေပြီဖြစ်တာမို့

စိတ်ဝင်စားသူများ တစ်ပုံချင်းစီအောက်မှာရှိတဲ့
တစ်မြို့ချင်းစီမှ လည်ပတ်စရာအစီစဉ်လေးများကို
အကြမ်းဖျင်းလေ့လာဖို့ဖိတ်ခေါ်ပါတယ်

အသေးစိတ်သိရှိလိုပါက
09261616121 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်








Address

Minyekyawswar Street

Alerts

Be the first to know and let us send you an email when Little Burmese Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Little Burmese Travel & Tour:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share