02/01/2022
တလ သိန်း၂၀ ဝင်ငွေရှိမှ ကလေးကျောင်းကိစ္စ ဆက်စဥ်းစားမယ် ။ 😡😡😡။ I'm on fire...
ကျွန်မတို့အနေနဲ့ သားသမီး ပညာရေးအတွက်
ကျောင်းထားမယ်ဆို
အစိုးရကျောင်း
ဘကကျောင်း
International School
ကိုယ်ပိုင်အထက်တန်းကျောင်း စသဖြင့်
ရွေးချယ်စရာတွေထဲက
စဥ်းစားမယ်ဆို
ကျောင်းစရိတ်
စာအုပ်စာတမ်းကြေး
ကျောင်းလခ
ကျောင်းကားခ
ဘာကြေးညာကြေးတွေပါ ထည့်တွက်ရမှာပါ
တနှစ်ထဲနဲ့ စဥ်းစားလို့မရပါဘူး
တချို့ကလေးတွေ တောက်လျှောက် International School မှာထားပြီး IGCSE O Level လောက် ရောက်မှ
မြန်မာကျောင်း ပြန်ထားပြန်ထားရတာမျိုးရှိပါတယ်
ကျောင်းလခက တနှစ် နှစ်နှစ်လောက်နဲ့ စဥ်းစားရမှာမဟုတ်ပဲ ရှေ့ဆယ်နှစ်စာလောက်ကြိုတွေးထားရမှာမို့ပါ
ခဏခဏ ကျောင်းပြောင်းနေရတဲ့ ကလေးတွေအနေနဲ့လည်း အရမ်းကို struggle လုပ်ရလို့
မိဘတွေအနေနဲ့ အချိန်ယူစဥ်းစားသင့်ပါတယ်
တချို့ကျောင်းတွေရဲ့ အဂ်လိပ်စာက
Communicative English ကို အသားပေးပါတယ်
ဥပမာ ILBC ရဲ့ အဂ်လိပ်စာ သင်ရိုးပါ
တချို့သော ကျောင်းတွေရဲ့ အဂ်လိပ်စာက
Literature ဘက်ကို သွားပါတယ်
ISM, ALBA စတဲ့ ကျောင်းတွေပါ
တချို့ စာသိပ်မကြိုက်တဲ့ ကလေးကို NELC မှာထားတော့
ဂျွမ်းတွေပြန်ကုန်ပါတယ်😁
တချို့မိဘတွေက နှစ်ကျောင်းခွထားတာမျိုးရှိပါတယ်
Monday to Friday ထိ အစိုးရကျောင်းထားပြီး
Sat,Sun မှာ weekend IGCSE class တွေထားတာမျိုးပါ
ကလေးအနေနဲ့ နားချိန် လုံးဝမရှိရင်လည်း
ခေါင်းထဲ စာမရောက်နိုင်ပါဘူး
ဒီတော့ ငွေကြေးအသင့်အတင့်ရှိတဲ့ မိဘတွေအတွက်
အကောင်းဆုံး အကြံပြုရရင်
English Four Skills ကို ငယ်ငယ်ထဲက
အခြေခံကောင်းရအောင် လေ့ကျင့်ပေးဖို့ပါ
ဆရာကောင်းတွေ ဆီမှာ တခါထဲအပ်
ကျောင်းက သင်ရိုးမဟုတ်ပဲ
ကလေးရဲ့ တကယ့် Speaking Skill
Writing Skill ပါတိုးတက်ဖို့ပါ
နာမည်ကြီးကျောင်းတွေရဲ့
ကျောင်းလခအကြမ်းမျဥ်းကိုဖော်ပြပေးပါမယ်
Dulwich ကတော့ ဘာညာကြေးပေါင်းရင်
$ 24000 , $ 25000 လောက်ရှိပါမယ်
ကျောင်းဝင်ကြေးဘာညာပေါင်းရင်ပါ
တနှစ် ကို သုံးကြိမ်ခွဲသွင်းလို့ရပါတယ်
စည်းစနစ်ကြီးတဲ့ကျောင်းဆိုတော့
ကိုယ့်သားသမီးက Arts ဘက်အားသာပြီး
အရမ်းစည်းကမ်းနဲ့နေတာမကြိုက်ရင်တော့
မရွေးချယ်သင့်ပါဘူး
International School Yangon ကတော့
U$21,000++ , Registers U$9500 , Capital leave fees U$5000...
The British School Yangon သူလည်း ကျောင်းကတော့ကောင်းပါတယ်။
KG ကို U$20,000 G1 ကနေ G5 ထိ U$22,000++
G6 ကနေ 8 ထိက U$23,200++
G9 ကနေ G12 ထိက U$ 28,000+++ လောက်ရှိမယ်...
MISYကျောင်းကတော့ U$6000 ကနေ U$14000 လောက်ထိရှိတယ်
Network ကျောင်းကတော့ U$10000 ကနေ U$12000 လောက်ထိရှိတယ်။
ILBC သူကလည်းလူလတ်တန်းစားများအတွက်သင့်တော်တယ်။
KG ကို 450,000 G1 ကနေ G3 ကို 480,000
G4 ကနေ 8 ထိကို 500,000
G9 ကနေ G12 ထိကို 550,000 လောက်ရှိမယ်။
တခြားဘာကြေးညာကြေးမပါသေးပူး...
MIS ဒီကျောင်းကတော့ တနှစ်ကို သိန်း 50လောက်ရှိမယ်။ ၂ရစ်ခွဲ သွင်းလို့ရတယ်။
DSY တနှစ်ကို သိန်း 60
PISM ကတော့ KG ကနေ G3 လောက်ထိကို တနှစ် 3,900,000 လောက်ရှိမယ်။
အတန်းကြီးထိဆို 4,400,000 လောက်ကြမယ်... ကျောင်းဝင်းကြေးက ၉သိန်း။
တခြားဘာကြေးညာကြေးရှိသေးတယ်။ တနှစ်စာသွင်းရင် % လျှော့တယ်။
ALBA ကျောင်းက တစ်လကို 4 သိန်းကျော်လောက်ရှိတယ်။ စာအုပ်ဖိုးတို့ကျောင်း၀င်ကြေးတို့ကတော့လေးသိန်းလောက်ရှိမယ်။
Lumbini Academy တစ်နှစ်ကို ၂၄သိန်းလောက်ရှိတယ်။ နှစ်ရစ်ခွဲသွင်းလို့ရတယ်။ တခြားဘာကြေးညာကြေးရှိသေးတယ်။
MLA က ကျောင်းဝင်းကြေးက 100,000။
Nursery ကနေ KG ထိက 240,000
G1 ကနေ G3 က သိန်း ၃၀ ။
G4 ကနေ G7 ထိက သိန်း ၃၃။
G8 ကနေ အတန်းကြီးထိဆို 3,750,000... တနှစ်စာသွင်းရင် % လျှော့တယ်...
နောက်ထပ် ထပ်တိုးကျောင်းတွေကတော့
Brainwork
Total စသဖြင့် တခြားကျောင်းတွေအများကြီးရှိပါသေးတယ်
ဒီကျောင်းတွေအပြီး ဘယ်တက္ကသိုလ်ဆက်ထားမယ်
ဘယ်နိုင်ငံပို့မယ်ကအစ မိဘက စဥ်းစားရမဲ့ အပိုင်းပါ
နောက် အချိန်ပိုင်းအတန်းတွေရှိတဲ့
British Council
American Embassy စတဲ့ သံရုံးတွေမှာတော့
ဟိုးအရင်ခေတ်ကတည်းက Level တခုတခုကို
$260 ကျော်လောက်ရှိပါတယ်
BC ထက်စာရင် အမေရိကန်သံရုံးက Fees ပိုသက်သာပါတယ်
ဒီ post လေးကတော့ ကျောင်းသားမိဘ
အတော်များများမေးတဲ့ အမေးကို တီချယ်ယု မြင်တဲ့
သိသလောက် ဖြေပေးတာပါ
သေချာလေး ဖြေပေးတာပါ
ကျောင်းစရိတ်တွေကတော့
အမတယောက် Information collect လုပ်ထားတဲ့စီကယူတာပါ
မူရင်း post မတွေ့လို့အမကိုလည်း credit ပေးပါတယ်နော်
ကျောင်းတွေရဲ့ ဖုန်းနံပါတ်တွေပါ
Dulwich- 📞 09409607479, 09966423015
ISY- 📞 01512793, 01512794, 01512795
BISY- 📞 09250739873
YAIS- 📞 09977012100
MISY- 📞 09404062288
Network - 📞 01519306, 01534212, 01513057
SIS- 📞 09426888100
ALBA- 📞 01534259, 0973154742
ILBC- 📞 09400777780, 094000777790
PISM- 📞 01530641, 01503688
MIS- 📞 01558109
Lumbini- 📞 09782783200, 09778654545
MLA- 📞 09258886622, 09258886633
ဒီလောက်ဆို မိဘတွေအနေနဲ့
တော်တော်လေး အချက်အလက်စုံရပြီမိူ့
စဥ်းစားလို့အဆင်ပြေမှာပါ
ခုဆို ဒီ့ထက် ကျောင်းစရိတ်တွေပိုမြင့်နိုင်ပါတယ်နော်
ချစ်ခြင်းအားဖြင့်
တီချယ်ယု
Crd to -