Family Travel & Tour Agency

  • Home
  • Family Travel & Tour Agency

Family Travel & Tour Agency ယုံၾကည္စိတ္ခ် family travel & tour Agency

05/08/2023
လူချစ် လူခင် များတယ်လူတိုင်းနဲ့တည့်တယ်ဆိုတာ တစ်ကယ်တော့ရှင်းမလိုနဲ့ တော်တော်တော့ ရှုပ်တယ်အားလုံးနဲ့အဆင်ပြေနေတယ်ဆိုတာ ကိုယ...
23/06/2023

လူချစ် လူခင် များတယ်
လူတိုင်းနဲ့တည့်တယ်ဆိုတာ တစ်ကယ်တော့
ရှင်းမလိုနဲ့ တော်တော်တော့ ရှုပ်တယ်

အားလုံးနဲ့အဆင်ပြေနေတယ်ဆိုတာ
ကိုယ့်ဘက်ကအကုန်လုံးပြည့်စုံနေတာ
ဖြစ်နိူင်သလို အကုန်လုံးကို ကိုယ်က
အလျော့ပေးဆက်ဆံနေတာလဲဖြစ်နိူင်တယ်

အစကတော့ မင်းကလူတိုင်းနဲ့တည့်တယ်
လူချစ်လူခင်များတယ်ဆိုတာကို သိပ်သဘောကျတာ
နောက်ပိုင်းမှသတိထားမိတာ
လူတိုင်းနဲ့တည့်နေတာ ကိုယ်က အကုန်လုံးကို
အလျော့ပေးနေရတာကြောင့်ပဲ
ဒါကြောင့်ပဲ အကုန်လုံးက တည့်နေကြတာ
စဉ်းစားကြည့်တော့ ကိုယ်က သာသလိုလိုနဲ့ ရှုံးနေတာပဲ

နောက်တော့မှ တော်တော်များများကို
စိတ်ရင်းအတိုင်းပဲ ဆက်ဆံတယ်
ကန့်လန့်တိုက်တယ် ဘုဘောက်ကျတယ်
မထင် ရင် မထင်သလိုပဲပြောတယ်
အဲဒီတော့မှ တော်တော်များများက
ကိုယ့်ဆို ရှောင်တယ် သတိထားပြီးဆက်ဆံကြတယ်

ဒီတော့မှ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေပဲ
ကိုယ့်အနားမှာကျန်ခဲ့တာ
ကိုယ့်ကို အပေါ်ယံပေါင်းတဲ့သူတွေ
တော်တော်များများအကြောင်းကိုသိလိုက်ရတာ

ဝမ်းသာပါတယ် ခုတော့ ကိုယ့်အနားမှာ
ကိုယ့်ကို တကယ်ချစ်တဲ့သူတွေပဲ ကျန်ခဲ့တယ်
ကိုယ် တကယ်တန်ဖိုးထားပါတယ်
အတတ်နိုင်ဆုံး ကိုယ့်ဘက်က ကောင်းအောင်နေပါတယ်

အခုအချိန်ထိ ကိုယ့်အနားမှာရှိတဲ့
လူတွေအကုန်လုံးကို တကယ်ချစ်ပါတယ် ❤

Credit မူရင်း

16/06/2023

ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ
`````````````````````````````````

မင်းရဲ့ ဒဏ်ရာတွေကို
မင်းကိုယ်တိုင် မကုချင်မှတော့
မင်းဘယ်လို ပျော်ရွှင်အောင်နေထိုင်မှာလဲ ။
မင်းရဲ့ရှင်သန်ခြင်းတွေကို
မင်းကိုယ်တိုင် ဂရုမစိုက်ချင်မှာတော့
မင်းဘယ်လို ပျော်ရွှင်နိုင်မှာလဲ ။

ဘဝမှာ တစ်စုံတစ်ယောက်ကို မှီပြီး
ပျော်ရွှင်မှုတွေ ပြည့်စုံရမယ်လို့ ထင်နေရင်တော့
သေချာပါတယ် မင်းမှားနေပြီ ။
တကယ်တော့ လူတစ်ယောက်မှာ
ကိုယ်ပျော်ရွှင်ဖို့ မျှော်လင့်ထားတဲ့ လူတေဆီကပဲ
နာကျင်မှုတွေရတာ များပါတယ် ။
ကိုယ်ပျော်ရွှင်ဖို့ ယုံကြည်ထားတဲ့ လူတွေကပဲ
အနာတရတွေပေးတာ များပါတယ် ။

မင်းကတော့ လူတိုင်းကို
စိတ်လိုလက်ရ ရင်းနှီးပြလိုက်တာပဲ ။
ဒါပေမဲ့ တချို့တွေက မင်းအပေါ်
လိုတုန်းခဏပဲ ချိုမှာ ။ မလိုတော့တဲ့အခါ
ဒီသံယောဇဥ်တွေ မင်းကိုဘယ်သူက ပိုမှာလဲ ။

ဒါကြောင့်
အတတ်နိုင်ဆုံး ပျော်ပျော်နေပါ ။
မင်းလိုအပ်တာ တစ်စုံတစ်ယောက်မဖြစ်ပါစေနဲ့ ။
မင်းမှာ နာကျည်းဖို့အတွက် ဒဏ်ရာတွေလည်း လုံလောက်နေပြီပဲ ။ ကျော်ခိုင်းသင့်တဲ့အရာတွေကို ကျောခိုင်းပစ်လိုက်ပါ ။
မဟုတ်ရင် မင်းပဲ ပင်ပန်းနေရဦးမှာ ။
ပြောင်းလဲလွယ်တဲ့အရာတွေကို
မင်းထပ်မျှော်လင့်နေရင်
မင်းပဲ ထပ်ပြီးနာကျင်နေရဦးမှာလေ ။

စိတ်ရှိတိုင်း ရင်းနှီးပြဖို့ဆိုတာ
လူတိုင်းနဲ့မတန်ပါဘူး ။ ဒီတော့
ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်အောင်ပဲ ကြိုးစားပါ ။ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ချစ်သူ ၊ သူငယ်ချင်း ၊ အပေါင်းအသင်း ၊
မိတ်ဆွေတွေ ထပ်ပြီးမလိုချင်ပါနဲ့ ။

Crd
#ပုရစ်

31.12.2022 ​နေ့သူ​ဌေးကိုJade Feast အခမ်းအနားသို့လိုက်ပို့
31/12/2022

31.12.2022 ​နေ့သူ​ဌေးကို
Jade Feast အခမ်းအနားသို့
လိုက်ပို့

19/09/2022

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

Credit:

လူတစ်ယောက်ကို မေးဖူးတယ်ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။ သူကပြောတယ်..စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။ဒါမှမဟုတ် စိတ်ကိုကြည်...
16/09/2022

လူတစ်ယောက်ကို မေးဖူးတယ်
ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။

သူကပြောတယ်..
စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။
ဒါမှမဟုတ် စိတ်ကိုကြည်အောင်ထားတဲ့။

အဲ့တည်းက စိတ်ကို ကြည်အောင်ထားတယ်။
Positive ပဲ ရအောင်တွေးတယ်။
နည်းနည်းလေး အနှောင့်အယှက်ဝင်လာတာနဲ့
ရအောင်ခြစ်ထုတ်တယ်။

သိသိသာသာ ကံကောင်းလာပြီး၊
သိသိသာသာ ပျော်ရွှင်လာပါတယ်။
သိသိသာသာပဲ အကောင်းတွေ ရောက်လာတယ်။
စစ်မှန်တဲ့လူတွေနဲ့ တွေ့လာတယ်။
ဆုံးရှုံးခဲ့တဲ့အရာတွေ တစ်စတစ်စပြန်ရလာတယ်။

ကံက ကိုယ်တိုင်ဖန်တီးရတာပဲ
ဒါကြောင့် ကံကို မယုံဘူး
ကိုယ့်ကိုယ်ကိုယ်ပဲ ယုံပါတယ်။

ပျော်ရွှင်ချင်ရင် စိတ်ကို positive thinking ပဲ
ရအောင်မွေးရပါမယ်။
positive energy ပဲ ဖြန့်ဝေရပါမယ်။

မင်းကိုယ်တိုင်က ပျော်အောင်မနေတတ်ရင်
ဘယ်ဘုရားမှ မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး။

အဆိုးတွေပဲ တွေးနေရင် အဆိုးတွေပဲ ရတယ်။
ကောင်းအောင်နေရင် ကောင်းတဲ့အရာတွေ ဖြစ်လာပါတယ်။
ဒါတကယ် လက်တွေ့ပါ။

ချုပ်ဆိုရရင် စိတ်ကို ကြည်နေအောင်ပဲထားပါ။။
ပျော်ရွှင်မှုတွေကို သိသိသာသာ ရှာတွေ့လာပါလိမ့်မယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာပါလိမ့်မယ်။

🌻🦋
#နော်အိမ့်ခြူးမိုးမြင့်

ကျွန်​တော်၏ Page တွင်ရှိ​​သောချစ်တဲ့ မိသားစု          ​ ​ဆွေမျိုး           သူငယ်ချင်း           မိတ်​ဆွေ     အားလုံး မင...
04/09/2022

ကျွန်​တော်၏ Page တွင်ရှိ​​သော
ချစ်တဲ့ မိသားစု
​ ​ဆွေမျိုး
သူငယ်ချင်း
မိတ်​ဆွေ
အားလုံး မင်္ဂလာပါခင်ဗျာ
၁-၉-၂၀၂၂ ​နေ့မှ
၃၀-၁၁-၂၀၂၂ ​နေ့ထိ
ကားလပြတ်ဌားထားပါသည်

ပြည်တွင်းအဆင့်မြင့်
ခရီးသွားဝန်​ဆောင်မှု့ကိုပုံမှန်
အတိုင်း​လုပ်​ဆောင်​နေပြီး

​ကားလပြတ်ဌားလိုသူများလည်း
ဆက်သွယ်နိုင်ပါသည်

၀၉၂၅၉၀၁၉၆၁၁
၀၉၂၅၉၄၁၅၈၄၈
၀၉၇၉၇၁၀၀၉၄၇
၀၉၇၉၇၁၀၀၉၄၈

ပိုက်ဆံရှာပါ... အရမ်းကောင်းလို့ချစ်သူ ရည်းစားကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ အချစ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားတတ်တ...
31/08/2022

ပိုက်ဆံရှာပါ... အရမ်းကောင်းလို့

ချစ်သူ ရည်းစားကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ အချစ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားတတ်တယ်။😊

ဆွေမျိုး ကြားမှာ ရွှေမရှိရင် ကြာလာတာနဲ့အမျှ အမျိုးဆိုတဲ့ မေတ္တာတွေ တဖြေးဖြေး ပျောက်ကွယ်သွားကြတယ်။😊

သူငယ်ချင်းကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ လျော့ကျတတ်လာတယ်။😊

မေတ္တာစစ်ဆိုတာ ငွေနဲ့ဝယ်လို့မရပေမယ့်
လူရာဝင်ဖိုအြတွက်ဆိုရင် ငွေရှိဖို့လိုပြန်လိမ့်မယ်။😊

ချမ်းသာဖို့ မလိုပေမယ့်
ငွေကြိုးစား ရှာတတ်သူဖြစ်ဖို့ လိုပါလိမ့်မယ်။ 😊

မင်းပြည့်စုံဖို့ မလိုပေမယ့်
ကြိုးစားနေသူဖြစ်ဖို့လိုပါလိမ့်မယ်။ 😊

ပြဿနာဆိုတာ လူတိုင်းမှာရှိကြပါတယ်။
ဒါပေမယ့် ဘာဖြစ်ဖြစ် ပိုက်ဆံရှာပါ 😊

ပိုက်ဆံရှိအောင်သာ အရင်လုပ်
တော်ယုံတန်ယုံ အဆင်မပြေမှုတွေက
ပိုက်ဆံနဲ့ ပြီးတယ်တဲ့... ။ (တချို့ထဲကပါ)😊😊😊

မေတ္တာများစွာဖြင့်ပြန်လည်၍မျှဝေသည်။😊
😊😊😊
#ဗဟုသုတအသစ်တွေ

မ​နေ့က ၇မိုင် အနီး ကုမုဒြာ              ဟိုတယ် အပို့ယ​နေ့    ၅မိုင် DDOD  အကြို
25/08/2022

မ​နေ့က ၇မိုင် အနီး ကုမုဒြာ
ဟိုတယ် အပို့
ယ​နေ့ ၅မိုင် DDOD အကြို

ချစ်မိတ်​ဆွေ​ပေး​သောခရီးစဥ်​လေယာဥ်ကွင်းကြိုမန္တ​လေးမြို့တွင်းသုံး ၂ ရက်​လေယာဥ်ကွင်းပို့
14/08/2022

ချစ်မိတ်​ဆွေ​ပေး​သောခရီးစဥ်
​လေယာဥ်ကွင်းကြို
မန္တ​လေးမြို့တွင်းသုံး ၂ ရက်
​လေယာဥ်ကွင်းပို့

က​လော ၂ ညအိပ် ၃ ရက်ခရီးစဥ်မန္တ​လေးမြို့ပြန်လည်​ရောက်ရှိ
13/08/2022

က​လော ၂ ညအိပ် ၃ ရက်ခရီးစဥ်
မန္တ​လေးမြို့ပြန်လည်​ရောက်ရှိ

ပုဂံ​ညောင်ဦးမှမန္တ​လေးသို့ပြန်လည်​ရောက်ရှိ
10/08/2022

ပုဂံ​ညောင်ဦးမှမန္တ​လေးသို့
ပြန်လည်​ရောက်ရှိ

ပုဂံ​ညောင်ဦးလွင်ရိုက်​သောသတိုးသား သတိုးသမီးအလှရိုက် ဓါတ်ပုံများ
09/08/2022

ပုဂံ​ညောင်ဦးလွင်ရိုက်​သော
သတိုးသား သတိုးသမီး
အလှရိုက် ဓါတ်ပုံများ

ယ​နေ့ ကုသိုလ်​တော်ဘုရားတရုတ် ဘုံ​ကျောင်းCafe Cityပုဂံ​ညောင်ဦး ​ရောက်ရှိ
08/08/2022

ယ​နေ့ ကုသိုလ်​တော်ဘုရား
တရုတ် ဘုံ​ကျောင်း
Cafe City
ပုဂံ​ညောင်ဦး ​ရောက်ရှိ

မင်္ဂလာ​ဆောင်အလှဓါတ်ပုံရိုက်ရန်အတွက်ပြင်ဦးလွင်ရှိ  ထင်းရှုးမြိုင်​ရောက်ရှိ
07/08/2022

မင်္ဂလာ​ဆောင်
အလှဓါတ်ပုံရိုက်ရန်အတွက်
ပြင်ဦးလွင်ရှိ ထင်းရှုးမြိုင်
​ရောက်ရှိ

👉သက်ဆိုင်သူများအတွက် လိုအပ်ခဲ့လျှင်👈 #ကားအငှားဝန်ဆောင်မှု #မိမိဇာတိပြန်ချင်လို့ပဲ ဖြစ်စေ... #နယ်ဝေး ရပ်ဝေး သွားရောက်၍ အလ...
07/06/2022

👉သက်ဆိုင်သူများအတွက် လိုအပ်ခဲ့လျှင်👈
#ကားအငှားဝန်ဆောင်မှု

#မိမိဇာတိပြန်ချင်လို့ပဲ ဖြစ်စေ...
#နယ်ဝေး ရပ်ဝေး သွားရောက်၍ အလုပ်လုပ်ချင်သူများအတွက်ဖြစ်စေ...
#ဘုရားဖူး / အပန်းဖြေ ခရီးသွားချင်လို့ဖြစ်စေ...
#​မင်္ဂလာဆောင် / ပွဲတက် /
ဘွဲ့ယူ / အစည်းဝေးသွားချင်သူများအတွက်ဖြစ်စေ...
#မင်္ဂလာ​ဆောင် အလှဓါတ်ပုံ
ရိုက်ရန်အတွက်ကားလိုသည်
ဖြစ်​စေ....
လူကြီးမင်းတို့ရဲ့ သွားလာရေးလွယ်ကူစေရန်အတွက်
Toyota Alphard ကားများဖြင့်
ယာဥ်ငှားဝန်ဆောင်မှု ​ပေး​နေပါ
တယ်ခင်ဗျာ
လူကြီးမင်းတို့အတွက်သက်သာ
​သော​စျေးနုံး ​ကောင်းမွန်​သော ဝန်ဆာင်မှုများဖြင့်
လူကြီးမင်းတို့စိတ်တိုင်းကျ
ဆောင်ရွက်ပေးမှာပါ☺☺
#ထို့ကြောင့် မ်ိတ်ဆွေတို့ သွားဖို့ plan များရှိခဲ့လျှင် ........
Hello လေးပဲလုပ်လိုက်ပါ မြို့တွင်း/နယ်ဝေး/ဘုရားဖူးခရီးစဉ်များကို လက်ရှိဆီဈေးနဲ့အဆင်ပြေအောင် ညှိနှိုင်းပြီးဝန်ဆောင်မှုပေးပါမယ် ရက်ရှည်ခရီးစဉ်များကိုလဲ( အကျန် )နဲ့လိုက်ပေးပါတယ် လူကြီးမင်းတို့ဘက်က ကြိုတင်ပြီးပြောထားဖို့တော့လိုပါတယ် ထမင်းရှင်တွေကျေးဇူးပါ 🙏🙏🙏

📱09404239377
09259415848
09797100948
09797100947

"အမြင့်ကို ပျံတက်လိုက်စမ်းပါ"*********************တစ်ရက်မှာ ဘုရင်ကြီးတစ်ပါးကို သူ့လက်အောက်ခံ နယ်ပယ်တစ်ခုရဲ့ နယ်စားကြီးက ...
03/05/2022

"အမြင့်ကို ပျံတက်လိုက်စမ်းပါ"
*********************
တစ်ရက်မှာ ဘုရင်ကြီးတစ်ပါးကို သူ့လက်အောက်ခံ နယ်ပယ်
တစ်ခုရဲ့ နယ်စားကြီးက လက်ဆောင်ပေးလာပါတယ်။ လက်ဆောင်က
အလွန်လှပတဲ့ သိမ်းငှက်နှစ်ကောင်ပါ။ ဘုရင်ကြီးဟာ ဒီလောက်လှတဲ့
သိမ်းငှက်မျိုးကို တစ်ခါမှ မမြင်ဖူးလို့ အလွန်သဘောကျနေတယ်။ ဘုရင်ကြီး
ဟာ သိမ်းငှက်နှစ်ကောင်ကို ငှက်တွေကို လေ့ကျင့်ပေးသူဆီ လေ့ကျင့်ပေးဖို့
အပ်လိုက်တယ်။

လေ့ကျင့်သူဟာ သိမ်းငှက်နှစ်ကောင်ကို နေ့စဉ် လေ့ကျင့်ပေးနေ
တာ လပေါင်း အတော်ကြာသွားပြီးတစ်ရက်မှာ သူဟာ ဘုရင်ကြီးဆီကို
အခစားဝင်ပြီးလျှောက်တင်လိုက်တယ်။ သိမ်းငှက်နှစ်ကောင်ထဲက တစ်ကောင်
ကို ကောင်းကင်အမြင့်ကြီးမှာ ပျံဝဲအောင် လေ့ကျင့်လို့ရပေမယ့် နောက်
တစ်ကောင်ကတော့ သစ်ပင်ရဲ့ အကိုင်းမှာ အမြဲတမ်း ခိုနားနေပြီးဘယ်မှ
မသွားဘူး။ အမြင့်ကိုလည်း ပျံမတက်ဘူး။ ပျံတက်အောင်လုပ်လို့လည်း
မရဘူးတဲ့။
“ကျွန်တော်မျိုး တသက်မှာ ဒီလောက် ခေါင်းမာတဲ့
ငှက်မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်မျိုး သူ့ကို အစာ
ပြပြီးမျှားခေါ်တယ်။ ရိုက်မယ့်ဟန်ပြပြီးခြောက်လှန့်တယ်။ ဒါပေမဲ့
သစ်ကိုင်းပေါ် နားနေရာကနေ လုံးဝမရွေ့ဘူး။ ကျွန်တော်မျိုး
လည်းဘာဆက်လုပ်ရမှန်းမသိတော့လို့ အရှင်မင်းကြီးပေးတဲ့

အပြစ်ကို ခံယူရုံပါပဲဘုရား”
လို့ ငှက်လေ့ကျင့်သူက လျှောက်တင်တယ်။

ဘုရင်ကြီးက ငှက်လေ့ကျင့်သူဟာ သူ့နိုင်ငံမှာ အတော်ဆုံး
တစ်ယောက်ဖြစ်နေလို့ သူ့ကို အပြစ်မယူဘဲ သိမ်းငှက်ကို နောက်ထပ်
လေ့ကျင့်ပေးဖို့ အချိန်ထပ်ပေးလိုက်တယ်။

လပေါင်းများစွာ ကုန်လွန်သွားပြန်ပြီ။ ဒါပေမဲ့ သိမ်းငှက်ဟာ
အရင်အတိုင်းပဲ သစ်ကိုင်းပေါ်က လုံးဝမရွေ့ပါဘူး။ ငှက်လေ့ကျင့်သူလည်း
ဒီတစ်ခါတော့ လုံးဝလက်လျော့လိုက်ပြီ။ ဘုရင်ကြီးလည်း ပရောဟိတ်
ပုဏ္ဏားတွေ၊ ဗေဒင်ဆရာတွေကို ခေါ်ပြီးအဲဒီသိမ်းငှက်ကို သစ်ကိုင်းပေါ်က
ရွေ့အောင် လုပ်ခိုင်းတယ်။ သူတို့လည်း ဂါထာမန္တာန်တွေ ရွတ်ဆိုပြီး
သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ ပျံတက်အောင် ကြိုးစားလုပ်ကြတယ်။
ဒါလည်း သိမ်းငှက်ဟာ အရင်အတိုင်းပါပဲ။ သစ်ကိုင်းပေါ်က လုံးဝမရွေ့
ပါဘူး။ ဘုရင်ကြီးလည်း အတော်စိတ်ပျက်နေပြီ။ အဲဒီသိမ်းငှက်ကို သတ်ပစ်
ချင်လာနေတယ်။ ဒါပေမဲ့ လှပတဲ့သိမ်းငှက်မို့ မသတ်ရက်ဘူး။

တစ်ရက်မှာ လယ်သမားတစ်ယောက်ဟာ နန်းတော်အနားဖြတ်
သွားရင်း အဲဒီသိမ်းငှက်အကြောင်း လူတွေ ပြောနေကြတာကို ကြားလိုက်
မိတယ်။ သူက မှူးမတ်တွေကို သွားတွေ့ပြီး သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ

ကောင်းကင်ကို ပျံတက်အောင် စမ်းလုပ်ကြည့်ချင်ကြောင်း ပြောပြတယ်။
မှူးမတ်တွေလည်း ဘုရင်ကြီးကို အဲဒီအကြောင်းကို လျှောက်တင်ကြတယ်။
ဘုရင်ကြီးလည်း သူ့မှာ လုပ်ပေးနိုင်သူမရှိလို့ လယ်သမားကို စမ်းလုပ်
ကြည့်ခွင့်ပေးလိုက်တယ်။

နောက်နေ့မှာ မှူးမတ်တွေက လျှောက်တင်ကြလို့ ဘုရင်ကြီး
လည်း နန်းတော်ရဲ့ လေသာဆောင်ကိုသွားပြီး ကောင်းကင်ယံကို မော့ကြည့်
လိုက်တယ်။ ကောင်းကင်အမြင့်မှာ သူ့သိမ်းငှက်နှစ်ကောင်ဟာ အတူ ပျံဝဲ
နေကြတာကို တွေ့လိုက်ရတယ်။ ဘုရင်ကြီးလည်း အလွန်အားရကျေနပ်လို့
လယ်သမားကို ရှေ့တော်မှောက် ဆင့်ခေါ်ပြီး သစ်ကိုင်းပေါ်ကနေ ဘယ်မှ
မသွားတဲ့ သိမ်းငှက်ကို ဘယ်လို လေ့ကျင့်ပေးသလဲလို့ မေးလိုက်တယ်။
လယ်သမားက ရိုးသားစွာပဲ ဖြေလိုက်ပါတယ်။ “သူနားနေကျ သစ်ကိုင်းကို
ကျွန်တော်မျိုး ဓားနဲ့ ခုတ်ဖြတ်လိုက်ပါတယ် အရှင်မင်းကြီး” တဲ့။

ကျွန်တော်တို့ လောကမှာ လူလာဖြစ်လာကြတာ အောက်ခြေ
အဆင့်မှာပဲ ကျေနပ်ပြီး နေနေကြဖို့ မဟုတ်ပါဘူး။ အမြင့်ကို ပျံတက်နိုင်
ကြဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း မိဘ၊ ဆွေမျိုးစတဲ့ သစ်ကိုင်းတွေပေါ်မှာ
နားနေရင်း သာယာနေကြတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး အပေါ်ကို
ပျံမတက်ချင်ကြဘူး။ အဲဒီလိုနေရတဲ့ ဘဝမှာ ပျော်နေကြလို့ အပြောင်းအလဲ
မလုပ်ချင်ကြဘူး။ အပြောင်းအလဲမလုပ်ရင် ဘဝဟာ တိုးတက်မှုရှိမှာ
မဟုတ်ဘူး။ ဒါကြောင့် သင် မှီခိုအားထားနေတာတွေကို ဖြတ်တောက်
စွန့်လွှတ်ပြီး အခုပဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားလိုက်စမ်းပါ။ အမြင့်ကို ရဲရဲကြီး
ပျံတက်လိုက်စမ်းပါ။ အမြင့်ရောက်မှ ကမ္ဘာကြီးကို အပေါ်စီးက မြင်ရတဲ့
အရသာဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို အမြင့်ရောက်ဖူးသူတွေ
သိကြပါတယ်။
#ဗန်းမော်သိန်းဖေ

Credit Original Writer

မောင်လွှား

12.4.22  မှ  14.4.22 ထိမန္တ​လေသူ​ဌေး​က​​ပေး​သောတောင်ကြီးခရီးစဥ်ပါခင်ဗျာသူ​ဌေးမိသားစုကျန်မာချမ်းသာပါ​စေ​ကြောင်း FamiIy Tr...
15/04/2022

12.4.22 မှ 14.4.22 ထိ
မန္တ​လေသူ​ဌေး​က​​ပေး​သော
တောင်ကြီးခရီးစဥ်ပါခင်ဗျာ
သူ​ဌေးမိသားစုကျန်မာချမ်းသာ
ပါ​စေ​ကြောင်း FamiIy Travel
& Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​တောင်းပါသည်
ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

10.4.2022 ​နေ့ခရီးစဥ်မဟာမုနိရုပ်ရှင်​တော်မြတ်ကြီးမျက်နှာသစ်​တော်​ရေ ကပ်လှူ ဖူး​မျှော်ဆွမ်းဦးပုညရှင်ဥမင်သုံးဆယ်ပုထိုး​တေ...
10/04/2022

10.4.2022 ​နေ့ခရီးစဥ်
မဟာမုနိရုပ်ရှင်​တော်မြတ်ကြီးမျက်နှာသစ်​တော်​ရေ ကပ်လှူ
ဖူး​မျှော်

ဆွမ်းဦးပုညရှင်
ဥမင်သုံးဆယ်
ပုထိုး​တော်ကြီးး
မင်းကွန်း​ခေါင်း​လောင်းကြီး
မြသိန်းတန်​စေတီ

စိတ်ထားဖြူစင်ပြီး သ​ဘောထား​ကောင်း​သော မိတ်​ဆွေများကို​ကျေးဇူတင်ပါသည်ခင်ဗျာ
လုပ်ငန်းများ အဆင်​ပြေပြီး
ကျန်းမာချမ်းသာပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှဆုမွန်​ကောင်း​တောင်းပါသည်ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

06/04/2022

"ကျွန်တော်ကြိုးစားရဦးမယ်"

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။
လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။

#မောင်သာချို

23/03/2022

မန္တ​လေးကသူ​ဌေးမိသားးစုကို
ရန်ကုန်သွား​ရောက်ကြိုဆိုပြီး
မန္တ​လေးမြို့သို့ပြန်လည်​ရောက်ရှိ

ယ​နေ့ခရီးစဥ်​လေးပါစစ်ကိုင်းမြို့စန္ဒာရာမသီလရှင်စာသင်တိုက်ပြင်ဦးလွင်က ခိုင်ခိုင်​​ကျော် ထမင်းဆိုင်ပုလဲဖြူ ဆွယ်တာ -2M 2.0...
23/03/2022

ယ​နေ့ခရီးစဥ်​လေးပါ
စစ်ကိုင်းမြို့စန္ဒာရာမသီလရှင်စာသင်တိုက်
ပြင်ဦးလွင်က
ခိုင်ခိုင်​​ကျော် ထမင်းဆိုင်
ပုလဲဖြူ ဆွယ်တာ -2
M 2.0 ​ကော်ဖီဆိုင်​
ခရီးစဥ်အတွင်း အစစ အရာရာ ဂရုစိုက်တဲ့
မန္တ​လေးက သူ​ဌေးမိသားစုကို​
ကျေးဇူးတင်ပါသည်ခင်ဗျာ
လုပ်ငန်းများအဆင်​ပြေပြီး
စီးပွားဥစ္စာတိုးတက်ပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​တောင်းပါသည်ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

ရန်ကုန်  ပြည်လမ်းက Jasmine Palace Hotel သို့​ရောက်ရှိ မန္တ​လေးက သူ​ဌေးမိသားစုကို ကြိုရန်အတွက်ရန်ကုန်မြို့ကိုကြိုတင်​ရောက...
21/03/2022

ရန်ကုန် ပြည်လမ်းက Jasmine Palace Hotel
သို့​ရောက်ရှိ

မန္တ​လေးက သူ​ဌေးမိသားစုကို ကြိုရန်အတွက်
ရန်ကုန်မြို့ကိုကြိုတင်​ရောက်ရှိ​နေခြင်းဖြစ်ပါသည်ခင်ဗျာ
ယုံကြည်စိတ်ချစွာအသုံးပြု​သော
သူ​ဌေးမိသားစုကိုအထူး​ကျေးဇူးတင်ပါသည်
ကျန်းမာ ချမ်းသာစွာဖြင့် ဘဝကို
​အောင်မြင်စွာဖြတ်သန်းနိုင်ပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​​တောင်းပါသည်
၀၉ ၇၉၇ ၁၀၀ ၉၄၈

၇ ရက် သား - အမီး  အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ  စွာဖြင့်  ဘဝကို​အောင်မြင်စွာဖြတ်သန်းနိုင်ပါ​စေ​ကြောင်းFamily Travel &...
20/03/2022

၇ ရက် သား - အမီး အားလုံး
စိတ်ချမ်းသာ
ကိုယ်ကျန်းမာ စွာဖြင့် ဘဝကို​အောင်မြင်စွာ
ဖြတ်သန်းနိုင်ပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​တောင်းပါသည်ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

20/03/2022

၂၀.၃.၂၂ ​နေ့တွင်​တောင်ကြီးမြို့မှ
မန္တ​လေးမြို့သို့ပြန်လည်​ရောက်ရှိ

၁၈.၃.၂၂ ​​၁၉.၃.၂၂  ​တောင်ကြီးမြို့သို့​ရောက်ရှိ​နေပါသည်ခင်ဗျာယုံကြည်စိတ်ချစွာအသုံးပြု​သောသူ​ဌေးမိသားစုကိုအထူး​ကျေးဇူးတင်...
19/03/2022

၁၈.၃.၂၂ ​​
၁၉.၃.၂၂ ​တောင်ကြီးမြို့သို့​
ရောက်ရှိ​နေပါသည်ခင်ဗျာ
ယုံကြည်စိတ်ချစွာအသုံးပြု​သော
သူ​ဌေးမိသားစုကိုအထူး​ကျေးဇူးတင်ပါသည်
အလုပ်အကိုင်အားလုံးအဆင်​ပြေပြီး
ကျန်းမာ ချမ်းသာ ပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်းပါသည်ခင်ဗျာ
၀၉ ၉၇၉ ၁၀၀ ၉၄၈

၁၁.၃.၂၂ ​တောင်ကြီးမြို့တွင်ရှိ​နေပြီး၁၂.၃.၂၂  ​နေ့တွင်မန္တ​လေးမြို့တွင်ပြန်လည်​ရောက်ရှိမည်မန္တ​လေးမြို့မှသူ​ဌေးမိသားစုကိ...
12/03/2022

၁၁.၃.၂၂ ​တောင်ကြီးမြို့တွင်ရှိ​နေပြီး
၁၂.၃.၂၂ ​နေ့တွင်မန္တ​လေးမြို့တွင်ပြန်လည်
​ရောက်ရှိမည်
မန္တ​လေးမြို့မှသူ​ဌေးမိသားစုကို
အထူး​ကျေးဇူးတင်ရှိပါသည်ခင်ဗျာ
လုပ်သမျှလုပ်ငန်းအားလုံးအဆင်​ပြေပြီး
ကျန်းမာချမ်းသာပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​တောင်းပါသည်ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

10.3.22 ​တောင်ကြီးခရီးစဥ်​လေးပါ
11/03/2022

10.3.22 ​တောင်ကြီးခရီးစဥ်​လေးပါ

ချစ်မိတ်​ဆွေက​ပေး​သောရန်ကုန်အပို့ခရီးစဥ်​လေးပါခင်ဗျာ  ၈.၃.၂၂      ၉.၃.၂၂သူ​ဌေးမိသားစုကိုလိုက်ပို့​သောခရီးစဥ်​လေးက​နောက်တ...
09/03/2022

ချစ်မိတ်​ဆွေက​ပေး​သောရန်ကုန်အပို့ခရီးစဥ်​လေး
ပါခင်ဗျာ ၈.၃.၂၂ ၉.၃.၂၂

သူ​ဌေးမိသားစုကိုလိုက်ပို့​သောခရီးစဥ်​လေးက
​နောက်တစ်ခု​ပေါ့ ၈.၃.၂၂ ၉.၃.၂၂
ရန်ကုန်မှာ ညီကိုနှစ်မထင်မှတ်ဘဲဆုံသွားတယ်

သူ​ဌေးမိသားစုကလဲ စိတ်ရင်း​ကောင်း /
မ​နောဖြူတဲ့ မန္တ​လေးသူက

သူတို့မိသားစုနဲ့အတူ ရန်ကုန်မြို့ ညစာအဖြစ်
နာနတ်​တောလမ်းက ​ရွှေ​ကောင်း​ ​ဟော​ပေါ့

နံနက်စာ အဖြစ် ၁၅၀၀၀ တန်
ရန်ကုန်မြို့က မုန့်ဟင်းငါး ​တွေ​​စားရပါတယ်
ခင်ဗျာ
သူ​ဌေးမိသာစုအားလုံး ချစ်ချစ်ခင်ခင်
ကျန်းမာချမ်းသာပါ​စေ​ကြောင်း
Family Travel & Tour Agency မိသားစုမှ
ဆုမွန်​ကောင်း​တောင်းပါသည်ခင်ဗျာ
၀၉ ၇၉၇ ၁၀၀ ၉၄၈

04/03/2022

ပြောချင်တာနဲ့ ကွက်တိ

အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုး ရောင်းရတာတို့၊
ကြက်ဒုတ်ထိုးရောင်းပြီး အိမ်ပိုင်တာတို့၊
ငပိရည် ကြက်သားသုပ်ရောင်းပြီး တိုက်ဆောက်တာတို့၊
ကွမ်းယာရောင်းပြီး နိုင်ငံခြားမှာ သားသမီးကို ကျောင်းထားတာတို့၊
ဘေထုတ်ရောင်းပြီး ကား၀ယ်တာတို့ စတာတွေကို
လိုင်းပေါ်မှာချီးကျူးတာထက် ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်.......
၂၀၁၈ခုနှစ်လောက်က ထင်တယ်၊
expressစီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့၊
ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှ အကုန်ကြားနေရတာ၊
ဒရိုင်ဘာက ငြီးငြူနေတာ ငါတစ်လ(၁၅)သိန်းကျော်ရတယ်
အခုထိအဖတ်တင်တာဘာမှမရှိဘူးတဲ့ ငါ့စပယ်ယာက တလ (၁)သိန်းခွဲဘဲရတယ်
အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ၀ယ်ပြီးပြီတဲ့၊
အဲ့‌ဒီကောင်ကွာ နဲနဲနောနောတွက်ကပ်တဲ့ကောင် မဟုတ်ဘူးတဲ့၊
ဒီ‌ကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး၊ အပြင်မုန့်ပဲသရေစာ ဘာမှမစားဘူး၊
အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်၊ ဂိတ်ရောက်ရင်‌ကျွေးတာ စားတယ်၊
ရယ်ဒီမိတ်ကော်ဖီ တစ်ထုတ်(၂)ခါခွဲသောက် တယ်တဲ့၊ အပြင်အ၀တ်အစား မ၀ယ်ဘူးတဲ့ ဒါကကိုယ်တွေ့ နားနဲ့ကြားခဲ့တာ...
နောက်စတိုရီတပုဒ်ကတော့ ကြားဖူးနား၀ပါ
ဘာလဲဆိုတော့ ရွာတရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သားမိသားစု (၂)စုရှိတာပေါ့
နှစ်တွေအတော်လေး ကြာလာတော့လယ် လုပ်သားမိသားစု တစုကတိုက်နဲ့တာနဲ့ အိမ်ဆိုင်အကြီးကြီးနဲ့ ရုတ်တရက်ကြီး ဖြစ်လာတာပေါ့
အဲ့ဒါနဲ့ဆင်းရဲမြဲ ဆင်းရဲဆဲအိမ်က အရမ်းသိချင်လာတော့
အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေး၀ယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့၊
မင်းတို့နဲ့ ငါတို့နဲ့အတူတူ နှစ်တွေဖြတ်သန်းလာတာ၊
မင်းတို့ကဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း၊ ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့…..
အဲ့ဒီမှာ သူဌေးကဘယ်လို ဖြေလိုက်လဲဆိုတော့
"မင်းတို့က၀က်သားဟင်း စော စားခဲ့ကြတာ‌ကိုးတဲ့"
အဲ့ဒီမှာ သူဆင်းရဲလယ်သမားက ဒါလဲဟုတ်ပေတာဘဲ
ငါတို့နေ့တိုင်းရသမျှ ငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ၀ယ်ခြမ်းစားသောက်
နေတဲ့အချိန်မှာ သူတို့အိမ်ကလယ်ကန်သင်းက ကန်‌ဇွန်းရွက်လေးခူးကြော်၊
ငပိထောင်းလေးနဲ့ နေခဲ့ကြတာဘဲလေတဲ့၊ ဒါကကြားဖူးနား၀ ဘယ်က‌စတယ်တော့ မသိပေမယ့်
"မင်းက ၀က်သားဟင်း စော စားခဲ့တာကိုး"ဆိုတဲ့စကားကို ကြိုက်လို့ မှတ်ထားတာ........
နောက်ထပ် ရှိသေးတယ် ၊
အရင်အင်္ဂလိပ်ခေတ်ပြီးစအချိန် မြို့တစ်မြို့မှာပေါ့၊မြို့လယ်ခေါင်မှာbal mar အိမ်တွေရှိတယ်
အဲ့ဒီအိမ်တွေရဲ့ အောက်မှာ Kal larrတွေကတွန်းလှည်းဆိုင်လေးတွေ ဖွင့်ထားကြတယ်၊
နိုင်ငံရေးအခြေ
အနေတွေမကောင်း ခေတ်ပျက်နေတဲ့အချိန်ဆိုတော့ bal marတွေကအိမ်ထဲမှာဘဲနေ
အိမ်အောက်ထက်မှာ တွန်းလှည်း ဆိုင်လာဖွင့်နေတဲ့ Kal larr တွေဆီက
ဆန်လေးယူလိုက်၊ ဆီလေးယူလိုက်၊ တံမြက်စည်းလေးယူလိုက်၊ကွမ်းဆေးလိပ်လေးယူလိုက် ပြီးရင်
အကြွေးမှတ်ထားအုန်းနော်ပေါ့၊
ဒီလိုနဲ့ Bal Mar တွေကလဲ ရသလောက်အကြွေးယူပြီးရင် မှတ်ထားခိုင်း ၊
တကယ့်ကို ပေါ့ပေါ့ဆဆနော်
အဲ့လိုအချိန်Kal Larr တွေက
"ပဲ"ဟင်းချက် ၊ခြေမကြားထဲ"ငရုတ်သီး"တောင့်ညှပ်ပြီး ရှိစုမဲ့စုနဲ့ ကြိတ်မှိတ်စားတာ၊
အကြွေးတောင်းသမျှ ပေးတယ်၊ရသမျှလိပ်စုတယ်၊
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဟိုကစားရင်းဇယားနဲ့လာတာ၊
မပေးနိုင်ရင် အိမ်သိမ်းဘဲ၊
ဘာမှ လာမပြောနဲ့တော့၊တရားရင်ဆိုင်လဲ ရှုံးလေ၊
လက်ထဲတပြားတချပ်မှ မရှိကြတာ၊အဲ့ဒါနဲ့ အဲ့မြို့လယ်ခေါင်အိမ်တွေ အကုန်လုံးဟာ
သူတို့ဆီ ပါသွားကြရောတဲ့၊
ဒါက အိမ်ကအဘွား ပြောပြတာ ....
ဆိုလိုချင်တာက
သူတစ်ပါးအောင်မြင် ဖြစ်ထွန်းသွားတဲ့အခါ
ရုတ်တရက်ကြီး ချမ်းသာလာတာလား၊
ဖြစ်ကိုမဖြစ်နိုင်ဘူး၊
မဟုတ်တာ လုပ်စားလို့၊
ဖြတ်လမ်းနည်းနဲ့လုပ်လို့ရလာတာလို့
ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့မရဘူး
သူတို့ဘယ်လို ဒုက္ခခံ၊ဘယ်လို အငတ်ခံ၊
အခက်အခဲတွေကြားဘယ်လိုဖြတ်သန်းခဲ့သလဲ၊
လူ့စည်းစိမ်ကို တစ်ပါးသူတွေခံစားနေချိန်မှာ
သူတို့မနက်(၄)နာရီထပြီး ဈေးပေါပေါပဲပဲကုန်စိမ်းတွေ လိုက်ကောက်၊
တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊ ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊
နားလည်နိုင်စွမ်း ရှိရမယ်။
လူ့စည်းစိမ်ကို လူတိုင်း ၀ယ်စား ၊အကြိုက်တယ်၊
စားချင်တာလေးတွေလုပ်
မယ်မယ်ရရ မရှိဘဲဖုန်းသုံး၊
တီဗီကြည့် စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊
တစ်ခုခုအားထည့်မယ် မကျန်သေးဘူး၊နားအုန်းမယ် နားချင်ပြီ
အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား ၊လုပ်ချင်ပါတယ်၊
လုပ်လို့လည်း ကောင်းပါတယ်၊
ဒါပေမယ့် အဲ့လိုလူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်.....
ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့၊
သင့်တင့်မျှတအောင် မစားဘဲနဲ့
nutrition out ပြီး
စုဆောင်းထားသမျှ ဆေးရုံမှာကုန်တယ် ဆိုတာလည်း မဟုတ်သေးဘူး၊
ဒါပေမယ့် ကိုယ်မလိုချင်တဲ့ ဘ၀တစ်ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့
မလုပ်ချင်လည်းလုပ်၊မတွက်ကပ်ချင်လဲ
တွက်ကပ်ရတော့မယ့် အရာတွေ ရှိလာတတ်တယ်၊
ငွေပေါ်ငွေဆင့်ပြီး ရှာဖို့လည်း အရင်းအနှီးမရှိရင်တော့ ကပ်စေနည်းတဲ့ နည်းလမ်းကိုရွေးချယ်တာ အသင့်တော်ဆုံးပါ.....
အာဟာရ သင့်တင့်မျှတအောင် စားပြီးစုနိုင်ဆောင်းနိုင်ကြပါစေ……

Address


Telephone

+959797100948

Website

Alerts

Be the first to know and let us send you an email when Family Travel & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Family Travel & Tour Agency:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share