Online Registration US DV lottery, Myanmar.

  • Home
  • Online Registration US DV lottery, Myanmar.

Online Registration US DV lottery, Myanmar. US DV lottery registration service
(2)

04/05/2024

မနှစ်ကထက်တော့ ပေါက်တဲ့သူများပါစေ။
အင်တာဗျူးအကုန်ခေါ်နိုင်ပါစေ။

🇲🇲 မြန်မာစံတော်ချိန်
ည ၁၀:၃၀

အဖြေစစ်ရန် တခုတည်းသော အစစ်အမှန် Link

👇🏽👇🏽👇🏽👇🏽👇🏽

https://dvprogram.state.gov/ESC/

May/4/2024

02/05/2024

🚨🚨2025 DV ထွက်ရန် ၃ရက်သာလိုတော့သည်။ 🚨🚨

19/04/2024

DV ပေါက်သော်ငြား ‌‌ေသချာပေါက် သွားရဖို့
မကျိန်းသေပါ။

Case number အငယ်ဆုံးနဲ့ပေါက်ရပါလို၏လို့ နည်းနည်းပိုပြီးဆုတောင်းကြပါ 🥹🥹

မနှစ်က caseနံပါတ်အကြီးများနဲ့ပေါက်သူများ စိတ်မကောင်းဖြစ်ရပါတယ်။ သို့ပေမယ့် ၇လပိုင်း နောက်ဆုံးထားပြီး စောင့်ကြည့်ကြပါ။

အောက်တိုဘာလ ၂၀၂၃မှာ လျှောက်ခဲ့ကြတဲ့ DV 2025 visa ကံစမ်းမဲရလဒ်ကတော့ နောက်လ ထဲမှာ ထွက်လာပါတော့မယ်။

အားလုံးပဲ ဆုတောင်းကြစို့ပါ😇

19/11/2023
03/10/2023
03/10/2023

😲😲ဒီနေ့ကစ လကုန်ထိ DV စတင် လက်ခံနေပါပြီ‌ဗျို့ 😲😲

ကဲ ဒီနှစ်အတွက် DV တင်ရမယ့် ရက်‌ေရာက်လို့လာပါပြီ။ OCT 4 ရက်နေ့ ဒီနေ့မှာ DV တင်လို့ရပြီ ဖြစ်ကြောင်း US Department of state:Consular Affairs မှ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အဲ့တော့ အချက်အလက်တွေစုပြီး ဓာတ်ပုံလေးတွေ ရိုက်ပြီးရင် page message box ကိုလာရောက်ဆက်သွယ်ပါနော် ။

မရိုက်ရသေးဘူးဆိုရင် ဓာတ်ပုံအတွက်လိုအပ်ချက်ကို အောက်မှာဖော်ပြပေးပါမယ်။ ဓာတ်ပုံဆိုင်မှာ Us DV တင်ဖို့အတွက်လို့ပြောပြီးရိုက်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်သည် မိသားစုဆို (2)စောင်လျှောက်သင့်ပါတယ်။ အမျိုးသား တစ်စောင်၊ အမျိုးသမီးတစ်စောင် ကလေးရှိရင် ကလေးတွေပါ တစ်ခါထဲထည့်ပါ။

မိသားစုထဲမှာ (21)နှစ်အောက် ကလေးတွေဆိုရင် မိဘနဲ့အတူ တစ်စောင်ထဲ ပေါင်းလျှောက်လို့ရပေမယ့် (21)နှစ်ပြည့်သွားရင်တော့ ကိုယ့်ဘာကိုယ် သီးသန့်တစ်စောင်လျှောက်ရမှာဖြစ်ပါတယ်။

ကဲ ဘယ်လိုလဲ OCT 4 ရက်နေ့အတွက် ready ပဲလား။

လိုအပ်ချက်တွေကတော့ ဦးဆောင်လျှောက်သူရဲ့

1) အမည်

2) မွေးနေ့ခုနှစ်

3) မွေးရပ်ဇာတိ

4) ဖုန်းနံပါတ်

5) ပညာအရည်အချင်း

6) E mail adress

7) လက်ရှိနေရပ်လိပ်စာအပြည့်အစုံံ

8) 2" ပါတ်လည် ဓာတ်ပုံ (မျက်မှန်မတပ်ရ၊ဆံပင်မချထားရ၊ကြည်လင်ရှင်းလင်း​သည့် ရောင်စုံဓာတ်ပုံ ဖြစ်ရမည်။ နောက်ခံ အရောင်က အဖြူရောင်ဖြစ်ရမည်။)

9) အိမ်ထောင်ရှိသူဖြစ်ပါက

a)ဇနီး(or)ယောကျာ်းနာမည်

b)ကလေးနာမည်

c)မွေးနေ့ခုနှစ် တစ်ယောက်ချင်းစီ

d) မွေးရပ်ဇာတိ တစ်ယောက်ချင်းစီ

e) ဓာတ်ပုံ တစ်ယောက်ချင်းစီ

ဒါတွေလိုအပ်ပါတယ်။

မှတ်ချက်။ အချက်အလက်တစ်ခုထဲကို (2)ခါတင်မိရင် Auto cancel ပါနော်။ သတိထားကြဖို့ပါ။ ကိုယ်တင်မယ့်သူတွေလည်း တင်ကြပါ။

တစ်ယောက် ၇၀၀၀ကျပ်နဲ့
မိသားစုဝင် တစ်ယောက်တိုးရင် ၃၀၀၀ကျပ်ပါ။

Agent အပ်မယ့်သူတွေလည်း အပ်လို့ရပါတယ်။

ဝန်ဆောင်မှုပေးဖို့အဆင်သင့်ရှိပါတယ်။

ဝန်ဆောင်မှုထဲမှာဘာတွေပါမလဲဆိုရင်

1) Comfirmation no ကို email က တစ်ဆင့်ပြန်ပို့ပေးခြင်း။

2) မိမိတို့ဘက်မှလည်း သိမ်းထားပေးခြင်း။DV ထွက်တဲ့အချိန်မှာ DV ထိုးသူက Comfirmation no မမှတ်မိတာတို့၊ ဖျက်လိုက်မိတာတို့၊ ဖုန်းပျောက်သွားလို့ ပါသွားတာတို့ဆိုလည်း ပူစရာမလိုပါဘူး။ အဲ့ဒါတွေအဆင်ပြေအောင်အတွက် ထပ်မံသိမ်းထားပေးမှာဖြစ်ပါတယ်။

3) DV ထွက်ပြီ။ ငါပေါက်လား ငါ့မိန်းမပေါက်လား ။ဘယ်လိုစစ်ရမှာလဲ? အဲ့ဒါတွေပူစရာမလိုဘူး တယောက်ချင်းစီသေချာ တိုက်စစ်ပြီး ဖုန်းနဲ့ရော E mail နဲ့ရော အကြောင်းပြန်ပေးသွားမှာပါ။

4)DV တော့ပေါက်ပါပြီ ငါတို့က ဘာဆက်လုပ်ရမှာလဲ ဆိုတဲ့သူတွေအတွက်လည်း DV ပေါက်ပြီး နောက်ပိုင်း လုပ်ရမယ့် Process တွေကို ဆက်လက်လုပ်ဆောင်ပြီး လိုအပ်တာတွေရဲ့ တစ်ခုချင်းစီကိုပါ အသေးစိတ်ညွှန်ကြား Guideline လုပ်ပေးအုံးမှာပါ။

ကဲ ဘာလိုနေသေးလဲ။ ဘာမှ မလိုအောင်ပြီးပြည့်စုံနေပြီမို့ ကံစမ်းကြည့်ဖို့ ပြင်ဆင်ထားကြပါ။

01/10/2023
DV 2023 ပေါက်သူများ Visa တွေထုတ်ပေးခဲ့ပြီးပါပြီ။ Visa ကံစမ်းမဲပေါက်ပြီး interview မဝင်လိုက်ရလို့ visaမရရှိလိုက်သူများလည်...
11/09/2023

DV 2023 ပေါက်သူများ Visa တွေထုတ်ပေးခဲ့ပြီးပါပြီ။

Visa ကံစမ်းမဲပေါက်ပြီး interview မဝင်လိုက်ရလို့ visaမရရှိလိုက်သူများလည်းရှိပါမယ်။

တနှစ်ကို Visa ကံစမ်းမဲ 55000 ချပေးထားပါတယ်။
မြန်မာပြည်က များများပါအောင် များများလျောက်ကြပါလို့ နှိုးဆော်ပါတယ်။

ို ခုလာမယ့် October လ ၄ရက်နေ့ ၂၀၂၃ခုနှစ် မှာ စတင်လျောက်ထားနိုင်ပါပြီနော် ။

အားလုံးဘဲ အဆင်သင့်ဖြစ်ကြမယ်လို့မျော်လင့်ပါတယ်။

Are you Ready! 👍

✈️လေယာဉ်စီးရင် သိထားသင့်တဲ့ ခေါင်းပေါ်ကခလုတ်လေးတွေ 🔔…………………………လေယာဉ်စီးရင် ခေါင်းပေါ်မှာ ခလုတ်လေးတွေကို သတိထားမိမှာပေါ့။...
06/09/2023

✈️လေယာဉ်စီးရင် သိထားသင့်တဲ့ ခေါင်းပေါ်ကခလုတ်လေးတွေ 🔔
…………………………

လေယာဉ်စီးရင် ခေါင်းပေါ်မှာ ခလုတ်လေးတွေကို သတိထားမိမှာပေါ့။ အဲ့တာလေးတွေက..

✔️ခါးပတ်အချက်ပြမီး ကတော့ လူတိုင်း သတိထားမိပါတယ်။

✔️လူသိပ်မသိတာက လေယာဉ်မောင်မယ်ကို ခေါ်တဲ့ ဘဲလ်လေး- ပုံမှာမြှားပြထားတာလေး။ အရင်က မသိတော့လေ၊ တစ်ခုခုတောင်းချင်တာရှိရင် ဘေးက ဖြတ်သွားတာစောင့်ပြီး တောင်းခဲ့ရတာ 😅။

✔️နောက်တစ်ခုက အဲကွန်း- 🥶 အဲကွန်းက ဖွင့်ချင် ပိတ်ချင် လှည့်ရတယ်။ အဲ့ ဘုလုံးထိပ်လေးကို။ ၃ ယောက်ခုံဆိုရင် တယောက်စီဖက် လှည့်ထားတဲ့ ၃ ခု။ ကိုယ်က အအေး မကြိုက်ရင် ကိုယ့်ဖက်က အဲကွန်းတစ်ခုကို ပိတ်ထားတော့ သက်သာတာပေါ့။

✔️စာဖတ််မီးကတော့ ညဖက်စာဖတ်ချင်ရင် ကိုယ့်ဖက်က ခလုတ်ဖွင့်ရုံ။ သူများလဲ အနှောင့်ယှက် မဖြစ်တော့ဘူးပေါ့။ 🤓

နောက်လဆို DVform‌ေတွ စတင် လက်ခံပါတော့မယ်။ ဓာတ်ပုံလေးတွေကိုစည်းကမ်းချက်နဲ့အညီ ပို့ပေးကြရင် စိတ်ချထားလို့ရပါမယ်။ DV ဓာတ်ပံ...
05/09/2023

နောက်လဆို DVform‌ေတွ စတင် လက်ခံပါတော့မယ်။
ဓာတ်ပုံလေးတွေကိုစည်းကမ်းချက်နဲ့အညီ ပို့ပေးကြရင် စိတ်ချထားလို့ရပါမယ်။

DV ဓာတ်ပံုလိုအပ်ချက်များ

2"×2"ပတ်လည်
နောက်ခံအဖြူရောင်
အနည်းဆုံး600× 600pixel မှ1200× 1200pixels ထိဖြစ်ရမှာဖြစ်ပြီး JPEG format သုံးရပါမယ်။
ကာလာပုံက်ု 24bit per pixel ဖြစ်ပြီး
file sizeက240kb ဖြစ်ရပါတယ်။
6လအတွင်းရိုက်ကူးထားတဲ့ပုံဖြစ်ရပါမယ်။ (မနှစ်ကပုံပြန်မသုံးသင့်ပါ)
မျက်နှာမှာ အရိပ်မကျရပါ။

🟥 စိတ်ပညာပါမောက္ခ(ငြိမ်း)      ဆရာမကြီး ဒေါ်ခင်အေးဝင်းနှင့် တွေ့ဆုံခြင်း အဖွဲ့အစည်းဆိုသည်မှာ သဘောထားများစွာကို ပေါင်းစုထား...
21/05/2023

🟥 စိတ်ပညာပါမောက္ခ(ငြိမ်း)
ဆရာမကြီး ဒေါ်ခင်အေးဝင်းနှင့် တွေ့ဆုံခြင်း

အဖွဲ့အစည်းဆိုသည်မှာ သဘောထားများစွာကို ပေါင်းစုထားသော အဆောက်အအုံတစ်ခုဖြစ်သည်။ ပေါင်းစုထားသောသဘောထားများ တူညီလေ အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်လေဖြစ်သည်။ ထိုနည်းတူစွာ ကောင်းမွန်သော သဘောထားများ စုစည်းမိသောအခါ လူ့ယဉ်ကျေးမှုခေတ်တစ်ခေတ် ဖြစ်ထွန်း၍ ဆိုးရွားသောသဘောထားများ စုစည်းမိသောအခါ လူ့ယဉ်ကျေးမှုခေတ်တစ်ခေတ် ကျရှုံးရလေသည်။ မိသားစု၊ ရပ်ကွက်ဝန်းကျင်နှင့် အလုပ်ခွင်မှသည် နိုင်ငံအသီးသီး၏ဖွံ့ဖြိုးမှုအထိ အရာအားလုံးသည် ပါဝင်သောလူများ၏သဘောထားပေါ်တွင် မူတည်နေပေသည်။

စိတ်နေသဘောထားနှင့်ပတ်သက်၍ သိပ္ပံပညာရှင် အိုင်းစတိုင်းပြောခဲ့ဖူးသော စကားတစ်ခွန်းရှိသည်။ Weakness of attitude becomes weakness of character. ဟူ၏။ သဘောထားအားနည်းမှုဟာ စာရိတ္တအားနည်းမှုဖြစ်လာတယ်ဟူ၍ ဆိုလိုသည်။ ထို့အတွက် လုပ်ငန်းခွင်တစ်ခုတွင် ဝန်ထမ်းများ၏သဘောထားများ မည်မျှအရေးပါပုံ၊ သဘောထားအားနည်းသော ဝန်ထမ်းများကို မည်သို့ကိုင်တွယ်သင့်ပုံ၊ သဘောထားများ ကောင်းမွန်လာအောင် မည်သို့ပြုလုပ်သင့်ပုံ စသည်တို့ကို စိတ်ပညာပါမောက္ခ (ငြိမ်း) ဆရာမကြီးဒေါ်ခင်အေးဝင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

🟥 Attitude ဆိုတဲ့ စကားလုံးကို မြန်မာလို ဘယ်လိုဘာသာပြန်တာ အသင့်တော်ဆုံးလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။

ဆရာမတို့ရဲ့စိတ်ပညာမှာတော့ Attitude က Term တစ်ခု
ပေါ့။ Attitude ကို ဆရာမတို့က 'သဘောထား' လို့ပဲ ပြန်တယ်။ တခြားလိုပြန်လို့လည်း မသင့်ဘူး။ ဒီစကားလုံးက စိတ်ပညာမှာ အင်မတန်အရေးကြီးတဲ့ အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်နေတယ်။ လူတစ်ယောက်ရဲ့အပြုအမူကို လေ့လာတဲ့အခါ 'သဘောထားပိုင်း' ကို လေ့လာဖို့ လိုတယ်။ သုတေသနတွေအရလည်း သဘောထားက အပြုအမူကိုလွှမ်းမိုးကြောင်း တွေ့ရတယ်။ စိတ်ပညာဘာသာရပ်တွေ အများကြီးရှိတဲ့အထဲက Social Psychology (ဆက်ဆံရေးစိတ်ပညာ) မှာ Attitude က အရေးကြီးတဲ့ခေါင်းစဉ်တစ်ခုအနေနဲ့ ပါတယ်။ ဆရာမတို့ under graduate ကာလတုန်းကလည်း Attitude ကို လေ့လာခဲ့ရတယ်။

🟥 Attitude ဆိုတဲ့ စကားလုံးထဲမှာ ဘယ်လိုအချက်အလက်တွေ ပါဝင်နေသလဲဆိုတာ ရှင်းပြပေးပါဦး။

Attitude ကို လွယ်အောင်ရှင်းအောင်ပြောရရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသဘောထားတယ်၊ တခြားလူတွေကို ဘယ်လိုသဘောထားတယ်၊ အရာဝတ္ထုတွေကို ဘယ်လိုသဘောထားတယ်၊ အကြောင်းအရာအရေးကိစ္စတွေကို ဘယ်လိုသဘောထားတယ် စတဲ့ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတဲ့သဘောထားတွေ ပါဝင်တာပေါ့။ စိတ်ထိပါးမှု (Affective Component)၊ သိမှုဆိုင်ရာထိပါးမှု (Cognitive Component) တွေလည်း ပါဝင်တယ်။ ဒါတွေက Attitude မှာပါတဲ့ အချက်အလက်နဲ့ အကြောင်းအရာတွေပေါ့။

🟥 လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ Attitude ကောင်းတယ် မကောင်းဘူး၊ မြင့်တယ် မမြင့်ဘူးဆိုတာကို ဘယ်လို Scale တွေနဲ့ တိုင်းတာလို့ရပါသလဲ။

ပထမဆုံးတိုင်းရမှာကတော့ သူ့မှာ Positive Attitude ရှိလား၊ Negative Attitude ရှိလားဆိုတာပဲ။ အရာဝတ္ထုတစ်ခုပေါ်ကို ဘယ်လိုသဘောထားတတ်သလဲ။ Positive Attitude နဲ့လား၊ Negative Attitude နဲ့လားဆိုတာကို အရင်ဆုံး တိုင်းကြည့်ရမယ်။ ဘယ်ဘက်ကို ပိုပြီးအားများသလဲပေါ့။ ဆရာမတို့ကတော့ မြင့်တယ်၊ မမြင့်ဘူးလို့ မသုံးဘူး။ အားများတယ်၊ အားနည်းတယ်လို့ပဲ သုံးတယ်။ High လို့ မသုံးဘဲ Strong လို့ သုံးတာပေါ့။ Likert Scale ဆိုတာရှိတယ်။ Equal Appearing Scale ဆိုတာတွေ ရှိတယ်။

Degree နဲ့ တိုင်းမယ်ဆိုရင် Scale ချရတာပေါ့။ Zero ကနေ စတိုင်းရတယ်။ 3.1, 3.4 စသဖြင့် ရှိကြမှာပေါ့။ လွယ်အောင်ပြောရရင် အလွန်ကောင်း၊ ကောင်း၊ ကြားနေ၊ မကောင်း၊ အလွန်မကောင်းပေါ့။ ဒီအဆင့်တွေမှာ တိုင်းခံရတဲ့လူက ဘယ်အဆင့်မှာရှိသလဲဆိုတာကို ကြည့်ရတယ်။ နမူနာတစ်ခုပြောပြမယ်။ တိုင်းမယ့်လူကို ရှမ်းအစားအစာတစ်ခု ကျွေးကြည့်။ ပြီးရင် အထက်မှာပြောခဲ့သလို အလွန်ကြိုက်၊ ကြိုက်၊ ကြားနေ၊ မကြိုက်၊ အလွန်မကြိုက် စသဖြင့် တိုင်းတာကြည့်။ ထွက်လာတဲ့အဖြေဟာ သူ့ Attitude ပဲ။ အဲဒီလို Attitude ကို တိုင်းတာတဲ့မေးခွန်းတွေ မေးပြီး Attitude အားကောင်းတယ်၊ Attitude အားနည်းတယ်ဆိုတာကို တွက်ရတာ။ တကယ့်တွက်နည်းတွေကတော့ အခုပြောတာထက် ပိုခက်တာပေါ့။ မေးခွန်းတွေနဲ့ အားလုံးတိုင်းတာပြီးသွားပြီဆိုရင် ရလဒ်တွေကို ပေါင်းကြည့်။ အဲဒီမှာ Pro Attitude လား၊ Mix Attitude လား၊ Lower Attitude လားဆိုတာကို သိရမယ်။

ဥပမာတစ်ခု ထပ်ပြောပြဦးမယ်။ စီးပွားရေးတက္ကသိုလ်မှာ
သိပ်မကြာခင်ကပြီးသွားတဲ့ Ph.D Thesis တစ်ခုမှာ supermarket တွေကို Consumer တွေက ဘယ်လိုသဘောထားသလဲဆိုတဲ့ Attitude တစ်ရပ်ကို တိုင်းတာကြတယ်။ ဘာလို့ ဒီ supermarket ကို လာတာလဲ။ အမြဲလာသလား။ ဘယ် supermarket ကို အကြိုက်ဆုံးလဲ စတဲ့
မေးခွန်းတွေမေးပြီး The Strength of the Attitude (သဘောထားရဲ့အင်အား) ကို တိုင်းတာကြတာပေါ့။

🟥 လုပ်ငန်းခွင်တစ်ခုမှာရှိတဲ့ဝန်ထမ်းတွေရဲ့ Attitude တွေကွဲပြားနေမှုဟာ လုပ်ငန်းပိုင်းဆိုင်ရာကို ဘယ်လိုထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်လဲ။

ဝန်ထမ်းတွေရဲ့ Attitude တွေ တစ်ပြေးညီဖြစ်နေတာဟာ
လုပ်ငန်းခွင်အတွက် အကောင်းဆုံးပဲ။ Team တစ်ခုမှာ Attitude တွေတူမှ လုပ်ဆောင်ချက်ကောင်းကောင်း ထွက်မှာကိုး။ ဒါမှလည်း Pro အဆင့်ကို ရောက်ကြမှာ။ အလုပ်ထဲဝင်လာကတည်းက ဒီလုပ်ငန်းကို ကြိုက်ကိုမကြိုက်ဘူး၊ ခေါ်လို့သာ ဝင်လုပ်ပေးနေရတာ၊ အလုပ်ဖြစ်မှာမဟုတ်ပါဘူး၊ အောင်မြင်မှာလည်း မဟုတ်ဘူး စတဲ့ သဘောထားရှိသူတွေပါလာရင် အလုပ်ရလဒ်ကောင်းဖို့ မလွယ်တော့ဘူး။ အလုပ်မတွင်တော့ဘူးပေါ့။ လုပ်ငန်းအောင်မြင်ဖို့လည်း ပိုကြန့်ကြာတတ်တယ်။

🟥 သမ်းတာဟာ ကူးစက်တတ်တယ်ဆိုတာလိုမျိုး Attitude အားကောင်း၊ အားနည်းတဲ့ကိစ္စမျိုးကရော ဝန်ထမ်းတစ်ယောက်ဆီကနေ တခြားဝန်ထမ်းတစ်ယောက်ဆီ ကူးစက်တတ်သလား။

ဒါကတော့ ကိုယ်ရည်ကိုယ်သွေးနဲ့လည်း ဆိုင်တာပေါ့။ အဲဒီလူဟာ သူများလုပ်တိုင်း လိုက်လုပ်တတ်သလား။ သူများစကားနောက် လိုက်ယိမ်းတတ်သလားဆိုတဲ့ အရည်အသွေးပိုင်းတွေက ရှိသေးတာကိုး။ Attitude ကတော့ သိပ်ကို ပြောင်းလဲဖို့ခက်တဲ့အရာပဲ။ ကိုယ်တိုင်တွေ့ကြုံခံစားရလို့ Directly Experience ကြောင့် ရှိနေတဲ့သဘောထားနဲ့ သူတစ်ပါးက သူ့အတွေ့အကြုံကို ပြောပြလို့ ရှိနေတဲ့သဘောထားဆိုပြီးလည်း ကွဲသေးတာကိုး။ သဘောထား Strong ဖြစ်တဲ့လူကို Change လုပ်ဖို့ ခက်တယ်။ သဘောထား Strong ဖြစ်တဲ့လူဆိုတာကလည်း တိုက်ရိုက်အတွေ့အကြုံများတဲ့သူမျိုးပဲ ဖြစ်မှာ။ Attitude အများစုကတော့ ကြားဖူးနားဝတွေကြောင့် ဖြစ်နေတာ များတယ်။

🟥 ဒါဆို Attitude ပြောင်းမယ်ဆိုရင် ဘယ်လိုမျိုးလုပ်ဆောင်ချက်တွေ လိုအပ်ပါသလဲ။

" သဘောထားတစ်ရပ်သည် အမြဲတည်တံ့နေလေ့ရှိသည်။ " တဲ့။ Enduring ပေါ့။ တည်တံ့တာ မပြောင်းနိုင်ဘူးလားဆိုတော့ ပြောင်းနိုင်တာပဲ။ Persuasion (ဆွဲဆောင်ခြင်း) လုပ်လို့ရတယ်။ Persuasion လုပ်မယ်ဆိုရင် Communication က သိပ်အရေးကြီးတယ်။ ပြောင်းတာကို လုပ်မယ့်လူက Communication Expert တစ်ယောက် ဖြစ်ရမယ်။ စစချင်း တစ်ဖက်က ပြောတာတွေကို နားထောင်ပေးရသေးတာကိုး။ " သြော် ... မင်းက ဒီလုပ်ငန်းကို မကြိုက်ဘူးပေါ့၊ အထက်လူကြီးကို မကြိုက်ဘူးပေါ့၊ အင်း ... မင်းပြောတာလည်း ဟုတ်တာပဲ၊ ဒါပေမယ့် ဒီလိုကော မဖြစ်နိုင်ဘူးလား " စသဖြင့် သူပြောတာကိုလည်း ကန့်လန့်မတိုက်ဘဲ နားထောင်ပေးလိုက်၊ ကိုယ့်သဘောထားကိုလည်း ပြောပြလိုက် လုပ်ပေးရတယ်။ တစ်ခုခုပြောရင် ဘယ်တော့မှ တစ်ဖက်သတ် မပြောရဘူး။ အဲဒီလိုလုပ်ရင် တစ်ဖက်က Defensive ဖြစ်သွားလိမ့်မယ်။ တိုက်ရိုက်ကြီး သွားမပြောဘဲ မသိမသာနဲ့ Approach လုပ်ရတယ်။ သူပြောတာကိုလည်း နားထောင်၊ ကိုယ့်သဘောထားလေးကိုလည်း ပြောပြပြီး မသိမသာ Change လုပ်ပေးရတာ။ သူတို့အတွက် ကောင်းဖို့လုပ်ပေးနေတယ်ဆိုတာကို သိအောင် ပြောပြရမှာ။ Attitude ပြောင်းဖို့ခက်တယ်ဆိုတဲ့လူစားမျိုးတွေလည်း ရှိမှာပဲ။ သူတို့ကျတော့ ငယ်စဉ်ကတည်းကကို ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်တာ။ ဘုရား၊ တရားသိပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးလာတဲ့ကလေးဟာ ဘုရား၊ တရားလုပ်မှာပဲ။ ဒါ Modelling ပေါ့။ ငယ်ငယ်က ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်အတွေ့အကြုံဟာ သိပ်အရေးပါတယ်။

🟥 ဒါဆို Attitude ကို ဗီဇနဲ့ ပတ်ဝန်းကျင်မှာ ဘယ်ဟာက ပိုလွှမ်းမိုးနိုင်ပါသလဲ။

ပတ်ဝန်းကျင်ပေါ့။ ဗီဇက မလွှမ်းမိုးဘူး။ မွေးလာတဲ့ကလေး
တစ်ယောက်ကို ဘယ်လိုသဘောထားပါဆိုပြီး ဘယ် Gene ကမှ မပြောဘူး။ Gene က အရပ်ရှည်မယ်၊ အရပ်ပုမယ်၊ ဖြူမယ်၊ မည်းမယ်၊ ဉာဏ်ရည်မြင့်မယ်၊ နိမ့်မယ် စတာတွေကိုပဲ လွှမ်းမိုးတာ။ Attitude ကို မလွှမ်းမိုးဘူး။ Attitude အတွက် အရေးကြီးတာ ပတ်ဝန်းကျင်ပဲ။ ပတ်ဝန်းကျင်ထဲမှာမှ မိသားစုက အဓိကပဲ။ ပြီးတော့မှ ကျောင်းတို့၊ မီဒီယာတို့ လာတယ်။

🟥 ကိုယ်တိုင် စာအုပ်စာပေဖတ်ခြင်းကရော Attitude ကို ဘယ်လောက်ထိ ပြောင်းလဲစေနိုင်ပါသလဲ။

ပြောင်းလဲစေတယ်။ တခြားကိစ္စတွေကြောင့် မဟုတ်ဘဲ
ဘာသာရေးကို ကိုယ်တိုင်ပြောင်းလဲခံယူတဲ့လူတွေကိုပဲ ကြည့်လေ။ ငယ်ငယ်က ဗုဒ္ဓဘာသာ၊ နောက်တော့ ခရစ်ယာန်ပြောင်းလိုက် တယ်။ ငယ်ငယ်က ခရစ်ယာန်၊ နောက်တော့ ဗုဒ္ဓဘာသာပြောင်းလိုက်တယ်။ ဒါ ကိုယ်တိုင် စာအုပ်စာပေဖတ်တာကနေ Attitude ပြောင်းသွားတာပေါ့။ ဒါ Cognitive ပဲ။ အသိဉာဏ်ဆိုင်ရာကိစ္စပေါ့။

🟥 အထက်မှာပြောခဲ့တဲ့ Persuasion နဲ့ပတ်သက်လို့ နည်းလမ်းတွေ ရှိရင် ပြောပြပေးပါဦး။

Persuasion လုပ်ရင်တော့ Communication Expert တွေက အတော်ဆုံးပဲ။ ကိစ္စတစ်ခုကို ငြင်းခုန်ကြတဲ့အခါ စကားပြောကောင်းတဲ့လူက ပိုပြီးပိုင်နိုင်သလိုပေါ့။ တိုက်ရိုက်ပြောတာဟာ ဘယ်တော့မှ မကောင်းပါဘူးတဲ့။ " ငါတို့ Attitude ကို ပြောင်းဖို့ ဒါတွေလာပြောနေတာပဲ " ဆိုတဲ့ အသိဝင်သွားရင် Persuade လုပ်ရတာ ခက်သွားပြီ။ မိဘနဲ့ သားသမီးကြားမှာတောင် မလွယ်ဘူး။ ဆူပူပြီး Attitude ပြောင်းခိုင်းလို့ မရဘူး။ ရလည်း ခဏပဲ။

နောက်တစ်ခုက Personality နဲ့ ဆိုင်တယ်။ အစကတည်းက သူတို့ကိုယ်သူတို့ တန်ဖိုးသိပ်မထားဘဲ သဘောထားမခိုင်မာတဲ့လူတွေကို Persuade လုပ်ရတာလွယ်တယ်။ " သြော် ... သူပြောတာ ဟုတ်မှာပါပဲ၊ ငါမှ သူ့လောက် မတတ်တာ " ဆိုပြီးတော့ကို ပါလာတာ။ Self-esteem (ကိုယ့်ကိုယ်ကိုယ်တန်ဖိုးဖြတ်မှု) နဲ့ ဆိုင်တာပေါ့။

သွက်သွက်လက်လက်နဲ့ ထိထိမိမိ စကားပြောနိုင်တဲ့လူတွေ
ဟာလည်း Persuade လုပ်ရင် သိပ်လွယ်တယ်။ တစ်ဖက်လူ မျောပါသွားအောင် ပြောတတ်တာပေါ့။ Emotion ပိုင်းကို သုံးပြီး လုပ်ရတယ်။ ရှောင်ရမှာလည်း ရှိတယ်။ နိုင်ငံခြားက သုတေသနတစ်ခုမှာ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်မှာ အမုန်းဆုံးစကားက " When I was your age " တဲ့။ ငါ မင်းတို့အရွယ်တုန်းက၊ ငါတို့တုန်းကဆို ... စတဲ့ စကားတွေပြောတာ ရှောင်သင့်တယ်။

🟥 အရင်က IQ အရေးကြီးတယ်ဆိုပြီး ပြောခဲ့ကြတယ်။ အခု ခေတ်ကျတော့ IQ ထက် EQ က အရေးကြီးတယ်လို့ လက်ခံထားကြတယ်။ တချို့ကျ IQ နဲ့ EQ အပြင် AQ လို့ပါ ပြောနေကြပြီ။

AQ ဆိုတာ Adversity Quotient ပဲ။ ကြံ့ကြံ့ခံနိုင်မှုကို ပြောတာ။ IQ မြင့်တဲ့လူထက် EQ မြင့်တဲ့လူက ပိုအောင်မြင်တတ်တယ်။ အဲဒီလိုပဲ ကြံ့ကြံ့ခံနိုင်စွမ်းမြင့်ရင်လည်း အောင်မြင်တာပဲ။

🟥 လုပ်ငန်းခွင်မှာ ရာထူးနဲ့ လစာတိုးပေးတော့မယ်ဆိုရင် အထက်လူကြီးတွေက တိုးပေးမယ့်လူရဲ့ Attitude ကို ထည့်သွင်းစဉ်းစားကြသလားဆိုတာ သိချင်ပါတယ်။

ဆရာမ ဝန်ထမ်းဘဝတုန်းကတော့ အဲဒါမျိုး မတွေ့ဖူးဘူး။ တကယ်လို့ ထည့်သွင်းစဉ်းစားမယ်ဆိုရင် သူ အလုပ်စဝင်
ကတည်းက သူ့ Attitude ကို တိုင်းထားခဲ့ရမှာ။ ဒါမှ အားကောင်းလာသလား၊ အားနည်းသွားသလားဆိုတာ သိရမှာကိုး။ သူ့လက်အောက်က လူတွေကို ဘယ်လိုသဘောထားတယ်၊ သူ့အထက်က လူတွေကို ဘယ်လိုသဘောထားတယ်၊ အဖွဲ့အစည်းပေါ်ကို ဘယ်လိုသဘောထားတယ် စသဖြင့် တိုင်းထားရမှာပေါ့။

🟥 Negative Attitude ဖြစ်နေတဲ့ဝန်ထမ်းကို အထက်အရာရှိတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ပြောင်းလဲပေးရင် ရလဒ်ကောင်းတွေ ထွက်လာနိုင်ပါသလဲ ဆရာမကြီး။

သူ့မှာ ဘာလို့ အဲဒီလို Negative Attitude ရှိနေသလဲဆိုတာကို သိအောင်ကြိုးစားရမယ်။ သူ့ကို ခေါ်တွေ့ပြီး သူ့ရဲ့ ကောင်းတဲ့အချက်တွေကို ချီးကျူးပေး။ သူ မှားနေတာတွေကိုလည်း ကောင်းကောင်းမွန်မွန် ထောက်ပြ။ ဒါ Counselling လုပ်တာပဲ။ Counselling လုပ်တဲ့ အထက်လူကြီးဘက်ကလည်း အပြောအဆိုနဲ့ အနေအထိုင်တွေမှန်ဖို့ လိုတာပေါ့။ သူ့ကို လေးစားမှုရှိမှ ရလဒ်ကောင်းတွေ ထွက်မှာ။ အော်လား၊ ငေါက်လားနဲ့ ဆူဆူပူပူလုပ်မယ့်အစား အကျိုးသင့်အကြောင်းသင့် ပြောတတ်ဖို့၊ ကိုယ်တိုင်က သိက္ခာရှိရှိနေတတ်ဖို့ လိုတယ်။ ရင်းရင်းနှီးနှီးလည်း ရှိဖို့လိုတယ်။ ခေတ်ရေစီးကို နားလည်မှုပေးနိုင်ဖို့နဲ့ ခေတ်ကိုနားလည်ဖို့လည်း လိုတယ်။

🟥 ဘယ်လိုပဲပြုပြင်ပေးပေး ပြောင်းလဲတိုးတက်မလာတဲ့ဝန်ထမ်းတွေကိုရော ဘယ်လိုမျိုး ကိုင်တွယ်သင့်ပါသလဲ။

အလုပ်ထုတ်ဖို့ပဲရှိတော့တာပေါ့။ စိတ်တော့မကောင်းဘူး။
ဒါပေမယ့် ဒီနည်းပဲရှိတယ်။ အထွက်ကို ကောင်းကောင်းမွန်မွန်လေးဖြစ်အောင်တော့ လုပ်ပေါ့။ လုံးဝ ပြောင်းလဲမလာတဲ့ဝန်ထမ်းဆိုတဲ့စကားကို တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် သူ့ကို ကိုင်တွယ်တဲ့လူ မကျွမ်းကျင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ သူ့ဘက်က တစ်ဖက်ဝန်ထမ်းကို ပြောင်းလဲတိုးတက်သွားအောင် ကိုင်တွယ်နိုင်စွမ်း မရှိလို့ပေါ့။ ဒါလည်း ဖြစ်နိုင်တာပဲ။

🟥 Attitude အားနည်း၊ အားများဆိုတဲ့ကိစ္စဟာ ပညာအရည်အချင်းနဲ့ရော ဘယ်လောက်အထိ ဆက်စပ်မှုရှိပါသလဲ။

ရှိတာပေါ့။ တကယ်တတ်တဲ့လူက ပိုပြီးစဉ်းစားချင့်ချိန်လုပ်
တတ်တာပေါ့။ " ငါ့ဘက်ကလည်း မှားနိုင်တယ် " ဆိုတဲ့အသိ သူ့မှာ ရှိတာကိုး။ ဒီတော့ Reasoning (ဆင်ခြင်ခြင်း) လုပ်နိုင်တာပေါ့။ ဥပမာ ပြောပြမယ်။ ကလေးမွေးပြီးစ ပညာတတ်မိန်းမတစ်ယောက်ဟာ သူချင်ခြင်းတပ်တဲ့ အစားအစာကို စားသင့် မစားသင့်၊ အာဟာရဖြစ် မဖြစ် သူ့ဘာသာသူ ချင့်ချိန်တတ်တယ်။ ပြောပြရင် နားလည်နိုင်တယ်။ ပညာမတတ်ရင်တော့ သူစားချင်တာ စားမှာပဲ။ " တို့အဘွားလက်ထက်ကတည်းက စားလာတာ၊ အခုမှ အထူးအဆန်းလုပ်လို့ " ဆိုတဲ့စကားမျိုးက လာဦးမယ်။ ဟုတ်လား။

ဆရာမက ဆေးဝါးတက္ကသိုလ်မှာ အခုထိ စာသင်တုန်းပဲ။
အဲဒီမှာ Community Pharmacist ဆင်းတော့မယ့်လူတွေကို အမြဲ မှာဖြစ်တယ်။ ကိုယ်ရောက်သွားတဲ့ တိုင်းတွေ၊ ပြည်နယ်တွေက လူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ ကိုယ် မသိဘူး။ ဒါကြောင့် " ရှင်တို့သောက်နေတာ မကောင်းဘူး၊ ဒီဆေးကို သောက် " ဆိုတဲ့ စကားမျိုး မပြောမိဖို့ ဂရုစိုက်ပါလို့။ ပညာပိုင်း အားနည်းပြီး ဗဟုသုတနည်းရင် ဆင်ခြင်နိုင်စွမ်း နည်းတာပဲ။ ဒီတော့ ကိုယ့်ဘက်က အပြောအဆိုနဲ့ အပြုအမူကို ဂရုစိုက်သင့်တယ်လို့။

🟥 ဆရာမကြီးအနေနဲ့ တခြားဖြည့်စွက်ပြောချင်တာလေးတွေ ရှိသေးရင် ...။

ဆရာမကတော့ မိဘတွေကို ပိုမှာချင်တယ်။ သားသမီးဟာ
မိဘကို အရိပ်တကြည့်ကြည့် ကြည့်နေတာ။ သူဘာလုပ်နေနေ သူ့အာရုံတွေဟာ မိဘဆီမှာ ရှိနေတယ်။ မိဘတွေပြောတာကို ကြားနေတယ်။ ဒီတော့ မိဘရဲ့သဘောထားတွေဟာ သားသမီးမှာ သိပ်စွဲတယ်။

နမူနာတစ်ခုပြောပြဦးမယ်။ မိဘတွေက ကလေးတွေကို ပုံပြောတဲ့အခါ မိထွေးသိပ်ဆိုးတဲ့အကြောင်းတွေ ထည့်ပြောလေ့ရှိတယ်။ စင်ဒရဲလားရဲ့မိထွေးက သိပ်ဆိုးတယ်။ မြန်မာမှာလည်း မိအေးလေးရဲ့မိထွေးက သိပ်ဆိုးတယ်။ ဒီတော့ ကလေးတွေက မိထွေးဆိုတိုင်း ဆိုးတယ်ပဲ သဘောထားကြတော့တယ်။ တကယ်က ကောင်းတဲ့မိထွေးတွေ အများကြီးပဲ။ ပြောချင်တာက ကလေးတွေရှေ့မှာ သိပ်ပြီး လက်လွတ်စပယ်မပြောကြဖို့ပါ။ Attitude က လူကြီးတွေရဲ့စကားတွေနဲ့ သိပ်ဆိုင်တာကိုး။

ဘာသာရေးမုန်းတီးမှုတွေနဲ့ လူမျိုးရေးမုန်းတီးမှုတွေဟာလည်း စွဲလွန်းတဲ့သဘောထားတွေကြောင့် ဖြစ်ရတာတွေပဲ။ ဆင်ခြင်တတ်ရင် ဒါမျိုးကိစ္စတွေ မရှိနိုင်ဘူး။ အမေရိကမှာဖြစ်တဲ့ လူဖြူ၊ လူမည်းကိစ္စတွေဟာလည်း ဒါတွေကြောင့်ပဲ။

🟥 ကျန်းမာရေးမကောင်းတဲ့ကြားထဲကနေ ကိုယ့်တပည့်ကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာမကြီး။

#လူသာမန်
10.4.2012; 9:58 am
Eternal Light Magazine Vol.2/No.3, May 2012

#ဘဝအနုပညာအလုပ်ထိပ်တိုက်တွေဆုံမေးမြန်းမှုများ
(၂၀၁၅၊ ဖေဖော်ဝါရီ၊ ပထမကြိမ်)
(၂၀၁၅၊ သြဂုတ်၊ ဒုတိယအကြိမ်)
စာအုပ်မှ

07/05/2023

ကိုယ်မပေါက်လို့ မပျော်ပေမယ့်

ကိုယ်တင်ပေးထားတဲ့သူတွေပေါက်လို့ အတိုင်းမသိဝမ်းသာရပါတယ်။

အားလုံးဘဲ
congratulation ပါ။

May 6 2023 ရက်နေ့မှ DV ပေါက်မပေါက် စစ်လို့ရပါမည်။2024 DV Winners များဖြစ်ကြပါစေEmail နှင့် Password မေ့နေသူများ Confirma...
01/05/2023

May 6 2023

ရက်နေ့မှ DV ပေါက်မပေါက် စစ်လို့ရပါမည်။

2024 DV Winners များဖြစ်ကြပါစေ

Email နှင့် Password မေ့နေသူများ

Confirmation Number မေ့နေသူများ အဲဒီနေ့ရက်

ရောက်မှတိုက်ဆိုင်စစ်ဆေးလို့ရပါမယ်။

ဘယ်လိုစစ်ဆေးရမလဲဆိုတာ လင့်ပါချပေးထားပါ

တယ်။

မြန်မာပြည်သူပြည်သားအပေါင်း လိုရာဆန္ဒ အမြန်

ပြည့်ကြပါစေ။

2024 DV Result ကိုယ်တိုင် စစ်ဆေးရန်
(1) https://dvprogram.state.gov/

Email & Password & Confirmation နံပါတ်မေ့နေသူများအတွက် စစ်ဆေးရန်

(2) https://www.facebook.com/100069742893944/posts/504935675174525/?mibextid=unz460

(3) https://www.facebook.com/groups/1701364460033750/permalink/1756537247849804/?mibextid=unz460

ကျမတို့ pageမှ တဆင့်လျှောက်ထားသူများအားလုံး confirmation number များစစ်ပြီး အကြောင်းပြန်ပေးပါမယ်ရှင့် ။

Page ကတဆင့် လျှောက်ထားြခင်းမဟုတ်သော်လည်း မိမိကိုယ်တိုင် မစစ်တက်လျှင် pageမှ ကူညီပြီး စစ်ပေးမှာဖြစ်တဲ့အတွက် confirmation number များကို cb (messenger)မှ တဆင့် ပို့ထားပေးပါရှင့် ။

The entry period for the DV-2024 Diversity Visa Program was between October 5, 2022 and November 8, 2022. Entries are not being accepted at this time.

08/11/2022

ဒီည နောက်ဆုံးနော် ။
DV လျှောက်ရန်ကျန်သူများ cb ကိုလာပေးကြပါ။

ဓာတ်ပုံလေးလည်း လိုတယ်နော် ။
03/10/2022

ဓာတ်ပုံလေးလည်း လိုတယ်နော် ။

အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ပါမစ်‌DV form တွေ လျောက်ထားလို့ရနေပါပြီနော်။ လျောက်ထားလိုသူဟာ တစ်ယောက်တည်းလည်းလျေ...
03/10/2022

အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ပါမစ်‌DV form တွေ လျောက်ထားလို့ရနေပါပြီနော်။

လျောက်ထားလိုသူဟာ
တစ်ယောက်တည်းလည်းလျောက်ထားနိုင်သလို မိသားစုရှိရင် မိသားစုလိုက် လည်းလျောက်နိုင်ပါတယ်။
မိသားစုလိုက်လျောက်သူတွေမှာ တယောက်တည်းလျောက်သူထက် ၂ကြိမ်လျောက်ထားခွင့်ရှိတာမို့ အခွင့်အရေးပိုပါတယ်။

အသေးစိတ်သိချင်တယ်၊ လျောက်ထားလိုတယ်ဆိုရင်တော့ တစ်ဦးကို ၁၀၀၀၀ကျပ်နှုန်းနဲ့ ဝန်ဆောင်မှုပေးနေချိန်မှာ လူတိုင်းခက်ခဲနေတဲ့ကာလဖြစ်တာ‌ေကြာင့် ၅၀၀၀ကျပ်နှုန်းနဲ့ လျောက်ထားပေးနေပါပြီနော်။

လျောက်မယ်လို့ ဆုံးဖြစ်ပြီးရင် message ပို့ပေးရုံပါဘဲ။

ကံတရားရဲ့ အဆုံးအဖြတ်ကို ခံယူကြရအောင်။

DV ထိုးထားကြသူများ ပေါက်မပေါက် resultကို စစ်ချင်သူများ messenger ကို လာပေးပါ ။ အခမဲ့ စစ်ပေးပါမယ် ။
07/05/2022

DV ထိုးထားကြသူများ ပေါက်မပေါက် resultကို စစ်ချင်သူများ messenger ကို လာပေးပါ ။
အခမဲ့ စစ်ပေးပါမယ် ။

အမရိကန် အမြဲတမ်းနေထိုင်ခွင့် ဗီဇာ DV lottery မေလ (၇) ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀:၃၀ မှာစပြီး အောက်က လင့်ခ်မှာ အဖြေစစ်န...
05/05/2022

အမရိကန် အမြဲတမ်းနေထိုင်ခွင့် ဗီဇာ DV lottery မေလ (၇) ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀:၃၀ မှာစပြီး အောက်က လင့်ခ်မှာ အဖြေစစ်နိုင်ပါပြီနော်။ https://dvprogram.state.gov/

The entry period for the DV-2023 Diversity Visa Program was between October 6, 2021 and November 9, 2021. Entries are not being accepted at this time.

DV Visa ကံစမ်းမဲတွေ  result ထွက်တော့မှာနော် ... ဒီနိုင်ငံကနေ အမြန်ဆုံးလွတ်‌ေြမာက်နိုင်အောင် ဆုတောင်းကြစို့
24/04/2022

DV Visa ကံစမ်းမဲတွေ result ထွက်တော့မှာနော် ...

ဒီနိုင်ငံကနေ အမြန်ဆုံးလွတ်‌ေြမာက်နိုင်အောင် ဆုတောင်းကြစို့

27/11/2021

DV တင်ပေးပါတယ် ပိုက်ဆံယူပါတယ်
ဒီကာလမှာ ငွေကြေးအဆင်မပြေကြပါဘူး
ကျနော်လည်း အဆင်မပြေပါဘူး
ဒါပေမယ့် လိမ်မစားဘူးဗျာ
တော်လှန်ရေးအတွက် တက်နိုင်သမျှလှူချင်လို့
ရိုးရိုးသားသား အခကြေးငွေယူတာပါ။

နားလည်အောင်လည်းရှင်းပြထားပါတယ်

ဒါကို တင်ပေးပြီးလို့ Confirmation number ကျလာပြီးမှ
ကျနော်ကို ခုပေးမယ် နောက်ပေးမယ်နဲ့ profile ပုံအမျိုးမျိုးချိန်းတဲ့ အကောင့်တစ်ခုက ခုထိ ငွေလွှဲမပေးပါဘူး

သူ့passport ပုံနဲ့ နာမည် မှတ်ပုံတင် အကုန် ကျနော့ဆီ ရှိနေတာ လုပ်ရဲတယ်ဗျာ

ဘာသာခြားညီကိုတစ်ယောက်ဆို ဒီလိုဘဲ ကျနော့ကို လိမ်ဦးမှာလားလို့ မတွေးဘဲ တင်ပေးခဲ့ပေမယ့် သူခမျာ နောက်ရက်ကို လွှဲပေးမယ် ဆိုပြီး ဂတိပေးပြီး ခက်ခက်ခဲခဲ သူများဆီ အကူအညီတောင်းပြီး ကျနော့ကို သူပြောတဲ့အချိန်မှာ ရအောင်လွှဲပေးရှာတယ်ဗျာ
ကျနော်ကို လိမ်သွားပြီဆိုပြီး သံသယဖြစ်မိတာတောင် အားနာမိတယ် ...

ကျနော့ကို လိမ်သွားတဲ့ဗမာညီကိုရေ ညီကိုဟာ ဗုဒ္ဓဘာသာဘဲလို့ ထင်ပါတယ်
ဒီငွေလောက်လေးဟာ ညီကို့ရဲ့ ဓာတ်ပုံတွေ ကိုယ်ရေးရာဇဝင်တွေနဲ့ ယှဉ်ရင် တန်ဖိုးမကြီးဘူးထင်ပါတယ်

ကျနော် စောင့်နေပါတယ်နော်

DV လှောက်မည့်သူများ ၂လက်မ ပက်လည် နောက်ခံအဖြူရောင် ပက်စ်ပို့ပုံနဲ့ passport စာအုပ်(နိုင်ငံကူးလက်မှတ်)ရှိသူများ လျှောက်နို...
14/10/2021

DV လှောက်မည့်သူများ ၂လက်မ ပက်လည် နောက်ခံအဖြူရောင် ပက်စ်ပို့ပုံနဲ့ passport စာအုပ်(နိုင်ငံကူးလက်မှတ်)ရှိသူများ လျှောက်နိုင်ပါတယ်
SERVICE FEES က မြန်မာငွေ ၆၀၀၀ ကျပ်ပါ

အမှန်တကယ် လျှောက်ချင်သူများ အချက်အလက် အစုံအလင်ကို Chat box မှာ လာပို့ထားပေးပါနော်

နိုဝင်ဘာလ ၁၀ရက်နေ့ မတိုင်ခင်ထိ လျောက်ထားနိုင်ပါတယ်။

မြန်မာပြည်မှာ Passport ပုံရိုက်ရင် နောက်ခံ အပြာရောင်ဘဲ ထည့်မိကြလို့ သတိထားပေးကြပါ။ DV လျှောက်မယ့် ပက်စ်ပို့ပုံဟာ 2inch ပ...
11/09/2021

မြန်မာပြည်မှာ Passport ပုံရိုက်ရင် နောက်ခံ အပြာရောင်ဘဲ ထည့်မိကြလို့ သတိထားပေးကြပါ။

DV လျှောက်မယ့် ပက်စ်ပို့ပုံဟာ 2inch ပတ်လည် နောက်ခံ အဖြူရောင်ပါ။

Address


Telephone

+959760168020

Website

Alerts

Be the first to know and let us send you an email when Online Registration US DV lottery, Myanmar. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Online Registration US DV lottery, Myanmar.:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share