Kha Yee Sin - ခရီးစဉ်

  • Home
  • Kha Yee Sin - ခရီးစဉ်

Kha Yee Sin - ခရီးစဉ် Travel Services
(3)

❤️
25/12/2023

❤️

December 31 ညလေးမှာတော့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ဖြတ်သန်းချင်ပါတယ်..🏕️ခရီးစဉ်နဲ့အတူသွားဖူးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ New Ye...
25/12/2023

December 31 ညလေးမှာတော့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ဖြတ်သန်းချင်ပါတယ်..🏕️

ခရီးစဉ်နဲ့အတူသွားဖူးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ New Year Night အတွက် Plan မရှိသေးဘူးဆိုလျှင် လာခဲ့ကြနော် #ခရီးစဉ် Team နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြမယ်…🎉

ကလောအနီးဝန်းကျင်မှာရှိတဲ့သူတွေလည်း စိတ်ဝင်စားမယ်ဆိုရင် လာရောက်လည်ပတ်လို့ရပါတယ် 🥰

Merry Christmas to you all 🎄🍃
25/12/2023

Merry Christmas to you all 🎄🍃

21/12/2023

Nature’s Nirvana Campsite နားလေး ❤️

2024 ခုနှစ်အတွက် ပထမဦးဆုံး ကြယ်မိုးရွာခြင်းကို မြင်တွေ့ရမယ့် ညဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့တွင်MASES - Myanmar Astronomy ...
20/12/2023

2024 ခုနှစ်အတွက် ပထမဦးဆုံး ကြယ်မိုးရွာခြင်းကို မြင်တွေ့ရမယ့် ညဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့တွင်
MASES - Myanmar Astronomy & Science Enthusiasts Society ရယ် At Kalaw တို့နဲ့ ထပ်မံပူးပေါင်းပြီး Under 1st Meteor Shower of 2024 ပွဲလေးကို Nature’s Nirvana Campsite မှာ စီစဉ်ထားပါတယ်…🏕️🌌

ဒီပွဲလေးရဲ့ ထုံးစံအတိုင်း တမူထူးခြားချက်က ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ် 🌠💫🔭

ဒါ့အပြင် နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ် 🤩

ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ် 🧩

Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ် ⛺️🏕️
ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥
အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

Camping Under 1st Meteor Shower of 2024 ရဲ့ ဈေးနှုန်းလေးကတော့ (၁၀၀,၀၀၀)ကျပ်ပါ 🥳
ဒီ့ထက်ပို သိချင်တာတွေရှိရင်လည်း Chat Box ကို လာမေးလှည့်နော်.. 🤗

Photo~ 2001 Film & Pic 📷

🌌
20/12/2023

🌌

“The stars are the land-marks of the universe.”~ John HerschelPhoto ~ Ye Pyae Photography 📷
19/12/2023

“The stars are the land-marks of the universe.”

~ John Herschel

Photo ~ Ye Pyae Photography 📷

Dec 23-24 အတွက် လွယ်မိုင်းတောင်တက်ခရီးစဉ်မှာလူပြည့်ဖို့ ၃ယောက်ပဲလိုတော့တာမလို့ မြန်မြန်လေး စာရင်းပေးကြပါနော် 🎄🤶
19/12/2023

Dec 23-24 အတွက် လွယ်မိုင်းတောင်တက်ခရီးစဉ်မှာ
လူပြည့်ဖို့ ၃ယောက်ပဲလိုတော့တာမလို့ မြန်မြန်လေး စာရင်းပေးကြပါနော် 🎄🤶

“Nature’s Nirvana Campsite” သဘာဝရဲ့ နိဗ္ဗာန်ဘုံCampsite က အပေါ်မှာ 360 view မြင်ရတဲ့အပြင် Campground က ၃ဧကလောက်ကျယ်တာမလိ...
17/12/2023

“Nature’s Nirvana Campsite” သဘာဝရဲ့ နိဗ္ဗာန်ဘုံ

Campsite က အပေါ်မှာ 360 view မြင်ရတဲ့အပြင် Campground က ၃ဧကလောက်ကျယ်တာမလို့ Camp ချဖို့ နေရာတွေအများကြီးရှိပါတယ် 🏕️
အေးအေးဆေးဆေးနဲ့ သဘာဝကိုခံစားရင်း Chill ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ…🍃

Photo by - The Razi Studio & Clients ❤️

17/12/2023
“ Nature’s Nirvana Campsite “ မှာ Dec 14 ရက်ကြယ်မိုးရွာတဲ့နေ့က Meteor Shower Camping 2023 event ကို At Kalaw ရယ် MASES -...
16/12/2023

“ Nature’s Nirvana Campsite “ မှာ Dec 14 ရက်
ကြယ်မိုးရွာတဲ့နေ့က Meteor Shower Camping 2023 event ကို At Kalaw ရယ် MASES - Myanmar Astronomy & Science Enthusiasts Society တို့နဲ့ ပူးပေါင်းပြီး စီစဉ်ဖြစ်ခဲ့ပါတယ်…🏕️

ကြယ်တွေကို Telescope နဲ့ကြည့်ခဲ့ရသလို ကြယ်တာရာနဲ့ ညကောင်းကင်ကြီးအကြောင်းကို MASES က အကိုနဲ့အမတွေက သေချာလေးရှင်းပြတာကြောင့် တော်တော်များများလည်း သိခဲ့ရပါတယ်🔭

ကြယ်တာရာတွေအကြောင်း Questions & Answers လေးတွေလည်းပါဝင်တာကြောင့် ပျော်စရာ အခိုက်အတန့်လေးတွေလည်းဖြစ်ခဲ့ပါတယ်..🤗

မီးပုံဘေးမှာ သီချင်းတွေဆိုရင်း ကြယ်ကြွေတာကိုကြည့်ခဲ့တာကြောင့် တစ်ညလုံးမအိပ်ဘဲကြည့်ဖြစ်ခဲ့ပါတယ် 🌠

ပုံလေးတွေကတော့ The Razi Studio ကနေ ရိုက်ပေးတာဖြစ်လို့ ပိုပြီးတော့လှသွားပါတယ် 😁

Camping & Trekking လုပ်ချင်တယ်ဆိုရင်တော့ Dec 25 နဲ့ Dec 31 မှာ ရှိမှာဖြစ်ပါတယ် 😊

Dec 23-24 ပိတ်ရက်မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျာ..လိုက်ပါမယ့်သူများ စာရင်းပေးလို့ရပါပြီ 🤩Dec ပိတ်ရက်ဖြစ်တာကြ...
16/12/2023

Dec 23-24 ပိတ်ရက်မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျာ..

လိုက်ပါမယ့်သူများ စာရင်းပေးလို့ရပါပြီ 🤩

Dec ပိတ်ရက်ဖြစ်တာကြောင့် ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေလည်း ပြည့်လွယ်တာမလို့ မြန်မြန်စာရင်းပေးပြီး လက်မှတ်လေးတွေဖြတ်ပေးကြပါနော် 🌲

Nature’s Nirvana Campsite အနီးက မြင်းဒိုက်ဘူတာလေးပေါ့ Camping လာရင်းနဲ့ ဘူတာမှာ ဝင်လည်လို့ရတယ်…🚂
16/12/2023

Nature’s Nirvana Campsite အနီးက မြင်းဒိုက်ဘူတာလေးပေါ့ Camping လာရင်းနဲ့ ဘူတာမှာ ဝင်လည်လို့ရတယ်…🚂

Tomorrow 🤩
13/12/2023

Tomorrow 🤩

ဒီနေ့က International Mountain Day တဲ့ခရီးစဉ်နဲ့အတူ တောင်တွေအတူတက်ခဲ့ကြတဲ့ ဘော်ဒါတွေကိုလည်း သတိရနေပါတယ်..🥰တောင်တက်ဖို့စိတ...
11/12/2023

ဒီနေ့က International Mountain Day တဲ့

ခရီးစဉ်နဲ့အတူ တောင်တွေအတူတက်ခဲ့ကြတဲ့ ဘော်ဒါတွေကိုလည်း သတိရနေပါတယ်..🥰

တောင်တက်ဖို့စိတ်ကူးရှိရင် ဘယ်တောင်ကိုတက်ချင်လဲ..
ဒါမှမဟုတ် အရင်ကတက်ခဲ့ဖူးတွေတောင်တွေရှိရင် Comment မှာ အမှတ်တရလေးတွေ ပြောပေးကြပါအုံး 😁

Nature’s Nirvana Campsite ကို သွားဖို့အတွက် Trekking လျှောက်ရတဲ့လမ်းလေးပေါ့…အခုချိန်က စပါးခင်းတွေရိတ်သိမ်းတဲ့ရာသီဆိုတော့...
10/12/2023

Nature’s Nirvana Campsite ကို သွားဖို့အတွက် Trekking လျှောက်ရတဲ့လမ်းလေးပေါ့…

အခုချိန်က စပါးခင်းတွေရိတ်သိမ်းတဲ့ရာသီဆိုတော့ စပါးခင်းတွေကသိပ်မရှိတော့ပဲ စပါးပုတ်တဲ့သူတွေရယ် ကောက်ရိုးပုံလေးတွေကို လွမ်းမောဖွယ် မြင်တွေ့ရပါတယ်..

ရာသီဥတုက အခုရက်ပိုင်းမိုးအုံ့နေတော့ နေသိပ်မပူပဲ Trekking လျှောက်လို့ အရမ်းကောင်းပါတယ်

Campsite က မြင်းဒိုက်ဘူတာနဲ့ သိပ်မဝေးတာမလို့ ကားနဲ့ သွားရင် ၅မိနစ်လောက်သာမောင်းရပြီး လမ်းလျှောက်ဆိုရင် ၁၅မိနစ်လောက်သာ သွားရပါတယ်..

📷- Phoe Wa Nge

ခရီးစဉ်ရဲ့” Nature’s Nirvana Campsite “ လေးကတော့ အခုဆိုရင် အဆင်သင့်ဖြစ်နေပါပြီ..🏕️သဘာဝကိုခံစားဖို့အတွက် နောက်ထပ်ခရီးစဉ်လ...
09/12/2023

ခရီးစဉ်ရဲ့” Nature’s Nirvana Campsite “
လေးကတော့ အခုဆိုရင် အဆင်သင့်ဖြစ်နေပါပြီ..🏕️

သဘာဝကိုခံစားဖို့အတွက် နောက်ထပ်ခရီးစဉ်လေးတစ်ခုဖြစ်ပါတယ်..🤗

ကလောမြို့နဲ့ မနီးမဝေးနေရာမှာရှိပြီးတော့ Campers တွေ အကြိုက်တွေ့စေမဲ့ရှုခင်းတွေကိုလည်း ပတ်ပတ်လည် မြင်ရမှာပါ…🏞️

၁ နာရီခန့် တောလမ်းလေးမှာ Trekking လျှောက်ကြပြီး Campsite မှာ ညအိပ်ကြမှာပါ
(Trekking မလျှောက်ချင်ရင် Campsite နားထိ ကားနဲ့သွားလို့ရပါတယ်. ၁၀ မိနစ်လောက်တော့ လမ်းလျှောက်ရပါမယ်နော်) 🌲
ညစာနဲ့ မနက်စာလည်း စီစဉ်ပေးပါတယ် 🍜

ကိုယ့် Tent & Sleeping bag နဲ့ လာချင်တဲ့ campers တွေအတွက်လည်း ဝန်ဆောင်မှုပေးပါတယ်နော် ⛺️

Camping က အပတ်စဉ်ရှိနေမှာဆိုတော့ စုံစမ်းစာရင်းပေးလို့ရပါပြီနော်.. 🥰

✨💫ကြယ်အများဆုံးကြွေတာ ကြည့်ချင်တဲ့သူတွေအတွက်ကတော့ Dec 14 ရက်နေ့မှာ Camping Under Meteor Shower အစီအစဉ်ရှိမှာဖြစ်ပါတယ်..🌌

Package အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့ Page CB မှာ လာရောက်မေးမြန်းနိုင်သလို 09-5240929 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ဤ Post ကို Share ပေးထားသူများ 20 % Discount ရရှိမှာဖြစ်ပါတယ် 🎁💐
ယခင် ခရီးစဉ်နဲ့ လိုက်ပါဖူးတဲ့မည်သူမဆို 25% Discount ရရှိမှာဖြစ်ပါတယ် 🥰

🌲🌌
09/12/2023

🌲🌌

02/12/2023

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်မှာပြုလုပ်မယ့် Camping under Meteor Shower လေးရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်နော်…

Camping under Meteor Shower event လေးကို လေးမှာ ပါဝင်ကြသူတွေအတွက် Exclusive Offer လေးတွေ ရှိကြောင်း ပြောပြပေးချင်ပါတယ်။

Event Ticket လေးကို သုံးပြီးတော့
✨✨ I wish you were here clothing brand မှာ ဝယ်ယူရင် ဘယ် item မဆို ၃၀%
🍹🍹 WUNJO Bar ကနေလည်း ၁၅% နဲ့
⛰️⛰️ Kha Yee Sin - ခရီးစဉ် ရဲ့ တောင်တက်ခရီးစဉ်တွေကနေလည်း ၁၀% Discount တွေ ရရှိမှာပါ။

ဒီ exclusive offer လေးတွေကို အသုံးပြုနိုင်ဖို့ Package ဝယ်ယူထားပြီးသူတွေကို နံပတ်စဉ်အလိုက် ticket လေးတွေ ပွဲနေ့မှာ ပေးမယ်နော်..

ကြယ်မိုးရွာမယ့် ဒီဇင်ဘာ (၁၄) ရက်နေ့လေးမှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာကြရအောင်…

စိတ်တွေမွန်းကျပ်နေပြီလား ဒါမှမဟုတ် စိတ်ပင်ပန်းပြီးတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ အလုပ်လုပ်ရတာ မပျော်တော့ဘူးလား⁉️ဒါ...
01/12/2023

စိတ်တွေမွန်းကျပ်နေပြီလား ဒါမှမဟုတ် စိတ်ပင်ပန်းပြီးတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ အလုပ်လုပ်ရတာ မပျော်တော့ဘူးလား⁉️

ဒါဆိုရင်တော့ တောင်တက်ကြည့်လိုက်ပါလို့ ပြောချင်တယ် ⛰️

တောင်တက်ခြင်းဟာ စိတ်ကိုလန်းဆန်းစေသလို စိတ်ကိုလည်း ခွန်အားဖြစ်စေပါတယ် 💪🏼

တောင်တက်နေချိန်မှာ ပင်ပန်းချင်ပင်ပန်းလိမ့်မယ် ဒါပေမဲ့ တောင်ထိပ်ရောက်တဲ့အချိန်မှာတော့ ခင်ဗျားစိတ်ဟာ အရင်ကနဲ့မတူပဲ ငါလုပ်နိုင်ခဲ့ပြီ ငါဒီတောင်ကိုတက်နိုင်ခဲ့ပြီဆိုတဲ့ စိတ်နဲ့ စိတ်ဓါတ်ခွန်အားတွေရလာလိမ့်မယ် 👏🎊

လူဆိုတာ အမြဲတမ်းကြီး အလုပ်မလုပ်နိုင်ဘူး
အလုပ်ဆိုတာ အမြဲတမ်း ကျန်းမာအသက်ရှင်နေသ၍ လုပ်နေရမှာပဲ 👨‍💻

အနားယူသင့်တဲ့အချိန်မှာ အနားယူသင့်တယ်
ရှိတဲ့အလုပ်တွေကို ခဏထားခဲ့ပြီးတော့ လာကြည့်လိုက်ပါ 😎

သင်ခရီးစဉ်က ပြန်လာပြီး အိမ်ရောက်တဲ့အခါကျရင် အရင်ကနဲ့မတူပဲ တက်ကြွလန်းဆန်းနေလိမ့်မယ် 🤗

ကျနော်ဆိုရင် စိတ်တွေပင်ပန်းလာတဲ့အခါ ကိုယ်စိတ်ချမ်းသာမယ်လို့ထင်တဲ့နေရာကို တစ်ယောက်တည်း သွားပစ်လိုက်တယ်
ကိုယ်မရောက်ဖူးသေးတဲ့နေရာလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရောက်ဖူးပြီးသားနေရာလည်း ဖြစ်မယ် 🏞️

ဟိုရောက်တဲ့အခါ ပတ်ဝန်းကျင်အသစ်တွေကို စူးစမ်းမယ် လေ့လာမယ်ဆိုရင် ဗဟုသုတလည်းရနိုင်သလို မိတ်ဆွေတွေလည်း တိုးလာမယ်။ သဘာဝဟာ အကောင်းဆုံးသော မိတ်ဆွေပါပဲ..👯‍♂️

ကျွန်တော်တို့ခရီးစဉ်ကိုလာရင် အမေးများတာက တစ်ယောက်တည်း လာလို့ရလားဆိုပြီး မေးကြပါတယ် တစ်ယောက်တည်း လာကြည့်ပါ ပိုပြီးပျော်ရမယ်လို့ အာမခံပါတယ်
ဘာလို့လဲဆိုတော့ ဒီရောက်ရင် မတူညီတဲ့ နေရာမျိုးစုံကလူတွေနဲ့ တွေ့ရတာဆိုတော့ သူငယ်ချင်း မိတ်ဆွေအသစ်တွေတိုးစေပါတယ်

ခရီးစဉ်တွေကိုတော့ December လထဲမှာရှိမှာမလို့ လိုက်ပါချင်တယ်ဆိုရင် စာရင်းပေးလို့ရပါပြီ
Dec- 23,24 မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်

📷~ Studio 3 image

Sweet December 🏕️🌲🎄Campsite ကလည်းအသင့်ဖြစ်နေပါပြီ 🤗
01/12/2023

Sweet December 🏕️🌲🎄

Campsite ကလည်းအသင့်ဖြစ်နေပါပြီ 🤗

ခရီးစဉ် Page လေးကို အစဉ်အမြဲအားပေးကြတဲ့ သူငယ်ချင်းလေးတွေကြောင့် Page followers 10K ပြည့်တဲ့အနေနဲ့ Dec မှာထွက်မယ့် မည်သည်...
29/11/2023

ခရီးစဉ် Page လေးကို အစဉ်အမြဲအားပေးကြတဲ့ သူငယ်ချင်းလေးတွေကြောင့် Page followers 10K ပြည့်တဲ့အနေနဲ့ Dec မှာထွက်မယ့် မည်သည့်ခရီးစဉ်မဆို Dec born လေးတွေကို 30% off discount ပေးပါမယ်ခင်ဗျ 🥳

Like & share လေးတွေလည်း လုပ်ပေးကြပါအုံးနော် 😍

28/11/2023

ဒီလမ်းလေးမှာ ဆိုင်ကယ်စီးရတဲ့ feeling လေး

ပအိုဝ်းရိုးရာဆီမီးပူဇော်ပွဲ 🕯️🪔နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်အထိ ပအိုဝ်းရွာတွေမှာ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်...
27/11/2023

ပအိုဝ်းရိုးရာဆီမီးပူဇော်ပွဲ 🕯️🪔

နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်အထိ ပအိုဝ်းရွာတွေမှာ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်းပကြပါတယ်..
ရွာမှာရှိတဲ့အပျိုလေးတွေက ဆီမီးတိုင်တွေကိုင်ရပြီးတော့ လူပျိုလေးတွေက ကိုယ်စိတ်ဝင်စားတဲ့သူရှိရင် (သို့ ) ရင်းနှီးတဲ့အပျိုလေးတွေကို ဆီမီးမငြိမ်းသွားအောင် လိုက်ထိန်းပေးရသလို မီးကုန်သွားရင်လည်း အသစ်ပြန်လဲပေးရပါတယ်..

ချစ်စရာဓလေ့လေးဖြစ်ပါတယ် ❤️

26/11/2023

🤎

တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဘက်မှာ..အဆင်းအတက်ခရီးဆက်လို့ဖြတ်ကျော်မြင်ကွင်းရှေ့မှာ ...
26/11/2023

တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဘက်မှာ..

အဆင်းအတက်ခရီးဆက်လို့ဖြတ်ကျော်မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေ ဆီးလို့ကာ…⛰️🌼

လွယ်မိုင်းတောင်သို့သွားရာလမ်းတစ်လျှောက်မှာ ဒီလို နေကြာရိုင်းပန်းတွေ အများကြီးပွင့်နေပါတယ် ⛰️🌻

December ထဲမှာ လွယ်မိုင်းတောင်တက်ခရီးစဉ်တွေ ပြန်ရှိမှာမလို့ သွားချင်တဲ့ရက်လေးတွေရှိရင် စာရင်းလာပေးထားတော့နော် 🤗⛰️
25/11/2023

December ထဲမှာ လွယ်မိုင်းတောင်တက်ခရီးစဉ်တွေ ပြန်ရှိမှာမလို့ သွားချင်တဲ့ရက်လေးတွေရှိရင် စာရင်းလာပေးထားတော့နော် 🤗⛰️

“ဦးနှောက်ထက် နှလုံးသားပိုကြီးတဲ့သူကတောင်တွေကိုသဘောကျပြီးနှလုံးသားထက် ဦးနှောက်ပိုကြီးတဲ့သူကပင်လယ်ကို သဘောကျပါတယ်”တဲ့ကျွန်...
21/11/2023

“ဦးနှောက်ထက် နှလုံးသားပိုကြီးတဲ့သူက
တောင်တွေကိုသဘောကျပြီး
နှလုံးသားထက် ဦးနှောက်ပိုကြီးတဲ့သူက
ပင်လယ်ကို သဘောကျပါတယ်”တဲ့
ကျွန်တော်က နှလုံးသားကြီးတဲ့ ကြင်နာတတ်တဲ့သူမျိုးမလို့ ပင်လယ်ထက် တောင်တွေကိုပိုသဘောကျပါတယ် ❤️

Credit; Decision To Leave(2022)

📷 ALIEN Photography

🌸🌼
16/11/2023

🌸🌼

The Mountains Are Calling And I Must GoNov- 18,19 မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျ🌼လူမပြည့်ခင်လေး စာရင်းပေးထား...
12/11/2023

The Mountains Are Calling And I Must Go

Nov- 18,19 မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျ🌼

လူမပြည့်ခင်လေး စာရင်းပေးထားလိုက်တော့နော် 🤗

Camping under Meteor Shower @ Kalaw  🌠 ✨🌟💫🔭နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက...
09/11/2023

Camping under Meteor Shower @ Kalaw 🌠 ✨🌟💫🔭

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်လေးကတော့ ဒီနှစ်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့လေးပါပဲ…

အဲ့ဒီနေ့မှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာနိုင်ဖို့ တမူထူးခြားတဲ့ Camping under Meteor Shower အစီအစဉ်လေး ရှိပါမယ် 💫🌠🌌

ခရီးစဉ်အနေနဲ့ က Rebecca Nyi ရယ် MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ပူးပေါင်းပြီး စီစဉ်တာဖြစ်လို့ နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🔭 တမူထူးခြားတာလေးက ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ်။ 🌠💫🔭

Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ်⛺️🏕️

ကလောကနေ Campsite ကိုသွားဖို့ အသွားအပြန် ကားစီစဉ်ပေးမယ် 🚌

ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥🌌

ညစာနဲ့ မနက်စာအတွက် အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

ပျော်စရာ ဂိမ်းလေးတွေကလည်း မပါမဖြစ်ပေါ့လေ… 🧩

နိုဝင်ဘာ (၂၀) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းမယ့် Earlybird လေးတွေအတွက်လည်း Special Discount ရှိပါတယ်… 🤩

အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေအတွက် Chat Box မှာ လာမေးလို့ရပါတယ် 🥰

တောင်နေကြာတွေစပွင့်ပြီဆိုရင် မိုးကုန်ပြီတဲ့
06/11/2023

တောင်နေကြာတွေစပွင့်ပြီဆိုရင် မိုးကုန်ပြီတဲ့

တစ်ဆောင်းသစ်ပြန်ပြီ..
03/11/2023

တစ်ဆောင်းသစ်ပြန်ပြီ..

အရှေ့မြင်အနောက်မြင်တောင်သို့ ကျွန်တော်တို့ ခရီးစဉ်အဖွဲ့သားများ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါပြီ 🌼ကျွန်တော့်ဆရာတွေပြောသလ...
01/11/2023

အရှေ့မြင်အနောက်မြင်တောင်သို့ ကျွန်တော်တို့ ခရီးစဉ်အဖွဲ့သားများ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါပြီ 🌼

ကျွန်တော့်ဆရာတွေပြောသလိုပြောရရင် တောင်တက်တယ်ဆိုတာ တောင်ထိပ်ပေါ်ကိုရောက်နိုင်ဖို့တစ်ခုတည်းမဟုတ်ပါဘူး၊ ကျွန်တော်တို့စခဲ့တဲ့နေရာကနေ ပြန်ရောက်တဲ့အထိ အန္တရာယ်ကင်းကင်းနဲ့ အားလုံးပြန်ရောက်မှသာ ဒီခရီးစဉ်က အောင်မြင်တယ်လို့ဆိိုရမှာပါ..

အားလုံး စည်းစည်းလုံးလုံးနဲ့ ကူညီဖေးမရင်း အဆင်ပြေပြေနဲ့တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်

ခရီးစဉ်ဖြစ်မြောက်အောင် ကူညီပေးကြတဲ့ ဒေသခံတွေနဲ့ အနောက်ကနေကူညီပေးကြသူများအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်ခင်ဗျ

အရှေ့မြင်အနောက်မြင်တောင် ခရီးစဉ်ကိုတော့ ခေတ္တရပ်နားထားပြီး ပြန်ထွက်မယ့်ရက်ကို ပြန်တင်ပေးပါမယ်ခင်ဗျာ

မကြာခင်မှာ Camping ရာသီစတော့မှာဆိုတော့ Campsite အတွက် အပင်လေးတွေသွားစိုက်ရင်း လမ်းမှာတွေ့တဲ့ကျွဲလေးကို အားကျသွားလို့ 😄ကဲ...
25/10/2023

မကြာခင်မှာ Camping ရာသီစတော့မှာဆိုတော့ Campsite အတွက် အပင်လေးတွေသွားစိုက်ရင်း လမ်းမှာတွေ့တဲ့ကျွဲလေးကို အားကျသွားလို့ 😄

ကဲ အနားယူဖို့အတွက် Camping & Trekking လေးတွေ ဘယ်ရက်စမလဲဆိုတာ ပြန်တင်ပေးပါမယ် 🌻🌼🏕️
Stay tuned..💛

ဒီနေရာကို ဘယ်သူသိလဲ 😁
21/10/2023

ဒီနေရာကို ဘယ်သူသိလဲ 😁

ကျွန်တော်အကြိုက်ဆုံးအရောင်က အဝါရောင်ဖြစ်တော့ ဓါတ်ပုံတွေထဲပြန်ကြည့်လိုက်ရင် အဝါရောင်တွေ အရမ်းကိုများပါတယ် 💛 နှမ်းပန်းတွေ၊...
20/10/2023

ကျွန်တော်အကြိုက်ဆုံးအရောင်က အဝါရောင်ဖြစ်တော့ ဓါတ်ပုံတွေထဲပြန်ကြည့်လိုက်ရင် အဝါရောင်တွေ အရမ်းကိုများပါတယ် 💛

နှမ်းပန်းတွေ၊ နေကြာပန်းတွေ၊ တောင်နေကြာတွေဘယ်နေရာကြည့်ကြည့် အဝါရောင်တွေနဲ့ပြည့်နေတတ်တော့ Nov,Dec ဆိုတာ အဝါရောင်တွေရဲ့လ လို့တောင်ပြောလို့ရပါတယ်🌼 🌻🌼

19/10/2023

စံဖူးရွာက ရွက်ပုန်းသီးလေး ခွန်ချစ်ကြီးရဲ့ အဆိုအတီးလေးတွေ ခံစားနားဆင်ပေးကြပါအုံးဗျာ

ပျော်စရာညလေးတစ်ညပေါ့ဗျာ ✨

https://www.facebook.com/profile.php?id=100083775394833&mibextid=LQQJ4d

November လထဲမှာထွက်မယ့် လွယ်မိုင်းတောင်တက်ညအိပ်ခရီးစဉ်လေးကတော့ ရပါအုံးမယ်နော်.. 🥰🌻ဆောင်းရာသီကူးပြောင်းလာပြီဖြစ်လို့ ရာသီ...
19/10/2023

November လထဲမှာထွက်မယ့် လွယ်မိုင်းတောင်တက်ညအိပ်ခရီးစဉ်လေးကတော့ ရပါအုံးမယ်နော်.. 🥰🌻

ဆောင်းရာသီကူးပြောင်းလာပြီဖြစ်လို့ ရာသီဥတုကတော့ အရင်ကထက်အချမ်းပိုလာပါပြီ.. အနွေးထည်ထူထူလေးတွေယူလာခဲ့ဖို့ မမေ့ပါနဲ့ 🥶❄️

Address

Kalaw To Taunggyi Main Road

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Thursday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959250789486

Alerts

Be the first to know and let us send you an email when Kha Yee Sin - ခရီးစဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kha Yee Sin - ခရီးစဉ်:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share