MMVisit Myanmar

  • Home
  • MMVisit Myanmar

MMVisit Myanmar Hotel, Car rental, ခရီးသွားလုပ်ငန်းမျိုးစုံကို online booking ရရှိအောင် "အခမဲ့" ကြော်ငြာပေးနေတဲ့ OTA တခုဖြစ်ပါတယ်
(1)

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️▶️ သာမိုင်းခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို...
01/01/2023

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

▶️ သာမိုင်းခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိပါသည်။ သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဥာဥ်မြို့တော်၊ လောကီပညာရပ်များ လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခုဖြစ်ပါသည်။

🔯 နရပတိစည်သူမင်းတည်ထားခဲ့တဲ့
စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့
“ သာမိုင်းခမ်း ”

🔯 ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်း ခမ်း”

🔯 ကလောမြို့ အောင်ပန်းမြို့တို့ကို
မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.”

🔯 ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင်
အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့
“ စဝ်ထွန်းအေး”ရဲ့ မွေးရပ်မြေဖြစ်တဲ့
“ သာမိုင်းခမ်း. ”.

🔶 ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောခဲ့သော နေရာလေးတစ်ခုဖြစ်ခဲ့ပါသည်။ မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်ပြီး ထိုခေတ်အခါက ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ သီပေါစော်ဘွား၊ သာမိုင်းခမ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိခဲ့ပါသည်။

🔷 သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်ပါသည်။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ၎င်းမြို့တွင် အင်းပညာရှင်၊ စမပညာရှင်၊ ဗေဒင်ပညာရှင်၊ အဂ္ဂိရတ်ပညာရှင်၊ ဆေးပညာရှင်၊ ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားခဲ့သော ဘုရားဟု နာမည်ကျော်ကြားလှပါသည်။ ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်ကာ လွန်စွာမှလည်း ဆုတောင်းပြည့်လျှက်ရှိပါသည်။

🔷 သာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြား လျှက်ရှိပါသည်။ ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်များအထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက်လျှက်ရှိပါသည်။

🔶 သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုများကြောင့် မြန်မာဘုရင်မှ အမျက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခမ်းအား သိမ်းပိုက်‌
စေပါသည်။ သာမိုင်းခဏ်းစော်ဘွားသည် " မိမိမရှိတော့သည့်အချိန်တွင် ထိုသာမိုင်းခဏ်းမြို့သည်လည်းမရှိစေရ၊ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ” ကျိန်စာတစ်ရပ်အား ဆိုခဲ့ပါသည်။

♦️ မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားကွယ်လွန်ပြီး ကျိန်စာများနှင့်ပြည့်ဝသော သာမိုင်းခမ်းသည်လည်း ပျောက်ကွယ်လေသည်။ သာမိုင်းခမ်းစော်ဘွား၏ အသုဘကို အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြပါသည်။ သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားပြီး ထိုအုတ်ဂူအတွင်း၌ သူပိုင်ဆိုင်သမျှ ရွှေ၊ ငွေ ၊ကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သောရတနာများ ထည့်သွင်းမြုပ်နှံသဂြိုလ်ထားသည့်အပြင် ထိုအုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော်အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေသည်။ ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြားနှင့် ကြောင်မျက်ရှင်ရတနာများလည်း ပါသည်ဟု ဆိုကြပါသည်။

♦️ ထိုစော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြပါသည်။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထိုဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြပါသည်။ မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သာလျှင် ရူးလျှင်ရူး၊ မရူးလျှင် သေပွဲဝင်ခဲ့ကြလေသည်။

🔯 ယခုအခါ သာမိုင်းခမ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရွာငယ်အဆင့်မျှပင် မရှိတော့သည်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

: Via Saya U Win Mg (TPWD)


ဂုတ်ထိပ်တံတား♦️♦️♦️♦️♦️🔶 မြန်မာနိုင်ငံရှိ ရထားလမ်းများအနက် လွတ်လပ်ရေးမရမီက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သည့် ဂုတ်ထိပ် ရထားလမ...
28/12/2022

ဂုတ်ထိပ်တံတား
♦️♦️♦️♦️♦️

🔶 မြန်မာနိုင်ငံရှိ ရထားလမ်းများအနက် လွတ်လပ်ရေးမရမီက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သည့် ဂုတ်ထိပ် ရထားလမ်းနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းတို့သည် ကမ္ဘာကျော်
မီးရထားလမ်းများအဖြစ် ထင်ရှားခဲ့ပါသည်။

🔶 ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ တောင်ကြားနှစ်ခုအကြား ပေ (၃ဝဝ) ကျော်အမြင့်တွင် (၁၈၉၉) ခုနှစ်က တည်ဆောက်ခဲ့သည့် ဂုတ်ထိပ်တံတား နှင့် မီးရထားလမ်း (Goteik viaduct)သည် ကမ္ဘာပေါ်ရှိ တောင်ကြားဖြတ် မီးရထားလမ်းများအနက် အရှည်လျားဆုံးနှင့် ဒုတိယအမြင့်ဆုံး ဖြစ်သည်။

🔶 လွန်ခဲ့သော နှစ်မှစ၍ တံတားကြီးရေရှည်ကြံ့ခိုင်မှု ရှိစေရန်နှင့် ခရီးသွားများ အသက်အန္တရာယ်မဖြစ်ပွားစေရန် တံတားပေါ်မှ လမ်းလျှောက်ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့သဖြင့် ဂုတ်ထိပ်သို့မီးရထားဖြင့် လာကြသူများသည် မန္တလေး-လားရှိုး ရထားကိုစီး၍ တံတားပေါ်မှ အသွားအပြန် ဖြတ်သန်း လေ့ရှိကြပြီး ကားဖြင့် လာကြသူများသည် နောင်ချိုမြို့မှ ရှစ်မိုင်ကွာဝေး
သည့် ဂုတ်ထိပ်ဘူတာသို့ လာကြပြီး မီးရထားလမ်းတလျှောက်မှ ဂုတ်ထိပ်တံတားအထိ လမ်းလျှောက်သွားကြပါသည်။

♦️ ဗြိတိသျှအစိုးရသည် ၁၈၉၇ ခုနှစ်တွင် နမ္မတူ-ဘော်တွင်းမှ သတ္တုများကို သယ်ယူရန် မန္တလေးမှ ကွမ်းလုံသို့မီးရထားလမ်းဖောက်လုပ်ရာမှ ကမ္ဘာကျော်မီးရထား လမ်းကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ မီးရထားပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူနေ သည့် ဗမာ့မီးရထားလမ်းကုမ္ပဏီ (Burma Railroad Company) အား ဗြိတိသျှအစိုးရက
ဂုတ်ထိပ်တံတား တည်ဆောက်ရန် တာဝန်ပေးခဲ့ပါသည်။

🔶 ဗမာ့မီးရထားကုမ္ပဏီသည် ရထားလမ်းပါဝင်သည့် တောင်ကြားဖြတ် တံတားကြီးကို တည်ဆောက်ရန် (၁၈၉၉)ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ပင်ဆီလ်ဗေးနီးယားနှင့် မေရီလန်း စတီးကုမ္ပဏီတို့အား ငှားရမ်းခဲ့ပြီး ဗမာ့မီးရထားလမ်း ကုမ္ပဏီမှ အင်ဂျင်နီယာ Sir Arthur Rendel
နှင့် ဗြိတိသျှ မြန်မာအင်ဂျင်နီယာများက တံတားကြီးကို တာဝန်ယူ တည်ဆောက်ခဲ့ကြသည်။

🔷 တံတားဒီဇိုင်းကို ဗြိတိန်နိုင်ငံမှ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ ပေ (၂၂၆ဝ) ရှည်လျားသည့် ဂုတ်ထိပ်တံတား၏
အမြင့်ဆုံးတိုင်သည် ပေ (၃၂ဝ) မြင့်၍
အနိမ့်ဆုံးတိုင်သည် (၄၅) ပေမြင့်ကာ
တံတားအကျယ် ပေ (၁၂ဝ) ရှိပါသည်။

🔶 တံတား၏ အောက်ခြေ သံတိုင်အချို့ကို အနိမ့်ဆုံးချိုင့်ဝှမ်းမှ ပေ (၁ဝဝဝ) အမြင့်တွင် စိုက်ထူထားပါသည်။ တံတား၏ပျမ်းမျှအမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူအတွင်း၌ စီးဆင်းနေသော မြစ်ရေပြင်မှ အထက်ပေ (၈၂ဝ) ဖြစ်ပြီး အမြင့်ဆုံး ထောက်တိုင်အပေါ်ရှိ မီးရထားသံလမ်းသည် တံတားအောက် မြေပြင်မှ (၃၃၅) ပေထိမြင့်ပါသည်။

🔷 ဂုတ်ထိပ်တံတားတွင် တံတားတိုင်ပေါင်း (၁၆)တိုင်ရှိရာ အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ်(၈)နှင့်(၉)တို့သည် အမြင့်ဆုံးဖြစ်ကာ တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ (၄၃၁၁) တန်၊ သံမှိုပေါင်း တစ်သန်း အသုံးပြုခဲ့ပါသည်။ တံတား ဆောက်လုပ်မှု လုပ်ငန်းသည် (၁၉ဝဝ)
ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ငွေကျပ် (၁၆၉၈၂ဝဝ) ကုန်ကျခဲ့ပါသည်။

❤️ ဂုတ်ထိပ်တံတားသည် သာယာလှပသော ရှမ်းပြည်နယ်မြောက်ပိုင်းအလှနှင့် ပေါင်းစပ်ကာ ကမ္ဘာကျော် တံတားတစ်စင်းအဖြစ် သက်တမ်းကာလကြာရှည်စွာပင် ရပ်တည်နေခဲ့ပါသည်။

♦️ ဂုတ်ထိပ်တံတား၏ ပျက်စီးယိုယွင်းမှု များကို
ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့ခြင်းကြောင့် Goteick viaduct သည် ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားစွာ သွားရောက်လေ့လာကြရသည့် နေရာတစ်ခုအဖြစ် ထင်ရှားစွာ တည်ရှိနေပါသည်။ ယခုအခါတွင်သက်တမ်းနှစ် ၁ဝဝ ကျော်ပြီဖြစ်သည့် ဂုတ်ထိပ်တံတားကြီးသည် သမိုင်းဝင် ရှေးဟောင်းပစ္စည်း တစ်ခုအဖြစ် ရပ်တည်နေလျှက်ရှိပါသည်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

#ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ (၁၃)
ထိုင်း-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း (လင်းယုန်သစ်လွင်)
Gokteik Viaduct


ကမ္ဘာပေါ်က နေမဝင်တဲ့နိုင်ငံ(၆)နိုင်ငံ ♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️▶️  ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။...
25/12/2022

ကမ္ဘာပေါ်က နေမဝင်တဲ့နိုင်ငံ(၆)နိုင်ငံ
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

▶️ ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။ အဲဒီလို နေမဝင်တဲ့ နိုင်ငံတွေဆီ အလည်အပတ် ရောက်နိုင်သူတွေကတော့ ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။ နေ မဝင်တဲ့ အရပ်က လူတွေအတွက်တော့ ဘယ်အချိန်မှာ အိပ်ရမယ်ဆိုတာကို ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ မျက်လှည့်ပြမှု တခုလိုပါပဲ။

(၁) နော်ဝေနိုင်ငံ

▶️ အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နော်ဝေနိုင်ငံကို လူတွေက ညဉ့်သန်းခေါင်တိုင်အောင် နေထွက်နေတဲ့မြို့လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ နော်ဝေနိုင်ငံမှာ နေ မဝင်တဲ့ ရက်ပေါင်းက ၆၉ ရက် ရှိပါတယ်။ မေလကနေ ဇူလိုင်လအတွင်းဟာ နော်ဝေနိုင်ငံအတွက် နေမဝင်တဲ့ အချိန်တွေပါပဲ။

(၂) အိုက်စလန်နိုင်ငံ

▶️ အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံကလည်း နော်ဝေနိုင်ငံလိုပဲ မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လအထိ နေ မဝင်ဘဲ ရှိနေတတ်ပါတယ်။ အိုက်စလန်နိုင်ငံဟာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေပေါများတဲ့ နိုင်ငံဖြစ်သလို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသာဥယျာဉ်တွေဆီ လည်ပတ်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

(၃) ကနေဒါနိုင်ငံ

▶️ ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သလို ကနေဒါ တနိုင်ငံလုံးကိုလည်း ဆီးနှင်းတွေက တနှစ်ပတ်လုံး ဖုံးလွှမ်းထားတတ်ပါတယ်။ နွေရာသီမှာဆိုရင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ Inuvik လို မြို့တွေဟာ ရက်ပေါင်း ၅၀ လောက်ကြာအောင် နေမဝင်ဘဲ ရှိနေတတ်ပါတယ်။

(၄) အလာစကာပြည်နယ်

▶️ အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။

(၅) ဆွီဒင်နိုင်ငံ

▶️ နေမဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ ရှိ ပြီး မနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။

(၆) ဖင်လန်နိုင်ငံ

▶️ ဖင်လန်နိုင်ငံဟာ ထောင်ချီတဲ့ ရေကန်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်သလို နွေရာသီမှာဆိုရင် ၇၃ ရက်တိုင်တိုင် နေမဝင်တာကို ကြုံရလေ့ ရှိပါတယ်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

. idiva.com


22/12/2022

🎈၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်🎈

ကျရောက်သော ကရင်သွေးချင်းညီနောင်များ၏

♦️🎊🎉ကရင်အမျိုးသားနှစ်သစ်ကူးနေ့🎊🎉♦️အား

မှ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။


#ကရင်အမျိုးသားနှစ်သစ်ကူးနေ့
#ကရင်နှစ်သစ်ကူးခြင်း

ဆင်ခေါင်းတောင် 🐘🦣🐘🐘🦣🐘ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)🔶ဆင်ခေါင်းတောင်ရဲ့အောက်ဘက်မှာမြို့ကြီးဆည်ကနေ လွှတ်ပေးနေတဲ့ ...
21/12/2022

ဆင်ခေါင်းတောင်
🐘🦣🐘🐘🦣🐘

ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)

🔶ဆင်ခေါင်းတောင်ရဲ့အောက်ဘက်မှာမြို့ကြီးဆည်ကနေ လွှတ်ပေးနေတဲ့ ဇော်ဂျီမြစ်လေးရှိပါတယ်...ရေကစားရင်းနဲ့ အနားယူ အပန်းဖြေရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်နိူင်ဖို့ ဇော်ဂျီမြစ်ကို မျက်နှာမူထားတဲ့ စားသောက်ဆိုင်လေးတွေရှိပါတယ်...🏖️

🏞️ဇော်ဂျီမြစ်က ကားလမ်းရဲ့အောက်ဘက် ကပ်လျက်မှာရှိပြီး အပေါ်စီးကနေ ကြည့်တာတောင် ရေအောက်ကြမ်းပြင်ကို မြင်ရတဲ့ထိ ကြည်လင်ပြီး ကျောက်ခဲလေးတွေနဲ့ အရမ်းလှပါတယ်။ ရေစီးကလည်း အတော်သန်ပါတယ်.အရင်က ဆိုင်တွေဖွင့်ရင်တော့ တယောက် ၅၀၀နဲ့
စက်လှေအပျော်ပတ်စီးပြီး တောတောင် ၊ ရေမြေအလှနဲ့အတူ ဓာတ်ပုံလှလှလေးတွေ ရိုက်နိူင်ပါတယ်...⛵

⏰သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်အနေနဲ့ ဆင်ခေါင်းတောင်အရောက် မနက် ၁၀ နာရီမတိုင်ခင် နဲညနေ ၄နာရီနောက်ပိုင်း အဲ့နှစ်ချိန်ထဲက တချိန်ရွေးပြီး သွားသင့်ပါတယ်။

🔺ဆင်ခေါင်းတောင်ဘေးမှာ ဇော်ဂျီမြစ်က ကပ်လျှက်စီးဆင်နေတယ် ဇော်ဂျီမြစ်က မြစ်ကြောင်းလေးတွေ ခွဲထွက်နေတဲ့ ရေချိုးလို့ အရမ်းကောင်းတဲ့ မြစ်ငယ်ကလေး.....

🌳🌲ဆင်ခေါင်တောင်မရောက်ခင်က သစ်ကြီးပင်တွေအများကြီးတန်းနေတဲ့ ရွာအဝင်လမ်းလေးကို ဖြတ်ကျော်ပြီး... သင့်ရဲ့ Pre weeding ဓါတ်ပုံတွေကို ရိုက်သင့်တယ်...

🚌မန္တလေးဘက်ကနေ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ၄၆မိုင်(၇၅ကီလိုမီတာ) - ၁နာရီ ၄၅မိနစ်ခန့် သွားရင် ဆင်ခေါင်းတောင်ကို ရောက်ပါတယ်။
လမ်းက တော်တော်လည်း ကောင်းသလို တချို့နေရာတွေမှာ အမြန်လမ်းလို အသွားတလမ်း အပြန်တလမ်းဖြစ်လို့ မောင်းရတာ အရမ်းအဆင်ပြေပါတယ်။ မန္တလေးမှ🛵 ဆိုင်ကယ်နဲ့လည်း နေ့ချင်းပြန်သွားရောက်နိူင်ပါတယ်..

🥰မန္တလေးမြို့မှ မြစ်ငယ် ၊ စဥ့်ကိုင် ၊ ကျောက်ဆည်တို့ကို ဖြတ်ပြီး ကျောက်ဆည်အလွန် ဟန်မြင့်မိုရ်ရွာ ရောက်ရင် မီးပွိုင့်မှာ ရွာငံသို့ဆိုတဲ့ မြှားလေးအတိုင်း ဘယ်ဘက်ချိုးပြီး ၁၅မိနစ်လောက် ထပ်သွားပြီးရင် ဘယ်ဘက်အခြမ်းမှာ တွေ့ရပါပြီ။ တောင်ကကြီးတော့ ကား ၊ ဆိုင်ကယ်နဲ့ သွားနေရင်း အဝေးကနေ လှမ်းမြင်တွေ့နိူင်ပါတယ်...

ေးတွေအမြဲတင်ပေးနေမှာဖြစ်တဲ့အတွက်Page 👆လေးကိုLike👍 &Follow လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်😉😍😍😍

:



ဆင်စွယ်ပန်းပုစေတီတော်♦️♦️♦️♦️♦️♦️♦️♦️♦️ဗြိတိသျှ ပြတိုက်ရောက်နေတဲ့ မြန်မာ့အမွေအနှစ်စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတေ...
14/12/2022

ဆင်စွယ်ပန်းပုစေတီတော်
♦️♦️♦️♦️♦️♦️♦️♦️♦️

ဗြိတိသျှ ပြတိုက်ရောက်နေတဲ့ မြန်မာ့အမွေအနှစ်စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတော် 19 ရာစု အစောပိုင်းက ဆင်စွယ်ဖြင့်ပြုလုပ်ထားတဲ့ စေတီတော်ပုံစံ ပန်းပုလက်ရာဖြစ်ပြီး ဒီဆင်စွယ် ပန်းပုကို မြန်မာနိုင်ငံ မော်လမြိုင်မှ ပြုလုပ်သည် ဟု ဖော်ပြထားပါသည်။ ဆင်စွယ်ပန်းပုသည် အမြင့် 28.5 စင်တီမီတာ အမြင့်ရှိပြီး ဆင်စွယ်ပန်းပုတွင် အပိုင်း 4 ပိုင်းတို့ဖြင့် ပေါင်းစပ် ပြုလုပ်ထားပါသည်။

🔶 အပိုင်းတခုခြင်း ဖော်ပြရလျှင် အပေါ်ဆုံးထိပ်ပိုင်းတွင် ဗောဓိပင်ရင်းအောက် ပလ္လင်ပေါ်မှ ဗုဒ္ဓ မြတ်စွာဘုရား၏ ပုံတော်ကို ဆင်စွယ်ဖြင့်ထုလုပ်ပြီး ထည့်သွင်းကာ ပူဇော်ထားပါသည်။ ဒုတိယအပိုင်းတွင် ကြာပလ္လင်ပေါ်တွင် ဘူမိမုဒြာဖြင့် ထိုင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်အား လက်ဝဲ လက်ယာမှ နတ်နှစ်ပါးမှ ရှိခိုးနေဟန် ထုလုပ်ထားပါသည်။ တတိယအပိုင်းတွင် ပဉ္ဖဝဂီ 5 ဦးအား ရည်ညွှန်းတဲ့ ရဟန်း 5 ပါး ရှိခိုးနေကြပုံကို ထွင်းထုထားပါသည်။ အောက်ဆုံး စတုတ္ထအပိုင်းတွင်တော့… တိရစ္ဆာန် 4 ကောင်၏ ရုပ်ပုံတို့ကိုထွင်းထုထားပြီး…ဆင်၊ ကျား၊ ခြင်္သေ့ နှင့်အောက်ဆုံးအခြေဘက်တွင် သစ်ပင်အောက်မှ သမင်တကောင်ရဲ့ ပုံထွင်းထုထားပါသည်။

♦️ဆင်စွယ်တချောင်းလုံးကို အခေါင်းဖေါက်ထွင်းပြီး အထဲမှာ စေတီတော်တို့ရှိ ဌာပနာတိုက်ပုံစံ စိတ်ကူးဖြင့် ဗုဒ္ဓရုပ်ပွားတော်အသေးကို (ဆင်စွယ်၏ထိပ်ဖျားပိုင်းဖြင့်) ထုလုပ်ကာ ထည့်သွင်းထားသည်။ လက်ရှိ ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်းပြသထားပါသည်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

- Myanmarthuta


အနောက်ပင်လယ်ကမ်းခြေ🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️♦️အနောက်ပင်လယ်ကမ်းခြေသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့မှ ၇ မိုင်ခန့်အကွာ အစင...
11/12/2022

အနောက်ပင်လယ်ကမ်းခြေ
🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️🏖️

♦️အနောက်ပင်လယ်ကမ်းခြေသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့မှ ၇ မိုင်ခန့်အကွာ အစင်စံပြကျေးရွာအုပ်စု၊ ဆိပ်ကလေးကျေးရွာတွင် တည်ရှိသည့် ကမ်းခြေတစ်ခုဖြစ်ပါသည်။ သာယာလှပသော ကမ်းခြေတစ်ခုဖြစ်ပါသည်။

🌅ယင်းကမ်းခြေသည် ညနေ နေဝင်ဆည်းဆာအလှ (Sunset View) ကို ခံစားကြည့်ရှု့ရန် နေရာကောင်းတစ်ခုလည်းဖြစ်သည်။

မှ အသစ်အသစ်သောနေရာဒေသများရဲ့သဘာဝရူခင်းများ နှင့် ဘုရားစေတီပုထိုးသမိုင်းကြောင်းများကိုလည်း အချိန်နှင့်တ‌ပြေးညီဖော်ပြပေးနေမှာဖြစ်လို့ လေးကို & လုပ်ထားပေးကြပါ့ဦးနော်🥰

:



မိုင်းနိုင်း (မိုးနဲ) မြို့နှင်လန့်နားအမွေအနှစ်လက်ကျန်များ🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰♦️မိုင်းနိုင်း(မိုးနဲ) ကို ဘီစီ (၅၁၉) ခုနှစ်...
04/12/2022

မိုင်းနိုင်း (မိုးနဲ) မြို့နှင်လန့်နားအမွေအနှစ်လက်ကျန်များ
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

♦️မိုင်းနိုင်း(မိုးနဲ) ကို ဘီစီ (၅၁၉) ခုနှစ်တွင်
စဝ်ချို ကတည်ထောင်ခဲ့သည်ဟုသိရသော်လည်း
သမိုင်းအဆက်ပြတ်နေသောကြောင့် သမိုင်းပညာရှင်
များမှ ကူညီဖော်ထုတ်မှုကို မျှော်လင့်နေရရှာပါသည်။

♦️ အေဒီ(၁၂၂၃) ခုနှစ်တွင်မိုင်းမောအင်ပါယာ မှ စဝ်ဆမ်လုံဖ ဦးစီးသော စစ်ကြောင်းများ၀င်ရောက်သိမ်းပိုက်၍ မိုင်းမောအင်ပါယာထဲကျရောက်ခဲ့ရသည့် မိုင်းနိုင်း(မိုးနဲ) သည် မည်သည့်ခုနှစ်မှစ၍ ခွဲထွက်ခဲ့သည်ကိုမသိရသော်လည်း အေဒီ (၁၂၉၆) ခုနှစ် လန့်နားအင်ပါယာထူထောင်သောအချိန်မှစပြီး နှစ်များမကြာခင်မှာပင်ညောင်ရွှေ၊ မိုင်းနိုင်း (မိုးနဲ)၊ လိုင်းခ (လဲချား) စသော ရှမ်းပြည်နယ်(၁၁) မြို့မှာလန့်နားအင်ပါယာ ထဲပါ၀င်လာခဲ့သည်ဟုရေးသားထားသည်ကိုတွေ့ရသည်။

🔷 မိုင်းနိုင်း (မိုးနဲ) ကို ဘုရင်ဖယားမန်းရိုင်း၏
တတိယသား (သို့) အငယ်ဆုံးသား ဖြစ်သူ
စဝ်ခွန်ခေး အားအပိုင်စားပေးထားသည်ဟုလည်း
ဆိုကြသည်။လန့်နား ဘုရင်ဖယားမန်းရိုင်း သည်အေဒီ (၁၃၁၁)ခုနှစ် (သို့) အေဒီ (၁၃၁၇) ခုနှစ် တွင် မိုးကြိုးပစ်၍နတ်ရွာစံသော် ဒုတိယသား ဖြစ်သူ စဝ်ခွန်ခမ်း (ခ) ချိုင်းဆွန်ခရမ်း အားထီးနန်းအပ်
ခဲ့သည်။ဘုရင် ဖယားမန်းရိုင်း၏ ပထမသား သည်
ဖခင် နတ်ရွာမစံခင်ကတည်းက မအောင်မြင်သော အာဏာသိမ်းမှုကြောင့် ကွပ်မျက်ခြင်းကိုခံခဲ့ရပြီး
ဒုတိယသား စဝ်ခွန်ခမ်း သည် ထီးနန်းကိုခဏတာမျှ ထိန်းသိမ်းထားပြီး မကြာခင်မှာပင် ကျိုင်းရိုင်းသို့
ပြောင်းရွှေ့ကာအနားယူလိုက်ပြီးသည့်နောက်
၄င်း၏သားကြီး ဖြစ်သူ စဝ်ဆဲန်ဖူးကို ထီးနန်းဆက်ခံ
စေပြီး သားအငယ်ဖြစ်သူ စဝ်နမ့်ထုမ့်အား ကျိုင်းတုံ
ကို အုပ်ချုပ်စေသည်။

🔶 အေဒီ (၁၃၂၂) ခုနှစ်တွင် မိုင်းနိုင်း (မိုးနဲ) ကို
အုပ်ချုပ်နေသော စဝ်ခွန်ခေး သည် ကျိုင်းမိုင်(ချင်းမိုင်) ထီးနန်းကိုလုရန် စစ်သည်တော်များဖြင့်ချီတက်လာပြီး ကနဦး လမ်ဖွန်း ကိုသိမ်းပိုက်ခဲ့သည်။ဤအခြေအနေ
ကြောင့် တူဖြစ်သူ ဘုရင်ငယ် စဝ်ဆဲန်ဖူး လည်း
ဖခင်ရှိရာ ကျိုင်းရိုင်းသို့တိမ်းရှောင်ခဲ့ရသည်သို့သော်လည်း စဝ်ဆဲန်ဖူး၏ ညီဖြစ်သူ
ကျိုင်းတုံစား စဝ်နမ့်ထုမ့်၏ကူညီမှုဖြင့် ဦးလေးတော်
စပ်သူ စဝ်ခ ွန်ခေး ကိုအောင်မြင်စွာ ပြန်လည်
တွန်းလှန်နိုင်ခဲ့သည်ဆိုသည်။ ဤကားလန့်နား နှင့်မိုင်းနိုင်း (မိုးနဲ) တို့ဆက်စပ်မှုကြီးတစ်ခုပင်ဖြစ်၏။

လန့်နားအင်ပါယာ အမြင့်မားဆုံး တိုးတက်
ဖွံ့ဖြိုးမှုသည် ဖယား တီလိုခါရတ်
အေဒီ(၁၄၄၁ - ၁၄၈၇) ခေတ် တွင်ဖြစ်သည်။
🌲 ကမ္ဘာတ၀န်းလုံးရှိထေရဝါဒဗုဒ္ဓဘာသာ
သံဃာယနာ တင်ခြင်း၊
🌲 ရှမ်းပြည်တစ်၀န်းလုံးသို့ ယွန်းဂိုဏ်း
သာသနာပြုလုပ်ငန်းများလုပ်ဆောင်ခြင်း၊
🌲 အင်ပါယာနယ်မြေချဲ့ထွင်ခြင်း ....စသည်တို့ကိုလုပ်ဆောင်နိုင်ခဲ့သည်။

♦️ အေဒီ (၁၄၈၇) ခုနှစ် ဖယား တီလိုခါရတ်
နတ်ရွာစံပြီး နောက်ပိုင်းတွင် လန့်နားအင်ပါယာ အင်အားလျှေုာ့နည်းလာခဲ့ပြီးရှမ်းပြည်စော်ဘွားများစတင်ခွဲထွက်သွားကြသည်။ လာအိုနှင့်သုက္ကတဲ (ဆူကိုထိုင်း) တို့လည်းတိုက်ခိုက်သိမ်းပိုက်ရန်ပြင်နေကြသည်။

🔷 အဆိုးဆုံးအခြေအနေမှာ အေဒီ (၁၅၂၃) ခုနှစ်
ဖယား တီလိုခါရတ် ၏ မြေး ဖယားကျောက်၏
ခေတ်တွင် ဆီပေါ့ (သီပေါ) ကို ၀င်ရောက်တိုက်ခိုက်သောအခါ ၌ နလံမထူနိုင်အောင်အကြီးအကျယ်ရှုံးနိမ့် ခဲ့ ခြင်းပင်ဖြစ်သည်။ဤသို့ဖြင့် အေဒီ (၁၅၄၈) ခုနှစ်သို့
ရောက်လာသောအခါ ထီးနန်းနှင့်ပတ်သက်၍
နန်းတွင်း အငြင်းပွားမှု များရှိလာသောကြောင့် မှူးမတ်များတိုင်ပင်ကာ ဖယားမန်းရိုင်း၏ သွေးသား
တော်စပ်သူ မိုင်းနိုင်း (မိုးနဲ) စော်ဘွား မဂ်ဂူတီ အားပင့်ဖိတ်ပြီး ထီးနန်းအပ်နင်းခဲ့သည်။

🔶လန့်နားဘုရင်သစ် မိုင်းနိုင်း (မိုးနဲ) စော်ဘွား
မဂ်ဂူတီ အုပ်စိုးပြီး (၁၀) နှစ်အကြာမှာပင် ဗမာဘုရင် ဘုရင့်နောင်အင်အားကြီးထွားလာကာ ရှမ်းပြည်
တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်သည်သာမက
လန့်နားအင်ပါယာမြို့တော်ကျိုင်းမိုင် (ချင်းမိုင်) လည်း (၁၅၅၈) ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် ဘုရင့်နောင်လက်တွင်းသို့ကျရာက်သွားခဲ့သည်။ မိုင်းနိုင်း(မိုးနဲ) သည် လန့်နားအင်ပါယာ၏အရေးပါသောအစိတ်အပိုင်းဖြစ်သည့်အလျောက်လန့်နားယဉ်ကျေးမှုများလည်း အခြားဒေသများထက်ပိုမို ကျယ်ပြန့်နိုင်မည်ကိုခန့်မှန်းနိုင်ပေသည်။

🇲🇲မြန်မာနိုင်ငံရှိ‌ဘုရားစေတီပုထိုးများရဲ့သမိုင်းကြောင်း များကိုလည်း ခရီးပြည်သူများလေ့လာမှတ်သားနိုင်ဖို့ရာ ကျွန်မတို့ မှတင်ပြပေးလိုက်ပါတယ်ရှင့်☺️

:SourceFromInternet



လွန်းညရေပြာအိုင် 💙💙💙💙💙💙💁လွန်းညရေပြာအိုင်သည် ဘားအံမြို့မှ အိန္ဒူအကျော် လွန်းညကျေးရွာအနီးတည်ရှိပါသည်။ 🏊ယင်းရေပြာအိုင်မှာ ရ...
30/11/2022

လွန်းညရေပြာအိုင်
💙💙💙💙💙💙

💁လွန်းညရေပြာအိုင်သည် ဘားအံမြို့မှ အိန္ဒူအကျော် လွန်းညကျေးရွာအနီးတည်ရှိပါသည်။

🏊ယင်းရေပြာအိုင်မှာ ရေကစားရန်အတွက် အသင့်အတင့်အကျယ်အဝန်းရှိပြီး တစ်နှစ်ပတ်လုံး ရေမပြာဘဲ မိုးရာသီကာလတွင် ပိုပြာသည်ဟု သိရပါသည်။

💧 ရေပြာအိုင်ရှိ တောင်‌ေခြသို့သွားရာ လယ်ကွင်းပြင်များကို ဖြတ်သန်းဖောက်လုပ်ထားသော တံတားရှည်ရှည်လေးတစ်စင်းမှာ ကန်၏ အလှကို ပို၍ဆွဲဆောင်စေပါသည်။

ေးတွေအမြဲတင်ပေးနေမှာဖြစ်တဲ့အတွက်Page 👆လေးကိုLike👍 &Follow လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်😉😍😍😍




ကျိုင်းတောင်းရေတံခွန်   🌀🍀🌀🍀🌀🍀🌀🍀🔺ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့မှ မိုင် ၃၀ အကွာရှိ နမ့်တ...
27/11/2022

ကျိုင်းတောင်းရေတံခွန်
🌀🍀🌀🍀🌀🍀🌀🍀

🔺ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့မှ မိုင် ၃၀ အကွာရှိ နမ့်တိန်းချောင်းပေါ်တွင် တည်ရှိသည်။

💢အမြင့်တူရာမှ ရေစီးကြောင်း ၈ ခု ကျဆင်းနေသော အရွယ်အစားကြီးမားသော ရေတံခွန် တစ်ခုဖြစ်သည်။ အထက်ကျိုင်းတောင်းနှင့် အောက်ကျိုင်းတောင်းဟူ၍ နှစ်ခုရှိပြီး ရေတံခွန်မှ ရေလွှဲယူကာ ရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံလည်း တည်ရှိသည်။

♂️♀️အလျား ၁၀၈ ပေ၊ အကျယ် ပေ ၉၀၊ အမြင့် ၂၂ ပေရှိ သံကူကွန်ကရစ် ရေယူအဆောက်အအုံမှတစ်ဆင့် ကွန်ကရစ်ရေမြောင်း သွယ်ယူပြီး ၁၅ ပေ x ၂၆၀ဝ ပေရှိ ဖိအားမြှင့် သံမဏိပိုက်လိုင်းဖြင့် စုစုပေါင်းရေအား ၄၂၇ ပေ ရယူကာ စက်တပ်ဆင်အား ၁၈ မဂ္ဂါဝပ်ရှိ လျှပ်စစ်တာဘိုင်စက်သုံးလုံး စုစုပေါင်းတပ်ဆင်အား ၅၄ မဂ္ဂါဝပ်ဖြင့်လည်ပတ်ပြီး နှစ်စဉ်ပျမ်းမျှ ကီလိုဝပ် နာရီသန်းပေါင်း ၃၇၇ ဒသမ ၆ ရှိ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်သည့် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို ၂၀ဝ၉ ခုနှစ် မတ် ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျိုင်းတောင်းရေအားလျှပ်စစ်အခြေပြုရာ ကျိုင်းတောင်းဒေသကို စက်ရုံမှ တိုက်ရိုက်လျှပ်စစ်ဓာတ်အားဖြန့်ချိပေးကာ နမ့်စန်ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ေးတွေအမြဲတင်ပေးနေမှာဖြစ်တဲ့အတွက်Page 👆လေးကိုLike👍 &Follow လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်😉😍😍😍




မွေတော်ကက္ကူစေတီ♦♦♦♦♦♦♦🔷 မွေတော်ကက္ကူ စေတီဘုရားများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးတွင်ရှိသော ကျောက်တစ်လုံး (ပအိုဝ်း...
20/11/2022

မွေတော်ကက္ကူစေတီ
♦♦♦♦♦♦♦

🔷 မွေတော်ကက္ကူ စေတီဘုရားများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးတွင်ရှိသော ကျောက်တစ်လုံး (ပအိုဝ်းတိုင်းရင်းသားများဒေသ)တွင် တည်ရှိသည်။

🙏 ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးကို အမှီပြု၍ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးမှူးသော ရဟန်းတစ်ထောင်တို့က တတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ပြုလုပ်ကျင်းပကြလေသည်။ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခြင်းနှင့် စေတီပေါင်း (၈၄၀ဝ၀) တည်ထားကိုးကွယ်ခြင်းတို့ ပါဝင်သည်။

🇲🇲 ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစဉ်အခါက မွေတော်ကက္ကူသို့ ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ရှိခဲ့ဘူးလေသည်။

🔶 ပုဂံခေတ်၊ အလောင်းစည်သူမင်း (အေဒီ၁၁၇၄-၁၂၁၁)သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းစည်သူမင်း လက်ထက်တွင် ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးသည်။

♦ မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင် စု၍ တည်ထားခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားသည်။ ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများ ရှိသည်။ ဘုရားများ၏ နောက်တွင် နောင်မွန်အင်း ရှိသည်။ နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိပေ။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လ ဟုဆိုသည်။

➡ ကက္ကူမွေတော် ၃၀၀၀
🔻၁။ ကက္ကူမွေတော်အကြောင်း ဘိုးတော်ဘုရား (ပဒုံမင်း) ၁၇၈၅ - ၁၈၁၉ လက်ထက် ပေစာတစောင်မှာ ဖတ်ရဖူးတယ်လို့ ပြောစကား ကြားဖူးတယ်။

🔻၂။ ၁၉၇၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ခေါ်တယ်။

🔻၃။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂က စေတီကြီးကို ထီးတင်တယ်။

🔻၄။ စေတီအလယ်မှာ ၁၈၉၃ ခေါင်းလောင်းက ကက္ကူမွေတော်ခေါ်တယ်။

🔻၅။ စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။

🔻၆။ စေတီအရေအတွက်ကို ဖေဖော်ဝါရီ ၂၀၀၁ က ရေတွက်တဲ့အခါ ၂၄၇၈ ဆူ ရှိတယ်လို့ စာတစောင်မှာပါတယ်။

ဒီလိုဆိုရင် ခရစ်နှစ် ၁၈၀ဝ လောက်ကလို့ ခန့်မှန်းရတော့မယ်လို့ ထင်မိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆလိုက်တယ်။၁၂ မတ် ၂၀၀၃ နေ့လယ်က စိုင်းအောင်ထွန်းက တောင်ကြီးမြို့ ရေအေးကွင်း ရေထွက်ဦးလမ်းမှာနေတဲ့ ဖိလစ်စောတောက်ကို ခေါ်လာတယ်။ အဲဒီလူက ခရီးရောက်မဆိုက် ကက္ကူဘုရာထီးတွေက ရှမ်းလိုရေးတဲ့ ခေါင်းလောင်းစာတွေ ယူလာတယ်။ စာတွေကို သူတို့ဖတ်ပြီး ဘာသာပြန်ပေးတယ်။

➡ စာတခုက - ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည်

➡ နောက်တခုက - လူထွက်ဦးစိုင်းက သွန်းလုပ်ပူဇော်ပြီးစီးပါကြောင်း

➡ နောက်ထက်တခုက - ၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇)

➡ ဆင်ခံဘုရားတဆူမှာ - တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု

🔶 ဖိလစ်စောတောက် ကျေးဇူးကြောင့် တိကျတဲ့ ရက်စွဲတခု ရပြန်ပါတယ်။ ၂၇ ဖေဖော်ဝါရီ ၁၇၉၇။ ကက္ကူဘုရားတောက ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈၀ဝ ဝန်းကျင်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆက်လက်ယူဆဖွယ် ရှိပါတယ်။

💁ဒီလိုစိတ်ဝင်စားဖွယ်ရာစေတီတော်တွေတစ်နေရာထဲမှာအများအပြားဖူးမျှော်လေ့လာခွင့်ရမှာပဲဖြစ်လို့ မှဖော်ပြပေးလိုက်ပါနော် 😊😊

;ဒေါက်တာသန်းထွန်း (အဖွဲ့ဝင်၊ မြန်မာသမိုင်းကော်မရှင်)


ဂူပြောက်ငယ် (ဝက်ကြီးအင်း)♦️♦️♦️♦️♦️♦️♦️♦️♦️🔶 ဂူပြောက်ငယ် (ဝက်ကြီးအင်း) ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂ...
20/02/2022

ဂူပြောက်ငယ် (ဝက်ကြီးအင်း)
♦️♦️♦️♦️♦️♦️♦️♦️♦️

🔶 ဂူပြောက်ငယ် (ဝက်ကြီးအင်း) ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိပါသည်။ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး (၁၉) ဇူလိုင် (၁၂၃၅)တွင် ကျစွာမင်းမိထွေးတည်ခဲ့ပါသည်။ ဂူပြောက်ငယ် အတွင်းရှိ နံရံဆေးရေးပန်းချီများမှာ ပျက်စီးယိုယွင်းလျှက်ရှိပြီး အဝင်ခန်းမ၏ နံရံများတွင် ငါးရာ့ငါးဆယ် ဇာတ်ကွက်နံရံဆေးရေး ပန်းချီများရှိပါသည်။

♦️ ဂူပြောက်ငယ်၏ ကွမ်းတောင်တွင် မုခ်ကပ်အဝိုင်းပါရှိသည့် လေးထောင့်တုံးကို အမြှောက်ပုံဖော်ပြီး အပေါ်သို့ တဖြည်းဖြည်း သေးသွယ်ရှူးတက် လှပအောင် ပြုလုပ်ထားပါသည်။ အချို့မုခ်ကပ်အဝိုင်းအတွင်းတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိပါသည်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတ ရရှိစေရန် MMVisit Online Travels မှ ဆက်လက်ကြိုးစားပါဦးမည်...

;UMaungMaung (BaganPagodas)

ဓာတ်တော်ချိုင့်ရေတံခွန်⛱️⛱️⛱️⛱️⛱️⛱️⛱️⛱️🇲🇲 ဓာတ်တော်ချိုင့်ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ...
06/02/2022

ဓာတ်တော်ချိုင့်ရေတံခွန်
⛱️⛱️⛱️⛱️⛱️⛱️⛱️⛱️

🇲🇲 ဓာတ်တော်ချိုင့်ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်းတွင် တည်ရှိပါသည်။

♦️၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်တော်ချိုင့် ရေတံခွန် ဒုတိယ အဆင့်မှစတင်ကာ ရေမကျတော့သဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ အချို့အပါအဝင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အကျယ် ၂ ပေခန့်ရှိ ရေယိုပေါက်မှတစ်ဆင့် မြေအောက်ကလိုင်ထဲသို့ ရေစီးဝင်သွားသောကြောင့် ရေမကျတော့ဘဲ တစ်ရက်ခန့်ကြာမြင့်ခဲ့ပြီး ရေယိုပေါက်ကို ပိတ်ဆို့ပြီးနောက် ဩဂုတ် ၁၂ ရက်နေ့တွင် ပြန်လည်ရေကျလာခဲ့သည်။

🔰 အမြင့်ပေ ၁၀၀၀ ဝန်းကျင်ရှိသော အဆင့် ၃ ဆင့်ရှိ ဓာတ်တော်ချိုင့် ရေတံခွန်သည် သဘာဝပတ်ဝန်းကျင်လှပသဖြင့် ပြည်တွင်းပြည်ပခရီးသွားအများစု စိတ်ဝင်စားသည် ရေတံခွန်တစ်ခုဖြစ်ပါသည်။

မှ အသစ်အသစ်သောနေရာဒေသများရဲ့သဘာဝရူခင်းများ နှင့် ဘုရားစေတီပုထိုးသမိုင်းကြောင်းများကိုလည်း အချိန်နှင့်တ‌ပြေးညီဖော်ပြပေးနေမှာဖြစ်လို့ လေးကို & လုပ်ထားပေးကြပါ့ဦးနော်🥰

:WikipediaWebsite



မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဖွယ် (၈)ဖြာ၁။မကောင်းသော ကျေးငှက်သတ္တဝါတို့သည် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေပြဿဒ်ပေါ်သို...
30/01/2022

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဖွယ် (၈)ဖြာ

၁။မကောင်းသော ကျေးငှက်သတ္တဝါတို့သည် ရုပ်ရှင်တော်
မြတ်ကြီး၏ ရွှေပြဿဒ်ပေါ်သို့ လွှားကျော် ခုန်ပျံနားခြင်း
ငှာ မဝံ့ခြင်း။

၂။ရုပ်ရှင်တော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်
ထွက်စ လပြည့်ဝန်း ကဲ့သို့ အမြဲ ထွန်းလင်းတောက်ပ
ရောင်တော်မြတ် ထွန်းပတော်မူခြင်း။

၃။မိစ္ဆာ အယူမှား ဒုသီလ ပုဂ္ဂိုလ်တို့သည်ရုပ်ရှင်တော်မြတ်
အား ရှု့ကြည့်ဝင်ဖူးသော် ရွှေမျက်နှာတော်သည် ညိုမှောင်
ပြာမှိုင်းလျှက် အရောင်မတောက်ပ မှေးမှိန်တော်မူခြင်း။

၄။ရုပ်ရှင်တော်မြတ်၏ ပုံသဏ္ဌန်တော်ကို ပုံတူကူး၍ သွန်း
လောင်းသော်လည်း ပုံစံတူ မရနိုင်ခြင်း။

၅။တရားဆိုင်lအမှု့ပြိုင်lအနိုင်အရှုံးlကျင့်သုံးမုသား
ကျန်ဆိုငြားသော် ဒိဋ္ဌလက်ငင်း ပျက်ယွင်းထိရောက်စေနိုင်
သော တန်ခိုးတော်ကြီးမားခြင်း။

၆။ရဟန်းရှင်လူ အများတို့သည် သဒ္ဒါတရား တိုးပွားစွာ
သိန်းသောင်းမကသော ရွှေဆိုင်းတို့ကိုရက်ညောင်းနှစ်များ
တိုင်အောင် ကပ်လှူကြသော်လည်း ပြေပြစ်သန့်စင်သော
ကိုယ်တော် ကပတိရှိခြင်း။

၇။တစ်ဆယ့်နှစ်လ မည်သည့် အခါသမယ မဆို ပွဲတော်
အသွင် နေ့စဉ် ဘုရားဖူးလာရောက်ကြသူ ရှင်လူ ပရိသတ်
တို့မစဲ စည်ကားလျှက်ရှိခြင်း။

၈။တန်ခူး ကဆုန်စသော သင်္ကြန်ကာလ ညောင်ရေခါတို့၌
ဝဲယာရှေ့နောက် အိုးကြီး အိုးငယ်တို့နှင့် ရေသပ္ပါယ်ကြ
ပါသော်လည်း ရှေ့တော် အပါး၌ ရေမတား မတည်နိုင်
သော တန်ခိုးတော်ကြီးမားခြင်း။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတ ရရှိစေရန် မြန်မာနိုင်ငံအနှံ့အပြားမှ နာမည်ကြီးစေတီပုထိုးများနှင့် နေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

;မန္တလေးသနာဝင်(ပ)တွဲနှင့်မဟာမုနိရုပ်ရှင်တော်မြတ်သမိုင်း (ဦးမောင်မောင်တင်)

ထုက္ကန့်သိမ်ပုထိုးတော်ကြီး♦️♦️♦️♦️♦️♦️♦️♦️♦️ 🔶ထုက္ကန့်သိမ် ပုထိုးတော်ကြီးသည် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ သျ...
23/01/2022

ထုက္ကန့်သိမ်ပုထိုးတော်ကြီး
♦️♦️♦️♦️♦️♦️♦️♦️♦️

🔶ထုက္ကန့်သိမ် ပုထိုးတော်ကြီးသည် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ သျှစ်သောင်းပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။

♻️ အေဒီ ၁၅၇၁ ခုနှစ်တွင် ဘုရင်မင်းဖလောင်းကကျောက်ပြားခင်း၊ ကျောက်ပြားမိုး သပ်စီပေါင်းခုံးစနစ်ဖြင့် တည်ထားခဲ့ပါသည်။ ပုထိုးတော်ကြီးသည် တောင်မြောက် ၁၁၀ ပေ၊ အရှေ့အနောက် ပေ ၁၃၇ ပေ ရှိပြီး ပုထိုးတော်ကြီး၏ အောက်ခြေမှ ပင်မစေတီတော်ထိပ်ပိုင်းအထိ ၆၄ ပေမြင့်ပါသည်။ ပင်မစေတီတော်ကြီးတစ်ဆူနှင့် ထောင့်လေးထောင့်၌ အရံစေတီ ၄ ဆူရှိသည်။ စေတီပုံစံမှာ သပိတ်မှောက်အပေါ်၌ ကုဗပုံဓာတုဂမ္ဘ ဆင့်ထားဟန် ဖြစ်သည်။ ကြမ်းခင်းကို ယခင်က စဉ့်ချပ်များဖြင့် ခင်းခဲ့သည်ဟု သိရသော်လည်း ယခုအခါ အနည်းငယ်ကိုသာ တွေ့မြင်နိုင်တော့သည်။

♦️ ပုထိုး၏ အနောက်တောင်ထောင့်တွင် ဘုရင့်ဥပုသ်ဆောင်တော် ရှိသည်။ လိုဏ်ပတ်လမ်းတလျှောက်တွင် မင်းမှုထမ်းဇနီးမောင်နှံရုပ်ကြွများကို ရာထူးအဆင့်အလိုက် စီတန်း၍ ဘုရားပူဇော်နေဟန် ထုဆစ်ထားသည်။ ရုပ်ကြွများတွင် "ဗောင်းတော် ၄၀၊ စလွယ်တော် ၉ ပါး၊ ခါးကြိုး ၅ ရပ်၊ လက်စွပ် ၈၁၊ လည်ရစ် ၉ ခွေ၊ နဗေ ၉ ဆင့်၊ ကြယ်ပွင့် ၁၆၊ လက်ကောက် ၂၀ ၊ ပန်းသွယ် ၅ မျိုး၊ ဆံထိုး ၈ ခု၊ ပန်းပု ၈ ချပ်၊ ခြေစွပ် ၇ ပါး၊ ကိုယ်လွှား ၅ မျိုးနှင့် ဆံထုံးထုံးနည်း ၆၄ မျိုး၊ ဘီလူးရုပ်များနှင့် ဒွါရပါလရုပ်များ ပါဝင်သည်။ လိုဏ်ပတ်လမ်းတစ်လျှောက် ခရုပတ်ပုံရစ်၍ မြင့်တက်သွားပြီး အဆုံးတွင် မင်းဆရာတော်ကြီးများ ပရဝါရဏပြုသော ခန်းမတစ်ခုရှိသည်။ မူလက ရတနာကိုးပါးဖြင့် သွန်းလုပ်ခဲ့သော ဆင်းတုတော်ကြီးတစ်ဆူရှိခဲ့ပြီး ခန်းမနံရံပတ်လည်တွင် ဆီမီးတင်ထွန်းနိုင်သော ကျောက်စွန်းများရှိသည်။

🙏 ထုက္ကန့်သိမ်ပုထိုးတော်ကြီးသည် မြောက်ဦးခေတ်လယ်၏ ဝတ်စားဆင်ယင်ပုံများကို ပြတိုက်သဖွယ် လေ့လာနိုင်သော ရှေးဟောင်းသမိုင်းဝင် ပုထိုးတော်ကြီးဖြစ်ပါသည်။

🇲🇲မြန်မာနိုင်ငံရှိ‌ဘုရားစေတီပုထိုးများရဲ့သမိုင်းကြောင်း များကိုလည်း ခရီးပြည်သူများလေ့လာမှတ်သားနိုင်ဖို့ရာ ကျွန်မတို့ မှတင်ပြပေးလိုက်ပါတယ်ရှင့်☺️

:SourceFromInternet



ရန်ကုန်မြို့၏ ဗားကရာချောက်🔶🔶🔶🔶🔶🔶🔶🔶🔶♦️ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က...
16/01/2022

ရန်ကုန်မြို့၏ ဗားကရာချောက်
🔶🔶🔶🔶🔶🔶🔶🔶🔶

♦️ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာ ဖြစ်ပြီး ခရာတော
ဆူးခြုံတောပေါက်ရာ ချောက်ဟု အဓိပ္ပါယ်ရပါသည်။

🔷 ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံပင်တွေပေါက်ရောက်ရာ ဒီရေအတက်အကျရှိခဲ့တဲ့ နေရာကြီးဖြစ်ပါသည်။

🔶 ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်ခဲ့စဉ်က တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။
ခံတပ်မြို့တောင် လုပ်ခဲ့သည်ဟု မှတ်သားဖူးပါသည်။ အလောင်းမင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်၍ “အနောက်တောရကြီး”ဟုသတ်မှတ်ခဲ့ပါသည်။ ဗားကရာကို အဓိကထား သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

♦️ ဗားကရာချောက်ဟာ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုဖြစ်ပါသည်။ ရန်ကုန်မြို့မှ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော်“ဗားကရာချောက်” ကြီးဖြစ်ပါသည်။ ဆူးခြုံတွေရှင်းလင်း
ပြီး မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကိုကားလမ်းအောက်မှာ လိုဏ်ခေါင်း တူးထားတာ တွေ့နိုင်ပါသည်။ လိုဏ်ခေါင်း အဝအကျယ်ဟာ အချင်းဝက် (၅)ပေနှင့် အရှည်ဟာ ချောက်ကနေ မြစ်ဝအထိ(၁၂ဝဝ)ပေ အရှည်ရှိပြီး လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားပါသည်။

🔶 လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ ဗားကရာ
ချောက် ရေနုတ်မြောင်းစနစ်ကို (၁၈၆၉)ခုနှစ်လောက်က တည်ဆောက်ခံတာဖြစ်မယ်လို့ ခန့်မှန်းကြပါသည်။ နှစ်‌(၁၀၀)ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ဗားကရာချောက်က ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တခုလို့ မြင်မိပါတယ်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

to Saya Aung Ngwe Latt

သိကြားပုန်းဘုရား🔷♦️🔷♦️🔷♦️🔷 🔶သိကြားပုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက်၊ ...
09/01/2022

သိကြားပုန်းဘုရား
🔷♦️🔷♦️🔷♦️🔷

🔶သိကြားပုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက်၊ ဝက်ကြီးအင်းရွာ၏တောင်ဘက် သိကြားဟစ်ဘုရားအနီးတွင် တည်ရှိပါသည်။

💁 ပါးစပ်ရာဇဝင်အရ ကွမ်းဆော်ကြောင်ဖြူမင်းမဖြစ်သေးမီအချိန် သိကြားမင်းက ယခုသိကြားဟစ်ဘုရားတည်ရှိရာနေရာမှ "မင်းလောင်းလာပြီဟေ့….ကြိုကြလော့" ဟူ၍ ရပ်တန့်ဟစ်ကြွေးပြီးနောက် မြောက်ဘက်တစ်ခေါ်သာသာခန့်နေရာတွင် ကိုယ်ရောင်ဖျောက်ကာ သွားရောက်ပုန်းအောင်းနေခဲ့သည် ဆိုပါသည်။ နောင်တွင် သိကြားပုန်းအောင်းရာ ယင်းနေရာ၌ ကုသိုလ်ရှင်တစ်ဦးက သိကြားပုန်းဘွဲ့မည်နှင့် ဘုရားတည်ထားခဲ့ခြင်းဖြစ်ပါသည်။ သိကြားပုန်းဘုရားသည် သိကြားဟစ်ဘုရားကဲ့သို့ ၁၂ ရာစု လက်ရာ ကွမ်းတောင်ပေါက် တစ်ထပ်ဂူ ဘုရားဖြစ်ပြီး ဂူအတွင်းရှိ မုခ်ချိုင့်ငယ်များအတွင် ဗုဒ္ဓဝင်ခန်းများကို ရုပ်ကြွနှင့် ပန်းချီဆေးရေးဖက်စပ်လုပ်ဆောင်ထားခဲ့သော လက်ရာများကို တွေ့ရပါသည်။ ထို့ပြင် လိုဏ်အတွင်း၌လည်း အတွင်းမှရုပ်ပွားဆင်းတုငယ်ကိုငုံ၍ ထုလုပ်ထားသည့် နှစ်ထပ်ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူရှိပါသည်။

🙏 သိကြားပုန်းဘုရား အနောက်မြောက်ဘက်တွင် ကွမ်းဆော်မင်းဖြစ်, မဖြစ်ကို သိကြားမင်းက ပုန်းအောင်းနေရာမှ ကိုယ်ထင်ရှား၍ သွားရောက်ကြည့်သည့်အခါ မင်းဖြစ်မှန်းသိသည့်နေရာတွင် အထိမ်းအမှတ် သိကြားသိဘုရား တစ်ဆူရှိပါသည်။

🇲🇲ပုဂံရှိ‌ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များကိုလည်း ခရီးပြည်သူများလေ့လာမှတ်သားနိုင်ဖို့ရာ ကျွန်မတို့ မှတင်ပြပေးလိုက်ပါတယ်ရှင့်။

:BookOfBaganAcientBuildings



Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 21:00

Telephone

+959406900004

Alerts

Be the first to know and let us send you an email when MMVisit Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMVisit Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share