Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန

  • Home
  • Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန

Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန, Travel Service, Mawtin (4)th Street, .

16/08/2023

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ

၁။ Check-in Counter သွားမယ်

အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်

Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်

Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်

ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်

Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်

Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်

နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။

ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေ။

Crd 🫶

11/08/2023
07/01/2023

ပြည်တွင်းခရီးစဥ်အတွက်
⬇⬇⬇

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

လေယာဥ်စီးဖို့ မဖြစ်မနေလိုအပ်တာက

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး လက်မှတ် မူရင်း၊
မှတ်ပုံတင်မူရင်း
mask မဖြစ်မနေ ယူဆောင်သွားရန် လိုအပ်ပါတယ်။

နှစ်သစ်ကူးပွဲတော် ပိတ်ရက်တွေမှာ ကော့သောင်းက သာယာလှပတဲ့ ကျွန်းတွေရဲ့ ကမ်းခြေတွေမှာအနားယူပြီး ညဘက်ကမ်းခြေမီးပုံပွဲတွေနဲ့ ဆ...
23/12/2022

နှစ်သစ်ကူးပွဲတော် ပိတ်ရက်တွေမှာ

ကော့သောင်းက သာယာလှပတဲ့ ကျွန်းတွေရဲ့ ကမ်းခြေတွေမှာအနားယူပြီး ညဘက်ကမ်းခြေမီးပုံပွဲတွေနဲ့ ဆင်နွှဲနိုင်ဖို့ MAI နဲ့ Air KBZ မှ နေ့စဥ်ပြေးဆွဲပေးနေတဲ့ ခရီးစဥ်တွေနဲ့ သွားရောက်နိုင်ပါပြီ ✈️

လေယာဥ်လက်မှတ် ဝယ်ယူစုံစမ်းလိုပါက
☎/vib - 09751279002
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

KBZ Pay, Wave pay ,KBZ Acc, CB ,AYA တွေနဲ့လည်း %မရှိ ပေးချေလို့ရတာမို့
online ကနေ ဝယ်ယူနိုင်ပါတယ် လက်မှတ်ကိုတော့ E ticket ပြန်ပို့ပေးပါတယ်ရှင်။

11/12/2022

လေယာဥ်လက်မှတ် အပြင် ကားလက်မှတ်များလည်း ဝယ်ယူနိုင်ပါပြီနော်။

ဝယ်ယူစုံစမ်းလိုပါက
☎/ Vib/Tele 👉 09751279002
သို့ဆက်သွယ်နိုင်ပါတယ်ရှင့်။

09/12/2022

ရန်ကုန် မော်လမြိုင် ရန်ကုန် ခရီးစဥ်အတွက် air thanlwin နဲ့ အပတ်စဥ် တနင်္လါ သောကြာ
ပြေးဆွဲနေပါပြီရှင့်။

𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞:
𝐄𝐯𝐞𝐫𝐲 𝐌𝐨𝐧𝐝𝐚𝐲 & 𝐅𝐫𝐢𝐝𝐚𝐲
Departure Arrival
ST 411 Yangon - Mawlamyine 07:30 08:05
ST 412 Mawlamyine - Yangon 08:20 08:55

လေယာဥ်လက်မှတ်စုံစမ်းဝယ်ယူလိုပါက
📞- 09751279002 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

08/12/2022

𝐂𝐇𝐄𝐂𝐊-𝐈𝐍
ပြည်တွင်းခရီးစဉ်များ၏ Check-In Counter ကို လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီအလိုတွင် ဖွင့်ပြီး မိနစ် ၃၀ အလိုတွင် Counter ပိတ်ပါတယ်ရှင်။

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
ပြည်တွင်းခရီးစဉ်များအတွက် Baggage Allowance -
• Business Class: 30 Kg
• Premium Economy Class: 25 Kg
• Economy Class: 20 Kg
အသီးသီးပါဝင်ပြီး Hand Carry Baggage အတွက် 7 Kg အထိသယ်ဆောင်ခွင့်ပြုပါတယ်ရှင်။

အခုတလော လက်မှတ် အလိမ်ခံရတာ မကြာခန ကြားနေရတော့ကိုယ်ဖြတ်ထားတဲ့ခရီးစဉ် /ရက် နာမည်နဲ့ လက်မှတ်ဖြတ်ထားခြင်းရှိမရှိLink ထဲဝင်စစ...
22/10/2022

အခုတလော
လက်မှတ် အလိမ်ခံရတာ မကြာခန ကြားနေရတော့

ကိုယ်ဖြတ်ထားတဲ့
ခရီးစဉ် /ရက်
နာမည်နဲ့ လက်မှတ်
ဖြတ်ထားခြင်းရှိမရှိ
Link ထဲဝင်စစ်ဖို့
မသိသေးတဲ့သူတွေအတွက်

MNA လက်မှတ် Air KBZ လက်မှတ်အတွက်
Link ထဲ ဝင်ပြီး လက်မှတ် စစ်ပုံစစ်နည်းလေး ပြောပြပေးပါမယ်ရှင့်။


MNA Link 👇
http://www.flymna.com

Link ထဲဝင်ပြီးရင်
1> find booking
2>last name
(လက်မှတ်ထဲမှာပါတဲ့ /ရှေ့က နာမည် ထည့်ပေးရပါမယ်)
3> booking reference (PNR)
လက်မှတ်ရဲ့ အပေါ်ဆုံး ညာဘက်နားမှာ (eg. HUORTP) ရှိပါတယ်။ 6လုံးရှိပါမယ်

4> last name ထည့်ပြီးရင် ဘေးနားမှာ >လေးနှိပ်ရုံပါပဲ။ လက်မှတ်ကျလာပါလိမ့်မယ်ရှင့်။


Air KBZ link👇
https://www.airkbz.com

Link ထဲဝင်ပြီးရင်
1> Manage Booking
2> PNR number ထည့်
3> last name (လက်မှတ်ထဲမှပါတဲ့ /ရှေ့ကနာမည် ထည့်လို့ရပါတယ်)
Search ကိုနှိပ်ပါ
လက်မှတ်ကျလာပါလိမ့်မယ်ရှင့်။

သိပြီးသားသူတွေကတော့ ကျော်သွားပေးပါရှင့်။
မသိသေးတဲ့သူတွေအတွက်ပါပဲနော်။

အလိမ်မခံအောင်
ယုံကြည် စိတ်ချရတဲ့ flight ticket agency/ ကိုယ်ပုံမှန် ဖြတ်နေကျ agency တွေမှာ ဖြတ်ကြပါနော်။
ဖြတ်ပြီးလို့ မသေချာဘူးထင်ရင် အပေါ်မှ ပြထားတဲ့ linkထဲဝင်ပြီး ကိုယ်တိုင်လည်း စစ်ကြည့်နိုင်ပါတယ်နော်။

အလိမ်ခံရခြင်းမှ ကင်းဝေးပါစေရှင့်။

MNA ရဲ့ promotion ကာလက Sep 15နေ့ထိပဲမို့လက်မှတ်ဈေးတွေ အရမ်းတတ်နေချိန် 15% discount ရှိတုန်း ပြည်တွင်းခရီးသွားဖို့အတွက်ရက...
10/09/2022

MNA ရဲ့ promotion ကာလက Sep 15နေ့ထိပဲမို့
လက်မှတ်ဈေးတွေ အရမ်းတတ်နေချိန် 15% discount ရှိတုန်း ပြည်တွင်းခရီးသွားဖို့အတွက်ရက်သေချာနေပြီဆိုရင် ကြိုဝယ်ထားပါနော်။

10/09/2022
08/09/2022

ပြည်တွင်း လေယာဉ် စီးဖို့အတွက်ဆိုရင်

Check in ကောင်တာက ထွက်ခွါချိန်မတိုင်မီ နှစ်နာရီ အလိုဆို ဖွင့်ပါပြီရှင့်။
ထွက်ခွါချိန်မတိုင်ခင် မိနစ် သုံးဆယ် အလိုမှာတော့ check in ကောင်တာ ပိတ်ပါတယ်ရှင်။

မိမိဝယ်ထားသော လေယာဉ်ချိန် နောက်မကျဖို့အတွက် check in ကောင်တာကို ထွက်ခွါချိန်မတိုင်ခင် နှစ်နာရီ စောပြီးဝင်ပေးရင်ပိုအဆင်ပြေပါတယ်ရှင်။

လေယာဉ်နောက်ကျပြီဆိုရင် date change/refund လုပ်လို့ရပါတယ်

သို့သော်

ကိုယ်ချိန်းချင်တဲ့အချိန်၊ ရက်မှာ ခုံရှိမှ ချိန်းလို့ရပါမယ်
ချိန်းမယ်ဆိုရင် ချိန်းခ, ဈေးမြင့်တဲ့ခုံနဲ့ရရင် အလိုက်က ထပ်ပေးရပါဦးမယ် after dep ဖြစ်တဲ့အတွက် no show fee လည်းပေးရပါပြီ။

Refund တင်မယ်ဆိုရင် cancel fee, after dep ဖြစ်တဲ့အတွက် no show fee ဖြတ်ပါတယ်နော်။

လေယာဉ်မမှီတော့ဘူးဆိုရင် refund ယူသည်ဖြစ်စေ date change သည်ဖြစ်စေ

Penalty fee, change fee, cancel fee ပေးရပြီး
ကိုယ်လိုချင်တဲ့အချိန် ပြန်ရဖို့ကလည်း မသေချာပါဘူး
ပိုက်ဆံလည်း ပိုကုန်
အချိန်တွေလည်း နှောင့်နေးပါတယ်။


ဆိုတော့
လေယာဉ်ချိန်နောက်မကျဖို့အတွက်
ကိုယ်ဝယ်ထားတဲ့ လေယာဉ်ထွက်ခွါချိန်မတိုင်မီ နှစ်နာရီ အလိုမှာ check in ဝင်ပေးကြပါရှင်။

မှတ်ပုံတင် မူရင်း၊ MOHS မှ ထုတ်ပြန်ထားတဲ့အတိုင်း ကိုယ်ဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့ လက်မှတ် ၊မရှိရင်တော့ သတ်မှတ် ဆေးရုံဆေးခန်းမှာ 48နာရီအတွင်း စစ်ထားတဲ့ RTD test negative အဖြေ ယူသွားဖို့လည်း မမေ့ပါနဲ့ဦးရှင်။

02/09/2022

ပြည်တွင်း ခရီးတွေ သွားဖို့ လေယာဉ်လက်မှတ် အတွက်

အလုပ်ရှုပ်လည်း သက်သာချင်တယ်
Airline fare အတိုင်းလည်း ရချင်တယ်
အကြောင်းအမျိုးမျိုးကြောင့် မစီးဖြစ်လို့
လက်မှတ် cancel ပြီး Refund ပြန်ထုတ်ဖို့
အလုပ်မရှုပ်ချင်ဘူးဆိုရင်
AQUA မှာဝယ်ယူနိုင်ပါတယ်ရှင်။

K pay, wave acc, CB, KBZ, AYA
mobile banking နဲ ပေးချေလို့ရတာမို့ viber, page messenger ကနေလည်း ဝယ်ယူလို့ရပါတယ်။

ဘယ်လိုဝယ်ယူရမလဲဆိုရင်
အရင်ဆုံး booking တင်ဖို့အတွက်
နာမည် ၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ် လိုအပ်ပါတယ်ရှင်။
(မှတ်ပုံတင်ထဲက နာမည် ဖြစ်ရပါမယ်ရှင်)

ဘိုကင်မှန်ပြီ လက်မှတ်ဖြတ်ဖို့လည်း သေချာပြီဆိုရင်တော့ booking dead line မပျက်ခင်

ငွေပေးချေရပါတယ်ရှင့်။ ငွေပေးချေပြီးတာနဲ့ လက်မှတ်ဖြတ်ပေးပါတယ်ရှင်။

လက်မှတ်ကို တော့ ကိုယ်တိုင်လာရောက်မယူနိုင်သူတွေအတွက်
vib , messenger ကနေ E ticket ပြန်ပို့ပေးပါတယ်ရှင့်။

လက်မှတ်စုံစမ်းဝယ်ယူချင်ရင်တော့
📞viber - 09751279002သို့ဆက်သွယ် နိုင်ပါတယ်ရှင်။

𝐃𝐀𝐖𝐄𝐈 𝐅𝐋𝐈𝐆𝐇𝐓 𝐁𝐘 𝐅𝐋𝐘 𝐀𝐋𝐋𝐈𝐀𝐍𝐂𝐄မိုးရာသီကာလအတွင်း ခရီးသည်များ ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ စီးနင...
20/06/2022

𝐃𝐀𝐖𝐄𝐈 𝐅𝐋𝐈𝐆𝐇𝐓 𝐁𝐘 𝐅𝐋𝐘 𝐀𝐋𝐋𝐈𝐀𝐍𝐂𝐄
မိုးရာသီကာလအတွင်း ခရီးသည်များ ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ စီးနင်းလိုက်ပါနိုင်ရန် Fly Alliance အဖွဲ့ဝင်များဖြစ်သော မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်း တို့မှ ရက်အလိုက် အလှည့်ကျ ပျံသန်းပြေးဆွဲပေးလျက်ရှိပါတယ်ရှင်။

▫️ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬:
𝑴𝒐𝒏𝒅𝒂𝒚 & 𝑭𝒓𝒊𝒅𝒂𝒚
Departure Arrival
UB 301 Yangon - Dawei 07:00 08:10
UB 302 Dawei - Yangon 08:25 09:35

▫️ 𝐌𝐚𝐧𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐩𝐨𝐧 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬:
𝑻𝒖𝒆𝒔𝒅𝒂𝒚 & 𝑺𝒂𝒕𝒖𝒓𝒅𝒂𝒚
Departure Arrival
7Y 531 Yangon - Dawei 07:00 08:10
7Y 532 Dawei - Yangon 08:25 09:35

▫️ 𝐀𝐢𝐫 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧:
𝑻𝒉𝒖𝒓𝒔𝒅𝒂𝒚 & 𝑺𝒖𝒏𝒅𝒂𝒚
Departure Arrival
ST 621 Yangon - Dawei 07:00 08:05
ST 622 Dawei - Yangon 08:20 09:25

𝐅𝐀𝐑𝐄
ရန်ကုန် - ထားဝယ်: MMK 92,000
(Base Fare MMK 54,000 + Tax & Fuel Surcharge MMK 38,000)

ထားဝယ် - ရန်ကုန်: MMK 90,000
(Base Fare MMK 54,000 + Tax & Fuel Surcharge MMK 36,000)

[English]

For better travel experience during rainy season, Fly Alliance members are taking turn to operate the "Dawei" flights on Monday, Tuesday, Thursday, Friday, Saturday, and Sunday.

▫️ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬:
𝑴𝒐𝒏𝒅𝒂𝒚 & 𝑭𝒓𝒊𝒅𝒂𝒚
Departure Arrival
UB 301 Yangon - Dawei 07:00 08:10
UB 302 Dawei - Yangon 08:25 09:35

▫️ 𝐌𝐚𝐧𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐩𝐨𝐧 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬:
𝑻𝒖𝒆𝒔𝒅𝒂𝒚 & 𝑺𝒂𝒕𝒖𝒓𝒅𝒂𝒚
Departure Arrival
7Y 531 Yangon - Dawei 07:00 08:10
7Y 532 Dawei - Yangon 08:25 09:35

▫️ 𝐀𝐢𝐫 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧:
𝑻𝒉𝒖𝒓𝒔𝒅𝒂𝒚 & 𝑺𝒖𝒏𝒅𝒂𝒚
Departure Arrival
ST 621 Yangon - Dawei 07:00 08:05
ST 622 Dawei - Yangon 08:20 09:25

𝐎𝐧𝐞-𝐖𝐚𝐲 𝐭𝐢𝐜𝐤𝐞𝐭 𝐬𝐭𝐚𝐫𝐭𝐬 𝐟𝐫𝐨𝐦:
Yangon - Dawei: MMK 92,000
(Base Fare MMK 54,000 + Tax & Fuel Surcharge MMK 38,000)

Dawei - Yangon: MMK 90,000
(Base Fare MMK 54,000 + Tax & Fuel Surcharge MMK 36,000)

𝑭𝒍𝒚 𝑨𝒍𝒍𝒊𝒂𝒏𝒄𝒆 𝒃𝒚 𝑶𝒏𝒆 𝑻𝒊𝒄𝒌𝒆𝒕

လေယာဉ်လက်မှတ် အရောင်းpageဆိုပေမဲ့ကိုယ်လို ဆံပင် ပွပြီးဖွာသူတွေအတွက်ကောင်းတာလေးတွေ့လို့ ညွှန်ပါရစေသိပြီးတဲ့လူတွေလည်းရှိချင...
11/06/2022

လေယာဉ်လက်မှတ် အရောင်းpageဆိုပေမဲ့

ကိုယ်လို ဆံပင် ပွပြီးဖွာသူတွေအတွက်
ကောင်းတာလေးတွေ့လို့ ညွှန်ပါရစေ
သိပြီးတဲ့လူတွေလည်းရှိချင်ရှိပါမယ် ကိုယ်ကတော့ အခုမှ သုံးဖူးတာ။

(လူတိုင်းနဲ့တော့အဆင်ပြေချင်မှပြေပါမယ် ကိုယ်နဲ့တော့ တော်တော်လေးအဆင်ပြေပါတယ်)

Dr in flower essence
hair serumလေးပါ

တစ်ခေါင်းလုံးအနှံ့ထည့်ပြီးရင် ဆံပင်ကို
ဆင်းပြီး အိနေတာပါ

ခေါင်းလျှော်ပြီးရင်တောင် အိနေတာ
(ကိုယ်နဲ့အဆင်ပြေပေမဲ့ လူတိုင်းနဲ့တော့ ပြေချင်မှပြေပါမယ်)

ရုံးမှာဆို ကိုယ့်ကို ဆံပင်လုပ်ထားလားလို့တောင် မေးကြပါတယ်
အသိတွေနဲ့တွေ့ရင်လည်း ဆံပင်လုပ်ထားတာလား မေးကြတယ်

ကိုယ်က ပင်ကိုယ်က ဆံပင်ပွ ဖွာနေတဲ့သူ
မနေ့ကထိ ဖွာနေပြီး ဒီနေ့မှ အိစင်းနေတော့ မေးကြတာ

ရုံးက အမတွေဆို ကိုယ့်ကြည့်ပြီး ကြိုက်လို့ ဝယ်ထားကြပြီးပြီ။
Sein Gay Har မှာဝယ်တုန်းက 6600ks
အသိတွေ 119မှာ ဝယ်တာတော့ 6700ks

is caring

မြန်မာအမျိုးသားလေကြောင်း (MNA)ရန်ကုန် - မန္တလေး: MMK 90,000မန္တလေး - ရန်ကုန်: MMK 90,000ပြည်တွင်းခရီးစဉ်များ၏ Check-In Cou...
09/06/2022

မြန်မာအမျိုးသားလေကြောင်း (MNA)

ရန်ကုန် - မန္တလေး: MMK 90,000
မန္တလေး - ရန်ကုန်: MMK 90,000


• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

လေယာဉ်လက်မှတ်ဝယ်ယူရန်
KBZ pay, KBZ , AYA, Wave Pay, CB Payတို့ဖြင့် ပေးချေ ဝယ်ယူနိုင်ပါတယ်ရှင့်။

📞 09751279002

MNA လေကြောင်းလိုင်းဖြင့်ရန်ကုန် - စစ်တွေ: MMK 86,000စစ်တွေ - ရန်ကုန်: MMK 84,000ပြည်တွင်းခရီးစဉ်များ၏ Check-In Counter က...
07/06/2022

MNA လေကြောင်းလိုင်းဖြင့်

ရန်ကုန် - စစ်တွေ: MMK 86,000
စစ်တွေ - ရန်ကုန်: MMK 84,000


• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန်။

01/06/2022

✈✈✈ပြည်တွင်း လေကြောင်းခရီးစဉ်များအတွက် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပါက RDT စစ်ရန်မလိုတော့ပါ။✈✈✈

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရထုတ်ပြန်ကြေညာချက်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်၍ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက RDT စစ်ဆေးတင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါသည်။

ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသည့် ခရီးသည်များအနေဖြင့် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း RDT test ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အသက် ၆ နှစ်အောက် ကလေးများအား COVID-19 RDT စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပြုပါသည်။

ကျန်းမာရေးဝန်ကြီးဌာန (MOH) မှ ထုတ်ပြန်ထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

14/02/2022

15.Feb.2022 မှ စတင်၍ ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင်ပျံသန်းစီးနင်းလိုက်ပါမည့်ခရီးသည်များအနေဖြင့် ခရီးစဉ်မထွက်ခွာမီ (၄၈) နာရီအတွင်း RDT test kit ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ လိုအပ်ပါသည်။

13/02/2022

ထားဝယ် အဝင်ခရီးသည်များ RDT မစစ်လာခဲ့ပါက
ထားဝယ်လေဆိပ်တွင် စစ်ရပါမည်။

လွိုင်ကော် အဝင် လွိုင်ကော် အထွက် ခရီးသည်များ
ခရီးစဉ်မထွက်ခွာမီ 48နာရီအတွင်း RDT test စစ်ထားသည့်negativeအဖြေ ပါရပါမည်။


31/12/2021

🥰နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆဒ္နများပြည့်၀ကြပါစေရှင့်🥰😘😘
#☺️AQUA Travel မှ24နာရီ ပိတ်ရက်မရှိ
ပြည်တွင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးနေပါတယ်ရှင့်🥰
# 😘လေယာဉ် လက်မှတ် များကို booking တင်ပြီး ငွေပေးချေရာတွင်လည်း K pay, KBZ, AYA, CB, Wave Pay တို့ဖြင့်ပေးချေ၍
လွယ်လင့်တကူ၀ယ်ယူရရှိနိုင်ပါပြီရှင့်🥰။
#လက်မှတ်ကိုတော့viber ကနေ ပို့ပေးပါတယ်ရှင့်။
#ခရီးစဉ်များနှင့်ပတ်သတ်၍အသေးစိတ် သိရှိလိုပါက Page messenger (or)
☎/vib 09751279002
သို့ဆက်သွယ်နိုင်ပါတယ်ရှင့်။

𝓕𝓵𝔂 𝓽𝓸 𝓣𝓱𝓪𝓷𝓭𝔀𝓮 🏖🏝🛫𝓒𝓱𝓻𝓲𝓼𝓽𝓶𝓪𝓼 & 𝓝𝓮𝔀𝔂𝓮𝓪𝓻 𝓗𝓸𝓽 𝓢𝓪𝓵𝓮 📣📣📣မင်္ဂလာပါဆောင်းရဲ့အငွေ့အသက်လေးနဲ့အတူ Christmas နှင့် Newyear အချိန်အခါမှ...
18/12/2021

𝓕𝓵𝔂 𝓽𝓸 𝓣𝓱𝓪𝓷𝓭𝔀𝓮 🏖🏝🛫
𝓒𝓱𝓻𝓲𝓼𝓽𝓶𝓪𝓼 & 𝓝𝓮𝔀𝔂𝓮𝓪𝓻 𝓗𝓸𝓽 𝓢𝓪𝓵𝓮 📣📣📣

မင်္ဂလာပါ
ဆောင်းရဲ့အငွေ့အသက်လေးနဲ့အတူ Christmas နှင့် Newyear အချိန်အခါမှာ သံတွဲမြို့၊ ငပလီကမ်းခြေသို့ Air Thanlwin နှင့်အတူပျံသန်းလိုက်ကြရအောင်...

ယခုလို Covid-19 ရောဂါကူးစက်မှုရှိနေ သည့်အချိန်ကာလတွင် မဖြစ်မနေခရီးသွားလာရမည့်မိဘပြည်သူများအနေဖြင့်Mask ကိုမဖြစ်မနေအမြဲတပ်ထားပေးပါရန် နှင့် Air Thanlwin လေကြောင်းလိုင်းမှလည်းခရီးသည်များလုံခြုံစိတ်ချဘေးကင်းမှုရှိစေရန်အတွက် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါသည်။

ခရီးစဉ်များတွင်လိုက်ပါမည့် ခရီးသည် များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် ဒေသအာဏာပိုင်များမှ ချမှတ်ထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအကြံပြုအပ်ပါတယ်ရှင်။

လေယာဉ် လက်မှတ် တွေကို booking တင်ပြီး ငွေပေးချေရာတွင်လည်း K pay, KBZ, AYA, CB, Wave Pay တို့ဖြင့်ပေးချေ၍

☎/vib 09751279002

ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် MAIနှင့် Air KBZ မှ မြို့ကြီး ၁၈ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ြ...
18/12/2021

ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် MAIနှင့် Air KBZ မှ မြို့ကြီး ၁၈ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ပြီး အဆိုပါခရီးစဉ်ထဲတွင် မန္တလေး၊ စစ်တွေ၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကျိုင်းတုံ၊ ကော့သောင်း နှင့် ပူတာအို ခရီးစဉ်များကို MAI နှင့်အကျိုးတူပူးပေါင်း၍ E190 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

☎/vib-09751279002

12/12/2021

13.12.2021
ကစလို့
ရန်ကုန် - တာချီလိတ်
မန္တလေး - တာချီလိတ်
ပျံပါပြီရှင့်။
တာချီလိတ် ခရီးစဉ် အတွက် လက်မှတ်ဝယ်ယူနိုင်ပါပြီရှင့်။

[အရေးပေါ်အသိပေးကြေညာချက်]ကလေးခရီးစဉ်အတွက် COVID-19 ဆိုင်ရာ သတ်မှတ်ချက်များCOVID-19 မျိုးရိုးဗီဇပြောင်း Omicron ကူးစက်ပြန့...
06/12/2021

[အရေးပေါ်အသိပေးကြေညာချက်]

ကလေးခရီးစဉ်အတွက် COVID-19 ဆိုင်ရာ သတ်မှတ်ချက်များ

COVID-19 မျိုးရိုးဗီဇပြောင်း Omicron ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များမှထုတ်ပြန်သည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက်အရ Air KBZ အနေဖြင့် ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့မှ စတင်၍ ကလးခရီးစဉ်ကို ယာယီရပ်ဆိုင်းမည်ဖြစ်ပါသည်။

အဆိုပါကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် အောက်ပါ (Simplified Travel Policy) ပုံတွင်ဖော်ပြထားသည့် ရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၁။ ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့မှ ၂၀၂၂ခုနစ်၊ ဇန်န၀ါရီလ၊ ၃၁ရက်နေ့ အတွင်း ခရီးစဉ်များအတွက် ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။

၂။ ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီလ၊ ၃၁ရက်နေ့ (သို့မဟုတ်) လက်မှတ်သက်တမ်းကာလအတွင်း ခရီးစဉ်ပြန်လည်ပြေးဆွဲမည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ တစ်ကြိမ် "အခမဲ့" ရက်အပြောင်းအလဲပြုလုပ်ပေးပါမည်။

၃။ အသွားလက်မှတ် (သို့မဟုတ်) အသုံးမပြုရသေးသည့် အသွားအပြန်လက်မှတ်များအတွက် ခရီးသည်အမည်ပြောင်းလဲခြင်း တစ်ကြိမ် "အခမဲ့" ကို လက်မှတ်သက်တမ်းကာလအတွင်း အပြောင်းအလဲပြုလုပ်ပေးပါမည် ။

*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ပြန်အမ်းငွေလျှောက်ထားခြင်း၊ ရက်အပြောင်းအလဲပြုလုပ်ခြင်း၊ ခရီးသည်အမည်ပြောင်းလဲခြင်းနှင့် ခရီးစဉ်ပြောင်းလဲခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

[𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐀𝐍𝐍𝐎𝐔𝐂𝐄𝐌𝐄𝐍𝐓]

𝐂𝐎𝐕𝐈𝐃-𝟏𝟗 𝐒𝐢𝐦𝐩𝐥𝐢𝐟𝐢𝐞𝐝 𝐓𝐫𝐚𝐯𝐞𝐥 𝐏𝐨𝐥𝐢𝐜𝐲 𝐟𝐨𝐫 𝐊𝐚𝐥𝐚𝐲

As per the recently released restricted movement order guideline by Local Authorities to prevent the variant spread of Omicron coronavirus, we will temporarily suspend our Kalay operations, effective 06 Dec 2021.

We offer the following Simplified Travel Policy for passengers with travel dates during this period.

1. Full refund for ticket of flight cancelled with travel date between 06 Dec 2021 to 31 Jan 2022

2. One-time date change free to the next available flight based on seat availability within ticket validity or until 31 Jan 2022

3. One-time name change free

* For bookings made through Travel Agents including Online Travel Agents (OTA), date change, name change and refund requests are to be made via the respective Travel Agent accordingly.

We appreciate your kind understanding as we overcome this situation together.





Air KBZ မှ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ၊ ၂ ရက်နေ့မှစတင်၍ ခရီးသည်များမျှော်လင့်စောင့်စားနေသော ကျိုင်းတုံမြို့သို့ ပြန်လည်ပျံသန်ြးေ...
01/12/2021

Air KBZ မှ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ၊ ၂ ရက်နေ့မှစတင်၍ ခရီးသည်များမျှော်လင့်စောင့်စားနေသော ကျိုင်းတုံမြို့သို့ ပြန်လည်ပျံသန်းပြေးဆွဲပေးတော့မည်ဖြစ်​ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

☎/vib-09751279002

ခရီးသည်များစောင့်မျှော်နေကြတဲ့ လားရှိုး၊ ကျိုင်းတုံ နှင့် မိုင်းဆက်ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ၂၀၂၁ခ...
01/12/2021

ခရီးသည်များစောင့်မျှော်နေကြတဲ့ လားရှိုး၊ ကျိုင်းတုံ နှင့် မိုင်းဆက်ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှစတင်၍ပြန်လည်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။


𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

☎/vib-09751279002

𝐘𝐀𝐍𝐆𝐎𝐍 – 𝐓𝐇𝐀𝐍𝐃𝐖𝐄 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟏𝟎𝟒,𝟎𝟎𝟎မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - သံတွဲ ခရီး...
25/11/2021

𝐘𝐀𝐍𝐆𝐎𝐍 – 𝐓𝐇𝐀𝐍𝐃𝐖𝐄 - 𝐘𝐀𝐍𝐆𝐎𝐍 (𝐑𝐎𝐔𝐍𝐃 𝐓𝐑𝐈𝐏 𝐓𝐈𝐂𝐊𝐄𝐓) 𝐒𝐓𝐀𝐑𝐓𝐒 𝐅𝐑𝐎𝐌 𝐌𝐌𝐊 𝟏𝟎𝟒,𝟎𝟎𝟎

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - သံတွဲ ခရီးစဉ်ကို ၅၃၀၀၀ ကျပ် နှင့် သံတွဲ - ရန်ကုန် ခရီးစဉ်ကို ၅၁၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပြီး
ရန်ကုန် - မန္တလေး ခရီးစဉ်ကို ၅၅၀၀၀ ကျပ် နှင့် မန္တလေး - ရန်ကုန် ခရီးစဉ်ကို ၅၅၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပါတယ်ရှင်။

𝐂𝐇𝐄𝐂𝐊-𝐈𝐍

𝐁𝐀𝐆𝐆𝐀𝐆𝐄 𝐀𝐋𝐋𝐎𝐖𝐀𝐍𝐂𝐄𝐒
• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

☎/vib-09751279002

တနင်္သာရီတိုင်းဒေသရှိ အထင်ကရနေရာများထဲမှ ခရီးသည်များ အနှစ်သက်ဆုံးခရီးစဉ်သို့ သွားရောက်လည်ပတ်နိုင်ရန် MAI နှင့် Air KBZ မှ ...
25/11/2021

တနင်္သာရီတိုင်းဒေသရှိ အထင်ကရနေရာများထဲမှ ခရီးသည်များ အနှစ်သက်ဆုံးခရီးစဉ်သို့ သွားရောက်လည်ပတ်နိုင်ရန် MAI နှင့် Air KBZ မှ ထားဝယ် (နေ့စဉ်)၊ မြိတ် (အင်္ဂါ၊ ကြာသပတေး နှင့် တနင်္ဂနွေ) နှင့် ကော့သောင်း (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေ) ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

☎/vib-09751279002

Air KBZမှ ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် မြို့ကြီး ၁၂ မြို့ဖြစ်သော စစ်တွေ၊ဟဲဟိုး၊ သံတွဲ၊ မန္တလေး၊ ကလေး၊ ...
24/11/2021

Air KBZမှ ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် မြို့ကြီး ၁၂ မြို့ဖြစ်သော စစ်တွေ၊ဟဲဟိုး၊ သံတွဲ၊ မန္တလေး၊ ကလေး၊ ညောင်ဦး၊ ကျောက်ဖြူ၊ ကော့သောင်း၊ ထားဝယ်၊ လွိုင်ကော်၊ ခန္တီး နှင့် မြိတ်မြို့များသို့ ATR လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

☎/vib-09751279002

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ...
22/11/2021

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး အနည်းဆုံး (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက Rapid Antigen Diagnostic Test (RDT) ထပ်မံစစ်ဆေးရန် မလိုအပ်တော့ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကလေးနှင့် မြစ်ကြီးနားမှထွက်ခွာမည့် ခရီးသည်များအတွက် - ခရီးသည်များအနေဖြင့် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း RDT test kit ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန (MOH) မှထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် COVID-19 ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့်စစ်ဆေးနိုင်မည့် နေရာများကို ပုံတွင်ပါသည့် ကြေညာစာများမှတဆင့် ကြည့်ရှုဆောင်ရွက်နိုင်ပါသည်။

ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

Given the Ministry of Health (MOH)'s latest announcement of exemption from the mandatory COVID-19 RDT test for domestic travels, passengers are no longer required to test the Rapid Antigen Diagnostic Test (RDT) at least 14 days after receiving the second dose of COVID-19 vaccine.

𝐅𝐎𝐑 𝐓𝐇𝐎𝐒𝐄 𝐖𝐇𝐎 𝐀𝐑𝐄 𝐃𝐄𝐏𝐀𝐑𝐓𝐈𝐍𝐆 𝐅𝐑𝐎𝐌 𝐃𝐀𝐖𝐄𝐈, 𝐌𝐘𝐄𝐈𝐊, 𝐊𝐀𝐖𝐓𝐇𝐀𝐔𝐍𝐆 𝐀𝐍𝐃 𝐊𝐀𝐋𝐀𝐘: 𝐀𝐥𝐥 𝐩𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫𝐬 𝐚𝐫𝐞 𝐬𝐮𝐛𝐣𝐞𝐜𝐭 𝐭𝐨 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐭𝐡𝐞 𝐦𝐚𝐧𝐝𝐚𝐭𝐨𝐫𝐲 𝐂𝐎𝐕𝐈𝐃-𝟏𝟗 𝐑𝐃𝐓 𝐓𝐞𝐬𝐭 𝐧𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐬𝐬𝐮𝐞𝐝 𝐧𝐨 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝟒𝟖 𝐡𝐨𝐮𝐫𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐝𝐞𝐩𝐚𝐫𝐭𝐮𝐫𝐞 𝐚𝐭 𝐭𝐡𝐞 𝐜𝐡𝐞𝐜𝐤-𝐢𝐧 𝐜𝐨𝐮𝐧𝐭𝐞𝐫 𝐚𝐧𝐝 𝐨𝐧 𝐚𝐫𝐫𝐢𝐯𝐚𝐥 𝐚𝐭 𝐭𝐡𝐞 𝐟𝐢𝐧𝐚𝐥 𝐝𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧.

We suggest referring to the Standard Operation Procedure - SOP and Clinical Management Guidelines for domestic flights by MOH as illustrated.

We appreciate your kind understanding and cooperation with the health workers, authorities and the airline. Thank you.





တနင်္သာရီတိုင်းဒေသရှိ အထင်ကရနေရာများထဲမှ ခရီးသည်များ အနှစ်သက်ဆုံးခရီးစဉ်သို့ သွားရောက်လည်ပတ်နိုင်ရန် MAI နှင့် Air KBZ မှ ...
20/11/2021

တနင်္သာရီတိုင်းဒေသရှိ အထင်ကရနေရာများထဲမှ ခရီးသည်များ အနှစ်သက်ဆုံးခရီးစဉ်သို့ သွားရောက်လည်ပတ်နိုင်ရန် MAI နှင့် Air KBZ မှ ထားဝယ် (နေ့စဉ်)၊ မြိတ် (အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေ) နှင့် ကော့သောင်း (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေ) ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

☎/vib 09751279002

ခရီးသည်များစောင့်မျှော်နေကြတဲ့ ထားဝယ်နှင့် မြိတ် ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Embraer 190 လေယာဉ်မျာြး...
18/11/2021

ခရီးသည်များစောင့်မျှော်နေကြတဲ့ ထားဝယ်နှင့် မြိတ် ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Embraer 190 လေယာဉ်များဖြင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့မှစတင်၍ပြန်လည်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

လေယာဉ်မထွက်ခွါမီ ၃၆နာရီအတွင်း MOHS မှသတ်မှတ်ထားသည့်နေရာများတွင် RT-PCR သို့မဟုတ် RDT test kit ဖြင့်စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ပါသည်။


• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

☎/vib-09751279002

MAI နှင့် Air KBZ မှ ထားဝယ်နှင့် မြိတ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ နို...
17/11/2021

MAI နှင့် Air KBZ မှ ထားဝယ်နှင့် မြိတ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ထားဝယ်ခရီးစဉ်နှင့် နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်၍ မြိတ်ခရီးစဉ်များကို
နေ့စဉ် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်များကို သတ်မှတ်ထားသောရက်များတွင် MAI နှင့် Air KBZ အကျိုးတူပူးပေါင်း၍ E190 လေယာဉ်ဖြင့်လည်း ပြေးဆွဲသွားပါမည်။

လေယာဉ်လက်မှတ်ဝယ်ယူလိုပါက
☎/vib -09751279002

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - သံတွဲ ခရီးစဉ်ကို ၅၃၀၀၀ ကျပ် နှင့် သံတွဲ - ရန်ကုန် ခရီးစဉ်ကို ၅၁၀၀၀ကျပ် မှ စတင်၍...
15/11/2021

မြန်မာအမျိုးသားလေကြောင်း (MNA) ရန်ကုန် - သံတွဲ ခရီးစဉ်ကို ၅၃၀၀၀ ကျပ် နှင့် သံတွဲ - ရန်ကုန် ခရီးစဉ်ကို ၅၁၀၀၀ကျပ် မှ စတင်၍ဝယ်ယူနိုင်ပါသည်ရှင်။

လေယာဉ်မထွက်ခွါမီ ၃၆နာရီအတွင်း MOH မှသတ်မှတ်ထားသည့်နေရာများတွင် RT-PCR သို့မဟုတ် RDT test kit ဖြင့်စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ပါသည်။


• Business Class: 30 Kg
• Economy Class: 20 Kg

ကျန်းမာရေးဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်များအရခရီးသည်တွေအနေနဲ့ face shield နဲ့ mask ဝတ်ဆင်ပြီးမှသာ လေကြောင်းခရီးတွင်လိုက်ပါစီးနင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။


ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် MAIနှင့် Air KBZ မှ မြို့ကြီး ၁၃ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ြ...
15/11/2021

ပြည်တွင်းခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရန် MAIနှင့် Air KBZ မှ မြို့ကြီး ၁၃ မြို့သို့ ပျံသန်းပြေးဆွဲသွားပေးမည်ဖြစ်ပြီး အဆိုပါခရီးစဉ်ထဲတွင် စစ်တွေ၊ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို နှင့် ကော့သောင်း ခရီးစဉ်များကို MAI နှင့်အကျိုးတူပူးပေါင်း၍ E190 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

☎/vib.-09751279002

မြို့နယ်အလိုက် RDT အခမဲ့စစ်ဆေးနိုင်တဲ့ နေရာတွေပါရှင်။
12/11/2021

မြို့နယ်အလိုက် RDT အခမဲ့စစ်ဆေးနိုင်တဲ့ နေရာတွေပါရှင်။

11/11/2021

သံတွဲမှ(.......)သို့
စီးမည့်ခရီးသည်များ 12.11.2021မှ စလို့
သံတွဲ တွင် ဆေးစစ်ရပါမယ်ရှင့်။
စစ်ဆေး‌မည့်နေရာ -
မိခင်နှင့် ကလေးကျန်းမာရေးဌာန ၊သံတွဲမြို့ ။
ဖုန်း -09451261811
၂။ စစ်ဆေးမည့်အချိန် -
နံနက် 9:00 မှ 11:00
ညနေ 1:00မှ 3:00 ထိ

မှတ်ချက်။ (ညနေ ၃နာရီ နောက်ပိုင်းမှ ရောက်လာသော ခရီးသည်များ စစ်ဆေးပေးမည်မဟုတ်ပါ)ဘူးတဲ့ရှင့်။

စစ်တွေမှ (.....)သို့
စီးမည့် ခရီးသည်များ 15.11.2021မှစလို့
စစ်တွေတွင် ဆေးစစ်ရပါမယ်ရှင်။
ဆေးစစ်ရမည့်နေရာ မထုတ်ပြန်သေးပါ။

11.11 SALE ရောက်ရှိလာပါပြီ! MAI နှင့် AIR KBZ ပြေးဆွဲနေသည့်ခရီးစဉ်များထဲမှ ခရီးစဉ် ၁၁ ခုကို အထူးဈေးနှုန်းဖြင့် ဝယ်ယူနို...
10/11/2021

11.11 SALE ရောက်ရှိလာပါပြီ! MAI နှင့် AIR KBZ ပြေးဆွဲနေသည့်ခရီးစဉ်များထဲမှ ခရီးစဉ် ၁၁ ခုကို အထူးဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Sky Smile မိုင်အမှတ်များကိုလည်း ၂ ဆ ရယူနိုင်မည့်အခွင့်အရေးဖြစ်ပါတယ်။ အကြိုက်နှစ်သက်ဆုံး ခရီးစဉ်ကို ဝယ်ယူရန် အဆင်သင့်ပြင်ထားကြတော့နော်။

• ခရီးစဉ်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးသည်အမည်ပြောင်းလဲခြင်း (တစ်ကြိမ်) ကိုခရီးသွားမည့်ရက်မတိုင်မီ ၃ ရက်ကြိုတင်၍အကြောင်းကြားခြင်းဖြင့် အခမဲ့ဆောင်ရွက်နိုင်ပါသည်။

• လက်မှတ်ဝယ်ယူရန်ကာလမှာ ၂၀၂၁ ခုနစ်၊ နိုဝင်ဘာလ၊ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ် မှ ၁၄ ရက်နေ့အထိဖြစ်ပြီး ခရီးသွားရန်ကာလမှာ ၂၀၂၁ ခုနစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၂၀၂၂ ခုနစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ ထိဖြစ်ပါသည်။

• ၂၀၂၁ခုနစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့၊ နိုဝင်ဘာလ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မှ ၂၀၂၂ ခုနစ်၊ ဇန်နဝါရီလ ၄ ရက်နေ့များတွင် အဆိုပါ အထူးဈေးနှုန်းများသည် အကြုံးဝင်မည်မဟုတ်ပါ။

𝟏𝟏.𝟏𝟏 𝐒𝐀𝐋𝐄 𝐈𝐒 𝐇𝐄𝐑𝐄! Enjoy our best offer on selected domestic sectors & earn double bonus Sky Smile miles. Get ready to book your favorite destination now!

• One-time date change & name change at least 03 days before departure
• Terms & Conditions apply
• Sales Period: 10 Nov to 14 Nov 2021
• Travel Period: 11 Nov 2021 to 31 Jan 2022

NOTICE: Promotion will not apply on backout date; 17 Nov to 21 Nov, 27 Nov to 29 Nov, 24 Dec to 26 Dec & 31 Dec to 4 Jan.



Address

Mawtin (4)th Street

Telephone

+959751279002

Website

Alerts

Be the first to know and let us send you an email when Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Air Ticket - ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share