Yan Eternal Travel & Tours

  • Home
  • Yan Eternal Travel & Tours

Yan Eternal Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Eternal Travel & Tours, Tour Agency, .

Yan Eternal Travel & Tours offers hotel reservations, ticketing, observation, exploration on nature, private or group daily tours, variety of budget cruises, affordable package tours.

20/04/2023

13/08/2022
01/01/2022

We wish you a Happy New Year! 🤗🥰🤗
Let 2022 be your best year yet, full of adventure , peace , prosperity and good health.🤗
May 2022 keep you safe and well.🤗
Travel safe during these year holidays and we'll see you on the road , at a festival or gig soon.🤗

🇲🇲 Yan Eternal Travel&Tours 🇲🇲

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🤗🥰🤗
2022 ခုနှစ်သည် မိတ်ဆွေများအတွက် စွန့်စားခြင်း ငြိမ်းချမ်းခြင်း ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံသော နှစ်ဖြစ်ပါစေ 🤗
2022 ခုနှစ်သည် မိတ်ဆွေတို့အား ဘေးကင်းလုံခြုံသောနှစ်ဖြစ်ပါစေ 🤗
2022 ခုနှစ် အားလပ်ရက်တွေမှာ မိတ်ဆွေများ အန္တရာယ်ကင်းဘေးကင်းလုံခြုံစွာဖြင့် ခရီးစဥ်များသွားရောက်နိုင်ပါ​​​စေ 🤗
ပွဲတော်များ ပွဲလမ်းသဘင်များတွင် ကျွန်တော်များနှင့်အတူတူ ဆုံတွေ့နိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည် 🥰🥰🥰

🇲🇲 Yan Eternal Travel&Tours 🇲🇲

20/10/2021

သီတင်းကျွတ်ချိန်ခါမှစ၍ ဧည်သည့်တော်မိတ်ဆွေများ
🎆ကျန်းမာခြင်း✨🎉🎊
🎆ပျော်ရွှင်ခြင်း✨🎉🎊
🎆ချမ်းသာကြွယ်ဝခြင်း✨🎉🎊
🎆ချစ်သူခင်သူပေါများခြင်း✨🎉🎊
🎆လာဘ်လာဘကြွယ်ဝခြင်း✨🎉🎊
🎆ကြံတိုင်အောင်မြင်ခြင်း✨🎉🎊
🎆အလှုရေစက် လက်နှင့်မကွာ လှုတန်းနိုင်ခြင်း✨🎉🎊
🎆စိတ်နှလုံးချမ်းမြေ့ခြင်းများနှင့် ပြီးပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းခြွေအပ်ပါသည် 🙏🥰🙏🥰🙏🥰


12/10/2021

ကျိုက်ထီးရိုးစေတီ
🙏🙏🙏
မိတ်ဆွေများအတွက် ကျိုက်ထီးရိုး စေတီတော်ကြီး သွားရောက်ဖူးမျှော်ရာလမ်းတစ်လျောက်
တောင်တက်ကားလမ်းရှုခင်းများနှင့် တိတ်ဆိတ်အေးချမ်းလှသော ရင်ပြင်တော်ရှုခင်း များကို ခံစားဖူးမျှော်နိုင်စေရန် တင်ပြပေးလိုက်ပါသည် 🤗🥰🤗

ထိုသို့သော ဘုရားဖူးခရီးစဥ် အပန်းဖြေခရီးစဥ်များ သွားလိုသော ဧည့်သည်တော်များ အတွက် 🤗
↗ အသက်သာဆုံးသော ဈေးနှုန်းများဖြင့် 💵
↗ ကောင်းမွန်သော တည်းခိုစရာများဟိုတယ်များ 🏠🏘️🏖️
↗ စိတ်ချလုံခြုံမှုရှိသော ကားများ ဖြင့် 🚍🚙🚗🚐
အကောင်းဆုံးဝန်ဆောင်မှုများပေးပါရစေ 🤗

စုံစမ်းမေးမြန်းသိရှိလိုပါက
ဖုန်း ၀၉၈၆၁၉၅၉၀ / ၀၉၆၉၈၈၁၀၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....
Email: [email protected]


 #ပုဂံဒေသ ဘုရားဖူးများအတွက် လက်ရှိအခြေအနေ.....မွန်းကြပ်မှု‌တွေကို‌ရှောင်ရှားဖို့ခဏတာစိတ်အေးချမ်းမှုအတွက်လာရောက်လည်ပတ်သူ ...
09/10/2021

#ပုဂံဒေသ ဘုရားဖူးများအတွက် လက်ရှိအခြေအနေ.....

မွန်းကြပ်မှု‌တွေကို‌ရှောင်ရှားဖို့ခဏတာစိတ်အေးချမ်းမှုအတွက်လာရောက်လည်ပတ်သူ ၃၀%လောက်ရှိပါတယ်....

#ကိုယ်ပိုင်(ကား)🚗ဒါမှမဟုတ် 🚌အဖွဲ့လိုက်စုငှားပီးကိုယ်နေတဲ့မြို့တွေကနေ လာလည်ကြသူများရှိပါတယ်...

,တွေလဲ ဖွင့်သင့်သလောက်ဖွင့်ထားပါတယ်,,,
အခန်းစျေးကတော့ Hotelတခုရဲ့သန့်ရှင်းမှု ဝန်ဆောင်မှု ခံစားမှုလေးတွေအလိုက် စျေးနှုန်းလေးတွေ ရှိပါတယ်....

#အစားအသောက်အတွက်တော့ လက်ရှိမှာ ပုဂံမှာ နာမည်ကြီး အာနန္ဒာဘုရားအနီးက (မြေအိုးထမင်းဆိုင်မှာ စားသောက်နိုင်ပါတယ်)
နောက်တမျိုးကအဆင်ပြေသလိုတွေ့တဲ့ ဆိုင်လေးတွေတချို့မှာစားသောက်ကြပါတယ်

#ဘုရားတွေအကုန်ဖွင့်ပါတယ် (စွယ်တော်လေးဆူ).....(ပြည့်ငါးပြည့်)ဘုရားအားလုံးဖွင့်ပါတယ် ,,,

လည်ပတ်ဖို့အတွက်တော့
🚗
🛺
🛵တွေရှိပါတယ်,,,


မိတ်ဆွေ ဧည့်သည်တော်များ ခရီးသွားရန် ကားအငှားလိုအပ်ပါက 🤗🤗🤗
↗ အသက်သာဆုံးသောဈေးနှုန်း ➖💵💵💵
↗ စိတ်ချလုံခြုံမှုရှိသော ကားများ 🚍🚙🚘🚗🚐
↗ နယ်မြေ လမ်းကြောင်းကျွမ်းကျင်သော ကျန်းမာရေးကောင်းမွန်သော ကားမောင်း ဆရာကြီများဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးပါရစေရှင့်။💯❤
Yan Eternal မှ
-Ace (10 Seaters) -Ace (14 Seaters) #29/33 Seaters #45 Seaters
ကားများဖြင့် မြို့တွင်း/မြို့ပြင် ငှားရမ်းဝန်ဆောင်မှုပေးပါရစေရှင့်

စုံစမ်းမေးမြန်းသိရှိလိုပါက 😊
ဖုန်း ၀၉၈၆၁၉၅၉၀ / ၀၉၆၉၈၈၁၀၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....
Email: [email protected]

ဇလုံတောင် သမိုင်းကြောင်းဇလုံတောင် သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့၏မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသ...
14/09/2021

ဇလုံတောင် သမိုင်းကြောင်း

ဇလုံတောင် သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့၏မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိသော ကျောက်တောင်ကြီး တစ်တောင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ အထက်ပိုင်း တွင်ရှိသော အံ့ဖွယ်ထူးခြားသော ဉာဏ်တန်ခိုးတော်တို့နှင့် ပြည့်စုံသော သမိုင်းဝင် ဇလုံတောင် စေတီတော်သည် ကျောက်တောင်ကြီးပေါ်မှာ ဘုရားတည်ခဲ့သည်မှာ (၄၉၂)ခုနှစ် ကဖြစ်သောကြောင့် ယခုဆို နှစ်ပေါင်း ၉၀၀ ခန့်ကြာခဲ့ပြီဖြစ်ပါသည်။ ရံဖန်ရံခါ ဇလုံတောင်တော်သည် ရွှေရောင်အဆင်းတောက်ပကွန့်မြူးတတ်သောကြောင့် ပို၍လူသိများ ထင်ရှားပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၀၉၀) အမြင့်ရှိသော သေလာပဗ္ဗက တောင်ထိပ်ပေါ်တွင် တည်ရှိပါသည်။ မြတ်စွာဘုရားရှင်သည် ဝါတော် (၂၀) အရ မဟာသက္ကရာဇ် (၁၂၃) ခုနှစ်၌ သိကြားမင်းဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္တာ (၅၀၀) ခြံရံပြီး ကောင်းကင်ခရီးမှ ဇလုံတောင်သို့ ကြွရောက်သည်။ဇလုံတောင် ခေါ် ဂေါဒေါပလ္လင် တောင်တော်သည် အရှေ့ဧရာဝတီ ၊အနောက် သလ္လာဝတီမြစ် နှစ်ခုတို့ ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ဂေါဒေါပလ္လင် တောင်တော်တွင် ဧရာပထနတ်နဂါး သားအဖ တို့၏ တောင်းပန်မှုကြောင့် ခုနှစ်ရက် သီတင်းသုံးကာ လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ခဲ့သည်။ ကျန်ရှိသော ဆွမ်း၊ ဆွမ်းဟင်းများကို လည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား ရတနာများ ဖြစ်စေကြောင်း ဆုတောင်းအဓိဠာန် ပြုလျှက် တောင်ပတ်လည်တွင် ပက်ဖျန်းခဲ့သည်ဟု ဖော်ပြထားသည်။
ယခုအချိန်အခါ တောင်တော်၏မြောက်ဖက်အရပ်ရှိ ဖားကန့်ဒေသတွင် ကျောက်စိမ်းမှော်များနှင့် တောင်ဖက်အရပ် ဗန်းမောက်တွင် ရွှေမှော်များ တူးမကုန်ဖြစ်နေတာ ယနေ့တိုင်အောင်ဖြစ်ပါသည်။
ထိုသို့ အဖိုးတန် ရွှေမှော်တွေ ကျောက်စိမ်းမှော်တွေ အဖိုးတန်သစ်တွေရှိနေတာဟာ မြတ်စွာဘုရားစွန့်ကြဲခဲ့သော ဆွမ်းဟင်းတွေကြောင့်လို့ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဂေါတမမြတ်စွာဘုရားရှင်ဟာ ဆွမ်းဘုန်းပေးပြီးနောက် ဗျာဒိတ်စကားမိန့်ကြားတော်မူသည်မှာ ညီဘွားအာနန္ဒာအောင်မြေခေါ်အပ် ဤဂေါဒေါပလ္လင် တောင်ကလပ်၌ ပွင့်တော် မူလတ္တံ့သော အရိမေတ္တေယျ ဘုရားရှင် သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကို ဟောကြားတော်မူလိမ့်မည်ဟု ဗျာဒိတ်ထားခဲ့သည်။
ရှေးအခါက ဘုရားဖူးခရီးသည်များသည် လူသွားကျောက်ချပ်များကြားမှ တောင်ပေါ်သို့ ခက်ခက်ခဲခဲ တက်ရောက် ကာ ဖူးမြော်ကြရသော်လည်း ယခုအခါတွင် ဇလုံတောင်သို့ သွားသော တောလမ်းသည် အတန်အသင့် ကောင်းမွန်လာပြီးဖြစ်သောကြောင့် နှစ်စဉ် ဆောင်းရာသီနှင့် နွေရာသီများတွင် ခရီးသွားအများအပြားလာရောက်ဖူးမြော်ကြသည်။
ဇလုံတောင်တွင် နှစ်စဉ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များ ကိုလည်း စည်းကားစွာ ကျင်းပလျှက်ရှိသည်။

ဇလုံတောင် တည်ရှိရာတောမြိုင်ကြီးသည် ကျွန်းပင်ကြီးများ၊ အင်းပင်များ နှင့် အခြားသော အပင်ကြီးများ အုံံ့ဆိုင်းသာယာကာ သဘာ၀တောတောင်ရေမြေတို့က ကြည်နူးဆွတ်ပျံ့ ဖွယ်ရာ နေရာ ဒေသတစ်ခုဖြစ်နေသည်။ အခြားဆေးဖက်ဝင် အပင်များလည်း ပေါက်ရောက်ပြီး တောင်ကုန်း တောင်တန်းများ နှင့် မြစ်ချောင်းများ ပေါများသော ဒေသတစ်ခုဖြစ်သည်။ ဇလုံတောင်အနီးဝန်ကျင်းတွင် တောရဆောက်တည်၍ တရားရှာမှီကြသည့် ယောဂီ သူတော်စင် သူတော်မြတ်တို့နှင့် ရဟန်းတော်တို့ တရားကျင့်ကြံသော တောရသာသနာနယ်မြေတစ်ခုဖြစ်ပါသည်။ 🙏🙏🙏

ဇလုံတောင်တော်မှာ ကျောက်တုံးကြီး ၄ တုံး ပူးကပ်နေသည့် ပုံစံဖြစ်ပြီး *ခမည်းတော်တောင်* *မယ်တော်တောင်* *သားတော်တောင်* *သမီးတော်တောင်* ဟုခေါ်ဆိုကြပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ခန့်က သမီးတော်တောင်ကြီးပဲ့ကျခဲ့၍ သမီးတော်ခိုးရာလိုက်ပြေးပြီဟု ဒေသခံများက ပြောဆိုခဲ့ကြပါတယ်။

ဗန်းမောက်မြို့မှ ဇလုံတောင်ပေါ်အထိ ၁၂မိုင်ခရီးရှိပြီး တောင်အလုံးပေါင်း သုံးဆယ်ကျော်ကိုဖြတ်သန်းသွားရပါတယ်။
တောင်အဆင်း တောင်အတက်လမ်းတွေဟာ မတ်စောက်လွန်းလှပါတယ်။ ဒေသခံ တောင်တက်အသင်းကားများနှင့်သာတက်ရောက်ခွင့်ရှိပါတယ်။

ဇလုံတောင်ပေါ်တက်ရင် အနက်ရောင်ဝမ်းဆက်နဲ့မတက်ပါနှင့် ဇလုံတောင်အရှင်က မကြိုက်သလို တောင်ပေါ်မှာ စုံတွဲတွေ မဖွယ်မရာလဲ မလုပ်ရပါဘူး စောင့်ကြပ်တဲ့နတ်တွေက မကြိုက်ဘူး လို့လဲ အဆိုရှိပါတယ်။

ဇလုံတောင်တော်မရောက်ခင်လမ်းတွင် နောက်ဘုရားရှင် အရိမေတ္တယျ တရားထူး ဟောရင် ပရိတ်သတ်တွေ တရားထိုင်နာရမယ့်ကျောက်ဖျာကြီးရှိသော ကျောက်မဏ္ဍပ်သို့သွားတဲ့လမ်းရှိပါတယ်။
ကျောက်ဖျာကြီးအောက်တွင် နောင်တစ်ချိန်မှာ အသုံးပြုရမယ့် ကျောက်ကြေးစည် ကျောက်လှေကြီးနဲ့ ကျောက်ဆန်အိတ်တွေရှိပါတယ်။ ကျောက်မဏ္ဍပ်ပေါ်ကနေ ဇလုံတောင်ကို အ​ဝေးက လှမ်းဖူးနိုင်ပါသေးတယ်။
ကျောင်းဆောင်ထဲ ဝင်ပြီးဘုရားဖူးလိုက်ပါက ...
တွေ့မြင်နေကျ ဘုရားဆင်းတုတော်ပုံစံမဟုတ်ဘဲ ဂေါတမ မြတ်စွာဘုရားရှင်သပိတ်ပိုက်ပြီး ဆွမ်းဘုဉ်း ပေးနေပုံ ဆင်းတုတော်ရှိပါတယ်။
ဒီလို ဆင်းတုပုံစံမျိုးတစ်ခြားနေရာဒေသမှာ မရှိပါဘူး။ ဇလုံတောင်ရာဇဝင်ကို ကိုယ်စားပြု ထုလုပ်ကိုးကွယ်ထားဟန်ရှိပါတယ်။

ဇလုံတောင်ပေါ် စတက်တဲ့အခါ မြတ်စွာဘုရား တောင်တော်ဖက်လှည့်ပြီးဗျာဒိတ်ပေးနေတဲ့
ဆင်းတုကြီးကိုလဲဖူးတွေ့ရပါမည်။
ကျောက်တောင်ထိပ်ရောက်အောင်တော့ ကျောက်တုံးကြီးတွေပူးနေတဲ့ ကျောက်ကြားလေးထဲကို ဖြတ်သွားရပါတယ်။ နိဗ္ဗာန်တံခါးလို့လဲခေါ်ကြပါတယ်။
လမ်းကကျဉ်းလို့ကျောက်ကြားနေရာရောက်ရင် တစ်ယောက်စီခွဲတက်ရမှာ ဖြစ်ပါတယ်။ ကျဉ်းပေမယ့်မည်မျှ ကိုယ်ခန္ဓာကြီးပါစေ တက်လို့ရပါတယ်။
ကျွတ်ချိန်မတန်သေးသောလူ အကုသိုလ်များတဲ့သူတွေကတော့တက်လို့မရဘူးဟု ဆိုကြပါတယ်။ တက်မရခဲ့တဲ့လူတွေလဲ ရှိခဲ့ဖူးပါတယ်တဲ့။

ဘုရားရင်ပြင်အတက်နားမှာကပ်လျှက် ကျောက်တောင်ပေါ်မှာပွင့်နေတဲ့ "တရုတ်စကားပင်မှာ ချိတ်ဆွဲထားတဲ့ခေါင်းလောင်းကြီးကိုတွေ့ရပါလိမ့်မယ် မြန်မာသက္ကရာဇ် ၁၂၇၆ က ချိတ်ဆွဲလှူဒါန်းထားခဲ့ဟန် ရှိပါတယ်၊ယခုဆိုလျှင်နှစ်ပေါင်း ၁၀၄ နှစ်ရှိပြီဟု ခန့်မှန်းရပါတယ်။

အခွင့်အခါသင့်လျင် မိတ်ဆွေများသွားရောက် ဖူးမျှော် လေ့လာနိုင်စေရန်အတွက် ရေသားတင်ပြအပ်ပါသည် 🥰🤗😍
#မူရင်းရေးသားသူများအားလုံးကိုလဲအသိအမှတ်ပြုပါတယ်ရှင့် 🥰

ဇလုံတောင်တော်နှင့် အနီးပတ်ဝန်းကျင် သဘာဝရှုခင်း ဗီဒီယိုလေးကိုလဲ အောက်ပါ link လေးတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်ရှင့် 👇👇👇

https://www.facebook.com/105593987487831/posts/602882044425687/

ထိုသို့ ထိုသို့ သဘာဝအလှတရားတွေ နှင့်ပြည့်နှက်နေသော လည်ပတ်စရာနေရာများသို့ သွားရောက်လိုပါက ကောင်းမွန်သော ဝန်ဆောင်မှုများနဲ့ တာဝန်ယူဆောင်ရွက်ပေးပါရစေရှင့်………


14/09/2021

ဇလုံတောင်

ဇလုံတောင်တော်နှင့် အနီးပတ်ဝန်းကျင် သဘာဝရှုခင်းများကို ချစ်မိတ်ဆွေများ ဖူးမျှော်ကြည့်ရှု ၍ စိတ်အပန်းဖြေနိုင်စေရန် တင်ပြပေးအပ်ပါသည် 🤗🥰🤗

ထိုသို့ ထိုသို့ သဘာဝအလှတရားတွေ နှင့်ပြည့်နှက်နေသော လည်ပတ်စရာနေရာများသို့ သွားရောက်လိုပါက ကောင်းမွန်သော ဝန်ဆောင်မှုများနဲ့ တာဝန်ယူဆောင်ရွက်ပေးပါရစေရှင့်………



02/09/2021

တတ်နိုင်သမျှ အိမ်ထဲမှာသာနေပါ ကျန်းမာအောင်နေထိုင်ပါ
ဧည့်သည်တော်များ ကျန်းမာရေးလိုအပ်ချက်အရ အပြင်ထွက်ဖို့ အတွက်လိုအပ်လာလျှင် ကျွန်တော်တို့ပို့ဆောင်ပေးပါရစေ 🤗 👇👇🤗

https://www.facebook.com/105593987487831/posts/592181142162444/

ကားလမ်းဘေးတစ်ဖက်တစ်ချက် တောတောင်ရေမြေရှုခင်းလေးတွေကိုကြည့်ပြီး စိတ်အပန်းဖြေ လိုက်ပါစီးနင်းလိုက်ပါ ကျွန်တော်တို့နှင့်အတူတူ 🥰



🙏🙏🙏မင်္ဂလာပါ🙏🙏🙏ချစ်မိတ်ဆွေများ ကျန်းမာလို့ အေချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့် 🤗ယခုလို အချိန်အခက်အခဲကြားက...
29/08/2021

🙏🙏🙏မင်္ဂလာပါ🙏🙏🙏
ချစ်မိတ်ဆွေများ ကျန်းမာလို့ အေချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့် 🤗

ယခုလို အချိန်အခက်အခဲကြားကာလများ ဖြစ်သဖြင့် နေရပ်သို့ပြန်လိုသော ဧည့်သည်တော်များ / ကျန်းမာရေးအတွက် စိတ်အပန်းဖြေ ခရီးထွက်လိုသော ဧည့်သည်တော်များကို အထူးသက်သာသော နှုန်းထားလျော့စျေးများဖြင့် ဝန်ဆောင်မှုပေးပါရစေ 🤗

ပို့ဆောင်ပေးမည့် ကားဆရာများသည်ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးပြီး Covid Test ကင်းရှင်းကြောင်း လက်မှတ်ရှိသူများ(သို့) ကာကွယ်ဆေးထိုးနှံပြီးသူများ သာပို့ဆောင်ပေးပါမည် 😊

ဝန်ဆောင်မှုပေးနိုင်သောကားများအနေဖြင့် 🚗🚙🚐
SaloonType (3/4seaters)
/Probox VanType (3/4seaters)
(6/7seaters)
(10seaters)
(14seaters)

ပါဝင်သော ဝန်ဆောင်မှုများ 💕💘
#ခရီးစဥ်များအတွက် သေချာ ပိုးသတ်ဆေးဖြန်းထားပြီးသော သန့်ရှင်းသပ်ရပ်သော ကားများ
#ရောဂါကင်းစင်သော ကျွမ်းကျင်ယာဥ်မောင်းများ
#ဧည်သည့်တော်များအတွက် နှာခေါင်းစည်း ပိုးသတ်ဆေးရည်/Hand Gel ရေသန့် စနိုးတာဝါ အပြည့်အစုံ
#ဧည့်သည်တော်များ၏ အိမ်ရှေ့အရောက်(ကား လမ်းခရီးဝင်လို့ရသလောက်အထိ )
🤗🤗🤗
***ခရီးစဥ်တိုင်းကို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်းလိုက်နာ၍သာ ပို့ဆောင်ပေးပါမည်***🙏🙏🙏

အခြားရရှိနိုင်သော ဝန်ဆောင်မှုများကတော့ 🤗








စုံစမ်းမေးမြန်းသိရှိလိုပါက 😊
ဖုန်း ၀၉ ၈၆ ၁၉၅၉၀ / ၀၉ ၂၅၉ ၈၁၀ ၇၀၇ / ၀၉၆၉ ၈၈၁၀ ၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....

03/08/2021

မူဆယ်နမ့်ခမ်းလမ်း

ဟိုအရင်တချိန်က ဆိုးဝါးလှတဲ့တောင်တက်လမ်းတွေ
အခုတော့လဲ ပုံပြင်လေးတွေလို ဖြစ်ခဲ့ပြီ

ကွတ်ခိုင် နှင့် နမ့်ဖတ်ကာ ကြားက ကားဆရာကြီးတိုင်း လန့်တဲ့ ရှုခင်းသာတောင်ကြောပေါ် အတူတူဖြတ်မောင်းကြည့်ကြစို့ 🤗



11/07/2021

🥰မင်္ဂလာရှိသော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ🥰
🤗ယခုလိုကာလမှာ မိတ်ဆွေတို့အားလုံးခက်ခဲနေကြမယ့်အချိန်တွေ အားတင်းပြီး အတူတူဖြတ်သန်းကြပါစို့💪စိတ်ခွန်အားတွေတင်းထားကြပါ🤗

ယခုချိန်ခါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေချိန်မို့ အိမ်ထဲမှာသာတတ်နိုင်သလောက်နေပါ အပြင်သွားရင် Mask တပ်ဖို့လဲ မမေ့ကြပါနဲ့ လက်ကိုလည်းမကြာခဏ လက်သန့်ဆေးရည် လက်ဆေးဆပ်ပြာတို့နဲ့ အနည်းဆုံး စက္ကန့် ၂၀ကြာအောင် ဆေးပါနော်။

ရောဂါကူးဆက်နှုန်းတွေ လျော့ကြသွားတဲ့တစ်နေ့ကြရင် အတူတူ ပင်လယ်ကမ်းစပ်သွားပြီး သဘာဝကြီးက အလကားပေးတဲ့ အောက်ဆီဂျင်သန့်သန့်လေးတွေ တဝကြီး သွားရှူကြမယ်နော့် 🤗🤗🤗🥰🥰🥰

Yan Eternal Travel&Tour မိသားစု

မြန်မာနိင်ငံရဲ့ အကြီးဆုံး အင်းတော်ကြီးအိုင်😲🙂😲အင်းတော်ကြီးအင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မိုးညုင်းခရိုင်...
10/07/2021

မြန်မာနိင်ငံရဲ့ အကြီးဆုံး အင်းတော်ကြီးအိုင်
😲🙂😲
အင်းတော်ကြီးအင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မိုးညုင်းခရိုင် မိုးညုင်းမြို့နယ် ထဲတွင် တည်ရှိပါသည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝအင်းကြီးအဖြစ်သာမက အရှေ့တောင်အာရှ၏ ကုန်းတွင်းရေအိုင်ထဲမှာပါ အကြီးဆုံးဖြစ်ပါသည်။ အင်းတော်ကြီးအိုင်ရေပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေ အမြင့်ပေ တည်ရှိပြီး အမြင့်ပေ ၁၀၀၀ မှ ၄၀၀၀ ကျော်မြင့်မားမတ်စောက်သော တောင်တန်းကြီးများ ကျောက်တောင်ကြီးများ ဝန်းရံနေပါသည်။ တောင်တန်းကြီးများမှ မြစ်ဖျားခံစီးဆင်းလာသော ချောင်းငယ်ပေါင်း ၁၂ သွယ်ဖြင့် အင်းတော်ကြီးအိုင် အရပ်လေးမျက်နှာမှ စီးဝင်လာပြီး အင်းတော်ကြီးချောင်းတစ်ခုထဲမှ ပြန်လည်စီးထွက် ကြောင်းသိရှိရပါသည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။
မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြားမှာ ရေပြင်အကျယ်ဆုံးဖြစ်ပါသည်။
အင်းတော်ကြီးအိုင်သည် အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပပါသည်။
အင်းဘေးဝဲယာတွင် ရှမ်းလူမျိုးများ နေထိုင်ပြီးကျေးရွာအုပ်စု ၁၁ အုပ်စု ရွာပေါင်း ၁၄ ရွာရှိပြီး ရွာအချို့မှာ ပျောက်ကွယ်သွားကြောင်းသိရပါသည်။

ရွှေမဉ္ဇူဘုရား

အင်းတော်ကြီးအိုင်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားပါသည်။
ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။နတ်ဒေဝါများ အချိန်အခါမရွေး ဖူးမျှော်ရန်နိုင်ရန်အတွက် နတ်လျှောက်လမ်း နတ်လမ်းတစ်ခုကိုလဲ တစ်ခါတစ်ရံတွေ့မြင်ရတတ်သည်
အင်းရေလည်ခေါင်တွင် တည်ထားကိုးကွယ်ရာ ဖြစ်သဖြင့် စေတီပတ်လည်ကို စက်လှေဖြင့် ဖူးမျှော်နိုင်ပြီး ရေပျော်စင်ယော်ငှက်ကလေးများကို အစာကျွေး၍ အင်းကြီးအား လည်ပတ်နိုင်ပါသေးသည်

အင်းတော်ကြီးသမိုင်း
အင်းတော်ကြီးသမိုင်းကားဤသို့တည်း။ ဘောဂဝတီနဂါးပြည်တွင် ကာလကြာမြင့်သောအခါနဂါးဦးရေထူထပ်လာသောကြောင့် နဂါးမင်းသားညီနောင်နှစ်ပါးသည် ခမည်းတော်နှင့်မယ်တော်တို့အား နဂါးပြည်၌နဂါးတို့ပြည့်ကြပ်နေသဖြင့် မိမိတို့သည်တိုင်းပြည်သစ်ထူထောင်လိုကြောင်းလျှောက်ထားကြ၏။ မိခင်၊ ဖခင်တို့ကလည်း သားများအရွယ်ရောက်ပြီဖြစ်၍ နောက်ဆံတင်းခြင်းမရှိဘဲ ရဲမက်ဗိုလ်ပါ နောက်လိုက်အခြွေအရံများထည့်ပေးလိုက်၏။ နဂါးမင်းသားညီနောင်တို့သည်လည်း ဘောဂဝတီနဂါးပြည်မှထွက်ခွာလာပြီးလျှင် ဧရာဝတီမြစ်ကိုဆန်၍တက်လာကြသည်။ မြစ်ညာဖက်အရောက်တွင် ညီညာပြန့်ပျူးသောမြေပြင်ကိုတွေ့ကြရာ နဂါးညီနောင်တို့သဘောကျသောကြောင့် နယ်ရှင်များထံခွင့်တောင်းပြီး နဂါးတို့တန်ခိုးဖြင့်အင်းဖွဲ့လိုက်သည်။ နဂါးညီနောင်တို့ အချွေအရံစုံလင်စွာဖြင့်ပျော်ပါးနေထိုင်ကြလေသည်။ ထိုအင်းသည် သေးငယ်သည်ဖြစ်၍ ကာလကြာသော် ညီဖြစ်သူသည် သဘောမကျဖြစ်လာသည်။ သို့ဖြင့်အစ်ကိုဖြစ်သူအား မိမိသည် လက်ရှိအင်းထက်ကြီးသောနေရာကိုရှာဖွေလိုကြောင်းပြောကြားသည်။ အစ်ကိုဖြစ်သူကလည်း ညီအစ်ကိုနှစ်ယောက်အတူနေကြရန်ဖျောင်းဖျသည်။ ညီဖြစ်သူကလည်းနယ်မြေသစ်ထူထောင်ရန်စိတ်အားသန်နေသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူကခွင့်ပြုလိုက်ရပြီး ညီဖြစ်သူက မိမိထက်ကြီးသောနေရာကိုရှာတွေ့နိုင်ပါက မိမိသည်တစ်သက်လုံးခေါင်းမြီးခြုံထဲကထွက်မည်မဟုတ်ဟု ခနဲ့လိုက်သည်။ ညီဖြစ်သူလည်းအချွေအရံများဖြင့်ထွက်လာရာ မြစ်ညာဖက်သို့ရောက်လာပြီး တစ်နေရာတွင် ညီညာပြန့်ပြူးသာယာသည့် နေရာတစ်ခုတွင်စည်ခမ်းအမည်ရှိမြို့ကြီးတစ်ခုကိုတွေ့လေသည်။ နဂါးမင်းသားသည် ထိုနေရာကိုသဘောကျသဖြင့် နယ်ရှင်များထံခွင့်တောင်းရာ အင်းဖွဲ့ခွင့်ရခဲ့သည်။ အင်းဖွဲ့လိုက်ပါက မြို့နေလူများသေကြေကုန်မည်စိုးသဖြင့် နဂါးမင်းသားသည် နတ်မြင်းစီး၍ကောင်းကင်မှ "နောက် ၇ ရက်တွင်ဤမြို့ကြီးအားအင်းဖွဲ့မည်၊ ဝေးရာရှောင်ရှားကြလော့" ဟုခုနှစ်ရက်တိုင်တိုင်ကြွေးကြော်သည်။ ထိုအချိန်တွင် စည်ခမ်းပြည်ရှိလူများသည် မိမိကိုယ်ကိုကျားအဖြစ် ပြောင်းနိုင်သောအောက်လမ်းအတတ်နှင့် တကွ အခြားမကောင်းသည့်အတတ်များကို လိုက်စားကြပြီး ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းမရှိကြသည်ဖြစ်ရာ အကုသိုလ်ဖုံးလွှမ်းနေသဖြင့် နဂါးမင်းသားကြွေးကြော်သံကို မကြားရချေ။ စိတ်ကောင်းရှိသောမုဆိုးမတစ်ယောက်သာကြားသဖြင့်ဆွေမျိုးများကို လိုက်လံပြောဆိုရာ ဆွေမျိုးများက ဤမုဆိုးမသည် လင်လိုချင်သဖြင့် လျှောက်ပြောသည်ဟု နှင်လွှတ်ကြသည်။ မုဆိုးမလည်းမိမိသားသမီးများကို ခေါ်၍ဘေးလွှတ်ရာထွက်သွားသည်။ ခုနှစ်ရက်ပြည့်သော် နဂါးမင်းသားသည် နဂါးတို့တန်ခိုးဖြင့်ကြီးစွာသော လေမိုးတို့ကိုရွာစေ၍ စည်ခမ်းမြို့ကြီးအားအင်းဖွဲ့လိုက်လေသည်။ ထိုအင်းကြီးသည် ယခုအခါ အင်းတော်ကြီးအင်းဟု အမည်တွင်လာခဲ့သည် 🙂

#ဖော်ပြပါသမိုင်းအကြောင်းအရာများသည်ပြန်လည်ပြောကြားချက်မျိုးစုံကိုရေးသားထားပါသဖြင့်ယနေ့အချိန်နှင့်ကွဲလွဲမှုများရှိနိုင်ပါသည်

မိတ်ဆွေတို့နှင့်အတူတူ အခွင့်အခါ အချိန်အခါ ပေးခဲ့ရင်ဖြင့်ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ် ဖူးမျှော်နိုင်ရန် ဝန်ဆောင်မှုလေးပေးပါစေ 🥰🤗🥰



ကမ်းခြေလေးတစ်ခုသို့ ခရီးသွားခြင်း🚙🚙🚙ထားဝယ်ရှင်ကိုးရှင် ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သော ပင်လယ်ကမ်းစပ်အငူအစွန်းတွင် တည်ထ...
08/07/2021

ကမ်းခြေလေးတစ်ခုသို့ ခရီးသွားခြင်း🚙🚙🚙

ထားဝယ်ရှင်ကိုးရှင် ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သော ပင်လယ်ကမ်းစပ်အငူအစွန်းတွင် တည်ထားကိုးကွယ်သော ရှင်မော် ဘုရားသွားရာလမ်း
လောင်းလုံကျွန်းဆွယ်တွင်တည်ရှိပြီး များပြားလှသောကမ်းခြေများထဲတွင် အပါအဝင်ဖြစ်သော
Ocean Drive လုပ်နိုင်သော ကားလမ်းနှင့်ကမ်းစပ်ထိစပ်နေသော ကမ်းခြေလေးတစ်ခုကတော့

မြင်းခွာအော် ကမ်းခြေ 🐎🐎🐎🏄🏄🏄

မြင်းများရဲ့ခွာခြေထောက် ပုံစံတူဖြစ်နေသောကမ်းခြေ 😯
အရိုင်းဆန်ဆန် သန့်ရှင်းသပ်သောကမ်း​ခြေ
ပင်လယ်ရေဆော့ကစားနိုင်လောက်အောင်ပြေပြစ်သော ရေပြင်နှင့် လှိုင်းလုံးအသင့်အတင့်သာ ရိုက်ခတ်သော ကမ်းခြေ 🤗🏝️🏝️
မနီးမဝေး မြင်းခွာပုံစံကမ်းခြေထိပ်နှစ်ဖက်ကို ပင်လယ်လေညှင်းခံ လမ်းလျောက်နိုင်သော ကမ်းခြေ
ပင်လယ်ကမ်းစပ်ကို ကြိုက်သလို မျက်နှာမူ၍ ကားနှင့်ဖြစ်စေ တဲထိုးပြီး မီးပုံပွဲလုပ်၍ ဖြစ်စေ စိတ်ကြိုက်အပန်းဖြေနိုင်သော ကမ်းခြေလေးတစ်ခုပါ 🏖️🏖️
လူရှင်းရှင်းနှင့် တစ်နေ့တာ ခေတ္တခဏ အပန်းဖြေနိုင်သော ကမ်းခြေလေးကို အရောက်တခေါက်သွားကြည့်ဖို့ ဖိတ်ခေါ်ပါရစေ🥰🤗🥰


ဆင်ကျုံးခံတပ် 🐘🐘🐘🚀🚀🚀အင်းဝမြို့ အနောက်ဘက်အရပ်မှာ ရှိသော ဆင်ကျုံးရွာအနီး ဧရာဝတီမြစ်ကမ်းနဖူးတွင် ရှိပါတယ်။ ဆင်ကျုံးခံတပ်ဟာ ...
07/07/2021

ဆင်ကျုံးခံတပ် 🐘🐘🐘🚀🚀🚀

အင်းဝမြို့ အနောက်ဘက်အရပ်မှာ ရှိသော ဆင်ကျုံးရွာအနီး ဧရာဝတီမြစ်ကမ်းနဖူးတွင် ရှိပါတယ်။ ဆင်ကျုံးခံတပ်ဟာ စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်း (၃)ထပ် ရံထားပါတယ်။ အပြင်တံတိုင်းနဲ့ အလယ်တံတိုင်းကြားမှာ (၃၁)ပေကျယ်ဝန်းသော ကျုံးတည်ရှိတယ်။ အတွင်းတံတိုင်းအပြင်ဘက်မှာတော့ ကတုတ်ကျင်းများ တူးထားပါတယ်။

ဆင်ရိုင်းများကို ကျုံးသွင်းပြီး လိမ္မာအောင်ပြုပြင်ဆောင်ရွက်ပေးသောနေရာဖြစ်တဲ့အတွက် ဆင်ကျုံးဟု အမည်ရခြင်းဖြစ်ပါတယ်။
မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်မှာ ယောအတွင်းဝန် ဦးဘိုးလှိုင်နှင့် ကင်းဝန်မင်းကြီးတို့ရဲ့ ဦးဆောင်မှုနှင့် ဆင်ကျုံးတွင် ခံတပ်ကို တည်ဆောက်ခဲ့ပါတယ်။

ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့ ဆုံရာအချက်အခြာနေရာတွင် ခံတပ်သုံးခုရှိရာ အင်းဝဆင်ကျုံးခံတပ်ဟာ တြိဂံပုံထိပ်ချွန် နေရာတွင်ရှိသောခံတပ်ဖြစ်ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တို့ဟာ မြစ်အောက်ဖက်ရှိ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့မယ်ဆို ဤဆင်ကျုံးခံတပ်မှ ဆီးကြိုတိုက်ခိုက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ဖတ်သိခဲ့ရပါတယ်။



🇲🇲 ပြည်ထောင်စုနေ့ 🇲🇲74th Union Day of Myanmar 2021ယနေ့ကျရောက်သော (၇၄)ကြိမ်မြောက် ပြည်ထောင်စုနေ့အား Yan Eternal Travel & ...
12/02/2021

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲
74th Union Day of Myanmar 2021

ယနေ့ကျရောက်သော (၇၄)ကြိမ်မြောက် ပြည်ထောင်စုနေ့အား Yan Eternal Travel & Tours မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

28/01/2021

အရမ်းလှတယ် ဧရာဝတီရယ် 🤗🤗🤗
ခက်ခဲတဲ့ ခရီးလမ်းကြမ်းတွေရှိလဲ
အေးမြတဲ့ မင်းသမီးလေး မင်းရဲ့ပုံရိပ်လေးကို အမြဲမှတ်တမ်းတင်ထားမယ်





ချစ်မိတ်ဆွေများအတွက် အခက်အခဲများကြားကာလများ ဖြစ်သဖြင့် စင်းလုံးငှား သီးသန့်ပြန်လိုသော ဧည့်သည်တော်များအား အထူးစျေးနှုန်း < 10% > အထိလျော့စျေးများဖြင့် ဝန်ဆောင်မှုပေးပါရစေ 😲

ပြည်ပနိုင်ငံများမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တွင် ကွာရတင်း၀င်၍ ရက်ပြည့်ဆေးစစ်ချက်ရပြီးသော အနယ်နယ်အရပ်ရပ်ကိုပြန်ချင်သူများအတွက် သာမက အရေးတကြီးနေရပ်ပြန်လိုသူမိတ်ဆွေများအတွက် အတတ်နိုင်ဆုံးကူညီပို့ဆောင်ပေးပါမည် 🤗🤗🤗

လိုအပ်ချက်များကတော့
- မိမိနေထိုင်သော ရပ်ကွက်ထောက်ခံစာ
- ပြန်လိုသောဒေသ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားအကြောင်းကြိုတင်ကြားထားရန်
- သတ်မှတ်ကွာရတင်းရက်ပြည့်ပြီးသော ထောက်ခံစာ
- မှတ်ပုံတင်မူရင်း
- ဆေးစစ်ချက်လက်မှတ်

***(ရောက်ရှိပါက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဒေသအလိုက်သတ်မှတ်ထားသော ကွာရတင်းများလိုအပ်ပါက ထပ်မံဝင်ရပါမည်)***

ဝန်ဆောင်မှုပေးနိုင်သောကားများ 🚗🚙🚐
(3seaters)
(7seaters)
(10seaters)
(14seaters)

ပါဝင်သော ဝန်ဆောင်မှုများကတော့ 💕💘
#ခရီးစဥ်များအတွက် သေချာ ပိုးသတ်ဆေးဖြန်းထားပြီးသော သန့်ရှင်းသပ်ရပ်သော ကားများ
#ရောဂါကင်းစင်သော ကျွမ်းကျင်ယာဥ်မောင်းများ
#ဧည်သည့်များအတွက် နှာခေါင်းစည်း ပိုးသတ်ဆေးရည်/Hand Gel ရေသန့် စနိုးတာဝါ အပြည့်အစုံ
#ဧည့်သည်တော်များ၏ အိမ်ရှေ့အရောက်(ကား လမ်းခရီးဝင်လို့ရသလောက်ထိ )

🤗🤗🤗
***ခရီးစဥ်တိုင်းကို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်းလိုက်နာ၍သာ ပို့ဆောင်ပေးပါမည်***🙏🙏🙏

စုံစမ်းမေးမြန်းသိရှိလိုပါက 😊
ဖုန်း ၀၉ ၂၅၉ ၈၁၀ ၇၀၇ / ၀၉၆၉ ၈၈၁၀ ၅၀၅ / ၀၉၆၉ ၈၈၁၀ ၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအသီးသီးသည် COVID-19 ရောဂါကာကွယ်ထိန်...
22/01/2021

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအသီးသီးသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မလိုအပ်ဘဲ ခရီးမသွား ကြရန် အခါအားလျော်စွာ မေတ္တာရပ်ခံလျှက်ရှိပါသည်။
၂။ ဤသို့ မေတ္တာရပ်ခံထားသော ကာလအတွင်း မသွားမဖြစ်သွားလာရမည့် စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဌာနဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ်သွားလာကြရမည့် ကိစ္စရပ် များကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြတ်ကျော်သွားလာကြရမည့် သံတမန်များ၊ INGO များ၊ ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းများနှင့် ခရီးသွားပြည်သူများက တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လိုက်နာရမည့် Quarantine သတ်မှတ်ချက်များကို ဤဝန်ကြီးဌာနသို့ မေးမြန်း စုံစမ်းခြင်း များ ရှိကြပါသည်။
၃။ သို့ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်ခြင်း၊ ဖြတ်ကျော်သွားလာ ခြင်းများအတွက် လိုက်နာရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ်ထားသော Quarantine ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အများပြည်သူသိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။ အဆိုပါ Quarantine ထားရှိမှုနှင့် စစ်ဆေးမည့်အစီအစဉ်များအား တိုင်းဒေသကြီး/ပြည်နယ် COVID ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ထုတ်ပြန်စာများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရဌာန ထုတ်ပြန်စာများနှင့် နေပြည်တော်ကောင်စီ page တို့မှ စုစည်းတင်ပြပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁၉) ရက်

https://m.facebook.com/story.php?story_fbid=3603308263121248&id=402576259861147

We always follow the guidelines of the respective Heads of State.We will ensure we keep up a high level of communication...
20/01/2021

We always follow the guidelines of the respective Heads of State.
We will ensure we keep up a high level of communication with all of our stakeholders, our tourism businesses, our destinations, our tourists, and our citizens to ensure we work together to rebuild our tourism sector better.

ကျွန်တော်တို့သည် သက်ဆိုင်ရာ နိုင်ငံတော်လူကြီးမင်းများ၏ လမ်းညွှန်ချက်များကို စဥ်ဆက်မပြတ်လိုက်နာဆောက်ရွက်လျက်ရှိပါသည်
ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ပြန်လည်ထူထောင်ရန် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သူများ ခရီးသွားကုမ္ပဏီများ ခရီးစဥ်ဒေသများ ခရီးသွားဧည့်သည်များ အများပြည်သူများနှင့် အားလုံးအတူတကွ ပူးပေါင်း၍ စဥ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်သွားပါမည်




Happy 69years Kayah State Day ! ယနေ့ကျရောက်သော “၆၉နှစ်မြောက် ကယားပြည်နယ်နေ့” မှာ ကယားတိုင်းရင်းသား ညီအစ်ကို မောင်နှမများ...
15/01/2021

Happy 69years Kayah State Day !

ယနေ့ကျရောက်သော “၆၉နှစ်မြောက် ကယားပြည်နယ်နေ့” မှာ ကယားတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း Yan Eternal Travel & Tours Co. Ltd. မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Happy 2760 Karen New Year! ယနေ့ကျရောက်သော “ကရင်နှစ်သစ်ကူးနေ့” မှာ ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ပျော်ရွ...
13/01/2021

Happy 2760 Karen New Year!

ယနေ့ကျရောက်သော “ကရင်နှစ်သစ်ကူးနေ့” မှာ ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း Yan Eternal Travel & Tours Co. Ltd. မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

🙏🙏🙏🙏🙏မင်္ဂလာပါ🙏🙏🙏🙏🙏ချစ်မိတ်ဆွေများအတွက် အခက်အခဲကြားကာလများ ဖြစ်သဖြင့် စင်းလုံးငှား သီးသန့်ပြန်လိုသော ဧည့်သည်တော်များအား ...
07/01/2021

🙏🙏🙏🙏🙏မင်္ဂလာပါ🙏🙏🙏🙏🙏
ချစ်မိတ်ဆွေများအတွက် အခက်အခဲကြားကာလများ ဖြစ်သဖြင့် စင်းလုံးငှား သီးသန့်ပြန်လိုသော ဧည့်သည်တော်များအား အထူးစျေးနှုန်း < 10% > အထိလျော့စျေးများဖြင့် ဝန်ဆောင်မှုပေးပါရစေ 😲

ပို့ဆောင်ပေးမည့် ကားဆရာများသည်ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စစ်ဆေးပြီး
Covid Test ကင်းရှင်းကြောင်း လက်မှတ်ဖြင့်သာပို့ဆောင်ပေးပါမည် 😊

ပြည်ပနိုင်ငံများမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တွင် ကွာရတင်း၀င်၍ ရက်ပြည့်ဆေးစစ်ချက်ရပြီးသော အနယ်နယ်အရပ်ရပ်ကိုပြန်ချင်သူများအတွက် သာမက အရေးတကြီးနေရပ်ပြန်လိုသူမိတ်ဆွေများအတွက် အတတ်နိုင်ဆုံးကူညီပို့ဆောင်ပေးပါမည် 🤗🤗🤗

လိုအပ်ချက်များကတော့
- မိမိနေထိုင်သော ရပ်ကွက်ထောက်ခံစာ
- ပြန်လိုသောဒေသ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားအကြောင်းကြိုတင်ကြားထားရန်
- သတ်မှတ်ကွာရတင်းရက်ပြည့်ပြီးသော ထောက်ခံစာ
- မှတ်ပုံတင်မူရင်း
- ဆေးစစ်ချက်လက်မှတ်

***(ရောက်ရှိပါက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဒေသအလိုက်သတ်မှတ်ထားသော ကွာရတင်းများလိုအပ်ပါက ထပ်မံဝင်ရပါမည်)***

ဝန်ဆောင်မှုပေးနိုင်သောကားများ 🚗🚙🚐
(3seaters)
(7seaters)
(10seaters)
(14seaters)

ပါဝင်သော ဝန်ဆောင်မှုများကတော့ 💕💘
#ခရီးစဥ်များအတွက် သေချာ ပိုးသတ်ဆေးဖြန်းထားပြီးသော သန့်ရှင်းသပ်ရပ်သော ကားများ
#ရောဂါကင်းစင်သော ကျွမ်းကျင်ယာဥ်မောင်းများ
#ဧည်သည့်များအတွက် နှာခေါင်းစည်း ပိုးသတ်ဆေးရည်/Hand Gel ရေသန့် စနိုးတာဝါ အပြည့်အစုံ
#ဧည့်သည်တော်များ၏ အိမ်ရှေ့အရောက်(ကား လမ်းခရီးဝင်လို့ရသလောက်ထိ )

🤗🤗🤗
***ခရီးစဥ်တိုင်းကို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်းလိုက်နာ၍သာ ပို့ဆောင်ပေးပါမည်***🙏🙏🙏

စုံစမ်းမေးမြန်းသိရှိလိုပါက 😊
ဖုန်း ၀၉ ၂၅၉ ၈၁၀ ၇၀၇ / ၀၉၆၉ ၈၈၁၀ ၅၀၅ / ၀၉၆၉ ၈၈၁၀ ၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....

🇲🇲“73rd INDEPENDENCE Day of MYANMAR ” လွတ်လပ်ရေးနေ့အား မြန်မာမိသားစုများကဝမ်းမြောက်ဂုဏ်ယူမိပါသည်။အထူးစီစဥ်အနေဖြင့်ယခုလဇန...
04/01/2021

🇲🇲“73rd INDEPENDENCE Day of MYANMAR ”
လွတ်လပ်ရေးနေ့အား မြန်မာမိသားစုများကဝမ်းမြောက်ဂုဏ်ယူမိပါသည်။

အထူးစီစဥ်အနေဖြင့်
ယခုလဇန်နဝါရီလအတွင်းရန်ကုန်တိုင်းအတွင်းခရီးသွားလာစရိတ်များနှင့် နေရပ်ပြန်ကားစင်းလုံးငှားများအတွက် ၁၀% လျှော့စျေးပေးပါသည်🇲🇲

🕊ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွက် ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား Yan Eternal Travel & Tours မှ ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🕊

ချစ်မိတ်ဆွေတို့အတွက် ခရီးသွားရန် လမ်းညွှန်ချက်လေးများ ရပါပြီ 🤗🤗🤗
29/12/2020

ချစ်မိတ်ဆွေတို့အတွက် ခရီးသွားရန် လမ်းညွှန်ချက်လေးများ ရပါပြီ 🤗🤗🤗

မွန်တို့ ဌာနေ ရာမညတိုင်းဆီ လှမ်းကြမယ်လေ🥰🥰🥰မော်လမြိုင် - ကျိုက္ခမီ - စက်စဲ (နေ့ချင်းပြန်) ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် --...
01/09/2020

မွန်တို့ ဌာနေ ရာမညတိုင်းဆီ လှမ်းကြမယ်လေ🥰🥰🥰

မော်လမြိုင် - ကျိုက္ခမီ - စက်စဲ (နေ့ချင်းပြန်) ခရီးစဉ်
ဈေးနှုန်း တစ်ဦးလျှင် -- (၄၉၀၀၀) -- ကျပ်😀😀😀

👨‍⚕️👩‍⚕️ကျန်းမာရေး အကာအကွယ် အစီအမံများကို လိုက်နာသောအားဖြင့်
ကားတစ်စီးလျှင် လူဦးရေ (၈) ယောက်ရှိတာနဲ့ခရီးစဥ်ကို ဆောင်ရွက်ပေးမှာပါရှင့် 🤗🤗🤗
အသင်းအဖွဲ့များ အတွက်လဲ သီးသန့် သင့်လျော်သော ၁၄ယောက်စီး ၂၂ယောက်စီး ၃၂ယောက်စီး ၄၅ယောက်စီး ကားများဖြင့် ဝန်ဆောင်မှုပေးမှာပါရှင့် 🙏🙏🙏

ဧည့်သည်တော်ကြီးများ၏ သဘောဆန္ဒအရ လူဦးရေ အနဲအများပေါ်မူတည်ပြီး စျေးနှုန်းလေးတွေကလဲ ပိုမိုသက်သာ သွားနိုင်ပါတယ်ရှင့်

😎လမ်းခရီး လည်ပတ်နိုင်မည့်နေရာများကလဲ
အများကြီးနော့် ……😎

🌼 မျောလေးမျော သမိုင်းဝင် တန်ခိုးကြီး ကျိုက္ခမီရေလယ်ဘုရား ……
🌼 ပင်ပန်းသမျှ အပန်းဖြေရေဆော့ကစားနိုင်မည့် စက်စဲ ကမ်းခြေ ......
🌼 သေမင်းတမန် ရထားလမ်းပြတိုက် နှင့် ဒုတိယကမ္ဘာစစ်အောက်မေ့အမှတ်တရ စစ်သချိုင်း ……
🌼 ဝင်းစိန်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်ခဲ့သော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး……
🌼 ခပ်ရ ခပ်ယူ ထိုင်တော်မူဘုရားကြီး
ထန်းပင် ထန်းလက် ထန်းရွက်ညီညီ ကျိုက်မရောမြို့ဆီမှ
🌼 ရှင်စောပု ဘုရင်မကြီး၏ ကုသိုလ်ကောင်းမှုများရှိရာ ထိုင်တော်မူ ကျိုက်မရောဘုရားကြီး……
🌼 မော်လမြိုင်မြို့ ၏ သမိုင်းဝင် ကျိုက်သလ္လန်စေတီ နှင့် မဟာမြတ်မုနိ ရုပ်ပွားတော်
🌼 ဇင်းကျိုက် ရေတံခွန်
🌼 သထုံရွှေစာရံ စေတီတော်
🌼 ကျိုက်ထိုမြို့မှ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီး

😍😍 Yan Eternal မှပါဝင်သည့် အကောင်းဆုံး ဝန်ဆောင်မှု များကတော့ 😍😍

🚐 Fully air-con ကားများ
🍝 နံနက်စာ 🍱 နေ့လည်စာ🍜 ညစာ
🍶 ရေသန့် နှင့် စနိုးတာဝါ ၊ သွားတိုက်ဆေး.သွားတိုက်တံ
🍔 အဆာပြေ သုံးဆောင်ရန် မုန့်နှင့် အချိုရည်
🌺 ပန်းခြံ ဝင်ကြေး
💊 ကျန်းမာရေးစောင့်ရှောက်မှု အိမ်သုံးဆေးဝါးများ
🏠 မြို့တွင်း အိမ်တိုင်ရာရောက် အကြို ၊ အပို့
💯 ဘာလိုလို ကူညီဆောင်ရွက်ပေးမယ် ဓာတ်ပုံလှလှလေးတွေလဲ ရိုက်ပေးမယ် စေတနာဖြင့်အထူး ဝန်ဆောင်မှုပေးမည့် Tour Leader
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

ဖော်ပြပါ ခရီးစဥ်အပြင် အခြားသောနေ့ချင်းပြန် ခရီးစဥ်များလဲ ရှိပါသေးတယ်နော့် 🥰🥰

- တောင်ငူ - သံတောင်ကြီး ခရီးစဥ် 😍
- မော်လမြိုင် - ကျိုက္ခမီ - စက်စဲ ခရီးစဥ် 😍
- ဘားအံ ဂူ (၅) ဂူ ခရီးစဥ် 😍
ဘယ်သွားသွား စျေးနှုန်းက တစ်ဦးလျှင် (၄၉၀၀၀) ကျပ် ပါပဲနော် 😍

အသေးစိတ်သိရှိလိုပါက 😊
ဖုန်း ၀၉ ၂၅၉ ၈၁၀ ၇၀၇ / ၀၉၆၉ ၈၈၁၀ ၅၀၅ / ၀၉၆၉ ၈၈၁၀ ၆၀၆ (သို့မဟုတ်) Chat Box တွင်အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်....
Email: [email protected]

01/09/2020

ဇွဲကပင်မြေ မှ ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်🍁🍁👫

ကရင်ပြည်နယ် ဘားအံမြို့ရှိ အလွန်ပင်ထင်ရှားသော ဇွဲကပင်တောင် သည် ထူးဆန်းသော ပုံပြင်လေး တစ်ပုံရှိခဲ့ပါတယ်…ဒီပုံပြင်လေးသည်
“ ဇွဲကပင်တောင်ကြီး ကို တိုင်တည်လို့ ရုပ်ပုံထင်ရှား ဇွဲကပင်တောင်တန်းမှာ မိကွဲဖကွဲ ပထွေးနှိပ်စက်မူ ဖြစ်လေရာဘဝဆက်တိုင်း ကင်းလွှတ်ပျူဌာ ပျော်ရွှင်ချမ်းမြေ့ မိသားစုကမ္ဘာ ပိုင်ဆိုင်စေကြောင်း လိုရာဆုတောင်း သနားစရာ ကရင်မောင်နှမ ဖြစ်ပေတည်း…”
ကရင် မောင်နှမ နှစ်ယောက်၏ လွန်စွာသနားစရာကောင်းပြီး စိတ်ဝင်စားစရာကောင်းသော သမိုင်းပုံပြင်လေးတစ်ပုဒ်အကြောင်းကို ပြောပြချင်ပါတယ်။

🌳🌳သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင်……..👉👉
ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန်
တောင်ယာ ထဲတွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲတွင် သေဆုံးသွားလေ၏
ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏ မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို
ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊
မိမိဘဝကို သနားကရုဏာသက်လှပါတယ်။ ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ်
စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်လိုက်ပါတယ်။
ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသောရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရပါတယ်။
နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တောအုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ်။
တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏
မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ်။
ညဉ့်နက်သည်အထိ ဘုရား ကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့တယ်။
သို့သော် ကလေးနှစ်ယောက်ကို အိမ် မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထာပြီး ထားခဲ့ပါတယ်။
အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။
ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်။
ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ် အနီးအပါးက ရသမျှ တောသီးနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရာသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏
နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်။
မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊အမေ့ကိုလွမ်းရသောဝေဒနာတို့ကိုကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏
ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပါ။
တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက်
အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီး
ရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့်
ဆေးလုံးသုံးလုံးပေးကာမီးဖို့အတွင်းသို့ဆင်းခိုင်းရာမှငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့်လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။
မောင်နှမ နှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊
ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း”သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင်မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်။
ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။

ခရီးသွားမိတ်ဆွေများ အားလုံး ယခုလိုစိတ်ဝင်စားစရာကောင်းပြီး သာယာလှပနေသော ကရင်ပြည်နယ်၏ အလှတရားကို သွားရောက်လေ့လာပြီး စိမ်းစိုလန်းဆန်းသော တောတောင်ရှုခင်းတွေ ခံစားမယ် ရှေးဟောင်းလက်ရာတွေပြည့်နေသော ဂူဘုရားတွေဖူးမျှော်ရင်း ဆုတွေတောင်းမယ်လို့ စိတ်ကူးထားရင်တော့....🤗
ဘားအံ့ - ဂူငါးဂူ (နေ့ချင်းပြန်) ခရီးစဥ်လေးကို အောက်ပါ လင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့် 😍

https://m.facebook.com/story.php?story_fbid=338938327486728&id=105593987487831

အားလုံးကို ကျေးဇူးတင်လျှက် 🤗🤗🤗
စာရေးသူ Min Wee Non
မူရင်းရေးသားသူကိုလေးစားစွာ credit ပေးပါတယ်။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9598619590

Website

Alerts

Be the first to know and let us send you an email when Yan Eternal Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yan Eternal Travel & Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share