Travel Hub

Travel Hub Travel Hub for Everyone

Myanmar Airways International (𝐌𝐀𝐈) လေကြောင်းလိုင်း၏ ရန်ကုန် - ဆိုးလ်(အင်ချွန်း)-ရန်ကုန် ခရီးစဉ်ကို  တစ်ပတ် ၃ ကြိမ် ပျံသ...
23/07/2023

Myanmar Airways International (𝐌𝐀𝐈) လေကြောင်းလိုင်း၏ ရန်ကုန် - ဆိုးလ်(အင်ချွန်း)-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် ၃ ကြိမ် ပျံသန်းပြေးဆွဲလျှက်ရှိရာ

✈️𝐘𝐚𝐧𝐠𝐨𝐧 ✈ 𝐒𝐞𝐨𝐮𝐥 (𝐈𝐧𝐜𝐡𝐞𝐨𝐧 International Airport) 07:15-15:30
✈️𝐒𝐞𝐨𝐮𝐥 (𝐈𝐧𝐜𝐡𝐞𝐨𝐧 International Airport) ✈ 𝐘𝐚𝐧𝐠𝐨𝐧 16:40-20:10
✈️𝐞𝐯𝐞𝐫𝐲 𝐓𝐮𝐞 , 𝐅𝐫𝐢 & 𝐒𝐮𝐧

လေယာဥ်လက်မှတ်၀ယ်ယူဖို့အတွက်
Travel Hub Tours & Ticketing ကိုဆက်သွယ်လိုက်ပါနော်......
Ph: 09420055259, 09420049209, 09261040101
Address : အမှတ် ၁၅၊ ပထမထပ်၊ ကျွန်းတောကျောင်းလမ်း­ စမ်းချောင်း

***ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သက်မှတ်ချက်များ ကိုအတိအကျလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါတယ်

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင...
22/07/2023

ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ

ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊ မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။

မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။

ဒါ့ကြောင့် လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။

ကလေးနဲ့ အဆင်ပြေနိုင်မယ့် လေယာဉ်ချိန်ကို ရွေးပါ
ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ကလေးရဲ့အိပ်ချိန် ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အဝတ်အစားအပို၊ သေးခံအပိုတွေပါပါစေ
ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး အန်တာ၊ပေကျံတာတွေအတွက် လိုလိုမည်မည်အဝတ်အစားအပိုနှစ်စုံလောက်တော့ အနီးမှာယူထားပါ။ ကလေးက အိုက်လွန်းရင်လည်းမနေ၊ အေးရင်လည်းမကြိုက်၊ ငိုနေရင်ပြဿနာရှိနိုင်လို့ သူသက်တောင့်သက်သာရှိစေဖို့ဦးစားပေးဂရုစိုက်ရပါမယ်။

ကလေးအတွက် မုန်နဲ့သောက်စရာယူသွားပါ
ဘီစကစ်၊ ကိတ်မုန့်တို့လို မသိုးနိုင်တဲ့ စားစရာတွေပဲယူသွားပါ။လေယာဉ်ပေါ်မှာရေဓါတ်မဆုံးရှုံးစေဖို့ ကလေးကို ရေတိုက်ပေးပါ။ သူကြိုက်တတ်တဲ့ မုန့်နဲ့သောက်စရာလေးတွေပြင်ဆင်သွားပေးပါ။ နို့စို့အရွယ်ဆို ဆာတဲ့အခါ တိုက်နိုင်ဖို့ အနွေးဓာတ်ထိန်းတဲ့ဘူးလေးနဲ့ နို့ဘူးဖျော်ပြီးယူလာနိုင်ပါတယ်။

ကလေးအတွက်လိုအပ်တဲ့ဆေးဝါးတွေဆောင်သွားပါ
ဖျားနာတာ၊ ဗိုက်အောင့်တာ၊ လည်ချောင်းနာ၊ ဝမ်းလျှော၊အော့အန်၊ ဓါတ်မတည့်တာ၊လေယာဉ်မူးတာစတဲ့ ဝေဒနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ခရီးသွားတိုင်းဆောင်သွားသင့်ပါတယ်။

သိပ်စိတ်မပူနေပါနဲ့
ဘယ်လောက်ပဲ ကြိုပြင်ဆင်၊ သတိထားပါစေ၊ ကလေးတစ်ဖက်နဲ့ခရီးသွားရတာ ကသီလင်တတော့နိုင်မှာပါပဲ။ ရုတ်ရုတ်သည်းသည်းဖြစ်တယ်လို့ဆိုတာ မဟုတ်ဘူးနော်။ ဒါပေမယ့် အနည်းဆုံးတော့ ကလေးရဲ့ငိုသံနဲ့ ဘေးနားကခရီးဖော်တွေရဲ့သက်ပြင်းချသံ ကြားရမှာသေချာသလောက်ပဲ။ အသက်ဝအောင်ရှူပြီး အားတင်းလိုက်ပါ။ ကလေးရှိတဲ့မိဘတိုင်း ဒီအခြေအနေကိုကြုံဖူးကြမှာပဲ၊ လေယာဉ်ဆိုတာလည်း အချိန်တန်ရင်ပြန်ဆင်းသက်ပြီး ကိုယ့်ခရီးကိုရောက်မှာပဲဆိုတော့ ဒီခဏလေးကို တည်ငြိမ်စွာနဲ့ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပြင်ထားပါ။ ကလေးကိုကျေနပ်အောင်ချော့မော့၊ ထိန်းကျောင်းနိုင်ဖို့ စိတ်ရှည်ပါ။

ပိုပိုသာသာထည့်တာ ဖြစ်သင့်ပါတယ်
သယ်လာတဲ့ပစ္စည်းပစ္စယတွေ များလွန်းတာဟာ လေယာဉ်ခရီးစဉ်မှာ အတော်တိုင်ပတ်စေနိုင်ပါတယ်။ ဒါပေမယ့် ကလေးပါတယ်ဆိုရင်တော့ ဒါဟာဖြစ်သင့်ပါတယ်။ diaperတွေနဲ့ အဝတ်အစားတွေ၊ စားစရာတွေ ပိုထည့်လာပါ။ ကလေးအသုံးအဆောင်တွေက အမြဲလိုအပ်နေတာများပါတယ်၊ ပိုတယ်ဆိုတာ သိပ်မရှိပါဘူး။ မတော်လို့လေယာဉ်နောက်ကျနေရင် လေဆိပ်မှာတင် ကလေးအသုံးအဆောင်တွေ သုံးလိုက်ရမှာပဲ။

ကိုယ့်အနီးမှာ ယူထားဖို့လိုအပ်တဲ့ပစ္စည်းတွေ
ခရီးတောက်လျှောက်သုံးဖို့ ပစ္စည်းတွေအကုန် ခရီးဆောင်အိတ်မှာ ထည့်ထားပေမယ့် လေယာဉ်စီးရင်း လိုအပ်လာရင်အလွယ်တကူသုံးနိုင်ဖို့ ကိုယ့်အနားမှာယူထားသင့်တဲ့အရာတွေက –

သေးခံ Diaper နဲ့ Diaper creamတွေ၊
လိုသလို သန့်စင်ပေးနိုင်ဖို့Baby wipesတွေ၊
ပေကျံသွားတဲ့အဝတ်နဲ့ သုံးပြီးသား Diaperတွေထည့်ဖို့ ပလတ်စတစ်အိတ်၊
စောင် (ကလေးငယ်တွေကို ပိုက်ထွေးဖို့စောင်အသေး)
ကလေးအဝတ်အပိုနှစ်စုံလောက်၊
ကွေကာ၊ ပူတင်း၊ ဘီစကစ်၊ သစ်သီး စတဲ့စားစရာတွေ၊
ကလေးနို့ဘူး
ကလေးအတွက် လိုအပ်နိုင်တဲ့ဆေးဝါးအနည်းငယ်နဲ့
ခပ်သေးသေး ကစားစရာတချို့တို့ဖြစ်ပါတယ်။
ဒီအချက်လေးတွေပြင်ဆင်ထားပြီးရင်တော့ ဖေဖေမေမေတို့အားလုံး သာယာအဆင်ပြေတဲ့ခရီးစဉ်လေးဖြစ်ပါစေ။

Hehellosayarwon.com website မှ ကူးယူဖော်ပြပါသည်။

Travel Hub Tours & Ticketing ကိုဆက်သွယ်လိုက်ပါနော်......

Ph: 09420055259, 09420049209, 09261040101

Address : အမှတ် ၁၅၊ ပထမထပ်၊ ကျွန်းတောကျောင်းလမ်း­ စမ်းချောင်း

ခရီးသွားခြင်းက အစားထိုးမရနိုင်တဲ့ ပျော်ရွင်မှုတွေကို ပေးပါတယ်...မိသားစုနဲ့ပဲ ခရီးသွားမလား Business Trip ပဲသွားမလား...Tra...
22/07/2023

ခရီးသွားခြင်းက အစားထိုးမရနိုင်တဲ့ ပျော်ရွင်မှုတွေကို ပေးပါတယ်...

မိသားစုနဲ့ပဲ ခရီးသွားမလား Business Trip ပဲသွားမလား...

Travel Hub Tours & Ticketing ကိုဆက်သွယ်လိုက်ပါနော်......

Ph: 09420055259, 09420049209, 09261040101
Address : အမှတ် ၁၅၊ ပထမထပ်၊ ကျွန်းတောကျောင်းလမ်း­ စမ်းချောင်း

Check-in ဝင်တဲ့အခါ လိုအပ်ချက်များတွေပါနော်.....✈️လေဆိပ်သို့ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၁ နာရီခွဲအလိုတွင် မဖြစ်မနေကြိုတင်...
21/07/2023

Check-in ဝင်တဲ့အခါ လိုအပ်ချက်များတွေပါနော်.....

✈️လေဆိပ်သို့ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၁ နာရီခွဲအလိုတွင် မဖြစ်မနေကြိုတင် လာရောက်ပေးရန်လိုအပ်ပြီး လေဆိပ်ကောင်တမှာ လေယာဉ်မထွက်ခွာမီ နာရီဝက်အလိုတွင် ကောင်တာပိတ်ပါတယ်...
✈️သက်ဆိုင်ရာ လေကြောင်းလိုင်းတွင် Check-in ပြုလုပ်ရန်အတွက် (E -Ticket )လေယာဉ်လက်မှတ်၊ ကျန်းမာရေးထောက်ခံစာနှင့်အတူ မှတ်ပုံတင်ကဒ်ပါ မဖြစ်မနေ ယူဆောင်လာပေးရပါမယ်
✈️အသက် ၂ နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်း (သို့မဟုတ်) သန်းခေါင်စာရင်းမိတ္တူ ပြသပေးရန် လိုအပ်ပါတယ်နော်…
✈️အသက် ၂ နှစ် နှင့် အထက် ကလေးများအတွက်လည်း ၁၀နှစ်ပြည့် မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ သန်းခေါင်းစာရင်းမိတ္တူများ ပြသပေးရန် လိုအပ်ပါတယ်
✈️ခရီးသည်မှ Check-in Counter တွင် Baggage အား အပ်ပြီးသည်နှင့် သက်ဆိုင်ရာဝန်ထမ်းများမှ Boarding pass ထုတ်ပေးသည့်အခါ မိမိတို့လိုရာခရီးသွားရန်အတွက် Immigration အားဖြတ်၍ Boarding gate တွင်အသင့်စောင့်ဆိုင်းနိုင်ပါပြီ....

credit

Air Thanlwin လေကြောင်းလိုင်းဟာ ရန်ကုန်-မြိတ်✈ မြိတ်-ရန်ကုန်✈ တိုက်ရိုက် ခရီးစဉ်များအား အပတ်စဉ် ကြာသပတေးနေ့ နှင့် စနေနေ့ ...
21/07/2023

Air Thanlwin လေကြောင်းလိုင်းဟာ ရန်ကုန်-မြိတ်✈ မြိတ်-ရန်ကုန်✈ တိုက်ရိုက် ခရီးစဉ်များအား အပတ်စဉ် ကြာသပတေးနေ့ နှင့် စနေနေ့ များတွင် ပျံသန်းပြေးဆွဲပေးနေပြီ ဖြစ်ပါသည်။

လေယာဥ်လက်မှတ်များကို Trave Hub တွင် ကြိုတင်၀ယ်ယူနိုင်ပါပြီ။

𝐀𝐢𝐫 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧

𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐆𝐍) ✈ 𝐌𝐲𝐞𝐢𝐤 (𝐌𝐆𝐙)
𝐀𝐢𝐫 𝐅𝐚𝐫𝐞 - 𝟏𝟗𝟐,𝟎𝟎𝟎 𝐌𝐌𝐊
𝐌𝐲𝐞𝐢𝐤 (𝐌𝐆𝐙) ✈ 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐆𝐍)
𝐀𝐢𝐫 𝐅𝐚𝐫𝐞 - 𝟏𝟗𝟎,𝟎𝟎𝟎 𝐌𝐌𝐊
𝐄𝐯𝐞𝐫𝐲 𝐓𝐡𝐮 & 𝐒𝐚𝐭

Ph: 09420055259, 09420049209, 09261040101
Address : အမှတ် ၁၅၊ ပထမထပ်၊ ကျွန်းတောကျောင်းလမ်း­ စမ်းချောင်း

ဗုဒ္ဓဂါယာဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်ပါတယ်။  မြတ်စွာဘုရားရှင် သိဒ္ဓတ္ထမင်းသား ဉာဏ်အလင်းရရှိသည့်နေရာဖြစ်...
21/07/2023

ဗုဒ္ဓဂါယာ

ဗုဒ္ဓဂါယာသည် ဘီဟာပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် သိဒ္ဓတ္ထမင်းသား ဉာဏ်အလင်းရရှိသည့်နေရာဖြစ်ပြီး ဗုဒ္ဓဘာသာအားလုံး၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပင်မကျောင်းတော်တွင် ထင်ရှားကျော်ကြားသော မဟာဗောဓိဘုရားကျောင်း/စေတီတော်မြတ်နှင့် မြတ်စွာဘုရား ဉာဏ်အလင်းရရှိခဲ့သော မူလဗောဓိပင်၏ အဆက်အနွယ်များလည်းတည်ရှိနေပါတယ်။ ထိုင်း၊ တိဗက်နဲ့ ဂျပန်တို့လို ဗုဒ္ဓဘာသာ အစဉ်အလာရှိတဲ့ တခြားလူမျိုး တော်တော်များများ၏ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေလည်း ရှိပါတယ်။

#ဗုဒ္ဓဂါယာ Gaya

ဘယ်လိုလုပ်ရမလဲ......ရုံးက Boss က ပြည်ပခရီးသွားဖို့ လေယာဥ်လက်မှတ် ဖြတ်ခိုင်းတယ်၊ ကိုယ်အထက်က မန်နေဂျာက ပြည်တွင်းခရီးသွားဖိ...
07/07/2023

ဘယ်လိုလုပ်ရမလဲ......

ရုံးက Boss က ပြည်ပခရီးသွားဖို့ လေယာဥ်လက်မှတ် ဖြတ်ခိုင်းတယ်၊ ကိုယ်အထက်က မန်နေဂျာက ပြည်တွင်းခရီးသွားဖို့ ကားလက်မှတ် ဖြတ်ခိုင်းတယ်။ ပြီးရင် အဲဒီပြည်တွင်းခရီးစဥ်မှာ သွားမည့်နေရာအတွက်ပါ ကားငှားခိုင်းသေးတယ်။ ..............

ဒါတွေအားလုံးအတွက် Travel Hub က စီစဥ်ပေးနိုင်ပါတယ်.....

ဖုန်း +95 9 42005 5259

"ခရီးသွားခြင်းသည် နေရာသစ်များကို ကြည့်ရှုခြင်းအတွက် မဟုတ်ဘဲ ယဉ်ကျေးမှုအသစ်များကို တွေ့ကြုံခံစားခြင်းပင်ဖြစ်သည်။"
30/06/2023

"ခရီးသွားခြင်းသည် နေရာသစ်များကို ကြည့်ရှုခြင်းအတွက် မဟုတ်ဘဲ ယဉ်ကျေးမှုအသစ်များကို တွေ့ကြုံခံစားခြင်းပင်ဖြစ်သည်။"

ကမ္ဘာကြီးသည် စာအုပ်တစ်အုပ်ဖြစ်ပြီး ခရီးမသွားသောသူများသည် တစ်မျက်နှာတည်းကိုသာ ဖတ်နေသူများဖြစ်သည်။" - Saint Augustine
27/06/2023

ကမ္ဘာကြီးသည် စာအုပ်တစ်အုပ်ဖြစ်ပြီး ခရီးမသွားသောသူများသည် တစ်မျက်နှာတည်းကိုသာ ဖတ်နေသူများဖြစ်သည်။" - Saint Augustine

21/02/2022
21/02/2022

Address


Alerts

Be the first to know and let us send you an email when Travel Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Hub:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share