Loikaw Venus

Loikaw Venus For travelling in Kayah State Loikaw
(9)

မြေပဲဆီ စစ်စစ်  10 ပိသာ တပုံးကို 140000 ကျပ်နဲ့ရောင်းပေးပါမယ် ဝယ်သူရှိမှ မြေပဲ လှန်းပြီး ကြိတ်ပေးပါမယ်ဗျမြေပဲဆီ စစ်စစ် မ...
05/12/2023

မြေပဲဆီ စစ်စစ် 10 ပိသာ တပုံးကို 140000 ကျပ်နဲ့
ရောင်းပေးပါမယ် ဝယ်သူရှိမှ မြေပဲ လှန်းပြီး ကြိတ်ပေးပါမယ်ဗျ
မြေပဲဆီ စစ်စစ် မလို့ ကျန်းမာရေးနဲ့ ကိုက်ညီဖို့ အထူးအာမခံပါတယ်ဗျ
ကျောက်ပန်းတောင်းကနေ ကားတင်ပေးမှာမလို့ ကားခကိုတော့ ဝယ်သူမှရှင်းပေးရပါမယ်ဗျ
loikaw ကနေ အညာဖက်ကို စစ်ရှောင်ရင်းရောက်နေတာမလို့
ကိုယ့်ရဲ့ customer တွေကို မြေပဲဆီ စစ်စစ် ကို စျေးသက်သက်သာသာစားစေချင်လို့ပါဗျ
အညာဖက်ရောက်မှ မြေပဲဆီ စစ်စစ်ကို မြင်ဖူးရပါတယ်
အရင်ကဆို ကိုယ်တွေမြေပဲဆီ မှာစားတိုင်း ရောဆီပဲ စားနေရတော့ meizan နေကြာဆီဘဲဝယ်စားနေတာ
ခုအညာ ရောက်တော့မှ မြေပဲဆီ အစစ်ကို စားရတော့
ကိုယ့် customer တွေကို အရင်ဆုံး သတိရသွားလို့ပါဗျ
သတိရခြင်းများစွာဖြင့် Loikaw Venus
09895001255
[email protected]

ကယားဝက်အူချောင်း 14 ခွေ အားပေးသွားတဲ့ ညီမလေး ကျေးဇူးတင်ပါတယ်ခင်ဗျာလုပ်ငန်း တွေလဲ အများကြီးတိုးတက်အောင်မြင်ပါစေခင်ဗျာ
26/01/2022

ကယားဝက်အူချောင်း 14 ခွေ အားပေးသွားတဲ့ ညီမလေး ကျေးဇူးတင်ပါတယ်ခင်ဗျာ
လုပ်ငန်း တွေလဲ အများကြီးတိုးတက်အောင်မြင်ပါစေခင်ဗျာ

29 ရက်နေ့ကျရင် ကယားဝက်အူချောင်း ထပ်ရပါမယ်ခင်ဗျာ ပြီးခဲ့တဲ့ 21. ရက်နေ့ကအားပေးခဲ့ကြတဲ့ အမ တွေ ညီမ တွေလဲ ကျေးဇူးတင်ပါတယ်ခင်...
23/01/2022

29 ရက်နေ့ကျရင် ကယားဝက်အူချောင်း ထပ်ရပါမယ်ခင်ဗျာ ပြီးခဲ့တဲ့ 21. ရက်နေ့က
အားပေးခဲ့ကြတဲ့ အမ တွေ ညီမ တွေလဲ ကျေးဇူးတင်ပါတယ်ခင်ဗျ
ကယားဝက်အူချောင်း
1 ခွေကို 8000 ကျပ်ပါခင်ဗျာ
ပါဝင်ပစ္စည်း
ဝက်အူအစစ်
ဝက်သား
မက်ခါသီးမှုန့်စစ်စစ်
ဂျူးမြစ်
တာရှည်ခံပစ္စည်းတစ်မျိုးမှ မပါဝင်သောကြောင့်ကျန်းမာရေးနှင့်ညီညွတ်ပါသည်
ကင်မှာဖြစ်သောကြောင့် ဆီ လုံးဝမသုံးပါ
ငရုတ်သီးကို export ငရုတ်သီးသုံးပါမယ်ခင်ဗျာ
09895001255
09441899964

16/01/2022

ကယားရိုးရာ ဝက်အူချောင်းကင်လေး
အော်ဒါ ကောက်ပါမယ်ခင်ဗျာ
ဟင်းချိုမှုန့်လုံးဝမသုံးပါ(Dashi ရေညှိ သုံးပါမယ်)
ကင်မှာဖြစ်တဲ့အတွက်ကြောင့်ဆီလုံးဝမသုံးပါ
25ကျပ်သားတခွေကို 8000 ကျပ်ကျသင့်ပါမယ်ခင်ဗျာ
ရိုးရာ မက်ခါသီးမှုန့် နဲ့ ငရုတ်သီးထဲမှာ အကောင်းဆုံး export ငရုတ်သီး(ဆီးဘူး ငရုတ်သီးစစ်စစ် )ကို သုံးမှာပါခင်ဗျာ
Loikaw Venus travel
09895001255
09441899964
21ရက်နေ့ ကလော ကနေ ကားတင်ပေးပါမယ်ခင်ဗျာ

12/01/2022

ကျွန်တော်တို့ကတော့ Loikaw မြို့ကို မလွှဲသာတဲ့ အခြေအနေတွေကြောင့် စွန့်ခွာထားခဲ့ရပြီး စစ်ဘေးရှောင်ခဲ့ရပါပြီ စစ်ရှောင်တော့စပြီး စဥ်းစားရတာကတော့ ရေရှည်ရှောင်ရမှာလား ရေတိုလားလို့စဥ်းစားတော့ ရေရှည်ဆိုရင် မိသားစုဘဝ ရပ်တည်ဖို့ ဝင်ငွေလိုအပ် လာပါတယ် အဲ့ဒါကြောင့် ကိုယ်တတ်တဲ့ ပညာနဲ့ ဝင်ငွေရှာလို့ရနိုင်မဲ့ ကလောမြို့လေးကို ရွေ့ပြောင်းလာခဲ့ရပါတယ် အဲ့ဒါကြောင့်မို့
နောက်နေ့တွေကျရင် ကလော မြို့လေးကနေ
ခရီးသွား package လေးတွေစီစဥ်ပြီးရောင်းပါရစေလို့ မေတ္တာရပ်ခံပါရစေ
နောက်ပိုင်းကျရင်လဲ ကယားဒေသရဲ့ အငွေ့အသက်လေးတွေဖြစ်တဲ့ ကယားဝက်အူချောင်းလေးတွေရောင်းပေးသွားပါမယ်ခင်ဗျာ
စစ်ရှောင်ဆိုပေမဲ့ သူများတွေရဲ့ အလှူငွေနဲ့ မရပ်တည်လိုပါ (ကို့ထက်ပိုပြီးတော့အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်များစွာရှိနေပါတယ်ခင်ဗျာ)ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ ရှာဖွေစားသောက်ခွင့်ပြုပါခင်ဗျာ
Loikaw Venus package tour
Ph. 09895001255
09441899964

နေ့တနေ့ရဲ့ အလှပဆုံး ပြီးဆုံးချိန်ကိုတောင်ပြာတန်းတွေပေါ်ကနေ အေးအေးဆေးဆေးထိုင်ကြည့်ဖူးပြီလား?
04/12/2020

နေ့တနေ့ရဲ့ အလှပဆုံး ပြီးဆုံးချိန်ကို
တောင်ပြာတန်းတွေပေါ်ကနေ
အေးအေးဆေးဆေးထိုင်ကြည့်ဖူးပြီလား?

Covid ကင်းစင်မြို့ ( သို့ )  လွိုင်ကော်~~~~~~~~~~~~~~~~~~ကမ္ဘာ့ ကပ်ရောဂါ  စကတည်းကယနေ့ထိ virus မတွေ့သေးတဲ့ မြို့မကြာသေးခင...
13/10/2020

Covid ကင်းစင်မြို့ ( သို့ ) လွိုင်ကော်

~~~~~~~~~~~~~~~~~~

ကမ္ဘာ့ ကပ်ရောဂါ စကတည်းက
ယနေ့ထိ virus မတွေ့သေးတဲ့ မြို့

မကြာသေးခင်ကမှ
အာဆီယံကပေးတဲ့ အသန့်ရှင်းဆုံးဆုရထားတဲ့ မြို့

ကမ္ဘာ့သက်တမ်းရင့်
ထုံးကျောက်တောင်တွေ ခဲ မြ သတ္တု နဲ့ ကျောက်သံပတ္တမြား ပေါကြွယ် ဝတဲ့မြို့

သူ့ကျွန်လက်အောက်
မရောက်ခဲ့ရတဲ့ တစ်ခုတည်းသော တောင်ပေါ်မြို့

လက်ညှိုးထိုးမလွဲ
တောင်ပေါ်စေတီ ပေါများတဲ့မြို့

တစ်နိုင်ငံလုံးကို
လျှပ်စစ်မီးပေးနေတဲ့ လောပိတ ရေအားလျှပ်စစ်ဖြန့်ချီရာမြို့

လက်နက်ကြီးမှန်သမျှ
တခါမှ မပေါက်ကွဲ ကွင်းရှောင်ရတဲ့မြို့ ၊မြို့လယ်ခေါင် BOC မီးလောင်တာတောင် ဘေးအိမ်ထိ မီးမခတဲ့ အစောင့်ရှောက်ကောင်းတဲ့မြို့

ကယား ကယန်း ကယော ထဘီဝတ် အမျိုးသမီးတွေ အများအပြား တွေ့နိုင်တဲ့မြို့

စျေးမများပဲ စားလို့ကောင်းတဲ့ စားသောက်ဆိုင်တွေ အများအပြားရှိတဲ့မြို့

မြို့လည်ခေါင်ကိုဖြတ်ပီး လှပစွာ စီးဆင်းနေတဲ့ မြစ်တစ်စင်း(ဘီလူးချောင်း)လည်းတွေ့နိုင်တဲ့မြို့

ကယားရိုးရာ ဝက်အူချောင်း ဟင်းထုပ် ဒီးကူ ခေါင်ရည် နဲ့ ရိုးရာ အစားစာတွေ အလွယ်တကူ ရနိုင်တဲ့မြို့

မြို့ကြီးပြကြီးပေါ်က
ရွှေတောင်ကြားလမ်းကလို တစ်အိမ်ထောင်ကို ပေ ၁၀၀ ပတ်လည် နဲ့ နေနိုင်တဲ့မြို့

ခရစ်ယာန် နဲ့ ဗုဒ္ဓ ညီညွတ်မျှတစွာ နေထိုင်နိုင်တဲ့မြို့

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်လောက်အောင် လည်ပတ်စရာ အပန်းဖြေစရာ ပေါများတဲ့မြို့

ခရစ်စမတ်တိုင်းလည်း ပွဲတွေနဲ့ စည်ကားသလို သီတင်းကျွတ် တန်းဆောင်တိုင် ကယားဒေးလည်း စည်ကားတဲ့ပွဲတော်မြို့

ဖါးစည်သံ မစဲသလို အိုးစည် ဒိုးပတ် နဲ့ ဂစ်တာသံပါ ညံတဲ့မြို့

ကျွန်မ တို့လို ရိုးသားဖြူစင်တဲ့ အသံဝဲဝဲ ချစ်စရာကောင်းတဲ့ တောင်ပေါ်သူ တောင်ပေါ်သားလေးတွေ ပေါတဲ့မြို့😁😁😁

အမြင့်ပေ ၂၉၅၀ အထက်
တိမ်တွေကြားထဲက နတ်ပြည်အလား
နှင်းမြူတွေကြား ချမ်းအေးလှတဲ့ မြို့
အဲဒီမြို့ . .
ကျွန်မတို့ မွေးရပ်မြေမြို့. . . လွိုင်ကော်မြို့


📸 ~ Loikaw Venus package tour
09895001255
09441899964

ထိုင်းက Social Influencer နဲ့ Loikaw Venusရဲ့ 4 days trip plan in Kayah
22/08/2020

ထိုင်းက Social Influencer နဲ့ Loikaw Venus
ရဲ့ 4 days trip plan in Kayah

ရွှေမန်းသူလေးတွေရဲ့ Loikaw Venus နဲ့ကယားပြည်နယ် ခရီးစဉ်Loikaw Venus0989500125509441899964
17/08/2020

ရွှေမန်းသူလေးတွေရဲ့ Loikaw Venus နဲ့
ကယားပြည်နယ် ခရီးစဉ်
Loikaw Venus
09895001255
09441899964

Loikaw Venusရဲ့ 103000 တန်budget packageလေးကCustomerတွေရဲ့စိတ်တိုင်းအကျဆုံးခရီးစဉ်လေးတခုဖြစ်နေပါတယ်၂ ပတ်အတွင်း buyer 50 ...
11/08/2020

Loikaw Venusရဲ့ 103000 တန်budget packageလေးကCustomerတွေရဲ့စိတ်တိုင်းအကျဆုံးခရီးစဉ်လေးတခုဖြစ်နေပါတယ်
၂ ပတ်အတွင်း buyer 50 ကျော်သွားပြီဖြစ်ပါတယ်
Package မှာပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့
1.Express ticket အသွားအပြန်
2.hotel တညအိပ်(air con ရေပူ ပါပြီး)
3.ပိုးသတ်ပြီး sight seeing car 2ရက်စာ
ပါဝင်ပါမယ်ဗျ
ရောက်ရှိမဲ့နေရာတွေကတော့
Day 1.
1.little Newzealandလို့တင်စားကြတဲ့
ဆင်ဖြူတောင်
2.ပန်ပက် (ကယန်းရွာ)
3.ကန်ခုနှစ်ဆင့်
4.ငွေတောင်ဆည်
5.ထီးပွင့်ကန်
6.တောကြက်တောင်စေတီ
Day 2.
1.ထီးစဲခါးရေတံခွန်
2.ကြတ်ဂူ
3.တောင်ကွဲစေတီတော်
4.ယက်ကန်းရုံအစရှိတဲ့နေရာများကို ပို့ဆောင်ပေးပါမည် #
Loikaw Venus
09895001255
09441899964

ပြီးခဲ့တဲ့ ပိတ်ရက်ကကိုယ့် Customer လေးတွေအားလုံး ကျေးဇူးအထူးပါလို့Loikaw Venus0989500125509441899964
06/08/2020

ပြီးခဲ့တဲ့ ပိတ်ရက်က
ကိုယ့် Customer လေးတွေ
အားလုံး ကျေးဇူးအထူးပါလို့
Loikaw Venus
09895001255
09441899964

ကယားပြည်နယ် ဖောင်းတောကျေးရွာမှကြာကန်အလှLoikaw Venus09895001255
28/07/2020

ကယားပြည်နယ် ဖောင်းတောကျေးရွာမှ
ကြာကန်အလှ
Loikaw Venus
09895001255

ဒီလိုမျိုး သူငယ်ချင်းတွေနဲ့စုပြီးGroup trip လေးဆိုရင်ကောအနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်တဲ့ပျော်ရွှင်မှု ဆိုတာမျိုးလေး🎆Loikaw...
21/07/2020

ဒီလိုမျိုး သူငယ်ချင်းတွေနဲ့စုပြီး
Group trip လေးဆိုရင်ကော
အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်တဲ့
ပျော်ရွှင်မှု ဆိုတာမျိုးလေး🎆
Loikaw Venus Group Tour
09895001255
09441899964

ဒီလိုမျိုး Couple trip လေးတွေကဘဝရဲ့မမေ့နိုင်စရာ အမှတ်တရလေးတွေကို ဖန်တီးပေးနိုင်တယ်😎😎Loikaw Venus Package Tour09895001255...
21/07/2020

ဒီလိုမျိုး Couple trip လေးတွေက
ဘဝရဲ့မမေ့နိုင်စရာ အမှတ်တရလေးတွေ
ကို ဖန်တီးပေးနိုင်တယ်😎😎
Loikaw Venus Package Tour
09895001255
09441899964

30/06/2020
ဒီနေ့တော့ တသိန်းတန် (၁၀၀၀၀၀ကျပ်)budget package လေးနဲ့မိတ်ဆက်ပေးပါ့မယ်နော်ခုလို Covid ကြောင့် လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေခ...
28/06/2020

ဒီနေ့တော့ တသိန်းတန် (၁၀၀၀၀၀ကျပ်)budget package လေးနဲ့မိတ်ဆက်ပေးပါ့မယ်နော်
ခုလို Covid ကြောင့် လူပင်ပန်း
စိတ်ပင်ပန်းဖြစ်နေချိန်လေးမှာ ငွေကြေးသက်သာစွာနဲ့ လွိုင်ကော်ကို လာလည်လို့ရအောင်လို့ပါ"
စျေးကတော့ တဦးကို (၁၀၀၀၀၀ကျပ်ပါ)
ပါဝင်မဲ့ဝန်ဆောင်မှုများကတော့
၁.ပုံမှန် Express tickets (၂ခုံ၁ဦးပါဘဲ)
၂.အဆင့်မြင့်တည်းခိုရိပ်သာ(ရေချိုးခန်း အိမ်သာပါ) Aircon မပါ(ရာသီဥတုမပူပါ)
၃.ပိုးသတ်ပြီး( sight seeing car) ၂ရက်စာ

ရောက်ရှိမဲ့နေရာတွေကတော့
၁ တောင်ကွဲစေတီ
၂ ဆင်ဖြူတောင်(little Newzealand)
၃ ကြတ်ဂူ
၄ ထီးစဲခါးရေတံခွန်
၅ ငွေတောင်ဆည်
၆ ကန်ခုနှစ်ဆင့်
၇ ထီးပွင့်ကန်
၈ ကယန်းရွာ
အနည်းဆုံး၂ ဦးကစတင်လက်ခံပါမည်
တပတ်လျှင် ၃ ဖွဲ့သာ လက်ခံပါမည် #
Loikaw Venus travel
09895001255
09441899964
09788583365
E.mail address. nyeinhtetko93 .com

Covid အပြီး ကျွန်တော်တို့ရဲ့ပထမဆုံးCustomer တွေကို New Normalပုံစံအသစ်ဖြင့်ဝန်ဆောင်မှုပေးခဲ့ပါတယ်Vip Express 2ခုံ 1ဦးနှု...
26/06/2020

Covid အပြီး ကျွန်တော်တို့ရဲ့ပထမဆုံး
Customer တွေကို New Normal
ပုံစံအသစ်ဖြင့်ဝန်ဆောင်မှုပေးခဲ့ပါတယ်
Vip Express 2ခုံ 1ဦးနှုန်းဖြင့်
Hotel အသစ်တွေ
ပိုးသတ်ပြီး sight seeing car
Masks; hand jel
Safety first for our customer
Thanks a lot our customer
Loikaw Venus
09895001255
09441899964

26/06/2020

ကို့ customer မမချောတွေက
Page active ဖြစ်အောင်
ရိုက်ပေးခဲ့တဲ့ video လေး
ကယန်းရွာတွေလဲ လည်လို့ရပါပြီနော်
Loikaw Venus
09895001255

ဒီနေ့တွေ့ခဲ့ရတဲ့ဆင်ဖြူတောင်ရူခင်းလေး😎😎😎😎
25/06/2020

ဒီနေ့တွေ့ခဲ့ရတဲ့
ဆင်ဖြူတောင်ရူခင်းလေး😎😎😎😎

ခရီးစဉ်တွေပိတ်ထားခဲ့ရလို့ပျင်းနေကြပြီလားလွိုင်ကော်မှာတော့ခရီးစဉ်ဒေသတွေကိုပြန်ဖွင့်လိုက်ပါပြီဒီခရီးစဉ်လေးကလူအများနဲ့သွားရ...
15/06/2020

ခရီးစဉ်တွေပိတ်ထားခဲ့ရလို့ပျင်းနေကြပြီလား
လွိုင်ကော်မှာတော့ခရီးစဉ်ဒေသတွေကိုပြန်ဖွင့်လိုက်ပါပြီ
ဒီခရီးစဉ်လေးကလူအများနဲ့သွားရတာမျိုးမဟုတ်ဘဲ သီးသန့်ဆန်တဲ့ခရီးစဉ်လေးတွေပါ
ဆင်ဖြူတောင်ရဲ့ မိုးရာသီအလှတွေကို ချပြစရာပုံလေးတွေရှိခဲ့ပေမဲ့ မိုးရာသီမဟုတ်လို့မပြရဲခဲ့ဘူး
ကယားပြည်နယ်က ရွက်ကြွေတောတွေများတဲ့အတွက်ကြောင့် နွေရာသီအလှနဲ့ မိုးရာသီအလှက
ပြောမပြတတ်အောင်ကွာခြားပါတယ်
ဒါကြောင့် ကိုဗစ်ကာလလေးမှာ social distance
အကောင်းဆုံး ကယားပြည်နယ်လေးကို
လာလည်ကြပါလို့ Loikaw Venus မိသားစုလေးက
ဖိတ်ခေါ်ချင်ပါတယ်ဗျ
ခရီးစဉ်မှာပါဝင်မဲ့ ဝန်ဆောင်မှုများကတော့
1. Vip 2+1 ticket(ကိုဗစ်ကာလမလို့ ၂ခုံ ၁ယောက်ပါ)အသွားအပြန်
2.sight seeing car(ပိုးသတ်ဆေးဖြန်းပြီး)
3.safety hotel ( hotel အသစ်တွေပါ)
4.ကျွမ်းကျင်ယာဉ်မောင်းများပါဝင်ပါတယ်
ရောက်ရှိမဲ့နေရာများကတော့
1.ကြတ်ဂူ
2.ထီးစဲခါးရေတံခွန်
3.ဆင်ဖြူတောင်(little Newzealand)
4.ထီးပွင့်ကန်
5.ငွေတောင်ဆည်
6.ကန်ခုနှစ်ဆင့်
7.ပန်ပက်(ကယန်းရွာ)
8.တောင်ကွဲစေတီ
9.သက်တမ်းရင့်ထုံးကျောက်တောင်များ
10.စော်ဘွားတို့နေထိုင်ခဲ့သောဟော်နန်း
စျေးနှုန်း
လူတဦးလျှင်( 145000)ကျပ်
အနဲဆုံးလူနှစ်ဦးရှိလျှင်စီစဉ်ပေးပါသည် #
ဆက်သွယ်ရန်ဖုန်း
09895001255
09441899964
09788583365

Post လေးတခုဖတ်လိုက်ရပါတယ်Travel blogger တွေကဂျင်းတဲ့အဲ့ဒါကတကယ်လားမှန်သင့်သလောက်တော့မှန်ပါတယ်ခရီးစဥ်ဒေသတခုကိုသွားရင် လှတဲ...
20/03/2020

Post လေးတခုဖတ်လိုက်ရပါတယ်
Travel blogger တွေကဂျင်းတဲ့
အဲ့ဒါကတကယ်လား
မှန်သင့်သလောက်တော့မှန်ပါတယ်
ခရီးစဥ်ဒေသတခုကိုသွားရင် လှတဲ့အချိန်ဆိုတာရှိတယ်။ရူခင်းကြည့်မကောင်းတဲ့အချိန်ဆိုတာလဲရှိတယ်။အဲ့တော့ ကိုယ်က အချိန်မရွေးဘဲသွားပြီးတော့ အဲ့နေရာကမလှဘူးလို့ပြောရင်
သင့်အလွန်ပါဘဲ။
အဲ့တော့ ကျွန်တော်တို့လိုနယ်ခံ tour package
တွေကိုဝယ်ခြင်းအားဖြင့် Time Management
problem ကိုရှောင်လွှဲလို့ ရပါတယ်။
အစားအသောက်ကလဲ ကိုယ်ကိုတိုင်လဲ
မကောင်းတာဆိုမစားချင်ပါဘူး
အဲ့တော့ ကောင်းတဲ့နေရာတွေဘဲရွေးပို့ပါတယ်။
ကျွန်တော်တို့ package အတွင်းမှ ဆင်ဖြူတောင်
ခရီးစဥ်က နေဝင်ချိန်နဲ့နေထွက်ချိန်ဆိုပိုလှပါတယ်
နှစ်မျိုးလုံးကိုကြည့်ချင်ရင် ညအိပ်ရပါတယ်။
ကျွန်တော်တို့ကတော့ နေဝင်ချိန်ကိုပို့ပါတယ်။
ကိုယ်ပိုင်ကားနဲ့ ကို့ကိုယ်သွားတာကိုRecomanded
မပေးပါဘူး။နေဝင်ချိန်ကြည့်ရင်ပြန်လာချိန်ဆို
မှောင်ပါပြီ။လမ်းကြောမကျွမ်းရင် အဆင်မပြေနိုင်ပါဘူး။Loikaw ရောက်လို့အခက်အခဲရှိရင်
Loikaw Venus ရှိပါတယ်။ သတိရလိုက်ပါ။
09895001255
09441899964

ဆင်ဖြူတောင်ပေါ်ကနေဝင်ချိန်လေးကတကယ်လှတာပါဆိုLoikaw Venus 09895001255                        09441899964
10/03/2020

ဆင်ဖြူတောင်ပေါ်ကနေဝင်ချိန်လေးက
တကယ်လှတာပါဆို
Loikaw Venus 09895001255
09441899964

25/02/2020

တောင်ကွဲစေတီတော်ရဲ့နေ့ဘက်အလှနဲ့ညအလှ
ကျွန်တော်တို့Loikaw Venus ကpackageအတွက်
ညဘက်ရူခင်းကြည့်နေရာတွေကို အခမဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျ
Loikaw Venus
09895001255
09441899964

သိပ်လှတဲ့ရူခင်း😎😎😎😎
23/02/2020

သိပ်လှတဲ့ရူခင်း😎😎😎😎

လောပိတကရေအရမ်းကြည်တဲ့နေရာလေးဒီလိုနေပူချိန် ချောင်းဘေးလေးမှာထိုင်နေရတာလဲ အရသာတမျိုး😁😁😁😁
20/02/2020

လောပိတကရေအရမ်းကြည်တဲ့နေရာလေး
ဒီလိုနေပူချိန် ချောင်းဘေးလေးမှာ
ထိုင်နေရတာလဲ အရသာတမျိုး😁😁😁😁

လွိုင်ကော်က သက်တမ်းရင့်ထုံးကျောက်တောင်တွေပေါ်ကနေ Sunset နဲ့ Sun rise ကြည့်ရတဲ့အရသာက တကယ့်ကိုရင်သပ်ရှုမော်ဖွယ်ရာပန်းချီကာ...
18/02/2020

လွိုင်ကော်က သက်တမ်းရင့်ထုံးကျောက်တောင်
တွေပေါ်ကနေ Sunset နဲ့ Sun rise ကြည့်ရတဲ့အရသာက တကယ့်ကိုရင်သပ်ရှုမော်ဖွယ်ရာ
ပန်းချီကားလေးတွေကိုကြည့်နေရသလို
အရသာလွန်စွာရှိပါတယ် တသက်မှာတခါ
မြင်တွေ့သင့်တဲ့ရူခင်း ဖြစ်ပါတယ်
Loikaw Venus
09895001255
09441899964

Page ရဲ့ပထမဆုံး customer couple လေးညီမတို့ရဲ့ လွိုင်ကော်ခရီးစဥ်လေးကိုစီစဥ်ခွင့်ပေးလို့ကျေးဇူးတင်ပါတယ်ညီမတို့ရေးပေးခဲ့တဲ့...
16/02/2020

Page ရဲ့ပထမဆုံး customer couple လေး
ညီမတို့ရဲ့ လွိုင်ကော်ခရီးစဥ်လေးကိုစီစဥ်ခွင့်ပေးလို့
ကျေးဇူးတင်ပါတယ်
ညီမတို့ရေးပေးခဲ့တဲ့ page review လေးကလည်း
အကိုတို့page အတွက်အများကြီးအထောက်အကူရပါတယ်
Loikaw Venus 09895001255
09441899964

ဆင်ဖြူတောင်က လွိုင်ကော်ကနေမိုင်(40)ကျော်လောက်ဝေးပါတယ် ကားမောင်းချိန်(2)နာရီခန့်မောင်းရပါတယ် လွိုင်ကော်ကနေဖြောင့်တန်းနေသေ...
14/02/2020

ဆင်ဖြူတောင်က လွိုင်ကော်ကနေမိုင်(40)ကျော်လောက်ဝေးပါတယ် ကားမောင်းချိန်(2)နာရီခန့်မောင်းရပါတယ် လွိုင်ကော်ကနေဖြောင့်တန်းနေသော လမ်းအတိုင်း ဒီးမော့ဆိုမြို့ကိုမောင်းရပါတယ် လမ်းဘေးမှာ ခရီးသွားတွေစည်ကားရာ ငွေတောင်ဆည်ကြီးကို မြင်တွေ့ရပါမယ် ထိုမှတဆင့် (45) မိနစ်ခန့်ဖရူဆိုမြို့ကို ဆက်လက်မောင်းနှင်ရပါမယ် ဖရူဆိုမြို့ကိုရောက်လျှင် ကယားတို့၏ရိုးရာစားစရာ ဒီးကူထုပ် ရုပ်တုကြီးနှင့်ဖရူဆိုမြို့အဝင်ဆိုင်းဘုတ်ကြီးကို ခန့်ညားစွာတွေ့မြင်ရမှာဖြစ်ပါတယ် ဖရူဆိုမြို့လယ်မီးပွိုင့်ကိုရောက်လျှင် ညာဘက်ကိုချိုးကွေ့ပြီး ကယောတို့ဌာနေကိုစတင်ခရီးဆန့်ပါပြီ ထိုနေရာမှစ၍ တောင်အတက်အဆင်းခရီးစဥ်များစတင်ပါမည် တောင်(10) လုံးခန့်ဖြတ်ကျော်ကြရပါမည် တောင်အတက်အဆင်းကြီး၍ ကားမကောင်း လမ်းမကျွမ်းကျင်ပါကသွားရန်မသင့်ပါ တောင်တွေတက်ရင်းနှင့် အရှေ့တောင်အာရှ၏ အကြီးဆုံးရေဝင်ဂူ(ထီးပရူနူး)ဂူဆိုင်းဘုတ်ကိုတွေ့လျှင်ကားကို ခဏအနားပေးရပါမည် ထိုမှသာရှေ့ခရီးကို ဖြောင့်တန်းစွာ မောင်းနှင်နိူင်ပါလိမ့်မည်
တောင်ဆယ်လုံးကျော်ပြီးရင်တော့ ရောက်ပါပြီ "
Loikaw Venus
ph.09895001255
09441899964

ကျွန်တော်တို့ရဲ့Page လေးကခုမှစလုပ်တာပါဗျအဲ့တာကြောင့်marketing ပိုင်းကအတွေ့အကြုံနည်းနေတဲ့အတွက်​ကြိုတောင်းပန်ပါတယ်🙏🙏🙏Servi...
11/02/2020

ကျွန်တော်တို့ရဲ့Page လေးကခုမှစလုပ်တာပါဗျ
အဲ့တာကြောင့်marketing ပိုင်းကအတွေ့အကြုံနည်းနေတဲ့အတွက်​ကြိုတောင်းပန်ပါတယ်🙏🙏🙏
Service ပိုင်းကတော့ဝန်ဆောင်မှုပေးနေတာ3နှစ်ကျော်ခဲ့ပါပြီဗျ ဒါ့ကြောင့် ခရီးစဥ်က အားလုံးအဆင်ပြေဖို့ အာမခံပါတယ်ခင်ဗျာ
အခု Customer အများစုကမေးကြပါတယ်
ကားဘဲဌားလို့မရဘူးလား ကျန်တာကို့ကိုစီစဥ်ပါ့မယ်လို့ မေးကြပါတယ် packageရဲ့ကောင်းကွက်လေးတွေပြောပြပါရစေဗျ။
1.Express ကားကိုသေချာရွေးထားပါတယ်🚌
VIP ကားတွေပါ (လူမပင်ပန်းတော့ပါဘူးဗျ)
2 .Hotel တခုရဲ့ဝန်ဆောင်မှုကိုအသေးစိတ်သိပါတယ်။🏨
3.Sight seeing car ကိုလဲစိတ်ကြိုက်အသုံးပြုနိုင်ခြင်း(အကြိုကနေအပို့ထိအစအဆုံးတာဝန်ယူခြင်း)
4.ခရီးစဥ်အစအဆုံးရှင်းပြပေးနိုင်သော Car driver
5.ဓာတ်ဖမ်းရန် နေရာကောင်းလေးများပြသပေးနိုင်ခြင်း
6.Time Management ကျွမ်းကျင်ခြင်း⏱⏱⏱
7.ဒေသစာကောင်းကောင်းလေးများသိရှိခြင်း🍜🍜🍲
စသည့်ကောင်းကျိုးများရရှိခံစားနိုင်ပါသည်။
ဆက်သွယ်ရန်
📱09895001255
09441899964

လွိုင်ကော်ကို🚌🚌 လာလည်ရင်ကောင်းမလားစဥ်းစားနေတဲ့လူတွေကိုပြောပြချင်လို့ပါဗျလွိုင်ကော်မြို့ကခရီးသွားခြင်းရသကိုကောင်းကောင်းပေ...
09/02/2020

လွိုင်ကော်ကို🚌🚌 လာလည်ရင်ကောင်းမလားစဥ်းစားနေတဲ့လူတွေကိုပြောပြချင်လို့ပါဗျ
လွိုင်ကော်မြို့ကခရီးသွားခြင်းရသကိုကောင်းကောင်းပေးနိုင်တယ်လို့အာမခံပါတယ်
1 ကြတ်ဂူက excited feeling😱😱 ကိုရစေပါတယ်
2 လောပိတစက်ရုံကတော့ လေ့လာလိုသူတွေအတွက်ဗဟုသုတ တိုးစေပါတယ်👷👷(ကျောင်းသားတွေနဲ့အထူးသင့်တော်ပါတယ်ဗျ)
3 ထီးစဲခါးရေတံခွန်ကတော့🍹🍹(နွေရာသီနဲ့အထူးသင့်လျော်ပါတယ်ဗျ)
4 ကယန်းရွာလေးကတော့ ဒေသခံတွေရဲ့လူမှုဘဝပုံစံတွေကို📷📷 လေ့လာနိုင်ပါတယ်
5 ဆင်ဖြူတောင်ကတော့ သဘာဝရဲ့အလှတရားတွေကို ကြည့်ရူခံစားနိုင်တဲ့နေရာလေးပါဗျ🖼🖼
နောက်post တွေကျရင်နေရာတခုစီကိုအသေးစိတ်ရှင်းပြပေးသွားပါ့မယ်ဗျ.✌✌✌
အဲ့လိုနေရာလေးကို လက်မလွတ်စေဖို့
Loikaw Venus က package လေးတွေနဲ့ ချိတ်ဆက်ကြရအောင်😎😎😎
ဆက်သွယ်ရန်ဖုန်း
09895001255
09441899964

အရင်ရက်ကတင်ပေးထားတာက. Vip Bus packageပါ🚌🚌🚌 ဒီတခါတော့ flight✈✈✈ နဲ့ရန်ကုန် လွိုင်ကော် package လေးနဲ့မိတ်ဆက်ပေးပါရစေရောက်ရ...
07/02/2020

အရင်ရက်ကတင်ပေးထားတာက. Vip Bus packageပါ🚌🚌🚌 ဒီတခါတော့ flight✈✈✈ နဲ့ရန်ကုန် လွိုင်ကော် package လေးနဲ့မိတ်ဆက်ပေးပါရစေ
ရောက်ရှိလည်ပတ်ရမဲ့နေရာတွေကတော့တူပါတယ်
ပါဝင်မဲ့ဝန်ဆောင်မှုလေးတွေကတော့

ရန်ကုန်. လွိုင်ကော်အသွားအပြန် flight tickets✈✈✈
3stars hotel 1ညအိပ်🏨🏨
Saloon type sight seeing cars🚗🚗🚗
ကျွမ်းကျင်ယာဥ်မောင်း👮👮

Package price ကတော့
တဦးလျှင် 240000 ကျပ်
လွိုင်ကော်လေဆိပ် အကြိုအပို့ အစအဆုံးတာဝန်ယူပေးပါသည်
အနည်းဆုံးလူနှစ်ဦးရှိရုံဖြင့်စီစဥ်ပေးပါသည်
ရောက်ရှိနေရာများကတော့
1. ဆင်ဖြူတောင်(little newzealand)⛰⛰
2.ပန်ပက်ရွာ(ကယန်းကြေးကွင်းစွပ်ရွာ)
3.ထီးပွင့်ကန်
4.ငွေတောင်ဆည်
5.ကန်ခုနှစ်ဆင့်(ဒွေးမယ်နော်တို့ပျော်စံရာ)
6.လောပိတရေတံခွန်နှင့်စက်ရုံ
7.ထီးစဲခါးရေတံခွန်🏖🏖
8.ကြတ်ဂူ
9.တောင်ကွဲစေတီတော်🙏🙏🙏
10.လွမ်းစေတီတောင် view point🎞🎞
11.နောင်ယားကန်ညစျေး🍜🍜🍜
ဆက်သွယ်ရန်ဖုန်း📱📱
09895001255
09441899964

ခရီးသွားရာသီရောက်လာချိန်မှာဘယ်သွားကြမလဲစဥ်းစားပြီးပြီလားအသန့်ရှင်းဆုံးခရီးသွားမြို့ကိုခရီးထွက်ကြမလား Little Newzealandလိ...
05/02/2020

ခရီးသွားရာသီရောက်လာချိန်မှာဘယ်သွားကြမလဲ
စဥ်းစားပြီးပြီလားအသန့်ရှင်းဆုံးခရီးသွားမြို့ကို
ခရီးထွက်ကြမလား Little Newzealandလို့တင်စားကြတဲ့ နေရာလေးကိုကောသိကြလား
ဒွေးမယ်နော်တို့ပျော်စံရာ ငွေတောင်ပြည်ကို
ခရီးထွက်ကြမလား

လွိုင်ကော်မြို့ကနေတိုက်ရိုက်ရောင်းပေးတဲ့ခရီးစဥ်လေးပါ
package လေးကလူတယောက်ကို 110000ကျပ်သာကျသင့်ပါတယ် ပါဝင်မဲ့ ဝန်ဆောင်မှုတွေကတော့
2+1 vip express tickets
3 stars hotel တညအိပ်(breakfast)ပါအပြီး
Saloon type sight seeing cars
ကျွမ်းကျင်ယာဥ်မောင်းဝန်ထမ်း
တညအိပ် 2 ရက်ခရီးစဥ်လေးပါ စနေ တနင်္ဂနွေပိတ်ရက်တွေ လောက်ဆိုအစဥ်ပြေပါတယ်ခင်ဗျ

ပါဝင်မဲ့ခရီးစဥ်တွေကတော့
1 တောင်ကွဲစေတီတော်
2 ထီးပွင့်ကန်
3 ငွေတောင်ဆည်
4 ပန်ပက်ရွာ(ကြေးကွင်းစွပ် ကယန်းလူမျိုးရွာ)
5 ဆင်ဖြူတောင်(little newzealand)
6 လောပိတရေအားလျှပ်စစ်နှင့်ရေတံခွန်
7 ထီးစဲခါးရေတံခွန်
8 ကြတ်ဂူ (ကြတ်ဂူ ရုံတင်ကားထဲမှ)
9 ယက်ကန်း ရုံ(ရိုးရာချည်ထည်ဝယ်ရန်)
10 ကန်ခုနဆင့်(ဒွေးမယ်နော်တို့ ပျော်စံရာ)
ဆက်သွယ်ရန်ဖုန်း 09895001255
09441899964 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ
အနည်းဆုံးလူနှစ်ဦးရှိလျှင်စီစဥ်ပေးပါတယ်ဗျ

ဆင်ဖြူတောင်မှာရိုက်ခဲ့တဲ့ပုံရယ်လွမ်းစေတီမှာ ရိုက်တဲ့ပုံရယ်သုံးခွင့်ပေးခဲ့တဲ့ဆရာ့ကိုကျေးဇူးတင်ပါတယ်Crd Ye Thi Ha Htwe(pho...
02/02/2020

ဆင်ဖြူတောင်မှာရိုက်ခဲ့တဲ့ပုံရယ်
လွမ်းစေတီမှာ ရိုက်တဲ့ပုံရယ်သုံးခွင့်ပေးခဲ့တဲ့
ဆရာ့ကိုကျေးဇူးတင်ပါတယ်
Crd Ye Thi Ha Htwe(photo)

Address

Thura Street. Dawtama Quarter. Loikaw. Kayah State

Telephone

+959788583365

Website

Alerts

Be the first to know and let us send you an email when Loikaw Venus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Loikaw Venus:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share