Putao Lover

Putao Lover Putao Travel Agency

ရဝမ် လူမျိုး အကြောင်း----------------------------------ရဝမ်လူမျိုး များသည် ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန...
28/01/2024

ရဝမ် လူမျိုး အကြောင်း
----------------------------------

ရဝမ်လူမျိုး များသည် ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း ခေါင်လန်ဖူးဒေသမေခချိုင့်ဝှမ်း နှင့် ခရန်ခူးစသည့် ခါကာဘိုရာဇီ တောင်ခြေဒေသများတွင် နေထိုင်ကြသည်။

ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဖြစ်၍၊ လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ မြန်မာနိုင်ငံ အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြသည်။

ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က နုံလူမျိုး၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပာယ် ရသည်။ မရူလူမျိုးတို့က ယင်းတို့ကို နိုင်ဗောင်းဟု ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။

ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောက်ျားရော မိန်းမပါ အဝတ်ဖြူ ဝတ်ကြသည်။

နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။

နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝီရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။

အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ချည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊ နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။

ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် လီဆူးလူမျိုးတို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။

ယခုအခါ၌မူ လီဆူးတို့ နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅,ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။

ရဝမ်လူမျိုးတို့တွင် အမျိုးအနွယ်ပေါင်း ၈ဝ ခန့်ရှိသည်။ ရှေးအခါက တစ်စုနှင့်တစ်စု သီးသန့်နေလေ့ ရှိလေရာ၊ နေထိုင်ရာဒေသ၏ လမ်းပန်းအခြေအနေ မပြေပြစ်မှုကြောင့်၊ တစ်မျိုးနှင့်တစ်မျိုးပြောဆိုသောစကားတွင် အနည်းငယ် ကွဲလွဲမှုများ ရှိလေသည်။ သို့သော် စကားအစီအစဉ်မှာ မြန်မာစကားကဲ့သို့ပင် ဖြစ်၏။

ရဝမ်လူမျိုးကွဲများ
--------------------------

ရဝမ်လူမျိုးများတွင် မျိုးကွဲများ ရှိသေးသည်။ ၎င်းတို့သည် ပြောဆိုသည့် စကားအလိုက် တူရာခွဲခြားသည့်အခါ လူမျိုးစုငယ် လေးစုအဖြစ်တွေ့ရသည်။ အဓိကအားဖြင့် မတ်ဝမ်၊ ဒရူ၊ တန်ဆာရ်နှင့် လုံမီ တို့ဖြစ်သည်။

ဒေသအလိုက် ပြောဆိုသည့် စကားနှင့် လေယူလေသိမ်း အနည်းငယ် ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ပြောဆိုသည့် စကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အထောက်အထားများစွာတွေ့ရသည်။

အုပ်စုငယ်များနှင့် မိသားစုအလိုက် ပြောဆိုသည့် စကားလည်း အနည်းငယ် ကွဲပြားသည်။ ထိုလူမျိုးငယ် တစ်ခုအတွင်းရှိ မိသားစု တစ်ခုနှင့် တစ်ခုပင် ပြောဆိုသည့် လေယူလေသိမ်း၊ အသုံးပြုပုံ ကွဲပြားသည်။

အမည်မှည့်ပုံ
-------------------

ရဝမ်လူမျိုးများသည် မိမိတို့ သား သမီးများအား နာမည် မှည့်ရာတွင် အကြီးမှ အငယ်အလိုက်မှည့်ကြသည်။ ၎င်းမှာ အောက်ပါအလိုက်ဖြစ်သည်။

........သား / သမီး
ပထမ ....ဖုန်..... နန်
ဒုတိယ..... ဒီး၊ထင် ....နင်
တတိယ ....ခင်၊ ဂျုံ .......ချန်၊ ခေါ်
စတုတ္ထ..... ဆင်........ နွန်၊ ထီ
ပဉ္စမ .......မင်....... ဇင်၊ ခူရ်
ဆဌမ....... ဖီ .........ထန်၊ ဂင်း
သတ္တမ .....ယုန် ......ထမ်

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)

မြန်မာဝီကီးပီးဒီးယား

🏔️ ရေခဲတောင်တန်းဝန်းရံထားသော မြို့ကလေး " ပူတာအို" 🏔️အလည်လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်နော် 🏔️🏔️16.12.2023
16/12/2023

🏔️ ရေခဲတောင်တန်းဝန်းရံထားသော မြို့ကလေး " ပူတာအို" 🏔️
အလည်လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်နော် 🏔️🏔️

16.12.2023

ရဝမ်တိုင်းရင်းသားများသည် အဇီ(ခေါ်)လျှော်ပင်မှ ထွက်ရှိသော ချည်သားဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်ဝတ်ဆင်-------------မြန်မ...
16/12/2023

ရဝမ်တိုင်းရင်းသားများသည် အဇီ(ခေါ်)လျှော်ပင်မှ ထွက်ရှိသော ချည်သားဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်ဝတ်ဆင်
-------------
မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မှီတင်းနေထိုင်ကြသည့် ရဝမ်တိုင်းရင်းသားများသည် ရဝမ်ဘာသာ စကားဖြင့် အဇီ(ခေါ်)လျှော်ပင်မှ ရရှိလာသည့် ချည်သားများဖြင့် ရိုးရာအဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ရက်လုပ်ဝတ်ဆင်မှုကို ရှေးဘိုးဘွား ခေတ်အဆက်ဆက်က အသုံးပြုလာခဲ့ရာ ယနေ့အထိပင်ဖြစ်သည်။
အဆိုပါ အဇီ(ခေါ်)လျှော်ပင်များကို မြန်မာနိုင်ငံတွင် ဉပဒေအရ မူးယစ်ဆေးဝါးအနေဖြင့် တားမြစ်ထားခြင်းကြောင့် ၎င်းအပင်မှ ရိုးရာအဝတ်အထည်များ ထုတ်လုပ်ရန်အတွက် လျှော်ပင်များကို ပေါ်ပေါ်ထင်ထင် စိုက်ပျိုးခြင်း မရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက် အသုံးပြုလာသော ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ရက်လုပ်သည့် လုပ်ငန်းကို ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန်လည်း လျော့နည်းလာကြောင်း သိရသည်။
ရဝမ်တိုင်းရင်းသားများ၏ အဝတ်အထည်ရက်လုပ်ရာတွင် အဇီ(ခေါ်) လျှော်ပင်မှ ရရှိလာသော ချည်ကြမ်းများကို ချည်ချောအဆင့်ရရှိနိုင်ရေး အဆင့်ဆင့် ခွဲခြမ်းစိပ်ဖြာရသည်။ ထိုသို့ အဆင့်ဆင့် ခွဲခြမ်းစိပ်ဖြာပြီး ရရှိလာသော ချည်ကြမ်းများကို ရဝမ်ဘာသာစကားဖြင့် အိုဆယ်၊ အိုခါးခေါ်သည့် ရိုးရာပစ္စည်းများဖြင့် ကြိုးအဖြစ် ကျစ်လစ်အောင် အဆင့်ဆင့်လုပ်ယူရပြီး ချည်ကြမ်းမှတဆင့် ရရှိလာသော ချည်ချောများကို ရဝမ်တိုင်းရင်းသားများ၏ အသုံးအဆောင်ဖြစ်သည့် ရိုးရာ အဝတ်အထည်များ၊ ရိုးရာလွယ်အိတ်များ၊ ရိုးရာစောင်များ၊ ရိုးရာဒူးလေးကြိုးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ကာ အသုံးပြုလျက်ရှိသည်။
၎င်း အဇီ(ခေါ်)လျှော်ပင်ကို အမြင့်ပိုင်းဖြစ်သည့် ရေခဲတောင်ခြေ ခါးလန်ဒေသ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (၄၀၀၀)ပတ်ဝန်းကျင်တွင် ဖေဖော်ဝါရီလမှ စတင်စိုက်ပျိုးနိုင်ပြီး မြေနိမ့်ပိုင်းဖြစ်သည့် ပူတာအိုဒေသတွင် ဇန်နဝါရီလမှ စတင်စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အဆိုပါ အဇီ(ခေါ်)လျှော်ပင်ကို ချည်ထုတ်ယူရန်အတွက် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ခုတ်ယူရပြီး မျိုးစေ့အဖြစ် ထုတ်ယူလိုပါက ဒီဇင်ဘာလ အစေ့မှည့်ချိန်တွင် ခုတ်ယူကာ မျိုးအဖြစ် ထားနိုင်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)



🏔️⛰️  ကျောက်ဂျပိုး (or) ရဝမ်အခေါ် ( SHELANG ) 🪲 အဓိကဝယ်ယူသူကတော့ တရုတ်ကုန်သည်တွေပါပဲ တရုတ်ပြည်မှာတော့ တိုင်းရင်းဆေးတမျို...
02/11/2023

🏔️⛰️ ကျောက်ဂျပိုး (or) ရဝမ်အခေါ် ( SHELANG )

🪲 အဓိကဝယ်ယူသူကတော့ တရုတ်ကုန်သည်တွေပါပဲ တရုတ်ပြည်မှာတော့ တိုင်းရင်းဆေးတမျိုးပါ

🐞 တို့တောင်ပေါ်ဒေသမှာတော့ မီးအေးအေးလေးနဲ့လှော်ပြီး ငရုပ်သီးနဲ့ထောင်းစားပါတယ်

📷 k.Sar Ram

2 Nov 2023

“ရဝမ်မလေးတွေကို ရီးစားစကား ပြောတော့မှာမလား..." 🤭🤭🤭 #အနန်အနန် တွေ အများကြီးရှိတဲ့အထဲကမင်းတစ်ယောက်တည်းကိုပဲနန်းဆန်ဆန် ချစ်...
17/05/2023

“ရဝမ်မလေးတွေကို ရီးစားစကား
ပြောတော့မှာမလား..." 🤭🤭🤭

#အနန်
အနန် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်တည်းကိုပဲ
နန်းဆန်ဆန် ချစ်နေရတာပါ။
ငါ့အချစ်တွေလည်း နန်း ဆန် နေပါပြီ။
နင်နဲ့စတွေ့ကတည်းက ငါ့နှလုံးသားလည်း
တနန့်နန့်နဲ့ ခွေးကလေးတကောင်လို
အနန် ခေါ်ရာနောက် အမြှီးနန့်ပြီး
လိုက်လာနေရတော့တာ အမှန်ပါပဲ။ 😁😁

#အနင်
အနင် တွေ အများကြီးရှိတဲ့အထဲက
နင်တစ်ယောက်တည်းကိုပဲ
နင်နေအောင်
နင့်နေအောင်
တနင့်တပိုး ချစ်တာပါကွာ... 🤭😂
နင့် အချစ်တွေနဲ့ပဲ
ငါ အိုမင်းရင့်ရော်သွားချင်တာပါ...
😂😂

#အခေါ်
အခေါ် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်ကိုပဲ
ငါ့နှလုံးသားက စွဲစွဲမြဲမြဲ အော် ခေါ်နေမိတာပါ။
နင်ဆွဲ ခေါ်ရာနောက်ကိုပဲ တစ်ဖဝါးမခွာ
ဆွဲဆွဲမြဲမြဲ လိုက်မိတာပါ။ 😐😐
အေးခဲသွားတဲ့ ငါ့နှလုံးသားလည်း
မင်း ခေါ်သံသဲ့သဲ့လေးနဲ့အတူ
လန်းလန်းဆန်းဆန်း နိုးကြားလာခဲ့ပါပြီ။
အချစ် ခေါ်ရာလိုက်ပြီး
ဘဝခရီးအတူသွားကြရအောင်... 😁😁

#အချန်
တစ်လောကလုံးက မင်းကိုချန်ထားလည်း
ငါ မင်းရဲ့အနား ရှိနေမှာပါ။ 😐😐
ပြီးတော့...
တစ်လောကလုံးကို ချန် ထားခဲ့ပြီး
မင်းတစ်ယောက်တည်းကို ချစ်ဖို့
ငါ အမြဲအသင့်ရှိနေသူပါ။ 🤭🤭
ဘဝထိုးသတ်ကွင်းကြီးထဲမှာ
အချန် တစ်ချက်ပဲ အားပေးပါ။
ချန်ပီယံတစ်ယောက်အဖြစ်
အောင်ပွဲခံဖို့ ငါအလဲထိုးလာခဲ့ပါမယ်...
ဒါတွေအားလုံးထက် နင်ဟာ ငါ့နှလုံးသားရဲ့
ထာဝရချန်ပီယံ ဖြစ်နေတာက
ငါ ဂုဏ်အယူရဆုံးပါ။ 😌😌😂😂

#အထီ
အထီ တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်ကပဲ
ငါ့နှလုံးသားကို ဟိုအဖွားကြီး
ထီ ပေါက်သလို ပြုံးပျော်စေနိုင်တာပါ။
မင်းနဲ့စတွေ့ကတည်းက ငါ နေ့တိုင်း
ထီ ပေါက်ခဲ့တာ ဒီနေ့အထိပါ... 😐😐
ထီးကလေးတစ်လက်လို
နေပူမိုးရွာ နင့်အနားမှာ ငါအနေမြဲမှာပါ။
နင့်အချစ်နဲ့ ထီးနန်းကြီးဆောက်ပြီး၊
သားသားမီးမီးတွေမွေးပြီး ငါနေမှာပါ။
😂😂

#အခူရ်
အခူရ် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်တည်းကပဲ
ခူကောင်လေးဖြစ်နေတဲ့ ငါ့ဘဝကို
ရောင်စုံလှပတဲ့ လိပ်ပြာလေးတစ်ကောင်လို
ပျံသန်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တာပါ။
😎😎😎

#အဂင်း
အဂင်း... ရေ...
နင့်အချစ်တွေကိုသာ ငါပိုင်ပါရစေ။
ငါ့အချစ်တွေနဲ့ပေါင်းပြီး...
လူတွေဘယ်တော့မှ မချိုးဖျက်နိုင်မယ့်
အချစ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်အောင်
ငါတို့ မှတ်တိုင်ထူလိုက်ကြရအောင်...🤭🤭

#အထမ်း...
နင့်က အထမ်းဆို
ငါက အထမ်းသမား ဖြစ်ပါရစေ။ 🤭🤭
နင့်ရဲ့စိတ်ဒုက္ခ၊ သောက ရှိရှိသမျှကို
ထမ်းစင်ပေါ်တင်ပြီး ငါ ထမ်းပါ့မယ်။
တစ်ဘဝလုံး စားဖို့သောက်ဖို့ ဖူလုံစေဖို့
ထမ်းပိုးကောင်းအဖြစ် ငါဖြစ်ပါရစေ။
နင့်အပါး ငါ့အခစားပြီးတော့၊
နင့်အမှု ငါထမ်းပါရစေ... 😎😎
နင်တိုက်တဲ့ စစ်ပွဲတိုင်းမှာလည်း
ငါက နင့်တပ်မတော်ကြီးရဲ့
စစ်မှုထမ်းကောင်းတစ်ယောက် ငါ ဖြစ်ပါရစေ။
😂😂😂

(ပေါ်ပင်တွေရမယ် ပေါ်ပင်တွေ... 😂)

ငါတို့တုန်းက ရီးစားစာဆိုတာ
ဒီလို ရေးခဲ့ရတာဗျ... 😎😎

အစိုးရကျောင်းသားဘဝတုန်းက
ရီစားစာရေးခဲ့တာတွေကို သတိရရင်း...

🤭🤭🤭

#ပြန်လည်ဖော်ပြတင်ဆက်ခြင်းသာ

တာ့လီပြည်"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းလောကသာ...
07/04/2023

တာ့လီပြည်

"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းလောကသားတွေနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ "တာ့လီပြည်" အကြောင်း ဖြစ်ပါတယ်။

"တာ့လီပြည်" ဟာ လက်ရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး ကာလကြာရှည် ကိုယ့်မင်း ကိုယ့်ချင်း ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်။

တကယ်တမ်းတော့ "တာ့လီပြည်" ဟာ ရှေးဦးဗမာတွေနဲ့ နီးစပ်တဲ့ မျိုးနွယ်စု၊ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ တာ့လီပြည်ရယ်လို့ မပေါ်ထွန်းသေးခင်က အဲဒီနေရာဟာ "နန်ချောင်" (Nanzhao) တို့ရဲ့ ဒေသ ဖြစ်ပါတယ်။ "နန်ချောင်" ကို "နန်စော" လို့ ရှေးဦး ဗမာတွေက ခေါ်ဝေါ်ခဲ့ကြပါတယ်။

"နန်ချောင်" တွေမှာ ဘာသာစကားအမျိုးမျိုး၊ မျိုးနွယ်စုအမျိုးမျိုးရှိကြပြီး အထက်တန်းလွှာလူတန်းစားတွေဟာ ဗမာစကားနဲ့ နီးစပ်တဲ့ တိဗက် - မြန်မာ ဘာသာစကားအုပ်စုဝင် "နော့ဆူ" ဘာသာစကားကို သုံးစွဲခဲ့ကြပါတယ်။

မျိုးနွယ်စု အသီးသီးနဲ့ ကိုယ်ပိုင်ပြည်ထောင်ငယ်အမျိုးမျိုးနဲ့ တည်ရှိနေခဲ့ရာက သက္ကရာဇ် ၇၃၇ ခုနှစ်မှာ ဘုရင် "ဖီလော်ကော့" (Piluoge) က ပြည်ထောင်ငယ်တွေကို စုစည်းပြီး "နန်ချောင်ပြည်" ကို ထူထောင်ခဲ့ပါတယ်။

အဲဒီအချိန်က "နန်ချောင်" မှာရှိတဲ့ လူမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး ယနေ့ထိတိုင် ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ တရုတ်ပညာရှင်တွေက "နန်ချောင်ပြည်" ရဲ့ အုပ်ချုပ်သူ လူတန်းစားဟာ "ပိုင်" ( Bai) သို့မဟုတ် "ယီ" (Yi) မျိုးနွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်လူမျိုးမဟုတ်တဲ့ ပညာရှင်တွေကတော့ "နန်ချောင်ပြည်" ကို "တိုင်းရှမ်း" (Tai) လူမျိုးတွေနဲ့ အဓိကဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ရင်း အခုခေတ် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတွေဆီ ပျံ့နှံ့နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သက္ကရာဇ် ၇၄၈ ခုနှစ်၊ ဘုရင် "ဖီလော်ကော့" ကံကုန်ပြီးနောက် သားတော် "ကော်လော်ဖင့်" (Geluofeng) ဘုရင်လက်ထက်ကစပြီး နောက်ပိုင်းမင်းဆက်တွေမှာ "နန်ချောင်" တွေဟာ အင်အားကြီးမားလာတဲ့အတွက် အိမ်နီးချင်းဒေသတွေကိုပါ နယ်မြေချဲ့ထွင်လာခဲ့ပါတယ်။ သက္ကရာဇ် ၈၂၀ မှာ "နန်ချောင်" တွေဟာ လက်ရှိ မြန်မာနိုင်ငံအထဲက ပျူမြို့ပြနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

သက္ကရာဇ် ၇၅၅ ခုနှစ်နောက်ပိုင်း နန်းတွင်းရေး မတည်ငြိမ်မှုတွေကြောင့် တရုတ်ပြည် ဖရိုဖရဲဖြစ်နေချိန်မှာ "နန်ချောင်" တွေဟာ "တိဗက်" နဲ့ မဟာမိတ်ဖွဲ့ပြီး တရုတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။

သက္ကရာဇ် ၈၇၀ နောက်ပိုင်းမှာတော့ "နန်ချောင်" ဟာ နန်းလုပွဲတွေကြောင့် စည်းလုံးမှုအင်အားကျဆင်းလာခဲ့ပြီး သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေတွေကိုလည်း တဖြည်းဖြည်း စွန့်လွှတ်ခဲ့ရပါတယ်။ သက္ကရာဇ် ၉၀၂ မှာ အမတ်အကြီးတစ်ယောက်က အိမ်ရှေ့မင်းသား အပါအဝင် ဘုရင့်မျိုးနွယ်တွေကို သုတ်သင်ပစ်လိုက်တဲ့အတွက် "နန်ချောင် မင်းဆက်" အဆုံးသတ်ခဲ့ရပါတော့တယ်။

အဲဒီနောက်ပိုင်း "နန်ချောင်ဒေသ" မှာ မင်းဆက်သုံးခု ["Da Changhe" (၉၀၂-၉၂၈)၊ "Tianxing" (၉၂၈-၉၂၉)၊ "Da Yining" (၉၂၉-၉၃၇)] ပေါ်ပေါက်ခဲ့ပေမယ့် တိုင်းပြည်အင်အား ကြီးမားခြင်း မရှိခဲ့သလို မျိုးနွယ်စုအားဖြင့်လည်း စည်းလုံးခြင်း မရှိခဲ့ပါဘူး။

ရှေးယခင်က "နန်ချောင်တိုင်းပြည်" ရဲ့ အချုပ်အခြာအာဏာကို ကြီးစိုးထားခဲ့တဲ့ "ရှမ်း" (Tai) တွေဟာလည်း တဖြည်းဖြည်း သြဇာအာဏာကျဆင်းလာခဲ့ပြီး နေရပ်စွန့်ခွာပြောင်းရွှေ့ခြင်း၊ မျိုးနွယ်စု သွေးနှောခြင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် သက္ကရာဇ် ၉၃၇ ခုနှစ်မှာတော့ "ရှမ်း" (Tai) နဲ့ တခြားမျိုးနွယ်စုတွေ သွေးနှောရာက အင်အားကြီးမားလာတဲ့ "သွမ့်" (Duan) မျိုးနွယ်၊ "သွမ့်စစ်ဖျင်" (Duan Siping) က "တာ့လီပြည်" (Dali Kingdom) ကို စတင်ထူထောင်ခဲ့ပါတယ်။

ခေတ်ပြိုင် တရုတ်ဘုရင်တွေဟာ "တာ့လီပြည်" ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိခဲ့ကြပါတယ်။ "Song" မင်းဆက်ကို တည်ထောင်သူ "Song Taizu" လက်ထက်မှာ "Dadu" မြစ်တောင်ဘက်ရှိ မြေအားလုံးကို တာ့လီပိုင်နယ်မြေအဖြစ် ကြေညာပေးခဲ့ပါတယ်။

"တာ့လီမင်းဆက်" တွေကတော့ "Duan Siping" (၉၃၇–၉၄၄)၊ Duan Zhengming (၁၀၈၁–၁၀၉၄)၊ Duan Zhengchun (၁၀၉၆–၁၁၀၈)၊ Duan Zhixing (၁၁၇၂–၁၂၀၀)၊ Duan Xingzhi (၁၂၅၁–၁၂၅၄) ဖြစ်ပါတယ်။

သက္ကရာဇ် ၁၂၅၃ ခုနှစ်မှာ "တာ့လီပြည်" ကို "မွန်ဂို" တွေ သိမ်းပိုက်ခဲ့ပြီး တာ့လီဘုရင်တွေကို "ယွမ်မင်းဆက်" (Yuan Dynasty) ရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးနွယ်စုအကြီးအကဲ (Tusi) တွေအဖြစ် ဆက်လက်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။

၁၃၈၂ ခုနှစ်မှာတော့ "ယူနန်" ကို မင်ဘုရင် (Ming) က သိမ်းပိုက်ပြီး "မွန်ဂို" ဦးဆောင်တဲ့ "ယွမ်မင်းဆက်" ရဲ့ အုပ်ချုပ်မှုက ဖယ်ရှားခဲ့ပါတယ်။

"တာ့လီ" ဘုရင်တွေဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေအဖြစ် ကျော်ကြားပြီး "တာ့လီမြို့တော်" ကတော့ ဗုဒ္ဓဘာသာ သင်ကြားလေ့လာရာ နေရာဌာနကြီး ဖြစ်လာပါတယ်။

"တာ့လီ"ဘုရင်တွေလက်ထက်မှာ ဗမာနိုင်ငံနဲ့ တာ့လီနိုင်ငံအကြား ဆက်သွယ်မှုအားကောင်းပြီး ပုဂံပြည်ထူထောင်ရာမှာ တာ့လီ က အကူအညီပေးခဲ့တယ်လို့ အချို့က ယူဆပါတယ်။

ယနေ့ခေတ်မြေပုံအရ "တာ့လီပြည်" ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး "ယွင်လင်တောင်တန်း" က တာ့လီကို အရှေ့နဲ့ အနောက် နှစ်ပိုင်းပိုင်းထားပါတယ်။

အရှေ့ဘက်မှာ တာ့လီမြို့၊ Midu မြို့နယ်၊ Xiangyun မြို့နယ်၊ Binchuan မြို့နယ်၊ Eryuan မြို့နယ်၊ Jianchuan မြို့နယ်၊ Heqing မြို့နယ်တို့တည်ရှိပြီး အနောက်ဘက်မှာ Yangbi မြို့နယ်၊ Weishan မြို့နယ်၊ Nanjian မြို့နယ်၊ Yongping မြို့နယ်၊ Yunlong မြို့နယ်တို့ တည်ရှိပါတယ်။

#သုတစုံလင်သိုင်းလောကတခွင်

#တာ့လီပြည်

မြန်မာဝတ်စုံ နဲ့ ပနံသင့်နေတဲ့ မြန်မာပြည်မြောက်ဖျားက ❄️ ဖုန်ကန်ရာဇီရေခဲတောင် ❄️ #သိုရင်း #တောင်ရှည် #ဖုန်ကန်ရာဇီ PhotoCrd
20/03/2023

မြန်မာဝတ်စုံ နဲ့ ပနံသင့်နေတဲ့
မြန်မာပြည်မြောက်ဖျားက
❄️ ဖုန်ကန်ရာဇီရေခဲတောင် ❄️

#သိုရင်း
#တောင်ရှည်
#ဖုန်ကန်ရာဇီ


PhotoCrd

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့ ရီဒမ်းကြိုးတံတား
25/02/2023

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့ ရီဒမ်းကြိုးတံတား

25/02/2023

တၢင်းၵႃႈပီႈၼွင်ႉမိူင်းၶွၼ်ႈ မိူင်းတႂ်ႈၶူင်း💞

နေရာ-သျှမ်းရှေးဟောင်းနန်းတော်(傣族古镇)
မိန်းခွမ်(ခေါ်)မန်စီမြို့ အကအလှ❤️
တယ်ဟုန်သျှမ်းဒေသ၊ယူနန်ပြည်နယ်

Dai Traditional dance from Mangshi,
Dehong Dai Autonomous Prefecture,
Yunnan Province

Lavender S. Villen

ရှီးပဒီး (သို့) ဆောင်းပိုးနွေမြက် ဆိုသည်မှာ................(ပတ်ဝန်းကျင် ဗဟုသုတ). ..ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်...
08/12/2022

ရှီးပဒီး (သို့) ဆောင်းပိုးနွေမြက် ဆိုသည်မှာ................(ပတ်ဝန်းကျင် ဗဟုသုတ). ..

ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။

ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေသားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း ကပ်ပါးမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၎င်း ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း ၎င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းရပါတယ်

ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၎င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။

အာဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊ ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း အကျိုးများလှတယ်လို့ သိရပါတယ်။

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၎င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၎င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၎င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်။

# Credit to သုတဇုန် ထွန်းလင်း

11/11/2022

ပီႈၼွင်ႉတႆး မိူင်းႁၢင်ႊလီႊ တႂ်ႈၶူင်း
တယ်ဟုန် မိန်းမောဝ်ဒေသ သျှမ်းသီချင်း
"ထာဝရ တို့နှစ်ယောက်အတူ"


09/10/2022

迎亲

အောဂင်းနစ် မြင်းခွာရွက်စိုက်ခင်း Organic Pennywort Farm Photo: Ko Nge Lay ( Bhamaw )
09/10/2022

အောဂင်းနစ် မြင်းခွာရွက်စိုက်ခင်း
Organic Pennywort Farm

Photo: Ko Nge Lay ( Bhamaw )


အင်ခိုင်ဘွမ်တောင်တန်း နဲ့ အပြိုင် လှပနေသော ၅၀ ကျော် မတ်မတ်များ
16/09/2022

အင်ခိုင်ဘွမ်တောင်တန်း နဲ့ အပြိုင် လှပနေသော ၅၀ ကျော် မတ်မတ်များ

ပူတာအိုမြို့မှ လှမ်းမြင်ရသော ရေခဲတောင်အလှ
06/09/2022

ပူတာအိုမြို့မှ လှမ်းမြင်ရသော ရေခဲတောင်အလှ


11/07/2022

နောင်မွန်ဌါနေ
Vocalist- MH.Ram seng
Composer- Mvyøt Tin ram
Music Arrange-Z.Ah lin
Mixing- Chya htaw
Actors- MH.Ram seng I T.Yin ram I MH.Merry sar I SN.Zvmi htwe I ML.Nang kam Mon
Dop - နောင်မွန် သင်တန်းသားများ

Address


Telephone

+959883564521

Website

Alerts

Be the first to know and let us send you an email when Putao Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Putao Lover:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share