BurmiGo Travels & Tours

  • Home
  • BurmiGo Travels & Tours

BurmiGo Travels & Tours BurmiGo provides individual and group travel to leisure and corporate clients.

Services and products provided by BurmiGo include travel consultation, pre-arranged tours, custom packages, reservations for lodging, rental cars, etc.
095063839

29/12/2024
နှစ်သစ်မှာပျော်ရွှင်ခြင်းတွေ နဲ့ စတင်ကြမယ်နော်...အပျော်တွေကို ခရီးထွက်ခြင်းနဲ့ စတင်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့...☺️
29/12/2024

နှစ်သစ်မှာပျော်ရွှင်ခြင်းတွေ နဲ့ စတင်ကြမယ်နော်...
အပျော်တွေကို ခရီးထွက်ခြင်းနဲ့ စတင်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့...☺️

ရွှင်လန်းချမ်းမြေ့ သာယာသော မနက်ခင်းလေးဖြစ်ပါစေ 🙏🙏🙏
10/10/2024

ရွှင်လန်းချမ်းမြေ့ သာယာသော မနက်ခင်းလေးဖြစ်ပါစေ 🙏🙏🙏

03/08/2024

BurmiGo ရဲ့အမျိုးတွေအတွက် ဒီနေ့ရဲ့ 3.8.2024 update newsလေးပါရှင့်

အလုပ်သစ်နဲ့ ထွက်မည့် pj သမားများ ဂျပန်ကလွဲပြီးယောကျာင်္းလေး 23to32မရပါဘူးနော် ။မိန်းကလေးဆိုရပါတယ်
ဂျပန်နဲ့ owicလုပ်ပြီး တခြားနိုင်ငံထွက်မရပါ။

owicမှာ ဂျပန်ပါနေရင် ဂျပန် visaနဲ့ coe အပါဝင် လိုအပ်တဲ့ စာရွက်စာတန်း ပြည့်စုံရင် ထွက်လို့ရပါတယ်။ဂျပန်ခွင့်ပြန်သမားများ owicရှိရင် အဆင်ပြေပြေပြန်ထွက်လို့ရမှာပါ။

PV ထွက်မည့်လူများ 3.8.2024နေ့က စပြီး visitနဲ့ ဟုတ် မဟုတ် သေခြာစစ်နေပြီလို့ သိရပါတယ်ရှင့်။
pvသမားတွေအတွက်ကတော့
* Hotel booking
* Return Tacket
* Show Money မဖြစ်မနေ ပြရမှာပါ။

ခွင့်ပြန် PJသမားများ အေးအေးဆေးဆေးပြန်လို့ရပါတယ် အထွက်လည်း အဆင်ပြေပါတယ်ရှင့်။
သတင်းကတော့Crdပါရှင့်
အသေးစိတ်သိချင်တာလေးစုံစမ်းချင်ရင်တော့ BurmiGo Travels & Tours ကိုသာHelloလေးလုပ်လိုက်တော့ . . အမျိုးတို့ရေ 🔊🔊🔊🔊

If you went to travel the world, go with BurmiGo Travels & Tours :
Call us Now !!!
📲 09408090933, 09687226220 , 09428035148

အမျိုးတို့ရေ ခုပတ်စပို့ရုံးကထပ်ပီး မူဝါဒအသစ်လေးတွေပြောင်းတာရှိပါတယ်နော် ရုံးသွားတဲ့အခါမှအခက်အခဲလေးတွေမဖြစ်အောင်မင်မင်ကကြ...
07/06/2024

အမျိုးတို့ရေ ခုပတ်စပို့ရုံးကထပ်ပီး မူဝါဒအသစ်လေးတွေပြောင်းတာရှိပါတယ်နော် ရုံးသွားတဲ့အခါမှအခက်အခဲလေးတွေမဖြစ်အောင်မင်မင်ကကြိုပီး sharing လေးလုပ်ပေးမယ်နော် ပတ်စပို့အသစ် အဟောင်း သက်တမ်း၆လအောက်တွေအပြင် PJ to PV တွေကို type ပြောင်းခွင့်မပြုတော့ပါဘူးနော် ။ PV အသစ်ကတော့လုပ်လို့ရပါတယ် ။ ပီးတော့ သက်တမ်းရှိ PJ သမားတွေလည်း qr ကုဒ်ယူပီးတာတောင် PV ပြန်ပြောင်းလို့မရတော့ပါဘူးနော် . .. အသေးစိတ်သိချင်တာလေးစုံစမ်းချင်ရင်တော့ BurmiGo Travels & Tours ကိုသာHelloလေးလုပ်လိုက်တော့ . . အမျိုးတို့ရေ 🔊🔊🔊🔊

If you went to travel the world, go with BurmiGo Travels & Tours :
Call us Now !!!
📲 09408090933, 09687226220 , 09428035148

ထိုင်းတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရ နိုင်ငံများတွင် မြန်မာမပါ ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်မှစ...
30/05/2024

ထိုင်းတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရ နိုင်ငံများတွင် မြန်မာမပါ

ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်မှစ၍ ဗီဇာမူဝါဒများ ဖြေလျှော့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမည့် နိုင်ငံပေါင်း ၉၀ ကျော်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရရှိမည့်နိုင်ငံများစာရင်းတွင် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ ပါဝင်လာခဲ့သော်လည်း မြန်မာ ပါဝင်လာခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံသားများအတွက် သီးသန့်ထုတ်ပြန်ချက် မရှိသေးသဖြင့် ယခင်ပုံစံအတိုင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ၁၄ ရက်သာရဖွယ်ရှိနေသည်။ ဗီဇာဖြေလျှော့ရာတွင် မြန်မာနိုင်ငံ မပါဝင်ခြင်း အကြောင်းအရင်းကို မသိရသေးပေ။

ယခင်က ကမ္ဘောဒီးယားနိုင်ငံသားများသည် မြန်မာနိုင်ငံသားများနည်းတူ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ရရှိနေရာမှ ယခုဗီဇာဖြေလျှော့မှုကြောင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ရရှိလာမည်ဖြစ်သည်။

လာအိုနိုင်ငံကလည်း ယခုဗီဇာဖြေလျှော့ပေးမှုကြောင့် ရက် ၆၀ ထိုင်းနိုင်ငံတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။

ဗီဇာဖြေလျှော့ပေးမည့် အစီအစဉ်ကို ထိုင်းအစိုးရက မေလ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် အကျုံးဝင်လာမည်ဖြစ်သည်။

ဖြေလျှော့ပေးသည့်အစီအစဉ်တွင် ခရီးသွားမြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာနိုင်သည့် နိုင်ငံများကိုလည်း ယခင် ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်ပေးခဲ့သည်။

ဆိုက်ရောက်ဗီဇာအနေဖြင့်လည်း ယခင် ၁၉ နိုင်ငံကိုသာ ခွင့်ပြုထားရာမှ ၃၁ နိုင်ငံအထိ တိုးမြှင့်လက်ခံပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

တိုးမြှင့်သည့်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ သီရိလင်္ကာ စသော နိုင်ငံများစွာပါဝင်လာပြီး နေထိုင်ခွင့်ကိုလည်း ၆၀ ရက်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဗီဇာမူဝါဒအသစ်အနေဖြင့် ရွေ့လျား အလုပ်လုပ်သူများ၊ ဒစ်ဂျင်တယ်လုပ်ငန်း အလုပ်လုပ်သူများ၊ ကိုယ်ပိုင်စီးပွားရေးသမား များ၊ မွေထိုင်းနှင့် ထိုင်းအစားအစာ၊ အနုပညာနှင့် အားကစား စိတ်ပါဝင်စားသော ပညာရှင်များအတွက် ရည်ရွယ်ပြီး ရက်ပေါင်း ၁၈၀ (၆လ) နေထိုင်ခွင့်ဗီဇာ Destination Thailand Visa (DTV) ကိုလည်း ထိုင်းအစိုးရက မိတ်ဆက်ထားသည်။

Ref: Thai Enquirer, The Nation Thailand

ဓာတ်ပုံ - Khaosod English

By Dawei Watch| မေ ၂၉

02/05/2024

အမျိုးတို့ရေ 🔊🔊🔊🔊🔊

Passport PJ သမားများ ပြည်ပထွက်ခွင့် မရှိတော့ပါဘူး ပိတ်လိုက်ပါပြီ လို့ ကြားသိရပါတယ်ရှင့်🥺

မူရင်းSource ကိုတော့မင်မင်လည်းအတိအကျတော့ မပေးနိုင်သေးပေမဲ့ သတင်းလေးတွေ့လို့ Share ပေးခြင်း ဖြစ်ပါတယ်နော် ပြည်ပထွက်မည့်သူများ အမြန်ဆုံး ပြင်ဆင်ထားကြပါနော် လောလောဆယ်သိရသလောက်ပါ နောက်ထပ်အကြောင်းရာများထပ်သိခဲ့ရင် BurmiGo Pag မှာဘဲ Update လုပ်ပေးသွားပါနော် ၊ ဒီထပ်ပိုသိချင်တာများရှိရင် BurmiGo Travel & Tour သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
If you went to travel the world, go with BurmiGo Travels & Tours :
Call us Now !!!
📲 09408090933, 09687226220 , 09428035148

29/04/2024

အမျိုးတို့ရေ သိပီးကြပီလားဝေ့ .....🔊🔊🔊🔊

ဒီနေ့မနက်ပဲ ရန်ကုန်သန်းခေါင်စာရင်းများ နေပြည်တော်တွင် စတင်လက်ခံလုပ်ဆောင်ပေးကြောင်း official announcement လုပ်ထားပါတယ်ဆိုတာလေးကိုပါ

အဲ့တော့ ရန်ကုန်Qr Date ကအရမ်းနောက်ကျနေပါတယ် အလျှင်လိုလို့ပါ ပတ်စပို့အရေးကြီးနေလို့ပါဆိုတဲ့ အကိုတို့အမတို့တွေအတွက် Qr Date စောနေသေးတဲ့ နေပြည်တော်ကို စလျှောက်မယ်ဆိုရင်တော့ BurmiGo Travels & Tours လေးကအသင့်ရှိပါတယ်နော် 😊😊

မင်မင့်အသဲလေးတွေလည်းပတ်စပို့လုပ်ဖို့စဉ်းစားနေပီလား
ဒါဆိုရင်တော့ BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


🪪 UID No ( Unique Identification Number ) UID No တစ်နည်းခု မင်မင့်အမျိုးတို့တွေခေါ်နေကျတဲ့ Smart Card ဟာ ပတ်စပို့လုပ်တဲ့...
25/03/2024

🪪 UID No ( Unique Identification Number )

UID No တစ်နည်းခု မင်မင့်အမျိုးတို့တွေခေါ်နေကျတဲ့ Smart Card ဟာ ပတ်စပို့လုပ်တဲ့အခါမှာ ၂၂-၄-၂၀၂၄ ရက်နေ့နောက်ပိုင်းကစပီး မဖြစ်မနေလိုအပ်လာပါပီရှင့်

တချို့ကမင့်မင့်ဆီမေးကြတယ် Smart Card ကိုနယ်ကသူတွေရော ရန်ကုန်မှာလုပ်လို့ရလားတဲ့ ????????

ဟုတ်ကဲ့ ရပါတယ်နော်အမျိုးတို့ရေ ရန်ကုန်တိုင်းမြို့နယ် လဝက ရုံးတွေမှာ ပြည်နယ်ကျော် တိုင်းဒေသကျော်အားလုံး UID(Smart Card) လုပ်နိုင်တယ်လို့ အစိုးရရုံးတိုင်မှာ ညွှန်ကြားချက်ထုတ်ထားတယ်ရှင့်

မင်မင့်အသဲလေးတွေလည်းပတ်စပို့လုပ်ဖို့စဉ်းစားနေပီဆိုရင်တော့ BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


ခုတလော မင်မင့်ဆီမှာ အမေးများတဲ့သိထားပီသားသူတွေရောမသိသေးတဲ့သူတွေအတွက်ပါ ရည်ရွယ်ပီးမင်မင်က sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါ...
21/03/2024

ခုတလော မင်မင့်ဆီမှာ အမေးများတဲ့သိထားပီသားသူတွေရောမသိသေးတဲ့သူတွေအတွက်ပါ ရည်ရွယ်ပီးမင်မင်က sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ် 😍😍

source -- မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
မှ အသိပေးပန်ကြားချက်

ပြည်သူများအားအသိပေးပန်ကြားချက် (19-03-2024)
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appiontment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များ ယူဆောင်လာကြပါရန်နှင့် ၎င်းအထောက်အထား လက်မှတ်မပါရှိသော လျှောက်ထားသူများအား စာအုပ်ထုတ်ယူရမည့် (၁၀) ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ကြပါရန်နှင့် UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
ဒါလေးကတော့မင်မင်ပြန်ပီး sharing လုပ်ပေးတာပါနော် 🫶🫶
ဒီကြေငြာချက်က 22.4.2024ရှေ့ပိုင်းလူတွေအတွက်ကမလိုသေးပါဘူးနော် 22.4.2024 နောက်ပိုင်းကသူတွေအားလုံးအတွက်ကတော့မရှိမဖြစ် လိုအပ်လာပါပီနော်အမျိုးတို့ရေ

မင်မင့်အသဲလေးတွေလည်းပတ်စပို့လုပ်ဖို့စဉ်းစားနေပီဆိုရင်တော့ BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


**** ချစ်တို့ရေ ဒီနေ့မင်မင်ပြောပြပေးမဲ့အကြောင်းရာလေးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ  ...
22/02/2024

**** ချစ်တို့ရေ ဒီနေ့မင်မင်ပြောပြပေးမဲ့အကြောင်းရာလေးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ အကြောင်းပဲဖြစ်ပါတယ် ****

1. အလည်အပတ်ပတ်စပို့ (PV) passport for visit
အလည်အပတ်သွားရောက်ရန်အတွက်ဖြစ်ပါတယ်

2. သဘောင်္သား (PS) passport for seaman
သဘော်ပေါ်တွင် အလုပ်လုပ်ရန်အတွက်ဖြစ်ပါတယ်

3. စီးပွားရေး ( PB) passport for business
ကုမ္မဏီလုပ်ငန်းများနှင့်ပတ်သက်ရျ် လေ့လာခြင်း အစည်းအဝေးများ တတ်ရောက်ခြင်းအတွက်ဖြစ်ပါတယိ

4. ပညာရေး (PE) passport for education
သင်တန်းများ ကျောင်းများတတ်ရောက်ရန်အတွက်ဖြစ်ပါတယ်

5. အလုပ် (PJ) passport for job
အလုပ်လုပ်ရန်အတွက်ဖြစ်ပါတယ်

6. ဘာသာရေး (PR) ppassport for religious
သာသနာပြုလုပ်ငန်များဆောင်ရွက်ရန်အတွက်ဖြစ်ပါတယ်

7. မှီခို (PT) passport for Dependent
ပြည်ပတွင်အလုပ်လုပ်ကိုင်သောသူအားမှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက်ဖြစ်ပါတယ်ရှင့်

ဒါလေးကတော့မင်မင့်ဆီမှာ အမေးများတဲ့သိထားပီသားသူတွေရောမသိသေးတဲ့သူတွေအတွက်ပါရည်ရွယ်ပီးမင်မင်က sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ် 😍😍

မင်မင့်အသဲလေးတွေလည်းပတ်စပို့လုပ်ဖို့စဉ်းစားနေပီလား
ဒါဆိုရင်တော့ BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


09/02/2024

မင့်မင့်အသဲတို့ရေ အခုတလော ပတ်စပို့ရုံးမှာအဖြစ်များနေတဲ့ ကိစ္စလေးတခုရှိတာသိပီးကြပီလားကွယ်

အကြောင်းအရာကတော့ eID ပါ

eID ဆိုတာက ပတ်စပို့ရုံးမှာသွားပီးပတ်စပို့လုပ်တဲ့အခါ မှတ်ပုံတင်လုပ်ခဲ့တဲ့ ဇာတိနယ်ရဲ့ လဝက မှာကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်ကို ခုနောက်ပိုင်း ကွန်ပြူတာဒေတာဘေ့စ် စစ်စတမ်ပြောင်းလိုက်ပါတယ် အဲ့မှာစပီး eIDတွေ စငြိ ကြတော့တာပါပဲ သက်ဆိုင်ရာဇာတိမြို့နယ်လဝကတွေရဲ့ မှားထည့်လိုက်တဲ့ကိုယ်ရေးအချက်လက်တွေဟာ ရန်ကုန်ရုံးထိရှိတာမို့ ပတ်စပို့သွားလုပ်တဲ့အခါ မွေးနေ့မတူတာ နာမည်မတူတာ လူမျိုးကွဲတာ အမေ အဖေနမည်မတူတာ စတဲ့အလွဲပေါင်းများစွာဖြစ်ပီး eID စငြိပါတော့တယ် ငြိတဲ့အခါမှာလည်း ပတ်စပို့ရုံးမှာပြင်မရပဲ သက်ဆိုင်ရာမြို့နယ်လဝကဆီပြန်လွှတိပါတော့တယ်ရှင့် ။ အဲ့တော့အချိနိကုန် လူပင်ပန်း စိတ်မောကိုယ်မောတွေဖြစ်ပီး နောက်ထပ်တရက် ပတ်စပို့ရုံးကိုပြန်လာကြရပြန်ပါတယ် ။ အဲ့ဒါကြောင့် ခုတလော စိတ်ညစ်စရာ အရူပ်အထွေးတွေဖြစ်နေတဲ့ eID လေး အခက်အခဲမဖြစ်ရလေအောင် သက်ဆိုင်ရာမြို့နယ်ရဲ့ လဝကလေးမှာ eID လေးမှနိမမှန် ကြိုတိုက်စစ်ပီးမှ ပတ်စပို့ရုံးကိုလာခဲ့ဖို့ မင်မင်တော့ အကြံလေးပေးပရစေနော်။

အော် .... တခုရှိသေးတယ် အကိုတို့ အမတို့ရေ
QR ဒိတ်ကနေ ၇ ရက်အတွင်း eID မပြီးရင် QR အသစ် ထပ်လျှောက်ရပါတယ်နော် ။

ဒီလိုဆိုရင်တော့ပတ်စပို့လုပ်ဖို့
စဉ်းစားနေတယ် ဘယ်ကစပီးလုပ်ရမယ်မှန်းမသိဘူးဖြစ်နေပီလား. ??????? ဒါဆိုရင် BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


မင်မင်တို့ဆီမှာလတ်တလောအဖြစ်များ အမေးများ အထင်မှားနေတဲ့ ပတ်စပို့ QR ကုဒ်လေးအကြောင်း .... မင်မင်sharing လေးလုပ်ပေးပရစေ အမျ...
10/01/2024

မင်မင်တို့ဆီမှာလတ်တလောအဖြစ်များ အမေးများ အထင်မှားနေတဲ့ ပတ်စပို့ QR ကုဒ်လေးအကြောင်း .... မင်မင်sharing လေးလုပ်ပေးပရစေ အမျိုးတို့ရေ 🗣️🔉🔉🔉

ခုနောက်ပိုင်းအစိုးရရဲ့ ပေါ်လစီမူဝါဒတွေ အပြောင်းလဲကြောင့် QRကုဒ်အရင်ယူပီးမှ ပတ်စပို့စလျှောက်လို့ရပါတယ်နော် ။ ဒီနေ့မှ QR စယူမယ့်သူတွေကတော့
QRရက်ချိန်း အနည်းဆုံး (၆)လလောက်စောင့်ရပါမယ် ။

နောက်ကျမှယူလေ QR ကပိုဝေးလေပါပဲဆိုတော့ တကယ်လိုအပ်တယ်၊ ပတ်စပို့လုပ်ထားဖို့အတွက် စာအုပ်လိုတယ်၊ စာအုပ်လုပ်ထားသင့်တယ်လို့ တွေးရင်တော့ အမျိုးတို့ရေ ခုလောလောဆယ် လိုလို မလိုလို QR မြန်မြန်ယူထားပြီး Passport စာအုပ်လေး လုပ်ထားဖို့ မင်မင်ကတော့အကြံပြုပါတယ်ရှင့် ။

ပတ်စပို့လုပ်ဖို့
အလုပ်ရှုပ် လူပင်ပန်းဖြစ်နေပီလား. . . ??????? ဒါဆိုရင်တော့ BurmiGo Travels & Tours ကိုသာသတိရလိုက်တော့အမျိုးတို့ရေ . . . .

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220 ,09428035148
📧 [email protected]


မင့်မင့် အသဲတို့ရေ   . . . ..          အခုချိန် သွားချင်နေတဲ့ ခရီးတခု က ဘယ်နေရာကိုများ ဖြစ်နေမလဲ  ... ? 🤔🤔ဝေခွဲမရ ဖြစ်နေ...
05/01/2024

မင့်မင့် အသဲတို့ရေ . . . ..

အခုချိန် သွားချင်နေတဲ့ ခရီးတခု က ဘယ်နေရာကိုများ ဖြစ်နေမလဲ ... ? 🤔🤔

ဝေခွဲမရ ဖြစ်နေပီလား .... 🙄🧐

comment မှာ သွားချင်နေတဲ့ နေရာလေးတွေ ဝင် ment သွားပေးပါဦး ....☺️😊

If you want to travel the world, go with BurmiGo Travels & Tours :
Call us Now !!!

📲 09408882727, 09687226220
📧 [email protected]


မင့်မင့် အသဲတို့ရေ   . . . ..            ပါတ်စပို့ အသစ်လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ စဉ်းစားပီးခေါင်းရှုပ်နေပီလား  ... ?ပ...
05/01/2024

မင့်မင့် အသဲတို့ရေ . . . ..
ပါတ်စပို့ အသစ်လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ စဉ်းစားပီးခေါင်းရှုပ်နေပီလား ... ?

ပါတ်စပို့ သက်တမ်းကုန်တော့မယ်. သက်တမ်းတိုးလို့မရလို့ စိတ်ညစ်နေလား ... ?

ပြည်ပခရီးတွေထွက်ဖို့ passport လိုအပ်နေပီလား ......?

PV - PJ- PE- PS Type ချိန်းတွေကြား ဘယ်ကဘယ်လိုစလုပ်ရမှနိးမသိပဲစိတ်ပူနေပီ .....?
ဒါဆို ချစ်တို့အားလုံးအတွက်.... 🤩👇

အချိန်ကုန်သက်သာပီး လူပင်ပန်းစိတ်ပင်ပန်း မဖြစ်ရလေအောင်
တန်းစီစရာမလို ဖောင်ဖြည့်စရာမလိုပဲ ရုံးထဲအရောက် လျှင်မြန်မှန်ကန်တဲ့ ဝန်ဆောင်မှုဖြင့် စလစ်ရပီးစာအုပ်ထုတ်သည့်အထိ မင့်မင့်အသဲတို့ မပင်ပန်းရလေအောင် အိမ်အရောက်ပြန်လည်ပို့ဆောင်ပေးတဲ့ BURMIGO TRAVELS & TOURS မှ Service လေးရှိပါတယ်နော် ✌️

ပီးတော့ ကုမ္မဏီအနေနဲ့လုပ်ပေးတာဆိုတော့ ချစ်တို့ စိတ်ပူနေတဲ့ အတွေးလေးတွေကိုပါလျှော့ချပီး BURMIGO ကိုသာစိတ်ချလိုက်တော့နော် 🥰

ဒီထပ်ပိုသိချင်တာများရှိရင် BurmiGo Travel & Tour Page သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

If you want to travel around the world, go with BurmiGo Travels & Tours :

Call us Now !!!

📲 09408882727, 09687226220
📧 [email protected]


Address


Opening Hours

Monday 10:00 - 17:30
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:30
Friday 10:00 - 17:00
Saturday 10:00 - 17:00

Telephone

+959408882727

Website

Alerts

Be the first to know and let us send you an email when BurmiGo Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BurmiGo Travels & Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share