Bonita Garden

  • Home
  • Bonita Garden

Bonita Garden � Myinka, Kalaw

A minimalistic vibe, spacious and has countless aesthetic corners. The whole area,
(5)

ဆောင်းနှင်းဝေတဲ့ ရာသီနေကြာရိုင်းတွေလှပစွာပွင့်တဲ့ အချိန်White cottage မှာရောModern cottage မှာရောငွေနှင်းဖြူတွေကြားမှာ အ...
22/11/2023

ဆောင်းနှင်းဝေတဲ့ ရာသီ
နေကြာရိုင်းတွေလှပစွာပွင့်တဲ့ အချိန်
White cottage မှာရော
Modern cottage မှာရော
ငွေနှင်းဖြူတွေကြားမှာ အရမ်းလှပါပြီနော်

Bonita Garden Modern cottage
24/10/2023

Bonita Garden
Modern cottage

Bonita  Garden White cottage
24/10/2023

Bonita Garden
White cottage

Tone of Natureသဘာဝရဲ့ အံဩဖွယ်အသံလေးတွေဖြစ်တဲ့စမ်းချောင်းလေးတွေက ရေစီးသံတွေ…ကျေးငှက်လေးတွေရဲ့ တေးသီချင်းဆိုသံတွေ…ရေတံခွန်...
15/10/2023

Tone of Nature

သဘာဝရဲ့ အံဩဖွယ်အသံလေးတွေဖြစ်တဲ့
စမ်းချောင်းလေးတွေက ရေစီးသံတွေ…
ကျေးငှက်လေးတွေရဲ့ တေးသီချင်းဆိုသံတွေ…
ရေတံခွန်က ရေကျသံတွေ…
ညဘက် ပုရစ်အော်သံလေးတွေ…
ဖားလေးတွေရဲ့ အသံလေးတွေ…
တောင်တန်းတွေက
တိုက်ခတ်လာတဲ့ လေ​ပြေညှင်းလေးတွေ…
သစ်ရွက်တွေရဲ့ လေတိုးသံ​တွေ….စသဖြင့်
စကြာဝဠာကြီးက ဖန်တီးပေးထားတဲ့ သံစဉ်တွေပါ
ဒီအသံလေးတွေက လူသားတွေကို
ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေတယ်
စိတ်သက်သာရာရစေတယ်
အေးချမ်းစေတယ်
ဒါကြောင့် သဘာဝနဲ့ အနီးစပ်ဆုံးမှာရှိတဲ့
BONITA GARDEN ကို လာနေပါရှင်

Kitchen ဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားပါပဲအလှပဆုံး ပြင်ဆင်ထားသင့်တာပေါ့
02/10/2023

Kitchen ဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားပါပဲ
အလှပဆုံး ပြင်ဆင်ထားသင့်တာပေါ့

Bonita Garden 📸
16/09/2023

Bonita Garden
📸

SIMPLE SMILE, SIMPLE LOVE &  SIMPLE SWEET 📸   -Your Memories🏡   GARDEN  KALAW
10/09/2023

SIMPLE SMILE, SIMPLE LOVE & SIMPLE SWEET
📸 -Your Memories
🏡 GARDEN KALAW

BONITA GARDENကလောကို လာလည်ရင် အတူတူပဲ နေချင်တာ ခွဲမနေပါရစေနဲ့ပူဆာကြလွန်းလို့ ခြံထဲမှာ နောက်ထပ် အိမ်လေးတစ်လုံး ရှိပါတယ်ခု...
07/09/2023

BONITA GARDEN

ကလောကို လာလည်ရင်
အတူတူပဲ နေချင်တာ
ခွဲမနေပါရစေနဲ့
ပူဆာကြလွန်းလို့
ခြံထဲမှာ နောက်ထပ်
အိမ်လေးတစ်လုံး ရှိပါတယ်

ခုအိမ်လေးမှာ
နှစ်ယောက်အိပ်ခန်း - ၃ ခန်း ပါပါတယ်
ရေချိုးခန်းကလည်း အခန်းတိုင်းမှာပါတယ်နော်
အချက်အပြုတ် ဝါသနာပါသူတွေအတွက်
ကျယ်ဝန်း သန့်ရှင်းတဲ့ မီးဖို​ချောင်ထဲမှာ
ပစ္စည်း အစုံအလင်နဲ့မို့ စိတ်ကျေနပ်စရာပါ
အိပ်ခန်းတွေကလည်း အကျယ်ကြီးမို့
နေရတာ သက်တောင့် သက်သာ ရှိလှပါတယ်

အိပ်ခန်းထဲကပဲ ကြည့်မလား
ဧည့်ခန်းထဲကပဲ ကြည့်မလား
အရုဏ်ဦး ရောင်နီလာချိန် အလှကို ခံစားကြည့်မလား
နေညိုချိန် အလှကို ခံစားကြည့်မလား
ရွှေလသာချိန် အလှကို ကြည့်မလား
ဘယ်နေရာ ဘယ်အချိန်မှာပဲ ကြည့်ကြည့်

မျက်စိတစ်ဆုံးရှိတဲ့ ထင်းရှုးတောင်တန်းကြီးရယ်
လှပတဲ့ တိမ်ခိုး တိမ်လိပ်တွေရယ်
ထင်းရှုးရနံ့သင်းနေတဲ့ လေပြေညှင်းလေးတွေရယ်
တေးသီနေတဲ့ ကျေးငှက်တွေရယ်
သက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်လို
ခံစားမှုမျိုး ပေးနိုင်တဲ့
အေးချမ်း ဆိတ်ငြိမ်တဲ့ ရသမျိုးစုံကို
ခံ စား ကြည့် ချင် ရင်တော့
BONITA GARDEN ကို
လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

ထင်းရူးတောင်တန်းကြီးကိုသက်သေတည်ပြီးမိုးဖွဲဖွဲလေး နဲ့ ဇူလိုင်လမှာ  တစ်သက်တာအတွက် အမှတ်တရ လက်မှတ်ထိုးပွဲလေး
24/08/2023

ထင်းရူးတောင်တန်းကြီးကိုသက်သေတည်ပြီး
မိုးဖွဲဖွဲလေး နဲ့ ဇူလိုင်လမှာ
တစ်သက်တာအတွက်
အမှတ်တရ လက်မှတ်ထိုးပွဲလေး

နွေရာသီ ပူနေသော်လည်းကိုယ့်ခြံလေးမှာတော့ အိုအေစစ်တစ်ခြံလုံး စိမ်းစိုနေတော့လည်းပင်ပန်းပေမဲ့ ကျေနပ်တယ်
11/04/2023

နွေရာသီ ပူနေသော်လည်း
ကိုယ့်ခြံလေးမှာတော့ အိုအေစစ်
တစ်ခြံလုံး စိမ်းစိုနေတော့လည်း
ပင်ပန်းပေမဲ့ ကျေနပ်တယ်

အေးမြရာဆီသို့ …ခဏ နားခိုရအောင်..
13/03/2023

အေးမြရာဆီသို့ …
ခဏ နားခိုရအောင်..

ရော်ရွက်ဝါတွေ ကြွေချိန်ထိအေးမြဲ အေးနေဆဲကိုပန်းလေးများက သက်သေတည်
22/02/2023

ရော်ရွက်ဝါတွေ ကြွေချိန်ထိ

အေးမြဲ အေးနေဆဲကို

ပန်းလေးများက သက်သေတည်

ညအပူချိန် ၈ ဒီဂရီ စင်တီဂရိတ်ရှိပြီးချယ်ရီတွေ လှိုင်လှိုင်ပွင့်နေခိုက်Bonita Garden ကို လာလည်တဲ့ ငါးလသားအရွယ်  အားဝုလေးကိ...
31/01/2023

ညအပူချိန် ၈ ဒီဂရီ စင်တီဂရိတ်ရှိပြီး
ချယ်ရီတွေ လှိုင်လှိုင်ပွင့်နေခိုက်
Bonita Garden ကို လာလည်တဲ့
ငါးလသားအရွယ်
အားဝုလေးကို ချစ်လိုက်တာ

လောကဓမ္မ နှစ်ဌာနဖြင့် ရောဂါ ကပ်ဆိုး ကင်းဝေးစွာ အားလုံး ငြိမ်းချမ်း သာယာကြပါစေ
01/01/2023

လောကဓမ္မ နှစ်ဌာနဖြင့်
ရောဂါ ကပ်ဆိုး ကင်းဝေးစွာ
အားလုံး ငြိမ်းချမ်း သာယာကြပါစေ

Sweet Couple ❤️
31/12/2022

Sweet Couple ❤️

Greeting from Bonita Garden.We are fully booked till 12 January 2023.လာရောက် တည်းခို အနားယူကြသော ဧည့်သည်တော် များအား Bon...
10/12/2022

Greeting from Bonita Garden.

We are fully booked till 12 January 2023.
လာရောက် တည်းခို အနားယူကြသော
ဧည့်သည်တော် များအား
Bonita Garden မိသားစု မှ
အထူး ကျေးဇူးတင်ရှိပါသည်။

We wish you a merry Christmas and a happy new year.

YOU = AwesomeME=Lucky😍😍😍
28/11/2022

YOU = Awesome
ME=Lucky
😍😍😍

တစ်ဆောင်းသစ်ပြန်ပြီ Bonitaတိတ်ဆိတ် အေးချမ်းလှတဲ့ နေရာလေးသီးသန့် ဆန်လွန်းတဲ့ နေရာလေးပူလောင်မှုတွေနဲ့ ဝေးရာပြိုင်ဆိုင်မှုတ...
01/11/2022

တစ်ဆောင်းသစ်ပြန်ပြီ Bonita

တိတ်ဆိတ် အေးချမ်းလှတဲ့ နေရာလေး
သီးသန့် ဆန်လွန်းတဲ့ နေရာလေး
ပူလောင်မှုတွေနဲ့ ဝေးရာ
ပြိုင်ဆိုင်မှုတွေနဲ့ ဝေးရာ
ထင်းရှုးနံ့ သင်းပျံ့ပြီး
သန့်ရှင်း လတ်ဆတ်သော လေကိုရှုကာ
ကိုယ်ချစ်တဲ့သူနဲ့အတူ
သဘာဝအလှကို ငေးမောခံစားရင်း
နံနက်ခင်းတိုင်း … နံနက်ခင်းတိုင်း
မင်းနဲ့အတူ နိုးထချင်တဲ့နေရာလေးမှာ
အနားယူဖို့ အလည်ခေါ်ချင်တယ်...

လာလည်မယ်ဆိုရင်

စုစုပေါင်းလူဦးရေ ၇/၈ ထိနေလို့ရပါတယ်ရှင်

Vacation Home Rental လေးမို့self -catering ပါရှင်

လိုအပ်တာ မေးမြန်းနိုင်အောင်
ခြံတာဝန်ခံ ထားပေးထားပါတယ်ရှင်

ကျန်းမာ ပျော်ရွှင်သော သီတင်းကျွတ် အခါ သမယလေး ဖြစ်ပါစေရှင်
08/10/2022

ကျန်းမာ ပျော်ရွှင်သော သီတင်းကျွတ် အခါ
သမယလေး ဖြစ်ပါစေရှင်

၂.၁၀.၂၂နေမဝင်အချစ်တွေ … အချစ်ကိုပေးမယ်ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ်...ချစ်တတ်သူကြီးက ချစ်ရသူအတွက်တစ်နှစ်ပြည့်် မင်္ဂလာနှစ်ပ...
03/10/2022

၂.၁၀.၂၂
နေမဝင်အချစ်တွေ … အချစ်ကိုပေးမယ်
ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ်...
ချစ်တတ်သူကြီးက ချစ်ရသူအတွက်
တစ်နှစ်ပြည့်် မင်္ဂလာနှစ်ပတ်လည်
Surprise dinner လေးပါ
dinner ထဲကို မျက်စိပုဝါစီးပြီးခေါ်လာပုံက
ရိုလိုက်တာနော်

'The world is sweet because of you' မှန်တာပေါ့ရှင်Pre wedding လာရိုက်ကြတဲ့ ချစ်စရာ ဧည့်သည်စုံတွဲလေးတွေကို Bonita Garden ...
17/09/2022

'The world is sweet because of you'
မှန်တာပေါ့ရှင်
Pre wedding လာရိုက်ကြတဲ့
ချစ်စရာ ဧည့်သည်စုံတွဲလေးတွေကို
Bonita Garden မှကျေးဇူး
အထူးတင်ပါတယ်ရှင်

နေညိုညို တိမ်တောက်တဲ့အခါ
02/09/2022

နေညိုညို တိမ်တောက်တဲ့အခါ

စိတ်သန္တာန်မှာ ပေါ်သမျှရွှေရုပ်ထင် နေတာပဲလှလိုက်တာကွယ်
11/08/2022

စိတ်သန္တာန်မှာ ပေါ်သမျှ
ရွှေရုပ်ထင် နေတာပဲ
လှလိုက်တာကွယ်

အေး​စိမ့်စိမ့်လေးနဲ့ နေလို့ အရမ်းကောင်း
10/08/2022

အေး​စိမ့်စိမ့်လေးနဲ့
နေလို့ အရမ်းကောင်း

မီးပျက်တယ်လားမီးစက်မောင်းပေးလားလို့ချစ်မိတ်ဆွေများ မေးစရာ မလိုရအောင်တစ်ခြံလုံး နဲ့ တစ်အိမ်လုံးမှာဆိုလာမီးတပ်ပေးထားလို့ မ...
01/08/2022

မီးပျက်တယ်လား
မီးစက်မောင်းပေးလားလို့
ချစ်မိတ်ဆွေများ
မေးစရာ မလိုရအောင်
တစ်ခြံလုံး နဲ့ တစ်အိမ်လုံးမှာ
ဆိုလာမီးတပ်ပေးထားလို့
မီးရောင် ထိန်ထိန်သာလို့ပါနော်

ဒီချိန်လာလည်တဲ့ ချစ်ရသူများခြံထဲမှာ စိုက်ထားတဲ့ organic စစ်စစ် အသီးအနှံများဖြစ်တဲ့ ဘိုစားပဲ, ကျိုင်းတုံပဲ, မုန်လာဥ သခွား...
16/07/2022

ဒီချိန်လာလည်တဲ့ ချစ်ရသူများ
ခြံထဲမှာ စိုက်ထားတဲ့
organic စစ်စစ် အသီးအနှံများဖြစ်တဲ့
ဘိုစားပဲ, ကျိုင်းတုံပဲ, မုန်လာဥ
သခွားသီး , ချဉ်ပေါင်ရွက်
သစ်တော်သီးများကို
ခူးစားနိုင်ပြီနော်
ထောပတ်သီး , ဒညှင်းသီးတွေကတော့
သီးနေပေမဲ့ မရင့်သေးလို့
စားလို့ရသေးဘူးနော်

02/07/2022

ယနေ့ည ၇ :၀၀ နာရီ
Channel k မှာ ​စတင် ပြသတဲ့
THE OTHER SIDE ဇာတ်လမ်းတွဲ
ရိုက်ကူးရေး အချိန်က
အမှတ်တရ ဆိုခဲ့တာလေး😍

BONITA GARDEN ရဲ့ချစ်မိတ်ဆွေများရှင့်ချစ် ရ တဲ့ သူ များ နဲ့အတူဦးဦးဖျားဖျား trekking သွားရင်းနဲ့ ဇူလိုင်လ လေးကို လှလှပပ က...
29/06/2022

BONITA GARDEN ရဲ့
ချစ်မိတ်ဆွေများရှင့်
ချစ် ရ တဲ့ သူ များ နဲ့အတူ
ဦးဦးဖျားဖျား trekking သွားရင်းနဲ့
ဇူလိုင်လ လေးကို
လှလှပပ ကြိုဆိုလိုက်ရရင်
ဘယ်လောက်များ
ပျော်စရာကောင်းလိုက်မလဲနော်

ချစ်ခင်ရသော သဘာဝကိုချစ်မြတ်နိုးကြတဲ့မိတ်ဆွေများခင်ဗျာ ။ အမြဲတမ်း သတိတရနဲ့ trekking services တွေမစသေးဘူးလား အမြဲလာလာမေးကြတဲ့ ဧည့်သည်များကို လည်း ၂ နှစ်လောက် နားခဲ့ရတဲ့အတွက်လည်း အားနာပါတယ် ။ Newsfeed မှာ မျက်စိရှုပ်စရာဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ် ခင်ဗျ ။ အခုဆို ကျွန်တော်တို့အနေနဲ့ trip plan အသေးစားလေးတွေကနေ စစီစဉ်ပေးနေပြီး weekend တိုင်းမှာ trip တွေရှိနေပါမယ်ခင်ဗျာ ။ ခရီးစဉ် plan details များသ်ိရှိလိုပါက messenger မှ တဆင့် ဆက်သွယ်နိုင်ပါတယ် ။ July လတွေရဲ့ Weekends trip plan တွေ ရနေပြီမို့ လူဦးရေလည်း ကန့်သတ်ထားတာကြောင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ ခင်ဗျာ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

ရိုးရိုးရှင်းရှင်း ရိုက်ထားတဲ့ pre wedding ပုံလေးတွေ 🥰😍😘
13/06/2022

ရိုးရိုးရှင်းရှင်း ရိုက်ထားတဲ့
pre wedding ပုံလေးတွေ 🥰😍😘

ချစ်စရာစုံတွဲပုံလေးတွေ😍🥰🥰
06/06/2022

ချစ်စရာစုံတွဲပုံလေးတွေ😍🥰🥰

နံနက်ခင်းတိုင်း နံနက်ခင်းတိုင်းသာယာလှပတဲ့ နေရာလေးမှာ အိမ်သေးသေးလေးရယ် သဘာဝရှု့ခင်းလေးရယ်အေးချမ်းစွာ  နိုးထချင်တယ်
01/06/2022

နံနက်ခင်းတိုင်း နံနက်ခင်းတိုင်း
သာယာလှပတဲ့ နေရာလေးမှာ
အိမ်သေးသေးလေးရယ်
သဘာဝရှု့ခင်းလေးရယ်
အေးချမ်းစွာ နိုးထချင်တယ်

ဒီမိုး..ဒီမိုး..ဒီမိုးသည်းတဲ့ညတွေ ရှည်လွန်းတယ်
20/05/2022

ဒီမိုး..ဒီမိုး..ဒီမိုးသည်းတဲ့ညတွေ ရှည်လွန်းတယ်

ပန်းများလည်းဝေဝေဆာဆာအသီးကင်းများကလည်း သီးရာသီဥတုကလည်း သာသာယာယာနေချင်စရာကောင်းလိုက်တာ
19/05/2022

ပန်းများလည်းဝေဝေဆာဆာ
အသီးကင်းများကလည်း သီး
ရာသီဥတုကလည်း သာသာယာယာ
နေချင်စရာကောင်းလိုက်တာ

မင်္ဂလာနံနက်ခင်းပါလို့နှုတ်ခွန်းဆက်ပါရစေ
24/04/2022

မင်္ဂလာနံနက်ခင်းပါလို့
နှုတ်ခွန်းဆက်ပါရစေ

မင်္ဂလာရှိသော နှစ်သစ်ကို  ကူးပြောင်းကြရအောင် ကျင်လည်ရာ ဘုံဘဝမှာ ဆုံတွေ့ကြရသူအပေါင်းနှစ်သစ် အခါသမယမှာစိတ်၏ချမ်းသာခြင်းကို...
17/04/2022

မင်္ဂလာရှိသော နှစ်သစ်ကို ကူးပြောင်းကြရအောင်

ကျင်လည်ရာ ဘုံဘဝမှာ
ဆုံတွေ့ကြရသူအပေါင်း
နှစ်သစ် အခါသမယမှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး
အရာရာကို ကျော်ဖြတ်နိုင်ကြပါစေလို့
နှစ်ဦးဆုတောင်းမေတ္တာပို့သလိုက်ပါရစေရှင်

05/04/2022

Bonita Garden ချစ်သူများရှင့်

နေရာ ဒေသမရွေး ခရီးသွားလျှင်
ကျန်းမာရေးဌာနရဲ့ ကြေငြာချက်လေးဖြစ်တဲ့
COVID ကာကွယ်ဆေးထိုးပြီးကြောင်း
Certificate လေးနဲ့
မှတ်ပုံတင်မူရင်းလေးကို
ဧည့်သည်တိုင်း မမေ့မလျော့ ယူဆောင်လာဖို့
မေတ္တာဖြင့် သတိရစေဖို့ ထပ်လောင်းပြောပါရစေရှင့်..

BONITA GARDEN ချစ်သူများရှင့်မြန်မာနှစ် တန်ခူးလ၏လဆန်း တစ်ရက်နေ့ဖြစ်သလို ယနေ့သည် ဧပြီလ၏ လဆန်းတစ်ရက်နေ့ အဖြစ် ထပ်တူကြနေပါတ...
01/04/2022

BONITA GARDEN ချစ်သူများရှင့်

မြန်မာနှစ် တန်ခူးလ၏လဆန်း တစ်ရက်နေ့
ဖြစ်သလို ယနေ့သည် ဧပြီလ၏
လဆန်းတစ်ရက်နေ့ အဖြစ် ထပ်တူကြနေပါတယ်
ရေစက်စုံလို့ ကုသိုလ်ဖက်တွေဖြစ်လာရပြီမို့
သာဓုသာ အကြိမ်ကြိမ်ခေါ်ပါတော့နော်
ဘာလို့များ သာဓု ခေါ်ခိုင်းတာလဲလို့ မေးရင်
ဖြေ ပေးမယ်နော်
မြင်းကရွာလေးမှာ
ရှေး နှစ်ပေါင်းများစွာကတည်းက
သဘာဝ စိမ့်စမ်းရေကို လိုအပ်သလို
သွယ်တန်းပြီး အသုံးပြုခဲ့ကြပါတယ်
ကျွန်မတို့ခြံလေးက မြင်းကရွာမှာ
ပထမဦးဆုံး ရေတွင်းတူးတာ
အောင်မြင်ခဲ့တဲ့ နေရာလေးပါ
မြင်းကကျောင်းတိုက်ကြီး အတွက်
ရေပိုက်များ သွယ်တန်းပြီး
အမြဲတမ်း ရေလှူဒါန်းပေးခဲ့တာ
ရေ စတင်ထွက်သည့် 21.7.19 ကတည်းက
ယနေ့အထိပါ
ရွာထဲမှ နွေရာသီ ရေလိုအပ်သူများရှိရင်
တစ်ပတ် နှစ်ရက် လာယူရန်
ရေမောင်းပေးပြီး လှူဒါန်းခဲ့ပါတယ်
BONITA GARDEN လေးကိုစတင်
မွေးဖွားလာတဲ့ အချိန်ကစပြီး
အေးချမ်းသာယာစွာ
အနားယူ လာကြသောချစ်ရတဲ့
ဧည့်သည်တော်များရဲ့ မေတ္တာကြေးလေးတွေကို
ရေစက်မောင်းဖို့ ဆီဖိုးအဖြစ် ထည့်ပြီး
အသုံးပြုခဲ့ပါတယ် ဒါကြောင့်
BONITA GARDEN - ချစ်ဧည့်သည့်များ၏
ရေကုသိုလ် အလှူလေး ဖြစ်သွားပြီနော်
နှစ်ဦး ကုသိုလ်အဖြစ် မျှဝေပါရစေရှင်
ကိုယ်ရော စိတ်ပါ အေးချမ်းစွာ အနားယူနိုင်ဖို့
သဘာဝ တောတောင် အလှတရားများကို
လာရောက်ခံစားရင်း BONITA GARDEN နှင့်အတူ
ကုသိုလ်တွေ မျှဝေခံစားရအောင် လာလည်ပါလို့
အမြဲဖိတ်ခေါ်ပါရစေနော်

တောင်တန်းကြီးတွေကိုလည်း ချစ်တယ်ထင်းရှူးနံ့ သင်းပျံ့လွန်းတဲ့ လတ်ဆတ်တဲ့လေကိုလည်း ရှူမယ်ဆိုရင်မင်းရဲ့ ပိုင်ဆိုင်မှူ့တွေကို ...
26/03/2022

တောင်တန်းကြီးတွေကိုလည်း ချစ်တယ်

ထင်းရှူးနံ့ သင်းပျံ့လွန်းတဲ့

လတ်ဆတ်တဲ့လေကိုလည်း ရှူမယ်ဆိုရင်

မင်းရဲ့ ပိုင်ဆိုင်မှူ့တွေကို ထားခဲ့ပြီး

သဘာဝနဲ့ အနီးစပ်ဆုံးမှာ နေပါ

မြောက်လေကပြန်  ရောက်ပြန်ပေါ့ နွေဂိမာန်ချိန်တဖန် ကူးတော့မည်မို့နေရှိန်ဒဏ် ပူပြင်းတဲ့နေရာမှတောင်ပေါ်မြို့လေးဆီကို အေးချမ်း...
09/03/2022

မြောက်လေကပြန်
ရောက်ပြန်ပေါ့ နွေဂိမာန်
ချိန်တဖန် ကူးတော့မည်မို့
နေရှိန်ဒဏ် ပူပြင်းတဲ့နေရာမှ
တောင်ပေါ်မြို့လေးဆီကို
အေးချမ်းမူ့ကို ရှာကြစို့

မင်္ဂလာညချမ်းပါရှင်BONITA GARDEN ကို ချစ်စဖွယ်အိမ်လေးအဖြစ်ဆောက်လုပ်ထားတာပါရှင်လူအများကြီး နေလို့ရအောင်ရည်ရွယ်ချက်နဲ့ တည်...
01/03/2022

မင်္ဂလာညချမ်းပါရှင်
BONITA GARDEN ကို
ချစ်စဖွယ်အိမ်လေးအဖြစ်
ဆောက်လုပ်ထားတာပါရှင်
လူအများကြီး နေလို့ရအောင်
ရည်ရွယ်ချက်နဲ့
တည်ဆောက်ထားတာ မဟုတ်ဘဲ
လူနည်းနည်းနဲ့ အေးအေးဆေးဆေး
အနားယူဖို့ ဆောက်လုပ်ထားတာပါရှင်

လူများလျှင် အချင်းချင်း
စကားပြောသံ, စားကြသောက်ကြ,
ပြောကြ ဆိုကြနဲ့
တေးသီချင်းသံလေးတွေက
ပုံမှန် ပြောဆိုတာ ဖြစ်ပေမဲ့
တိတ်ဆိတ် ငြိမ်သက်ပြီး
စောစော နားတတ်ကြတဲ့
ပတ်ဝန်းကျင်ကိုလည်း အားနာရလို့
အနှောက်အယှက် မဖြစ်စေချင်ပါဘူးရှင်

အိမ်တွင်းမှာ ထည့်ပေးထားတဲ့
လျှပ်စစ်ပစ္စည်း အစုံရှိပေမဲ့
တပြိုင်နက်ပြိုင်ပြီး အသုံးပြုကြလျှင်
မီးအားမနိုင်တာမျိုး ဖြစ်တတ်ပါတယ်ရှင်

ဧည့်သည်များကလည်း
BONITA GARDEN က
Rental house လေးဖြစ်လို့
မိမိတို့အသုံးပြုခဲ့သော
ပစ္စည်းလေးများကို သုံးစွဲပြီးသည့်အခါတိုင်း
နေရာတကျ ပြန်လည်ထားပေးရန်နှင့်
တစ်စုံတစ်ရာ အကြောင်းအမျိုးမျိုးကြောင့်
ပျက်ဆီးခဲ့လျှင် မေတ္တာဖြင့်
ပြန်လည်အစားထိုး ထည့်ပေးဖို့
လိုအပ်ပါတယ်

ဧည့်သည်တစ်ဖွဲ့ နဲ့တစ်ဖွဲ့ကြားမှာ
တစ်အိမ်လုံးကို ပိုးသတ်ဆေးဖြန်းပြီး
မီးဖိုချောင်က အိုးခွက်ပန်းကန်များ
ရေချိုးခန်း , ဧည့်ခန်း , အိပ်ခန်း ,
ခြံအတွင်း အစရှိသဖြင့် နေရာစုံ
သန့်ရှင်းရေးလုပ်ရတာမို့
အိမ်တစ်အိမ်လုံးရှင်းရတာက
ဟိုတယ်အခန်းလေးကို ရှင်းရတာထက်
အချိန် အများကြီး လိုအပ်ပါတယ်ရှင်

ဒီအချိန်မှာ အားလုံးဟာ
စိတ်ပင်ပန်း, လူပင်ပန်းဖြစ်နေတဲ့အချိန်မို့
လာရောက်တဲ့ ဧည့်သည်တိုင်း၏
ရင်ထဲ , နှလုံးသားထဲကို
အေးအေးချမ်းချမ်းနဲ့
ပြည့်ပြည့်ဝဝ အနားယူစေချင်တဲ့
ဧည့်ဝတ်ကျေပြွန်မှု့ကို ပေးချင်တာပါရှင်

အိမ်လေးက ခြံထဲမှာတစ်လုံးတည်းသာ
ရှိသည့်အတွက် ဧည့်သည်များ
ကြိုတင် ရက်ချိန်းယူထားပြီး
ရက်ပြောင်း မပေးနိုင်တဲ့
အခက်အခဲရှိတာမို့
နားလည်ပေးစေချင်ပါတယ်

Booking အတွက်ကတော့
​50% of Deposit
လွှဲပေးရန် လိုအပ်ပြီး
အကြောင်း အမျိုးမျိုး ကြောင့်
မလာဖြစ်ပါက deposit
ပြန်မရနိုင်ပါဘူးရှင်
ရက်ပြောင်းချင်ရင်
တစ်ပတ်ကြိုပြောရင် ရပါတယ်
ပြောင်းချင်တဲ့ ရက်ကိုပြောလို့
ရက်ရှိရင် ရက်ပြောင်းပေးပါမယ်
မရှိရင် အနီးစပ်ဆုံး ရက်ကို ပြောင်းပေးပါတယ်
ထပ်ပြောင်းပြီးလို့ မလာဖြစ်ရင်
၎င်းရက်ဖိုးကို အပြည့်ပေးချေရပါမယ်
Checkin - 2 :00pm
Checkout - 11:00 am
ပြောင်းလဲထားတာကိုလည်း
သိစေချင်ပါတယ်ရှင်

Address


Telephone

+959448050095

Website

Alerts

Be the first to know and let us send you an email when Bonita Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bonita Garden:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share