PVTV

PVTV နိုင်ငံရေး စီးပွားရေး လူမှုွရေး

29/08/2022

ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက Project Skywalk လုပ်ဆောင်မယ်
ဩဂုတ် ၂၉ ၊ ၂၀၂၂

ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ရန်ပုံငွေရှာဖွေဖို့အတွက် Project Skywalk ကို လုပ်ဆောင်ပါတော့မယ်။

Project Skywalk ကနေ အမေရိကန်ဒေါ်လာ တစ်သန်း အနည်းဆုံးရဖို့အတွက် မျှော်မှန်းထားတာဖြစ်တယ်လို့လည်း သိရ ပါတယ်။

Project Skywalk အတွက် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို OFP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ကမ်ပိန်းအမြန်ဆုံး အောင်မြင် စေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေ၊ PVTV အပါအဝင် လွတ်လပ်တဲ့ တော်လှန်ရေး မီဒီယာတွေ၊ မြေပြင်ဒရုန်းတပ်ဖွဲ့တွေ၊ အနုပညာရှင်တွေ၊ လူမူကွန်ရက်ပေါ်က ထင်ရှားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မျှော်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ တစ်သန်းကျော်က တိုက်ပွဲဝင်နေတဲ့ drone squad တွေအတွက် မဟာဗျုဟာကျတဲ့ ပစ္စည်းတွေကို အတိုင်းအတာ တစ်ခုအထိ ထိထိရောက်ရောက် တပ်ဆင်ပေးနိုင်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုထားပါတယ်။

Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်ပြီး ကာကွယ်ရေး ဒုဝန် ကြီး နိုင်ကောင်းရွက် ဦးဆောင်ကာ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တို့ ဦးစီးပြီး ပြုလုပ်တာပါ။

Project Skywalk ဆိုတာ မြေပြင် ဒရုန်းတိုက်ခိုက်ရေးတပ်တွေကို လက်ရုံးတပ်တွေအဖြစ် စုစည်းပြီး ဟန်ချက်ညီညီ စစ် ဆင်ရေးပုံဖော်လာနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီပရောဂျက်ကို လုပ်ဆောင်ဖြစ်တာကတော့ ၂၀၂၂ ခုနှစ် ပထမ လေးလပတ်အစီရင်ခံစာအရ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို အထိနာစေခဲ့တဲ့ စစ်ဆင်ရေး တွေထဲမှာ ဒရုန်းစစ်ဆင်ရေးတွေလည်း အပါအဝင်ဖြစ်တဲ့ အတွက်ကြောင့် ဆိုထားပါတယ်။

ဒရုန်းတွေကို တိုက်ခိုက်ရေး တစ်ခုတည်းအတွက်သာ မကဘဲ ကင်းထောက်တာနဲ့ ဝါဒဖြန့်ချီရေးကဏ္ဍတွေမှာပါ အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးမှာ အလှည့်အပြောင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒရုန်းတွေရဲ့ အရေးပါမှုကို မြေပြင် တိုက်ပွဲတွေကိုကြည့်ရင်တွေ့ရမှာဖြစ်တယ်လို့လည်း Project Skywalk ပရောဂျက်က ပြောထားပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

ဩဂုတ် ၂၆ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု=====================================⚠ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လ...
27/08/2022

ဩဂုတ် ၂၆ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
=====================================

⚠ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လက်ပံတောင်းတောင်စီမံကိန်းမှ ကြေး နီသယ်ကားများကို လုံခြုံရေးယူပေးရန် ထွက်လာသည့် ရဲ ၈ ဦးကို ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။ ယနေ့ နံနက်ပိုင်း ကြေးနီသယ်မည့် ကားများကိုလုံခြုံရေးယူပေးရန်နှင့် မိုင်းရှင်းလင်းရန် တပ်ကျိုးကုန်းနှင့် ရဲတပ် ရင်း၂၈ မှထွက်လာသော ရဲ ၈ ဦးကို ပုသိမ်-မုံရွာလမ်း မြောက်ယမားတံတားနှင့် ရဲတပ်ရင်း ၂၈ အကြား မိုင်း ကွင်းထဲဝင်ကာ မိုင်းများကိုဖြုတ်ရန် ပြင်ဆင်နေစဉ် မဟာမိတ်ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး နေရာတွင်ပင် သေဆုံးကြောင်း၊ ကျန် ၅ ဦးဒဏ်ရာရရှိကြောင်း Regional Friend Fighters(RFF)ထံမှ သိရှိရပါတယ်။

⚠ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း​ဒေသရှိ မင်းရွာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များနှင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၂၁ ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရပါတယ်။ အကြမ်းဖက် စစ်တပ်သည် မင်းရွာကျေးရွာတွင် တပ်စွဲထားသည်မှာ ၁ လကျော်ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၁ ဦးခန့်သေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း၊ PDF မဟာမိတ်များဘက်မှ ရဲဘော် ၆ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရပါတယ်။

⚠ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ လမ်းမှားလာတဲ့ စစ်ကောင်စီတပ်သား သူရိန်ကို လက် နက်နှင့်အတူ အရှင် ဖမ်းဆီးရမိကြောင်း Khin-U Dynamite Squadမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ ဩဂုတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီအချိန် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

⚠ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ် ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရပါတယ်။ အဆိုပါ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ လက်မောင်းတံဆိပ်သည် ဧရာ၀တီတိုင်း( အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်) တံဆိပ်ဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်ထံမှသိရပါတယ်။ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ် ဆေးရေးများပြုလုပ်နေစဉ် အဆိုပါ ဒုဗိုလ်မှုးကြီးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အခြေအနေ အကြောင်း ကြောင်း ကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတာဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုထားပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့ ည (၈)နာရီမှာ ဆန်ရေအတွက် Live လေး ရှိပါတယ်။ ဆန်ရေပရော့ဂျက်အကြောင်း၊ ပြီးတော့ အမေနဲ့ အမေ့သားကြားက At...
27/08/2022

မနက်ဖြန် တနင်္ဂနွေနေ့ ည (၈)နာရီမှာ
ဆန်ရေအတွက် Live လေး ရှိပါတယ်။

ဆန်ရေပရော့ဂျက်အကြောင်း၊ ပြီးတော့ အမေနဲ့ အမေ့သားကြားက Attachment လေးတွေအပေါ် ခံစားချက်လေးတွေကို ကလေးအမေသုံးယောက်က ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲလေးကို စောင့်မျှော်နားထောင်ရင်း ဆန်ရေလက်မှတ်လေးတွေ အားပေးကြပါဦးနော်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေးဆပ်ခဲ့ရတဲ့ မိခင်အတွက် ဆန်ရေ ...

17/07/2022

ဇူလိုင်လ ၁၇ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ ( International Day of Justice )ဖြစ်ပေါ်လာပုံအကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအား အမြန်ဆုံးအရေယူနိုင်ရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးဝင်းမှ ပြောကြားခဲ့သည်။https://www.facebook.com/pvtvmyanmar/videos/568588034719216/

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစိုးရအဖွဲ့အစည...
13/07/2022

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြထား
ဇူလိုင် ၁၂ ၊ ၂၀၂၂

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေအတွက် အရည်အချင်းစိစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က “အဆိုပါကော်မတီအနေဖြင့် တော်လှန်ရေးကာလအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှု ထမ်းလိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုဆောင်းပြီး လူထုဘဝ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ရန်၊ ရဲတပ်ဖွဲ့ဝင်သစ်များ တာဝန်ပေးအပ်နိုင်မှုကအစပြုပြီး တော်လှန်ရေးကို အရှိန် မြှင့်တင်ဆောင်ရွက် လျက် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် အထောက်အပံ့ပြုရန် ရည်ရွယ်ထားတာ၊ တော်လှန်ရေးကာလဖြစ်တဲ့အလျောက် အကြမ်းဖက်စစ်ကောင်စီရဲ့ အန္တရာယ်ရန်စွယ်မှ ကာကွယ်ပေး ပြီး ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံရေးပေးနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အားသွန်ခွန် စိုက်ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါအပြင် ပြည်သူ့ရဲတပ်ဖွဲ့ကို ဝင်ရောက်အမှုထမ်းရွက်လိုတဲ့ ရဲတပ်ဖွဲ့အသစ်တွေကို ခန့်အပ်နိုင်ရေးအတွက် အရည် အချင်း စစ်ဆေးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရတာဖြစ်တယ်ဆိုတာနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ဥပဒေ အခန်း(၄) ပုဒ်မ၇(က) အရ အရည်အချင်း စစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက်ရတာဖြစ်တယ်ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးခဲ့တာပါ။

ကော်မတီဖွဲ့စည်းပြီးတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးအုပ်ချုပ်ရေး ဒေသတွေမှာ မြို့နယ်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ပြီး လူထုဘဝ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖက်ဆစ်အကြမ်း ဖက် လုပ်ရပ်တွေကို တရားဥပဒေနဲ့အညီ အရေးယူပစ်ဒဏ်ချမှတ်သွားနိုင်ရေး ကိစ္စတွေကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရဲ့ တင်ပြဆွေးနွေးချက်တွေကို အစိုးရအဖွဲ့ဝင်တွေက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြပြီးတော့ အဲဒီအကြံပြုချက်တွေကို ထည့်သွင်းပြီး မကြာခင်အချိန်မှာ အရည်အချင်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်း သွားမှာဖြစ်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgအီဒွလ် အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့မြတ်သို့...
10/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
အီဒွလ် အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့မြတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၀) ရက်
၁။ ယနေ့သည် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်သည်။ ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ “အီဒွလ် အဿွ်ဟာ” နေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များအဖို့ အရေးကြီးပွဲနေ့မြတ်နှစ်ခုအနက် တစ်ခုဖြစ်သည်။ ဤနေ့မြတ်သည် အာဗြဟံက ၎င်း၏သား အိရှမေးလ်အား အလ္လာဟ်အရှင်မြတ်ထံ ပူဇော်ရန် စိတ်ဆန္ဒ ပြဌာန်းပြုလုပ်ခဲ့သည်ကို အလေးအမြတ်ထားအောက်မေ့၍ ကျင်းပခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အိရှမေးလ်အစား သိုးသူငယ်တစ်ကောင်ကိုသာ ပူဇော်ရန် အာဗြဟံအား ပြင်ဆင်ပေးသနားတော်မူခဲ့သည်။
၃။ အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်၏သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်သည်။ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ပေသည်။ တရားမျှတမှု မတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်ပေ။ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် မိမိတို့အားလုံးတွင်တာဝန်ရှိသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှု ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။
၅။ ယနေ့မှစတင်သည့် “အီဒွလ် အဿွ်ဟာ” နေ့မြတ်အချိန်အခါသာမယအတွင်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာ တော်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း လုံခြုံငြိမ်းချမ်းနိုင်ပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တွင် စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Government

07/07/2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ရက်“ဆဲဗင်းဂျူလိုင်...
07/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ရက်

“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”

ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယဖြစ်သည်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

၁၉၆၂ မတ်လ (၂) ရက်နေ့တွင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက လူထုတရားဝင်ရွေးကောက်ထားသော အစိုးရကို လက်နက်အားကိုးဖြင့်ဖြုတ်ချ၍ အာဏာသိမ်းယူ လိုက်ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ တက္ကသိုလ်ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက် တက္ကသိုလ်၏ အသက်ဝိဉာဉ် ဖြစ်သော လွတ်လပ်ငြိမ်းချမ်းမှုကို ကန့်သတ်ထိမ်းချုပ်လိုသည့် စစ်အာဏာရှင်၏လုပ်ရပ်ကို လက်မခံပဲ ကျောင်းသားထုတစ်ရပ်လုံးက အုံကြွဆန့်ကျင်ခဲ့ကြရာ စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြပေသည်။ စစ်အာဏာရှင်များ၏ လက်နက်အားကိုး၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုသည့် ယုတ်ညံ့သောစိတ်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားပဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက် ချင်ကြသော ကျောင်းသားလူငယ်များ၏ လွတ်လပ်သော စိတ်တို့သည် ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြလျက်ရှိပေသည်။

သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင် များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြုအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Government

30/06/2022

(၃၀-၆-၂၀၂၁) ရက်နေ့ ထုတ်လွှင့်မှုကဏ္ဍများ

PVTV Theme Song – Public Voice is Public Power
Daily News - မျိုးသော်တာ
ပြည်သူ့ခုခံတော်လှန်စစ်သတင်းများ - နွေဦးလင်းအိမ်
ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်(အပိုင်း-၆) - သန့်ဝေကျော်
ဖြစ်ရပ်မှန် အက်ဆေး - သံတိုင်နောက်ကနတ်မိမယ်/K2 and Micky
ဆောင်းပါး - ပြည်သူ့မေတ္တာစူးရင်နိုင်ငံရေးမှာဖြေဆေးမရှိဘူး/သခင်-N

နေ့စဉ်ည (၈:၀၀) အချိန်တွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ ရုပ်သံသတင်းများ၊ ရုပ်သံစာမူများ၊ သီချင်းများနှင့် အခြားဖန်တီးမှုအနုပညာ လက်ရာများ၊ Video များကို [email protected] သို့ ပေးပို့နိုင်ပါသည်။
PVTV ၏ ရုပ်သံအစီအစဉ်များအား PVTV ၏ Youtube Channel – https://youtube.com/c/pvtvmyanmar ကို Subscribe ပြုလုပ်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အားပါဝင်အားဖြည့်နိုင်ပြီဖြစ်ပါတယ်။

30/06/2022
NUGPay အင်တာနက်စာမျက်နှာ လွှင့်တင်လိုက်ပါပြီ။၄င်း Website ၌ အမေးများသော မေးခွန်းနှင့် အဖြေများ၊ သိသင့်သည့် အချက်အလက်များ...
27/06/2022

NUGPay အင်တာနက်စာမျက်နှာ လွှင့်တင်လိုက်ပါပြီ။

၄င်း Website ၌ အမေးများသော မေးခွန်းနှင့် အဖြေများ၊ သိသင့်သည့် အချက်အလက်များအပြင် NUGPay Hotline ကိုလည်း ထည့်သွင်းထားပြီး အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာ ဖြင့် ဖတ်ရှုလေ့လာနိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် NUGPay Application အား အသုံးပြုရာ၌ အခက်အခဲများ ရှိပါက ၄င်း Website ရှိ Hotline မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ပြီး NUGPay Customer Support Team မှ ပြန်လည် ဖြေကြားသွားမည် ဖြစ်ပါသည်။

မေးမြန်းသူများပြားသည့် အခြေအနေအချို့တွင် Customer Support မှ အကြောင်းပြန်ရန် နောက်ကျပါက နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Website Link - https://nugpay.app
မြန်မာဘာသာဖြင့် - https://nugpay.app/mm

“ပြည်သူ့အာဏာ ပြန်ယူရန်… NUGPay ဖြင့် တို့တော်လှန်”

NUGPay is the newest payment system introduced for the people of Myanmar. It is a mobile wallet application that you can use anytime, anywhere with just one click. Simply download and register to begin using NUGPay.

21/06/2022
မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်း မောင်ကျော်ညီဇင် ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ထုတ်ပြန်၊ အပြစ...
22/05/2022

မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်း မောင်ကျော်ညီဇင် ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ထုတ်ပြန်၊ အပြစ်မဲ့ ကျဆုံးသူတွေအတွက် တရားမျှတမှု မဖြစ်မနေပြန်ယူမယ်လို့ ဖော်ပြထား
မေ ၂၂ ၊ ၂၀၂၂

အကြမ်းဖက် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်း မောင်ကျော်ညီဇင် ကျဆုံး မှုအပေါ် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သလို အပြစ်မဲ့ ကျဆုံးသူတွေအတွက် တရားမျှတမှု မဖြစ်မနေပြန်ယူမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်းနေတဲ့ ပညာရေးအစီအစဉ်ကို CDM ပြုလုပ်ထားတဲ့ အသက် ၂၁ နှစ်အရွယ် မောင် ကျော်ညီဇင်က မိသားစုနဲ့အတူ အိမ်စီးကားနဲ့ သွားနေစဉ်အတွင်းမှာ မန္တလေး-မုံရွာကားလမ်းမပေါ်ရှိ မြင်းမူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လူစိတ်ကင်းမဲ့စွာနဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာဖြစ် ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အထူးကုဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဆေးနဲ့ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချ တာ၊ နှိပ်စက်သတ်ဖြတ်တာ၊ ဆေးကုသခွင့်လိုင်စင်တွေကို အဓိပ္ပာယ်မဲ့ ရုပ်သိမ်းတာ၊ လူနာတွေရဲ့ လျှို့ဝှက်အပ်တဲ့ အ ချက်အလက်များကို ကျင့်ဝတ်နဲ့မလျော်ညီစွာစောင့်ကြည့်ရယူတာ၊ ဆေးရုံ/ဆေးခန်းတွေကို အဓမ္မဝင်ရောက်စီးနင်း တာ၊ စစ်ဆေးအရေးယူတာ၊ လုယက်ချိတ်ပိတ်သိမ်းပိုက်တာ အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အစဉ်တစိုက် ကျူးလွန်နေတာလို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ မေ ၁၉ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း (၁,၈၅၁) ဦးရှိခဲ့ပြီ ဖြစ်ပြီး အမှန်တကယ်ကျဆုံးခဲ့သူတွေမှာ အဆိုပါအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့အတူ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေအားလုံးကို ပြည်သူ့တရားဥပဒေနဲ့အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။




Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

၂၀၂၂ မေလ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများသတင်းခေါင်းစဉ်များ -📌မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန...
18/05/2022

၂၀၂၂ မေလ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား

📌ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဆို

📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းဖိတ်ခေါ်

📌မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်

📌စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာအား စကစတပ်နဲ့ ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီး

📌ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM ပြော

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

မေလ ၁၇ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့တာကတော့ မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

"မိမိတို့အစိုးရအနေဖြင့် Charter ပါ နိုင်ငံရေးရည်မှန်းချက်၊ လမ်းပြမြေပုံများနှင့်အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုက တရားမဝင်သည့်အပြင် အဖြေရရှိမှာ မဟုတ် ဘူးဆိုတာနဲ့ NUG အစိုးရအနေနဲ့ ပြည်သူလူ ထုအကျိုးကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးကိစ္စ၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ ဒေသန္တရအုပ်ချုပ်အကောင်အထည်ဖော်ရေးကိစ္စ တွေမှာ တစိုက်မတ်မတ်ဆောင်ရွက်သွားဖို့အ တွက်လည်း ယာယီသမ္မတက တိုက်တွန်းထား တာတွေ့ရပါတယ်။ စကစရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO ၊ KNPP၊ ABSDF၊ CNF စတဲ့အဖွဲ့များ မတက်ရောက်ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။

=======================

📌📌ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား

မေလ ၁၇ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း အောင်မြင်မှုရ လဒ်တွေအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင် မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့"ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ နေရပ်စွန့်ခွာသူဦးရေ ၅၉၀,၁၀၀ ဦးအပါအဝင် စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေဟာ ယခုနှစ် မေလ ၂ ရက်အထိ ၉၃၆,၇၀၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

========================

📌📌ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဆို

ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ၏ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်က မေလ ၁၇ ရက်မှာ လူမှုကွန်ရက်မှတစ်ဆင့်ရေးသားပြောကြားခဲ့တာပါ။

"ဒီတော်လှန်ရေးဟာ မိစ္ဆာ အကြမ်းဖက် စစ်အုပ်စုနဲ့ စစ်အာဏာရှင်၊ အာဏာရှင်မှန်သမျှ မြန်မာ့မြေပေါ်က လုံးဝ အပြီးတိုင် ချုပ်ငြိမ်းစေဖို့ တဦးချင်းစီးတိုင်းက စုဖွဲ့မှု မျိုးစုံ၊ တော်လှန်ပုံ အမယ်မယ်နဲ့ အားလုံးပါဝင်ကြိုးပမ်းနေကြတာပါ။ ဒီလို အခြေအနေမှာ ငါနဲ့ မတူလို့ ငါ့ရန်သူလို့ မယူဆသင့်ပါဘူး။ မိမိတို့ ယုံကြည်ရာ လုပ်နည်း လုပ်ဟန်မျိုးစုံနဲ့ လုပ်နေသူတိုင်းအပေါ် အချင်းချင်း လေးစားအသိအမှတ်ပြု တန်ဘိုးထားပြီး ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတာပါ။ တော်လှန်ရေး အပြီး နိုင်ငံသစ်တည်ဆောက်ရေးအတွက်လည်း ခွန်အားတွေ လိုနေအုံးမှာမို့လား။ ဒီအတွက် တဦးချင်းစီတိုင်း လက်ကုန် တက်ကုန်ဆက်ဖွင့်၍ အရေးတော်ပုံအောင်မြင်သည်ထိ ဆက်လက်ချီတက်ကြဖို့ပါ"လို့ဆိုထားပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းဖိတ်ခေါ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းမေလ ၁၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်စနစ်ဟာ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော အခွန်စနစ်တစ်ရပ် ပေါ်ပေါက်လာရေးဆိုတဲ့ မူဝါဒကို ဦးတည်ပြီး အကောင်အထည်ဖော်ထားတာကြောင့် ပြည်သူများအနေနဲ့ မိမိပေးဆောင်လိုတဲ့ အခွန်ပမာဏကို တွက်ချက်ပြီးပေးဆောင်ရုံပဲဖြစ်ပါတယ်"လို့ဆိုထားပါတယ်။

အသေးစိတ်အချက်အလက်များကို https://ird.nug-mm.net/ တွင် လေ့လာနိုင်ပါတယ်။

အခွန်ပေးဆောင်ရမှာအခက်အခဲများရှိပါက ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Facebook messenger သို့မဟုတ် website မှ တဆင့်မေးမြန်းနိုင်တယ်လို့သိရပါတယ်။

========================

📌📌မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်

မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်တယ်လို့ မေလအတွင်းမှာ မြစ်ငယ် PDF ကဖော်ထုတ်ပြသခဲ့ပါတယ်။

"MN PDF (မြစ်ငယ်)၏ကိုယ်ပိုင် ကာဘိုင် လက်နက်များတီထွင်ထုတ်လုပ်မှု့အောင်မြင်ကြောင်း အလှူရှင်မိဘပြည်သူများကိုအသိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ၆၀မမများ၊ကာဘိုင်သေနတ်များ၊ စနိုက်ပါသေနတ်များကို ကိုယ်တိုင်ထုတ်လုပ်အောင်မြင်လျက်လည်းရှိပါတယ်။

========================

📌📌စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာအား စကစတပ်နဲ့ ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီး

မေလ ၁၇ ရက်နေ့ နံနက် (၁၀ ၃၀) အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရဲစခန်း နှင့် ချပ်ကြီးကျေးရွာရှိ စကစ တပ်သား၊ ပျူစောထီးများဟာ ကျေးရွယများကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့တာလို့ ကန့်ဘလူPDFကဆိုပါတယ်။

ယင်းသို့ရွာများကို မီးရှို့ဖျက်ဆီးရာတွင်ဦးကင်းကြည်ကျေးရွာ၊ တင်မော်ကျေးရွာ၊ ပိတောက်ပင် ကျေးရွာ၊ အုပ်ခင်းကျေးရွာ၊ ပုဏ္ဏားကြီးကျေးရွာရှိ ကျေးရွာနေ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာစကစတပ်များ၊ ပျူစောထီးများနေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာသူ/ ကျေးရွာသားများအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြတယ်လို့သိရပါတယ်။

========================

📌📌ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM ပြော

ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM တပ်သားကောင်းကောင်းကပြောကြားလိုက်ပါတယ်။

မေလအတွင်းမှာ ရေတပ် CDM တပ်သားကောင်းကောင်းပြောကြားချက်ကို ပြည်သူ့ပန်းတိုင်အဖွဲ့ကဖော်ပြခဲ့ပါတယ်။

"နွေဦးတော်လှန်ရေးသည် ပြည်သူ့ရင်မှပေါက်ဖွားလာခဲ့တဲ့ တော်လှန်ရေးတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူကို သေနတ်နဲ့ ရက်ရက်စက်စက်ပစ်သတ်၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ပြည်သူဟာ လက်နက်ကိုင်တော်လှန်မှသာလျှင် အာဏာရှင်တစ်စုရဲ့ အာဏာရူးနေတာတွေ၊ လူ့အခွင့်အရေးဆုံးရှုံးတာတွေကို ပြန်လည်ရရှိမှာဖြစ်တာကြောင့် တော်လှန်ရေးပေါ်ပေါက်လာရတယ်လို့ မြင်ပါတယ်။ ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး"လို့ ဆိုပါတယ်။

တပ်သားကောင်းကောင်း (အမည်လွှဲ)ဟာတပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်းဌာနချုပ်ကနေ CDM ပြုလုပ်လာခဲ့တဲ့တပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။



ပြည်တွင်းအခွန်များ ဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် နှုတ်ခွ...
14/05/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာ
သာသနာတော်နှစ် ၂၅၆၆ ခုနှစ်
၂၀၂၂ခုနှစ်၊ မေလ (၁၄) ရက်

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တရက် ဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်ပါသည်။ ဤမွန်မြတ်သော နေ့ထူးနေ့မြတ် အချိန်အခါ သမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့ဘဝ ဗျာဒိတ်ခံယူခြင်း၊ အလောင်းတော်ဖွားမြင်ခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကိုရရှိခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသော အဖြစ်လေးခုသည် ကဆုန်လပြည့်တွင်သာ တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် အလွန်ထူးခြားသော နေ့ထူးနေ့မြတ် တရက်ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ် ၂၅၆၅ခုနှစ်မှ ၂၅၆၆ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိချိန်လည်းဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သဗ္ဗေညုတ ဉာဏ်တော်ကို ရရှိချိန်မှစ၍ ၄၅ ဝါကာလပတ်လုံး အယုတ်၊ အလတ်၊ အမြတ် ဟူ၍ မခွဲခြားဘဲ လောကကို ကောင်းစွာအလှဆင်နိုင်သူများဖြစ်ကြစေရန် ရည်သန်လျက် ဟောဖော် ညွှန်ကြားအပ်သော မြတ်တရားများကြောင့် ဓမ္မနှင့် အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ် ဝေဖန်ပိုင်းခြား သိရှိကြရသည့်အပြင် လိုက်နာကျင့်ကြံအပ်သော တရားဓမ္မများ၊ နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါး မြတ်တရားများကို ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့ပါသည်။

ယခုအခါမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဓမ္မနှင့်အဓမ္မကိုဝေဖန်မပိုင်းခြား တတ်သော လူတစုကြောင့် ဆင်းရဲဒုက္ခများခံစားခဲ့ကြရသည်မှာ တနှစ်ကျော်ကာလ ကြာခဲ့ပြီဖြစ်ပါသည်၊ သို့ရာတွင်အဓမ္မတရားများကိုရှောင်ရှားပြီး ဓမ္မတရားကိုသာလိုက်နာကျင့် သုံးသင့်ကြောင်း မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်အတိုင်း ဓမ္မနှင့် အဓမ္မကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မည်ဖြစ်ပါသည်။

နွေဦးတော်လှန်ရေးတွင်ပါဝင်ရင်း အသက်ပေးလှူသွားကြသော မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်း မြင့်မြတ်ရာ ဘုံဘဝတွင်ရောက်ရှိခံစားနိုင်ပါစေကြောင်း မျှော်ရည်လျက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း တိုင်းရင်းသားညီအကို မောင်နှမများ အားလုံး အားသွန်ခွန်စိုက် အတူအကွ ထုဆစ်ပုံဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤနှုတ်ခွန်းဆက်သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Government

အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအပါအဝင်  နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြ...
15/04/2022

အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအပါအဝင် နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ထုတ်ပြန်

ဧပြီ ၁၄ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအပါအဝင် နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဧပြီ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ မြန်မာနိုင်ငံမှာ စစ် အာဏာရှင်တွေကျဆုံးရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး ရည်မှန်းချက်တွေနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေရေး နဲ့ စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံတွေ ၊ နိုင်ငံတကာလွှတ်တော်တွေ ၊ လွှတ်တော်အဖွဲ့အစည်းတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်တွဲပူးပေါင်းလုပ်ဆောင် နေတယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ Nusa Dua မြို့မှာ ကျင်းပခဲ့တဲ့ (၂၀၉) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီ အစည်းအဝေး (209th Session of IPU Governing Council) မှာ ကမ္ဘာတဝှမ်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်တဲ့ ဆုံး ဖြတ်ချက်တစ်ရပ်ကို ချမှတ်အတည်ပြုခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ “အကြမ်းဖက်စစ်တပ်က လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး (၄) ဦးကို နိုင်ငံ သားအဖြစ်က အကြမ်းဖက်ဖျက်သိမ်းခြင်း ၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် (၆၁) ဦးရဲ့ ဆေးဝါးကုသခွင့် ၊ အဆက်အသွယ် ဖြတ်တောက်ထားကာ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့ တွေ့ဆုံနိုင်ရေးကို ချမှတ် တောင်း ဆိုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အတင်းအဓမ္မ အာဏာသိမ်းမှုနောက်မှာ ပေါ်ပေါက်လာခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ် ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကြောင့် လူအများအပြား သေကြေပျက် စီးခဲ့ရမှု၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ၂၀ ဦးနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ အရေးယူနေမှုတွေ ရပ်တန့်ပေးရေး၊ CRPH အဖွဲ့ဝင်တွေအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တညီတညွတ်တည်း ရပ်တည်ကြောင်းပြသဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစည်းမျဉ်း စည်းကမ်းတွေနဲ့ လူ့အခွင့်အရေးတွေအပေါ် လေးစား လိုက်နာရေး ရှိစေရန်အတွက် IPU အဖွဲ့ဝင်လွှတ် တော်တွေ ၊ အမြဲတမ်းလေ့လာသူတွေနဲ့ အာဆီယံ ပါလီမန် များ ညီလာခံ (AIPA) အပါအဝင် လွှတ် တော်ညီလာခံတွေက ဖိအားပေးရေး၊ အကျပ်အတည်းဖြေရှင်းရေးမှာ အထောက်အကူဖြစ်စေဖို့ အရပ် သားတွေအပေါ် လက်နက်အသုံးပြုမှု ရပ်တန့်ရေးတွေကို ပိုမိုလုပ်ဆောင်ရေးတို့ကို ချမှတ်တောင်း ဆိုခဲ့တယ်လို့ထုတ်ပြန်ပါတယ်။




ရဲ့ သတင်းများကို Telegram Channel - https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

28/03/2022

ပြည်သူ့ညီလာခံကအတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြင်ဆင်အတည်ပြုချက်တွေကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်
မတ် ၂၈ ၊ ၂၀၂၂

ပြည်သူ့ညီလာခံကနေပြီးတော့ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြင်ဆင်အတည်ပြုချက်တွေကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်လာတာတွေ့ရပါတယ်။

အတည်ပြုပြီးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ် အပိုင်း ၂ ကို ပြည်သူတွေ လေ့လာနိုင် ဖို့အတွက်လည်း NUCC မှာ ပါဝင်တဲ့သူတွေက ထုတ်ပြန်ခဲ့ပါတယ်။

အစိတ်အပိုင်း ၁ အတွက် ပြင်ဆင်ချက်ကို https://drive.google.com/.../151icaZbvk0uwFJXJrWA.../view... မှာ လေ့လာနိုင်ပြီးတော့ အစိတ်အပိုင်း ၂ အတွက် ပြင်ဆင်ချက်ကို https://drive.google.com/.../1NFDmHBJ877V5x1OOr8D.../view...မှာ လေ့လာ နိုင်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆောင်ပြီး ဇန်န ဝါရီလအတွင်းမှာ ပြည်သူ့ညီလာခံကို ၃ ရက်အကြာ ပြုလုပ်ခဲ့ပြီး အချက် ၈ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ ၈ ချက်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ အစိတ် အပိုင်း ၂ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုတာတွေကို ပြင်ဆင်တယ်လို့ ဖော်ပြထားပါတယ်။

NUCC ရဲ့ ဦးဆောင်မှု ခိုင်မာအားကောင်းစေရန်၊ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်စေရန် NUCC နဲ့ NUG အကြား လုပ်ငန်းတွေ ချိတ်ဆက်မှု ကောင်း မွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နဲ့ လုပ်ထုံးလုပ်နည်းတွေ (Terms of Reference and Role) ကို ပြင်ဆင်ဖြည့်စွက်သွားဖို့ အတည်ပြုထားတာနဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။




ရဲ့ သတင်းများကို Telegram Channel - https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Address


Telephone

+959784187840

Website

Alerts

Be the first to know and let us send you an email when PVTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PVTV:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share