14/03/2024
သင်္ကြန်ကာလအိမ်ပြန်တဲ့အခါကား လက်မှတ်ဝယ် မမှားစေဖို့
Hello မကြာခင်မှာ မြန်မာတို့ရဲ့ အတာသင်္ကြန်ပိတ်ရက်ရှည်ကြီးကိုရောက်တော့မယ်ရှင့် တနှစ်မှတခါသာရတဲ့ ပိတ်ရက်ရှည်ကြီးမှာ ကိုယ့်လုပ်ငန်းခွင်ကနေ မိသားစုဆီပြန်ဖို့ ဒါမှမဟုတ် အပန်းဖြေ ခရီးထွက်ဖို့ဆိုတဲ့ စိတ်ကူးလေးတွေ ရှိကြမှာပေါ့နော် ဒါဆို ပိတ်ရက်အတွက် ပြင်ဆင်တဲ့ ပလန်ထဲမှာ ကားလက်မှတ် ဝယ်ဖို့ကလည်းမပါမဖြစ်မဟုတ်လားရှင် ဒါကြောင့် မင်မင်က ကားလက်မှတ်ဝယ်တဲ့အခါ အဆင်ပြေစေဖို ဒီအချက်လေးတွေကို စစ်ဆေးပြီးကြဝယ်ဖို့ အကြံပြုပါရစေရှင့်
(၁) ခုံနံပါတ်ရွေးဖို့ seat setting ပါတဲ့ screenshot တောင်းပါ
ခုံနံပါတ်ရွေးချင်လို့ပါပြောပြီး အချိန် နေ့ရက် ခရီးစဉ်ပါတဲ့ seat setting ပါတဲ့ screenshot လေးတောင်းပြီး အချက်အလက်တွေကို မှန် မမှန် စစ်ဆေးကြည့်ပါနော် ပြီးရင်အပေါ်က ဘားတန်းမှာပါတဲ့ အချိန်ကို မိမိနဲ့ ပြောနေတဲ့အချိန်နဲ့သိပ်မကွာပါစေနဲ့နော် ဒီလိုစစ်ကြည့်တဲ့အခါ ကိုယ့်ရဲ့ခုံနေရာဘယ်နားဆိုတာကိုသိနိုင်သလို အချက်အလက်တွေ မှန် မမှန် ဆိုတာလည်းသိနိုင်ပါတယ်
(၂)ငွေမလွဲခင် လက်မှတ် booking ကိုစစ်ဆေးပါ
ကားလက်မှတ် ဝယ်တဲ့အခါမှာ ကိုယ်ကကြိုတင်ငွေလွဲရတယ်မဟုတ်လားရှင် ဒါကြောင့် ငွေမလွှဲခင်မှာ ပိုသေချာအောင် comfirm မဖြစ်သေးတဲ့ booking ကိုတောင်းပြီး အချိန် ခရီးစဉ် နေ့ရက် နာမည် ဖုန်းနံပါတ် တို့ကိုသေချာအောင် ပြန်စစ်ဆေးပါနော် သေချာမှ ငွေကိုလွဲပါ ဒီလိုစစ်ဆေးခြင်းဖြင့် မှားနေတာရှိရင် ပြန်ပြင်လို့ရနိုင််လို့ မိမိကိုယ်တိုင်အတွက်သာမက လက်မှတ်ဖြတ်ပေးသူအတွက်ပါ ပိုအဆင်ပြေစေပါတယ်
(3)ငွေလွဲပြီးပါက Eticket ကိုတောင်းပြီးပြန်စစ်ဆေးပါ
လက်မှတ်လေးရပြီဆိုရင်လည်း နောက်တခေါက်ပြန်စစ်ဆေးသင့်ပါတယ်နော် ဒီလိုစစ်ဆေးခြင်းကလည်းကိုယ့်ရဲ့ခရီးစဉ်ကိုပိုအဆင်ပြေချောမွေ့စေမှာပါ
ဒါဆို ကားလက်မှတ်ဝယ်တဲ့အခါ စစ်ဆေးသင့်တဲ့ အချက်တွေကို မင်မင်က ပြောပြလိုက်ပြီဖြစ်လို့ ဘယ်နေရာကနေဘဲ ဝယ်ဝယ် မှားမဝယ်မိတော့ဘူးလို့ယုံကြည်ပါတယ်နော်
ကားလက်မှတ်ဝယ်တဲ့အခါ စစ်ဆေးသင့်တဲ့ အချက်တွေကို သိပြီဆိုတော့ သင်္ကြန်ပိတ်ရက်မှာ ကားလက်မှတ်ဝယ်မယ့်သူငယ်ချင်းတွေလည်းသိအောင် ဒီ post ကို share ပြီးပြောပြပေးပါဦးနော်♥️♥️
#ကားလက်မှတ်
#သင်္ကြန်ကားလက်မှတ်