LIn Zaw Moe Travels & Tours

  • Home
  • LIn Zaw Moe Travels & Tours

LIn Zaw Moe Travels & Tours 𝙒𝙚 𝙬𝙞𝙡𝙡 𝙨𝙚𝙧𝙫𝙚 𝙤𝙪𝙧 𝙗𝙚𝙨𝙩.
(35)

Lin Zaw Moe Travels & Tours ကနေပြီးချောင်းသာ၊ငွေဆောင်၊ကျိုက်ထီးရိုးကိုအလည်သွားချင်တဲ့ခရီးသွားမိတ်ဆွေတွေအတွက်ရွှေနဂါးရဲ့အ...
06/03/2023

Lin Zaw Moe Travels & Tours ကနေပြီးချောင်းသာ၊ငွေဆောင်၊ကျိုက်ထီးရိုးကိုအလည်သွားချင်တဲ့ခရီးသွားမိတ်ဆွေတွေအတွက်ရွှေနဂါးရဲ့အရမ်းတန်တဲ့ကားလက်မှတ်လေးတွေရောင်းချပေးနေပါပြီနော်❤️

ရန်ကုန် - ချောင်းသာ - ရန်ကုန် [ ၂၅၀၀၀ကျပ်]
ရန်ကုန် - ငွေဆောင် - ရန်ကုန် [၂၅၀၀၀ကျပ်]
ရန်ကုန် - ကျိုက်ထီးရိုး - ရန်ကုန် [၂၅၀၀၀ကျပ်]

၂၅ရက်နေ့တစ်ရက်အတွက်တော့ဈေးအပြောင်းလဲလေးရှိပါမယ်ခင်ဗျာ။

၂၅ ရက်နေ့အတွက်ဈေးနှုန်းလေးကတော့ -

ရန်ကုန် - ချောင်းသာ - ရန်ကုန် [ ၃၀၀၀၀ကျပ်]
ရန်ကုန် - ငွေဆောင် - ရန်ကုန် [၃၀၀၀၀ကျပ်]
ရန်ကုန် - ကျိုက်ထီးရိုး - ရန်ကုန် [၃၀၀၀၀ကျပ်]

အဆင်မြင့် "SCANIA Express" ကားကြီးနဲ့သွားရမှာမလို့အေးအေးဆေးဆေးနဲ့ငြိမ့်ငြိမ့်လေးစီးရမှာဗျာ❤️

Online ကလဲရောင်းပေးသလို ရန်ကုန်တစ်မြို့လုံးကိုအိမ်တိုင်ရာရောက်ကားလက်မှတ်deliveryလဲရှိပါသေးတယ်ဗျာ❤️

ကားလက်မှတ်ဝယ်ဖို့အခက်ခဲဖြစ်နေရင်ကျနော်တို့ကိုဆက်သွယ်လိုက်ပါနော်❤️

အဲ့တာအပြင်customerတွေအဆင်ပြေအောင်လို့K Pay\Wave Pay\AYA Pay CB Pay အကုန်လုံးကို %မယူပဲရောင်းချပေးသွားမှာမလို့လက်မှတ်ဖိုးအပြင်ဘာမှထပ်ပြီးကုန်ကျစရာမလိုတော့ဘူးနော်✅✅

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-799484084
09-421015610 ကိုလဲအချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Lin Zaw Moe Travels & Toursကနေချောင်းသာ / ငွေဆောင် / ကျိုက်ထီးရိုးကားလက်မှတ်တွေရောင်းချပေးနေပါပြီဗျို့ .........🎉🎉အဆင့်မ...
26/01/2023

Lin Zaw Moe Travels & Toursကနေချောင်းသာ / ငွေဆောင် / ကျိုက်ထီးရိုးကားလက်မှတ်တွေရောင်းချပေးနေပါပြီဗျို့ .........🎉🎉

အဆင့်မြင့်Air con expressကားကြီး​တွေနဲ့ငြိမ့်ငြိမ့်လေးစီးရမှာမလို့ကားမူးတတ်တဲ့ဧည့်သည်တွေအတွက်လဲစိတ်မပူရတော့ဘူးနော်🧏‍♂️

ကားဝန်းထိကားလက်မှတ်သွားဝယ်လို့အဆင်မပြေတဲ့ဧည့်သည်တွေအတွက်ကျနော်တို့Lin Zaw Moe ကနေပြီးတော့online ဖြင့်လဲကားလက်မှတ်ရောင်းပေးနေပါပြီခင်ဗျာ🙆‍♂️❤️

ကားလက်မှတ်ကိုအိမ်တိုင်ရာရောက်ပို့ပေးတဲ့serviceပါရှိတာမလို့🏃🏃

ကားလက်မှတ်ဝယ်ဖို့အခက်ခဲဖြစ်နေရင်ကျနော်တို့ကိုဆက်သွယ်လိုက်ပါနော်❤️

အဲ့တာအပြင်customerတွေအဆင်ပြေအောင်လို့K Pay\Wave Pay\AYA Pay CB Pay အကုန်လုံးကို %မယူပဲရောင်းချပေးသွားမှာမလို့လက်မှတ်ဖိုးအပြင်ဘာမှထပ်ပြီးကုန်ကျစရာမလိုတော့ဘူးနော်✅✅

ကားလက်မှတ်ဈေးနှုန်းလေးတွေကိုအောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်ခင်ဗျာ...🫰🫰

Januaryလအတွက်ဈေးနှုန်းလေးတွေကတော့ -

ချောင်းသာခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်
ငွေဆောင်ခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်
ကျိုက်ထီးရိုးခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်

ချောင်းသာငွေဆောင်ကျိုက်ထီးရိုးအပြင်မြန်မာပြည်
အနှံ့ကားလက်မှတ်များရောင်းချပေးနေပါတယ်ခင်ဗျာ

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-962557987
09-421015610
09-791259019 ကိုလဲအချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

January လအတွက်ကျနော်တို့Lin Zaw Moe Travels &ရToursကနေကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်အတွက်Budget packageလေးစီစဥ်ပေးထားပါတယ်...
07/01/2023

January လအတွက်ကျနော်တို့Lin Zaw Moe Travels &ရToursကနေ

ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်အတွက်Budget packageလေးစီစဥ်ပေးထားပါတယ်ခင်ဗျာ။

ရင်ပြင်ပေါ်မဟုတ်ပေမယ့်ရင်ပြင်နဲ့အနီးဆုံးမှာရှိတဲ့

"မြင့်မြင့်ဝင်းစားတော်ဆက်"မှာတည်းရမှာမလို့တော်တော်လေးအဆင်ပြေတယ်နော်။တည်းခိုခန်းကနေရင်ပြင်ပေါ်ကို (၅)မိနစ်နဲ့ရောက်ပါတယ်ခင်ဗျာ။

ဈေးနှုန်းအသေးစိတ်ကိုအောက်မှာဆက်ဖတ်ပေးပါနော်🙆‍♂️❤️

တစ်ညအိပ်တစ်ဦးလျှင် - 37000ကျပ်
နှစ်ညအိပ်တစ်ဦးလျှင် - 49000ကျပ်

(ကားခအသွား/ပြန်+Hotelတည်းခိုခွင့်+Breakfast+Lunch+Dinner)

ဒီPackageလေးကBudgetနည်းနည်းနဲ့ဘုရားဖူးဖို့အဓိကဆိုတဲ့ဘုရားဖူးဧည့်သည်တွေအတွက်ရည်ရွယ်ပါတယ်ခင်ဗျာ🙆‍♂️❤️

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

Public Holidayတွေမှာတော့ဈေးအပြောင်းလဲရှိပါတယ်ခင်ဗျာ🙆‍♂️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️ 09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

နှစ်သစ်ရဲ့ပထမဆုံးလဖြစ်တဲ့Januaryမှာငွေဆောင်ကမ်းခြေမှာBudgetနဲနဲနဲ့အေးဆေးChillချင်တဲ့ခရီးသွားဧည့်သည်တွေအတွက်Lin Zaw Moe T...
07/01/2023

နှစ်သစ်ရဲ့ပထမဆုံးလဖြစ်တဲ့Januaryမှာငွေဆောင်
ကမ်းခြေမှာBudgetနဲနဲနဲ့အေးဆေးChillချင်တဲ့

ခရီးသွားဧည့်သည်တွေအတွက်Lin Zaw Moe Travels & Tours ကနေပြီး ငွေဆောင်Budget packageလေးတင်ပေးလိုက်ပြီနော်

ဈေးနှုန်းအသေးစိတ်ကိုတော့အောက်မှာဆက်ဖတ်ပေးပါနော်❤️

(၁)ညအိပ်(၁)ဦးလျှင် - ၄၀၀၀၀ကျပ်
(၂)ညအိပ်(၁)ဦးလျှင် - ၅၅၀၀၀ကျပ်

အပေါ်ကပြထားတဲ့packageလေးတွေက

(ကားခအသွား/အပြန်+Hotelတည်းခိုခ+Breakfast+Teatime)

စတာတွေပါပါတယ်ခင်ဗျာ❤️

-Air con ✅
-WIFI📶
-Refrigerator✅

စတဲ့facilitiesလေးတွေပါပါတယ်ခင်ဗျာ✅

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

Public Holidayတွေမှာတော့ဈေးအပြောင်းလဲရှိပါတယ်ခင်ဗျာ🙆‍♂️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️ 09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

January လအတွက်ချောင်းသာမှာBudgetနည်းနည်းနဲ့အပန်းဖြေချင်တဲ့ဧည့်သည်တွေအတွက်ရေပြာလှိုင်းInnနဲ့Budget Packageလေးတင်ပေးလိုက်ပ...
07/01/2023

January လအတွက်ချောင်းသာမှာBudgetနည်းနည်းနဲ့အပန်းဖြေချင်တဲ့ဧည့်သည်တွေအတွက်ရေပြာလှိုင်းInnနဲ့Budget Packageလေးတင်ပေးလိုက်ပါတယ်ခင်ဗျာ🙆‍♂️❤️

(၁)ညအိပ်(၁)ဦးလျှင် - 37500ကျပ်
(၂)ညအိပ်(၁)ဦးလျှင် - 50000ကျပ်

အပေါ်ကပြထားတဲ့packageလေးတွေက

(ကားခအသွား/အပြန်+Hotelတည်းခိုခ+Breakfast+Teatime)

စတာတွေပါပါတယ်ခင်ဗျာ❤️

-Air con ✅
-WIFI📶
-Refrigerator✅

စတဲ့facilitiesလေးတွေပါပါတယ်ခင်ဗျာ✅

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

Public Holidayတွေမှာတော့ဈေးအပြောင်းလဲရှိပါတယ်ခင်ဗျာ🙆‍♂️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️ 09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Lin Zaw Moe Travels & Toursကနေချောင်းသာ / ငွေဆောင် / ကျိုက်ထီးရိုးကားလက်မှတ်တွေရောင်းချပေးနေပါပြီဗျို့ .........🎉🎉အဆင့်မ...
05/01/2023

Lin Zaw Moe Travels & Toursကနေချောင်းသာ / ငွေဆောင် / ကျိုက်ထီးရိုးကားလက်မှတ်တွေရောင်းချပေးနေပါပြီဗျို့ .........🎉🎉

အဆင့်မြင့်Air con expressကားကြီး​တွေနဲ့ငြိမ့်ငြိမ့်လေးစီးရမှာမလို့ကားမူးတတ်တဲ့ဧည့်သည်တွေအတွက်လဲစိတ်မပူရတော့ဘူးနော်🧏‍♂️

ကားဝန်းထိကားလက်မှတ်သွားဝယ်လို့အဆင်မပြေတဲ့ဧည့်သည်တွေအတွက်ကျနော်တို့Lin Zaw Moe ကနေပြီးတော့online ဖြင့်လဲကားလက်မှတ်ရောင်းပေးနေပါပြီခင်ဗျာ🙆‍♂️❤️

ကားလက်မှတ်ကိုအိမ်တိုင်ရာရောက်ပို့ပေးတဲ့serviceပါရှိတာမလို့🏃🏃

ကားလက်မှတ်ဝယ်ဖို့အခက်ခဲဖြစ်နေရင်ကျနော်တို့ကိုဆက်သွယ်လိုက်ပါနော်❤️

အဲ့တာအပြင်customerတွေအဆင်ပြေအောင်လို့K Pay\Wave Pay\AYA Pay CB Pay အကုန်လုံးကို %မယူပဲရောင်းချပေးသွားမှာမလို့လက်မှတ်ဖိုးအပြင်ဘာမှထပ်ပြီးကုန်ကျစရာမလိုတော့ဘူးနော်✅✅

ကားလက်မှတ်ဈေးနှုန်းလေးတွေကိုအောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်ခင်ဗျာ...🫰🫰

Januaryလအတွက်ဈေးနှုန်းလေးတွေကတော့ -

ချောင်းသာခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်
ငွေဆောင်ခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်
ကျိုက်ထီးရိုးခရီးစဉ်အသွား/အပြန် - ၂၅၀၀၀ကျပ်

ချောင်းသာငွေဆောင်ကျိုက်ထီးရိုးအပြင်မြန်မာပြည်
အနှံ့ကားလက်မှတ်များရောင်းချပေးနေပါတယ်ခင်ဗျာ

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-962557987
09-421015610
09-791259019 ကိုလဲအချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

ဥတ္တစောင့် ဆိုတာတကယ်ရှိတာလား?ပုဂံသွားတုန်းက ကိုယ်တွေ့အဖြစ်လေးအကြောင်းပြောပြမယ်နော်....ပုဂံကို ကျွန်မတို့က ၂ညအိပ်၃ရက်နဲ့ ...
17/12/2022

ဥတ္တစောင့် ဆိုတာတကယ်ရှိတာလား?
ပုဂံသွားတုန်းက ကိုယ်တွေ့အဖြစ်လေးအကြောင်းပြောပြမယ်နော်....
ပုဂံကို ကျွန်မတို့က ၂ညအိပ်၃ရက်နဲ့ Budget Trip အနေသွားတာပါ။‌ ရောက်ရောက်ချင်နေ့မှာမနက်စာစားပြီးတာနဲ့ တန်းခိုးကြီးဘုရားတွေကိုသွားရောက်ဖူး‌ခဲ့တယ်။

မနက်ဖြန်လိုပြန်မယ်ဆို ဒီနေလိုမျိုးပေါ့၊ မနက်နိုးတာနဲ့ တည်းတဲ့ Guest House လေးကစီစဉ်ပေးတဲ့ မနက်စာကိုအပီအပြင် ဆွဲပြီး E-Bike ကိုယ်စီနဲ့ထွက်လာကြတယ်၊မဖူးရသေး၊မရောက်သေးတဲ့ဘုရား၂ဆူလောက်ကိုသွားရောက်ဖူးပြီး ၁၁နာရီလောက်မှာ ပုဂံရဲ့ထန်းရည်ဆိုင်လှလှလေးတွေစီ‌အရောက်မောင်းခဲ့ကြတယ်‌၊နောက်ပြီး ထန်းရည်ဆိုင်ကအပြန်မှာ E-Bike ရဲ့ Battery ကြောင့်တည်းတဲ့ Guest House စီကိုပြန်ရပြန်ရော ၊ထမင်းစားပြီးတရေးတ‌မောအိပ်ပြီး ညနေ‌စောင်း ၂:၃၀/၃:၀၀နာရီလောက်မှာ ပြန်ထွက်ပြီး Sunset ကြည့်ဖို့သွားကြတယ်။
နေ၀င်ချိန်ကလိုသေးတော့* မနူဟာဘုရား*ကို သွားရောက်ဖူးမြှော်ကြတယ်‌ နောက်တော့ ရှေ့ဆက်သွားတော့ အပယ်ရတနာဘုရား ဘက်ကိုရောက်လာကြတယ်....
ရောက်ရောက်ချင်မှာ ဘုရားထဲတန်းမ၀င်ကြပဲ ဘုရားသမိုင်း ‌ကို ဘုရားရှေ့မှာ ရေးထားတာကိုဖတ်ကြတယ် နောက်တော့မှ ဘုရားထဲကိုခြေချကြတယ် မင်မင်တို့ရောက်တော့ လာဖူးတဲ့သူတွေကလဲမရှိဘူး မင်မင် သူငယ်ချင်းတစ်စုပဲရှိတယ် စစချင်ရောက်ထဲက စိတ်ထဲမှာလေးနေတာ ဘာဖြစ်မှန်းမသိဘူး....အရှေ့မှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ အန်တီကြီး နှစ်ယောက်ရှိတယ် သူငယ်ချင်းတွေ က ဘုရားထဲ၀င်မယ်ပြောတော့ ညီမမ၀င်ချင်ဘူး၊ကြောက်သလိုလိုဘာလိုလိုနဲ့ရယ် အဲ့အရှေ့ကအန်တီတွေကလဲ ဘာမှမဖြစ်ပါဘူးဆိုပြီပြောတော့ သူငယ်ချင်းကလဲ ကျွန်မရဲ့ဖုန်းနဲ့ Flash မီးထွန်းပြီး၀င်‌သွားတယ်၊ကျွန်‌မလဲ‌အနောက်ဆုံးကနေလိုက်၀င်ခဲ့တယ်။
နောက်တော့ ဘုရားကို စပြီးပတ်တဲ့ထောင့်တစ်ခုမှာ စစ်၀တ်တန်စာအပြည့်အစုံနဲ့ အလွယ်ပြောရရင်မြန်မာနန်းတွင်းကားတွေက အစောင့်တွေပုံစံ တွေပေါ့ မြင်နေရတယ်။
ကျွန်မလဲ အမြင်မှားတာပါ၊စိတ်ကထင်တာပေါ့ဆိုပြီ ရှေ့ဆက်သွားခဲ့တယ်၊နောက်အရှေ့ထောင့်တထောင့်မရောက်ခင်မှာ အရှေ့ကိုလှမ်းကြည့်တော့လဲ ထပ်မြင်ပြန်ရတယ်၊နည်းနည်းတော့ ကြောက်လာပြီ၊ဟိုဘက်ဒီဘက်လှည့်ပြီးကြည့်မိပြန်တော့လဲအမှောင်ထုကိုပဲမြင်ရ အနောက်ကိုပြန်ကြည့်တယ် ကျွန်မ စစချင်းမြင်ရတယ့် နေရာလေးကိုပြန်‌ကြည့်တော့လဲ အဲ့ဒီမတ်တပ်ရပ်နေတဲ့သူကလဲရပ်စမြဲပဲ၊အရှေ့ကလှမ်းကြည့်မိတဲ့ထောင့်မှာလဲ နောက်ထပ်တစ်ယောက်ကလဲ ရှိနေတယ်၊ ကျွန်မ တကယ် အဆင်မပြေတော့ဘူး အရှေ့သူငယ်ချင်းတစ်ယောက်ကိုလှမ်းပြောတယ် ငါအပြင်မှာပဲစောင့်နေတော့မယ်ဆိုပြီတော့ သူကလဲ ငါလဲပြန်ထွက်မယ်တဲ့ နေရတာအဆင်မပြေဘူးဆိုပြီး နှစ်ယောက်သာ လက်ဖျားတွေအေးစက်ပြီး လမ်းတောင်မလျှောက်နိုင်ပဲ ပြေးထွက်ခဲ့တယ်၊ပြေးထွက်ရင်နဲ့ ကျွန်မမြင်ရတယ်ဆိုတာ စိတ်ထင်တာပါဆိုပြီးပဲထင်ပြီးတော့ အ၀င်‌အ၀အပေါက်က စပြီးပတ်ခဲ့တဲ့ ထောင့်မဟုတ်ပဲ တခြားတဖက်ထောင့်ကို ကြည့်လိုက်သေးတယ် တကယ် ခုနကပုံစံနဲ့လူကြီးတစ်ယောက် ရပ်နေပြန်တယ်၊နည်းနည်းတော့ လန့်သွားတယ်။
အတူတူထွက်လာတဲ့သူငယ်ချင်းကလဲအပြင်ရောက်တော့ဘာမှမပြောဘူး၊ကိုယ်ကိုယ်တိုင်လဲမပြောပြခဲ့ဘူး၊ အထဲမှာကျန်ခဲ့တဲ့သူတွေကလဲပြန်ထွက်လာတယ်၊ဓာတ်ပုံတွေဘာတွေရိုက်သေးတယ်၊ကျွန်မ နည်းနည်းတော့ အသံတိတ်သွားတယ်၊နောက်ပြီး နေ၀င်ချိန်ရောက်ပြီဆိုတော့ နေ၀င်ချိန်ကြည့်ဖို့ *ဗူးဘုရား*ဆီကိုသွားခဲ့ကြပါတယ်။
မနက်ပြန်ဖို့ကားပေါ်ရောက်တဲ့အထိဘယ်သူကိုမှကျွန်မ မပြောပြခဲ့ဘူး။
ရန်ကုန်ရောက်ပြီး နောက်သူငယ်ချင်းတစ်ရက်ဆုံမှသာ ပြောဖြစ်ခဲ့တယ်။
အတူတူထွက်လာတဲ့သူငယ်ချင်းကလဲ ကျွန်မလိုတော့သူမမြင်ဘူး ဒါပေမယ့်အသက်ရှူလို့မ၀ဘူး ကြောက်နေလို့ဆိုပြီးပြောပြတယ်။
တချို့ကတော့ပြောကြတယ် ဥတ္တစောင့်တို့၊အစောင့်တို့ဘာတို့လာဆိုပြီးတော့ပေါ့။
ကျွန်မအ‌နေနဲ့က အလိုတွေတစ်ခါမှမဖြစ်ဖူးဘူး ပထမဦးဆုံးကြုံတွေရတဲ့ အဖြစ်အပျက်ပါ။
အဲ့ကိစ္စကြောင့် ကျွန်မ ပုဂံကို အရမ်းနှစ်သက်ခဲ့ရရုံထက်ပိုပြီး သမိုင်းကြောင်းတွေကိုပါ စိတ်၀င်စားလာတယ်။‌
ပုဂံကကျွန်မ ကိုထက်သွားချင်‌ အောင်နိုးစော်ခဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်။
အမှားပါရင်ခွင့်လွတ်‌ပါရှင့်။
ကိုယ်တွေ့လေးကိုမျှဝေချင်ယုံသက်သက်ပါ။
လေးစားစွာဖြင့်.......


17/12/2022
Hello Decemberလအတွက်ခရီးသွားချင်တဲ့ဧည့်သည်တော်တို့အတွက်Lin Zaw Moe Travels & Toursကနေပြီးတော့ချောင်းသာ/ငွေဆောင်/ကျိုက်ထီ...
16/12/2022

Hello Decemberလအတွက်ခရီးသွားချင်တဲ့ဧည့်သည်တော်တို့အတွက်

Lin Zaw Moe Travels & Toursကနေပြီးတော့

ချောင်းသာ/ငွေဆောင်/ကျိုက်ထီးရိုးစတဲ့နေရာတွေကို

ဈေးသက်သက်သာသာနဲ့အလည်သွားလို့ရမယ့်Packageလေးတွေစီစဥ်ပေးထားပါတယ်ခင်ဗျာ❤️

ချောင်းသာpackageအသေးစိတ်
https://m.facebook.com/story.php?story_fbid=5800596303392608&id=1082941228491496&mibextid=qC1gEa

ငွေဆောင်Packageအသေးစိတ်
https://m.facebook.com/story.php?story_fbid=5818142591637979&id=1082941228491496&mibextid=qC1gEa

ကျိုက်ထီးရိုးPackageအသေးစိတ်
https://m.facebook.com/story.php?story_fbid=5800679636717608&id=1082941228491496&mibextid=qC1gEa

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

 #အင်းဝတချိန်က မြန်မာ့မင်းနေပြည်တော် အင်းဝ ခေတ်လေးခေတ် ရှိတဲ့အနက် အင်းဝြမို့ ခေတ်သုံးခေတ် အကြောင်းနှင့် လည်ပတ်စရာနေရာမျာ...
10/12/2022

#အင်းဝ

တချိန်က မြန်မာ့မင်းနေပြည်တော် အင်းဝ ခေတ်လေးခေတ် ရှိတဲ့အနက် အင်းဝြမို့ ခေတ်သုံးခေတ် အကြောင်းနှင့် လည်ပတ်စရာနေရာများ
--------------
#အင်းဝ
ပထမအင်းဝ

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။

ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။

ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။
READ ဆူးလေစေတီတော်ပျောက်မသွားအောင် ကာကွယ်ခဲ့တဲ့သူရဲကောင်း (သို့) ဦးချန်ထွန်း

ဒုတိယအင်းဝ

ထို့နောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀ တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျှောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။

သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့်၎င်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး

နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)

တတိယအင်းဝ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။

သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

လယ်တီ ဦးလှပိုင်၊ ထူပါရုံ ဘုရားသမိုင်း၊
---------------------------------------
မန္တလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၂၀)ခန့်သာကွာဝေးသော အင်းဝမြို့သည် ဧရာဝတီမြစ်နှင့်ဒုဌဝတီမြစ်(မြစ်ငယ်မြစ်) ဆုံရာတွင် ရှိပါတယ်။

၁၄ရာစု-၁၉ရာစုအတွင်းရှိခဲ့သော အင်းဝမြို့ကို သတိုးမင်းဖျားမင်းက ၁၃၆၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်မင်းဆက် ဘကြီးတော်မင်းက ၁၈၃၇ခုနှစ်ထိ ထီးနန်းစိုက်ခဲ့သဖြင့် နှစ်ပေါင်း(၄၀၀)ကျော်ကြာ တည်ရှိခဲ့သော မြို့ဟောင်းတစ်ခုလည်းဖြစ်တယ်။ အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦး စုစုပေါင်း (၆၂၄)ခုရှိပြီး အများအားဖြင့် ပျက်စီးယိုယွင်းနေကြတယ်။

၁၈၃၈ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀၀ခုနှစ်) မှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းဝမြို့မှ ဘုရားစေတီများ အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတယ်။

မန္တလေးမြို့ကနေ အင်းဝမြို့ကို သွားမယ်ဆိုရင် ကုန်းလမ်း/ရေလမ်း ၂မျိုးဖြင့် သွားရောက်နိုင်ပါတယ်။ ကုန်းလမ်းကနေသွားရင် မန္တလေးကနေ နာရီဝက်ကျော်သာမောင်းရပြီး မန္တလေး-စစ်ကိုင်းကားလမ်းဟောင်းကနေ သွားလို့ရသလို မန္တလေး-ရန်ကုန်အမြန်လမ်းမကနေလဲ သွားလို့ရတယ်။

ရေလမ်းကသွားမယ်ဆိုရင် မန္တလေးဂေါဝန်ဆိပ်ကနေ စက်လှေစီးခဲ့ရင်ရပါတယ်။
အင်းဝမြို့ထဲကို ဆိုင်ကယ်နဲ့လည်မယ်ဆိုရင် စက်လှေပေါ်မှာ ဆိုင်ကယ်တစ်ခါတည်းတင်ခဲ့လို့ရတယ်။

ခေတ်မီတိုးတက်ဖွံ့ဖြိုးလာတာနှင့်အညီ လူနေထိုင်သွားလာမှုစရိုက်တွေကလည်း ခေတ်နဲ့အညီပြောင်းလဲလာတယ်။ အဲဒီထဲကမှ အင်းဝမြို့ဟာ အများနဲ့မတူ တမူထူးခြားနေတာလေးရှိပါတယ်။ အခုချိန်ထိ အင်းဝမြို့ကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေကို မြင်းလှည်းနဲ့လိုက်လံပို့ဆောင်ပေးနေပါတယ်။ အကယ်၍များ အင်းဝမြို့ကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် မြင်းလှည်းစီးပြီးလည်ပတ်ရတဲ့ အရသာကလည်း ခံစားမှုအသစ်ပါပဲနော်။ နိုင်ငံခြားသားဧည့်သည်တွေကတော့ မြင်းလှည်းစီးပြီး အများဆုံးလည်တာပဲ

လည်ပတ်စရာနေရာများ
================
💟 လေးထပ်ကျောင်းတော်ကြီး

ကုန်းဘောင်မင်းဆက် ဘကြီးတော်မင်း ကောင်းမှုကုသိုလ်ဖြစ်ပြီး ၁၈၅၃ခုနှစ်မှာ ဂန္ဓကုဋီတိုက်ကြီးပြီးစီးလို့ ရေစက်သွန်းချခဲ့တယ်။ အရင် ညောင်ရမ်းမင်းတရားကြီး ကောင်းမှုတော် လေးထပ်ကျောင်းတော်ကြီးနေရာမှာ တည်ဆောက်ခဲ့တာကြောင့် ဂန္ဓကုဋီတိုက်ကြီးဟာလည်း လေးထပ်ကျောင်းတော်ကြီးလို့ အမည်တွင်နေတယ်။ မြန်မာသက္ကရာဇ် ၁၂၀ဝပြည့်နှစ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘကြီးတော်မင်းကောင်းမှု လေးထပ်အုတ်ကျောင်းတော်ကြီးဟာလည်း ပြိုကျပျက်စီးခဲ့ရတယ်။ ၂၀၁၂ခုနှစ်က ငလျင်ထပ်မံလှုပ်ခဲ့ပြန်တော့ မူလပျက်စီးနေတဲ့ အုတ်တိုက်ကြီးရဲ့နံရံတွေမှာ အက်ကွဲကြောင်းကြီးတွေ ပေါ်လာပြီး ကြံ့ခိုင်မှုပိုပိုအားနည်းလာတော့တယ်။

အခုအခါမှာ လေးထပ်ကျောင်းတော်ကြီးကို ၁၀ဧကလောက်ကျယ်တဲ့ ကွင်းပြင်ကြီးထဲမှာ တစ်ဝက်တစ်ပျက် ပြိုကျပျက်စီးပြီး ကျန်နေသေးတာကို တွေ့နိုင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ လေးထပ်ကျောင်းတော်ကြီး အပိုင်းအစများရဲ့ အုတ်အင်္ဂတေလက်ရာများဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေအနှစ်တွေပါပဲ။

💟 မဟာအောင်မြေဘုံစံအုတ်ကျောင်း @ မယ်နုအုတ်ကျောင်း

၁၈၂၂ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၄ခုနှစ်)တွင် ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီးမယ်နုက အုတ် အင်္ဂတေတို့ဖြင့် တည်ဆောက်လှူဒါန်းခဲ့သောကြောင့် မယ်နုအုတ်ကျောင်းလို့ ခေါ်ကြတာ။ အုတ်ကျောင်းအကျယ်အဝန်းမှာ အလျား၁၉၂ပေ အနံ၁၁၂ပေ အမြင့်၉၄ပေ ရှိသည်။ အေဒီ၁၉ရာစု မြန်မာ့ဗိသုကာ ပန်းရံနှင့်ပန်းတော့ ကုန်းဘောင်ခေတ်အနုလက်ရာများကို တွေ့မြင်နိုင်သည်။
အုတ်ကျောင်း၏ထူးခြားချက်မှာ အောက်ခြေတွင် အမှောင်ခန်း အလင်းခန်းများ ထည့်သွင်းတည်ဆောက်ထားတယ်။

💟 နန်းမြို့ရိုး ဝင်ပေါက်တံခါး

အခုချိန်ထိ ကျန်ရှိနေသေးသော ရှေးဟောင်းလက်ရာများထဲမှ တစ်ခုအပါအဝင်ပါ။ နန်းမြို့ရိုးတံတိုင်းပေါ်တက်ကြည့်လို့ရပါတယ်။

💟 မဟာဗောဓိကျောင်း

ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိနေတဲ့ ကြီးမားလှတဲ့ ဗောဓိညောင်ပင်ကြီးပါ။လေးထပ်ကျောင်းတော်ကြီးရဲ့ဘေးက လမ်းသွယ်ထဲကနေ ဝင်သွားရမှာပါ။ အရင်က နေ့တိုင်းဖွင့်ပေမယ့် ခုတော့ စနေ တနင်္ဂနွေ ဥပုသ်နေ့နဲ့ နေ့ထူးရက်မြက်တွေမှာ မှဖွင့်တော့ပါတယ်
ဗောဓိညောင်ပင်ကြီးက ကြီးမားလွန်းလို့ အင်္ဂတေအုတ်တိုင်များနဲ့ ညောင်ကိုင်းတွေကို အများအပြားထောက်ထားရတာပါ။ အင်္ဂတေအုတ်တိုင်တွေ ကြားထဲမှာလည်း လမ်းလျှောက် ဓာတ်ပုံရိုက်ပေါ့။ ကျောင်းဝင်းထဲမှာ ဓာတ်ပုံရိုက်စရာနေရာတွေ အများကြီးရှိပါတယ်။ ကျောက်နွားလှည်းတို့ ရွှေဇီးကွက် ငွေဇီးကွက်တို့ ..... အများကြီးပဲ။

💟 ရှေးဟောင်းဘုရားစု

ပုဂံဘုရားတွေလို အုတ်နီနီနဲ့စေတီတွေ အစုလိုက်တည်ရှိနေတာပါ။ အေးအေးဆေးဆေး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးပါပဲ။

💟 ရတနာဆီမီးဘုရား

ငလျင်ဒဏ်ကြောင့် အပေါ်အမိုးနဲ့ တခြားအစိတ်အပိုင်းတွေ ပျက်စီးသွားတာကြောင့် ဘုရားနဲ့အင်္ဂတေတိုင်လုံးကြီးတွေပဲ ကျန်ခဲ့တော့တယ်။ ဘေးမှာပေါက်နေတဲ့ 🌴ထန်းပင်တွေရယ် ဘုရားတစ်ဆူရယ် အင်္ဂတေတိုင်လုံးကြီးတွေရယ်က ဓာတ်ပုံရိုက်ဖို့ ဆွဲဆောင်လွန်းလှသလို သဘာဝနဲ့ရှေးဟောင်းရောစပ်နေတဲ့ လှပမှုတစ်ခုပါပဲ။ ဘေးမှာသိပ်ကိုကြီးမားတဲ့ လက်ပံပင်ကြီးလည်းရှိတယ်။ တပိုတွဲ တပေါင်းလ လက်ပံပွင့်တွေ ကြွေချိန်ဆို ရတနာဆီမီးဘုရား ရင်ပြင်တစ်ခုလုံး နီနီရဲပြီး သိပ်ကိုလှပတာပဲ။ 🌺🌺🌺🍀🍀🍀 အင်းဝမှာတော့ ရတနာဆီမီးဘုရားနဲ့ ဗားကရာကျောင်းက ကိုယ်အကြိုက်ဆုံးနေရာတွေပဲ။

💟 နန်းမြင့်မျှော်စင်

၁၈၂၂ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၄ခုနှစ်) ဘကြီးတော်မင်းလက်ထက်တွင် တည်ဆောက်ခဲ့တယ်။ အလျား၃၀ပေ အနံ၃၀ပေ အမြင့်၆၀ပေ ရှိ၍ အင်္ဂတေနှင့်သစ်သားပေါင်းစပ်တည်ဆောက်ထားပါတယ်။ စတုတ္ထအင်းဝခေတ် ပန်းရံလက်မှုပညာကို လေ့လာနိုင်ပါတယ်။ ၁၈၃၈ခုနှစ် ငလျင်ကြောင့် မျှော်စင်၏အဓိက အုတ်ကိုယ်ထည်များမှာ မြောက်ဘက်သို့ တိမ်းစောင်းသွားသော်လည်း ယခုတိုင် တည်ငြိမ်စွာ ကြံ့ခိုင်လျက်ရှိပါတယ်။ ရှေးဟောင်းသုတေသနဌာနမှ ပြန်လည်ပြုပြင်ထိန်းသိမ်းထားသောကြောင့် အပေါ်သို့ ယခင်ကတက်ရောက်လေ့လာနိုင်ပါတယ်။
ယခု အပေါ်သို့တက်ရောက်လေ့လာခွင့် မရှိတော့ပါ

💟 ဗားကရာကျောင်း

စတုတ္ထအင်းဝမြို့တည် ဘကြီးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ခုနှစ်တွင် ဆောက်လုပ်ခဲ့တယ်။ သစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း (၂၆၇)လုံးပါရှိပါတယ်။ အကြီးဆုံးကျွန်းတိုင်ရဲ့လုံးပတ်ဟာ (၉)ပေရှိပြီး အမြင့် (၆၀)ပေရှိပါတယ်။ ဗားကရာကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား(၁၈၈)ပေ အနံ(၁၀၃)ပေ ရှိသော သစ်သားကျောင်းကြီးဖြစ်တယ်။ ကျောင်းတော်ကြီး၏ ဘေးပတ်ပတ်လည်တွင် အုတ်လှေကား၅စင်း တပ်ဆင်ထားပါတယ်။ ယခုခေတ်၌ တွေ့မြင်ရန် အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်းမြန်မာ့ဗိသုကာ သစ်ထွင်းပန်းပုလက်ရာ အနုပညာအမွေအနှစ်များစွာကိုလည်း လေ့လာနိုင်တဲ့ သစ်သားကျောင်းတော်ကြီးပါ။ ကိုယ် ခုနောက်ဆုံးတစ်ခေါက်ရောက်ခဲ့တုန်းက အရင်ကနဲ့မတူ ပျက်စီးမှုတွေ ပိုများလာတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ သတိပေးစာတန်းတွေ ရေးထားရလောက်အောင် ပျက်စီးယိုယွင်းလာနေတယ်။ သဘာဝရာသီဥတုဒဏ်ကြောင့် ပျက်စီးတာတွေလည်း ရှိသလို သွားရောက်လည်ပတ်သူများအနေနဲ့ ခုခေတ်မှာ ရှာပါးလှတဲ့ သစ်သားကျွန်းကျောင်းမို့ ကိုယ့်ကြောင့် ပျက်စီးမှုတွေမရှိအောင် လည်ပတ်ကြပါနော်။ ထိန်းသိမ်းမှုတွေ ပိုမိုလိုအပ်နေတဲ့ ဗားကရာကျောင်းကြီးပါ။ ဗားကရာကျောင်းဟာ ကိုယ်အကြိုက်ဆုံးနေရာတွေထဲက တစ်ခုအပါအဝင်ပဲ။

💟 ဆင်ကျုံးခံတပ်

၁၈၇၄ခုနှစ်တွင် မင်းတုန်းမင်း တည်ဆောက်ခဲ့သော ခံတပ်ဖြစ်ပါတယ်။ ဆင်ကျုံးခံတပ်သည် စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်း၃ထပ်ပါရှိတယ်။ အပြင်ဘက်ဆုံးတံတိုင်းမှာ (၃၅၅)ပေပတ်လည်ရှိပြီး (၃၆)ပေအရှည်ရှိသော ထောင့်ဖြေဖြင့် တည်ဆောက်ထားတယ်။ အလယ်တံတိုင်းမှာ (၂၉၃)ပေပတ်လည်ရှိပြီး တံတိုင်းနှစ်ခုအကြားတွင် (၃၀)ပေ ကျယ်သောကျုံးရှိသည်။ အတွင်းတံတိုင်းမှာ (၂၀၀)ပေပတ်လည်ရှိပြီး ခံတပ်အရှေ့ဘက်တွင် ကျုံးကူးသစ်သားတံတားတစ်စင်းပါရှိပါတယ်။ သစ်သားတံတားရဲ့ အပြင်ဘက်ထိပ်မှာ ဆင်ကျုံးခံတပ်အကြောင်း ရေးထာတဲ့ ကျောက်စာချပ်ကို စိုက်ထူထားပါတယ်နော်။

အတွင်းဘက်နံရံ အပေါ်မှာ ရှေးခေတ်အမြောက်ကြီးတွေကို ဧရာဝတီမြစ်ကြီးထဲက ဆန်တက်လာမယ့် ရန်သူတွေကို ချိန်ရွယ်ထားတဲ့ပုံစံမျိုးနဲ့ ထားရှိထားပါတယ်။ အင်းဝမြို့ဟောင်းဝန်းကျင်မှာရှိတဲ့ လည်ပတ်စရာနေရာတွေထဲက ဆင်ကျုံးခံတပ်ဟာ သဘာဝရှုခင်း ကြည့်လို့အကောင်းဆုံး နေရာတစ်ခုပါ။ ခံတပ်ကြီးအရှေ့မှာ ဧရာဝတီမြစ်ကြီးကတော့ ပုံမှန်အတိုင်း ဆက်လက်စီးဆင်းနေလေရဲ့။

💟 မဟာဇေယျပထတံတား @ ဦးအိုအုတ်တံတား

အင်းဝမြို့တောင်ဘက် ဟံသာဝတီတံခါးမှ တံတားဦးမြို့ မင်္ဂလာစေတီအထိ တာ(၅၀၀) (တစ်မိုင်ခန့်) ရှည်လျားသည်။ တံတားအား စတင်တည်ဆောက်သူမှာ ပထမအင်းဝခေတ် ငယ်နာမည် မင်းဆွေ(ခ)ပထမမင်းခေါင် ဖြစ်သည်။ ပထမမင်းခေါင်ဘုရင်သည် ယက်မလျှိုအမိုးနှင့် သစ်သားတံတားကြီးကို ဆောက်လုပ်တော်မူခဲ့တယ်။ စတုတ္ထအင်းဝခေတ် ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက်တွင် နန်းမတော်မယ်နု၏မောင် စလင်းမြို့စားဦးအိုက ၁၁၈၄ခုနှစ်တွင် ပြုပြင်ဆောက်လုပ်ပြီး ၁၁၈၉ခုနှစ် တပေါင်းလဆန်း(၂)ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့တယ်။ ဒါကြောင့် ဦးအ်ိုအုတ်လမ်းလို့ လူသိများတယ်။ ရှေးဟောင်းအုတ်တံတား အရှည်ကြီးတစ်စင်းဖြစ်ပါတယ်။

အင်းဝမြို့ဟာ ကျေးလက်ဒေသရဲ့သဘာဝအလှ🌴🌾🍀🌻🍃🌱🌼🌺 သမိုင်းအမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့ ဘုရားစေတီ ကျောင်းကန်အဆောက်အဦးတွေ 🙏🙏🙏 လေ့လာစရာမကုန်နိုင်တဲ့ သစ်ထွင်းပန်းပု ပန်းရံ ပန်းတော့ ပန်းကနုတ်လက်ရာ ဗိသုကာပညာရပ်တွေ တည်ရှိနေတဲ့ ရှေးဟောင်းမြို့မို့ သွားရောက်လည်ပတ်သင့်ပါတယ်လို့နော်။

🔴🔴🔴 ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဘုရားစေတီတွေ အဆောက်အဦးတွေ သစ်သားကျွန်းကျောင်းတွေ အုတ်ကျောင်းတွေ ဘေးမှာပြိုကျနေတဲ့အပိုင်းအစတွေဟာ တန်ဖိုးထားထိန်းသိမ်းရမယ့် ယဉ်ကျေးမှုအမွေအနှစ်တွေမို့ စည်းကမ်းရှိစွာ လည်ပတ်လေ့လာကြဖို့ တစ်ခုခုနဲ့မရေးခြစ်ခဲ့ဖို့ လူတိုင်းလူတိုင်း တန်ဖိုးထားမြတ်နိုးစေချင်ပါတယ်။

🚮🚮🚮ကိုယ်သွားခဲ့တဲ့ နေရာတိုင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ အမှိုက်တွေကို ပစ်မချခဲ့ဖို့နဲ့ ကိုယ့်နိုင်ငံက အမှိုက်ပုံးတွေ ထားပေးတာ အလွန်နည်းတဲ့ နိုင်ငံမို့ ကိုယ်ပစ်မယ့်အမှိုက်တွေထည့်ဖို့ အမှိုက်အိတ် မဖြစ်မနေယူသွားကြပါလို့ အကြံပေးပါရစေနော်။

မှတ်ချက်- စာသားများသည် copyဖြစ်သောကြောင့် အမှားပါရင် တောင်းပန်ပါတယ်
ကျွန်တော်က ဓါတ်ပုံ ဝါသနာရှင်တစ်ယောက်မို့ ကျွန်တော်ရိုက်ခဲ့သော ဓါတ်ပုံများနှင့်post တင်လိုက်ခြင်းသာဖြစ်သည်
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ အင်းဝမြို့ဟောင်းကို လူသိများလာစေပြီး ပြည်တွင်း ပြည်ပ ခရီးသွားများ အင်းဝကို များများလာရောက်နိုင်စေရန်ဖြစ်ပါတယ်

ကမ်းခြေမှာအပန်းဖြေမယ်သားသားမီးမီးတို့အတွက်ကမ်းခြေမှာဆော့လို့မဝသေးရင်hotelထဲမှာဆော့ဖို့water boomအသေးစားလေးပါပါသေးတယ်နော်...
09/12/2022

ကမ်းခြေမှာအပန်းဖြေမယ်သားသားမီးမီးတို့အတွက်ကမ်းခြေမှာဆော့လို့မဝသေးရင်hotelထဲမှာဆော့ဖို့water boomအသေးစားလေးပါပါသေးတယ်နော်🙄❤️

ချောင်းသာကမ်းခြေမှာအပန်းဖြေချင်တဲ့ဧည့်သည်တွေအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ။

ဈေးနှုန်းအသေးစိတ်ကိုတော့အောက်မှာဆက်ဖတ်ပေးပါနော်🙆‍♂️❤️

Monday - Thursday (၁)ညအိပ်(၁)ဦးလျှင်
Deluxe Garden View - 75000ကျပ်
Garden View Suite - 100000ကျပ်
2nd Garden View Suite - 165000ကျပ်
Studio Suite - 165000ကျပ်
Sea View Suite - 150000ကျပ်

Friday - Sunday (၁)ညအိပ်(၁)ဦးလျှင်
Deluxe Garden View - 85000ကျပ်
Garden View Suite - 125000ကျပ်
2nd Garden View Suite - 140000ကျပ်
Studio Suite - 140000ကျပ်
Sea View Suite - 175000ကျပ်

December24/25 (၁)ညအိပ်(၁)ဦးလျှင်
Deluxe Garden View - 105000ကျပ်
Garden View Suite - 165000ကျပ်
2nd Garden View Suite - 180000ကျပ်
Studio Suite - 180000ကျပ်
Sea View Suite - 190000ကျပ်

December 31 (၁)ညအိပ်(၁)ဦးလျှင်
Deluxe Garden View - 105000ကျပ်
Garden View Suite - 180000ကျပ်
2nd Garden View Suite - 195000ကျပ်
Studio Suite - 195000ကျပ်
Sea View Suite - 205000ကျပ်

အပေါ်ကပြထားတဲ့Packageလေးမှာ

(ကားခအသွား/အပြန်+ဟိုတယ်တည်းခိုခွင့်+Breakfast+Teatime)

December24/25/31သုံးရက်အတွက်Dinnerပါပါမယ်ခင်ဗျာ🙆‍♂️❤️

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Decemberလရဲ့ဆောင်းရာသီညတွေကိုကမ်းခြေမှာကုန်ဆုံးရင်းအပန်းဖြေချင်တဲ့ခရီးသွားဧည့်သည်တို့အတွက်ကျနော်တို့Lin Zaw Moe Travels ...
07/12/2022

Decemberလရဲ့ဆောင်းရာသီညတွေကိုကမ်းခြေမှာကုန်ဆုံးရင်းအပန်းဖြေချင်တဲ့ခရီးသွားဧည့်သည်တို့အတွက်ကျနော်တို့Lin Zaw Moe Travels & Toursရဲ့Update Package ဈေးနှုန်းလေးတွေရပါပြီခင်ဗျာ🙆‍♂️❤️

အသေးစိတ်ကိုသိချင်ရင်တော့အောက်မှာဆက်ဖတ်ပေးပါနော်❤️

The Sea Hotel Ngwe Saung
(၁)ညအိပ်(၁)ဦးလျှင်
Sea View - 75000ကျပ်
Second Sea View - 70000ကျပ်
Garden View - 60000ကျပ်
Garden View (3ယောက်ခန်း) - 55000ကျပ်
Sea View Family (6ယောက်ခန်း) - 71500ကျပ်
Family Suite (6ယောက်ခန်း) - 91500ကျပ်

(https://www.facebook.com/1082941228491496/posts/5803923793059859/?mibextid=cr9u03)

Lux Ngwe Saung
(၁)ညအိပ်(၁)ဦးလျှင်
Superior Sea View(Upper Floor)-85000ကျပ်
Superior Sea View(Ground Floor)-90000ကျပ်
Superior GardenView(Upper Floor)-70000ကျပ်
Superior GardenView(Ground Floor)-75000ကျပ်
Family Suite SideSeaView - 91500ကျပ်
Family 2nd Floor SeaView - 75000ကျပ်

(https://www.facebook.com/1082941228491496/posts/5803957359723169/?mibextid=cr9u03)

Sea.Resort Ngwe Saung
(၁)ညအိပ်(၁)ဦးလျှင်
𝗦𝘂𝗽𝗲𝗿𝗶𝗼𝗿 𝗥𝗼𝗼𝗺 - 68500ကျပ်
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 – 76000ကျပ်
𝗦𝗲𝗮 𝗩𝗶𝗲𝘄 - 95000ကျပ်

(https://www.facebook.com/1082941228491496/posts/5817764738342431/?mibextid=cr9u03)

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-962557987
09-421015610
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Hello Decemberလရဲ့ဆောင်းရာသီvibeကိုခံစားရင်းကမ်းခြေမှာအပန်းဖြေချင်တဲ့ဧည့်သည်တွေအတွက် Emerald Sea Resort Ngwe Saung မှာတည...
07/12/2022

Hello Decemberလရဲ့ဆောင်းရာသီvibeကိုခံစားရင်းကမ်းခြေမှာအပန်းဖြေချင်တဲ့ဧည့်သည်တွေအတွက်

Emerald Sea Resort Ngwe Saung မှာတည်းရင်းအပန်းဖြေလို့ရမယ့်Packageလေးကိုကျနော်တို့Lin Zaw Moe Travels & Tours ကနေပြီးတော့ဈေးနှုန်းအသက်သာဆုံးနဲ့အတန်ဆုံးဖြစ်အောင်စီစဥ်ပေးထားပါတယ်ခင်ဗျာ။

(၁)ညအိပ်(၁)ဦးလျှင်

𝗦𝘂𝗽𝗲𝗿𝗶𝗼𝗿 𝗥𝗼𝗼𝗺 - 68500ကျပ်
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 – 76000ကျပ်
𝗦𝗲𝗮 𝗩𝗶𝗲𝘄 - 95000ကျပ်

-Air condition
-Mini Fridge
-Satellite TV
-Hot and cold water
-Bathtub and shower area
-Hair Dryer
-Laundry service
-24hrs Room service
-24hrs electricity
-WIFI Free စတဲ့Facilitiesတွေလဲပါသေးတယ်နော်

အပေါ်မှာပြထားတဲ့ဈေးနှုန်းလေးတွေမှာ
(ကားခအသွားအပြန်+ဟိုတယ်တစ်ညအိပ်+Breakfast)
တို့ပါဝင်ပါတယ်ခင်ဗျာ🙆‍♂️❤️

ပိတ်ရက်တွေမှာတော့ဈေးအပြောင်းအလဲရှိပါမယ်ခင်ဗျာ✅

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-962557987
09-421015610
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

ဗုဒ္ဓဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ် 🪷✨မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုံလပြည့် သောကြာနေ့ဝယ် မယ်တော်မာယာဒေဝီသည် မိမိနေထို...
03/12/2022

ဗုဒ္ဓဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ် 🪷✨

မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုံလပြည့် သောကြာနေ့ဝယ် မယ်တော်မာယာဒေဝီသည် မိမိနေထိုင်ရာ ကပိလဝတ်တိုင်းမှ မွေးရပ်မြေ ဒေဝဒဟတိုင်းသို့အသွား တိုင်းပြည်နှစ်ခုအကြားမှာရှိတဲ့ လုမ္ဗိနီဥယျာဉ်တော်အတွင်းမွှေးကြိုင်စွာ ဖူးပွင့်နေကြတဲ့ အင်ကြင်းပင်များအောက် ခတ္တနားခိုရင်း အင်ကြင်းခက်ကို လက်ဖြင့်ဆွဲကိုင်ပြီး ဘုရားအလောင်းတော်ကို မွေးဖွားသန့်စင်ခဲ့ပါတယ်။

လုမ္ဗိနီဥယျာဉ်ဟာ ကမ္ဘာအနှံ့မှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများ၊ သစ်ပင်ပန်းမန်များနှင့်ယခုအချိန်မှာ အလွန်သာယာလှပ စည်ကားတဲ့နေရာတစ်ခု ဖြစ်နေပေမယ့် ၁၈၉၆ ခုနှစ်မတိုင်ခင်ကာလတွေက နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အကူအညီကြောင့် လုမ္ဗိနီဟာ ကုလသမဂ္ဂထံမှများစွာသော အကူအညီများရရှိခဲ့ကာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

သီရိ လုမ္ဗိနီမှာ ၃ရက်ကြာနေခဲ့ပြီး နေ့တိုင်း လုမ္ဗိနီဥယျာဉ်အတွင်းမှာရှိတဲ့ Baby Buddha ရုပ်ပွါးတော် ၊ Central Canal အနီးလမ်းလျှောက်ရင်း နေဝင်ချိန်တွေသွားကြည့်ခဲ့ပါတယ်။ လုမ္ဗိနီကို မရောက်ခင်က ဒီလောက်သာယာပြီး အရမ်းလှမယ်မှန်းမသိခဲ့တာ အမှန်ပါ။ ဒါတောင် တိုးချဲ့ပြုပြင်နေတဲ့နေရာတွေ အများကြီးရှိနေသေးလို့ အနာဂတ်မှာ ပိုလို့တောင် သာယာလှပဦးမှာ အသေအချာပါပဲ။ အခုတော့ ၃ရက်သွားခဲ့တာတောင် ပြန်ရမှာ နှမြောနေမိတယ်။ တကယ်လို့ လုမ္ဗိနီကိုရောက်ဖြစ်ရင် ညနေပိုင်းမဖြစ်မနေ ဥယျာဉ်အတွင်းလမ်းလျှောက်ရင်း နေဝင်ချိန်တွေကြည့်ခဲ့ဖို့ တိုက်တွန်းပါတယ်ရှင်။

🪷မာယာဒေဝီ ဘုရားကျောင်း (Maya Devi Temple)

ဘုရားအလောင်းတော် ဖွားမြင်ခဲ့တဲ့နေရာအတိအကျ ကျောက်တုံးနှင့် တူးဖော်တွေ့ရှိခဲ့တဲ့ မယ်တော်မာယာ သားဖွားနေဟန်ရုပ်တုကို Maya Devi Temple ရဲ့အတွင်းမှာ တွေ့ရှိနိုင်ပါတယ်။ ဒီနေရာကို စတင်တူးဖော်စဉ်က အင်ကြင်းအမြစ်များပင်တူးဖော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Temple အပြင်ဘက်မှာ မယ်တော်မာယာ ရေပူရေချမ်းသုံးဆောင်ခဲ့သည့် ရေကန်နှင့် အသောကကျောက်စာတိုင်လည်းရှိပါတယ်။

🪷ကပိလဝတ် နေပြည်တော် ( Kapilvastu )

ဘုရားအလောင်း မွေးဖွားစဉ်မှ တောမထွက်မီကာလအထိ သိဒ္ဓတ္ထမင်းသားဘဝဖြင့် ၂၉နှစ်တိုင်တိုင် ကပိလဝတ်မှာ နေထိုင်ခဲ့ပါတယ်။ ကပိလဝတ်ကို လုမ္ဗိနီကနေ ကားနဲ့ ၄၅ မိနစ် ~ ၁ နာရီလောက် ထပ်သွားရပါတယ်။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးရဲ့ နန်းတော်ရာဟောင်းနှင့် တံခါးအုတ်ရိုးများတူးဖော်တွေ့ရှိထားတဲ့နေရာရောက်တော့ ငယ်ငယ်ကဖတ်ဖူးတဲ့ ဗုဒ္ဓရုပ်ပြစာအုပ်ထဲက အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပုံဖော်ကြည့်ရင်း ရင်ထဲမှာကြည်နူးမိပါတယ်။

Helloလူအရမ်းမများတဲ့ငွေဆောင်ကမ်းခြေမှာအေးဆေးChillရင်းအပန်းဖြေချင်လား🏝️🏖️အဲ့တာဆိုရင်တော့ဈေးသင့်ပြီးအေးဆေးchillလို့ရတဲ့ငွေ...
02/12/2022

Helloလူအရမ်းမများတဲ့ငွေဆောင်ကမ်းခြေမှာအေးဆေးChillရင်းအပန်းဖြေချင်လား🏝️🏖️

အဲ့တာဆိုရင်တော့ဈေးသင့်ပြီးအေးဆေးchillလို့ရတဲ့ငွေဆောင်hotel လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ🏘️

Hotel Luxကဈေးသင့်သင့်တင့်တင့်နဲ့အေးဆေးchillလို့ကောင်းတဲ့Hotelလေးတစ်လုံးမလို့ Packageလေးစီစဥ်ပေးထားပါတယ်ခင်ဗျာ🥳🥳

(၁)ညအိပ်(၁)ဦးလျှင်

Superior Sea View(Upper Floor)-85000ကျပ်
Superior Sea View(Ground Floor)-90000ကျပ်
Superior GardenView(Upper Floor)-70000ကျပ်
Superior GardenView(Ground Floor)-75000ကျပ်
Family Suite SideSeaView - 91500ကျပ်
Family 2nd Floor SeaView - 75000ကျပ်

ပါဝင်တဲ့Facilitiesတွေကတော့ -

-Air condition✅
-Mini Fridge✅
-Satellite TV 📺
-Hot and cold water 🚿
-WIFI Free 📶

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

ပိတ်ရက်တွေမှာတော့ဈေးအပြောင်းလဲရှိပါမယ်ခင်ဗျာ❤️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

ငွေဆောင်မှာအပန်းဖြေချင်တဲ့ခရီးသွားဧည့်သည်တွေအတွက်Decemberလအတွက်At The Sea Hotel ngwe saung နဲ့Package လေးလုပ်ပေးထားပါတယ်...
02/12/2022

ငွေဆောင်မှာအပန်းဖြေချင်တဲ့ခရီးသွားဧည့်သည်တွေအတွက်Decemberလအတွက်At The Sea Hotel ngwe saung နဲ့Package လေးလုပ်ပေးထားပါတယ်ခင်ဗျာ🙆‍♂️❤️

ငွေဆောင်ကိုဈေးသက်သက်သာသာနဲ့ခရီးသွားချင်တဲ့ဧည့်သည်တွေအတွက်ရည်ရွယ်ပါတယ်ခင်ဗျာ။

(၁)ညအိပ်(၁)ဦးလျှင်

Sea View - 75000ကျပ်
Second Sea View - 70000ကျပ်
Garden View - 60000ကျပ်
Garden View (3ယောက်ခန်း) - 55000ကျပ်
Sea View Family (6ယောက်ခန်း) - 71500ကျပ်
Family Suite (6ယောက်ခန်း) - 91500ကျပ်

(၂)ညအိပ်(၁)ဦးလျှင်

Sea View - 1025000ကျပ်
Second Sea View - 115000ကျပ်
Garden View - 95000ကျပ်
Garden View (3ယောက်ခန်း) - 85000ကျပ်
Sea View Family (6ယောက်ခန်း) - 118500ကျပ်
Family Suite (6ယောက်ခန်း) - 158500ကျပ်

အပေါ်ကပြထားတဲ့Packageလေးမှာ

(ကားခအသွား/အပြန်+ဟိုတယ်တည်းခိုခွင့်+Breakfast+Teatime+ရေကူးကန်)

စတာတွေပါတယ်နော်🙆‍♂️❤️

အပေါ်ကပြထားတဲ့packageလေးတွေကိုအနည်းဆုံးလူဦးရေနှစ်ဦးရှိရုံနဲ့သွားလို့ရနေပါပြီခင်ဗျာ👬👬

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့မဟုတ် 🔄

☎️09-421015610
09-962557987
09-791259019 ကိုလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Address


Alerts

Be the first to know and let us send you an email when LIn Zaw Moe Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LIn Zaw Moe Travels & Tours:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share