VSA International Visa Service

  • Home
  • VSA International Visa Service

VSA International Visa Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VSA International Visa Service, Passport and visa service, .
(3)

Thai နိုင်ငံမှာ ၁၄ရက်ထက် ပို​နေချင် သူများအတွက် VSA ကို ဆက်သွယ်​ပေးပါThai Tourist visa အတွက် လိုအပ်​တဲ့ စာရွက်စာတမ်း​တွေ...
06/12/2023

Thai နိုင်ငံမှာ ၁၄ရက်ထက် ပို​နေချင် သူများအတွက်
VSA ကို ဆက်သွယ်​ပေးပါ
Thai Tourist visa အတွက် လိုအပ်​တဲ့ စာရွက်စာတမ်း​တွေ လုပ်ကိုင်ဖို့ အချိန်မ​ပေးနိုင်ဘူးလား?
VSA ကို ဆက်သွယ်​ပေးပါ
အလည်အပတ်, ​ကျောင်းကိစ္စ, အလုပ် အင်တာဗျူးများအတွက် Thailand Tourist visa ကို​လျှောက်ထားနိုင်ပါတယ်
ရက် ၆၀အထက်ပိုပြီး​နေလိုပါက extension ထပ်တိုးလို့ရပါတယ်
Extension မတိုးချင်​တော့ဘူးဆိုရင် Residence visa တစ်ခုခုကို ​ပြောင်း​​လျှောက်ထားပြီး ​နေထိုင်နိုင်ပါတယ်
မြန်ဆန် တိကျပြီး visa လွယ်ကူ စွာ ရနိုင်ဖို့ VSA service ကို ဆက်သွယ်လိုက်ပါ​နော်
Visa ဝန်​ဆောင်မှု့များကို VSA မှ Onestop service ​ပေးလျက်ရှိပါတယ်
VSA ကို messanger, phone, whats Appတို့မှ ဆက်သွယ်နိုင်ပါတယ်​နော်
Together We Can!

Congratulations! 🥳🤩 🎉Canada ကိူ အလည်သွားရောက်ဖို့ visa ရရှိအောင် VSA က ထပ်မံကူညီပေးခွင့်ရခဲ့အတွက် ဝမ်းမြောက်စွာနဲ့ Congr...
16/11/2023

Congratulations! 🥳🤩 🎉
Canada ကိူ အလည်သွားရောက်ဖို့ visa ရရှိအောင် VSA က ထပ်မံကူညီပေးခွင့်ရခဲ့အတွက် ဝမ်းမြောက်စွာနဲ့ Congratulations 🎉ပါနော်။

VSA International Visa Service နဲ့ မြန်မာပြည်မှာပဲ Visit visa လျှောက်ထားပြီး Canada visa ရသွားတာပါ။
VSA ကို ယုံကြည်ပေးပြီး client ဘက်ကလဲ လိုအပ်တဲ့ အချက်အလက်တွေစုံလင်အောင် ပေးနိုင်တဲ့အတွက် လွယ်ကူလျှင်မြန်စွာနဲ့ပဲ approved ဖြစ်ခဲ့ပါတယ်။
Visa လျောက်ထားဖို့ အကြံဉာဏ်လိုအပ်နေရင် VSA နဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အကြံပေးချင်ပါတယ်။ Visa လျောက်ထားမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အကောင်းဆုံးပံ့ပိုးပေးမှာပါ။
Visa လျှောက်ထားမှုနဲ့ပတ်သတ်တဲ့အခြား information များကိုအချိန်နဲ့တစ်ပြေးညီ သိရှိစေရန်အတွက် ဒီ page လေးကို Like and Follow လုပ်ထားပေးဦးနော်။
Together We Can ♥

အားလုံးအတွက် သတင်း​ကောင်း​လေး​ပေးချင်ပါတယ်Canada နိုင်ငံကို visit visa နဲ့ ဝင်​ရောက်လာပြီး job serach visa ​လျှောက်ခွင့်...
08/11/2023

အားလုံးအတွက် သတင်း​ကောင်း​လေး​ပေးချင်ပါတယ်
Canada နိုင်ငံကို visit visa နဲ့ ဝင်​ရောက်လာပြီး job serach visa ​လျှောက်ခွင့်ကို ၂၀၂၅ ဖေ​​ဖော်ဝါရီ ၂၈ ရက်အထိ extension တိုး​ပေးလိုက်ပါပြီ။ ယခု လက်ရှိ Canada နိုင်ငံ အလုပ်ရှင်များတွေအနေနဲ့ ဝန်ထမ်းလိုအပ်ချက် အမြောက်အများ ရှိနေ​တာကြောင့် ယခုကဲ့သို့ တိုးမြှင့် ​ပေးထားခြင်းဖြစ်ပါတယ်။ Job Opportunies တွေ အများအပြား ရှိ​နေပါတယ်။
Job offer ရရှိသွားပြီးရင် visit visa မှ work permit သို့ visa change ပြီး ဆက်လက် ​အလုပ်လုပ်ခွင့် ​နေထိုင်ခွင့် ရရှိ​နေမှာပါ
Highest Salary
Good living standard
Good Education
စသည့် အခွင့်အ​ရေးများကို ရရှိနိုင်ရန်အတွက် Canada vist visa ကို ​လျှောက်ထားသင့်ပါတယ်။
သင့် စိတ်ကူး​တွေကို VSA International Visa Service နှင့်အတူ အ​ကောင်အထည်​ဖော်လိုက်ပါ
VSA မှ Canada visit visa ကိုတိကျ လျင်မြန်စွာဖြင့် ဝန်​ဆောင်မှု့ ​ပေးလျက်ရှိပါတယ်
Chat box မှတစ်ဆင့်​သော်လည်​ကောင်း page ph., သို့ လည်း​ကောင်း ဆက်သွယ်နိုင်ပါတယ် ​​နော်
Together We Can!

Customer များကို သတင်း​ကောင်း​လေး ​ပေးချင်ပါတယ်Malaysia Visit Visa ကို ​နေ့ချင်းပြီး ဝန်​ဆောင်မှု့  ​ပေးလျက်ရှိပါတယ်Visa...
08/11/2023

Customer များကို သတင်း​ကောင်း​လေး ​ပေးချင်ပါတယ်
Malaysia Visit Visa ကို ​နေ့ချင်းပြီး ဝန်​ဆောင်မှု့ ​ပေးလျက်ရှိပါတယ်
Visa အတွက် လိုအပ်​သော စာရွက်စာတမ်းပြန်ဆင်မှု့
- Flight Ticket
- Visa
- Hotel Booking စသည့် one stop service များကို တိကျ မြန်ဆန်စွာ VSA မှ ​ဆောက်ရွက် ​ပေးလျက်ရှိပါတယ်
VSA မှ ဝန်​ဆောင်မှု့ ​ပေးခဲ့​သော Visa Grant Letter များကိုလည်း share လိုက်ပါတယ်
VSA ကို messenger, phone, whats App တို့မှ ဆက်သွယ်နိုင်ပါတယ်​နော်
Together We Can!

ကနေဒါကို Visit visit နဲ့သွားပြီး အလုပ်ရှာလို့ရပြီစင်ကာပူနိုင်ငံကို Visit Visa နဲ့သွားပြီး ဟိုရောက်မှ အလုပ်ရှာကြသလိုမျိုး...
11/09/2023

ကနေဒါကို Visit visit နဲ့သွားပြီး အလုပ်ရှာလို့ရပြီ

စင်ကာပူနိုင်ငံကို Visit Visa နဲ့သွားပြီး ဟိုရောက်မှ အလုပ်ရှာကြသလိုမျိုး ကနေဒါမှာ အလုပ်ရှာချင်သူတွေအနေနဲ့ ကနေဒါကို Visit visa နဲ့ရောက်နေတုန်း အလုပ်ရှာပြီး လျှောက်ထားနိုင်မယ့်အခွင့်အရေးကို 2025 ဖေဖော်ဝါရီလကုန်အထိ ၂ နှစ်ဖွင့်ပေးထားမယ်လို့ ကနေဒါအစိုးရက ကြေညာထားပါတယ်။

Canada Visit Visa က Multiple entry ၅ နှစ် ပေးနဲ့ တစ်ခါ၀င်ရင် ၆ လနေထိုင်ခွင့်ရတဲ့အတွက် ကနေဒါကိုရောက်နေတုန်း မိမိနဲ့ ကိုက်ညီတဲ့အလုပ်တွေကို ရှာဖွေလျှောက်ထားနိုင်ပြီး အဆင်ပြေခဲ့မယ်ဆိုရင် ကနေဒါမှာ ကာလရှည်နေထိုင်အလုပ် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုပုံစံနဲ့ ကနေဒါကို သွားရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဗီဇာလျှောက်ထားဖို့ ကူညီပေးနေတာမို့လို့ အမြန်ဆက်သွယ်လိုက်ပါ။
Together we can !

27/04/2023

Hello!
Please hurry up to apply

မေ ၁ ရက်နေ့မှာ US Visit Visa ရက်ချိန်းပြန်လည်ရယူနိုင်တော့မှာပါ။ ဩဂုတ်လအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို မေ 1 ရက်နေ့ ညန...
21/04/2023

မေ ၁ ရက်နေ့မှာ US Visit Visa ရက်ချိန်းပြန်လည်ရယူနိုင်တော့မှာပါ။
ဩဂုတ်လအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို မေ 1 ရက်နေ့ ညနေ 3:00 နာရီမှာ စတင်လက်ခံသွားမည်ဟု အမေရိကန်သံရုံးက ကြေညာထားပါတယ်။ ထို့အပြင် ဇွန်လနှင့် ဇူလိုင်လအတွက် နောက်ထပ်ရက်ချိန်း slots များကိုလည်း လက်ခံပေးသွားမှာဖြစ်ပါတယ်။
သို့သော် ကျောင်းသားများအတွက် လိုအပ်ချက် မြင့်မားမှုကြောင့် ကျောင်းစဖွင့်မည့်ရက်များကို လိုက်လျောညီထွေဖြစ်စေရန်အတွက် လက်ရှိရက်ချိန်းများကို စီစဉ်ပေးနိုင်မည်မဟုတ်ဟုလည်း ကြေညာထားသည်။
ဒါကြောင့် USA ကိုအလည်အပတ်သွားဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ မေလ ၁ ရက်နေ့အတွက် အမြန်ဆုံး appointment တင်ထားဖို့အကြံပေးချင်ပါတယ်။
Make your dream come true, VSA is here for you! ❤️

20/04/2023

US visit visa အမြန်ဆုံးလျှောက်ထားသင့်ပြီလား မေလမှာ DV(Diversity Visa) ပေါက်သူတွေကို ကြေညာတော့မှာဆိုတော့ တကယ်လို့ DV မပေါ...
11/04/2023

US visit visa အမြန်ဆုံးလျှောက်ထားသင့်ပြီလား

မေလမှာ DV(Diversity Visa) ပေါက်သူတွေကို ကြေညာတော့မှာဆိုတော့ တကယ်လို့ DV မပေါက်ခဲ့ဘူးဆိုရင်တောင် US ကို Visit visa နဲ့အလည်သွားလို့ ရပါသေးတယ်နော်။

US မှာ visit visa ရပီဆိုရင် နေထိုင်ခွင့် ရက် ၉၀ ရပါတယ်။

စိတ်ဝင်စားသူတွေအတွက် US Visit Visa အကြောင်း သိထားသင့်တာတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

US Visa ငြင်းပယ်ခံရပြီးနောက် ပြန်လျှောက်လို့ရနိုင်လား။
- သံရုံးအရာရှိရဲ့ ဆုံးဖြတ်ချက်ကို complain တက်လို့ မရပေမယ့် အဲဒီ ဆုံးဖြတ်ချက်က အမြဲတမ်းအတွက် မဟုတ်လို့ ဗီဇာကို ထပ်မံလျှောက်ထားလို့ရပါတယ်။ ဒါပေမယ့် သေသေချာချာ ပြန်လည်ပြင်ဆင်ပြီး အဆင်သင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လည်လျှောက်ထားသင့်ပါတယ်။ ဥပမာအားဖြင့် မိမိနိုင်ငံမှာ အခြေတကျရှိပြီးဖြစ်တဲ့ အလုပ်အကိုင်အထောက်အထားနဲ့ အမေရိကန်မှာလည်ပတ်မယ့် ခရီးစဉ်အသေးစိတ်ကို တင်ပြနိုင်ရင် ငြင်းပယ်ခံရနိုင်မယ့် အခြေအနေ နည်းပါးပါတယ်။

ငြင်းပယ်ခံရပြီးနောက် ဘယ်လောက်ကြာရင် ထပ်မံလျှောက်ထားလို့ရသလဲ။
- ငြင်းပယ်ခံရပြီးနောက် ၃ ရက်အကြာမှာ ပြန်လည်လျှောက်ထားလို့ရပါတယ်။ နောက်တခါထပ်မံလျှောက်ထားချိန်မှာ စာရွက်စာတမ်းအထောက်အထား ပိုမိုစုံလင်ဖို့သာမကပဲ အမေရိကန်ကို အလည်သက်သက် သွားဖို့ဖြစ်တယ်ဆိုတာ သံရုံံးအရာရှိ ယုံကြည်အောင်ပြောဆိုနိုင်ဖို့လိုပါတယ်။

Visa refusal နဲ့ Visa rejection ဘယ်လိုကွာခြားလဲ။
- Visa refusal က ဆုံးဖြတ်ချက်ချသည့်အဆင့်မှာ မအောင်မြင်တာမျိုးဖြစ်ပြီး Visa rejection က ဆုံးဖြတ်ချက်ချသည့်အဆင့်အထိ မရောက်ရှိလိုက်တဲ့ လျှောက်ထားမှုတွေဖြစ်ပါတယ်။

US Visa အတွက် Show money ဘယ်လောက်ပြရမလဲ။
- တရားဝင် သတ်မှတ်ချက်၊ ကန့်သတ်ချက်မရှိပါဘူး။ သင်အမေရိကန်တွင် နေထိုင်စဉ် ကုန်ကျစရိတ်အတွက် ဖူလုံနိုင်သည့် မည်သည့်ပမာဏမဆို လုံလောက်ပါတယ်။ ပိုများလေ၊ ပိုကောင်းလေပါပဲ။ များသောအားဖြင့် ၃ လစာ Bank Statement ပြသဖို့လိုတတ်သလို မိမိ ဝင်ငွေရရှိတဲ့ အထောက်အထားတွေကိုလည်း ပြသဖို့လိုပါတယ်။

လေယာဉ်လက်မှတ်ပြဖို့လိုပါသလား။
- အသွားအပြန်အလေယာဉ်လက်မှတ်လိုအပ်ပါတယ်။ ဒါပေမယ့် Visa လျှောက်ထားချိန်မှာ လေယာဉ်လက်မှတ် booking တင်ထားတဲ့ Itinerary ကိုသာ ပြသဖို့လိုအပ်ပြီး Visa ရရှိချိန်မှသာ လေယာဉ်လက်မှတ် ဝယ်ယူရင်ရပါတယ်။
Appointment slot တွေကအခုချိန်ကစယူမယ်ဆိုရင်တောင် July လောက်မှပြန်ရမှာဖြစ်တဲ့အတွက် USA အလည်အပတ်သွားချင်သူများ အမြန်ဆုံး appointment တင်ထားဖို့အတွက် အကြံပေးပါရစေ။
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

Canada PR Program အတွက် Invitation တွေ တိုးချပေးနေပါတယ်။ မတ်လနောက်ဆုံးအပတ်အတွက် သတင်းကောင်းတခုကတော့ Canada PR program အတ...
01/04/2023

Canada PR Program အတွက် Invitation တွေ တိုးချပေးနေပါတယ်။

မတ်လနောက်ဆုံးအပတ်အတွက် သတင်းကောင်းတခုကတော့ Canada PR program အတွက် IRCC ကနေ invitation 7000 ကျော်ကိုခေါ်ယူထားတာဖြစ်ပါတယ်။ အခု ၂၀၂၃ မတ်လအတွက် ရက်သတ္တပတ် ၃ ပတ်အတွင်းမှာတင် invitation 21000 ခေါ်ယူထားတာဖြစ်လို့ ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်နေ့နောက်ပိုင်း နောက်ပိုင်းကနေစပီး ပြန်လည်ခေါ်ယူလာတဲ့အထဲမှာ invitation အများဆုံးချပေးတဲ့လလည်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
CRS(Comprehensive Ranking System)cut off point ကိုလည်း 481 နဲ့ IRCC ကခေါ်ယူထားပါတယ်။ ၂၀၂၃ ခုနှစ်အတွက် Canada immigration plan အရ Express Entry Program အတွက် invitation ပေါင်း 83000ကျော်၊ PNP program အတွက် invitation ပေါင်း 106000ကျော်ခေါ်ဖို့ရှိတယ်လို့ IRCC ရဲ့တရားဝင် website မှာ အတိအလင်း ကြေညာထားပါတယ်။
အဲဒါကြောင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတခုဖြစ်တဲ့ ကနေဒါမှာ သွားရောက် အခြေချဖို့ စိတ်ကူးရှိတယ်ဆိုရင် အခုချိန်က စတင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။

Canada PR ဆိုတာဘာလဲ Canada နိုင်ငံမှာ နိုင်ငံသားခံယူလိုတာဖြစ်စေ၊ လစာများများနဲ့နိုင်ငံသားနည်းတူတရားဝင်အလုပ်လုပ်ကိုင်ပီး ...
28/03/2023

Canada PR ဆိုတာဘာလဲ

Canada နိုင်ငံမှာ နိုင်ငံသားခံယူလိုတာဖြစ်စေ၊ လစာများများနဲ့နိုင်ငံသားနည်းတူတရားဝင်အလုပ်လုပ်ကိုင်ပီး အချိန်အကန့်အသတ်မရှိနေထိုင်ခွင့်ရလိုတာဖြစ်စေ၊ မိသားစုလိုက် Canada နိုင်ငံမှာ အခြေချနေထိုင်လိုတာဖြစ်စေ Canada PR ကိုလျှောက်ထားနိုင်ပါတယ်။ PR လျှောက်ထားရာမှာ ကိုယ်နဲ့အတူ ကိုယ့်ရဲ့ မိသားစုအရင်းအချာတွေပါ တပါတည်း ခေါ်ဆောင်ခွင့်ရှိသလို အသက် ၁၈ နှစ်အောက် သားသမီးတွေအနေနဲ့ Canada နိုင်ငံရဲ့ အစိုးရစာသင်ကျောင်းတွေမှာ သူတို့နိုင်ငံသားတွေနည်းတူ ပညာသင်ကြားခွင့်ရမှာပါ။

Canada PR လျှောက်မယ်ဆိုဘာတွေလိုအပ်မလဲ

လျှောက်ထားတဲ့ Visa type က Skilled migrant visa type မျိုးဖြစ်တဲ့အတွက် လျှောက်ထားမယ့် main applicant က တော့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက် Criteria တွေနဲ့ပြည့်မီရမှာ ဖြစ်ပါတယ်။ Age limitation, Education, IELTS, Work Experience စတဲ့ ဒီ criteria တွေအရင်ပြည့်မီရမှာပါ။ Eligibility point ကတော့ 100 ပါ။ 100 မှာ 67 ပြည့်ပြီဆိုတာနဲ့ Canada PR အတွက် eligible ဖြစ်တယ်လို့သတ်မှတ်ပါတယ်။ age limitation မှာ 18 to 35 နှစ်ထိကတော့ point အမြင့်ဆုံးအချိန်ဖြစ်တယ်၊ 35 နှစ်အထက်တွေလည်း လျှောက်ထားနိုင်ပါတယ်။ Education အနေနဲ့ bachelor degree or 3 years diploma holder ဖြစ်ရပါမယ်။ လုပ်သက်အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရပါမယ်။ တကယ်လို့ လျှောက်ထားသူက IELTS ကို bands score 8 လောက်ရအောင်ဖြေနိုင်မယ်ဆိုရင်တော့ လုပ်သက် ၁ နှစ်အထက်ရှိတာနဲ့ လျှောက်ထားနိုင်မှာဖြစ်တယ်။ IELTS ကတော့မဖြစ်မနေ component တစ်ခုတိုင်းစီအတွက် အနည်းဆုံး 6.0 ဖြေပေးရပါမယ်။
လက်ရှိမှာလျှောက်ထားလို့ရတဲ့ program တွေထဲက Express entry program နဲ့ PNP program တွေကတော့ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တယ်။

Canada PR ရခဲ့ရင် ဘယ်တွေ ခံစားခွင့်တွေရှိမလဲ

Canada PR နဲ့ နေထိုင်ပီး ရက်ပေါင်း ၁၄၆၀ ရက်ပြည့်ရင်တော့ Canada နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ပါမယ်။ Canada အစိုးရကသတ်မှတ်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု Healthcare coverage ခံစားခွင့်ရှိမယ်၊ ပညာသင်ကြားခွင့်တွေ ရရှိပါမယ်။

ယခု ၂၀၂၃ မှာ Canada PR ရနိုင်တဲ့ အခွင့်အရေးရှိသလား
Canada အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းအရ အခု ၂၀၂၃ ခုနှစ်တွက် လူဦးရေပေါင်း 410,000 to 505,000 ခေါ်ယူထားပြီး လျှောက်ထားမယ်ဆိုရင်တော့ processing time က 24 months လောက် ကြာမြင့်မှာဖြစ်တယ်။

အဲဒါကြောင့် Canada မှာ သွားရောက်အခြေချဖို့ စိတ်ကူးရှိထားရင် အခုချိန်က စတင်ပြင်ဆင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။

Canada PR နဲ့ပတ်သက်တဲ့ Update သတင်းတွေကို ဒီ page ကနေ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အနာဂတ်အတွက် ကနေဒါတို့လို နိုင်ငံကြီးတွေမှာအခြေချဖို့ PR ဒါမှမဟုတ် ကျောင်းလျောက်ထားတော့မယ်ဆိုရင်တော့ နိုင်ငံတကာ အသိအမှတ်ြ...
18/02/2023

အနာဂတ်အတွက် ကနေဒါတို့လို နိုင်ငံကြီးတွေမှာအခြေချဖို့ PR ဒါမှမဟုတ် ကျောင်းလျောက်ထားတော့မယ်ဆိုရင်တော့ နိုင်ငံတကာ အသိအမှတ်ပြုတဲ့
World Education Service (WES) တို့လို
အဖွဲ့အစည်းတွေဆီမှာ ကိုယ့်ရဲ့ပညာရေးဘွဲ့လက်မှတ်တွေရဲ့ စံချိန်စံညွှန်းကို Educational Credentials Assessment စစ်ဆေးဖို့ လိုလာပါလိမ့်မယ်။
ဒီလိုစစ်ဆေးဖို့အတွက် ပြင်ဆင်ကြရာမှာ အကြံဥာဏ်တွေ၊ အကူအညီတွေ ပေးဖို့ အဆင်သင့်ရှိနေပါတယ်။
ပညာရေးနဲ့ ပတ်သက်တဲ့ transcript တွေကို သက်ဆိုင်ရာကျောင်းတွေကနေ လျောက်ထားရယူပေးတာကနေ WES ရဲ့ စစ်ဆေးမှုအဖြေရရှိထိအဆင့်ထိ ကူညီဆောင်ရွက်ပေးသွားမှာပါ။

USA Visit Visa ပြန်လျှောက်နိုင်တော့မည် 🇺🇸🇺🇸🇺🇸အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့စီစဉ်ထားသူတွေအတွက် သတင်းကောင်းကတော့ ...
19/12/2022

USA Visit Visa ပြန်လျှောက်နိုင်တော့မည် 🇺🇸🇺🇸🇺🇸

အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့စီစဉ်ထားသူတွေအတွက် သတင်းကောင်းကတော့ ရန်ကုန်က အမေရိကန်သံရုံးမှာ ဗီဇာပြန်လည်လျောက်ထားနိုင်တော့မှာပါ။

ရန်ကုန်မြို့အမေရိကန်သံရုံးရဲ့ ကြေညာချက်အရ Nonimmigrant Visa (NIV) အမျိုးအစားအတွက် Visa Interview Appointment တွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်လက်ခံတော့မှာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့ကနေ ဧပြီ ၂၇ ရက်နေ့အတွင်း Appointment အတွက် ရက်ချိန်းပေးမှာဖြစ်ပါတယ်။

USA Visa လျောက်ထားဖို့ အကြံဉာဏ်လိုအပ်နေရင် VSA နဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အကြံပေးချင်ပါတယ်။ Visa လျောက်ထားမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အကောင်းဆုံးပံ့ပိုးပေးမှာဖြစ်သလို အင်တာဗျူးရက်ချိန်းရရှိဖို့လည်း အကောင်းဆုံး စီစဉ်ပေးသွားမှာပါ။
Visa လျှောက်ထားမှုနဲ့ပတ်သတ်တဲ့အခြား information များကိုအချိန်နဲ့တစ်ပြေးညီ သိရှိစေရန်အတွက် ဒီ page လေးကို Like and Follow လုပ်ထားပေးဦးနော်။
Make your dreams come true, VSA is here for you. ♥️

အားလုံးကို သတင်း​ကောင်း​လေးပါးချင်ပါတယ်Day/ Distance Candidates တို့အတွက် အမှတ်စာရင်း ဝန်​ဆောင်မှု့ကို အလျင်မြန်ဆုံး ​ဆေ...
11/06/2022

အားလုံးကို သတင်း​ကောင်း​လေးပါးချင်ပါတယ်
Day/ Distance Candidates တို့အတွက် အမှတ်စာရင်း ဝန်​ဆောင်မှု့ကို အလျင်မြန်ဆုံး ​ဆောင်ရွက်​ပေး​နေပြီ
အမြန်ဆုံးဆက်သွယ်လိုက်ပါ ​နော်

# 09251709108

အမေရိကန်မှာ တစ်သက်တာနေထိုင်ခွင့်ရနိုင်မယ့် DV lottery အတွက် တရားဝင်ဖောင်တင်ရမယ့်ရက် ထွက်လာပါပြီ!!!   အမေရိကန်နိုင်ငံမှာ ...
01/10/2021

အမေရိကန်မှာ တစ်သက်တာနေထိုင်ခွင့်ရနိုင်မယ့် DV lottery အတွက် တရားဝင်ဖောင်တင်ရမယ့်ရက် ထွက်လာပါပြီ!!!
အမေရိကန်နိုင်ငံမှာ Permanent Residentအနေနဲ့ တစ်သက်တာနေထိုင်ခွင့် ရရှိနိုင်မယ့် DV Lottery ကံစမ်းလိုသူတွေအတွက် သတင်းကောင်းလေးပါးချင်ပါတယ်။ အမေရိကန်အစိုးရက DV Lottery 2023 အတွက် ဖောင်တင်ရမယ့်ကို အောက်တိုဘာလ 7ရက်ကနေ နိုဝင်ဘာလ 10ရက်အထိဆိုပြီး တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ DV Lottery 2023 အတွက် ကံထူးသူတွေကို လာမယ့်နှစ် 2022ခုနှစ် မေလအတွင်းမှာ ကြေညာသွားမှာဖြစ်ပြီး တစ်နှစ်မှတစ်ခါသာရနိုင်တဲ့ အခွင့်အရေးဖြစ်လို့ မလွတ်သွားအောင် လက်တို့လိုက်ပါတယ်။
VSA ကနေတဆင့် DV lottery ကို ကံစမ်းလိုသူတွေအတွက်လည်း လျှောက်လွှာတွေကို နဂို deadline ကနေ အောက်တိုဘာလနောက်ဆုံးပတ်အထိ တိုးချဲ့လက်ခံနေပြီဖြစ်ပါတယ်။
အဲ့တာကြောင့် DV ထိုးချင်ပေမယ့် ပတ်စ်ပို့လုပ်ဖို့ မမီတော့ဘူးဆိုပြီးလက်လျှော့လိုက်တဲ့သူတွေအနေနဲ့ ဒီကြားသွားလုပ်ထားမယ်ဆိုရင် DV ကံစမ်းဖို့မီပါ‌သေးတယ်‌နော်။ သင်ဟာ ဒီအခွင့်အရေးကိုလက်မလွတ်ချင်လို့ DV ထိုးမယ့်ကံထူးရှင်လောင်းတစ်ယောက်ဆိုရင်တော့ VSA ရဲ့ messenger မှာ အမြန်ဆုံးပဲလာရောက်ဆက်သွယ်လိုက်ပါ။ အမေရိကမှာသွားနေနိုင်ဖို့သိပ်မလိုတော့ဘူးနော်။
Make your dreams come true, VSA is here for you ❤️

22/09/2021

Mohawk Valley Community College's Associate Degree for Business Administration 🇺🇸🇺🇸
US မှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကျောင်းသွားတက်ချင်သူများအတွက် New York မှာရှိတဲ့ Community College တစ်ခုရဲ့ Associate Degree တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ခုပြောပြမယ့် program က Mohawk Valley Community College ရဲ့ Associate in Applied Science Degree for Business Administration program ဖြစ်ပြီး US ရဲ့ New York မြို့မှာမှ ကျောင်းတက်သူချင်တွေအတွက်တော့ စရိတ်စက သက်သက်သာသာနဲ့ ပညာသင်နိုင်မယ့် အခွင့်ကောင်းတစ်ခုပါ။ Community College ဖြစ်လို့ International Students တွေအတွက် ကျောင်းဝင်ခွင့်လွယ်ကူမှာဖြစ်ပြီး Associate Degree ဖြစ်တဲ့အတွက် Degree ရပြီးတာနဲ့ ကြိုက်နှစ်သက်ရာ University မှာ နှစ်နှစ်ထပ်မံတက်ရောက်ရုံနဲ့တင် Bechalor Degree ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
MVCC ရဲ့ Associate Degree for Business Administration မှာ ကျောင်းသားတွေအတွက် စီးပွားရေးနယ်ပယ်ရဲ့ စီမံခန့်ခွဲမှုအပိုင်းအသီးသီးမှာလိုအပ်မယ့် Skillsetတွေကို အဓိကသင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းအပြီး business ပိုင်းမှာ အတည်တကျလုပ်ကိုင်လိုသူတွေ တက်သင့်တဲ့ Degree တစ်ခုဖြစ်ပါတယ်။ Business အပိုင်းက အလုပ်အကိုင်အခွင့်အရေးပေါများလို့ internatinal students တွေအကြား ရေပန်းစားနေတဲ့ မေဂျာတစ်ခုဖြစ်ပြီးဒီ Associate Degree ယူထားပြီး Bachelor ဘွဲ့တစ်ခုရထားပြီးရင်တော့ ကိုယ့် whole career အတွက် foundation ခိုင်ခိုင်မာမာတစ်ခုရရှိထားမှာပါ။
ဒီ program အတွက် semester လေးခုပေါင်းကို $6000ဝန်းကျင်သာ ကျသင့်မှာမို့လို့ စရိတ်သက်သက်သာသာနဲ့ US မှာ ကျောင်းတက်လိုသူတွေအတွက်တော့ အသင့်တော်ဆုံး Degree တစ်ခုဖြစ်ပါတယ်။
MVCC မှာ တက်ရောက်နေတဲ့ international students တွေရဲ့ experience လေးတွေကြည့်လို့ရအောင် ဗီဒီယိုလေးပါထည့်ပေးထားပါတယ်ရှင်။
အကယ်လို့ ဒီ MVCC ရဲ့ Associate Degree in Business Administration ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ မိမိရဲ့အမည်နဲ့ဖုန်းနံပါတ်ကို VSA ရဲ့message boxမှာချန်ထားပေးခဲ့ပါနော်။ VSA ကနေ အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမယ်ရှင့်။

Make your dreams come true, VSA is here for you ❤️.

Video credit to Wearemvcc Youtube Channel

🇺🇸 အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်ပေးမယ့် DV Lottery 🇺🇸အမေရိကန်မှာ အခြေချနေထိုင်ဖို့ အလွယ်ကူဆုံးနဲ့ အသက်သာဆုံးနည်းလမ်း...
20/09/2021

🇺🇸 အမေရိကန်အိမ်မက်ကို အကောင်အထည်ဖော်ပေးမယ့် DV Lottery 🇺🇸
အမေရိကန်မှာ အခြေချနေထိုင်ဖို့ အလွယ်ကူဆုံးနဲ့ အသက်သာဆုံးနည်းလမ်းက ဘာဖြစ်မလဲ မေးရင်တော့ ‌အဖြေကသေချာပေါက် DV ပါပဲ။ အမေရိကန်အစိုးရဟာ DV လို့ခေါ်ကြတဲ့ Diversity Immigrant Visa ကို ကံစမ်းမဲသဘောအနေနဲ့ မဲနှိုက်ပြီး အယောက် 55000ကို တစ်နှစ်တစ်ခါ ရွေးချယ်ပေးအပ်လေ့ရှိပါတယ်။ ကိုယ်သာ ကံထူးပြီး Winner အဖြစ် ရွေးချယ်ခံရပြီဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ကြိုက်နှစ်သက်ရာပြည်နယ်မှာ Permanent resident အနေနဲ့ work visa student visa မလိုပဲ တစ်သက်တာ နေထိုင်အလုပ်လုပ်ကိုင်ပညာသင်ခွင့်ရမှာပါ။ ဒါတင်မဟုတ်ပဲ Healthcare နဲ့ education benefits တွေပါရမှာဖြစ်တာမို့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်လိုသူတွေအတွက်တော့ DV lottery က ငွေအားနည်းနည်းစိုက်ထုတ်ရုံနဲ့ အများကြီးပြန်ရနိုင်မယ့် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ မနှစ်ကကျင်းပခဲ့တဲ့ DV lottery 2022မှာ မြန်မာပြည်မှာ ကံထူးသူစုစုပေါင်း 561 ယောက်ရှိခဲ့ပါတယ်။
ခုလိုအခွင့်အရေးကိုလက်မလွှတ်ပဲ DV ထိုးမယ့်သူတွေအတွက် VSA Int'l Visa Service မှာ 2023 DV Lottery အတွက် လျှောက်လွှာဖောင်များလက်ခံပေးနေပါပြီ။ လျှောက်လွှာတိုင်းအတွက် အကောင်းဆုံးဝန်ဆောင်မှုနဲ့ပြင်ဆင်ပေးနိုင်ဖို့ အရေအတွက်အကန့်အသတ်နဲ့လက်ခံပေးနေပါတယ်။ တစ်ဦးတည်းလျှောက်မယ့်သူတွေအတွက် ဝန်ဆောင်ခ 8000ကျပ်၊ မိသားစုလိုက်လျှောက်မယ့်သူတွေအတွက် ဝန်ဆောင်ခ 10000ကျပ်ဆိုပြီး သက်သာတဲ့နှုန်းထားနဲ့ VSA က လက်ခံလျှောက်ထားပေးနေပါတယ်။ Deadline ဖြစ်တဲ့ စက်တင်ဘာနောက်ဆုံးပတ်ရောက်ခါနီးပြီဖြစ်လို့ DV winner အဖြစ်ကံစမ်းနိုင်မယ့် အချိန်ကဘယ်လောက်မှမကျန်တော့ပါဘူး။ VSA လက်ခံမယ့်ဖောင်အရေအတွက်ကလည်း ပြည့်ခါနီးပြီဖြစ်တဲ့အတွက် DV ကံစမ်းချင်တဲ့ ကံထူးရှင်လောင်းတွေအနေနဲ့ VSA Int'l Visa Service ရဲ့ message box ကဖြစ်စေ၊ ဖုန်းနံပါတ် 09449189131 ကဖြစ်စေ ဆက်သွယ်ပြီး အမြန်ဆုံးလျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Make your dreams come true,VSA is here for you❤️.

🇺🇸 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐃𝐕 𝟐𝟎𝟐𝟑 𝐋𝐨𝐭𝐭𝐞𝐫𝐲 🇺🇸အမေရိကန်အစိုးရက နှစ်စဉ်ရွေးချယ်လက်ခံပေးနေတဲ့ DV Lottery အစီအစဉ်ဟာ အမေရိကန်မှာ သွားရောက်အခြ...
09/09/2021

🇺🇸 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐃𝐕 𝟐𝟎𝟐𝟑 𝐋𝐨𝐭𝐭𝐞𝐫𝐲 🇺🇸
အမေရိကန်အစိုးရက နှစ်စဉ်ရွေးချယ်လက်ခံပေးနေတဲ့ DV Lottery အစီအစဉ်ဟာ အမေရိကန်မှာ သွားရောက်အခြေချနေထိုင်လိုသူတွေ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတခုပါ။
၂၀၂၃ ခုနှစ် DV2023 အစီအစဉ်အတွက် ကံစမ်းဖို့ လျှောက်လွှာလက်မခံသေးပေမယ့် အောက်တိုဘာလထဲမှာ စတင်လျှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို တကမ္ဘာလုံးက အွန်လိုင်းကနေ တပြိုင်နက် လျှောက်ထားနိုင်တာဖြစ်လို့ လက်ခံချိန်မှာ အဆင်သင့်လျှောက်ထားနိုင်အောင် လိုအပ်တဲ့ Passport နဲ့ ဓာတ်ပုံအပါအဝင် အချက်အလက်တွေကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်။
ရရှိလာမယ့်အခွင့်အရေးကို လက်လွတ်မခံသင့်သလို အချက်အလက်နဲ့ စာရွယ်စာတမ်းတွေမှားယွင်းသွားရင်လည်း အခက်အခဲရှိနိုင်တာကြောင့် စတင်လျှောက်ထားကံစမ်းစဉ်ကတည်းက သေချာဂရုပြုသင့်ပါတယ်။
VSA အနေနဲ့လည်း DV2023 လျှောက်ထားလိုသူတွေကို ဝန်ဆောင်မှုပေးရာမှာ နိုင်နိုင်နင်းနင်းနဲ့ သေသေချာချာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် အရေအတွက် ကန့်သတ်ထားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ မိမိဖုန်းနံပါတ်နှင့် အမည်ကို VSA message box မှာ ချန်ထားပေးပါနော်။ VAS Team ဘက်ကပြန်လည်ဆက်သွယ်ပေးပါမယ်ရှင့်။
𝐌𝐚𝐤𝐞 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐜𝐨𝐦𝐞 𝐭𝐫𝐮𝐞, 𝐕𝐒𝐀 𝐢𝐬 𝐡𝐞𝐫𝐞 𝐟𝐨𝐫 𝐲𝐨𝐮!❤️

🇺🇸 ကံစမ်းသင့်တဲ့ American DV Lottery 🇺🇸အမေရိကန်နိုင်ငံရဲ့ ဘယ်မြို့မှာမဆို အခြေချနေထိုင်အလုပ်လုပ်ခွင့်ရရှိမယ့် အခွင့်အရေး...
08/09/2021

🇺🇸 ကံစမ်းသင့်တဲ့ American DV Lottery 🇺🇸
အမေရိကန်နိုင်ငံရဲ့ ဘယ်မြို့မှာမဆို အခြေချနေထိုင်အလုပ်လုပ်ခွင့်ရရှိမယ့် အခွင့်အရေးတခုဟာ လူတိုင်းရဲ့ လက်တကမ်းကို နှစ်စဉ်ရောက်လာလေ့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဗီဇာကို ကုန်ကျစားရိတ် သက်သက်သာသာနဲ့ ကံစမ်းရရှိနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ငါး သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယတဲ့ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။
နှစ်စဉ်တစ်နှစ်တစ်ကြိမ် အောက်တိုဘာလမှာပဲ လျှောက်ထားနိုင်ပြီးတော့ မေလ အစောပိုင်းမှာ ကံစမ်းမဲပေါက်သူတွေစာရင်းကို ကြေညာလေ့ရှိပါတယ်။
၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံက ၇၀၀ ကျော် ကံထူးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာအရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတစ်နိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြုလက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။
အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာအရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။
အကယ်လို့သင်ဟာ လျောက်ထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ မိမိဖုန်းနံပါတ်နှင့် အမည်ကို VSA message box မှာ ချန်ထားပေးပါနော်။ VAS Team ဘက်ကပြန်လည်ဆက်သွယ်ပေးပါမယ်ရှင့်။
𝐌𝐚𝐤𝐞 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐜𝐨𝐦𝐞 𝐭𝐫𝐮𝐞, 𝐕𝐒𝐀 𝐢𝐬 𝐡𝐞𝐫𝐞 𝐟𝐨𝐫 𝐲𝐨𝐮!❤️

🇨🇦 Saskatchewan Polytechnic 🇨🇦ကနေဒါနိုင်ငံက ထိပ်တန်းကျောင်းတခုဖြစ်တဲ့ Saskatchewan Polytechnic ဟာ Polytechnic Canada ရဲ့...
02/09/2021

🇨🇦 Saskatchewan Polytechnic 🇨🇦
ကနေဒါနိုင်ငံက ထိပ်တန်းကျောင်းတခုဖြစ်တဲ့ Saskatchewan Polytechnic ဟာ Polytechnic Canada ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး research ကို အဓိကစူးစိုက်ဦးစားပေးတဲ့ အဆင့်မြင့်ပညာရေးကျောင်းတခုဖြစ်ပါတယ်။
ပညာရေးနယ်ပယ်မှာ ကောင်းကောင်းအသိအမှတ်ပြုခံထားရပြီးတော့ အဲဒီကျောင်းထွက်တွေကို အလုပ်ရှင် ၉၅ ရာခိုင်နှုန်းလောက်က အလုပ်ခန့်ဖို့ ဆန္ဒရှိကြတယ်လို့ဆိုပါတယ်။
ဒီကျောင်းကနေ certificate၊ ဒီပလိုမာနဲ့ ဘွဲ့ပေးအပ်တဲ့သင်တန်းတွေကို ဖွင့်လှစ်နေတာဖြစ်ပြီး သင်ကြားပေးတဲ့ ဘာသာရပ်တွေကလည်း စုံလင်ပါတယ်။
ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘွဲကြိုနဲ့ ဘွဲ့လွန်သင်တန်းတွေကို တက်ရောက်နိုင်ပြီး ကျောင်းဆင်းသွားသူ ၉၃ ရာခိုင်နှုန်းလောက်က သူတို့သင်ယူခဲ့ရတာနဲ့ ကျောင်းတက်ရတဲ့အတွေ့အကြုံတွေအပေါ် အလွန်ပဲ ကျေနပ်ကြတယ်လို့လည်းဆိုပါတယ်။
Saskatchewan Polytechnic က နိုင်ငံတကာကျောင်းသားကျောင်းသူတွေကို ကူညီပံ့ပိုးပေးဖို့အတွက် scholarship တွေ အစီအစဉ်တွေရှိသလို နိုင်ငံတကာကျောင်းသားကျောင်းသူတွေကို အကြံဉာဏ်တွေပေးမယ့်ဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။
အခုချိန်မှာတော့ ၂၀၂၂ ဇန်နဝါရီမှာစတင်မယ့် တန်းခွဲအတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။ နိုင်ငံတကာကျောင်းသားတွေအတွက် လျှောက်လွှာကြေးက ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။
လျှောက်ထားသူတွေဟာ IELTS overall band 6.5 နဲ့ 5 အကြားရှိထားဖို့လိုပါတယ်။

Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

သင်ဘယ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ချင်ပါသလဲ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုသွားရောက်အလုပ် လုပ်ကိုင်လိုတဲ့လူငယ်တွေ အ...
26/07/2021

သင်ဘယ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ချင်ပါသလဲ
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုသွားရောက်အလုပ် လုပ်ကိုင်လိုတဲ့လူငယ်တွေ အများကြီးရှိပါတယ်။
COVID-19 ကူးဆက်ရောဂါကြောင့် လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီကို သွားရောက်ဖို့ မလွယ်ကူသေးပေမယ့် ပြန်လည်အဆင်ပြေလာတဲ့အချိန်မှာ ပေါ်ပေါက်လာမယ့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ကဲ အဲဒီအချိန်ရောက်ရင် ဘယ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ချင်လည်းဆိုတာ အောက်က link မှာ ဝင်ရောက် ဖြေပေးသွားပါဦး။
https://docs.google.com/forms/d/1ZaN20lA3Y9k21WLzAVMm8FnPfh-mfkHA_pM6Jy9WYQI/viewform?edit_requested=true
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

🇺🇸 အမေရိကန်ဗီဇာ ခေတ္တပိတ်ထားပါတယ် 🇺🇸📢📢📢           ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ပုံမှန်ဗီဇာဝန်ဆောင်မှုတွေကို လက်...
22/07/2021

🇺🇸 အမေရိကန်ဗီဇာ ခေတ္တပိတ်ထားပါတယ် 🇺🇸📢📢📢
ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ပုံမှန်ဗီဇာဝန်ဆောင်မှုတွေကို လက်ရှိအချိန်မှာ ပြန်လည်စတင်နိုင်ခြင်းမရှိသေးဘူးလို့ ကြေငြာပါတယ်။ လက်ရှိမှာ Immigrant Visa တခုထဲကိုသာ အကန့်အသတ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ပုံမှန်ဗီဇာဝန်ဆောင်မှုတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးမှာဖြစ်ပေမယ့် ဘယ်အချိန်လည်းဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့လည်း ကြေငြာထားပါတယ်။

🇺🇸 Study in USA 🇺🇸 အမေရိကန်မှာ ကျောင်းသွားတက်ကြမယ့် ကျောင်းသူကျောင်းသားတွေအတွက် အရေးကြီးရွေးချယ်ရမှာတခုက ဘယ်ဘာသာရပ်ကို ရ...
21/07/2021

🇺🇸 Study in USA 🇺🇸
အမေရိကန်မှာ ကျောင်းသွားတက်ကြမယ့် ကျောင်းသူကျောင်းသားတွေအတွက် အရေးကြီးရွေးချယ်ရမှာတခုက ဘယ်ဘာသာရပ်ကို ရွေးချယ်သင်ယူသင့်လည်းဆိုတာ ဖြစ်ပါတယ်။ ရွေးချယ်စရာ ဘာသာရပ်တွေ အများကြီးရှိနေပေမယ့် မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဘာသာရပ်ကို ရွေးချယ်မှသာ အလုပ်အကိုင်လမ်းကြောင်းအတွက်ပါ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာကျောင်းသားကျောင်းသူတသန်းလောက် အမေရိကန်မှာ ပညာသင်ယူနေကြပါတယ်။ ကျောင်းတွေအများကြီးက ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေပေမယ့် နိုင်ငံတကာကျောင်းသားတွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ ဘာသာရပ် ၅ ခုကို ရွေးချယ်ဖော်ပြပေးလိုပါတယ်။

Engineering
အမေရိကန်မှာရှိတဲ့ နိုင်ငံတကာကျောင်းသား ၂၀ ရာခိုင်နှုန်းဟာ Engineering ကို သင်ယူနေကြပါတယ်။ Engineering ဘာသာရပ်တခုခုနဲ့ ဘွဲ့ရရှိပြီးသွားရင် အလုပ်အကိုင်ကောင်းကောင်းတွေ ရရှိနိုင်တာကြောင့်ပါ။

Business Management
နိုင်ငံတကာကျောင်းသားတွေကြားမှာ အလျှင်အမြန်ပေါ်ပြူလာဖြစ်လာတာက Business Management ဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသား ၁၈ ရာခိုင်နှုန်းလောက် တက်ရောက်နေပါတယ်။ ဘွဲ့ရရှိပြီးသွားရင် အလုပ်အကိုင်အတွက် ရွေးချယ်စရာအများအပြားရှိနေလို့ဖြစ်ပါတယ်။

Social Science
နိုင်ငံတကာကျောင်းသား ၇ ရာခိုင်နှုန်းကျော် ရွေးချယ်တက်ရောက်နေကြပါတယ်။

Physical and Life Science
Biology, Chemistry, Physics နဲ့ Astrology တို့လို ဘာသာရပ်တွေဖြစ်ပြီး နိုင်ငံတကာကျောင်းသားတွေကြား ထင်ရှားပါတယ်။ ကျောင်းသားအများစုက အဆိုပါ ဘာသာရပ်တွေထဲက စိတ်ဝင်စားရာကို အထူးပြုလေ့လာကြလေ့ရှိပြီး ဘွဲ့ရချိန်မှာ အလုပ်အကိုင်အတွက် ရွေးချယ်စရာတွေ များပြားပါတယ်။

Fine and Applied Arts
Architect, web and graphic design, photojournalist နဲ့ videographer တို့လို ဘာသာရပ်တွေပါဝင်သလို painting, sculpture နဲ့ printmaking တို့လည်း ပါဝင်ပါတယ်။ အနုပညာနဲ့ ဒီဘာသာရပ်တွေကို စိတ်ဝင်စားကြတဲ့ နိုင်ငံတကာကျောင်းသား ၅ ရာခိုင်နှုန်းလောက် လေ့လာသင်ယူနေကြပြီး အနုပညာနဲ့ ဒီဇိုင်းပညာရပ်ပိုင်းမှာ ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်ကို မြှင့်တင်ပေးနိုင်ပါတယ်။
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်တ...
08/07/2021

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်တဲ့သတင်းကို ကြားသိကြမှာပါ။
Phuket Sandbox လို့ခေါ်တဲ့အဲ့ဒီအစီအစဉ်ကို ဇူလိုင် ၁ ရက်နေ့က စတင်လိုက်တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူတွေအနေနဲ့ ထိုင်းနိုင်ငံဖူးခက်ကို Quarantine ဝင်စရာမလိုပဲ လာရောက်နိုင်မှာဖြစ်ပါတယ်။
ဒါဟာ ကိုဗစ်အလွန်ကာလမှာ တနိုင်ငံနဲ့တနိုင်ငံ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ဖို့အတွက် ကြိုးစားနေမှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးသန်းသွားလာဖို့အတွက် ဗီဇာကန့်သတ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။
World Tourism Organization ရဲ့ နောက်ဆုံးလေ့လာမှုအရ ကမ္ဘာတလွှားက ခရီးသွားဒေသ ၂၉% ဟာ နိုင်ငံတကာ ခရီးသွားတွေကို လုံးဝလာခွင့်မပေးသေးပါဘူး။ ဒီအထဲမှာ အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံတွေအများစုပါဝင်ပါတယ်။
ကမ္ဘာ့ခရီးသွားဒေသ ၃၄% ရာခိုင်နှုန်းကတော့ တစိတ်တပိုင်းလောက်ပဲ ဖွင့်ပေးထားပြီး ခရီးသွားအချို့ကိုသာ သတ်မှတ်ချက်တွေနဲ့အညီ လာရောက်ခွင့်ပေးထားပါတယ်။
နောက်ထပ်ဒေသ ၃၆% ကတော့ COVID-19 ကင်းစင်ကြောင်းထောက်ခံချက်တောင်းခံပြီး Quarantine ဝင်ဖို့လည်း သတ်မှတ်ထားကြပါတယ်။
ခရီးသွားဒေသ ၄၂% ကတော့ ခရီးသွားတွေ လာရောက်တဲ့နိုင်ငံပေါ်မူတည်းပြီး သီးခြားစည်းမျဉ်းတွေ၊ တားမြစ်ချက်တွေ ချမှတ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အာရှနဲ့ ပစိဖိတ်နိုင်ငံအများစုက ခရီးသွားတွေကို လုံးဝပိတ်ပင်ထားတာ၊ တင်းတင်းကြပ်ကြပ် ကန့်သတ်တာတွေလုပ်နေကြပေမယ့် ဥရောပနိုင်ငံတွေနဲ့အမေရိကန်တို့ကတော့ ခရီးသွားလာမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါဟာ ကာကွယ်ဆေးထိုးပြီးသူအရေအတွက်များပြားလာမှုနဲ့ ဆက်စပ်နေပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားဟာ နိုင်ငံအများစုအတွက် ဗီဇာလျှောက်ထားရာမှာ အရေးပါတဲ့သတ်မှတ်ချက်ဖြစ်လာမှာပါ။ အထူးသဖြင့် ဥရောပ၊ အမေရိကန်နဲ့ ကနေဒါလို နိုင်ငံကြီးတွေနဲ့ စင်ကာပူလို နိုင်ငံတွေအတွက်ဆို လိုအပ်လာမှာပါ။
ကာကွယ်ဆေးထိုးထားပြီးသူတွေအတွက် ကန့်သတ်ချက်တွေ လျော့နည်းသွားမယ့်သဘောပါ။

လက်ရှိအချိန်မှာ ခေတ်စားလာတဲ့ ဘာသာရပ်တခုကတော့ စိုက်ပျိုးရေးပညာဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်ကိုင်တဲ့ ဩစတြေးလျ...
30/06/2021

လက်ရှိအချိန်မှာ ခေတ်စားလာတဲ့ ဘာသာရပ်တခုကတော့ စိုက်ပျိုးရေးပညာဖြစ်ပါတယ်။
စိုက်ပျိုးရေးကို အကြီးအကျယ်လုပ်ကိုင်တဲ့ ဩစတြေးလျနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းသမိုင်းကြောင်းရှည်လျားသလို စိုက်ပျိုးရေးပညာလေ့လာသင်ယူနိုင်တဲ့ကျောင်းတွေလည်း အများအပြားရှိပါတယ်။
စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေ သင်ယူဖို့အတွက် ဩစတြေးလျနိုင်ငံဟာ ကမ္ဘာ့အကောင်းဆုံးနေရာတွေထဲက တခုဖြစ်ပြီး Agriculture Science၊ Agribusiness နဲ့ Agriculture Engineering တို့လို ဘာသာရပ်တွေကို လေ့လာနိုင်ပါတယ်။
ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၅၀ ထဲမှာ ဩစတြေးလျတက္ကသိုလ် ၅ ခု ပါဝင်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ စိုက်ပျိုးရေးဘာသာရပ်တွေကို တက်ရောက်သင်ယူနိုင်ပါတယ်။
ဩစတြေးလျက သက်မွေးမှုပညာသင်ကျောင်းတွေကလည်း သင်တန်းတွေဖွင့်လှစ်ထားပြီးတော့ ကျောင်းသားတွေအနေနဲ့ short course တွေ တက်ရောက်နိုင်ပါတယ်။

Bachelor of Science in Agriculture က အချိန်ပြည့် ၃ နှစ်၊ ဒါမှမဟုတ် အဲဒီစာသင်နှစ်နဲ့ ညီမျှတဲ့ part-time တက်ရောက်နိုင်ပါတယ်။
ကျောင်းလခကတော့ တနှစ်ကို ကျောင်းပေါ်မူတည်ပြီး ဩစတြေးလျဒေါ်လာ ၂၀,၀၀၀ ကနေ ၄၀,၀၀၀ လောက်အထိ ပေးရပါတယ်။

စာသင်နှစ် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်ကြာတဲ့ ဒီပလိုမာတန်းတွေကတော့ ကျောင်းလခတနှစ်ကို ဩစတြေးလျဒေါ်လာ ၅,၀၀၀ ကနေ ၁၀,၀၀၀ အတွင်း ကျသင့်ပါတယ်။
အချို့ကျောင်းတွေကတော့ scholarship တွေ ပေးတတ်တယ်လို့ သိရပါတယ်။

Agriculture နဲ့ဘွဲ့ရရှိပြီးသူတွေအနေနဲ့ ဩစတြေးလျနိုင်ငံက ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့တွေကို ဝင်ရောက်ခွင့်ရှိတာကြောင့် အလုပ်အကိုင်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြားရှိလာမှာဖြစ်ပြီး အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။
-Horticulture
- Agronomy
- Agribusiness and marketing
- Livestock expert
- Land care management
- Cropping
- Procurement and production specialist
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

🇦🇺 Agriculture Visa for Australia 🇦🇺   ဩစတြေးလျနိုင်ငံက စိုက်ခင်းတွေမှာ အလုပ်လုပ်နိုင်မယ့် Agriculture Visa အမျိုးအစားကိ...
25/06/2021

🇦🇺 Agriculture Visa for Australia 🇦🇺
ဩစတြေးလျနိုင်ငံက စိုက်ခင်းတွေမှာ အလုပ်လုပ်နိုင်မယ့် Agriculture Visa အမျိုးအစားကို မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံအတွက်ပါ တိုးချဲ့ခွင့်ပြုသွားမယ်လို့ ဩစတြေးလျအစိုးရက ကြေညာထားပါတယ်။
ဩစတြေးလျရဲ့ သီးနှံရိတ်သိမ်းခူးဆွတ်ရာသီအတွက် စက်တင်ဘာလကုန်မှာ စတင်မယ့် ဒီဗီဇာအစီအစဉ်က ဗီဇာရရှိသူတွေဟာ ဩစတြေးလျမှာ စိုက်ပျိုးရေးရာသီအလုပ်တွေမှာ ၃ နှစ်လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁ နှစ်ကို ၃ လ မိခင်နိုင်ငံမှာ ပြန်နေထိုင်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
သဘောကတော့ တနှစ်ကို ဩစတြေးလျမှာ ၉ လအလုပ်လုပ်ပြီး မိခင်နိုင်ငံမှာ ၃ လ ပြန်နေထိုင်ရမှာပါ။
ဩစတြေးလျနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ရည်ရွယ်တဲ့ ဒီဗီဇာအစီအစဉ်က အလုပ်သမား ၁၀,၀၀၀ ကျော်ခေါ်ယူမယ်လို့ လက်ရှိအချိန်မှာ ကြားသိထားပါတယ်။
ဒီဗီဇာက အသက်အရွယ် ကန့်သတ်ချက်မရှိဘူးလို့ သတင်းဌာနတွေက ဆိုပေမယ့် ဩစတြေးလျအစိုးရတော့ အသေးစိတ်လိုအပ်ချက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိအခြား ဗီဇာအစီအစဉ်တွေလိုပဲ ဒီဗီဇာအစီအစဉ်က အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးမှာဖြစ်ပြီး အလွဲသုံးမှုမဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လုပ်ခလစာ၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်လုံခြုံရေးတွေအတွက်လည်း တခြားအလုပ်သမားတွေနဲ့ တပြေးညီဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒီဗီဇာ လျောက်ထားဖို့ သတ်မှတ်ချက်တွေ၊ လိုအပ်ချက်တွေကို ဩစတြေးလျအစိုးရက ထုတ်ပြန်တဲ့အခါ ထပ်မံဖော်ပြပေးပါ့မယ်။

Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

ကနေဒါမှာကျောင်းပြီးသွားကြတဲ့ International Students တွေ ကနေဒါမှာပဲ ဆက်လက် အလုပ်လုပ်ကိုင်ကြဖို့ ရွေးချယ်ကြလေ့ရှိပါတယ်။ Po...
23/06/2021

ကနေဒါမှာကျောင်းပြီးသွားကြတဲ့ International Students တွေ ကနေဒါမှာပဲ ဆက်လက် အလုပ်လုပ်ကိုင်ကြဖို့ ရွေးချယ်ကြလေ့ရှိပါတယ်။

Postgraduate Degrees in Canada
ကနေဒါမှာ Postgraduate courses တွေက ၃ လကနေ ၄ နှစ်အထိ ကြာမြင့်တတ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် စာသင်ခန်းမှာတက်ရောက်ရတဲ့ သင်တန်းနဲ့ research ဥဦးစားပေးတဲ့သင်တန်းတွေထဲကနေ ကြိုက်ရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Postgraduate Diploma Courses
ကနေဒါမှာ ရွေးချယ်စရာ Postgraduate Diploma သင်တန်းတွေအများကြီးရှိတဲ့အထဲကမှ ကုန်ကျစရိတ်အရရော လက်တွေ့လုပ်ငန်းခွင်ဝင်ဖို့အတွက်ပါ သင့်တော်တဲ့အတွက် ပေါ်ပြူလာဖြစ်တဲ့ ဘာသာရပ်တွေရှိပါတယ်။
အဲဒီဘာသာရပ်တွေကတော့ Business Management, IT & Computer Science, Finance and Business နဲ့ Engineering လို ဘာသာရပ်တွေ ဖြစ်ပါတယ်။
Postgraduate Diploma သင်တန်းတွေဟာ ၁ နှစ်အတွင်း diploma ရရှိနိုင်တဲ့အတွက် ကုန်ကျစရိတ်အားဖြင့်လည်း သက်သာနိုင်ပါတယ်။

Pre-Masters & Masters Degrees
ကနေဒါမှာ Masters Degrees တက်ရင်တော့ ၁ နှစ်ကနေ ၂ နှစ်အထိ ကြာနိုင်ပါတယ်။ အချို့တက္ကသိုလ်တွေကတော့ Master Degree က မြန်နိုငိသမျှ မြန်မြန်ပြီးချင်တဲ့ ကျောင်းသားတွေအတွက် fast track အစီအစဉ်တွေရှိတတ်ပါတယ်။

Admission Entry Requirements
ကနေဒါတက္ကသိုလ်တွေကို တက်ရောက်ခွင့်အတွက် လိုအပ်ချက်တွေမြင့်မားတတ်ပေမယ့် အတိုးအလျော့ရှိတတ်ပြီး Grade Point Average (GPA) of 3.0 အနည်းဆုံးလိုပါတယ်။ ဒါ့အပြင် Graduate Management Admissions Test (GMAT) နဲ့ Graduate Record Exam (GRE) တို့ပါဝင်တဲ့ test ကိုလည်း အောင်မြင်ရမှာပါ။

အလုပ်လုပ်ကိုင်ခွင့်
ကနေဒါမှာ Postgraduate students တွေဟာ Post-Graduation Work Permit Program နဲ့ အလုပ်လုပ်နိုင်ကြပါတယ်။ ဒီပါမစ်က graduation ပြီးနောက် ဆက်လက်ပညာသင်ယူတဲ့ကာလ ၈ လကျော်ရှိသူတွေအတွက်ပေးတာဖြစ်ပါတယ်။
ဒါပေမယ့်တက်ရောက်နေတဲ့ postgraduate သင်တန်းက ပုံမှန်အချိန်ပြည့်တက်ရောက်ရတဲ့သင်တန်းဖြစ်ဖို့လိုအပ်ပြီး ၈ လတက်ရောက်ပြီးရင်တော့ Post-graduation Work Permit လျောက်ထားနိုင်တာဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် International students တွေဟာ partime အလုပ်ကနေ ၁ နာရီကို အနည်းဆုံး ၁၀ ဒေါ်လာရရှိနိုင်ပြီး အတွေ့အကြုံနဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်ပြီး ရရှိနိုင်ပါတယ်။
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

🇺🇸 Community Colleges in USA 🇺🇸 အမေရိကန်နိုင်ငံက Community College တွေဟာ နိုင်ငံတကာကျောင်းသားတွေကြားမှာ ရေပန်းစားလာပါတယ်...
17/06/2021

🇺🇸 Community Colleges in USA 🇺🇸
အမေရိကန်နိုင်ငံက Community College တွေဟာ နိုင်ငံတကာကျောင်းသားတွေကြားမှာ ရေပန်းစားလာပါတယ်။
Community College တွေမှာ တက်ရောက်ခြင်းအားဖြင့် စရိတ်သက်သာခြင်း၊ ကျောင်းသားနည်းပါးတဲ့အတွက်ထိထိရောက်ရောက် သင်ကြားပေးနိုင်ခြင်းတို့လို့ အကျိုးကျေးဇူးတွေရှိပါတယ်။ Community College တွေမှာ တက်ရောက်ခြင်းဟာ ပညာရေးနောက်တဆင့်ကို တက်လှမ်းပြီး တက္ကသိုလ်တက်ရောက်ဖို့အတွက် အကောင်းဆုံးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

Community College ဆိုတာဘာလဲ။
Junior College လို့လည်းခေါိကြတဲ့ Community College ဟာ စာသင်နှစ် ၂ နှစ်သာ သင်ကြားပေးတဲ့ ဒေသတွင်း ကောလိပ်တွေဖြစ်ပါတယ်။ ဒီကောလိပ်တွေကနေ certificate၊ Diploma နဲ့ Associate Degree တွေ ပေးအပ်ပါတယ်။ Associate degree ရရှိပြီးနောက်မှာ နှစ်သက်ရာတက္ကသိုလ်မှာ နောက်ထပ် ၂ နှစ်ဆက်လက်တက်ရောက်ပြီး Bachelor Degree ရရှိမှာပါ။

International Student တွေအနေနဲ့ community college ဘာကြောင့်တက်သင့်သလဲ။
- တက္ကသိုလ်တွေမှာ တက်ခြင်းထက် ပိုပြီး ကုန်ကျစရိတ် သက်သာပါတယ်။
- ကျောင်းဝင်ခွင့်ရရှိဖို့ ပိုပြီး လွယ်ကူတယ်။
- စာသင်ခန်းအရွယ်အစား သေးငယ်တဲ့အတွက် သင်ကြားမှုထိရောက်တယ်။
- Bachelor degree ကို စရိတ်သက်သာစွာနဲ့ရနိုင်ပါတယ်။ community College မှာ ၂ နှစ်တက်ရောက်ပြီး Grade ကောင်းကောင်းရရင် တက္ကသိုလ်မှာ ၂ နှစ်တက်ရောက်ရုံနဲ့ bachelor degree ရရှိတဲ့အတွက် ကုန်ကျစရိတ်သက်သာပါတယ်။
- အမေရိကန်ကောလိပ်ကျောင်းသားဘဝအတွေ့အကြုံကို ခံစားရမယ်။
- Community College ၂ နှစ် တက်ရောက်ပြီး Associate Degree ရရှိပြီးနောက် အမေရိကန်မှာ Optional Practical Training အနေနဲ့ ၁ နှစ်နေထိုင် အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။

Part-time Job
အမေရိကန် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းနဲ့ အခြားကျောင်းတွေမှာ တက်ရောက်ဖို့အတွက် F1 visa ရရှိထားတဲ့ကျောင်းသားတွေအနေနဲ့ တက်ရောက်နေတဲ့ ကျောင်း campus ထဲမှာ ရက်သတ္တပတ်တပတ်ကို နာရီ ၂၀ အထိ တရားဝင် အလုပ်လုပ်ခွင့်ရှိပါတယ်။
စာသငိနှစ် ၁ နှစ်ပြီးသွားရင်တော့ campus အပြင်ဘက်မှာ တရားဝင် အချိန်ပိုင်း အလုပ်လုပ်ခွင့်ရရှိနိုင်ပါတယ်။

အကောင်းဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံး Community College မှာ သင်တန်းကြေး ပျမ်းမျှအားဖြင့် ဒေါ်လာ ၂၅၀၀ ကနေ ၃၅၀၀ အထိသာ ကျသင့်ပါတယ်။ ဒါဟာ သင်တန်းကာလတခုအတွင်း ပေးသွင်းရမယ့် fees တွေ အကုန်ပါဝင်ပြီးဖြစ်ပါတယ်။
Let’s make an 15 minutes free appointment, book with VSA’s specialist.
Make your dream come true, VSA is here for you!

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959892243814

Website

Alerts

Be the first to know and let us send you an email when VSA International Visa Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VSA International Visa Service:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share