SSW Travel Agency

  • Home
  • SSW Travel Agency

SSW Travel Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SSW Travel Agency, Travel Company, .

ဒီရောဂါဘေးကနေ ကင်းစင်ကျော်လွှားပြီးတဲ့တစ်နေ့မှာ..... #ခရီးတွေထွက်မယ် #ကောင်းမယ်ထင်တာလေးတွေလုပ်မယ် #ဘဝမှာ လုပ်သင့်တာလေးတွ...
06/01/2021

ဒီရောဂါဘေးကနေ ကင်းစင်ကျော်လွှားပြီးတဲ့တစ်နေ့မှာ.....

#ခရီးတွေထွက်မယ်
#ကောင်းမယ်ထင်တာလေးတွေလုပ်မယ်
#ဘဝမှာ လုပ်သင့်တာလေးတွေလုပ်မယ်
#မိသားစုဘဝလေးကို ပိုပြီးတန်ဖိုးထားနေထိုင်သွားမယ်
#မိတ်ဆွေကောင်းတွေကို ပိုပြီးတန်ဖိုးထားမယ်
#သစ်ပင်လေးတွေ များများစိုက်မယ်
#ပရဟိတအလုပ်လေးတွေ ထပ်တိုးပိုလုပ်မယ်
#ကိုယ်ချစ်တဲ့သူတွေကို ပိုဂရုစိုက်မယ်
#ကုသိုလ်အလုပ်လေးတွေ ပိုလုပ်မယ်
#မိဘကိုလည်း ပိုဂရုစိုက်မယ်
#ရိုးရှင်းတဲ့အခြေနေတွေကနေ ပျော်ရွှင်မှုလေးတွေပိုရှာကြည့်မယ်

ဘဝရဲ့လက်ကျန်အချိန်လေးတွေမှာ ဒီထက်ဆိုးတာတွေကို ပိုမျော်လင့်ထားပြီး ယခုထက်ပိုကောင်းအောင် နေဖို့ဆုံးဖြတ်ထားပါတယ်....

20/03/2020
အိမ်မက်တွေ တပုံကြီးမက်လို့ရမဲ့အဆုံးမရှိတဲ့ ဘဝပင်လယ်ကို ခက်ခက်ခဲခဲ လက်ပစ်ကူးနေ ရင်းမောလာရင်အပန်းဖြေတဲ့အနေနဲ့ လက်တွေ့ပင်လယ...
08/03/2020

အိမ်မက်တွေ တပုံကြီးမက်လို့ရမဲ့
အဆုံးမရှိတဲ့ ဘဝပင်လယ်ကို ခက်ခက်ခဲခဲ
လက်ပစ်ကူးနေ ရင်းမောလာရင်

အပန်းဖြေတဲ့အနေနဲ့ လက်တွေ့ပင်လယ်ကိုသွားပြီး
သန္တာကျောက်တန်းလေးတွေကို ကြည့်ပြီး
ရေကူးရင် စိတ်အပန်းဖြေကျရအောင်လား

ကမ်းသာယာ ငပလီ ကမ်းခြေမှာ အဝကဲ
တစ်ညအိပ် သုံးရက်မှ 75000 ဆိုတော့
ဟိုတယ်ခတောင်မရှိဘူး
ကဲဘာလိုသေးလဲ
သွားကဲလိုက်ရအောင်လား

အမြန်ဆက်သွယ်လိုက်နော်

09 402601757
09 768001517
09 456524599

လွတ်လပ်မှုကိုချစ်မြတ်နိုးပီးသဘာဝမှာပဲပျော်ချင်တယ်ဆိုတဲ့သူတွေအတွက်27 ရက်နေ့ သုံးရက်ပိတ်လေးရှိတုန်းဂွ ကမ်းသာယာ ငပလီ ခရီးစဥ...
06/03/2020

လွတ်လပ်မှုကိုချစ်မြတ်နိုးပီးသဘာဝမှာပဲပျော်ချင်တယ်ဆိုတဲ့သူတွေအတွက်
27 ရက်နေ့ သုံးရက်ပိတ်လေးရှိတုန်း
ဂွ ကမ်းသာယာ ငပလီ
ခရီးစဥ်လေး စီစဥ်ထားတယ်နော်

27 ရက်နေ့လည် ၁၂နာရီ ထွက်မယ်နော်
28 ရက်နေ့ ကမ်းသာယာ ကမ်းခြေမှာ အဝကဲမယ်
သဘာဝ အလှတရား တွေကို ရှာဖွေကျမာ်
29 ရက်နေ့ ငပလီ ကမ်းခြေမှာ အဝကဲမယ်
သဘာဝ အလှတရား တွေကို ရှာဖွေကျမယ်

ကျနော့်တို့ SSW Travel Agency မှပို့ဆောင်ပေးမည့် တစ်ညအိပ်နှစ်ရက်ခရီးစဉ်လေး
ဂွ 💒💒💒
ကမ်းသာယာ 🏝🏝🏝
ငပလီ 🏖🏖🏖

ပါဝင်သော ဝန်ဆောင်မူများကတော့
ကားခ နဲ့ ညအိပ်ရန်အတွက် ဟိုတယ်များ

တစ်ဦးကို ၇၅၀၀၀ ကျပ် ဖြစ်လို့
ဟိုတယ်ခ သာယာပဲ ရှိပါတယ် ခင်ဗျာ

Sea View အခန်းလိုချင်ရင်တော့
ထပ်ဆောင်း ၁၅၀၀၀ ကျပ်တော့ ထည့်ပေးရမှာနော်
မင်မင်က လည်တဲ့သူတွေ တန်အောင်
စီစဥ်ပေးထားတာ ဆိုတော့
အမြန်စားရင်းပေးမှ အဆင်ပြေမယ်နော်

ခရီစဥ်းမှာလည်း သွားမည့်ကားက
၂၉ပေ ၃၂ ယောက်စီးမှာ
၂၈ ယောက်ပဲ လက်ခံမှာ ဆိုတော့
ဆင်တွေ က လိုက်လို့ရတယ်နော်

SSW Travel Agency
09 402601757
09 768001517
09 456524599

မင်မင် နဲ့ အတူ
သဘာဝရဲ့ အလှတရားတွေကို ကျွန်တော်တို့
ရှာဖွေလိုက်ရအောင်ဗျာ

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ...
03/03/2020

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။
``မောင်တော် ဘုရင့် ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော်သေရပါလိမ့်မယ် , မောင်တော် ရအောင်ယူပေးပါ။ "
`` ဪ•••နှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..ဒို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.. "
`` မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ် မဟုတ်လို့ကတော့ နှမတော်ဒေါသကိုသိတယ်နော် "😁
အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ် နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး•• မိရင်ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေ မယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ်။ နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.••
ဘုရင်က ``ငါ ဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်.´´ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..``ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း´´..ဆိုပြီးခိုင်းတယ်။
အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့´´ဘုရားပေါ့ လျောက်တယ်။
ဘုရင်က ``ဒါဆို ယူပြီးကပ်လိုက်စမ်း.´´.ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ် ``ဒီရဟန်းထူးခြားတယ်၊ အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲသိရအောင်´´ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်းမြင်ကော ``ဒီကောင်သူတောင်းစားပဲ.´´ဆိုတာသိလိုက်တယ်။
အမတ်ကလဲ ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ်ဖြစ်ရတာ "မတန်ပါဘူး"´´လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ်။
နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်`` ဟိုရဟန်း အခြေနေဘာထူးလဲအမတ် ´´လို့ မေးတော့
အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား ´´လို့ လျောက်တင်တော့•••
အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်.။

Credit

ပြန်လည်မျှဝေပေးပါသည်

ပထမဦးဆုံး ခရီးစဥ်အနေဖြင့်Alliance Myanmar Microfinance မြင်းမူမြို့နယ်လုပ်ငန်းစုအား ကျေးဇူးတင်ပါတယ် ခင်ဗျာအပတ်စဥ် သောကြ...
28/02/2020

ပထမဦးဆုံး ခရီးစဥ်အနေဖြင့်
Alliance Myanmar Microfinance မြင်းမူမြို့နယ်
လုပ်ငန်းစုအား ကျေးဇူးတင်ပါတယ် ခင်ဗျာ

အပတ်စဥ် သောကြာ နေ့ည ထွက်
ဘာအံ့ ဘုရားစုံဖူးရင် စက်စဲမှာကဲမယ်
ကျိုက်ခမီ မှာ ညအိပ်ပြီး
ကျိုက်ထီရိုး ဘုရားဖူးမယ်ဆိုရင်

တစ်ယောက် 35000 သာ ကျတယ်ဆိုတော့
အပြေးသာလာခဲ့ကျပါ
ST-09 Perfect Co., Ltd လုပ်ငန်းစုမှ
ဘတ်ဂျက်ခရီးစဥ်များစွာကို
SSW Travel Agency အနေဖြင့်
အဖိုးနူန်းချိုသာစွာ စီစဥ်ရေဆွဲပေးနေပါပြီးခင်ဗျာ

မြန်မာနိူင်ငံရဲ့ အလှတရား တစ်ချို့ကိုကျွန်တော်တို့ အတူ ရှာဖွေရအောင်လားဗျာ
26/02/2020

မြန်မာနိူင်ငံရဲ့ အလှတရား တစ်ချို့ကို
ကျွန်တော်တို့ အတူ ရှာဖွေရအောင်လားဗျာ

Youth Lifestyle - လူငယ်ဘဝမှာ လုပ်ဖူးသင့်တဲ့ အချက် ၁ဝ ချက်ဆယ်ကျော်သက် လူငယ်တွေ အနေ နဲ့ နောက် အနှစ် ၅၀၊ အနှစ် ၆၀ လောက် ကြာ...
24/02/2020

Youth Lifestyle - လူငယ်ဘဝမှာ လုပ်ဖူးသင့်တဲ့ အချက် ၁ဝ ချက်
ဆယ်ကျော်သက် လူငယ်တွေ အနေ နဲ့ နောက် အနှစ် ၅၀၊ အနှစ် ၆၀ လောက် ကြာတဲ့အခါ အသက် ၆၀ အရွယ်၊ အသက် ၇၀ အရွယ်တွေ အဖိုးကြီး အဘွားကြီးတွေ ဖြစ်ကုန်မှာပါ။ အဲဒီအခါ အခု အရွယ်လို့ ပေါ့ပေါ့ ပါးပါး မသွားလာ နိုင်တော့ပါဘူး၊ လွတ်လွတ် လပ်လပ် ပြေးလွှားခြင်း မပြုနိုင်တော့ဘဲ စိတ်သွားတိုင် အရင်လို ကိုယ်က လိုက်ပါခြင်း မရှိတော့ တာမျိုးတွေ ဖြစ်လာဖို့ များပါတယ်။ အိုမင်းလာတဲ့ အရွယ်ကြရင် ကိုယ်ငယ်စဉ်က ကြောင်းတွေ ပြန်စဉ်းစားတဲ့အခါ ငွေကြေး၊ ဂုဏ်ဒြပ် နဲ့ အဆင့် သတ်မှတ်ချက်တွေ က ကြည်နူးဖွယ် မှတ်တရတွေ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဘဝကို ခင်မင်ရသူတွေနဲ့ ဘယ်လောက် အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ သလဲဆိုတာကသာ အမှတ်တရ ဖြစ်စေမှာပါ။
တစ်ချို့သော လူငယ်တွေဟာ အရက်၊ မူးရစ်ဆေးဝါး၊ အပျော်အပါး၊ ကျောင်းစာ မှာ အဆင့် ၁ ရဖို့ နဲ့ instagram မှာ ခဏခဏ မြင်တွေ့နေရတဲ့ လူကုံထံတွေ သွားနေကြ ရန်ကုန်ရဲ့ နာမည်ကျော် အရက်ဘားတွေ၊ ကလပ်တွေ မှာ သွားဖူး၊ စားဖူး ဖို့ ကို ပဲ အဓိက ထားပြီး စစ်မှန်ရိုးစင်းတဲ့ ဘဝရဲ့ အမှတ်တရ တွေကို ရှာဖွေဖို့ မေ့လျော့ နေတတ်ကြပါတယ်။ တစ်ကယ်တော့ live a life ဘဝကို လူသား ဆန်ဆန် ဖြတ်သန်းဖို့ အသက်ကြီး လာတဲ့အခါ အမှတ်ရမယ့် အရာတွေက ငွေကြေး၊ အောင်မြင်မှု နဲ့ စာမေးပွဲ အမှတ်တွေ၊ အောင်စာရင်း အဆင့်တွေ မဟုတ်ပါဘူး။ ငယ်စဉ်က လုပ်ဆောင်ခဲ့တဲ့ တန်ဖိုးရှိတဲ့ ပျော်ရွှင်ဖွယ် ခံစားချက် memory တွေပါ။
အသက် ၂၅ နှစ်မတိုင်မီ လုပ်ဆောင်သင့်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြလိုက်ရပါတယ်။
၁။ ပင်လယ်ကမ်းခြေကို ရွယ်တူ လူငယ်တွေ နဲ့ ခရီးထွက်ပါ
မြေကမ္ဘာမှာ ဓါတ်ကြီး ၄ ပါးရှိတယ်လို့ အသိများတဲ့ အထဲက ရေဓါတ်ကလည်း လူရဲ့ စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ သူမတူအောင် ကုစား နိုင်တဲ့ အထဲမှာ ပါပါ တယ်။ သင်မယုံရင် ကမ်းခြေမှာ ၂ ရက်လောက် ရေကူးရင်း အချိန်တွေကို ကုန်ဆုံးပြီးတဲ့နောက် စိတ်ရော ကိုယ်ပါ ပြောင်းလဲ အသစ်ဖြစ်သွားတဲ့ ခံစားချက်က ရယူကြည့်ပါ။ စိတ်ကူကိုယ်တူ လူငယ်တွေ အချင်းချင်း တိုင်ပင်ပြီး ချောင်းသာ သို့ ကိုယ်နဲ့ နီးတဲ့ ကမ်းခြေ တစ်ခုခုမှာ အချိန်ဖြန်းဖို့ ပြင်ဆင်ပါ။ မသွားခင် ပင်လယ်ရေ အကြောင်း လေ့လာပါ။ RIP Current တို့ ဘာတို့အကြောင်း လေ့လာပါ။ (ကိုယ်သွားမယ့် နေရာအပေါ်မူတည်ပြီး ဥပမာ ငွေဆောင်ကမ်းခြေမှာ RIP Current အရပ်ခေါ် ရေဆွဲတွေ ရှိတတ်ပါတယ်။) ရေကူးတတ်အောင်လုပ်ပါ။ ကမ်းခြေသွားပြီး ရေမကူးခဲ့ဘူးဆို ကမ်းခြေရဲ့ စစ်မှန်တဲ့ အရသာကို မခံစားနိုင်ပါဘူး။ ကမ်းခြေမသွားခင် ရေကူးကန်မှာ ရေကို ကျွမ်းကျင်အောင် ကူးတတ်ဖို့ သင်ယူပါ။ ကမ်းခြေသွားတယ်ဆိုတာ ငွေအရမ်းကုန်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ချောင်းသာလို လူတန်းစား မျိုးစုံ သွားလေ့ ရှိတဲ့ ကမ်းခြေမျိုးမှာ လူငယ်တွေ စုပြီး တည်းလို့ရတဲ့ ဘန်ဂလို ပုံစံ အခန်းလွတ် တွေ က စျေးအတော် သက်သာပါတယ်။ တစ်ချို့ စျေးအရမ်း သက်သာတဲ့ အခန်းတွေက အိပ်ယာခင်း မပေးတတ်ပါဘူး ဒါပေမယ့် Sleeping Bag လိုမျိုး ခရီသွား အိပ်ယာလိပ်တွေ ယူသွားရင် အဆင်ပြေပါတယ်။
၂။ ဘုန်းကြီး ဝတ်ဖူးပါ - သီလရှင် ဝတ်ဖူးပါ
လူတွေက အရွယ်သုံးပါးမှာ တတိယအရွယ်ရောက်မှ တရားရှာဖို့ တိုက်တွန်းကြပါတယ်။ တစ်ကယ်တော့ တရားရှာဖို့ စတင်သင့်တဲ့ အကောင်းဆုံးအရွယ်က ဆယ် ကျော်သက် ငယ်စဉ် အရွယ်ပဲဖြစ်ပါတယ်။ တရား နဲ့ နေ့စဉ် အပတ်တိုင်း (twenty four seven) မွေ့လျှော်နေဖို့ တိုက်တွန်းခြင်း မဟုတ်ပါဘူး။ တစ်နှစ်မှာ ၁ ခါ လောက် ဘုန်းကြီး ဝတ်တာ၊ သီလရှင် ဝတ်တာ၊ ဒါမှမဟုတ်လည်း ယောဂီ ဝတ်တာ က ငြိမ်းချမ်းတဲ့ စိတ်ဆောင်ကြင်းပေးမှာ ဖြစ်ပြီး တရား သမားတွေ ပြောလေ့ရှိတဲ့ စစ်မှန်တဲ့ ချမ်းသာခြင်း (စိတ်ချမ်းသာ၊ကိုယ်ချမ်းသာ) ခြင်းကိုရမှာပါ။ တရားစခန်းက တွေက စိတ်ပိုင်းဆိုင်ရာ ပိုပြီးတော့ ရင့်ကျက်၊ တည်ငြိမ်တဲ့ ဖို့ အထောက်အပံ ပေးတယ်ဆိုတာ တရားစခန်း ဝင်ဖူးတဲ့ လူငယ်တိုင်း သိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာမှ မဟုတ်ပါဘူး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ တရားထိုင်လို့ရတဲ့ တရားစခန်းတွေ ရဲ့ လိပ်စာတွေက နိုင်ငံကြီး တိုင်းမှာ ရှိပါတယ်။ ကိုယ်နေထိုင်တဲ့ နေရာက မြန်မာနိုင်ငံ ဖြစ်ဖြစ်၊ အမေရိကန် ဖြစ်ဖြစ်၊ ထိုင်း နိုင်ငံ ဖြစ်ဖြစ် တရားအားထုတ်ချင်တယ်ဆို Google မှာ ကိုယ် နဲ့ အနီးဆုံး တရားစခန်းကို ရှာဖို့ပဲလိုတာပါ။
၃။ တောင်တက်ဖူးပါ
သင်သာ ဟောလီးဝုဒ် ရုပ်ရှင်တွေ ကြိုက်နှစ်သက် တတ်တဲ့ လူငယ်တစ်ယောက်ဆို။ တောထဲကို အပျော် တောင်တက် ခရီးထွက်တဲ့ လူငယ်တွေ အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ခဏခဏ ကြည့်ဖူးမှာပါ။ တောင်တက်ခြင်းက စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာကိုပါ ဖွုံဖြိုးစေ တဲ့ အရာတွေ ထဲက တစ်ခုဖြစ်ပါတယ်။ သင်က ချစ်သူမရှိသေးတဲ့ လူငယ် တစ်ယောက်ဆို ... ကံကောင်းရင် ဖူးစာရှင်ကို တောင်တတ်ခရီးမှာ တွေ့ရင်တွေ့ရမှာပါ။ တစ်ကယ်လို့ စိတ်ဝင်စားတယ်ဆို ရန်ကုန် သို့ သင်နဲ့ နီးတဲ့ မြို့ ကြီးတွေမှာ ရှိတဲ့ တောင်တက် အသင်းတွေ ကို ရှာဖွေ ဆက်သွယ်ပြီး လေ့ကျင့်ခန်းတွေကို လပေါင်းများစွာ ပြီးတဲ့နောက် တောင်တက်ဖူးတဲ့ အတွေ့အကြုံကို ဖန်တီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆို ရိုးမ တောင်တန်းတွေ အတော်ပေါများပြီး အချိန်ကုန်၊ ငွေကုန် ခံနိုင်တယ်ဆို မြန်မာနိုင်ငံ မြောက်ပိုင်းက နှင်းတောင်တွေ ဖက်ကိုပါ သွားလို့ ရပါတယ်။
၄။ ကြယ်တွေ အောက်မှာ အိပ်ဖူးပါ
မြို့ပြ နဲ့ ဝေးပြီး လူသူ အရောက်အပေါက်နည်းတဲ့ တောထဲမှာ ကြယ်တွေ ကိုမျက်နှာမူရင် အိပ်ဖူးမယ့် ခံစားချက်ကလည်း သင့်ကို ဘာနဲ့ မှ မတူတဲ့ အရသာကို ပေးပါလိမ့်မယ်။ ရန်ကုန် လို မြို့ကြီးတွေ မှာ နေတဲ့ လူတွေဆို အဝေးပြေးလမ်းမပေါ် ကားမောင်းသွားပြီး လမ်းဘေးမှာ ကားရပ်ကာ ခရီးတစ်ထောက်နား အိပ်လို့ ရသလို အညာ ဒေသ နဲ့ နီးတဲ့ ဒေသက လူငယ်တွေ အနေနဲ့လည်း ထန်းတောထဲ ထန်းရည် အရသာ ခံစားရင် ရီဝေဝေ မျက်လုံးတွေနဲ့ ကြယ်တွေကို ကြည့် ရေတွက်ကာ အိပ်လို့ရပါတယ်။
၅။ အပင်စိုက်ဖူးပါ
အနောက်ပိုင်းတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ် နဲ့ ဒဂုံတက္ကသိုလ် တွေ လို့ ပြောလိုက်ရင် ကျောင်းသား လူငယ်အများစုက နေပူပြင်းတာ ကိုတွဲပြီးမြင်ကြပါတယ်။ ရန်ကုန်မှာ အပင်ပေါက် ပျိုးပင်အရောင်းဆိုင်တွေ အများကြီး ရှိပါတယ်။ ကိုယ် ပထမ နှစ်လောက် မှာ ဝယ်ပြီးစိုက်ထားတဲ့ အပင်က ကိုယ် နောက်ဆုံး နှစ်လောက်ရောက်တဲ့အခါ ကြီးထွားလာပြီး ကိုယ်ဘွဲရတဲ့ အချိန်လောက်မှာ ကိုယ်နောက်က ကျောင်းဆက်တက်မယ့် ဂျူနီယာလေးတွေအတွက် ကောင်းကောင်း အရိပ်ပေးနေပြီ ဆိုတာကို သိရပြီး ကျောင်းကို နှုတ်ဆက်သွားရတဲ့ ပီတိမျိုး ကလည်း အပင် စိုက်ဖူးတဲ့ သူတွေမှ ခံစားသိရှိဖူးတဲ့ အရသာပါ။ တက္ကသိုလ်မှာ အပင်တွေ စိုက်တယ်ဆိုတာ ဥပမာ တစ်ခုပါ တစ်ကယ်တော့ မြင်နေရတဲ့ ပတ်ဝန်းကျင်မှာ အပင်စိုက်ဖို့ လိုနေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ရပ်ကွက်ထဲက နေပူပူ ကားမှတ်တိုင် အတွက် အရိပ်ရပင်၊ အိမ်ထဲက မြေကွက်လပ်မှာ သရက်သီး ပေါ်ချိန်တိုင်း မိသားစုစားဖို့ နဲ့ ပိုတာတွေကို အိမ်နီးချင်းတွေကို လက်ဆောင်ပေးဖို့ သရက်ပင်၊ ဒန့်ဒလွန်ပင် စသည်ဖြင့်ပေါ့။ အများနဲ့ ဆိုင်တဲ့နေရာတွေမှာ ခင်မင်ရတဲ့ သူငယ်ချင်းတွေ နဲ့ စုပြီးပဲဖြစ်ဖြစ် ကြီးထွားမြန်တဲ့ ပျိုးပင်လေးတွေ ရှာဝယ်ပြီး လိုအပ်တဲ့ နေရာတွေ မှာ စိုက်ပျိုးပေးပြီး ကုသိုလ်ယူလို့ ရပါတယ်။
၆။ ဂီတကို လေ့လာပါ
သီချင်း ဆိုတာပဲဖြစ်ဖြစ်၊ တီးတာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ကျွမ်းကျင်အောင် လုပ်ထားရင် ကိုယ့်အတွက် အရှုံးမရှိပါဘူး။ ဂီတ ဆိုတာ လူကို ယုံကြည်မှု ပေးတဲ့ အရာတွေ ထဲကတစ်ခုပါ။ အသံ ဘယ်လောက် မကောင်းတဲ့ လူပဲဖြစ်ဖြစ် ကြိုစားပြီး လေ့ကျင့်ရင် သီချင်း ၁ ပုဒ် တော့ မှန်အောင် ဆိုတတ် သွားတာပါပဲ။ ဂီတ နဲ့ ပါရမီ ဘယ်လောက်ပဲ မပါတဲ့ လူပဲဖြစ်ဖြစ် ကြိုးစားပြီးလေ့ကျင့်ရင် သီချင်းတစ်ပုဒ်တော့ ကောင်းကောင်း တီးတတ်အောင် လုပ်လို့ ရပါတယ်။ သူငယ်ချင်းတွေ စုပြီး အများနဲ့ဆိုင်တဲ့နေရာ (public area) တွေ ဖြစ်တဲ့ အင်ယားကန်ဘောင်၊ ကန်တော်ကြီး၊ ပြည်သူရင်ပြင် လိုနေရာတွေမှာ ဂစ်တာတီးရင်း သီးချင်း ဆိုတာမျိုးတွေ၊ ရပ်ကွက်ထဲက သိပ်လှတဲ့ ကောင်မလေး တွေရဲ့ အိမ်ရှေ့မှာ သီချင်းသွားဆိုတာမျိုးတွေက အသက်ကြီးတဲ့အခါ ပြန်ရှာမရနိုင်တဲ့ အမှတ်တရတွေပါ။
၇။ စေတနာ့ ဝန်ထမ်းလုပ်ပါ
သင် ဗုဒ္ဓဘာသာ တစ်ဦးဖြစ်တယ်ဆိုရင် ရပ်ကွက် ဆွမ်းလောက်အသင်းမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် သင် ခရစ်ယာန် တစ်ယောက် ဖြစ်တယ်ဆိုရင် ဘုရား ရှိခိုးကျောင်း (church) မှာပဲဖြစ်ဖြစ် တက်ကြွတဲ့ လုပ်အားပေး တစ်ဦး (Voluntier) အနေနဲ့ ပါဝင်လို့ ရပါတယ်။ စေတနာ့ ဝန်ထမ်း ခြင်းဟာ ဗုဒ္ဓဘာသာ အနေနဲ့ ပြောမယ်ဆို ကုသိုလ်ရတဲ့ အလုပ်ဖြစ်သလို၊ ခရစ်ယာန် အနေနဲ့ ပြောမယ်ဆိုရင်လမ်း (Serve for people) အစေခံခြင်း အသက်တာကို လျှောက်လှမ်းခြင်း ဖြစ်တာမို့ ဘာသာရေးအရ ကောင်းမွန် တဲ့ အလုပ် တစ်ခုဖြစ်သလို လူအများက အကောင်းမြင်တဲ့ အလုပ်လည်းဖြစ်ပါတယ်။ စေတနာ့ ဝန်ထမ်း လုပ်ဖူးတဲ့ အတွေ့အကြုံတွေက တစ်ကယ့် လုပ်ငန်းခွင် ဝင်တဲ့အခါ၊ လုပ်ငန်းခွင်အတွင်းမှာ အဖွဲ့အစည်းတွေ နဲ့ အလုပ်လုပ်တဲ့အခါ စကားပြောတဲ့အခါ များစွာ အထောက်အကူပြုတာမို့ ငယ်တုန်းမှာ ခဏတာ စေတနာ့ ဝန်ထမ်း လုပ်ဖို့ တိုက်တွန်းပါရစေ။
၈။ ရေတံခွန် တစ်ခုခုကို ရောက်ဖူးအောင် သွားပါ
နေထိုင်ရာ ပြည်ထောင်စု အမိမြေရဲ့ မြောက်ပိုင်းမှာ ရေတံခွန် ကြီးကြီး မားမား တွေ အများအပြား ရှိပေမယ့် လက်တွေ့မှာ သွားရောက်ဖို့ ခရီးက ခက်ခဲ့ပါတယ်။ သွားရ လာရ လွယ်ကူပြီး၊ ခရီးသင့်တဲ့ ရေတံခွန် တွေကတော့ အနည်းငယ်သာ ရှိပါတယ်။ ကရင်ပြည်နယ်က ကျုံထော်ရေတံခွန်၊ ပြင်ဦးလွင် မှာရှိတဲ့ ပွဲကောင် ရေတံခွန် တို့က ငယ်ရွယ်တုန်း လူ့စိတ်ကို အမောပြေစေမယ့် သဘာဝကပေးတဲ့ လက်ဆောင် တွေပါ။ ရေတံခွန်တွေ ဆီသွားမယ်ဆို ရေကူးကျွမ်းကျင်မှ ရေတံခွန် ရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်မယ်ဆိုတာ တစ်ခါတည်း ကြိုပြောခဲ့ပါရစေ။ ဒါမှမဟုတ်ရင် သူငယ်ချင်းတွေ ရေကူးတာကို ခပ်တိမ်တိမ် နေရာက ရေစိမ်ရင်း လှမ်းကြည့်ပြီး အားကျနေတာမျိုး ဖြစ်နေရပါလိမ့်မယ်။
၉။ မီးရထား နဲ့ ခရီးထွက်ပါ
ရန်ကုန် မြစ်ကြီးနား ရထား ခရီးစဉ်က ဘာနဲ့မှ မတူတဲ့ အတွေ့အကြုံကို ပေးတဲ့ မီးရထား ခရီးစဉ်တွေ ထဲက တစ်ခုပါ။ လမ်းခရီး တစ်လျှောက်မြင်ရမယ့် တောင်တန်းတွေ၊ လယ်ကွင်းတွေ၊ မြစ်ချောင်းတွေက သဘာဝ အကြောင်း သင့်ကို အတိုင်းအတာ တစ်ခုအထိ သင်ပြပေးမှာပါ။ တောတောင်ရဲ့ အငွေ့ အသက်တွေကို ပြတင်းပေါက်ကနေ ရှုရိုက်ပြီးတော့ ခရီစဉ် တစ်ခုလုံးကို ခံစားရမှာပါ။ ဝမ်းသာရမှာလား ... ဝမ်းနည်းရမှာ လား ... မပြောတတ် ပေမယ့် ... အဲဒီလို ဂျုံးဂျုံး ဂျက်ဂျက် နဲ့ အသံတွေ နားဆင်ရင် ပြူတင်းပေါက်ကနေ သဘာဝ ရဲ့ ရနံတွေ ရှုရှိုက်လို့ရတဲ့ ရထားတွဲတွေ အသုံးပြုပြီး ခရီးဝေး ပြေးဆွဲတာမျိုး က ကိုယ်တွေ နိုင်ငံမှာပဲ ရှိတော့တာ မဟုတ်လား။
၁၀။ မာရသွန် ၁ ခေါက်လောက်တော့ ပြေးဖူးပါ။
မာရသွန် ပြေးတဲ့ ၁ ရက်က သိပ်ကို ပျော်ဖို့ကောင်းတဲ့ မေ့မရတဲ့ တစ်ရက်ဖြစ်ပါတယ်။ လမ်းခရီး တစ်လျှောက် ကိုယ့်ကို အားပေးတဲ့သူတွေ၊ ရေဘူး ကမ်းတဲ့ သူတွေ နဲ့ အပြည့်ပါ။ ဒါပေမယ့် အဲဒီ ၁ ရက် ကို ဖြတ်သန်း နိုင်ဖို့ လပေါင်း များစွာ လေ့ကျင့် ထားဖို့တော့ လိုပါတယ်။ မာရသွန် လေ့ကျင်ချိန် အတွက် နမူနာ ဇယား (Training Table) တွေ အမျိုးမျိုးကွဲကြပေမယ့် အခြေခံ အားဖြင့်တော့ အများကြီး မကွာကြပါဘူး။ အခုမှ စပြေးတဲ့ သူတွေ အပြေး လေ့ကျင့်ဖို့ က ၁၈ ပတ် သတ်မှတ်ထားပြီး တစ်ပတ်ကို ၃ ရက်လောက် အပြေး လေ့ကျင့်ရပါတယ်။ ဇယား အရ စစခြင်းတော့ နာရီ ဝက်လောက်ပဲ ပြေးတစ်ဝက် လမ်းလျှောက်တစ်ဝက် လုပ်ရမှာဖြစ်ပြီး တစ်ရက် ပြီး တစ်ရက် မသိမသာ တိုးတိုး လာပြီး နောက်ဆုံး မိုင် ၂၀ ခရီးကို ၂ နာရီကျော် ပြေးရမှာဖြစ်ပါတယ်။ အစပိုင်းမှာ တစ်ယောက်တည်း လေ့ကျင့်ရင်လည်း အဆင်ပြေပေမယ့် နောက်ပိုင်း မှာ ၂ နာရီ ကျော်ကျော် အပြေး လေ့ကျင်ရတဲ့ အခါ တစ်ယောက်တည်း ပြေးတာက တစ်ချို့တွေ အတွက် ပျင်းဖို့ အတော် ကောင်းပါတယ်။ ဒါကြောင့် အဖော် တစ်ယောက်ယောက် နဲ့ အတူ လေ့ကျင့်ဖို့ တိုက်တွန်းပါရစေ။ လေ့ကျင့်တဲ့ ရက်တွေမှာ ကိုယ် တစ်ယောက်တည်း သို့ ကိုယ့်အဖော်နဲ့ ၂ ယောက် ၃ ယောက် အတူတူ လေ့ကျင့်တာ တစ်ယောက်နဲ့ တစ်ယောက် အားပေးဖြစ်သလို ရင်းနှီးမှုလည်း တိုးစေပါတယ်။ မာရသွန် နောက်ဆုံးရက် ရောက်တဲ့အခါမှတော့ ကိုယ်နဲ့ အတူပြေးတဲ့ အပြေးသမားတွေ အမြောက်အများ နဲ့ အတူ ပြေးလမ်း တစ်လျှောက် အားပေးတဲ့ ပရိတ်သတ် အများ အပြားကို တွေ့ရမှာပါ။ ၁၈ ပတ်လောက် ဇွဲ နဲ့ လေ့ကျင့်မှ ခဲ့လို ပန်းတိုင်ကို ရောက်ရောက်အောင် မရပ်မနား ပြေးနိုင် တဲ့ အပြေးသမားတွေကို တွေ့ရမှာ ဖြစ်သလို လေ့ကျင့်မှု အားနည်း ခဲ့လို လမ်းတစ်ဝက်မှာ အမောဆို့နေတဲ့ သူတွေ ကို လည်းတွေ့မှာပါ။
မြန်မာ့ဇွဲမာန်

လူငယ်ဘ၀မှာ ဘာကြောင့် ခရီးထွက်သင့်သလဲ။ ✈🚖🏂🚁🚄၁။ ဘ၀က တိုတောင်းသလောက် ကမ္ဘာကြီးက ကျယ်လွန်းလှပါတယ်။ဘ၀ဆိုတာ တိုတောင်းလွန်းလှပါ...
19/02/2020

လူငယ်ဘ၀မှာ ဘာကြောင့် ခရီးထွက်သင့်သလဲ။ ✈🚖🏂🚁🚄

၁။ ဘ၀က တိုတောင်းသလောက် ကမ္ဘာကြီးက ကျယ်လွန်းလှပါတယ်။

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ်။ အခုချိန်မှ စပြီး ကမ္ဘာကြီးကို စူးစမ်းမှု မစသေးဘူးဆိုရင် ဒီလို အချိန်ကောင်းတွေ နောက်တခါ ထပ်ရဖို့ ခက်ခဲလှပါတယ်။ အသက်ဘယ်လောက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ခရီးတွေ ဘယ်လောက်များများ သွားနိုင်ဦးမလဲဆိုတာ သိပ်မသေချာလှဘူးမလား။ ဘယ်လောက်ပဲ ကျန်းမာ ကျန်းမာ မထင်မှတ်ထားတဲ့ အချိန်တခုမှာ အပြောင်းအလဲ တခုဆိုတာကလည်း အချိန်မရွေး ဖြစ်သွားနိုင်သေးတယ်လေ။ အဲဒီတော့ အခုလက်ရှိ အချိန်ထက် တောင်တန်းတွေ ၊ ပင်လယ်တွေ၊ သမုဒ္ဓရာတွေဆီ သွားသင့်တဲ့ အချိန်ကောင်းထပ် မရှိတော့ဘူးလေ။

၂။ ခရီးသွားခြင်းက ကမ္ဘာမြေကို လေ့လာဖို့ အကောင်းဆုံး ဘာသာရပ်ပါ။

ပထဝီတွေ သမိုင်းဘာသာရပ်တွေ လေ့လာရတာက ပျင်းစရာကောင်းတယ်လို့ ထင်မိတယ်မလား။ Machu Picchu ( ပီရူးနိုင်ငံရှိ ရှေးဟောင်းမြို့တော်)တို့ Angkor Wat အန်ကာ၀တ် ဘုရားကျောင်းတွေကို သွားရောက် လည်ပတ်ခြင်းက ပထဝီတွေ သမိုင်းတွေက ဘယ်လောက်တောင် နက်နဲပြီး စိတ်၀င်စားစရာ ကောင်းတယ်ဆိုတာ လက်တွေ့ သက်သေပြပါလိမ့်မယ်။ ခရီးသွားခြင်းက ကမ္ဘာ့နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေးနဲ့ အတိတ်သမိုင်းကြောင်းတွေ၊ ပထဝီရေမြေတောတောင်တွေကို ပျင်းစရာကောင်းတဲ့ စာသင်ခန်းတွေကထွက်ပြီး လက်တွေ့ ကွင်းဆင်းနေ ရသလို ပျော်ရွှင်စွာ သင်ယူနိုင်တဲ့ အတတ်ပညာတစ်ခုပါပဲ။

၃။ မိမိကိုယ်ကို ကံကောင်းသူအဖြစ် ကျေးဇူးတင်လိုက်ပါ။

ကျွန်မတို့ တော်တော်များများက ရုပ်၀တ္ထုတွေရဲ့ နောက်ကို တကောက်ကောက် လိုက်နေမိကြပြီး ပတ်၀န်းကျင်မှာရှိတဲ့ သဘာဝလောကကြီးရဲ့ ဆန်းပြားလှပမှုတွေကို မေ့လျောနေတတ်ကြတယ်။ ဒါပေမယ့် ကျွန်မတို့သာ Mumbai နဲ့ Costa Rica မှာရှိတဲ့ သုခမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပျံကျလူတန်းစားတွေရဲ့ ရပ်ကွက်တွေထဲများ ရောက်ရှိခဲ့မယ်ဆိုရင် ဘ၀ဆိုတာ ဘယ်လောက် ခက်ခဲနက်နဲလှတယ်ဆိုတာ မျက်ဝါးထင်ထင်သိရှိ ခံစားရပြီး ကျွန်မတို့တတွေ ဘယ်လောက်များ ကံကောင်းလိုက်လဲ ဆိုတာကို သိရှိနားလည်လာမိမှာပါ။

၄။ ခရီးသွားခြင်းက မှီခိုမှု ပိုမိုလျော့နည်းစေနိုင်။

လူငယ်ဘ၀ နုပျိုတဲ့ အသက်အရွယ်မှာ ခရီးတွေ သွားခြင်းက ငယ်ငယ်က မိဘတွေနဲ့အတူတူ မိသားစုခရီး သွားတာနဲ့တော့ မတူနိုင်တော့ဘူးလေ။ သေချာတာ တစ်ခုကတော့ မိဘတွေက ကလေးငယ်လေး တစ်ယောက်လို လက်ကို တွဲထားပြီး အရာရာကို ဆုံးဖြတ်ပေးမှာ မဟုတ်တော့တာပါဘဲ။ ဒါကြောင့် ခရီးသွားခြင်းကြောင့် တကယ့်လက်တွေ့ ဘ၀က အခြေအနေတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနဲ့ အများနှင့်အတူ ပူးပေါင်း ဆောင်ရွက်တတ်မှုတွေကိုလည်း သင်ယူတတ်မြောက်လာမှာပါ။ သူတပါးအပေါ် မှီခိုတတ်မှုကိုလည်း သိသိသာသာ လျော့နည်းလာစေမှာ ဖြစ်ပါတယ်။

၅။ တွက်ချက်ရေးတွေကိုလည်း ကျွမ်းကျင်အဆင့်ထိ ရောက်ရှိစေနိုင်။

လူငယ်ဘ၀မှာ ခရီးသွားဖို့အတွက် အဓိက စဉ်းစားရတာက ဘယ်လိုစရိတ်နည်းနည်းနဲ့ အကောင်းဆုံး ခရီးတွေကို သွားရမလဲ ဆိုတာကိုပါပဲ။ ဒီလိုနဲ့ ခန့်မှန်းခြေစရိတ်တွေ တွက်ချက်ရင်းနဲ့ တွက်ရေးမှာ ကျွမ်းကျင်အဆင့်ထိ ရောက်ရှိနိုင်ပါတယ်။

၆။ ခရီးသွားခြင်းက ထင်သလောက် စရိတ်စက မများလှပါဘူး။

လူငယ်တော်တော်များများက ခရီးသွားခြင်းကို စျေးကြီးတဲ့ စရိတ်စကများလှတဲ့ အတွက် ဘေးဖယ်ထား တတ်ကြပါတယ်။ တကယ်တော့ ကိုယ်ပိုင် ပေါ့ပေါ့ပါးပါးခရီးစဉ်လေးတွေက စပြီး နိုင်ငံတော်တော်များများကို စရိတ်စက အနည်းဆုံးဖြစ်အောင် စီစဉ်ပြီးသွားရောက် လည်ပတ်နိုင်ကြပါတယ်။ တကယ်တော့ ကွန်ပြူတာရှေ့မှာ ဖေ့ဘွတ်ပေါ်မှာ လှည့်လည် အချိန်ကုန်နေခြင်းထက် ခရီးသွားခြင်းကြောင့် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

၇။ သွက်လက်ဖျတ်လတ်တဲ့ လူငယ်ဘ၀မှာ ခရီးသွားပါ။

၀မ်းနည်းစရာကောင်းတာက လူကြီးတော်တော်များများက လူငယ်တွေလို စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ သည်းထိတ်ရင်ဖိုနေရာတွေကို သွားရောက် လည်ပတ်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ ကျောက်ကမ်းပါး နံရံတွေပေါ်ကနေ ခုန်ချမယ်၊ မက်စောက်တဲ့ တောင်တွေပေါ်မှာ လမ်းလျှောက်မယ် ဆိုတဲ့ ခရီးစဉ်တွေက လူလတ်ပိုင်းတွေ လူကြီးတွေအတွက် စွန့်စားဖို့ မလွယ်ကူတော့ဘူးမလား။ ပြီးတော့ တချို့ သမိုင်း၀င်နေရာတွေနဲ့ ရှေးဟောင်းနယ်မြေတွေက ဓါတ်လှေကားတွေ စက်လှေကားတွေနဲ့ အလွယ်တူ သွားလာလို့မရနိုင်ဘူးလေ။ သွက်လက်ဖျတ်လတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့တော့ ဘယ်လောက်ခက်ခဲကြမ်းတမ်းပါစေ အလွယ်တကူ ကျော်လွှားနိုင်ပါတယ်။ ဒူဘိုင်းမှာ လေဟုန်စီးမလား၊ ဟိမ၀န္တာတောတောင်တွေပေါ်ပဲ လမ်းလျောက်ထွက်ဦးမလား ပြီးတော့ စွန့်စွန့်စားစားခရီးစဉ်တွေကိုလည်း အလွယ်တကူပဲ သွားနိုင်မှာပါ။

၈။ အံသြဖွယ်ရာ သဘာ၀အလှအပတွေကို ခံစားလိုက်ပါ။

ထပ်တူညီနေတဲ့ ရူခင်းတွေကို ငြီးငွေ့နေပြီလား။ အလွန်လှပလှတဲ့ Grand Canyon ချောက်ကမ်းပါး တောင်တန်းတွေပေါ်မှာ၊ Great Blue Holeရဲ့ ရေပြင်အောက်မှာ၊ ဒါမှမဟုတ် ဧ၀ရတ်တောင်ပေါ်တွေမှာ ကမ္ဘာကြီးရဲ့ အံသြဖွယ်ရာ သဘာ၀အလှအပတွေကို သွားရောက်လေ့လာကြည့်ရှုခံစားလိုက်ပါ။

၉။ ကမ္ဘာ့ရွာကြီးက သူငယ်ချင်းတွေ ရှာဖွေလိုက်ပါ။

လူငယ်ဘ၀မှာ ခရီးထွက်ခြင်းဖြင့် သူငယ်ချင်းသစ်တွေ အခွင့်အလမ်းသစ်တွေ ရရှိနိုင်ပြီး ကိုယ်ပိုင်အသိုင်းအဝိုင်းလေးကို ဖန်တီးနိုင်ပါတယ်။

၁၀။ ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံလိုက်ပါ။

လူငယ်ဘ၀မှာ ခရီးသွားခြင်းဖြင့် ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံနိုင်ပြီး သူတို့ရဲ့စိတ်၀င်စားစရာ ပုံပြင်တွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေက ကိုယ်တွေရဲ့ ခံယူချက်တွေကို ပြောင်းလဲပြစ်ကောင်း ပြစ်နိုင်ပါတယ်။ ကိုယ့်ဘ၀ရဲ့ အချိုးအကွေ့ဖြစ်စေမယ့် ပုဂ္ဂိုလ်တစ်ဦးဦးနဲ့လည်း အမှတ်မထင် တွေ့ဆုံနိုင်ပါသေးတယ်။

၁၁။ လူငယ်ဘ၀မှာ ခရီးသွားခြင်းက အသက်မွေးမှုလုပ်ငန်းကို အထောက်အကူပြုစေပါတယ်။

ခရီးသွားခြင်းက အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေမှာ နည်းလမ်းပေါင်းစုံနဲ့ အထောက်အကူပြုစေနိုင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုကို မြင့်မားစေရုံတင်မကဘဲ စေ့စပ်ဆွေးနွေးမှုတွေမှာလည်း ကျွမ်းကျင်အဆင့်ကို ရောက်အောင် အထောက်အကူပြုမှာပါ။ ပြီးတော့ အခက်အခဲတွေကနေ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာနဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးရာမှာလဲ အထောက်အကူပြုနိုင်ပါတယ်။

၁၂။ ရာသီဥတုတွေက မဖျက်ဆီးမီ ခရီးသွားပါ။

အခုခေတ်မှာ ဆိုးဝါးလှတဲ့ ရာသီဥတုတွေနဲ့ ကမ္ဘာကြီး ပူနွေးလာမှုတွေက တချို့သော နေရာဒေသရဲ့ ကြာရှည်တည်တံ့မှုကို ခြောက်လှန့်လျက်ရှိပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုတွေက မဖျက်ဆီးခင်မှာ သွားရောက် လည်ပတ်သင့်ပါတယ်။

၁၃။ တွယ်တာမှုတွေ နည်းတုန်းမှာ ခရီးသွားပါ။
အသက်ကြီးလာတာနဲ့အမျှ အိမ်ထောင်တွေ၊ ကလေးတွေ၊ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ တွယ်တာမှုတွေ နောက်ဆံတင်းမှုတွေက ပိုမိုများလာတတ်ပါတယ်။ အဲဒီလိုအချိန်မှာ အားလုံးကို ခဏတာ လွှတ်ချပြီး အချိန်ကြာကြာ ခရီးထွက်ဖို့ဆိုတာ တော်တော်လေး ခက်ပါလိမ့်မယ်။ ဒါကြောင့် လူငယ်ဘ၀ နောက်ဆံတင်းမှုတွေ နည်းတုန်းမှာ ခရီးသွားနိုင်သလောက် သွားသင့်ပါတယ်။

၁၄။ အစားအစာ အသစ်အဆန်းတွေကို မြည်းစမ်းကြည့်ပါ။

ခရီးထွက်ရင်းနဲ့ နေရာဒေသအမျိုးမျိုးမှာ ဒေသထွက်အသီးအနှံတွေ၊ ရိုးရာအစားအစာတွေကို လူငယ်ဘ၀မှာ စူးစမ်းပြီး မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

၁၅။ အမှတ်ရစရာ ခရီးသွားပုံပြင်တွေနဲ့ ရှင်သန်လိုက်ပါ။

လူငယ်ဘ၀ ခရီးသွားခြင်းမှာ အကောင်းဆုံး အကြောင်းပြချက်ကတော့ အမှတ်ရစေမယ့် ခရီးသွားပုံပြင်တွေပဲ ဖြစ်ပါတယ်။ ခရီးသွားရင်း ရရှိခဲ့တဲ့ ခရီးသွားအတွေ့အကြုံတွေက အမြဲတမ်း ပြန်ပြောင်းအောင့်မေ့စရာ အမှတ်တရတွေပဲ ဖြစ်နေမှာ မလွဲပါဘူး။ ဒီအတွေ့အကြုံတွေကို့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အနာဂတ်လက်တွဲဖော်နဲ့ မိမိရဲ့ ရင်သွေးငယ်တွေကို ပုံပြင်တွေအဖြစ်နဲ့ အမြဲပြန်ပြီး မျှဝေနိုင်ပါတယ်။
=============

ဘယ်လိုလဲ ခရီးထွက်ဖို့ အားအင်တွေ ပြည့်သွားပြီလား ။ ပြောထားတဲ့ အချက်တွေကို သဘောတူရင် ရှယ်ပေးဦးနော်။ :-) :-)

Ref: Aldrich Infantado ၏ 22 reasons why you should travel while you're still young ကို ဆီလျောစွာဘာသာပြန်ပါသည်

ငွေကပြန်လာပါတယ်အချိန်ကသာပြန်မလာတာလွတ်လွတ်လပ်လပ်ပျော်နိုင်ဖို့ ခရီးထွက်ကြပါ။
19/10/2019

ငွေကပြန်လာပါတယ်
အချိန်ကသာပြန်မလာတာ

လွတ်လွတ်လပ်လပ်ပျော်နိုင်ဖို့ ခရီးထွက်ကြပါ။

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ...
17/10/2019

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

သဘာဝရဲ့ အလှတရားတွေကို ကျွန်တော်တို့ အတူ ရှာဖွေရအောင်ဗျာSSW Travel Agency
15/10/2019

သဘာဝရဲ့ အလှတရားတွေကို
ကျွန်တော်တို့ အတူ ရှာဖွေရအောင်ဗျာ

SSW Travel Agency

Congratulations We are myanmar 💪💪💪😍😍😍
13/10/2019

Congratulations

We are myanmar
💪💪💪😍😍😍

🌊 နမ့်ငိုရေတံခွန် 🌊°°°°°°°°°°°°°°°°°°°°°🌆 မြို့ပြရဲ့ မွန်းကြပ်မှုတွေကြောင့် လူရောစိတ်ပါ ပင်ပန်းနေတဲ့ ခရီးသွားမိတ်ဆွေတို့...
10/10/2019

🌊 နမ့်ငိုရေတံခွန် 🌊
°°°°°°°°°°°°°°°°°°°°°
🌆 မြို့ပြရဲ့ မွန်းကြပ်မှုတွေကြောင့် လူရောစိတ်ပါ ပင်ပန်းနေတဲ့ ခရီးသွားမိတ်ဆွေတို့အတွက် မန္တလေး-နောင်ချိုလမ်း၊ (နမ့်ငိုရေတံခွန်) မှာ One Day Soft Trekking Trip လေးသွားလို့ရမယ့် နေရာလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်နော်။

🌄 နမ့်ငိုရေတံခွန်ဟာ သဘာ၀တရားကြီးကိုချစ်မြတ်နိုးသူ၊ Trekking လုပ်ရတာ သဘောကျသူ၊ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်၀န်းကျင်ကို ခံစားလိုတဲ့သူတွေအတွက်တော့ လက်မလွှတ်ဘဲ သွားလည်သင့်ပါတယ်။

🌊 နမ့်ငိုရေတံခွန်မှာ ရေကစားကြပြီး
ရေတံခွန် အဆင့်ဆင့်မှာရှိတဲ့ ကျောက်ဆောင်တွေ၊ နွယ်ကြိုးတွေ၊ ရေမှုန်တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်ဆိုရင်လည်း Photo Crazy တွေအတွက် အမိုက်စား နေရာတစ်ခုပါ။

🚩Trekking လုပ်လို့မောမှာလည်း မပူပါနဲ့နော်။ နမ့်ငိုရေတံခွန်ကြီးရဲ့ ဆန်းပြားတဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပတွေကြောင့် မောပန်းချိန်မရလောက်အောင်ကို လန်းဆန်းတက်ကြွနေမှာပါ။

🚙 မန္တလေးကနေ မနက်6နာရီလောက်ထွက်ရင် ရေတံခွန်ရောက်တာနဲ့ ရေဆော့ကစားပြီး ပြန်မယ်ဆို ည၇နာရီနဲ့၈နာရီလောက် ပြန်ရောက်ပါတယ်ရှင်။ ခရီးသွားတို့ရဲ့ ရေဆော့ကစားတဲ့ အချိန်ပေါ်မှာလည်း မူတည်ပါတယ်။ မန္တလေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးစဉ်လေးပါ။

👍 အားလပ်ရက်(၁)ရက်တာကို ထိုက်တန်စွာ စိတ်အပန်းဖြေနိုင်ဖို့ နမ့်ငိုရေတံခွန်ကို သွားကြမယ်။
* *နမ့်ငိုရေတံခွန်ကို သွားတဲ့အခါ ခရီးသွားတို့ သယ်ဆောင်သွားတဲ့ ရိက္ခာတွေကို စားသောက်ပြီးတာနဲ့ မိမိတို့ရဲ့ အမှိုက်တွေကို စည်းကမ်းနဲ့ပစ်ပြီးတော့ ပြန်သယ်ယူခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ ရေတံခွန်ရဲ့ လှပတဲ့သဘာဝလေး မပျက်ဆီးစေချင်လို့ပါ။* *

တည်နေရာက-
မန္တလေး-နောင်ချိုလမ်း၊ ပြင်ဦးလွင်နဲ့ နောင်ချို ကြား၊ ဘန့်ဘွေးရွာက သကြားစက် နားမှာပါရှင်။ ရေတံခွန်က (private land) ထဲမှာမို့ ပိုင်ရှင်ဆီမှာတော့ ခွင့်ပြုချက် တောင်းဖို့လိုပါတယ်ရှင်။

[UNICODE]

🌊 နမ့်ငိုရေတံခွန် 🌊
°°°°°°°°°°°°°°°°°°°°°
🌆 မြို့ပြရဲ့ မွန်းကြပ်မှုတွေကြောင့် လူရောစိတ်ပါ ပင်ပန်းနေတဲ့ ခရီးသွားမိတ်ဆွေတို့အတွက် မန္တလေး-နောင်ချိုလမ်း၊ (နမ့်ငိုရေတံခွန်) မှာ One Day Soft Trekking Trip လေးသွားလို့ရမယ့် နေရာလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်နော်။

🌄 နမ့်ငိုရေတံခွန်ဟာ သဘာဝတရားကြီးကိုချစ်မြတ်နိုးသူ၊ Trekking လုပ်ရတာ သဘောကျသူ၊ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ခံစားလိုတဲ့သူတွေအတွက်တော့ လက်မလွှတ်ဘဲ သွားလည်သင့်ပါတယ်။

🌊 နမ့်ငိုရေတံခွန်မှာ ရေကစားကြပြီး
ရေတံခွန် အဆင့်ဆင့်မှာရှိတဲ့ ကျောက်ဆောင်တွေ၊ နွယ်ကြိုးတွေ၊ ရေမှုန်တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်ဆိုရင်လည်း Photo Crazy တွေအတွက် အမိုက်စား နေရာတစ်ခုပါ။

🚩Trekking လုပ်လို့မောမှာလည်း မပူပါနဲ့နော်။ နမ့်ငိုရေတံခွန်ကြီးရဲ့ ဆန်းပြားတဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပတွေကြောင့် မောပန်းချိန်မရလောက်အောင်ကို လန်းဆန်းတက်ကြွနေမှာပါ။

🚙 မန္တလေးကနေ မနက်6နာရီလောက်ထွက်ရင် ရေတံခွန်ရောက်တာနဲ့ ရေဆော့ကစားပြီး ပြန်မယ်ဆို ည၇နာရီနဲ့၈နာရီလောက် ပြန်ရောက်ပါတယ်ရှင်။ ခရီးသွားတို့ရဲ့ ရေဆော့ကစားတဲ့ အချိန်ပေါ်မှာလည်း မူတည်ပါတယ်။ မန္တလေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးစဉ်လေးပါ။

👍 အားလပ်ရက်(၁)ရက်တာကို ထိုက်တန်စွာ စိတ်အပန်းဖြေနိုင်ဖို့ နမ့်ငိုရေတံခွန်ကို သွားကြမယ်။
* *နမ့်ငိုရေတံခွန်ကို သွားတဲ့အခါ ခရီးသွားတို့ သယ်ဆောင်သွားတဲ့ ရိက္ခာတွေကို စားသောက်ပြီးတာနဲ့ မိမိတို့ရဲ့ အမှိုက်တွေကို စည်းကမ်းနဲ့ပစ်ပြီးတော့ ပြန်သယ်ယူခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ ရေတံခွန်ရဲ့ လှပတဲ့သဘာဝလေး မပျက်ဆီးစေချင်လို့ပါ။* *

တည်နေရာက-
မန္တလေး-နောင်ချိုလမ်း၊ ပြင်ဦးလွင်နဲ့ နောင်ချို ကြား၊ ဘန့်ဘွေးရွာက သကြားစက် နားမှာပါရှင်။ ရေတံခွန်က (private land) ထဲမှာမို့ ပိုင်ရှင်ဆီမှာတော့ ခွင့်ပြုချက် တောင်းဖို့လိုပါတယ်ရှင်။

ဘာကြောင့် မကြာခဏ ခရီးထွက်သင့်လဲ?✈🚌🚙🚗🚙ခရီးသွားခြင်းကြောင့် ရရှိလာမယ့် အကျိုးရလဒ်တွေအကြောင်း သင်သိပြီးပြီလား?? မကြာခဏ ခရီး...
10/10/2019

ဘာကြောင့် မကြာခဏ ခရီးထွက်သင့်လဲ?✈🚌🚙

🚗🚙ခရီးသွားခြင်းကြောင့် ရရှိလာမယ့် အကျိုးရလဒ်တွေအကြောင်း သင်သိပြီးပြီလား?? မကြာခဏ ခရီးထွက်ခြင်းကြောင့်-

ကျန်းမာရေးကို ပိုကောင်းစေပါတယ်။...⭐⭐

ခရီးထွက်တဲ့အခါ တောင်ပေါ်ဒေသနဲ့ ပင်လယ်ကမ်းစပ် အစရှိတဲ့နေရာတွေဘက်ကိုသွားရင် လတ်ဆတ်တဲ့ လေကိုရူရှိုက်ခွင့်ရတာကြောင့် သင့် အသည်း၊ နှလုံး နှင့် အဆုတ်ကို သေချာပေါက် အားကောင်းစေမှာပါ။ ခရီးထွက်ရင်း Camping, Swimming, Trekking စတဲ့ Activity တွေ လုပ်ဖြစ်တဲ့အတွက် သင့်ကြံ့ခိုင်မူကို ပိုပြီးသန်မာလာစေပါတယ်။

အတွေ့အကြုံ အသစ်တွေ ရစေတယ်။...⭐⭐

ခရီးမကြာခဏသွားတဲ့သူရဲ့ အတွေ့အကြုံနဲ့ ဘယ်မှမသွားဘဲ နေနေတဲ့သူရဲ့ အတွေ့အကြုံတွေဟာ ဘယ်လိုမှ တူမှာ မဟုတ်ပါဘူး။ အတွေ့အကြုံတွေကတဆင့် သင့်ရဲ့ Confidence ဟာလဲ တိုးတက်လာမှာပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေတယ်။...⭐⭐

ခရီးတွေ အများကြီးသွားတဲ့သူဟာ ပေါင်းသင်းဆက်ဆံရေးမှာ နေရာစုံက လူအများကြီးနဲ့ ဆက်ဆံရတဲ့အတွက် သာမန်လူထက် အများကြီးသာပါတယ်။

စိတ်လက်ပေါ့ပါးစေတယ်။...⭐⭐

ခရီးတွေထွက်တဲ့အခါ လူပင်ပန်းတယ်လို့ ခံစားရပေမယ့် စိတ်ကတော့ မသွားခင်တုန်းကနဲ့ မတူဘဲ လွှတ်လပ်ပေါ့ပါးနေတတ်ပါတယ်။ ခရီးထွက်ပြီး အပြန် လုပ်ငန်းခွင်နဲ့ လူမူရေးမှာ အရင်ကနဲ့မတူတဲ့ idea တွေက သင့်ခေါင်းထဲမှာ ပေါ်လာမှာ အသေအချာပါပဲ။

လှပတဲ့ အတိတ်ကို စုဆောင်းထားနိုင်တယ်။...⭐⭐

ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အပျော်ခရီးလေးတွေ ထွက်ဖြစ်တဲ့အခါ သံယောဇဉ်တွေနဲ့ ယုံကြည်မူတွေ၊ ရိုင်းပင်းမူတွေကြောင့် သင့်ချစ်ခြင်းမေတ္တာကို ပြည့်ဝစေပြီး အမှတ်တရ လှပတဲ့အတိတ်လေးအဖြစ် အမြဲကျန်ရှိနေမှာပါ။

ဒါကြောင့် ခရီးခဏခဏထွက်တဲ့သူတွေဟာ The Perfect Human တွေပါတဲ့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

[Unicode]
ဘာကြောင့် မကြာခဏ ခရီးထွက်သင့်လဲ?

🚗🚙ခရီးသွားခြင်းကြောင့် ရရှိလာမယ့် အကျိုးရလာဒ်တွေအကြောင်း သင်သိပြီးပြီလား?? မကြာခဏ ခရီးထွက်ခြင်းကြောင့်-

ကျန်းမာရေးကို ပိုကောင်းစေပါတယ်။...⭐⭐

ခရီးထွက်တဲ့အခါ တောင်ပေါ်ဒေသနဲ့ ပင်လယ်ကမ်းစပ် အစရှိတဲ့နေရာတွေဘက်ကိုသွားရင် လတ်ဆတ်တဲ့ လေကိုရူရှိုက်ခွင့်ရတာကြောင့် သင့် အသည်း၊ နှလုံး နှင့် အဆုတ်ကို သေချာပေါက် အားကောင်းစေမှာပါ။ ခရီးထွက်ရင်း Camping, swimming, Trekking စတဲ့ Activity တွေ လုပ်ဖြစ်တဲ့အတွက် သင့်ကြံ့ခိုင်မူကို ပိုပြီးသန်မာလာစေပါတယ်။

အတွေ့အကြုံ အသစ်တွေ ရစေတယ်။...⭐⭐

ခရီးမကြာခဏသွားတဲ့သူရဲ့ အတွေ့အကြုံနဲ့ ဘယ်မှမသွားပဲ နေနေတဲ့သူရဲ့ အတွေ့အကြုံတွေဟာ ဘယ်လိုမှ တူမှာ မဟုတ်ပါဘူး။ အတွေ့အကြုံတွေကတဆင့် သင့်ရဲ့ Confidence ဟာလဲ တိုးတက်လာမှာပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေတယ်။...⭐⭐

ခရီးတွေ အများကြီးသွားတဲ့သူဟာ ပေါင်းသင်းဆက်ဆံရေးမှာ နေရာစုံက လူအများကြီးနဲ့ ဆက်ဆံရတဲ့အတွက် သာမန်လူထက် အများကြီးသာပါတယ်။

စိတ်လက်ပေါ့ပါးစေတယ်။...⭐⭐

ခရီးတွေထွက်တဲ့အခါ လူပင်ပန်းတယ်လို့ ခံစားရပေမယ့် စိတ်ကတော့ မသွားခင်တုန်းကနဲ့ မတူပဲ လွှတ်လပ်ပေါ့ပါးနေတတ်ပါတယ်။ ခရီးထွက်ပြီး အပြန် လုပ်ငန်းခွင်နဲ့ လူမူရေးမှာ အရင်ကနဲ့မတူတဲ့ idea တွေက သင့်ခေါင်းထဲမှာ ပေါ်လာမှာ အသေအချာပါပဲ။

လှပတဲ့ အတိတ်ကို စုဆောင်းထားနိုင်တယ်။...⭐⭐

ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အပျော်ခရီးလေးတွေ ထွက်ဖြစ်တဲ့အခါ သံယောဇဉ်တွေနဲ့ ယုံကြည်မူတွေ၊ ရိုင်းပင်းမူတွေကြောင့် သင့်ချစ်ခြင်းမေတ္တာကို ပြည့်ဝစေပြီး အမှတ်တရ လှပတဲ့အတိတ်လေးအဖြစ် အမြဲကျန်ရှိနေမှာပါ။

ဒါကြောင့် ခရီးခဏခဏထွက်တဲ့သူတွေဟာ the perfect human တွေပါတဲ့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

Address


Telephone

+959402601757

Website

Alerts

Be the first to know and let us send you an email when SSW Travel Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share