22/11/2024
ဒီဇင်ဘာလ ခရီးစဉ် အတွက် သတိပြုရန်များ
ဒီနေ့က ၂၂.၁၁ လဆိုတာ ဂျပန်မှာတော့
ဇနီးမောင်နှံ့များနေ့တဲ့ ပန်းစည်းဆိုင်တွေမှာလည်း Promotion လေးတွေ လုပ်နေတယ်။
Couple တွေပျော်ကြမယ့်နေပေါ့။
အက်မင်တီတီမေ ဒီဇင်ဘာလ အထိ
ဒီဘက်မှာရှိနေမယ်ရှင်။
ဒီညနေ 22.Nov. မှာ
မြန်မာပြည်ကမိတ်ဆွေတွေနဲ့ Roppongi ဘက် ရောက်ခဲ့တယ်။
ဒီဇင်ဘာပိတ်ရက် ဂျပန်ကိုလည်ပတ်မယ့် ခရီးသွားများ အတွက်
အမြန်ဆုံးဗီဇာတင်ဖို့ဆုံးဖြတ်တော့နော်။
ဟိုတယ်တွေ ဈေးအရမ်းမြင့်နေပါတယ်။
လေကြောင်းလိုင်းတွေလည်းခုံမရလောက်အောင် ကျပ်ပါတယ်။
✈️ရန်ကုန်-ဘန်ကောက်-ဂျပန်
✈️ရန်ကုန်-ကွာလာလမ်ပူ-ဂျပန်
✈️ရန်ကုန်-ကွမ်ကျိုး-ဂျပန်
✈️ရန်ကုန်-စင်္ကာပူ-ဂျပန်
✈️ရန်ကုန်-ဆိုးလ်-ဂျပန်
လမ်းကြောင်းအမျိုးမျိုးနဲ့ဈေးကိုချိန်ဖို့အကြံပြုပါတယ်။
💴 ယန်းဈေးကလည်း အရမ်းကျနေတော့ နိုင်ငံခြားသားတွေလည်း အရမ်းကို လာလည်ကြတယ်။ အပြည့်ပါပဲ။
ဂျပန်ရဲ့ခရီးသွားလုပ်ငန်းရွှေခတ်လို့တောင်ခေါ်လို့ရမယ်နော်။
မိတ်ဆွေတို့ရဲ့ မိသားစု သီးသန့်ဂျပန်ခရီးစဉ်များနှင့်
ဗီဇာဝန်လျှောက်ထားဖို့ အတွက်
နယူးဓနမှာ တိုင်ပင်ကာ ဝန်ဆောင်မှု့ကို အပ်နှံပါ 🥰
အကယ်၍ များ ခရီးသွားကြမယ့်သူက
ပိတ်ရက်တွေ ၊ခလေးကျောင်းပိတ်ရက်တွေ မှ သွားရမှာ မဟုတ်ဘူးဆိုလျှင်တော့
နယူးရီးယားကို ရှောင်လိုက်ပါ။
ဒီဘက်မှာလည်း ပိတ်ရက်ဆိုတော့ ဒစ်စနေလန်းလည်း အပြည့် Skytree လည်းအပြည့်ပါ။ ဘယ်သွားသွားတန်းအကြာကြီးစီရမှာပါ။
လေယဉ်ခ သက်သာမယ့်
ဟိုတယ်ခ သက်သာမယ့် အချိန်ကိုရွေးလိုက်ပါလို့ အကြံပြုပါတယ်။
နိုဝင်ဘာ ၇ ထဲက
မီးလေးတွေထွန်းနေပီဖြစ်တဲ့ တိုကျိုရဲ့ illumination တွေ သိပ်လှပါတယ်။
ဒီအချိန်က အရွက်တွေအရောင်ပြောင်းချိန်ဖြစ်ပါတော့မယ်။
ဒီဇင်ဘာနဲ့ ဇန်နဝါရီလအစတွေရဲ့တိုကျိုက သိပ်ကိုလှပါတယ်။
တိုကျိုမှာ Ginko tree တွေလည်း ဝါနေပြီ သိပ်ကိုလှနေပြီ။ ဒီအချိန်ရောက်ခဲ့ရင်တော့ တိုကျို Nerima မှာရှိတဲ့Hikarigaoka Park ထဲကို လည်ကြည့်စေခြင်တယ်။ ဓတ်ပုံလှလှတွေအများကြီးရမှာပါ။
ကျမတို့နယူးဓနက ဟိုကိုင်းဒိုးခရီးစဉ် နဲ့ ဧပြီသင်္ကြန်ခရီးစဉ်ရှိပါမယ်ရှင်။
NewDana Tours
လိုင်စင်အမှတ် T/I (YGN-2622)
ဓနသစ် ဘုရားဖူး ခရီးသွားလုပ်ငန်း
လိုင်စင်အမှတ် T/O(YGN-0814)
အမှတ် (၄၁၃)
၁၁ လမ်း / ၁၁ ရပ်ကွက်/ တောင်ဥက္ကလာပမြို့နယ်/ ရန်ကုန်မြို့။
ဖုံး။ 09422095500 / 09421134482/
ယဉ်ရပ်နားစခန်းအမှတ်၂ ဘေးလမ်းမှဝင်ပါရန်
ဒီညရဲ့ မြင်ကွင်းလေးကို အမှတ်တရပါ။
အက်မင် တီတီမေ
ခေတ္တ -တိုကျို
#