Million Kings Travels and Tours

  • Home
  • Million Kings Travels and Tours

Million Kings Travels and Tours We All Can Travel!

ခရီးသွားချင်နေသူများအတွက် သတင်းကောင်းပါ.. ပုဂံ ပြန်ဖွင့်နေပါပြီတဲ့..  မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ အချို့ဘုရား ပုထိုးတွ...
15/06/2020

ခရီးသွားချင်နေသူများအတွက် သတင်းကောင်းပါ..
ပုဂံ ပြန်ဖွင့်နေပါပြီတဲ့..

မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ အချို့ဘုရား ပုထိုးတွေကိုပဲ ခွင့်ပြုထားပါသေးတယ်လို့ သိရပါတယ်

သတင်းကောင်းလေးသိလို့ရအောင် အရင် Share ပေးလိုက်ပါတယ်နော်..😍

Photo Crd:

မကြာခင် Covid 19 ကာလလည်း ပြီးဆုံးတော့မယ်အိမ်ထဲမှာပဲနေရတာပျင်းနေကြပြီးလားCovid 19ကာလာပြီးသွားရင် ဘယ်ကိုခရီးထွက်ဖို့Planတွ...
10/06/2020

မကြာခင် Covid 19 ကာလလည်း ပြီးဆုံးတော့မယ်
အိမ်ထဲမှာပဲနေရတာပျင်းနေကြပြီးလား
Covid 19ကာလာပြီးသွားရင် ဘယ်ကိုခရီးထွက်ဖို့
Planတွေဆွဲနေကြလဲ

Photo Crd ပေးပါတယ်

🎉အမေများနေ့အား လေးစားစွာ ဂုဏ်ပြုအပ်​ပါသည်။🎈🎈 Happy Mother's Day 👩‍👧👩‍👧========================မြန်မာနိုင်ငံ၌ အမေများနေ့ဖ...
10/05/2020

🎉အမေများနေ့အား လေးစားစွာ ဂုဏ်ပြုအပ်​ပါသည်။

🎈🎈 Happy Mother's Day 👩‍👧👩‍👧
========================
မြန်မာနိုင်ငံ၌ အမေများနေ့ဖြစ်ပေါ်လာပုံ
_______________________________________

မြန်မာနိုင်ငံတွင် အမေများနေ့ကိုကျင်းပပြုလုပ်ကြ
သည်မှာ၊ နှစ်ပိုင်းမျှသာရှိသေး၏။ ဆယ်စုနှစ်ပိုင်းမျှ ဖြစ်သည်။ ယခုအခါအထိုက်အလျှောက်တော့ လူသိများလာလေပြီဖြစ်၏။

မြန်မာပြည်အဖို့ပြာသိုလပြည့်နေ့၊ နှင်းအိဆွတ်မြ အေးချမ်းသောလ ဆောင်းကာလတွင်၊ အမေများနေ့အဖြစ်၊ သတ်မှတ်ကြလေ၏။ ဆရာကြီးဦးသုခကစတင်သတ်မှတ်ပေးခဲ့လေ၏။

ဦးသုခသည် ငယ်စဉ်ကာလဝယ် မိခင်ကြီးကို၊ ကျိုက်လတ်တွင်ထားခဲ့ပြီး၊ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နေရလေရာ၊ သားကို လွမ်းနေရသောမိခင်၏၊ ရင်တွင်းခံစားချက်များကို၊ မြန်မာပြည်တွင်း၌၊ အမေနေ့ဖြစ်ပေါ်လာစေရန် လှည့်လည်ဟောပြောခဲ့လေ၏။

(၁၉၉၅)ခုနှစ်တွင်၊ မန္တလေးမြို့မှအမေနေ့ဖြစ်ပေါ်
စေရန်၊ ရည်သန်စိတ်ပြင်းပြကြသော သူများက၊ ဆရာကြီးဦးသုခအား အမေနေ့သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့်၊ မန္တလေးမြို့တွင် ဆရာကြီးဦးသုခကိုယ်တိုင်ဟောပြော၍၊ အမေနေ့ကို ပြာသိုလပြည့်နေ့ သတ်မှတ်ခဲ့၏။

ဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊
စာရေးဆရာကြီး ဦးတတ်တိုး၊ စာရေးဆရာမကြီး
ဒေါ်စောမုံညင်း၊စာရေးဆရာမကြီး လူထုဒေါ်အမာ၊
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့်စသည့် စာပေပညာရှင်များကလည်း၊ ဆရာကြီးဦးသုခနှင့် တစိတ်တဝမ်းတည်း၊ ထိုပြာသိုလပြည့်နေ့ကို
အမေနေ့အဖြစ်သတ်မှတ်ခဲ့ကြလေ၏။

________________________________

ကမ္ဘာ့မိခင်များနေ့ဖြစ်ပေါ်လာပုံ
________________________________

မစ္စဂျူလီယာသည် ဘောစတွန်မြို့တွင်ရှိသော၊ သူမ၏နေအိမ်၌ မိခင်များနေ့ကို(၁၈၇၂)တွင် စတင်ကျင်းပခဲ့လေ၏။ ထိုစဉ်က သူမသည်၊ သူမ နေအိမ်တွင် တစ်ကိုယ်တော်မိခင်များနေ့ကို၊ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ကျောင်းဆရာမမေရီဆင်သိန်းသည်မစ္စဂျူလီယာ၏တိုက်တွန်းချက်ဖြင့်၊
မိခင်နေ့ကိုကျင်းပခဲ့သည်။

(၁၉၀၄)ခုနှစ်တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်းမိခင်များနေ့ကိုကျင်းပခဲ့ပြီး၊ မစ္စစ်အင်နာဂျားဗစ်ဆိုသူက(၁၉၀၇)တွင်၊ မိခင်များနေ့ကိုကျယ်ကျယ်ပြန့်ဖြစ်စေရန်အားထုတ်ခဲ့၏။

အမေနေ့ကိုမေလ၏ဒုတိယတနင်္ဂနွေနေ့အဖြစ်သတ်မှတ်ခဲ့ပြီး (၁၉၀၈) မေလ (၁၀)ရက်နေ့ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့၏။

***********

အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်သည် ကွန်ဂရက်လွှတ်တော်၌ "ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့်၊ သင်၏မိခင်ကို ဂုဏ်ပြုလျှက်"
..စသည်ဖြင့်မိခင်နေ့ကိုကျင်းပရန်အတွက်၊ လွှတ်တော်တွင်တိုက်တွန်းပြောဆိုကာ၊ အမေများ နေ့ကို၊ သတ်မှတ်ပေးခဲ့လေ၏။ ထိုအချိန်မှ စတင်လျှက် လက်တင်အမေရိကနှင့် အရှေ့ပိုင်း နိုင်ငံများတွင်၊ မေလ၏ဒုတိယတနင်္ဂနွေနေ့တိုင်း
မိခင်များနေ့ကို ပုံမှန်ကျင်းပခဲ့လေ၏။

ကဆုန်လပြည့် နေ့ထူးနေ့မြတ်ကုသိုလ်ခညောင်း မင်္ဂလာအပေါင်းပြည့်စုံစေကြောင်း....ဆုမွန်ကောင်း
06/05/2020

ကဆုန်လပြည့် နေ့ထူးနေ့မြတ်

ကုသိုလ်ခညောင်း မင်္ဂလာအပေါင်း

ပြည့်စုံစေကြောင်း....ဆုမွန်ကောင်း

ကမ္ဘာ့ အိမ်မက်ဆိုးကို စတင်ဖန်တီးခဲ့သူMother of Evil(မကောင်းဆိုးဝါးတို့ရဲ့ မိခင်ကြီး)------------------------------------...
03/05/2020

ကမ္ဘာ့ အိမ်မက်ဆိုးကို စတင်ဖန်တီးခဲ့သူ
Mother of Evil(မကောင်းဆိုးဝါးတို့ရဲ့ မိခင်ကြီး)
------------------------------------------

တရုတ်ပြည် ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ် ဖန်တီးရှင် ဒေါက်တာရှီဂျန်လိ (သို့) China’s Bat Woman

ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ် ဖန်တီးရှင် သို့မဟုတ် China’s Bat Woman, Dr Shi Zhengli

ဒေါက်တာရှီဂျန်လိ ဆိုတာ ဘယ်သူလဲလို့ သုတေသနသမားတွေကို မေးရင် လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-like Coronavirus) ကို လူသားတွေဆီ ကူးအောင်လုပ်နိုင်တဲ့ နည်းကို ရှာဖွေတွေ့ရှိခဲ့သူ အဖြစ်သိကြတယ်။ ဝူဟန်မြို့က ဆိုရှယ် မီဒီယာတွေမှာတော့ Mother of Evil လို့ ခေါ်ကြတယ်။ လင်းနို့တွေနဲ့ နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့အတွက် Bat Woman လို့လည်း ခေါ်ကြတယ်။

ပုံမှန်အားဖြင့် လင်းနို့မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေဆီ ကူးလေ့မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးဗီဇကို ပြောင်းလိုက်ရင်တော့ လူတင်မက တစ်ခြားသတ္ထဝါဆီ ကူးနိုင်တယ် ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ အဓိကတော့ လူတွေကို ကူးတဲ့နည်းကို ရှာတွေ့တယ်လို့ ပြောလိုက်တာ ပညာရှင်တွေ အားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်။ အဲဒါ နဲနဲတော့ ကြာခဲ့ပြီ။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကပေါ့။

ကိုယ်ကလည်း အဲ့အချိန်က စင်္ကာပူ သုတေသနလောကမှာ ရှိနေဆဲမို့ SARS Virus နဲ့ ပတ်သက်ပြီး အားလုံးက လန့်နေရတဲ့ အချိန် သူ့ Paper က ဆေးသုတေသနရဲ့ ထိပ်တန်းက Journal ဖြစ်တဲ့ Nature မှာပါလာခဲ့တော့ လူပြောအများဆုံး အကြောင်းတစ်ခု ဖြစ်ခဲ့တဲ့ အချိန်ပေါ့။ အဲဒီ Paper မှာ သူတို့ပြောခဲ့တာ လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာ ဗိုင်းရပ်အသစ် တစ်မျိုးမှာ တွေ့ရတဲ့ S Protein ဟာ လူတွေမှာရှိတဲ့ ACE2 Receptor ကို ပေါင်းပြီးရင် လူရဲ့ ဆဲလ်တွေထဲ ထဲ့လို့ရပြီ တနည်းအားဖြင့် လူတွေဗိုင်းရပ်ပိုး ကူးအောင်လုပ်နိုင်ပြီလို့ ပြောလိုက်လို့ အားလုံး လန့်သွားကြတာ။

ဒေါက်တာရှီ နောက်ကြောင်းကို ပြန်ကြည့်ရင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ၁၉၆၄ ခုနှစ် မေလ ၂၆ ရက်မှာ မွေးဖွားခဲ့တယ်။ ဝူဟန်တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး Wuhan Institute of Virology ကနေ ၁၉၉၀ ခုနှစ်မှာ ဗိုင်းရပ်ပညာနဲ့ မာစတာဘွဲ့ကို ယူတယ်။ အဲဒီနောက် ပြင်သစ်နိုင်ငံ Universite Montpellier 2 မှာ PhD ယူပြီး ၂၀၀၀ ခုနှစ်မှာ ဝူဟန်ကို ပြန်လာပြီး ဗိုင်းရပ် သုတေသနကို စတင်ခဲ့တယ်။ သူဟာ ကိုရိုနာဗိုင်းရပ်နဲ့ ပက်သက်ရင် တကယ့် ပညာရှင်ဖြစ်သည်။

‌အဲဒီ လူပြောအများဆုံး ၂၀၁၃ Nature journal က Paper မတိုင်ခင်ကလည်း သူ့ပြောခဲ့ဘူးတာ တစ်ခုရှိတယ်၊ လင်းနို့မှာရှိတဲ့ ACE2 Receptor ရဲ့ မျိုးရိုးဗီဇကို ပြောင်းလိုက်ရင် ကိုရိုနာဗိုင်းရပ်ကို အမျိုးအစားမတူတဲ့ လင်နို့တွေထဲမှာ ထဲ့ပြီး SARS Virus ပိုးကို ထဲ့နိုင်တယ်လို့ ပြောခဲ့တယ်။ အဲ့တုန်ကတော့ သူ့ကို သိပ် သတိမထားမိကြသေးဘူး။
အဲဒီ ၂၀၁၃ မှာ သူပြောခဲ့တဲ့နောက် သူ့ကို အားလုံးက ရင်မပြီး စောင့်ကြည့်နေရပြီ။ သူလုပ်နေတဲ့ လမ်းကြောင်းကို အတော်များများက သဘောပေါက်လာတယ်။ ကိုရိုနာဗိုင်းရပ်ကို လင်းနို့ကယူ မျိုးရိုးဗီဇပြောင်းပြီး လူထဲ ထည့်ဖို့ ကြိုးစားနေတာကို သိပ္ပံပညာရှင်တွေက အန္ထရယ်များလွန်းလို့ ကန့်ကွက်ချင်ကြတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါဘဲ တရုတ်ပြည်မှာ လုပ်နေတဲ့ သုတေသန တရုတ်အစိုးရ သဘောတူရင် လုပ်ခွင့်ရှိတာဘဲလေ။

အဲ့နောက်ပိုင်း ၂၀၁၅ လောက်မှာ နောက်ထပ် သုတေသနတွေ့ရှိချက် ထပ်ထွက်လာတယ်။ Synthetic Virus လူလုပ်ဗိုင်းရပ် တစ်မျိုးကို ဒေါက်တာရှီတို့ အဖွဲ့က လုပ်နိုင်ပြီလို့ Nature Medicine Journal မှာ ပါလာတယ်။ အဲဒီအဖွဲ့က လုပ်တဲ့ လူလုပ်ဗိုင်းရပ်ဟာ ဓါတ်ခွဲခန်းက ကြွက်လေးတွေရဲ့ အဆုတ်ကို အကြီးအကျယ် ပျက်စီးနိုင်ကြောင်း ပြခဲ့တယ်။ ဒါတင်မက အဲဒီ လူလုပ်ဗိုင်းရပ်ဟာ Cross-Species Transmission လို့ ခေါ်တဲ့ လူတင်မက ကြွက်တွေ မျောက်တွေထိ ကူးနိုင်စွမ်းရှိကြောင်း ပြခဲ့တယ်။

အဲဒီ တွေ့ရှိမှုနောက်မှာတော့ သုတေသနလောကမှာ ပွက်ပွက်ဆူအောင် ဒေါက်တာရှီနဲ့ အဖွဲ့ကို ဝေဘန်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ပြင်သစ်က ဗိုင်းရပ်ပညာရှင်တွေက အကြီးအကျယ် ပြစ်တင်ခဲ့တယ်။ အဲ့နောက်ပိုင်း အသံတွေ ပျောက်သွားပြီး အခုတစ်ခါ ကိုဗစ်ကိစ္စမှာ ဒေါက်တာရှီရဲ့ ဓါတ်ခွဲခန်းက ထွက်လာတဲ့ ဗိုင်းရပ်လို့ စွတ်စွဲကြရင်း အသံတွေ ပြန်ဆူ လာပြန်ပြီပေါ့။
အမေရိကန်ဦးဆောင်တဲ့ အဖွဲ့တွေက တရုတ်က ဓါတ်ခွဲခန်းတွေ ဆေးရုံတွေကို ဝင်စစ်ဆေးချင်တယ်။ တရုတ်ကလည်း အစစ်ဆေးခံဖို့ ငြင်းတယ်။

မပြေးသော် ကန်ရာရှိ ဆိုတဲ့ စကားလိုဘဲ၊ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ရင် တရုတ်ပြည်ရဲ့ အကြီးဆုံး ဓါတ်ခွဲခန်းက ဝူဟန်မှာရှိတယ်၊ ရောဂါစဖြစ်တာလည်း ဝူဟန်က စ တယ်။ ဒေါက်တာရှီရဲ့ သုတေသနတွေကလည်း အများက အထင်မှားချင်စရာတွေက ရှိနေတယ်။ စောင့်ကြည့်ရမှာပေါ့။

Crd: #မူရင်းရေးသူ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်အထွက်ခေတ္တရပ်ဆိုင်းခြင်းအား 💥 မေလ ၁၅ ရက်နေ့၊ ၂၀၂၀ အထိ ထပ်မံတိုးမြှင့် လိုက်ပါကြောင်းအသ...
24/04/2020

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်အထွက်ခေတ္တရပ်ဆိုင်းခြင်းအား

💥 မေလ ၁၅ ရက်နေ့၊ ၂၀၂၀ အထိ

ထပ်မံတိုးမြှင့် လိုက်ပါကြောင်းအသိပေးအပ်ပါသည်။

မင်္ဂလာပါခင်ဗျာ🙏လူတိုင်းတော်တော်များက ခရီးသွားခြင်းကို နှစ်သက်မြတ်နိုးကြပါတယ်။ အလုပ်တွေ၊ ကျောင်းစာတွေ နဲ့ရုန်းကန်နေရတဲ့ ...
14/03/2020

မင်္ဂလာပါခင်ဗျာ🙏

လူတိုင်းတော်တော်များက ခရီးသွားခြင်းကို နှစ်သက်မြတ်နိုးကြပါတယ်။ အလုပ်တွေ၊ ကျောင်းစာတွေ နဲ့ရုန်းကန်နေရတဲ့ လူတွေအတွက် အကောင်းဆုံးစိတ်အပန်းဖြေရာ ထွက်ပေါက်တစ်ခုဟာလည်း ခရီးသွားခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခရီးတစ်ခုသွားဖို့ ပြန်စဉ်းစားလိုက်ရင်လည်း ကုန်ကျစားရိတ်က သူ့အတိုင်းအတာနဲ့သူ ရှိနေတာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဒီတော့ ကျွန်တော်တို့ ခရီးသွားဖို့ရည်ရွယ်ပြီး ငွေစုရာတွင် အသုံးပြုမည့်နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အစီအစဉ်ချပါ။ 💥

နောက်နှစ်တော့ ဘယ်နေရာကို ခရီးသွားမယ်….ဘာတွေလုပ်မယ် ဆိုပါစို့။ အဓိက က ပိုက်ဆံစုရတဲ့ အကြောင်းအရင်းတစ်ခုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပြီး အစီအစဉ်ကောင်းတစ်ခု ချမှတ်ဖို့ပါပဲ။

(၂)ပိုက်ဆံစုဖို့နေရာရွေးပါ။💥

ပိုက်ဆံစုတာတော့ ဟုတ်ပါပြီ။ ဘယ်နေရာမှာ စုမှာလဲဆိုတာ ရွေးပါ။ ဥပမာ-တစ်ချို့က စုဘူးဝယ်ပြီး စုကြတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လဲ ဘဏ်မှာ စုကြတယ်။ ဘယ်လိုပဲ စုစု သတိထားရမှာက ကိုယ့်စုထားတဲ့ ပိုက်ဆံကို ကိုယ်ရည်ရွယ်ထားတဲ့ နေ့ရောက်တဲ့အထိ မဖြစ်မနေစုပြီး ယူမသံုံးမိအောင်နေဖို့ပါပဲ။ ပြောရမယ်ဆိုရင် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ရပါမယ်။

(၃) နေ့စဉ်မဖြစ်မနေ သုံးရမယ့်ငွေကို မှတ်သားပါ။💥

ကျွန်တော်တို့ နေ့စဉ်မဖြစ်မနေ သုံးနေရတဲ့ အသုံးစရိတ်တွေရှိပါတယ်။ ဥပမာ- ကားခတွေ၊ မီးဖိုချောင်စားရိတ်တွေ၊ ဖုန်းဘေလ်တွေ၊ ကလေးကျောင်းမုန့်ဖိုးတွေ အစရှိသဖြင့် ကုန်နေရတဲ့ငွေထွက်ပေါက်တွေ ရှိပါတယ်။ ဒါတွေဟာ မဖြစ်မနေကုန်နေမယ့် တစ်နေ့တာ အသုံးစာရိတ်တွေပဲ ဖြစ်ပါတယ်။

(၄) ချွေတာနိုင်သလောက် ချွေတာပါ။💥

နေ့စဉ်ငွေထွက်နေရတဲ့ အကြောင်းအရာတွေထဲမှ ဘယ်အရာတွေကို ချွေတာလို့ရနိုင်မလဲဆိုတာ စဉ်းစားပါ။ ဥပမာ-သင်ဟာ တစ်နေ့ကို ဖုန်းဘေလ်၊ အင်တာနက်ဖိုး (၃၀၀၀)လောက်ကုန်နေရင် နှစ်ရက်ကို (၃၀၀၀)ပဲကုန်အောင် သင်လုပ်ရပါမယ်။ ဒါဆိုရင် သင်ဟာ မဖြစ်မနေသုံးရတဲ့အထဲမှ ချွေတာနိုင်သလောက်ချွေတာနိုင်သွားပါပြီ။

(၅) ငွေပိုတွေထွက်နေတာကို သတိပြုပါ။💥

တစ်ခါတစ်လေ စိတ်အလိုလိုက်ပြီး ငွေပိုတွေ သုံးမိနေတာရှိပါတယ်။ ဥပမာ-ဒီအင်္ကျ ီလေးလှလို့ ဝယ်မိလိုက်တာမျိုးတွေ၊ တက္ကစီစီးပြီးသွားလိုက်တာတွေ၊ ညနေဘက် အပြင်မှာမုန့်ထွက်စားတာတွေ အစရှိသဖြင့် ငွေပိုတွေ မလိုအပ်ပဲ ထွက်နေရတာတွေကို သတိပြုပြီး ရှောင်ကြဉ်ရပါမယ်။

(၆) နောက်ထပ်ဝင်ငွေရမယ့်နည်းလမ်းကို စဉ်းစားပါ။ 💥

အားလပ်ရက်တွေမှာ အပိုဝင်ငွေလေးရအောင်လုပ်ကြည့်ပါ။ အခုဆိုရင် Online ပေါ်မှာ ဈေးရောင်းတာတွေခေတ်စားလာတာကို တွေ့ရပြီး ကိုယ်ပိုင်အားလပ်ရက်တွေမှာ Online ပေါ်မှာ စာသင်တာတွေ၊ ဈေးရောင်းတာတွေ လုပ်နိုင်ပါတယ်။ Online မှ မဟုတ်ပါဘူး။ အပြင်မှာလည်း အချိန်ပိုင်း စာသင်တာတွေ၊ အလုပ်လုပ်တာတွေ အစရှိသဖြင့် ကိုယ်လုပ်နိုင်တာတွေလေးတွေလုပ်ပြီး အပိုငွေတွေ ရှာလို့ရပါတယ်။

(၇) ငွေကိုတွက်ချက်ပြီးမှ စုပါ။ 💥

ဥပမာ။
* သင်မဖြစ်မနေသုံးရမည့် ငွေ = ၁၅၀,၀၀၀ (တစ်လ)
* သင့်လစာ ငွေ = ၂၅၀,၀၀၀ (တစ်လ)
* ကျန်ငွေ = ၁၀၀,၀၀၀ (တစ်လ)
* ခရီးသွားရင် သုံးမည့်ခန့်မှန်းငွေ = (၁၀ သိန်း) / ၁၀ လ စုရန်လို (တစ်လ = ၁ သိန်း)

🎉 အားလုံးပဲ ဒီလောက်ဆိုရင် ခရီးသွားဖို့ငွေစုနည်းလေးတွေကို သိလောက်ပြီထင်ပါတယ်။ ဒီပို့စ်လေးက မိတ်ဆွေအတွက် အသုံးဝင်မယ်ဆိုရင် “LIKE & SHARE” လေး လုပ်သွားပေးပါဦးနော်။

ခရီးသွားဖို့ ငွေစုတဲ့အခါ ဘယ်ခရီးလေးက ဘယ်လောက်ကျသင့်မလဲ ဆိုတာသိချင်ရင်တော့ ကျွန်တော်တို့ Million Kings Travels ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။

🏡 Million Kings Travels & Tours
🗺️ No.150-B, 1st Floor, Thukha Street, Hlaing Township, Yangon

--------------------------------------------

🎉Best Service with High Satisfaction🎉

--------------------------------------------

မဂ်လာပါ ခင်ဗျာ 🙏Million Kings Travels & Tours မှ ခရီးသွားမိတ်ဆွေများအတွက် "Best Travel Partner" တစ်ယောက်ဖြစ်ရန် အသင့်ရှိ...
12/03/2020

မဂ်လာပါ ခင်ဗျာ 🙏

Million Kings Travels & Tours မှ ခရီးသွားမိတ်ဆွေများအတွက် "Best Travel Partner" တစ်ယောက်ဖြစ်ရန် အသင့်ရှိနေပါတယ်။

လူကြီးမင်းတို့အတွက် ခရီးသွားဝန်ဆောင်မှုများကို ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့် အချိန်ကုန်သက်သာစေအောင် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

😻 သူမ နှင့် သူ သီးသန့်ပဲ ဖြစ်ဖြစ်.....
😻 သူ နှင့် သူ သီးသန့်ပဲ ဖြစ်ဖြစ်.....
😻 သူငယ်ချင်းအုပ်စု သီးသန့်ပဲ ဖြစ်ဖြစ်.....
😻 မိသားစုအုပ်စု သီးသန့်ပဲဖြစ်ဖြစ်.....
😻 အလုပ်က ဘော်ဘော်တွေ သီးသန့်ပဲ ဖြစ်ဖြစ်.....
😻 ကုမ္ပဏီဝန်ထမ်းအုပ်စု သီးသန့်ပဲ ဖြစ်ဖြစ်......

🎉 အနည်းဆုံး လူဦးရေ(၁)ဦးမှ စတင်ကာ အကန့်အသတ်မရှိ (၂၄ နာရီ) ခရီးသွားဝန်ဆောင်မှုများကို စီစဉ်ပေးလျက်ရှိပါတယ်။

🤩 ခရီးသွားဝန်ဆောင်မှုများအား မည့်သည့်မြို့မှ စထွက်ထွက် အဆင်ပြေအောင် စီစဉ်ဆောင်ပေးနေပါသည်။
ဥပမာ -
✅ရန်ကုန်မှ စထွက်သော ခရီးဝန်ဆောင်မှု
✅မန္တလေးမှ စထွက်သော ခရီးဝန်ဆောင်မှု
✅ရှမ်းပြည်မှ စထွက်သော ခရီးဝန်ဆောင်မှု
✅ကယားပြည်နယ်မှ စထွက်သော ခရီးဝန်ဆောင်မှု
✅ကရင်ပြည်နယ်မှ စထွက်သော ခရီးဝန်ဆောင်မှု
✅အခြားပြည်နယ်မှ စထွက်သော ခရီးဝန်ဆောင်မှု

👩‍💻 သို့အတွက်ကြောင့် သင်ဟာ ဘယ်နေရာမှာပဲ နေနေ ပူစရာမလိုဘဲ ခရီးသွားဖို့စိတ်ကူးလေးရှိတာနဲ့ MK Travels ကိုဖုန်းဆက်လိုက်ပါ။

🎉 သင်ဟာခရီးသွားမယ့် စိတ်ကူးလေး ရပြီဆိုတာနဲ့ ဒါလေးတွေကို အကြမ်းဖျင်းဖော်ပြပေးပြီး ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်....ခင်ဗျာ

၁။ 👦သွားရောက်လိုသော နေရာ?
၂။ 👦သွားရောက်မည့် လူဦးရေ?
၃။ 👦ခရီးသွားမည့် ခန့်မှန်း ရက်(သို့့) လ?
၄။ 👦တည်းခိုမည့် ဟိုတယ်ည အရေအတွက်?
၅။ 👦Budget Trip (သို့) Normal Trip (သို့) Luxuary Trip ထဲမှ တစ်ခုရွေးပါ?
၆။ 👦ဖုန်းနံပါတ်

👩‍💻 *Send to messenger or Hello to phone 📣

ခရီးသွားဝန်ဆောင်များကို ဒီစုတည်းဖြစ်စေရန်ရည်ရွယ်ပြီး Link လေးတွေနဲ့ ဖော်ပြထားပါတယ်....ခင်ဗျာ

💥 သင်္ကြန်ခရီးစဉ်များ

https://www.facebook.com/110430143691728/posts/208133597254715/?d=n

💥 သင်္ကြန်တွင်း ပူတာအို၊ မြိတ် နှင့် ကော့သောင်းကျွန်းပတ်ခရီးစဉ်များ

https://www.facebook.com/110430143691728/posts/220418806026194/?d=n

💥 ဒီနှစ်သင်္ကြန်မှာ ဘာလုပ်ကြမလဲ ?

https://www.facebook.com/110430143691728/posts/209635830437825/?vh=e&d=n

💥 အသင့်သွားခရီးစဉ်များ

https://www.facebook.com/110430143691728/posts/208650837202991/?d=n

💥 ပူတာအို သီးသန့်ခရီးစဉ်

https://www.facebook.com/110430143691728/posts/206333247434750/?d=n

💥 မြိတ်ကျွန်းစု သီးသန့်ခရီးစဉ်

https://www.facebook.com/110430143691728/posts/206333247434750/?d=n

💥 ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်ခရီးစဉ်များ

https://www.facebook.com/110430143691728/posts/184686892932719/?d=n

💥 ဘက်စ်ကား လက်မှတ်ဝန်ဆောင်မှု

https://www.facebook.com/110430143691728/posts/200420034692738/?d=n

🏡 Million Kings Travels & Tours

🗺️ No.150-B, 1st Floor, Thukha Street, Hlaing Township, Yangon

‪☎️ 09970027987
📞 09420104536, 09795190787, 09795189345‬

🎉Best Service with High Satisfaction🎉

--------------------------------------------

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် (၁၁-၃-၂...
12/03/2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအား

ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် (၁၁-၃-၂၀၂၀) တွင် သတ်မှတ်ကြေညာခဲ့ပါသည်။

အားလုံးပဲ ဂရုစိုက်ကြပါ...ခင်ဗျာ


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 #ဖြေကြည့်မလား?😂 #ဘယ်သူလဲဆိုတာမန်းရှင်းခေါ်ကြရအောင်?😇
10/03/2020

#ဖြေကြည့်မလား?😂

#ဘယ်သူလဲဆိုတာမန်းရှင်းခေါ်ကြရအောင်?😇

 #မြန်မာပြည်ရဲ့ကျွန်းပတ်ခရီးစဉ်လေးတွေလာပါပြီ💥 #တူးပို့_တူးပို့_သင်္ကြန်မှာ_ပြည်ပခရီးတွေမသွားရလို့စိတ်ညစ်နေပြီလား💦💦💦💥💥ဘာမ...
07/03/2020

#မြန်မာပြည်ရဲ့ကျွန်းပတ်ခရီးစဉ်လေးတွေလာပါပြီ💥

#တူးပို့_တူးပို့_သင်္ကြန်မှာ_ပြည်ပခရီးတွေမသွားရလို့စိတ်ညစ်နေပြီလား💦💦💦

💥💥ဘာမှစိတ်ညစ်မနေပါနဲ့တော့💥💥
Million Kings Travel ကနေ မြန်မာနိုင်ငံရဲ့ အလှတရားတွေပြည့်နှက်နေတဲ့......ချစ်စရာ့

😍ကော့သောင်းခရီးစဉ်
😍မြိတ်ကျွန်းစု ခရီးစဉ်
😍ပူတာအိုခရီးစဉ်လေးတွေ

ကို မိတ်ဆက်ပေးလိုက်ပါတယ်

💦💦Package လေးတွေကလည်း အများကြီးပဲဆိုတော့ ကြိိုက်နှစ်သက်တဲ့ ခရီးစဉ်လေး ရွေးလိုက်ရုံပါပဲနော်





#သင်္ကြန်တွင်းခရီးစဉ်ဖြစ်လို့လူပြည့်တာမြန်ပါတယ်ခင်ဗျာ။
#စောစောလေးသာဖုန်းဆက်ပြီးဘိုကင်တင်နိုင်ပါပြီ

💦💦💦💦💦
🙏ကျွန်တော်တို့ Million Kings Travels & Tour မှ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ ပြည်တွင်း ပြည်ပ ခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျ....

👉Solo Traveler များ၊ Honeymooner များ၊ မိသားစုသူငယ်ချင်းများနှင့် သီးသန့်ခရီးသွားချင်သူများ၊ Company အသင်းအဖွဲ့များ၏၀န်ထမ်းခရီးစဉ်များအတွက် ခရီးသွားချင်သူတို့စိတ်ကြိုက် စီစဉ်ပေးသောပြည်တွင်းပြည်ပခရီးစဉ် အမျိုးမျိုးကို လူဦးရေတစ်ယောက်မှစ ရာချီအထိ ဧည့်သည်တော်များသုံးစွဲချင်သောပမာဏနှင့် သင့်တင့်သော ခရီးစဉ်များကိုအကြံပြုရေးဆွဲပေးလျက်ရှိပါတယ် ခင်ဗျ

☎️Phone Numbers ☎️
📞 09795189345 (Viber)
📞 09420104536 (Viber)
📞 09970027987
📞 09795190787

👑Million Kings Travels & Tours Office Address
အမှတ် (၁၅၀-ဘီ)၊ အခန်းနံပါတ် A-2၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏆 Best Service with High Satisfaction

🎉 မတ်လ (၂)ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုခြင်းဖြင့် ဆရာစံ၏ အထ္တုပတ္တိအကြောင်းအား ဖော်ပြအပ်ပါသည်။ဒီပဲယ...
02/03/2020

🎉 မတ်လ (၂)ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုခြင်းဖြင့် ဆရာစံ၏ အထ္တုပတ္တိအကြောင်းအား ဖော်ပြအပ်ပါသည်။

ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာတွင် ၁၈၇၆ခု အောက်တိုဘာလ ၂၄ရက် တွင် မွေးဖွားသည်။ ဖခင် အမည်မှာ ဦးကျေး ဖြစ်ပြီး မိခင်အမည်မှာ ဒေါ်ဖက် ဖြစ်ကာ မောင်နှမ ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ ဗမာလူမျိုးဖြစ်ပြီးထေရဝါဒ ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ ဆရာစံ၏ အခြားအမည်တစ်မျိုးမှာ ဦးရာကျော် ဖြစ်သည်။ မွေးချင်းများမှာ -
1. ဦးရာကြူး
2. ဦးရာဒန်
3. ဒေါ်အေးမြင့်
4. ဒေါ်အေးဆင့်
5. ဦးရာကျော် ခေါ် ဆရာစံ တို့ဖြစ်သည်။ [၁]

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

နိုဝင်ဘာလ (၂၈)ရက် ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။

၁၉၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ အထွေထွေကောင်စီမှ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဆရာစံ အား ဗမာလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း အခြေအနေများ ဆန်းစစ်ခြင်း ဆိုင်ရာ ကော်မတီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၂၇ ခုနှစ် စစ်တမ်းများကောက်ယူနေဆဲတွင် ဆရာစံ သည် (တဖြည်းဖြည်းများပြားလာသော မြို့နေဆန္ဒပြလှုပ်ရှားသူများနှင့် နိုင်ငံရေး လုပ်ဆောင်သူ သံဃာတော်များ နှင့်အတူ) ၎င်းတို့၏ လုပ်ငန်းဦးတည်ချက်ကို ပြောင်းလဲပြီး ဗြိတိသျှ တို့အား ခုခံတိုက် ခိုက်ရန် တောင်သူလယ်သမားများအား စတင်၍ လှုံ့ဆော်ခဲ့သည်။ ယင်းမှာ အထူးသဖြင့် ဗြိတိသျှ အစိုးရ ၏ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှု မူဝါဒလမ်းစဉ်အား ပုန်ကန်ရန်အားထုတ် ကြိုးပမ်းမှုပင် ဖြစ်သည်။

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှတို့်သည် ဗမာပြည်သူတို့အပေါ်တွင် အခွန်အသစ်များကို ပြဋ္ဌာန်းရန် တင်သွင်း ခဲ့ပြီး ဗြိတိသျှတို့၏ သဘောတူညီချက်မရဘဲ သစ်ပင် (ဗမာတို့၏ အဓိက အဖိုးတန်ပစ္စည်း) ခုတ်ခြင်းကို တားမြစ်သည့် သစ်တောနှင့်ပတ်သက်သော ဥပဒေမူကြမ်းတစ်ခုကိုလည်း တင်သွင်းခဲ့သည်။ ၁၉၂၉ ဒီဇင်ဘာ တွင် ဆရာစံ သည် လူခွန်ကောက်ခံမှု (လူခွန်) အား တွန်းလှန်ရန် ဒေသတွင်း ပုန်ကန်မှုတစ်ရပ်ကို စီစဉ်ခဲ့သည်ဟု အဆိုရှိသည်။ ထိုပုန်ကန်မှုမှာ လျင်မြန်စွာကြီးထွားလာပြီး သူ၏ ထိန်းချုပ်နိုင်မှု ထက်ကျော်လွန်၍ ကသောင်းကနင်းနိုင်သော တစ်နိုင်ငံလုံးဆိုင်ရာ ပုန်ကန်မှုတစ်ခုအသွင် ပြောင်းလဲ ခဲ့သည်။

ထို့နောက် ဆရာစံသည် ရွှေဘိုမှ သာယာဝတီသို့လွတ်လပ်ရေးလှုပ်ရှားရန် ပြောင်းရွှေ့လာခဲ့သည်။
ထိုလှုပ်ရှားမှုများ၏ ဖြစ်ရပ်များသည် Tharrawaddy (သာယာဝတီ) ခရိုင် (ရန်ကုန်မှ သုံးနာရီခွဲကြာ သွားရသော အကွာအဝေး) မှ အောက်မြန်မာပြည်တစ်ဝန်းလုံးရှိ အနီးအနားပတ်ဝန်းကျင်ခရိုင်များသို့ ပျံ့နှံ့သွားခဲ့သည်။ ဆရာစံသည် "မင်းလောင်း" သို့မဟုတ် ဘုရင်အဖြစ်တောင်းခံပြီး သက်ဦးဆံပိုင်စနစ် ကို ပြန်လည် အသက်သွင်းကာ ယိုယွင်းကျဆင်းနေပြီ ဖြစ်သော ဗုဒ္ဓဘာသာကို ပြန်လည်အားဖြည့်ပေး မည့်သူ တစ်ဦး ဖြစ်ခဲ့သည်ဟု တရားဝင်မှတ်တမ်းများမှ အခိုင်အမာဆိုသည်။ ရိုးရာအဖွဲ့အစည်းများ နှင့် ကွန်ရက်များကို ပြန်လည်အသက်သွင်းရန်အတွက် ဆရာစံသည် Alantaung (အလံတောင်) အရပ်တွင် နန်း တော်တစ်ခုတည်ဆောက်ကာ ဗမာ့နန်းတွင်းအဆောင်အယောင်များဖြင့် ဂဠုန်ရာဇာဘွဲ့ခံ၍ နန်းတက်ပွဲ ကျင်းပခဲ့သည် ဟုလည်းဆိုသည်။

ပုန်ကန်ထကြွမှု၏ အကျိုးဆက်အားဖြင့် နှိမ်နင်းရန် ဗြိတိသျှတပ်သား ၁၀၀၀၀ ကျော် နှင့် အချိန် နှစ်နှစ် ကျော် လိုအပ်ခဲ့ပြီး ဆရာစံအား ကြိုးမိန့်ပေးကွပ်မျက်ခြင်း ဖြင့် အဆုံးသတ်ခဲ့သည်။ ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် တွင် သာယာဝတီ ထောင် အတွင်းတွင် ကြိုးပေးသတ်ဖြတ်ခြင်း ခံရသည်။

ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုကြီးအားဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ် ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။

's Day

29/02/2020

ဒီနေ့လို ရက်ထပ်နှစ်မှာ “Million Kings Travels” ရဲ့ ခရီးသွားမိတ်ဆွေများကို လေးတစ်ခုပေးချင်ပါတယ်။

Google Map ကို အသုံးပြုပြီး ကိုယ်သွားခဲ့ဖူးတဲ့နေရာတွေကို ဘယ်လိုမှတ်သားမလဲ ?

Google Map မှာ မရှိတဲ့နေရာတွေကို ဘယ်လို Free Register Request တင်ရမလဲ ?

ဒီ Video လေးကတော့ ခရီးသွားတဲ့လူတိုင်း သိသင့်ပြီး အမှတ်တရနေရာများစွာကို ဖုန်းထဲမှာ မှတ်သားနိုင်မယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ် ခင်ဗျာ။

ဒီ Video လေးကို ကြိုက်နှစ်သက်ရင် Like & Share လေး လုပ်သွားပေးပါဦး ခင်ဗျာ။

မိန်းကလေးသူငယ်ချင်း(၄)ဦးရှိရုံဖြင့် ဈေးသက်သက်သာသာနဲ့ ခရီးသွားနိင်သည့် အစီအစဉ်ကို “MK Travels” မှမိတ်ဆက်ပေးပါရစေ။ခရီးစဉ်လ...
28/02/2020

မိန်းကလေးသူငယ်ချင်း(၄)ဦးရှိရုံဖြင့် ဈေးသက်သက်သာသာနဲ့ ခရီးသွားနိင်သည့် အစီအစဉ်ကို “MK Travels” မှမိတ်ဆက်ပေးပါရစေ။

ခရီးစဉ်လေးကတော့ သင့်မှာသူငယ်ချင်းမိန်းကလေးလေးယောက်ရှိတာနဲ့တစ်ပြိုင်နက် ဒီ Promotionလေးကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်…ရှင်။

“မြန်မာမှန်လျှင် ပုဂံရောက်ဖူးသင့်သည်” ဆိုတဲ့စကားအတိုင်း

ပုဂံမှာ ဘုရားလည်းဖူးမယ်…ဓာတ်တွေလည်းဖမ်းမယ်…အမှတ်တရနေ့ရက်ကလေးတွေ ဖန်တီးစေလိုသော ရည်ရွယ်ချက်ဖြင့် အထူးသီးသန့် ခရီးစဉ်လေးကို စီစဉ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်….ရှင်။

ခရီးစဉ်လေးကတော့
3 star ဟိုတယ်တစ်ညအိပ်၊
ရန်ကုန်-ပုဂံ-ရန်ကုန် ကားလက်မှတ်(သွား/ပြန်)၊
ပုဂံမှာလည်ပတ်မည့် အဲကွန်းကား တစ်ရက်တာ၊
E-bike ကလေးစီးပြီး လည်ပတ်ခြင်းတစ်ရက်တာ အစီအစဉ်များ ပါဝင်ပါတယ်…ရှင်

ပုဂံမြို့သစ်မှာ ရှိတဲ့ ဟိုတယ်မှာတည်းခိုမှာဖြစ်လို့ သွားဖို့လာဖို့စားဖို့ အတွက် စိတ်ပူစရာမလိုတော့ ပိုအဆင်ပြေတာပေါ့ရှင်။

အဲ့တော့ ခုပဲကိုယ့်သူငယ်ချင်း မိန်းကလေး(၄)ယောက်ကို Mention ခေါ်ပြီး Promotion လေးကို ရယူလိုက်ကြအောင်။

မှတ်ချက်။ ။မိန်းကလေး(၁)ယောက်တည်းဆိုလဲ စိတ်ပူစရာမလိုဘူးနော်….MK က ကျန်တဲ့မိန်းကလေး(၃)ယောက်နဲ့ ချိတ်ဆက်ပေးမှာဆိုတော့သူငယ်ချင်းအသစ်တွေလည်းရ ခရီးလဲထွက်ရဆိုတော့ အရမ်းပျော်ဖို့ကောင်းမှာ အမှန်ပါရှင်…

ဒီ Promotion လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Messenger (သို့) ဖုန်းဆက်ပြီးတော့ မေးမြန်းဆက်သွယ်နိုင်ပါတယ်….နော်

Let’s mentions to your friends- GIRLS

☎️Phone Numbers ☎️
📞 09795189345 (Viber)
📞 09420104536 (Viber)
📞 09970027987
📞 09795190787

👑Million Kings Travels & Tours Office Address
အမှတ် (၁၅၀-ဘီ)၊ အခန်းနံပါတ် A-2၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏆 Best Service with High Satisfaction

🎉သင်္ကြန်မှာ ခရီးထွက်ဖို့ လည်စရာနေရာ စဉ်းစားရခက်နေသော မိတ်ဆွေများအတွက်...(၁) သဘာ၀ တောတောင်အငွေ့အသက်တွေနှင့် ရင်နှီးခံစား...
28/02/2020

🎉သင်္ကြန်မှာ ခရီးထွက်ဖို့ လည်စရာနေရာ စဉ်းစားရခက်နေသော မိတ်ဆွေများအတွက်...

(၁) သဘာ၀ တောတောင်အငွေ့အသက်တွေနှင့် ရင်နှီးခံစားကာ သမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့် နေရာများကို အေးအေးချမ်းချမ်းလည်ပတ်ကာ တိုင်းရင်းသားလူတစ်စု၏ သြက်န်ကာလပျော်မြူးပုံများကို ခံစားမျှဝေလိုပါက သွားရန်အကောင်းဆုံးနေရာမှာ = တောင်ကြီး-အင်းလေး-ကလော-ပင်းတယ-ရွာငံ ခရီးစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ။💕

(၂)ပထမမြန်မာနိုင်ငံတော် စတင်တည်ထောင်ရာ သမိုင်းဝင်ရာဇဝင်များနှင့် မြန်မာ့ဗိသုကာလက်ရာများကို ကြည့်ရှု့ခံစားကာ ဓာတ်ဖမ်းရန်အကောင်းဆုံးနေရာ၊ စေတနာစိတ်ထားရည်စူးမှတ်ကာ ဆုတောင်းမှုပြုပါက နိဗ္ဗာန်ရောက်ရန် အကျိုးထူးမည့်နေရာ၊ မြန်မာမှာသာမက ကမ္ဘာကပါ လည်ရောက်လည်ပတ်ရန် စွဲဆောင်လွန်းအားကြီးသောနေရာ၊ မြန်မာမှုမြန်မာဟန်တို့ကို လေ့လာပြီး အညာဒေသရဲ့ သြက်န်ကာလဖြတ်သန်းပုံများကို လေ့လာလိုပါက သွားရန်အကောင်းဆုံးနေရာမှာ = ပုဂံ(ညောင်ဦး)-ပုပ္ပါး-စွယ်တော်လေးဆူ ခရီးစဉ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။💕

(၃)သာယာလှပပြီး ချစ်စရာကောင်းသောတိုင်းရင်းသား လူမျိုးစုတစ်စုတို့ရဲ့ နေထိုင်ရာဒေသ၊ ရိုးရာအစားအသောက်များနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို လေ့လာတွေ့ရှိရမည့်နေရာ၊ သမိုင်းဝင်နေရာများနှင့် ထူးခြားလှသောနေရာများတည်ရှိကာ ခရီးသွားဧည့်သည်များကို နှစ်စဉ်စွဲဆောင်လျက်ရှိသော အေးချမ်းသောနေမြေကလေးမှာ စိတ်လက်ပေါ့ပါးအနားယူအပန်းဖြေလိုပါက အကောင်းဆုံးနေရာမှာ = လွိုင်ကော်-အင်းလေး-ကလော ခရီးစဉ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။💕

(၄)ကမ်းရိုးတန်းဒေသထွက် စားစရာများ နှင့် သမိုင်းဝင်စေတီပုထိုးများဖူးမြော်ကာ စိတ်အေးချမ်းကိုယ်အေးချမ်းဖြင့် ကုသိုလ်ကောင်းမှုအစုစုတို့ကို ပြုလုပ်နိုင်သောနေရာ၊ ကမ်းခြေသဘာဝအလှများကို ခံစားသက်ဝင်ပြီး ရေကစားပျော်မြူးကာ ဘဝအမောတွေ ပြေစေနိုင်သော အကောင်းဆုံးနေရာမှာ = ထားဝယ်(ရှင်ကိုးရှင်)-မောင်းမကန်-မျှော်ရစ်-မြင်းခွာအော်-ဖိုးဖိုးကျောက်ကမ်းခြေ ခရီးစဉ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။💕

💥အထက်ပါခရီးစဉ်များအား အောက်ပါ လင့်တွင် ဝင်ရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ။

https://www.facebook.com/110430143691728/posts/208133597254715/?d=n

Solo Traveler များ၊ Honeymooner များ၊ မိသားစုသူငယ်ချင်းများနှင့် သီးသန့်ခရီးသွားချင်သူများ၊ Company အသင်းအဖွဲ့များ၏၀န်ထမ်းခရီးစဉ်များအတွက် ခရီးသွားချင်သူတို့စိတ်ကြိုက် စီစဉ်ပေးသောပြည်တွင်းပြည်ပခရီးစဉ် အမျိုးမျိုးကို လူဦးရေတစ်ယောက်မှစ ရာချီအထိ ဧည့်သည်တော်များသုံးစွဲချင်သောပမာဏနှင့် သင့်တင့်သော ခရီးစဉ်များကိုအကြံပြုရေးဆွဲပေးလျက်ရှိပါတယ် ခင်ဗျ

☎️Phone Numbers ☎️
📞 09795189345 (Viber)
📞 09420104536 (Viber)
📞 09970027987
📞 09795190787

👑Million Kings Travels & Tours Office Address
အမှတ် (၁၅၀-ဘီ)၊ အခန်းနံပါတ် A-2၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏆 Best Service with High Satisfaction

မင်္ဂလာနံနက်ခင်း ခင်ဗျာ🙏ခရီးသွားချစ်သူများအားလုံး သာယာပျော်ရွှင်ချမ်းမြေ့သော နေ့ကလေးဖြစ်ပါစေ။မှတ်ချက်။    ။ပုံထဲကနေရာလေး...
28/02/2020

မင်္ဂလာနံနက်ခင်း ခင်ဗျာ🙏

ခရီးသွားချစ်သူများအားလုံး သာယာပျော်ရွှင်ချမ်းမြေ့သော နေ့ကလေးဖြစ်ပါစေ။

မှတ်ချက်။ ။ပုံထဲကနေရာလေးကို သိတဲ့လူများရှိလား?

26/02/2020

သင်္ကြန်မှာ ခရီးထွက်မယ်ဆိုရင် အခုကတည်းက ဘာတွေပြင်ဆင်ရမလဲ ?

> ဒီ Video လေးမှာပြောပြပေးထားပါတယ်။
> ၂:၃၅ စက္ကန့် (ကြာချိန်)

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

💥 သင်္ကြန်ခရီးစဉ် (https://www.facebook.com/110430143691728/posts/208133597254715/?d=n)

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

📞 09795189345 (Viber)
📞 09420104536 (Viber)
📞 09970027987
📞 09795190787

👑Million Kings Travels & Tours Office
🏡Address : အမှတ် (၁၅၀-ဘီ)၊ အခန်းနံပါတ် A-2၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏆 Best Service with High Satisfaction

 #မင်္ဂလာနံနက်ခင်းပါ။ #ခရီးသွားချစ်သူများအားလုံး_စိတ်ချမ်းသာ_ကိုယ်ချမ်းသာ_ဖြစ်ကြပါစေ။ #စကားမစပ်_ဘုရားဘွဲ့တော်လေးနှင့်တည်...
26/02/2020

#မင်္ဂလာနံနက်ခင်းပါ။

#ခရီးသွားချစ်သူများအားလုံး_စိတ်ချမ်းသာ_ကိုယ်ချမ်းသာ_ဖြစ်ကြပါစေ။

#စကားမစပ်_ဘုရားဘွဲ့တော်လေးနှင့်တည်နေရာကို_သိကြလားဟင် ❓

24/02/2020



22/02/2020

#ဒီနှစ်_သင်္ကြန်မှာ_ဘာလုပ်ကြမလဲ ?

#မိတ်ဆွေ_သင်ကော_ဘာလုပ်မယ်စိတ်ကူးထားလဲ ?

#မစဉ်းစားရသေးရင်_နည်းလမ်းကောင်းလေးတွေ_မိတ်ဆက်ပေးပါရစေ 💥

🦋 ပိတ်ရက်တွေ ရှိတယ်နော်....ခရီးသွားဖို့မေ့နေပြီလား 🌻💥 အခုပဲ ဖုန်းဆက်ပြီး အခုပဲ ထသွားလို့ရအောင် MK Travels ရဲ့ "READY-MAD...
21/02/2020

🦋 ပိတ်ရက်တွေ ရှိတယ်နော်....ခရီးသွားဖို့မေ့နေပြီလား 🌻

💥 အခုပဲ ဖုန်းဆက်ပြီး အခုပဲ ထသွားလို့ရအောင် MK Travels ရဲ့ "READY-MADE TOUR" လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ....

💥 အနည်းလူ(၂)ဦးတော့ ရှိရမယ်နော် 😍

​🚫 ဖော်ပြထားသော ခရီးစဉ်များသည် February လအတွက် သီးသန့်ခရီးစဉ်များဖြစ်သင်္ည။

🎉 သင်္ကြန်ခရီးစဉ်များကိုလည်း အောက်ပါ Link တွင် ကြည့်ရှု့နိုင်ပါသည်။

https://www.facebook.com/110430143691728/posts/208133597254715/?d=n

ပုံလေးတွေ တစ်ပုံချင်းစီ နှိပ်ပြီး ခရီးသွားကြရအောင် 😍

🎊 ဖုန်းလေးတစ်ချက် / Messenger မှ စာတိုကလေးပို့လိုက်ရုံဖြင့် Million Kings ရဲ့ အကောင်းဆုံးဝန်ဆောင်မှုကို အခုပဲ ရယူလိုက်ကြဖို့ မမေ့နဲ့နော်...

🏡 ရုံးမှာ လာဝယ်ချင်တဲ့ ချစ်ဧည့်သည်တော်များအတွက် ရုံးလိပ်စာလေးကတော့...

👑 Million Kings Travels & Tours
အမှတ် (၁၅၀-ဘီ)၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဖုန်းဆက်ပြီး မှာယူလိုပါက...

📞 ‪09420104536, 09970027987, 09795190787, 09795189345‬

🏆 Best Service with High Satisfaction!

မန္တလေး-အိန္ဒိယ တိုက်ရိုက် express ယာဉ်လိုင်းများ ဧပြီလတွင် စတင်ပြေးဆွဲမည်MPIမန္တလေး ၊ ဖေဖော်ဝါရီ ၁၈မြန်မာနိုင်ငံမန္တလေး...
21/02/2020

မန္တလေး-အိန္ဒိယ တိုက်ရိုက် express ယာဉ်လိုင်းများ ဧပြီလတွင် စတင်ပြေးဆွဲမည်

MPI
မန္တလေး ၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံမန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့အထိခရီးသည် ပို့ဆောင်ရေး expressယာဉ်လိုင်း များတိုက်ရိုက်ပြေးဆွဲကြမည်ဟု မြန်မာဖက်အခြမ်း operator ကုမ္ပဏီထံမှ သိရသည်။

" ဧပြီလ ၇ရက်နေ့မှာ မန္တလေးကစထွက်ပါမယ်စုစုပေါင်း၁၄နာရီကြာမယ်။ အန္ဒိယဖက်က ဧပြီလ၈ရက်နေ့မှာ အင်ဖာကစထွက်လာမယ် မန္တလေးအထိရောက်လာမယ်အပြန်အလှန်တိုက်ရိုက်ခရီးစဉ်ဖြစ်ပါတယ် '' ဟုမြန်မာဖက်မှ Operator ဖြစ်သူ ရွှေမန္တလာ Express ယာဉ်လိုင်းမန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးကပြောသည်။

မန္တလေး အင်ဖာယာဉ်လိုင်းများပြေးဆွဲရန် ၂၀၁၈ခုနှစ်အတွင်းကစတင်စီစဉ်နေခဲ့ခြင်း ဖြစ်
ပြီးနှစ်နိုင်ငံ Operator များမှာ၂၀၂၀ခုနှစ်ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် မန္တလေးမြို့ရှိအန္ဒိယကောင်စစ်၀န်ရုံးတွင် MoU လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးနေလင်းဦးကဟဆက်ပြောသည်

နှစ်နိုင်ငံယာဉ်လိုင်းများအပြန်အလှန်ပြေးဆွဲခြင်းဖြင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီးနှစ်နိုင်ငံသွားလာမှုအဆင်ပြေစေရန်ဖြစ်ကြောင်းဘုရားဖူးခရီးစဉ်များအလည်အပါတ်ခရီးစဉ်များအပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအဆင်ပြေစေမှာ ဖြစ်သည်။

မန္တလေးမြို့ရှိအန္ဒိယနိင်ငံကောင်စစ်၀န်ရုံးတွင်မြန်မာဖက်က ရွှေမန္တလာ Express ယာဉ်လိုင်းနှင့်အန္ဒိယနိုင်ငံဖက်က7 SisterCo,ltd တို့ကမြန်မာနိုင်ငံဆိုင်ရာအန္ဒိယနိုင်ငံကောင်စစ်၀န်ချုပ်Mr Nandan Singh Bhaisora ရှေ့တွင်
သဘောတူ MoUရေးထိုးခြင်းဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံဖက်မှ စစ်ကိုင်း ကလေး၀ တမူး အကြားဘေလီတံတား ၆၉ခုရှိရာ အဆိုပါတံတားများသည် ဒုတိယကမ္ဘာစစ်အတွင်းကတည်ဆောက်ခဲ့သည့် တံတားများဖြစ်ရာ သွားလာမှုအဆင်ပြေစေရေးအတွက်အန္ဒိယနိုက်ငံဖက်ကတာ၀န်ယူပြုပြင်ပေးနေသည်ဟုသိရပါသည်။

မြန်မာဖက်သို့ ယာဉ်လိုင်းပြေးဆွဲမည့်အန္ဒိယနိုက်ငံဖက်မှ 7 Sister Co,Ltd သည်အန္ဒိယနိုင်ငံရှိပြည်နယ် ၇ခုကိုချိတ်ဆက်ထားသည့်အတွက် လည်ပတ်လိုသူများအနေဖြင့် ခရီးသွားလာလည်ပတ်မှု အဆင်ပြေနိုင်မည်ဖြစ်သည်။

Credit

 #ကြည်နူးပျော်ရွှင်_အတာရေသင်္ကြန်ခရီးစဉ်များ #ပုံလေးတွေနှင့်အတူစျေးနှုန်းလေးတွေဖော်ပြထားပါတယ် #ကိုယ်နှင့်အတူသွားမယ့်အဖော...
20/02/2020

#ကြည်နူးပျော်ရွှင်_အတာရေသင်္ကြန်ခရီးစဉ်များ

#ပုံလေးတွေနှင့်အတူစျေးနှုန်းလေးတွေဖော်ပြထားပါတယ်

#ကိုယ်နှင့်အတူသွားမယ့်အဖော်တွေကို_လက်တို့ပြီး_Mention_ခေါ်လိုက်ကြရအောင်

💦💦တောင်ကြီး-အင်းလေး-ပင်းတယ-ကလော-ရွာငံ -မွေတော်ကက္ကူ-ထမ့်စမ်း-ကုံလုံ ခရီးစဉ် {၄ညအိပ်/ ၅ရက်} 💦💦

💦တစ်ဦးလျှင် - ၁၇၅,၀၀၀ကျပ် {ဟိုတယ်၂ညအိပ်}

#ခရီးစဉ်ထွက်မည့်နေ့ရက်များ
ခရီးစဉ် (၁)
💦10/ April/ 2020( ညထွက်)
14/April/2020(မနက်ပြန်ရောက်)

ခရီးစဉ်(၂)
💦14/ April/2020 (ညထွက်)
18/April/2020 (မနက်ပြန်ရောက်)

💦💦အင်းလေး - ကလော - လွိုင်ကော် - ဒီမောဆိုး - ကယန်းရွာ {၄ညအိပ်/၅ရက် ခရီးစဉ်}💦💦

💦💦တစ်ဦးလျှင် - ၁၇၅,၀၀၀ကျပ် {ဟိုတယ်၂ညအိပ်}

#ခရီးစဉ်ထွက်မည့်နေ့ရက်များ
ခရီးစဉ် (၁)
💦10/ April/ 2020( ညထွက်)
14/April/2020(မနက်ပြန်ရောက်)

ခရီးစဉ်(၂)
💦14/ April/2020 (ညထွက်)
18/April/2020 (မနက်ပြန်ရောက်)

🙏ပုဂံ-ညောင်ဦး-စွယ်တော်လေးဆူ-ပြည့်ငါးပြည့်-ပုပ္ပား ခရီးစဉ်🙏 {၃ညအိပ်/၄ရက်}

💦ဟိုတယ်တည်း - ၉၀,၀၀၀ကျပ်💦

#ခရီးစဉ်ထွက်မည့်နေ့ရက်များ
ခရီးစဉ် (၁)
💦10/ April/ 2020( ညထွက်)
13/April/2020(မနက်ပြန်ရောက်)

ခရီးစဉ်(၂)
💦14/ April/2020 (ညထွက်)
16/April/2020 (မနက်ပြန်ရောက်)

💦💦ထားဝယ်(ရှင်ကိုးရှင်) - မြင်းခွာအော်ကမ်းခြေ - မောင်းမကန် - မျှော်ရစ် ခရီးစဉ်(၄ညအိပ်/၅ရက်)💦💦

💦💦တစ်ဦးလျှင် - ၂၁၀,၀၀၀ကျပ် {ဟိုတယ်၂ညအိပ်}

#ခရီးစဉ်ထွက်မည့်နေ့ရက်များ
ခရီးစဉ် (၁)
💦10/ April/ 2020( ညထွက်)
14/April/2020(မနက်ပြန်ရောက်)

ခရီးစဉ်(၂)
💦14/ April/2020 (ညထွက်)
18/April/2020 (မနက်ပြန်ရောက်)

🙏ကျွန်တော်တို့ Million Kings Travels & Tour မှ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ ပြည်တွင်း ပြည်ပ ခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျ

👉Solo Traveler များ၊ Honeymooner များ၊ မိသားစုသူငယ်ချင်းများနှင့် သီးသန့်ခရီးသွားချင်သူများ၊ Company အသင်းအဖွဲ့များ၏၀န်ထမ်းခရီးစဉ်များအတွက် ခရီးသွားချင်သူတို့စိတ်ကြိုက် စီစဉ်ပေးသောပြည်တွင်းပြည်ပခရီးစဉ် အမျိုးမျိုးကို လူဦးရေတစ်ယောက်မှစ ရာချီအထိ ဧည့်သည်တော်များသုံးစွဲချင်သောပမာဏနှင့် သင့်တင့်သော ခရီးစဉ်များကိုအကြံပြုရေးဆွဲပေးလျက်ရှိပါတယ် ခင်ဗျ

☎️Phone Numbers ☎️
📞 09795189345 (Viber)
📞 09420104536 (Viber)
📞 09970027987
📞 09795190787

👑Million Kings Travels & Tours Office Address
အမှတ် (၁၅၀-ဘီ)၊ အခန်းနံပါတ် A-2၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏆 Best Service with High Satisfaction

အားရပါးရလည်း ရယ်ချင်တယ်...ဒါပေမယ့်လည်း လှလှလေး ဖြစ်ရမယ်ဆိုတော့....💥
20/02/2020

အားရပါးရလည်း ရယ်ချင်တယ်...

ဒါပေမယ့်လည်း လှလှလေး ဖြစ်ရမယ်ဆိုတော့....

💥

ရုံးပိတ်ရက်တွေမှာ ခရီးလဲသွားချင်တယ်…🎈ဈေးနှုန်းလဲ ချိုသာရမယ်…🎈အချိန်ကုန်လဲ သက်သာရမယ်...🎈ဘာဆိုဘာမှ ခေါင်းစားစရာမလိုတဲ့ ခရီ...
19/02/2020

ရုံးပိတ်ရက်တွေမှာ ခရီးလဲသွားချင်တယ်…🎈ဈေးနှုန်းလဲ ချိုသာရမယ်…🎈
အချိန်ကုန်လဲ သက်သာရမယ်...🎈
ဘာဆိုဘာမှ ခေါင်းစားစရာမလိုတဲ့ ခရီးသွား “Agent” တစ်ခုကို သင်ရှာဖွေနေတယ်ဆိုရင်…🎈
ယခုပဲ “Million Kings Travels” ကိုဆက်သွယ်လိုက်ပါ။🎈

💥 အနည်းဆုံး လူ(၁)ဦးမှ ရာကျော်အထိ မြန်မာပြည်အနှံ့သာမက နိုင်ငံခြားခရီးစဉ်များကိုပါ စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်လို့ 💥

(၁)သင်သွားလိုသည့် နေရာ🌹
(၂)သင်သွားမည့် လူဦးရေ🌷
(၃)သင်သုံးစွဲမည့် ငွေပမာဏ🌻
(၄)သင်သွားလိုသည့် နေ့ရက်🌺

အစရှိသည်တို့ကို ပြောပြလိုက်ရုံဖြင့် အကောင်းဆုံးခရီးစဉ်တစ်ခုကို ကျွန်တော်တို့ “Million Kings Travels” မှ ရေးဆွဲပေးမည့်အပြင် 🎉

သင်လိုအပ်သည့် ဝန်ဆောင်မှုတစ်ခုစီများဖြစ်သော

(၁) လည်ပတ်မည့်သီးသန့်ကား (သို့) ဘက်စ်ကား (သို့) လေယာဉ်လက်မှတ် 🦋
(၂) တည်းခိုမည့် ဟိုတယ် (သို့) မိုတယ် 🦋
(၃) ဧည့်လမ်းညွှန် 🦋
(၄) ခရီးစဉ်လမ်းကြောင်း 🦋

တို့ကို သင်စိတ်တိုင်းကျ တစ်ခုချင်းစီခွဲပြီး စီစဉ်ဆောင်ရွက်ပေးနေပါသည်။ 👩‍💻

ချောင်းသာ၊ ငွေဆောင်၊ ငပလီ ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ကျွန်းလည်ခရီးစဉ်များ 💥

ကျိုက်ထီးရိုး၊ ဖားအံ၊ မော်လမြိုင်၊ တောင်ငူ၊ ပြည် ဘုရားဖူး ခရီးစဉ်များ 💥

ချင်း၊ စလေ၊ ပုဂံ ၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ မန္တလေး၊ ပြည်ဦးလွင်၊ မိုးကုတ်၊ စစ်ကိုင်း၊ အင်းဝ၊ မုံရွာ ခရီးစဉ်များ 💥

😍
အားလုံးသော ခရီးစဉ်များကို ဝန်ဆောင်မှုပေးနေလို့ ခရီးသွားမယ်ဆို သတိရလိုက်ပါနော်…
🤩
Million Kings ရဲ့ အကောင်းဆုံးဝန်ဆောင်မှုကို အခုပဲ ရယူလိုက်ကြဖို့ မမေ့နဲ့နော်...
🥰
ရုံးမှာ လာဝယ်ချင်တဲ့ ချစ်ဧည့်သည်တော်များအတွက် ရုံးလိပ်စာလေးကတော့...

🏡Million Kings Travels & Tours
🏞️အမှတ် (၁၅၀-ဘီ)၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

👩‍💻ဖုန်းဆက်ပြီး မှာယူလိုပါက...

‪☎️09420104536
☎️09970027987
☎️09795190787
☎️09795189345‬

* Best Service with High Satisfaction *
_____•••••••______••••••______••••••______••••••

🔔 ပိတ်ရက်တွေမှာ အေးအေးချမ်းချမ်းလေး အနားယူ အပန်းဖြေလိုသော ကိုကိုမမများအတွက် “Now & Ever” ရုပ်ရှင်ထဲက ပူတာအိုမြို့တွင်း ခ...
18/02/2020

🔔 ပိတ်ရက်တွေမှာ အေးအေးချမ်းချမ်းလေး အနားယူ အပန်းဖြေလိုသော ကိုကိုမမများအတွက် “Now & Ever” ရုပ်ရှင်ထဲက ပူတာအိုမြို့တွင်း ခရီးစဉ်လေး နှင့် မိတ်ဆက်ပေးပါရစေ။

= 3 Days/ 2 Nights ⚠️

= 4 Days/ 3 Nights ⚠️

🎉 အထက်ပါ ခရီးစဉ်များသည် လူကြီး၊ လူငယ် မရွေးသွားလို့ရသော ခရီးစဉ်ဖြစ်သည့်အပြင် လုံခြုံစိတ်ချမှုရှိသော ကား၊ စက်လှေများ နှင့် ကျွမ်းကျင် ဧည့်လမ်းညွန် ဖြင့်သာ ဝန်ဆောင်မှုပေးပါသည်။

⛔ Package နှစ်မျိုးသည် လည်ပတ်မည့် ရက် နှင့် လူဦးရေ အနည်းအများပေါ်တွင် ဈေးနှုန်း အနည်း၊ အ်များ ပြောင်းလဲမှုရှိပါသည်။

⛔ အနည်းဆုံး လူ(၂)ဦးသွား ဈေးနှုန်းဖြင့် ပုံတစ်ပုံချင်းစီအား “CLICK” နှိပ်ကာ လေ့လာနိုင်ပါသည်။

⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬
တခြားခရီးစဉ်များဖြစ်သည့် တောင်ကြီး၊ကလော၊ရွာငံ၊ ပင်းတယ၊ ပုဂံ၊ ပုပ္ပါး၊ စလေ၊ နတ်မတောင်၊ လွိုင်ကော်၊ မန္တလေး၊ ပြင်ဦးလွင် အစရှိသည့် ရက်ရှည်ခရီးစဉ်များနှင့် နေ့ချင်းပြန် ခရီးတိုများကို

မိသားစုစိတ်ဓာတ်ဖြင့် ကိုယ်တိုင်ခရီးသွားသကဲ့သို့ သေချာစွာ စီစဉ်ဆောင်ရွက်ပေးနေပါသည်။

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

🏡 ရုံးမှာ လာဝယ်ချင်တဲ့ ချစ်ဧည့်သည်တော်များအတွက် ရုံးလိပ်စာလေးကတော့...

👑 Million Kings Travels & Tours
အမှတ် (၁၅၀-ဘီ)၊ ပထမထပ်၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဖုန်းဆက်ပြီး မှာယူလိုပါက...

📞09420104536
📞09970027987
📞09795190787
📞09795189345‬

🏆 Best Service with High Satisfaction!

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420104536

Website

Alerts

Be the first to know and let us send you an email when Million Kings Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Million Kings Travels and Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Welcome from MK Tours!

Are you planning your holidays? Don’t take the time so much and just dial to us.

“Best Services with High Satisfaction”