SYMP Tripper Travels & Tours

  • Home
  • SYMP Tripper Travels & Tours

SYMP Tripper Travels & Tours ခရီးသွားဖို့ SYMP Tripper ကို ဆက်သွယ်စို့။

09/03/2023
06/03/2023
10/07/2021

📊...မသိသေးတဲ့ သူတွေ ခုထိ ရှိနေသေးလို့ပါ။( 1 ) မနေ့က မနက် တစ်ယောက် အောက်စီဂျင် ရှာပေးဖို့ ဖုန်းဆက်လာတယ် ok ရှာပေးမယ်ပေါ့ ...
08/07/2021

📊...မသိသေးတဲ့ သူတွေ ခုထိ ရှိနေသေးလို့ပါ။

( 1 ) မနေ့က မနက် တစ်ယောက် အောက်စီဂျင် ရှာပေးဖို့ ဖုန်းဆက်လာတယ် ok ရှာပေးမယ်ပေါ့ ခု spo2 ဘယ်လောက်ရှိလဲ မေးတော့ 33 တဲ့ မရနိုင်တော့ဘူးလို့ ထင်ပေမဲ့ မပြောရက်ပါဘူး ရှာပေးတော့ ရပါတယ် လာယူမယ်တဲ့ လာယူတဲ့သူ ကျနော့ဆီရောက်တော့ ဖုန်းလာတယ် မယူခဲ့နဲ့တော့ ဆုံးသွားပီတဲ့ 😢😢
* spo2 90 လောက်ကတည်းက oxygen ပေးနိုင်ခဲ့ရင် အသက်ကိုကယ်နိုင်ခဲ့မှာ သူတို့မသိရှာဘူး *

( 2 ) သူငယ်ချင်း ၁ယောက်က သူ့အဒေါ် နေမကောင်းဘူး ပြောလို့ oxygen အိုးရှာပီး ပေးထားတယ် spo2 တိုင်းစက် ဝယ်ပေးထားတယ်နေ့လည်က ဖုန်းဆက်လိုက်တယ် မင့်အဒေါ် ဘယ်လိုနေလဲပေါ့ ကောင်းတယ်တဲ့ (ပေါ့ပေါ့ပါးပါးဘဲ )အစားလဲစားတယ်တဲ့ spo2 ဘယ်လောက်ရှိလဲ မေးတော့ 80 တဲ့ oxygen ပေးထားလား မေးတော့ မပေးဘူးတဲ့ မမောလို့တဲ့
* တကယ်ဆို spo2 80က စိုးရိမ်ရမဲ့ အခြေနေရောက်နေပါဘီ သူတို့က မသိရှာဘူး*

( 3 ) ညနေက သူငယ်ချင်း ၁ယောက်နဲ့ လမ်းမှာ တွေ့လို့ နှုတ်ဆက်တာ ဆေးသွား၀ယ်ပေးတာတဲ့ ဘယ်သူဘာဖြစ်တာလဲ မေးတော့ သူ့အစ်ကို နေမကောင်း တာတဲ့ ကိုလဲ ကိုသိသလောက် spo2 တိုင်း လား oxygen ရှာထားပီးလား မေးတော့ တိုင်းတယ် ကောင်းတယ် 89/90 တဲ့ oxygen က အိုးကြီး၀ယ်ထားတယ်တဲ့ အာ့ဆွင် oxygen ရှူခိုင်းတော့ 90 ဆိုရင် နဲတယ် ပြောလိုက်တာ ခုနက ဖုန်းဆက်ပီး အခြေနေ ဘယ်လိုလဲ မေးတော့ spo2 70 တဲ့ oxygen မပေးထားဘူးတဲ့ ဘာလို့လဲဆိုတော့ မောမှမမောတာလို့ ပြောတယ်တဲ့ လူနာက
* သူ့အသက် အန္တရာယ် စိုးရိမ်နေရပီဆိုတာ သူမသိရှာဘူး *

ပေးထားလိုက်တော့ လို့ ပြောပီး ဖုန်းချ ပီမှ သတိရလို့ ချက်ခြင်း ဖုန်းပြန်ခေါ် oxygen ပေးထားပီလား ဆိုတော့ ပေးထားပီတဲ့ ဘောလုံးလေး နံပါတ် ဘယ်လောက်မှာ ထားလဲဆိုတော့ ၂ တဲ့ ၄/ ၅လောက်ထားဖို့ ပြောလိုက်ရတယ်။

(ဘောလုံးလေးကို ၄/၅ လောက်မှာ ထားပီးပေးရင် 'ရှူး......' ဆိုတဲ့ အသံမြည်နေပါမည် လူတိုင်းနီးပါက အဲ့လိုဆို များတယ်ထင်ပီး လျော့တတ်ပါတယ် spo2 85 အောက်ဆိုရင် လျော့လို့မရပါ အနည်းဆုံး ၄ ထိတော့ ပေးရပါမည်)

ကိစ္စ သေးသေး လေးတေမို့ အရေးတယူ မပြောပြကြဘူး အာ့ကြောင့် ကျန်းမာရေး ဗဟုသုတ နဲတဲ့ ကျနော်တို့လို လူတေက မသိကြဘူး အသက်တေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး နေကြရတယ်😢😢

နောက်ထပ်အသက်များစွာ မဆုံးရှုံးစေလိုသော စေတနာဖြင့်

ကိုမျိုးမျိုး

ပြည့်ဖြိုးကြွယ် မှန်ဆိုင်

ခရက်ဒစ်

https://www.facebook.com/100013476165668/posts/1262213670904493/

"Oximeter on right middle finger အောက်စီမီတာ တိုင်းနည်း"

ဆရာခင်ဗျား O2 တိုင်းတဲ့အခါ လက်ညိုးမှာ ၉၃ ပြပြီး လက်ခလယ်မှာ ၉၆ ပြပါတယ်။ ပြန်တိုင်းလဲ ဒီလိုအဖြေပဲထွက်ပါတယ်။ ဘယ်လက်ချောင်းမှာတိုင်းရမယ် သတ်မှတ်ချက်ရှိလား။ ဘယ်လက်ချောင်းက အမှန်ဆုံးလဲ သိချင်ပါတယ်။

၁။ Which finger is best for the pulse oximeter? The right middle finger and right thumb have statistically higher value, making them perfect for a pulse oximeter.
Oximeter ကို ဘယ်လက်ချောင်းမှာ တိုင်းတာ အကောင်းဆုံးလဲ။

#ညာဘက်လက်ခလယ်နဲ့ညာဘက်လက်မတွေက_အဖြေမှန်နဲ့အနီးစပ်ဆုံးရတယ်။

၂။ Is 94 blood oxygen level low? Any reading between 94 - 99 or higher reflects normal oxygen saturation.
94 က အောက်စီဂျင် တနည်းနေပါသလား။

94 ကနေ 99 အထိအဖြေရတာ ပုံမှန်ဖြစ်တယ်။ ။

Source -ဒေါက်တာတင့်ဆွေ

06/07/2021

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
⛔️ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

⛔️ ၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

⛔️ ၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5°-36.7°C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

⛔️ ၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

⛔️ ၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4°-37.8°C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

⛔️ ၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38°C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

⛔️ ၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ

ကောင်းကင်ကြီးလဲ မဲလို့
29/05/2021

ကောင်းကင်ကြီးလဲ မဲလို့

Pyin Oo Lwin
27/05/2021

Pyin Oo Lwin

COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် ...
04/10/2020

COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် အနည်းဆုံး မဖြစ်မနေ လုပ်ရမည့် အချက်တစ်ချက်မှာ

နေအိမ်ပြင်ပသို့ ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) ကို မပျက်မကွက် စနစ်တကျ အမြဲတပ်ဆင်ပါ။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
(၄-၁၀-၂၀၂၀)

ဒေါသဖြေဖျောက်နည်း ( ၁၁ ) နည်း********************************၁ ။မေတ္တာပွါး၍ဖျောက်နည်း။၂ ။မြတ်စွာဘုရား၏အဆုံးမသြဝါဒကို ဆင်...
12/05/2020

ဒေါသဖြေဖျောက်နည်း ( ၁၁ ) နည်း
********************************
၁ ။မေတ္တာပွါး၍ဖျောက်နည်း။
၂ ။မြတ်စွာဘုရား၏အဆုံးမသြဝါဒကို ဆင်ခြင်၍ဖျောက်နည်း။
၃ ။ရန်သူ၏ကောင်းကွက်ကိုရှာ၍ဖျောက်နည်း။
၄ ။သနား၍ဖျောက်နည်း။
၅ ။မိမိကိုယ်ကိုဆုံးမ၍ဖျောက်နည်း။
၆ ။ကမ္မသာ ကတာဉာဏ်ဖြင့်ဖျောက်နည်း။
၇ ။သည်းခံပုံဇာတ်တော်လာများဖြင့်ဖျောက်နည်း။
၈ ။သံတရာတစ်လျောက်၌မတော်စပ်ဖူးသော
ဆွေမျိုးဟူသမျှမရှိဟု ဆင်ခြင်၍ဖျောက်နည်း။
၉ ။မေတ္တာအကျိုးကိုဆင်ခြင်၍ဖျောက်ခြင်း။
၁၀ ။ဓါတ်ခွဲ၍ဖျောက်ခြင်း။
၁၁ ။ဥစ္စာပေးယူ၍ဖျောက်ခြင်း။
#ဗုဒ္ဓဘာသာသိကောင်းစရာ
တရား တော်များ

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959408181847

Website

Alerts

Be the first to know and let us send you an email when SYMP Tripper Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share