LaVista - Holiday Country Rental House

  • Home
  • LaVista - Holiday Country Rental House

LaVista - Holiday Country Rental House LaVista-Country Cottage-is situated in the beautiful quiet Ga Naing Yway Village in Taunggyi,Shan St
(6)

𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰…🌟 Wishing everyone a year filled with new discoveries, wonderful inspirations, and happiness to fill...
31/12/2023

𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰…
🌟 Wishing everyone a year filled with new discoveries, wonderful inspirations, and happiness to fill your hearts.🌟

✨✨May this season be full of light and laughter for you and your family.🎄🎄
25/12/2023

✨✨May this season be full of light and laughter for you and your family.🎄🎄

မ်ႂႇသုင်ၶႃႈ🙏ပျော်ရွှင်စရာ သျှမ်းနှစ်သစ်ကူး အချိန်အခါသမယလေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
12/12/2023

မ်ႂႇသုင်ၶႃႈ🙏
ပျော်ရွှင်စရာ သျှမ်းနှစ်သစ်ကူး အချိန်အခါသမယလေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

🏮မီးပုံးပျံပွဲကျင်းပလေ့ရှိတဲ့ 🌝တန်ဆောင်းမုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်မှာ ပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာရှိပါစေကြ...
27/11/2023

🏮မီးပုံးပျံပွဲကျင်းပလေ့ရှိတဲ့ 🌝တန်ဆောင်းမုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်မှာ ပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာရှိပါစေကြောင်း LᴀVɪsᴛᴀ - Hᴏʟɪᴅᴀʏ Cᴏᴜɴᴛʀʏ Rᴇɴᴛᴀʟ Hᴏᴜsᴇ Page ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🥰

22/11/2023

LaVista - Holiday Country Rental House ရဲ့ Icon ​လေး လိုဖြစ်​နေတဲ့ ထင်းရူးအိမ် မိတ်ဆက် က​လေးပါ

Video မှာ နဲနဲ​တော့ ကျန်သွားတယ်
အမှန်က အိမ်တခါးမ ကြီး က စ​ရောက်တဲ့ အချိန် ပစ္စည်းအိမ်ထဲထည့် ဘို့ရယ်
Check out လုပ်တဲ့အခါ ပစ္စည်းပြန်ထုတ်ဘို့ရယ် အဲ့ ၂ ချိန်က လွဲရင် ပိတ်ထားပြီး ကိုယ်​နေထိုင် တဲ့ ရက်​တွေမှာ ​ဘေးက မီးဖို​ချောင် ဘက်က တခါး နဲ့ အဝင်အထွက် လုပ်တာက အဆင်​ပြေတယ်
ဘာလို့ဆို​တော့ အပြင်က ပြန်လာရင် ဖိနပ်ချွတ်စရာ မလို ဘဲ အိမ်ထဲတန်းဝင် သွားပြီး ကိုယ့်ဖိနပ်ကို မီးဖို​ချောင်ထဲ ထားခဲ့ ယုံဘဲ ပြန်ထွက်ရင်လည်း မီးဖို​ချောင်ဘက် ပြန်ထွက်ပြီး ကိုယ့်ဖိနပ် ကိုယ် တစ်ခါတည်း စီး သွားယုံ မလို့ ပါ

တစ်ကယ်​တော့ LaVista - Holiday Country Rental House  တည်ရှိရာ ဂနိုင်​ရွေး ရွာက​လေး မှာ လူသိမများ လှ​ပေမယ့် ရှုခင်း​ကောင်း...
11/11/2023

တစ်ကယ်​တော့ LaVista - Holiday Country Rental House တည်ရှိရာ ဂနိုင်​ရွေး ရွာက​လေး မှာ လူသိမများ လှ​ပေမယ့် ရှုခင်း​ကောင်း​ကောင်း နဲ့ ဓါတ်ဖမ်းစရာ လည်ပတ်စရာ ​တွေက မနည်း လှပါဘူး
လူသိ မများ ​တော့ အားသာချက်က သဘာဝ ရှိ​နေတဲ့ အ​နေအထား ​လေး က တစ်ကယ့် အားသာ ချက်ပါဘဲ

၁ . ရွာ အဝင် ( ရွာအ​နောက်ရပ် ) ဆန္ဒ​ဗွေ ​​စေတီ ရှီတဲ့ ​တောင်ကုန်းက​လေး ( ယခင် ပို့စ် တွင်​ဖော်ပြပြီး )

၂ . ဆွစ်ဇလန် ကုန်း ( မိမိဘာသာ အမည်​ပေးထားခြင်း)
ရွာဘုန်းကြီး ​ကျောင်း ​ဘေး က​နေ ဆင်းသွားပြီး အ​ရှေ့ဘက်ကို နည်းနည်း သွားရင် ဘွားကနဲ မြင်ရတဲ့ ရှုခင်းက ဆွစ်ဇလန်က ရှုခင်း ​တွေကို မရှုံးဘဲ သူ့ version နဲ့ သူ လှပ​သေသပ် လွန်းလို့ ဆွစ်ဇလန် ကုန်းလို့ အမည် ​ပေးထား တာပါ
ပိုက်ဆံချမ်းသာ တဲ့ ဆွစ်ဇလန် လို အဆင့်အမြင့် အ​ခြေခံ အ​ဆောက်အဦး မရှိတာက အားနည်းချက် ဖြစ်​ပေမယ့် အဲ့အားနဲချက်က ဘဲ သဘာဝ ​လေး အတိုင်း ရှိ​နေလို့ အားသာ ချက် က​လေး ဖြစ်ပြန် ပါ​ရော
အထူး အားသာချက် က ဆွစ်ဇလန် ကလို အ​အေးဓါတ်မလွန်ကဲဘဲ ​နေလို့​ကောင်းရုံ ​က​လေး အေး​နေတာ က​တော့ သဘာဝတရား ကြီး ရဲ့ မျက်နှာသာ ​ပေးမှု ပါဘဲ

၃. ရွာ​မြောက်ဘက်က ​​"လေထိုး​တောင်" က​တော့ ဒယ်အိုး က​လေး ​မှောက်ထား သလိုမို့ နာမည် မသိခင် က​တော့ ဒယ်အိုး ​မှောက်​တောင် လို့ ကိုယ့်ဘာသာ အမည် ​ပေးထား ပါတယ်
အ​သေးစား ​ခေါ်မလား အ​ပျော့စား ​တောင်တက် ခရီးစဥ် ​လေး လုပ်လို့ ရပါတယ် ၁၅ မိနစ်​လောက်ဆို ​ရောက်ပါပြီ ​တောင်​ပေါ်​ရောက်ရင်​တော့ ရွာက​လေူ ကို အကုန်လုံး မြင်​နေစတဲ့ အရသာ ကလည်း တစ်မျိုးတစ်ဖုံ စိတ်ကြည်နူး ​စေပါတယ်

၄. ရွာထဲက စိုက်ခင်း​​တွေ ​လျောက်​လေ့လာမယ် အသီးအရွက်​တွေ ခူးမယ်
ရွာရဲ့ ဓ​လေ့အရ ဘယ် အခင်းကို မဆို တစ်ပိုင်တစ်နိုင် ခူးမယ် ဆို ဘယ်သူမှ ဘာမှ မ​ပြောပါဘူး
အဲဒါ​ပေမယ့် အထူးသတိထားရမှာက အခင်းထဲဝင်ရင် စိုက်ထားတဲ့ အပင်က​လေး​တွေ မပျက်စီး​အောင်​တော့ အထူး သတိထားရ ပါမယ် ဒါ​လေးက​တော့ အထူး အထူး ကို ဆင်ခြင်ရပါမယ်
​တောင်သူ​တွေ က ပိုက်ဆံ မယူဘူး ဆို​ပေမယ့် ကိုယ်က​တော့ အတင်း​ပေးတာဘဲ သူတို့ပင်ပင်ပန်းပန်း စိုက်ထား တာ​လေ ​နော်

ကျန်တဲ့ ရွာနဲ့ နီးစပ်ရာ နံမည်ကြီး​နေရ​တွေက​တော့
၁. ဂျာမဏီ လမ်းက ပန်းနှမ်းခင်း ( ရွာမှ ကား​မောင်း ၁၅ မိနစ်)
၂ . ဗုဒ္ဓတက္ကသိုလ် (ရွာက​နေ ကား နဲ့ ၅ မိနစ်)
၃. ​တောင်ကြီး ​တောင်​ပေါ် ​ရွှေဘုန်းပွင့် မြစိမ်း​တောင် ( ရွာက​နေ ကား နဲ့ ၁၅ မိနစ် )
၄. ရုရှားကန် ( ​ခြေကျင်သွား ၁၅ မိနစ် မှ ၂၀ မိနစ်)

ပင်ပန်း လို့ မသွားခြင်လည်း အိမ်ထဲက​တေ မြင်ရတဲ့ ရှုခင်းက​လေးနဲ့ ​ကော်ဖီ နဲ့ ​အေး​ဆေး chill ​ပေါ့ 😁

ဒီတစ်​ခေါက်​တော့ ဆွစ်ဇလန် ကုန်းက​လေးက ဓါတ်ပုံ တစ်ချို့ တင်​ပေးလိုက်ပါတယ်

09/11/2023

LaVista - Holiday Country Rental House ရဲ့ Star ​နေကြာအိမ် က​လေး ရဲ့ vedio part 1 ပါ part 2 ကို​တော့ ​အောက်က ပို့စ်မှာ တင်ထား ​ပေးပါတယ်

​နေကြာ အိမ်ရဲ့ အားသာချက် က ​​တောင်တန်း ရှုခင်းဆို​ပေမယ့် ပင်လယ်ပြင် ရှုခင်း ကြည့်ရသလို ရှုခင်းက မျက်စိ တစ်ဆုံး ​တွေ့မြင် ခံစား နိုင်လို့ ပါဘဲ

09/11/2023

LaVista - Holiday Country Rental House ​နေကြာ အိမ် part 2 ပါ

07/11/2023

LaVista - Holiday Country Rental House က အိမ်က ​လေး​တွေက ဘယ်လို ရှိလဲ ​မေး​နေသူများ အတွက် ချယ်ရီအိမ် က​လေးရဲ့ vedio ကို တင်​ပေး လိုက် ပါတယ်

Vedio credit to Dr Kyaw Tun Lwin

05/11/2023

တောင်ကြီးဘုရားဖြူ ဂနိုင်​ရွေး က LaVista - Holiday Country Rental House အိမ်က​လေး​တွေ ထဲက Kar Luu Duu အိမ်က​လေး နဲ့ မိတ်ဆက်

Kar Luu Duu House
ကဝ်းလူးဒူး (ပအိုဝ့်လို)
ချည်လုံးပန်းအိမ် (မြန်မာလိုအဓိပ္ပါယ်)

LaVista - Holiday Country Rental House  က အိမ်က​လေး​တွေဟာ မြို့လည်​ခေါ် Hotel La Vista  က​နေ လာရင် ၁၅ မိနစ် ကား​မောင်း အ...
03/11/2023

LaVista - Holiday Country Rental House က အိမ်က​လေး​တွေဟာ မြို့လည်​ခေါ် Hotel La Vista က​နေ လာရင် ၁၅ မိနစ် ကား​မောင်း အကွာအ​ဝေး ပန်းတင် လမ်းမ ​ပေါ်က ဘုရားဖြူဂနိုင်​ရွေး ရွားမှာ တည်ရှိပါတယ်
လာ​ရောက်တဲ့ လမ်းမ​ပေါ်မှာ နာမည်ကြီး ​ရွှေဘုန်းပွင့် ဘုရား မြစိမ်း​တောင် သွားလမ်းခွဲက လည်း အဲ့ လမ်းမ ​ပေါ်မှာဘဲ ရှိ​နေ​တော့ ရွာကို လာရင်းနဲ့ လည်း သွား​ရောက်ဖူး ​မျော်လို့ ရသလို ရွာ​ရောက်ပြီးမှပြတ်သွား ရင်လည်း ၁၀မိနစ် ဆိုလမ်းခွဲကို ​ရောက်ပါပြီ
ဒါ့အပြင် ​တောင်ကြီး က​နေ နံမည်​ကျော် ဂျာမဏီ လမ်းကို သွားတဲ့ ပန်းတင်လမ်းမ ရဲ့ အလည်​ခေါင်တဲ့တဲ့ မှာတည်ရှိ​တော့ ရွာက​နေ ပန်ူနှမ်းခင်ရှိရာ ဂျာမဏီလမ်းကို ၁၅ မိနစ် ဆို ​ရောက်ပြီ​ပေါ့
( မှတ်ချက် ဂျာမဏီ လမ်း လမ်းခွဲကို ဝင်ပြီး စက္ကန့် ၃၀ ​လောက်​မောင်းရင် လမ်း ၂ ခွ ​တွေ့တဲ့အခါ ညာဘက် ကုန်းနိမ့်ဆင်းသွားတဲ့ လမ်းကို ​ရွေးပါ ၈ မိနစ် သို့ ၁၀ မိနစ် ​လောက်​မောင်းသွားရင် လှပတဲ့​တောင်တန်းနဲ့ ကားလမ်း ကြားက လွင်ပြင် ကျယ်ကြီး ထဲက ပန်းနှမ်း ခင်း​တွေ​တွေ့ရပါပြီ)

တစ်ကယ်​တော့ ရွာထဲမှာလည်း လူသိမများ​ပေမယ့် လှပတဲ့ ရှုခင်း​တွေ ​နောက်ခံ ထားပြီး ဓါတ်ပုံ ရိုက်စရာ လည်ပတ်ဘို့ ထိုက်တန်တဲ့​နေရာ ၄ ၅ ခု ရှိပါတယ်

အဲ့အထဲက မှ ရွာအဝင်လည်းဖြစ် ရွာရဲ့ အ​နောက်ပိုင်းကုန်းမြင့် က​လေး​ပေါ်က ဆန္ဒ​ဗွေ ​စေတီ​တော် ရဲ့ ဓါတ်ပုံ တစ်ချို့ ကိုတင်​ပေးလိုက်ပါတယ်
​စေတီ​တော်တည်ရှိရာ ကုန်း​ပေါ်ကို ကားတက်ခွင့် ပိတ်ထား​တော့ ၅မိနစ် ​လောက် ကုန်းမတ်မတ် ကို ​​ခြေလျင် တက်ရပါတယ် နဲနဲ​တော့ ​မော​ပေမယ့် ဘုရားရင်ပြင်​တော် ​ပေါ်​ရောက်တဲ့ အခါ မြင်ရတဲ့ရှုခင်း တိုက်ခတ်လာတဲ့ လတ်ဆတ်​အေးမြတဲ့ ​လေ ​တွေက သင်​မောပန်းခဲ့သမျကို သင်​မေ့သွား ပါလိမ့်မယ်
​စေတီရဲ့ကြည်ညို သပ္ပါယ်မှုကလည်း သင့်စိတ်ကို ကြည်လင်သန့်စင် ​စေမှာ အမှန်ပါဘဲ

ရွာကို ​ရောက်ရင်​တော့ သွားကို သွားသင့်တဲ့ ​နေရာ လို့ အကြံပြုပါရ​စေဗျား

🎇ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်အချိန်ခါသမယမှာ လူသားအားလုံး 🙏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း💚 Lavista Holiday Co...
29/10/2023

🎇ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်အချိန်ခါသမယမှာ လူသားအားလုံး 🙏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း💚 Lavista Holiday Country Rental House မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🥰

ဒီ​နေ့ ​နေ့လည်​တော့ ​ဟော်တယ် မန်​နေဂျာ က ညွန်းတဲ့ Smile ဆိုတဲ့ ပန်းတင်လမ်းမ ​ပေါ်က စား​သောက်ဆိုင် ​လေးမှာစားဖြစ်တယ် Smil...
27/10/2023

ဒီ​နေ့ ​နေ့လည်​တော့ ​ဟော်တယ် မန်​နေဂျာ က ညွန်းတဲ့ Smile ဆိုတဲ့ ပန်းတင်လမ်းမ ​ပေါ်က စား​သောက်ဆိုင် ​လေးမှာစားဖြစ်တယ်
Smile စား​သောက်ဆိုင် က ကြည်ုရတာ အမဲသား ဟင်း အမဲသား ​ခေါက်ဆွဲ ​တွေ ​တော်​တော် ​ကောင်းတယ် လို့ နံမည် ကြီးတယ်
ဒီ​နေ့ သွားစား ​တော့ လည်း အမဲ​ကြော်တစ်ပွဲ နဲ့ ဝက်သားငရုတ်ပွ မှာစား ကြည့်တာ ​တော်​တော်​ကောင်းပါတယ်

အမဲသား နဲ့ပက်သက်တဲ့ ဟင်းလျာ ​တော်​တော်များများ ရှိတဲ့ အထဲ က ဆာခိုမ် ဆိုတဲ့ အမဲသားဟင်းလျာ ပါရတယ်ဆို​တော့ အမဲသား ကို ​တော်​တော် နိုင်တဲ့ စား​သောက်ဆိုင် လိူ့ သတ်မှတ် လို့ရပါတယ်

အမဲသား အ​ကြောင်းကြီးဘဲ အများကြီး ​ပြော​နေ​တော့ တစ်ခြားဟင်းလျာ ​တွေက​ကောဆို​တော့ တစ်ခြား ကြက်သား ဝက်သား ပုဇွန် ငါး စတဲ့ ဟင်းလျာ ​တွေ လည်း ​တော်​တော်များများ လာ်း ရပါတယ် ဖက်ထုပ်​တောင် ရပါ​သေးတယ်

စိတ်ဝင်စား တယ်ဆိုရင်​​တော့ ​တောင်ကြီး Hotel Lavista
က သွားရင် ကား နဲ့ ၁၀မိနစ် ဂနိုင်​ရွေး Lavista LaVista - Holiday Country Rental House ဘက်က လာရင်​တော့ ၅မိနစ် ကြာပါမယ်

09 259399093 ကို ဖုန်း ဆက် ပြီး Deli နဲ့ မှာလို့ လဲ ရပါတယ် ဆိုင်က ​တော့ ၈ နာရီ ထိ ဖွင့်​ပေမယ့် Deli နဲ့ မှာရင်​တော့ ည ၆နာရီ ​နောက်ပိုင်း ​တော့ မရပါဘူး

ဆိုင်တည်​နေရာ ​မြေပုံ ​လေးကို​တော့ ပုံတင် ထား ​ပေးပါတယ် ခင်များ

Edit menu
အမဲသား ​ခေါက်ဆွဲ ရ​ပေမယ့် menu မှာ​တော့ မ​တွေ့ဘူး
မနက် ၇ နာရီ ဆို ရပြီ လို့ သိရ

Good morning from  LaVista - Holiday Country Rental House  ကင်းလူးဒူး rental house
27/10/2023

Good morning from LaVista - Holiday Country Rental House ကင်းလူးဒူး rental house

သီတင်းကျွတ်လာမယ့် ဧည့်သည်​တွေ အတွက် Ruby house ready ပါ😍😍😍Ruby house ရဲ့ မူလ အိမ်ပုံ ​လေးပါ တင်ထားပါတယ် အမှတ်တရ ​ပေါ့
15/10/2023

သီတင်းကျွတ်လာမယ့် ဧည့်သည်​တွေ အတွက် Ruby house ready ပါ😍😍😍

Ruby house ရဲ့ မူလ အိမ်ပုံ ​လေးပါ တင်ထားပါတယ် အမှတ်တရ ​ပေါ့

နေ့လည်စာ ရွာက 5 stars restraunt ဆိုင်မှာ စား​ရောက်ရင်လည်း အား​ပေးလိုက်ကြပါဦးဖုန်းဆက်လည်း မှာလို့ရသည်09 795223576 ဆိုင်န...
09/10/2023

နေ့လည်စာ ရွာက 5 stars restraunt ဆိုင်မှာ စား

​ရောက်ရင်လည်း အား​ပေးလိုက်ကြပါဦး

ဖုန်းဆက်လည်း မှာလို့ရသည်

09 795223576
ဆိုင်နံမည် က Sakura 😍😍😍

ကျေးလက် မနက်ခင်း ရဲ့ ​အေးမြ လတ်ဆတ်တဲ့  ​လေ  သာယာလှပတဲ့ ရှုခင်း ကို ထိ​တွေ့ ခံစားခြင်း
09/10/2023

ကျေးလက် မနက်ခင်း ရဲ့ ​အေးမြ လတ်ဆတ်တဲ့ ​လေ သာယာလှပတဲ့ ရှုခင်း ကို ထိ​တွေ့ ခံစားခြင်း

ကမ္ဘာ့တန်ဆာ မိခင်​မြေ ဝယ် တစ်ကယ်ပင် အလှရှိတယ်
05/10/2023

ကမ္ဘာ့တန်ဆာ မိခင်​မြေ ဝယ် တစ်ကယ်ပင် အလှရှိတယ်

နောက် ရက် ၃၀ ​လောက်ဆို  ဧည့်သည်​တွေ ကို ဝန်​ဆောင်မှု ​ပေးဘို့ အသင့် ဖြစ်​လောက် ပြီ ထင်ပါတယ်အိပ်ခန်းက အ​ပေါ် ၂ခန်း ​အောက်...
16/09/2023

နောက် ရက် ၃၀ ​လောက်ဆို ဧည့်သည်​တွေ ကို ဝန်​ဆောင်မှု ​ပေးဘို့ အသင့် ဖြစ်​လောက် ပြီ ထင်ပါတယ်
အိပ်ခန်းက အ​ပေါ် ၂ခန်း ​အောက်ထပ် ၂ခန်း အပြင် ​အောက်ထပ်မှာ master bed room ​တောင်ပါ​သေးရဲ့
တစ်ခြား အိမ်​တွေလိုဘဲ ​စိတ်၏​အေးချမ်းခြင်း လုံခြုံခြင်း တို့ကို ​ပေးစွမ်းနိုင်သလို မတူညီတဲ့ ရှု​ထောင့်က​နေ ရွာက​လေးရဲ့ လှပမှုကို ခံစားနိုင်မယ့် Lavista ရဲ့ ​နောက်ထပ် holiday rental house က​လေးပါ

ရှမ်းပြည်နယ် ကို အလည်သွားဘူး သူတိုင်း ကားလမ်း ​ဘေး ဝဲယာ က ပန်းချီကား တစ်ချပ် လို လှပ ​နေတဲ့ စိုက်ခင်း​တွေ ​တောင်မို့မို့...
04/08/2023

ရှမ်းပြည်နယ် ကို အလည်သွားဘူး သူတိုင်း ကားလမ်း ​ဘေး ဝဲယာ က ပန်းချီကား တစ်ချပ် လို လှပ ​နေတဲ့ စိုက်ခင်း​တွေ ​တောင်မို့မို့က​လေး ​တွေ ရဲ့ ဖမ်းစား မှု မှာ ရင်သပ် ရှု ​မော ရပါတယ်
​​မြေပြန့်က ရွာ​တွေမှာရှိ တဲ့ အိမ်နဲ့မတူဘဲ ဗြုံးအုတ်​တွေနဲ့တည်​ဆောက်ထား တဲ့ တိုင်းရင်းသား ​ကျေးလက် အိမ်က​လေး​တွေက လည်း တစ်မျိုးဆွဲ​ဆောင် ​နေပါပြန်​ရော
စိုက်ခင်း​တွေ ​တောင်တန်း​တွေ ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ ​လေနု​အေးက​လေး​တွေကလည်း ရင်ကို ​အေးမြ​စေတာ အမှန်ပါဘဲ
ခရီးသွား ဧည့်သည် အများစုက​တော့ ဒါ​တွေကို ခံစားဘို့ ကား​ပေါ်ကဆင်း ဓါတ်ပုံရိုက် ခဏတစ်ဖြုတ် ဟိုနား​လေး​​လျှောက်
ဒီနား​လေး​လျှောက် ဒီ​လောက်ဘဲ ခံစားနိုင်ကြပါတယ်
​ဟော်တယ်မှာတည်းမယ် ဆို ​လည်း ​ဟော်တည် ​တော်​တော်များများက အ​ခြေခံသ​ဘောတရား က ခပ်ဆင်ဆင်ပါ
ဝင်းကြီးခြံကြီး ​တွေကျယ်ဝန်းတဲ့ ​ဟော်တယ်​တွေကျပြန်​တော့ လဲ အလှမြက်ခင်း​တွေ ဧည့်သည်ကိုပြဘို့သက်သက် စိုက်ထားတဲ့ စိုက်ခင်း​တွေကြပြန်တော့လဲ ပြတိုက်ထဲက အရာကို ကြည့်​နေရသလိုမျိုး အသက်မဝင် လှပါဘူး
​အေးချမ်းတိတ်ဆိတ်ပါတယ်ဆိုတဲ့ လုံးခြင်းအိမ် ​တွေငှားပြန်​တော့လဲ မြိုသစ်ထဲက ရပ်ကွက်ဆန်​ရင်ဆန် မဆန်ရင် လူ​နေတဲ့ အသိုင်းအဝန်းနဲ့ သီးခြားဆန်ပြီး အထီးကျန်ဆန်​နေပြန်ပါ​ရော

ဒါ​တွေအားလုံး ရဲ့ ကွက်လပ်ကို LaVista LaVista - Holiday Rental Country House က ​အေးချမ်းသာယာ ရုံမက လုံခြုံစိတ်ချရတဲ့ ဂနိုင်​ရွေးရွာက​လေးမှာ ​ဒေသခံအိမ်က​လေး​တွေကို အဆင့်မြင့်တင် ပြုပြင်မွမ်းမံပြီး ငှားရမ်း​ပေး​နေပါတယ်ဆိုတာ သတင်း​ကောင်းပါးလိုက်ပါတယ်

သင်လည်း အ​နောက်တိုင်းနိုင်ငံက လူများလို အားလပ်ရက်​တွေမှာ ​ကျေးလက်စံအိမ်မှာ လူရောစိတ်​ရော အပန်းဖြေ ​နေထိုင်ပြီး ​ခေါင်းထဲက ပြသနာ ​သောင်း​ခြောက်​ထောင် ကို စွဲထုတ် ​ခြေမွပစ်ဘို့ အခွင့်အ​လန်း ရှိ​နေပြီ​နော်

🌕ဓမ္မစကြာအခါတော်နေ့တွင် လူသားအားလုံး 🥰စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း LaVista-Holiday Re...
01/08/2023

🌕ဓမ္မစကြာအခါတော်နေ့တွင် လူသားအားလုံး 🥰စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း LaVista-Holiday Rental House Page မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏❤️

ရွာလည်​ခေါင် ဖြစ်​ပေမယ့် စိုက်ခင်း​တွေ ပတ်လည် ဝိုင်း​နေတဲ့ ​ LaVista - Holiday Rental Country House ရဲ့ Holiday rental h...
31/07/2023

ရွာလည်​ခေါင် ဖြစ်​ပေမယ့် စိုက်ခင်း​တွေ ပတ်လည် ဝိုင်း​နေတဲ့ ​
LaVista - Holiday Rental Country House ရဲ့ Holiday rental house ​နောက်တစ်လုံး ကို ထပ်မံမွမ်းမံ ပြင်ဆင် ​နေ ပါပြီ
နဂို အိမ်က​​​လေး ပုံကိုပါ အမှတ်တရ ​လေး တွဲတင် ထားပါတယ်

အိမ်ကမြင်ရမယ့် view က​လေးလည်းပါ😍😍😍

အိမ်နံမည်​လေးက "ကဝ်းလူးဒူး" (ပအို့ဝ့် လိုပါ)

မြန်မာလိုက ချည်လုံးပန်း ပါ

ရွှေ​စျေး ဘာဖြစ်ဖြစ်​ငွေ​စျေးဘာ ဖြစ်ဖြစ်​စျေးကွက် ထဲ ဘာဖြစ်ဖြစ် EV  ကား သုံးလို့ အဆင်​ပြေသည် ဖြစ်ဖြစ် မ​ပြေသည်ဖြစ်ဖြစ်သူ...
26/05/2023

ရွှေ​စျေး ဘာဖြစ်ဖြစ်
​ငွေ​စျေးဘာ ဖြစ်ဖြစ်
​စျေးကွက် ထဲ ဘာဖြစ်ဖြစ်
EV ကား သုံးလို့ အဆင်​ပြေသည် ဖြစ်ဖြစ် မ​ပြေသည်ဖြစ်ဖြစ်
သူနဲ့ ဘာမှ မဆိုင်သလို ​အေးချမ်း ​နေမြဲ ပါဘဲ
မသွားနိုင်​သေး​တော့ ပုံ​လေး ဘဲ ကြည့်ရင်း stress ​တွေ ဖြည် ချ​နေရတာ​ပေါ့

05/05/2023

အေးချမ်းလှတဲ့ ဂနိုင်ရွေး တောင်ကြီးမြို့က LaVista-Country Cottage ကို အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ 💚💚💚

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်🌕 ဗုဒ္ဓနေ့တွင် 🤗မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချ...
03/05/2023

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်🌕 ဗုဒ္ဓနေ့တွင် 🤗မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း🥰 LaVista-Country Cottage မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။💚

နွေရာသီ ပိတ်ရက်မှာ လာလည် သွားတဲ့ မိသားစု ရဲ့ ပျော်ရွင်နေတဲ့ ရုပ်ပုံတွေထဲ က တစ်ချို့ကိုဝေမျလိုက်ပါတယ်အပိုဆုအနေနဲ့ ဟင်းရွက...
18/04/2023

နွေရာသီ ပိတ်ရက်မှာ လာလည် သွားတဲ့ မိသားစု ရဲ့ ပျော်ရွင်နေတဲ့ ရုပ်ပုံတွေထဲ က တစ်ချို့ကိုဝေမျလိုက်ပါတယ်

အပိုဆုအနေနဲ့ ဟင်းရွက်တွေ ကိုယ်တိုင်ခူး ပြီးဝယ်ရတော့ ကိုယ့်ကလေး တွေလဲ ပျော် ကိုယ်လည်းပျော် ခြံသမား လည်း ရောင်းရတော့ ပျော်တာပေါ့
တစ်သောင်း နှစ်သောင်းဆိုတာလည်း သူတို့ အတွက် တန်ဘိုး ကြီးတယ်လေ
ပျော်ရွှင်စွာ ကုသိုလ် ယူနည်းပေါ့😊😊😊😊😊

💦💦Happy Thingyan Festival 💦💦ကျန်းမာပျော်ရွှင်သော 💦နှစ်သစ်သင်္ကြန် အချိန်အခါလေးဖြစ်ပါစေကြောင်း LaVista-Country Cottage (T...
13/04/2023

💦💦Happy Thingyan Festival 💦💦

ကျန်းမာပျော်ရွှင်သော 💦နှစ်သစ်သင်္ကြန် အချိန်အခါလေးဖြစ်ပါစေကြောင်း

LaVista-Country Cottage (Taungyyi) မိသားစုမှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။🥰

30/03/2023

တောင်ကြီး ဘုရားဖြူ ဂနိုင်ရွေး က မိုးကြိုအိမ် ရဲ့ အသက် က အိမ်အနောက်ဘက် က ဝရံတာ ပါဘဲ
ပုံမှာပါတဲ့ အတိုင်း စိုက်ခင်းကလေးတွေကိုဖြတ်သန်းပြီး တောင်တွေ နဲ့ အဆုံးသတ် ထားတဲ့ မြင်ကွင်း အေးမြတဲ့ လေအေးကလေးတွေ ဖြတ်သန်းတိုက်ခတ်နေတဲ့ ပတ်ဝန်းကျင် နဲ့ ကော်ဖီ သောက်မယ် အသီးဖျော်ရည်သောက်မယ် ထမင်းစားမယ် ဒီလို အရသာကို ဘယ်ကြယ်ငါးပွင့် ဟော်တယ်က restraunt မှာ မရနိုင်ပေမယ့်
ဂနိူင်ရွေးက မိုးကြို အိမ်မှာတော့သင် ရနိုင် ပါပြီဗျာ

လူသား တန်ဘိုးကို ပြန်လည် ရှာ​ဖွေ ​တွေ့ရှိခြင်းဖုန်းဖန်သား မျက်နှာပြင်​တွေ ​ပေါ်မှာ အချိန်အများစု ကုန်ဆုံး​နေရ တဲ့ ​ခေတ်က...
15/03/2023

လူသား တန်ဘိုးကို ပြန်လည် ရှာ​ဖွေ ​တွေ့ရှိခြင်း

ဖုန်းဖန်သား မျက်နှာပြင်​တွေ ​ပေါ်မှာ အချိန်အများစု ကုန်ဆုံး​နေရ တဲ့ ​ခေတ်ကြီးမှာ
ချစ်ခင်ရတဲ့ ​မိဘ ​မောင်ဘွား မိတ်​ဆွေ​တွေကြားထဲက ​နွေး​ထွေးမှ ​တွေဟာ အရင်လို မ​နွေး​ထွေး နိူင်​တော့ပါဘူး

တစ်ဝိုင်းထဲ မှာ အတူတူ ထမင်းစားမယ် အခန်းကြီး တစ်ခန်းထဲ မှာ အတူတူ အိပ်ကြမယ် စကား​တွေ ​ပြောကြမယ် သန့်ရှင်းလတ်ဆတ်ပြီး ​အေးမြ တဲ့ ​လေထု မှာ လမ်းအတူတူ ​လျောက်ကြမယ် သိပ်မမြင့်တဲ့​တောင်ကုန်း​လေး ​တွေ တက်ကြမယ်
စာအုပ်ဖတ်မယ်

ဒီလို ​လေး​တွေ နှစ်သက်မယ်ဆို ဂနိုင်​ရွေးရွာက Lavista country cottage က ကြိုဆို​နေပါတယ်

Lavista country cottage is not a place to visit

It,'s a place to *STAY*

22/01/2023

🇨🇳🐇Happy Chinese New Year🐇🇨🇳
May your Year of the Rabbit be full of peace🎉🎊

တောင်ကြီး ဂနိုင်ရွေး ရွာက စွယ်တော်အိမ် ကလေးရဲ့ Update ပုံ လေးတွေပါအရင်ကထက် ထပ်မံ ဖြည့်ဆည်း ထားတဲ့ ဆက်တီခုံတွေတစ်အိမ်လုံး...
09/01/2023

တောင်ကြီး ဂနိုင်ရွေး ရွာက စွယ်တော်အိမ် ကလေးရဲ့ Update ပုံ လေးတွေပါ
အရင်ကထက် ထပ်မံ ဖြည့်ဆည်း ထားတဲ့ ဆက်တီခုံတွေ
တစ်အိမ်လုံး ထင်းရူးပြား တွေ ကပ်ပေး ထားလို့ လာရောက် တည်းခို နေထိုင်သူတွေ နွေးထွေးတဲ့ ခံစား ချက်ကို ရရှိစေမှာပါ
ပုံမှန် လူ ၅ယောက် အသာကလေး တည်းခို နိုင်ပါတယ်

ရေချိုးခန်းအိမ်သာ ၂စုံပါ​ပြီး ရေနွေး shower ပါပါတယ်

မိမိ ကားဒရိုင်ဘာတွေ အိမ်အကူ တွေ ပါလာမယ် ဆိုရင်တော့ basement မှာထားလို့ ရပါတယ်

အိမ်က ခွေးကလေး ကြောင်ကလေး တွေ Welcome ပါ

ဂနိုင်ရွေးရွာကနေ တောင်ကြီး မြို့လည်ခေါင် မြို့မစျေး အထိ ကို ၁၅မိနစ် ပုံမှန် speed နဲ့ ၁၅ မိနစ်ဆို ရောက်ပါပြီ

တောင်ကြီး ဘုရားဖြူဆိုရင်တော့ ၅မိနစ် ပေါ့
ဘုရားဖြူ မှာက စားသောက်ဆိုင်တွေက ပေါ
မြို့ငြိမ်းချမ်းတို့လို Kudos တို့လို ကျိုက်းတုံ ခေါက်ဆွဲဆိုင် တို့လို နံမည်ကြီးတွေအပြင် အစားအသောက်ဆိုင်တွေက ဘုံးဘလအောပါဘဲ

အပြင်မထွက်ခြင်ရင်လည်း တောင်ကြီးဆိုင်တော်တော်တော်များများ ဆီကနေ deli နဲ့မှာလို့ရပါသေးတယ် Hotpot တောင် မှာလို့ ရပါတယ်

Lavista hotel ကနေလည်း မနက်စာ နေ့လည်စာ ကို set နဲ့ မှာလို့ လည်း ok ပါ

Hotel တွေ resort တွေက မပေးစွမ်းနိုင်တဲ့
သူငယ်ချင်း တွေ မိသားစုတွေ အလုပ်ထဲက လုပ်ဖေါ်ကိုင်ဘက် တွေ အချင်းချင်းကြား တစ်မိုးအောက်ထဲမှာ နွေးထွေးတဲ့ ရင်းနှီးချစ်ခင်မှု တွေ ကို တောင်ကြီး ဂနိုင်ရွေးရွာက Lavista country cottage က ကျေးလက် နေအိမ်ကလေးတွေ က သင့်အတွက် ပေးစွမ်းနေပါပြီ

စာဖတ်ဝါသနာပါသူတွေလည်း ရနိုင်တဲ့ စာအုပ် စာရင်းလေးတောင်းပြီး အခမဲ့ ငှါးဖတ်လို့ ရပါတယ် ဗျာ

ရွာကလေးမှာ ရွာသားတွေနဲ့ အတူ
ယှဥ်တွဲ နေထိုင်ရင်း ကျေးလက်က တိုင်းရင်းသားတွေရဲ့ လုပ်ကိုင်စားသောက်ပုံ ဓလေ့ နဲ့ သူတို့ရဲ့ စိုက်ခင်းတွေ က သင့်ကို ဒေသန္တရ ဗဟုသုတ တွေ တိုးပွား စေပြီး အနှစ်သာရ ရှိတဲ့ ခရီးစဥ် တစ်ခု ဖြစ်စေ မှာ မလွဲပါဘဲ

ရွာအဝင် ကုန်းပေါ်က စေတီ ရယ် ရွာအရှေ့ဘက် ကုန်းပေါ်က စေတီ တွေကလည်း လာရောက် ဖူးမျော်သူတိုင်းကို စိတ်ကြည်လင်စေမှာပါ
အဲ့ဒီတောင်ကုန်းပေါ်က နေမြင်ရတဲ့ view တွေကလည်း တောင်တန်း ဒေသ ဖြစ်လင့်ကစား ပင်လယ်ပြင်တွေ မှာရရှိတဲ့ မျက်စိတစ်ဆုံး လွတ်လပ်ခြင်း မြင်ကွင်းကို မြင်ရသလို သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်

စျေးနှုံးကလဲ သင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး
စွယ်တော်အိမ်က တစ်ည ၇ သောင်းပါ
၅ ယောက်ထ် တည်းခို နိုင်ပါတယ်
၅ ယောက်ထက်ပိုတဲ့ တစ်ယောက်တိုင်း အတွက်က တစ်ယောက် တစ်သောင်း ပါ

အကြိမ်ကြိမ် ပြန်လာ ပြီးနေထိုင်ခြင်နေမယ့် တောင်ကြီး ဘုရားဖြူ ဂနိုငိရွေး ရွာက သင့်ကို ကြိုဆို နေပါတယ်

Lavista country cottage is not a place to visit
It is a place to stay

Happy New Year! 🥳🥳Wishing you lots of love and laughter in 2023 and success in reaching your goals! 💛💛
31/12/2022

Happy New Year! 🥳🥳

Wishing you lots of love and laughter in 2023 and success in reaching your goals! 💛💛

အနှစ်သာရ ပြည့်ဝသော ခရီးစိတ် ခန္ဓာ ၂ခု လုံး လန်းဆန်း လတ်ဆတ်စွာနဲ့ ပြန်ရောက် လာသော ခရီးဒါမျိုူး ခရီး ထွက်ခြင်း ဖြစ်ဘို့ တေ...
28/12/2022

အနှစ်သာရ ပြည့်ဝသော ခရီး
စိတ် ခန္ဓာ ၂ခု လုံး လန်းဆန်း လတ်ဆတ်စွာနဲ့ ပြန်ရောက် လာသော ခရီး

ဒါမျိုူး ခရီး ထွက်ခြင်း ဖြစ်ဘို့ တောင်ကြီး ဂနိုင်ရွေး ကို တစ်ခါတစ်ခေါက် အလည် လာခဲ့ပါ

မူရင်း ပို့စ်တင်သူ ကို credit

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လို့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Credit > Original Uploader
K● Z@₩(PPE9)

25/12/2022

Wishing you Merry Christmas & Happy New Year full of hope and good luck 🍀😇 With love from Lavista Cottage family💖

15/12/2022

Very good morning ဂနိုင်ရွေး

မိုးကြိုပန်းအိမ်

Address


Telephone

+959979371125

Website

Alerts

Be the first to know and let us send you an email when LaVista - Holiday Country Rental House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share