Kalaw & Around

  • Home
  • Kalaw & Around

Kalaw & Around Kalaw & Around is a local travel service provider based in Kalaw.

ကလောမှာ တစ်ယောက်ကို(၂၀၀၀၀)ကျပ်သာကျသင့်မည့်Villaအိမ်လေး🏡ဘေးပတ်ပတ်လည်တောင်တန်းတွေနဲ့ဝန်ရံထားတဲ့တောင်ပေါ်မြို့လေးကိုအလည်လာခဲ...
29/08/2023

ကလောမှာ တစ်ယောက်ကို
(၂၀၀၀၀)ကျပ်သာကျသင့်မည့်Villaအိမ်လေး🏡

ဘေးပတ်ပတ်လည်တောင်တန်းတွေနဲ့ဝန်ရံထားတဲ့တောင်ပေါ်မြို့လေးကိုအလည်လာခဲ့ပါ☘️

ကလောမြို့ကိုအလည်လာတဲ့အခါ
ချစ်စရာအိမ်လေးမှာပဲတည်းချင်တဲ့သူတွေအတွက်Serene Villa Kalaw🏡

💁🏻‍♀️Serene Villa Kalaw
အပန်းဖြေအိမ်လေးဟာဆိုရင် ကလောမြို့ မြင်းကရွာ Kalaw Villa အိမ်ရာထဲမှာတည်ရှိပြီး ကလောမြို့ဆိုင်းဘုတ်ကြီးဘေးနားကလမ်းကဝင်လာရင် ၃မိနစ်မောင်းလာတာနဲ့ ကျွန်မတို့ရဲ့အပန်းဖြေအိမ်လေးကိုရောက်ရှိလာမှာဖြစ်ပါတယ်

💁🏻‍♀️တောင်ပေါ်မြို့လေးက တောင်တန်းရှူခင်းအလှအပလေးတွေ စိတ်ကြည်နူးစရာမြင်ကွင်းလေးတွေနဲ့ကိုယ်ပိုင်အပန်းဖြေအိမ်လေးကဲ့သို့ဖွဲ့စည်းတည်ဆောက်ထားတဲ့အတွက် ကိုယ်ပိုင်အိမ်လေးလိုနွေးထွေးလုံခြုံစွာနဲ့စိတ်ချမ်းမြေ့သာယာစေမှာဖြစ်ပါတယ်

Serene Villa Kalawအိမ်မှာ🏡
သူငယ်ချင်းတွေနဲ့စုပြီးနေရင်Budget Saveသလိုဖြစ်တာပေါ့နော်🥰

တစ်အိမ်လုံးကို(၆)ယောက်နေမှ
(၁၂၀၀၀၀)ဆိုတော့ တစ်ယောက်ကို(၂၀၀၀၀)နှုန်းပဲကျသင့်မှာ😍

Kalaw Villa အိမ်ရာစီမံကိန်းဝန်းကြီးအတွင်းမှာတည်ရှိတဲ့အတွက် 24 hr လုံခြုံရေး service ရရှိစေမှာဖြစ်ပါတယ်

💁🏻‍♀️အိမ်လေးရဲ့ဖွဲ့စည်းပုံလေးကတော့ အပေါ်ထပ်မှာ Master Bedroom အခန်းကျယ် ၂ခန်း၊ ဧည့်ခန်းကျယ် ၁ခန်း၊ ရှုခင်းအလှအပများကိုခံစားနိုင်ရင် ဝရန်တာအကျယ် ၁ခု အကျဉ်းတခု ပါရှိပြီး တောတောင်သဘာဝအလှတရားများကိုငြိမ်းချမ်းစွာခံစားနိုင်စေမှာပါ☘️

💁🏻‍♀️အောက်ထပ်မှာဆိုရင် Single Bedroom ၁ခန်း၊ဧည့်ခန်းကျယ် ၁ခန်း ၊ ထမင်းစားခန်း၊ ရေချိုးခန်းအိမ်သာ နှင့် ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်အစုံအလင်ဖြင့်မီးဖိုချောင်တို့ပါဝင်
ပါတယ်

💁🏻‍♀️Microwave, ရေခဲသေတ္တာ, အဝတ်လျှော်စက်၊ မီးပူတိုက်စင်၊ မီးပူနှင့်အိမ်သုံးပစ္စည်းအစုံအလင်ပါဝင်မှာဖြစ်ပါတယ်

💁🏻‍♀️မီးကတော့လျှပ်စစ်မီးပါဝင်ပြီး ၊ မီးပျက်ပါက Solar Systemနှင့်ရေပူစက်တို့ပါဝင်ပါတယ်

💁🏻‍♀️Wi-Fi service လည်းစီစဉ်ထားပါတယ်

💁🏻‍♀️Breakfast အတွက် လူတယောက်စာ ရှမ်းခေါက်ဆွဲ or တို့ဟူးနွေး or ထမင်းကြော်+ကြက်ဥ or ခေါက်ဆွဲကြော် or ကြာဇံကြော် +ကော်ဖီစီစဉ်ထားပေပါတယ်ရှင် ဟိုတယ်ကဲ့သို့နွေထွေးတဲ့ကုတင် မွေ့ယာ စောင် ခေါင်းအုံး မှန်တင်ခုံ အဝတ်လှန်းစင် ရေချိုးတဘက်များ တခါသုံးသွားတိုက်ဆေး သွားပွတ်တံ ရေချိုးဆပ်ပြာရည် ခေါင်းလျှော်ရည် ဘီးများလုံလောက်စွာထားပေးထားပါတယ်

ဟိုတယ်တွေမှာမရနိုင်တဲ့Kitchen နဲ့အသုံးအဆောင်များထားပေးထားလို့ ၅မိနစ်ခန့်သာကားမောင်းပြီးကလောမြို့မဈေးသို့ဈေးဝယ်ထွက်ကာ အိမ်လေးမှာချက်ပြုတ်စားသောက်လို့ရပါတယ်

- ကားပါကင်အနေနဲ့လည်းမိမိတို့ခြံဝန်းအတွင်မှာ ကား ၃စီးကိုလုံခြုံစွာဖြင့်ထားနိုင်ပါတယ်

🏦အပန်းဖြေအိမ်လေးရဲ့ဈေးနှုန်းလေးကတော့ 🛏အိပ်ခန်း၃ခန်း၂ယောက်အိပ်ကုတင်ဖြင့် လူဦးရေ ၆ ယောက်စာ အားတစ်ညလျှင် ၁၂၀၀၀၀ ကျပ်
- Extra person တဦးလျှင် ၁သောင်းငါးထောင်ကျပ်

🏘အိမ်လေးရဲ့လိပ်စာကတော့ Kalaw Villa, No. E-2, E Road , Myinka Village, Kalaw, Shan

🚗ဧည့်သည်တော်များရဲ့ခရီးစဉ်Planအရတည်းခိုချင်တဲ့ရက်အရေအတွက် တည်းခိုမည့်သူအရေအတွက် တည်းခိုခနှုန်းများကိုအဆင်ပြေအောင်ညှို့နှိုင်းပေးပါသေးတယ်နော် ရက်ရှည်နေမည့်ဧည့်သည်များအတွက်လည်းတည်းခိုခဈေးနှုန်းများညှိုနှိုင်းပေးပါတယ်

Credit : Poupular Paoh Stars

ကလောမြို့ရောက်ရင်နေချင်စရာအိမ်လေးတစ်လုံး🏡ကလောမြို့လေးကိုခရီးထွက်မယ်စဉ်းစားထားရင်တော့ ကလောမှာအရမ်းလှတဲ့မြင်းကရွာက LOFT49 ...
25/08/2023

ကလောမြို့ရောက်ရင်
နေချင်စရာအိမ်လေးတစ်လုံး🏡

ကလောမြို့လေးကိုခရီးထွက်မယ်စဉ်းစားထားရင်တော့ ကလောမှာအရမ်းလှတဲ့မြင်းကရွာက LOFT49 Home အိမ်အသစ်လေး🏡

🏡LOFT49 ကတော့ တောင်ပေါ်ဒေသလေးမို့အရမ်းနေလို့ကောင်းတဲ့နေရာလေးတစ်ခု

🏡ကလောသွားပြီဆိုရင်အခုနောက်ပိုင်းလူတွေကVacation Rental Homeပိုပြီးသဘောကျကြတယ်

🏡သူငယ်ချင်းတွေနဲ့အဖွဲ့လိုက် ဒါမှမဟုတ်မိသားစုတွေနဲ့တစ်စုတစ်စည်းတည်းနေလို့ရတဲ့အိမ်လေး

🏡ကလောမြို့ကိုအလည်လာပြီဆိုရင် ဒီအိမ်လိုချစ်စရာကောင်းတဲ့အိမ်လေးမှာတည်းဖို့ စဉ်းစားသင့်ပါတယ် သူငယ်ချင်းအဖွဲ့တွေ လူများများနဲ့တည်းတဲ့အခါ 💸budget save သလိုလည်းဖြစ်စေတယ်

🏡အိမ်အသစ်လေးမှာပဲတည်းချင်တယ်အိမ်ကလည်းချစ်စရာကောင်းပြီးဝန်ဆောင်မှုအဆင်ပြေတဲ့အိမ်လေးကိုညွှန်ပေးပါဆိုရင်
LOFT49ညွှန်ပေးပါရစေ

ကလောမြို့မှာအလှဆုံးရွာဖြစ်သော မြင်းကရွာမှာရှိတဲ့ LOFT 49 Homeမှာလည်ရောက်တည်းခို
ကြည့်ပါ မြင်းကရွာကသဘာဝအလှတရားတွေရှုစားရင်းနဲ့အိမ်လှလှလေးမှာလာရောက်ရောက်တည်းခိုကြည့်ပါ🏡

🏡ဟိုတယ်မှာတည်းရတာထက်ဒီလို
Vacation Rental Homeပိုနှစ်သက်တယ် ဘာလို့လဲဆိုတော့တောတောင်အလှပမြင်ရတော့နေရတာအေးချမ်းစေတယ်☘️

☘️ကလောမှအောင်ဗန်းဘက်သို့အထွက် ကလောမြို့မှနှုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်ဘေးလမ်းမှဝင်ရပြီး အိုးစည်တောင်အနီး မြင်းကရွာအဝင် ၅အိမ်မြောက် ရွာမိန်းလမ်းမကြီးပေါ်မှာရှိပါတယ်

🏠အိမ်ရဲ့မြေညီထပ်မှာ
- Master Bedroom ၁ ခန်း
- Single bedroom ၁ ခန်း
- Living, dining & kitchen တွဲရက်
- ရေချိုးခန်းအိမ်သာ တွဲရက်တစ်ခန်း၊ သီးသန့်တစ်ခန်းပါရှိပြီး

🏠အပေါ်ထပ်မှာတော့
- Double Bedroom ၂ ခန်း
- လှေကားတက်တက်ခြင်း passage corner လေးမှာ mini library လေးပါရှိပါတယ်။

Amenities
- ရေပူ၊ ရေအေး
- Heater (living area)
- လျှပ်စစ်မီးကတော့ ကလောမြို့မှ့ပေးတဲ့ rotation system အတိုင်း မီးရပါမယ်။ မီးပျက်လျှင်အဆင်ပြေစေရန် ဆိုလာမီးတပ်ဆင်ပေးထားပါတယ်။
- တစ်ခါသုံးသွားတိုက်တံနှင့် သွားတိုက်ဆေး
- ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာနှင့် လက်ဆေးဆပ်ပြာ
- Hair dryer
- First-aid kit
- ရေခဲသေတ္တာ၊ အဝတ်လျှော်စက် ၊ မီးပူ
- Microwave ၊ Air Fryer ၊ Rice cooker
- Gas မီးဖို ၊ လျှပ်စစ်မီးဖို ၊ လျှပ်စစ်ရေနွေးအိုး
- ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ဟင်းချက်စရာ ပန်းကန်ခွက်ယောက်အစုံတို့ပါရှိပါတယ်။
- Taxi service လိုချင်လျှင် နာရီဝက် ၁ နာရီလောက် ကြိုတင်အသိပေးရင် စီစဉ်ပေးနိုင်ပါတယ်။
- Wifi service လက်ရှိမရသေးပါ။ (အမြန်ဆုံးရအောင် ကြိုးစားနေပါတယ်)
- Pet လက်ခံပါတယ် (သန့်ရှင်းမှုအတွက် ဂရုစိုက်ပေးပါ။ ပျက်စီးဆုံးရှုံးမှုရှိ့ခဲ့လျှင်တော့ ပိုင်ရှင်မှ တာဝန်ယူပေးရပါမယ်)

ဈေးနှုန်း
- တည်းခိုးခ နှုန်းထားအနေနှင့် တစ်ရက်လျှင် ၁၅၀၀၀၀ ကျပ် ဖြစ်ပြီး လူ ၅ဦး တည်းခိုခွင့်ရှိပါတယ်။
- လူပိုအတွက် တဦး လျှင် ၁၅၀၀၀ ကျပ် ထပ်မံပေးဆောင်ရပါမယ်။

Booking
- Booking အတွက် စရံအနေဖြင့် 50% Deposit ကြိုတင်သွင်းပေးရပါမယ်။
- တစ်စုံတစ်ခုသော အကြောင်းမျိုးကြောင့် Booking cancel ဖြစ်ခဲ့လျှင် အဆင်ပြေအောင် Date change ပေးခြင်းမျိုးပြုလုပ်ပေးပြီး Deposit ပြန်မအမ်းပေးပါ။

- Booking လုပ်ဖို့ကို
ဖုန်း 0995197697သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Check in : နေ့လည် ၂ နာရီ
Check out : နံနက် ၁၁ နာရီ

LOFT 49
မြင်းကရွာ
ကလော


နတ်ပြည်က တကယ်လှတာလားဘယ်လိုသွားရသလဲဆိုတာ မသိပေမယ့်နတ်ရေးတဲ့ပန်းချီတမျှ လှပလွန်းလှတဲ့ဂဏန်းကျရေတံခွန်ကို ရောက်အောင်သွားကြည့...
22/08/2023

နတ်ပြည်က တကယ်လှတာလား
ဘယ်လိုသွားရသလဲဆိုတာ မသိပေမယ့်
နတ်ရေးတဲ့ပန်းချီတမျှ လှပလွန်းလှတဲ့
ဂဏန်းကျရေတံခွန်ကို ရောက်အောင်သွားကြည့်ပါ..

ရောက်ဖြစ်တိုင်းလည်း တစိမ့်စိမ့်နဲ့
ထိုင်ပြီးငေးမောကာ ကြည့်လို့မဝခဲ့ဘူး
ရေညှိစိမ်းလေးတွေကို ကိုင်ကြည့်တဲ့အခါတိုင်းလည်း
​ပိုးသားလေးလို့ နူညံ့အိစက်နေတာပဲ။

ဂဏန်းခုံလေးတွေ အဆင့်ဆင့်ထပ်နေပုံက
ဘယ်ပန်းပုဆရာမှ တုပပြီးမှီရိုးနိုင်ဘွယ်မရှိဘူး

ဘယ်ရေတဲ့ခွန်နဲ့မှမတူတာက ရေကျနေပုံလေးပဲ

ဘယ်ရာသီနေနေ မပြောင်းလဲဘူး
တစက်စက်နဲ့ကျနေပုံလေးက ကဗျာဆန်နေတာ။

ဂဏန်းကျရေတံခွန်ဆိုတာ...

ရှမ်းပြည်နယ်တောင်ပိုင်း
ရွာငံမြို့နယ် မြိုင်စံပြကျေးရွာမှာ တည်ရှိတဲ့ သဘာဝအလှတရားတစ်ခုပေါ့..

ဘယ်လိုသွားမလဲ...?

ရွာငံလမ်းပေါ်က မြိုင်စံပြကျေးရွာမှကြိုဆိုပါ၏ဆိုရင်ရောက်ပြီလို့ ဆိုရပါမယ်။

မြိုင်ရွာလေးက ရွာငံကားလမ်းဘေးပါပဲ။ မြိုင်ရွာဈေးနဲ့မျက်နှာချင်းဆိုင်လမ်းထဲတန်းတန်းဝင်သွားရင်ရပါပြီ။ ဘယ်မှမကွေ့ပါနဲ့။ လမ်းညွှန်ဆိုင်းပုဒ်လေးတွေလည်း ပြပေးထားပါသေးတယ်။ ဈေးနားရောက်လို့ ဘယ်လမ်းလဲမသိရင် ဈေးအနီးနားစားသောက်ဆိုင်တွေပေါပါတယ်။ ကျေးရွာက ဒေသခံတွေကိုမေးပါ။ လမ်းညွှန်ပြပါလိမ့်မယ်။

ရွာထဲလမ်းနည်းနည်းကျဉ်းလို့ ကားဆိုင်ကယ်ဖြည်းဖြည်းမောင်းတာကောင်းပါတယ်။

ဘာတွေပြင်ဆင်သွားမလဲ...?

ရေဗူးမမေ့ပါနဲ့
ဗိုက်ဆာတတ်ရင် မုန့်လေးတွေယူသွားပါ
ကားပါကင်နေရာကနေခြေလျင် ဆယ်မိနစ်လောက်ဆင်းရပါတယ်
မိုးရွာပြီးစအချိန်ဆို
ဒီရာသီလေးက မိုးရွာလိုက်နေပူလိုက်ဆိုတော့
ရိုးရိုးဖိနပ်နဲ့လည်း သတိလေးထားပြီးဆင်းရင်ရပါတယ်
အဆင်ပြေဆုံးကတော့ ကုတ်အားကောင်းတဲ့ရှူးဖိနပ်နဲ့ဆိုပိုအဆင်ပြေပါတယ်။

👍 Respective_Owners
မူရင်းဓါတ်ပုံဆရာများအားလေးစားစွာ ပေးပါတယ်

 #ဗျိုက်တောင် ( နန်းအွန်တောင် )ကလောမြို့အထွက်နားက မြင်းမထိလှိုဏ်ဂူသွားရာလမ်းပေါ််ကဗျိုက်တောင်ကတော့ သရုပ်ဆောင်ဗျိုက်က စူပ...
19/08/2023

#ဗျိုက်တောင် ( နန်းအွန်တောင် )

ကလောမြို့အထွက်နားက မြင်းမထိလှိုဏ်ဂူသွားရာလမ်းပေါ််ကဗျိုက်တောင်ကတော့ သရုပ်ဆောင်ဗျိုက်က စူပါကွေကာအုပ်ကြော်ငြာလာရိုက်သွားတာကနေ နာမည်ကြီးပြီးဗျိုက်တောင်ဆိုပြီး ခေါ်ကြတာတဲ့။ မြို့ထဲကနေဆို 15 မိနစ်ဝန်းကျင်လောက်ဘဲမောင်းရင်ရောက်ပါတယ်။

#ဗျိုက်တောင်အရှေ့ကရထားလမ်းလေး
ဗျိုက်တောင်ရဲ့ မျက်နှာချင်းဆိုင်က တောင်ကုန်းလေးပေါ်မှာ ရထားလမ်းလေးတစ်ခုရှိသေးတယ်။ ကျောက်ကမ်း ပါး ၂ ခုကြားထဲမှာ ရထားဖောက်ထားတာလေးက အရမ်းလှပါတယ်။

ဓာတ်ပုံရိုက်ရတာကြိုက်တဲ့သူတွေအတွက်တော့ သဘော ကျမှာအမှန်ဘဲ။ တောင်ကုန်းလေးရဲ့အောက်ဖက်မှာ မုန်ညင်းခင်းလေးတွေစိုက်ထားတယ်။ ကားလမ်းမကြီးဘေးတင်ဆိုတော့ ရှာရတာ လွယ်ပါတယ်။

#ကလော

👍 ZinMinHtet,KalawTravelling,Top
Original Uploaders
မူရင်းဓါတ်ပုံဆရာများအားလေးစားစွာ ပေးပါတယ်

ကလောမြို့လေးကို ရောက်ခဲ့မယ်ဆိုရင်....🌲🌲တည်းကြည့်သင့်တဲ့...ဟိုတယ်လှလှလေးတစ်ခု...🏠👉ဟိုတယ်နာမည်လေးက 𝙂𝙧𝙚𝙚𝙣 𝙃𝙖𝙫𝙚𝙣 𝙃𝙤𝙩𝙚𝙡 ☘🌲ခေါ...
19/08/2023

ကလောမြို့လေးကို ရောက်ခဲ့မယ်ဆိုရင်....🌲🌲
တည်းကြည့်သင့်တဲ့...ဟိုတယ်လှလှလေးတစ်ခု...🏠

👉ဟိုတယ်နာမည်လေးက 𝙂𝙧𝙚𝙚𝙣 𝙃𝙖𝙫𝙚𝙣 𝙃𝙤𝙩𝙚𝙡 ☘

🌲ခေါင်မိုးချွန် အဆောက်အဉီလေးတွေ၊ ဘန်ဂလိုလေးတွေနဲ့ ကလောရဲ့ အရသာကို အပြည့်အ၀ခံစားရစေမယ့် ထင်းရူးသားနဲ့ အခန်းဖွဲ့စည်းပုံ...☘

🌲Building Type နဲ့ ဘန်ဂလို Type ဆိုပြီး နှစ်မျိုးနှစ်စားရှိပြီး မနက်စာနဲ့ ရေပူရေအေးလည်း ပါဝင်တာမလို့ အေးဆေးအနားယူနိုင်တဲ့ ဟိုတယ်လေး☘

Gree Haven Hotel ရဲ့ အခန်းဈေးနှုန်းလေးတွေကတော့

From Aug 1st to Sep 30th

🏠Superior Room (၂ ယောက်ခန်း)
💯အခန်းခသီးသန့်တစ်ည ဈေးနှုန်း... 37,000MMK

🏠Deluxe Room (၂ ယောက်ခန်း)
💯အခန်းခသီးသန့်တစ်ည ဈေးနှုန်း...42,000MMK

🏠Bungalow (၂ ယောက်ခန်း)
💯အခန်းခသီးသန့်တစ်ည ဈေးနှုန်း...63,000MMK

🏠 Bungalow (၃ ယောက်ခန်း)
💯အခန်းခသီးသန့်တစ်ည ဈေးနှုန်း...95,000MMK

Extra Bed - 20,000ks (Sup/ Dlx)
Extra Bed - 30,000ks (Bungalow)

အခန်းခမှာ ပါဝင်ပြီးသား ဝန်ဆောင်မှုတွေကတော့..
😋 Daily Breakfast
📺 TV & Minibar
🥤 Drinking Water
❄ Air con (Only Bungalow)
☕ Complimentary Tea/Coffee
🚿 Hot & Cold Shower
🛁 Bath Tub (Only Deluxe & Bungalow)
🚨2:00PM (Check In) / 12:00PM (Check Out)
🔌 Electricity (According to EPC)
🔌 Generator - 6pm to 10pm

📌 ဟိုတယ်တည်နေရာ မြေပုံတွင် ကြည့်ရန်
https://www.google.com/maps/place/Green+Haven+Hotel,+Kalaw/@20.6229419,96.557388,17z/data=!3m1!4b1!4m10!3m9!1s0x30ceb79779a2e397:0xe0cc2d7f59c970ff!5m3!1s2023-08-12!4m1!1i2!8m2!3d20.6229419!4d96.5599629!16s%2Fg%2F1q5bl8kl_?authuser=0&entry=ttu

🌲🌻🍁မြန်မာပြည်ရဲ့ ဆွစ်ဇာလန်လို့ တင်စားလို့ရတဲ့ကလောမြို့လေးမှာ Luxury ဆန်ဆန် ထင်းရှူးတောကြီးတွေ ကြားထဲက နိဗ္ဗာန်ဘုံလေး Kal...
17/08/2023

🌲🌻🍁မြန်မာပြည်ရဲ့ ဆွစ်ဇာလန်လို့ တင်စားလို့ရတဲ့ကလောမြို့လေးမှာ Luxury ဆန်ဆန် ထင်းရှူးတောကြီးတွေ ကြားထဲက နိဗ္ဗာန်ဘုံလေး Kalaw Cabin ⛺🏡🌲

ကို့နေရပ်ဌာနိက🔥 မီးမလာလို့ပူအိုက်ပြီး လောင်မြိုက်ခြင်းတရားတွေနဲ့ ကွာဝေးဖို့ဆိုတာ ဒိလိုအေးချမ်းလှတဲ့ နိဗ္ဗာန်လေးမှာ သွားရောက်အပန်ဖြေဖို့အကြံပြုပါရစေ။❄🌲

👉Kalaw Cabin အကြောင်း ...
Kalaw Cabin က 5 Star Hotel မဟုတ်ပါ။ ခြံကြီးတစိခြံထဲမှာ လုံးချင်းအိမ်လေးတွေဖြစ်တဲ့
အတွက်ကြောင့် ကိုယ်ပိုင်အိမ်လေးလို Luxury ဆန်ဆန် ဇိမ်ခံလို့ကောင်းမဲ့ နေရာလေပဲ ဖြစ်ပါတယ်။

A .🩵Classic Cabin🩵 (Cabin အကြီး) တစ်လုံး
B .🤍Mini Cabin🖤 (Cabin အသေး) နှစ်လုံး

Classic Cabin အကြီးဟာဆိုရင်တော့ လုံးချင်း Luxury Holiday Home အမျိုးအစားဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းကတော့ 1240 sq.ft ရှိပြီး ၃ထပ်လုံးချင်းအိမ်လေ'ပဲ ဖြစ်ပါတယ်။ ၂ယောက်အိပ်ခန်းကတော့၂ခန်းရှိပြီး ဒုတိယထက်မှာတော့ Extra Bed များနှင့်နေနိုင်ရန်အတွက် Hall Type ပုံစံလေးထားရှိပေးထားပါတယ်။ တောင်တန်းတွေကြည့်ရှု့နိုင်ရန် ကြိုးပုခက်စင်တွေ ထင်းရျူးတောများကို ကြည့်ရှုခံစားနိုင်တဲ့ ဝရံတာတွေလည်း ပါရှိပါတယ်။ ရေပူ၊ရေအေးရရှိနိုင်သော ရေချိုးခန်း၊
အိမ်သာများ ၊ ရေစိမ်ကန်းများလည်း ပါရှိပါသေးတယ်။

❤အျခားပါဝန်သောဝန်ဆောင်မှုတွေကတော့...
-မနက်စာ(ဒေသ အစားအစာ)
-ကော်ဖီ ၊ လက်ဖက်ရည်
-ဆန်၊ဆီ၊ဆား ဟင်းချက်အမွှေးအကြိုင်များ
-ကြက်ဉ၊အသင့်စားခေါက်ဆွဲထုတ်များ
-မျက်နှာသုပ် ပုဝါနှင့်ရေချိုးခန်း သုံးပစ္စည်းများ
-ကိုယ်တိုင်ချက်ပြုတ်နိုင်သော မိးဖိုချောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများ
-ရေခဲ့သေတ္တာ၊အဝတ်လျှော်စက်၊Air-con၊Dryer
-Wifi,Smart TV,PSI Satellite
-Bluetooth Speaker
-ဆေးသေတ္တာ၊ဂိမ်းမျိုးစုံနှင့်စာအုပ်များ၊ဂီတာ
-ယောဂဖျာနှင့်ကြက်တောင်ရိုက်ပစ္စည်းများ

❓ခြံဝန်းအပြင်အဆင်...
-ကားParking
-စိုက်ပျိုးရေးပန်းဉယာဉ်
-ပိုက်ကြိုးပုခက်
-ထင်းရှူးတောအားကြည့်ရျုခံစားနိုင်ရန် သစ်စား Decking
-မီးပုံပွဲများ ပါတီများလုပ်ရန် ကျယ်ဝန်းသောနေရာ

😘Classic Cabinစျေးနှုန်းလေးတွေက
🔸1pax :110,000 Ks
🔸2pax :110,000 Ks
🔸3pax :135,000 Ks
🔸4Pax :160,000 Ks
🔸5pax :185,000 Ks
🔸6pax :210,000 Ks

B .Mini Cabin (Cabin အသေး)ဟာဆိုရင်တော့ ၂လုံးရှိပါတယ်။White Delight နှင့်
Black magic ဆိုပြီး Theme နှစ်မျိုးလေး ခွဲထားပေးပါတယ်။

🤍 White Delight 🤍
အဖြူရောင် Mini Cabin လေးရဲ့နာမည်ကတော့ "White Delight"တဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မဲ့ အဖြူရောင် နိဗ္ဗာန်လေးပါ။ Cabin လေးထဲဝင်လိုက်တာနဲ့ စိတ်ကိုကြည်လင်လန်းဆန်းပြီး
Fresh ဖြစ်တဲ့ Feelingမျိုးကို အပြည့်အဝရရှိစေပါတယ်။ ဖုန်းတွေဘာတွေမသုံးပဲ ငြိမ်ငြိမ်လေးနဲ့ စိတ်ကို detox လုပ်လို့ကောင်းတဲ့နေရာမျိုးလေး.. ဒါမှမဟုတ် ချစ်သူစုံတွဲတွေအတွက် Romantic ဖြစ်တဲ့နေရာလေးပေါ့.. White အဓိပ္ပါယ်ကတော့ “Calm and Pleasure”.. White Crazy လေးတွေအတွက်ကတော့ ဘာများဖြစ်မလဲမသိ 🤔🤔

🖤 Black Magic 🖤
Mini Cabin အမည်းလေးကို “Black Magic” လို့ နာမည်ပေးထားတယ်… အမည်းရောင်လေးနဲ့ မှော်ဆန်တဲ့နေ့ရက်တွေကို ဖြတ်သန်းလို့ရမယ့်နေရာလေးပေါ့…

Black က ကိုယ့်အတွက်တော့ elegant and classy ဖြစ်တဲ့အရောင်လေးပါ… တခုခုကို Focus အပြည့်နဲ့လုပ်ရမယ့်ဟာတွေ Power/Energy လိုတဲ့နေ့တွေဆို အဲ့ဒီ Cabin လေးထဲမှာ အလုပ်လုပ်ဖြစ်တယ်… လူတိုင်းတော့ Feeling မတူနိုင်တာမို့ Black crazy လေးတွေက ဘယ်လို review ပေးမလဲလို့ မင်မင်လည်း ရင်ခုန်နေမိပါပြီနော်…

Area က 350 sq ft လောက်ပဲရှိတာမို့ "Living in a shoebox" ဆိုတဲ့ Feeling မျိုးလေးရမယ့် Mini Cabin လေးပါနော်… အရင် Cabin အကြီးနဲ့မတူတဲ့ အရသာမျိုးပေါ့…

အခန်းအကျယ်အဝန်းကတော့ 325 sq.ft ရှိပြီး ၂ထပ်လုံးချင်းအိမ်လေ'ပဲဖြစ်ပါတယ်။

၂ယောက်အိပ်မွေ့ယာ ၁ခု ၊ ၁ယောက်အိပ် မွေ.ယာ၂ခု ရှိပြီး သက်သောင့်သက်တာနေနိုင်ရန်ကျဘ်ဝန်သော ဧည့်ခန်းလေးထားရှိပေးထားပါတယ်။ တောင်တန်းတွေကြည့်ရှု့နိုင်ရန် ကြိုးပုခက်စင်တွေ ထင်းရျူးတောများကို ကြည့်ရှုခံစားနိုင်တဲ့ ဝရံတာတွေလည်းပါရှိပါတယ်။ ရေပူ၊ရေအေးရရှိနိုင်သော ရေချိုးခန်း၊
အိမ်သာများ ၊ ရေစိမ်ကန်းများလည်း ပါရှိပါသေးတယ်။

❓ပါဝန်သောဝန်ဆောင်မှုတွေကတော့...
-မနက်စာ(ဒေသ အစားအစာ)
-ကော်ဖီ ၊ လက်ဖက်ရည်
-သောက်ရေသန့်
-မျက်နှာသုပ် ပုဝါနှင့်ရေချိုးခန်း သုံးပစ္စည်းများ
-ရခေဲ့သတ်ေတာ၊Air-con၊Dryer
-Wifi,Smart TV,PSI Satellite
-ဆေးသေတ္တာ၊ဂိမ်းမျိုးစုံနှင့်စာအုပ်များ၊ဂီတာ(Reception မှာတောင်းရန်)
-ယောဂဖျာနှင့်ကြက်တောင်ရိုက်ပစ္စည်းများ(Reception မှာတောင်းရန်)

❓ခြံဝန်းအပြင်အဆင်...
-ကားParking
-စိုက်ပျိုးရေးပန်းဉယာဉ်
-ပိုက်ကြိုးပုခက်
-ထင်းရှူးတောအားကြည့်ရျုခံစားနိုင်ရန် သစ်စား Decking
-မီးပုံပွဲများ ပါတီများလုပ်ရန် ကျယ်ဝန်းသောနေရာ

😘 Mini Cabin Price
🔸1pax :650,00 Ks
🔸2pax :65,000 Ks
🔸3pax :85,000 Ks
🔸4Pax :105,000 Ks

📌Location
(၇)ရပ်ကွက်၊မြတ်ရဲအင်းရပ်ကွက်၊ကလောမြို့၊
Cabin လေးကတော့ ကလောမြို့ရဲ့ Hotel Zoneထဲမာတည်ရှိတာပဲဖြစ်ပါတယ်။

ကလောနာရီစင်....ကလောနာရီစင်ကို ၂၀၁၇ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်...Photo: Credit to rightful owner   #ကလော
16/08/2023

ကလောနာရီစင်....

ကလောနာရီစင်ကို ၂၀၁၇ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်...

Photo: Credit to rightful owner

#ကလော

ကလောမှာ...တစ်ယောက်ကို(၁၅၀၀၀)ကျပ်နဲ့တည်းလို့ရမည့်ချစ်စရာဘန်ဂလိုလေး🏠ကလောကိုBudget ခရီးသွားချင်တဲ့သူများအတွက် အရမ်းအဆင်ပြေတ...
16/08/2023

ကလောမှာ...တစ်ယောက်ကို(၁၅၀၀၀)ကျပ်နဲ့တည်းလို့ရမည့်ချစ်စရာဘန်ဂလိုလေး🏠

ကလောကိုBudget ခရီးသွားချင်တဲ့သူများအတွက် အရမ်းအဆင်ပြေတယ်နော်🍀

🏠ချစ်စရာခေါင်မိုးချွန်ချွန်အိမ်လေးကိုတည်းမယ်ဆိုရင် တစ်အိမ်ကို(၃၀၀၀၀)ကျပ်ပါ (၂)ယောက်နေလို့ရတယ် တစ်ယောက်ကိုမှ(၁၅၀၀၀)ခွဲစီပဲကျမှာပါနော်❣️

GreenPeaceLandVilla🏠

မနက်စာမပါဝင်ပါဘူးနော်
မနက်စာစီစဉ်ခိုင်းရင်တော့စီစဉ်ပေးတယ်တဲ့🤗

ကလောမှာသဘာဝကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ GreenPeaceLandVilla

ကလောရောက်လို့Hotel တွေမှာဈေးဈေးကြီးကြီးမတည်းချင်ဘူး ဈေးသက်သာပြီးနားအေးပါးအေးရှိတဲ့ ကိုယ့်အိမ်လေးလိုမျိုးနေထိုင်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ GreenPeaceLandVilla ကိုသာ သတိရလိုက်ပါနော်

🍀ချစ်စရာကောင်းတဲ့ Green Peace Land Villa လေးကို သဘာဝကျောက်တုံးများနှင့် ဆောက်လုပ်ထားတာမို့ ပူတဲ့အချိန်မှာ အေးမြခြင်းကို ခံစားရပြီး အေးတဲ့ရာသီမှာ အနွေးဓာတ်ရရှိမှာဖြစ်ပါတယ်💚

👉Facilities👈 တွေကတော့

• Master bedroom နှစ်ခန်း

• Family Room နှစ်ခန်း(ခြောက်ယောက်အထိတည်းလို့ရပါတယ်)

• Living Room

• Dining Room

• Kitchen

• Relaxation Area

• Car Parking(ကားလေးစီးအထိရပ်လို့ရပါတယ်)

✅ ရေချိုးခန်းအားလုံးရေပူရေအေးပါပြီးသားပါနော်😊😊

Wifi လဲပါတယ်
ဒီနေရာလေးက ချောင်နဲနဲကျတယ်ဆိုပေမယ့်ဘူတာ၊နာရီစင်၊ဈေး အကုန်နီးပါတယ်နော်
လမ်းလဲသာတယ် ရှာရတာလဲ လွယ်တယ်ခြံဝင်းကကျယ်လို့ ကား(၄)စီးစာတော့ထားလို့ရတယ်

kitchen room လည်းရှိတယ် ရေခဲသေတ္တာ၊ မီးဖို ၊ ပေါင်းအိုး ၊ blender ၊ဒယ်အိုး၊ ဇွန်း ပန်းကန် ခွက် စုံနေတာပဲ အကုန်ရှိတယ် စိတ်ကြိုက်ချက်စားလို့ရတယ်🥰

🤔ဘာတွေနဲ့နီးလဲ?

• ကလောဘူတာ(🚶‍♂️🚶‍♂️10 mins 🚶‍♂‍🚶‍♂‍)
• Maluca Villa Bar & Resturant (🚶‍♂‍🚶‍♂‍ 5 mins 🚶‍♂‍🚶‍♂‍)

Credit : Popular Paoh Stars

ကလောမြို့က နောက်ထပ်နေရာသစ်လေး☘️N-32 Coffee House Kalaw ကော်ဖီဆိုင်လေး ☕☘️ကော်ဖီလဲအကြိုက်တွေ့စေမယ် ဓာတ်ဖမ်းလို့လဲ အရမ်းကေ...
14/08/2023

ကလောမြို့က နောက်ထပ်နေရာသစ်လေး☘️

N-32 Coffee House Kalaw ကော်ဖီဆိုင်လေး ☕☘️

ကော်ဖီလဲအကြိုက်တွေ့စေမယ် ဓာတ်ဖမ်းလို့လဲ အရမ်းကောင်းတယ် အားလုံး အဆင်ပြေစေမဲ့ ချစ်စရာဆိုင်လေးပါ☘️

တမူထူးခြားတဲ့ဆိုင်ရဲ့ဒီဇိုင်းနဲ့
ဆိုင်ကနေ တောင်တန်းတွေကိုရှုစားရင်းကော်ဖီပူပူလေးတစ်ခွက်နဲ့အလိုက်ဖက်ဆုံးပဲ☘️

အေးအေးဆေးဆေးနဲ့ကော်ဖီသောက်ရင်းနဲ့ထိုင်လို့ကောင်းတဲ့ဆိုင်လေးပါ☘️

ကလောရောက်ရင် နောက်ထပ်သွားစရာတစ်နေရာထပ်တိုးလိုက်​ပြီနော်😍

📌ကော်ဖီဆိုင်ကဖွင့်ထားတာရက်ပိုင်းပဲရှိပါသေးတယ်နော်

တည်နေရာ-မြတော်ဝင် ဟိုတယ်ရှေ့၊နီးဘုရားလမ်းဆုံအနီး၊ကလောမြို့

Credit : Paoh Stars

ကလောမြို့ရောက်ရင် သွားလည်လေ့ရှိတဲ့..."ဘဝသံသရာတံတား"ဘဝသံသရာဟု ခေါ်ဆိုနေကြသည့် တံတားသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမ...
14/08/2023

ကလောမြို့ရောက်ရင် သွားလည်လေ့ရှိတဲ့..."ဘဝသံသရာတံတား"

ဘဝသံသရာဟု ခေါ်ဆိုနေကြသည့် တံတားသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့၊ တောင်လေးလုံးကျေးရွာ အနီးတွင် တည်ရှိပါသည်။

ဘဝသံသရာတံတားသည် မီးရထားဖြတ်သန်းရာတွင် အသုံးပြုသည့်သည့် မီးရထားသံလမ်းတံတား အမျိုးအစား ဖြစ်ပြီး သာစည်မြို့နှင့် ရွှေညောင်မြို့အကြား မိုင်တိုင်အမှတ် (၃၇၉/၇-၈) တွင် ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါ သာစည်-ရွှေညောင်အကြားတွင် တံတားအစင်းပေါင်း ၄၀၀ ကျော်ရှိသည့် အနက်မှ ဘဝသံသရာတံတားသည် တံတားအမှတ် (၃၈၂) ဖြစ်သည်။

တံတားအမြင့်မှာ (၆၂)ပေမြင့်ပြီး အရှည်မှာ ပေ ၂၀၀ ရှိသော CIP. R13A သံဘောင်အမျိုးအစား တံတားဖြစ်သည်။

ဘဝသံသရာတံတားကို ၁၉၂၇-ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၉၆) နှစ်ခန့်ရှိပြီဖြစ်သည်။

ဘဝသံသရာတံတားဟု အမည်တွင်ခြင်း

ဘဝသံသရာတံတား၏မူလအမည်မှာ နန်းနွတ်ချောင်းတံတားဖြစ်ပြီး ဘဝသံသရာတံတားဟု ခေါ်ဆိုကြခြင်းမှာ ၁၉၅၆-ခုနှစ်တွင် ရုပ်ရှင်ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် ဘဝသံသရာအသံထွက်ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်ခဲ့သည့်အတွက် ဘဝသံသရာတံတားဟု အမည်တွင်သွားခြင်းဖြစ်သည်။
၁၉၂၇-ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သော်လည်း ၁၉၅၆-ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်းဖြစ်သည်။

အဆိုပါတံတားသည် အထက်ဟဲဟိုးသို့ခုတ်မောင်းရာ၌ ခရုပတ်စက်ဝိုင်းသဏ္ဍာန် အတက်အဆင်းများစွာဖြင့် မောင်းနှင်ရသော အနိမ့်အမြင့်၊ အကွေ့အကောက်၊ အတက်အဆင်းများလှသောကြောင့် သံသရာစက်ဝန်းတွင် ကျင်လည်နေရသည့် ပုထုစဉ်လူသားတို့၏ဘဝနှင့် နှိုင်းယှဉ်၍ ဒါရိုက်တာ ဦးသုခက ဘဝသံသရာရုပ်ရှင်ဇာတ်ကားအား အဓိကဇာတ်ဝန်ခန်းအဖြစ် ရိုက်ကူးခဲ့ရာမှ ဘဝသံသရာတံတားဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
မင်းသားကြီးဦးဇေယျ၊ မင်းသမီးကြီး ဒေါ်မေသစ်တို့၏ ”ဘဝသံသရာ”ဇာတ်ကား နှင့် လိုက်ဖက်သည့် သီချင်းစာသားဖြစ်သော
”ဘဝသံသရာ၊ မနေမနားတသွားထဲ သွားကြ ရှာ၊ ခရီးပန်းတိုင် မရောက်မချင်း၊ တစ်ယောက် ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွာ မှာ”ဆိုသည့် စာသားအတိုင်း
ဘဝသံသရာတံတားမှာ ဟဲဟိုးဘက်မှတောင်ကုန်းအား နန်းနွတ်ချောင်းကမ်းပါးအတိုင်းတက်လာပြီး တံတားဖြင့်ချောင်းအား ဖြတ်သန်းကာ ရွှေညောင်ဘက် အခြမ်းတွင် တောင်ကမ်းပါးယံ၊ သာစည်-ရွှေညောင်ကားလမ်းတို့နှင့် ထိပ်တိုက်တွေ့ဆုံနေသဖြင့် နန်းနွတ်ချောင်းအောက်သို့ ကွေ့ဆင်းကာ တံတားအောက်မှ ပြန်လည်ဖြတ်သန်း၍ နှစ်ထပ်ပုံစံတည်ဆောက်ထားခြင်းကြောင့် အလွန်တရာမှ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
”အထက်မှ အောက်” ”အောက်မှ အထက်”၊ ”အနိမ့်မှ အမြင့်” ”အမြင့်မှ အနိမ့်”စသည့် သီချင်းစာသားများနှင့် ကိုက်ညီ ပြီး အကယ်ဒမီဆုများစွာရရှိခဲ့သည့် ဇာတ်ကားကြောင့် ထင်ရှားသည့် တံတား တစ်စင်းဖြစ်ပါတယ်။

ဘဝသံသရာတံတား၏ထူးခြားချက်များ

ဘဝသံသရာတံတား၏ထူးခြားချက်မှာ ရထားသံလမ်းသည် တံတားပေါ်မှဖြတ်၍ အောက်တည့်တည့်သို့ကွေ့ဝိုက်ကာ စက်ဝိုင်းပုံသဏ္ဍာန် ပြန်ရောက်သွားခြင်းဖြစ်သည်။
တံတားသည် တောင်တန်းများအကြားတွင်တည်ရှိပြီး သာယာလှပသည့် မြင်ကွင်းများကို တံတားပေါ်မှမြင်တွေ့နိုင်ပါသည်။

မြန်မာနိုင်ငံတွင် သမိုင်းဝင်နာမည်ကျော်ကြားသောတံတားများ အနက် ဘဝသံသရာတံတားသည် နာမည်ကျော် ဂုတ်ထိပ်တံတားနည်းတူ အပါအဝင်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်ကြသူများ လေ့လာလည်ပတ်ကြသည့် နေရာတစ်ခုဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်း ကလော,တောင်ကြီး အစရှိသည့်မြို့ကြီးများနှင့် အင်းလေးဒေသများသို့ လာရောက်လည်ပတ်သူများအနေဖြင့် ဝင်ရောက်လည်ပတ်သင့်သည့်နေရာ တစ်ခုလည်းဖြစ်ပြီး တံတားသည် ပြည်ထောင်စုလမ်းမကြီး၏ဘေးတွင် တည်ရှိသည့်အတွက် အချိန်အမြောက်အများပေးစရာမလိုသည့် နေရာတစ်ခုလည်းဖြစ်သည်။

photo crd.

ကလောကနေတောင် မပြန်ချင်တော့ဘူးလို့ ဖြစ်သွားစေမယ့် အိမ်ကလေး...Kalaw 225 🌲🌲🌲❄❄ရှမ်းပြည်ရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရပြီး ...
14/08/2023

ကလောကနေတောင် မပြန်ချင်တော့ဘူးလို့ ဖြစ်သွားစေမယ့် အိမ်ကလေး...Kalaw 225 🌲🌲🌲❄❄

ရှမ်းပြည်ရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရပြီး စိမ်းစိုလှတဲ့မြတ်ခင်းလေးတွေ ထိုင်ခုံလေးတွေရှိတာကြောင့် စိတ်ကျေနပ်မှုအများကြီး ရစေမှာပဲဖြစ်ပါတယ် ။🤗😘😍

Kalaw225 ဆိုတာက Vacation Home လေးပါ အဖွဲ့လိုက် အစုလိုက်လေးတွေကို အိမ်တစ်လုံးစီ ငှားပေးတဲ့ Rent Homeလေးပဲဖြစ်ပါတယ်။

အိမ်အမျိုးအစား (၄)မျိုးရှိပါတယ်။

Royal 225 - 170000 (8 Pax)

ထင်းရှူး225 green
🏠- 80000(4 Pax)
🏠- 70000 (3 Pax)
🏠- 60000 (2 Pax)

စိန်ပန်းပြာ225 blue
🏠- 80000(4 Pax)
🏠- 70000 (3 Pax)
🏠- 60000 (2 Pax)

ချယ်ရီ 225
🏠- 80000(4 Pax)
🏠- 70000 (3 Pax)
🏠- 60000 (2 Pax) ဆိုတဲ့ အိမ် 4 အိမ်ရှိပါတယ် 🏡

ပါဝင်တဲ့ဝန်ဆောင်မှုလေးတွေကတော့
မနက်စာပါ၀င်ပါတယ် ☕️
(ရှမ်းအစားအစာ,225 coffee ,fruit )
ရေပူရေအေး
TV
wifi
ရေခဲသေတာ
စာအုပ်စင်လေး
Air cooler
Dryer
Kitchen
microwave
Coffee maker
Toaster
အသီးဖျော်စက်
သွားတိုက်ဆေး သွားပွတ်တံ
ခေါင်းလျှော်ရည် ဘီး
ဆပ်ပြာ
ရေချိုးသဘက်
မျက်နှာသုတ်ပုဝါ
ကြက်တောင်
ဂီတာ ပါ ပါတယ်
မီးပြတ်ခဲ့ရင် solar system တပ်ထားလို့ 24hours lighting ရပါတယ်✨

တခြံလုံး Solar မီးတွေထွန်းထားပါတယ် ✨

225 က အခုမှ ကလောမှာ vacation home လုပ်တာမဟုတ်ပါဘူး🧚‍♀️

2017 ထဲက Royal225ကို စလုပ်ခဲ့ပြီး 2021မှာ အိမ်အသေးလေး ၃အိမ်ကို ထပ်ဆောက်ထားတာပါ 🧚‍♀️

225 က ကလောမြို့ပေါ်မှာရှိတာပါ ကလောမြို့ ၉ရပ်ကွက် နှီးဘုရားအနီး Kalaw cafe yard coffee shop လှလှလေးအရှေ့မှာရှိပါတယ် 🧚‍♀️

မြို့ပေါ်မှာရှိပေမယ့် မြို့ထဲ မဟုတ်တဲ့အတွက် ရှူခင်းကောင်းတယ် လေကောင်းလေသန့် ရတဲ့နေရာလေးမှာ ထင်းရှူးပင်လေးတွေနဲ့ အေးအေးဆေးဆေးအနားယူလို့ရတဲ့နေရာလေးပါ🧚‍♀️

ခြံကျယ်လို့ BBQ ,hot pot မီးပုံပဲွ လုပ်လို့ရပါတယ် 🧚‍♀️

225 ဧည့်သည်များအတွက် သီးသန့် family karaokeလဲဆိုလို့ရပါတယ်🧚‍♀️

စက်ဘီးလဲ စီးလို့ရအောင် ထားထားပေးပါတယ်🧚‍♀️

ခြံလုံခြုံရေးအတွက် ညစောင့်လဲရှိပါတယ် 🧚‍♀️

အနီးအနားဆိုင်တွေဆီကမှာစားလို့ရအောင်menuလေးထား ထားပေးပါတယ် 🧚‍♀️

ကလောမှာ ကိုယ်ပိုင်အိမ်လေး တအိမ်ရှိသလို သဘောထားပြီး လာလည်ပါနော် 🧚‍♀️

အိမ်လေးက၀န်ထမ်းတွေက ဧည့်သည်တွေကို အဖြူစင်ဆုံး နဲ့ အရိုးသားဆုံး ဆက်ဆံ ဖို့နဲ့ အပြုံးလေးတွေ လက်ဆောင် ပြန်ပေးလိုက်ချင်ပါတယ်ရှင် ☺

📌 Location
နှီးဘုရား အနီး (၉)ရပ်ကွက် ၊ Kalaw cafe yard Coffee shop အရှေ့

🌲 ကလောမြို့..တောင်ကုန်းတောင်စောင်းပေါ်ကချစ်စရာဟိုတယ်လေး☘️ကလောရောက်ရင် သဘာဝအလှတရားလည်းမြင်ချင်တယ် တောတောင်အလှလည်းမြင်ချင်...
13/08/2023

🌲 ကလောမြို့..တောင်ကုန်းတောင်စောင်းပေါ်ကချစ်စရာဟိုတယ်လေး☘️

ကလောရောက်ရင် သဘာဝအလှတရားလည်းမြင်ချင်တယ် တောတောင်အလှလည်းမြင်ချင်တဲ့ဆိုတဲ့သူတွေအတွက်ကလောရောက်ရင်သွားတည်းကြည့်သင့်တဲ့ဟိုတယ်လေးပါ☘️

ဟိုတယ်နာမည်လေးက "☘️Green Valley Kalaw Hotel" ပါတဲ့

ကလောမြို့ကိုရောက်ရင်....
တောင်တန်းကြားလေးထဲရှိတဲ့ Hotel လှလှလေးမှာတည်းပြီး ကလောမြို့ရဲ့ အေးမြလှပတဲ့အရသာကို ဟိုတယ်ကနေ ငေးကြည့်ရင်းနဲ့ကလောမြို့ရဲ့အလှပကိုတဝကြီးခံစားလို့ရမယ့်ဟိုတယ်လေး☘️Green Valley Kalaw Hotel

ကလောမြို့ကိုရောက်လို့တခြားဘယ်မှသွားမလည်ဘဲ အပန်းဖြေဖို့၊ နားဖို့သက်သက်လာချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်

မိုးရာသီကို (9) လပိုင်းအကုန်ထိ promotion စျေးလုပ်ပေးထားပါတယ်တဲ့နော်☘️

🏡 ကားဂိတ်နဲ့ Hotel အကြိုအပို့လည်းလုပ်ပေးပါတယ် ကြိုရမယ်ဆိုရင် Hotel ကိုဖုန်းလေးကြိုဆက်ထားပေးဖို့တော့လိုပါတယ်နော်

📌 ဟိုတယ်တည်နေရာ မြေပုံတွင် ကြည့်ရန်
https://www.google.com/.../data=!3m1!4b1!4m10!3m9...

Crd: Popular Paoh Star

"ကလော" ဟု ခေါ်သည်...။Photos Credit     #ကလော          #တောင်ကြီး  #အင်းလေး
12/08/2023

"ကလော" ဟု ခေါ်သည်...။
Photos Credit
#ကလော #တောင်ကြီး #အင်းလေး

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959895070065

Website

Alerts

Be the first to know and let us send you an email when Kalaw & Around posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw & Around:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share