Y&T Travels and Tours

  • Home
  • Y&T Travels and Tours

Y&T Travels and Tours We are newly formed Travels and Tours Company in Myanmar. We will keep on update Tours Programs and latest news about Myanmar.

Credit to Min Thuya Halaing for sharing his experience. ခရီးစဉ်​ကို ပြန်​လည်​ မျှဝေပေးတဲ့ ကိုမင်းကို ကျေးဇူးတင်​ပါတယ်​။...
13/07/2019

Credit to Min Thuya Halaing for sharing his experience.
ခရီးစဉ်​ကို ပြန်​လည်​ မျှဝေပေးတဲ့ ကိုမင်းကို ကျေးဇူးတင်​ပါတယ်​။

#ဥရောပခရီးစဉ်

**** ဥရောပ ခရီးစဉ် သတိပြုသင့်တဲ့ အချက်များ (ပူပူနွေးနွေး ပြန်ရောက်ခါစ မှတ်မိသလောက်) ****

ဥရောပဟာ အလွန်လှတဲ့ နိုင်ငံတွေစုနေတဲ့ နေရာပါ။ အဲဒီကို အနည်းဆုံး တခေါက်လောက်သွားလည်ဖို့ဆိုတာ လူတိုင်းရဲ့ အိမ်မက်တစ်ခုလို့ထင်ပါတယ်။ ပဲရစ် မျှော်စင် နဲ့ ပဲရစ်က ကဗျာဆန်ဆန် အဆောက်အဥုံတွေ၊ ဆွစ်ဇာလန်က ပန်းချီကားဆန်ဆန် အရမ်းလှတဲ့ Alps တောင်တန်းတွေဟာ တကယ်ရောက်ဘူးသင့်တဲ့ နေရာတွေပါ။ ဒီလိုနေရာတွေကို သွားရာမှာ ပျော်ရွှင်စရာဖြစ်အောင် ဒီအချက်လေးတွေ မျှဝေချင်ပါတယ်။ Travel agent နဲ့သွားလည်း ဒီအချက်တွေက အသုံးဝင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်တိုင် ခရီးစဉ်ဆွဲပြီး သွားဖြစ်ခဲ့ပါတယ်။

*** ခရီးဆောင်အိတ်များ ***
အိတ်တွေကို တတ်နိုင်သလောက် အနည်းဆုံးယူပါ။ ရထားနဲ့သွားရတာများလို့ အိတ်အများကြီးနဲ့ဆို ရထားတစီးနဲ့တစီး ပြောင်းရတာ၊ ဟော်တယ်ဆီ အရောက်ဆွဲရတာ မလွယ်ပါဘူး။ အိတ်များလေ ပိုပင်ပန်းလေပါဘဲ။ အိတ်ထဲအဝတ်တွေ ထည့်ရာမှာ ဖောင်းနေတဲ့ အဝတ်တွေကို (ဥပမာ အနွေးထည်ထူထူတွေ) ဝန်နည်းအောင် လေစုတ်လို့ရတဲ့ အိတ်သေးသေးလေးတွေထဲ ထည့်ပြီးမှ ခရီးဆောင်အိတ်ထဲ ထည့်သင့်ပါတယ်။

*** အနွေးထည် ***
ဥရောပနိုင်ငံတွေဟာ နွေရာသီဆိုတာတောင် ၂၀ ဒီဂရီလောက်ဆိုတာ အပူဆုံးပါဘဲ (အပူလှိုင်း ဖြတ်ချိန်ကလွှဲလို့)၊ အဲယာကွန်းခန်းထဲမှာ အမြဲနေနေရသလို အေးပါတယ်။ သွားမဲ့နိုင်ငံနဲ့ မြို့တွေရဲ့ရာသီဥတူ အနေအထားကိုက်ညီအောင် အနွေးထည်တွေယူသွားပါ။ (ကျွန်တော်တို့ကတော့ အနွေးထည်တွေယူသွားပေမဲ့ အပူလှိုင်းဖြတ်လို့ ခရီးစဉ် တဝက်ကျော် အနွေးထည် မဝတ်ခဲ့ရပါဘူး။ အဲကြောင့် မလိုဘူးဆိုပြီး ဟိုတယ်မှာ အခြားအိတ်ထဲထည့်အပ်ခဲ့တာ နယ်သာလန်မှာ ပြန်အေးလို့ အနွေးထည် မလောက်မငနဲ့ တိုင်ပတ်ခဲ့ရပါတယ် 😆)။

ဘယ်လောက်ပူပူ ဆွစ်ဇာလန် တောင်တွေပေါ်မှာ အမြဲအေးပါတယ်။ အနွေးထည် ကောင်းကောင်းတစ်ထည် လိုကိုလိုပါတယ်။ သွားရမဲ့ ရက်ကပ်လာရင် သွားမဲ့နေရာတွေရဲ့ ရာသီဥတု အနေအထား နောက်တခါ ထပ်စစ်ပြီး အနွေးထည်တွေ အတိုးအလျော့လုပ်သင့်ပါတယ်။

*** အစားအသောက် ***
ဥရောပမှာ ထင်သလောက် အစားအသောက်မဆင်းရဲ ခဲ့ပါဘူး။ တရုတ်ဆိုင် ထိုင်းဆိုင် ကုလားဆိုင် (မြန်မာဆိုင်ကလွှဲလို့ 😬 တဆိုင် ၂ဆိုင်ပေါ့) မြို့လယ်ခေါင် နေရာတိုင်းမှာ ရှိပါတယ်။ အဲလိုဆိုင်တွေ ရှာစားရင်း နေ့တိုင်း ထမင်းစားလို့ရပါတယ်။ ကုန်းပေါင်ကြော် ထမင်းကြော် ခေါက်ဆွဲကြော်တွေ စားလို့ အဆင်ပြေပါတယ်။ (ဈေးတော့ မမေးနဲ့ 😅)

Google map မှာ "Chinese Restaurant” “Thai restaurant” ဆိုပြီးရှာလိုက်ရင် နီးစပ်ရာဆိုင်တွေပြပြီး ကြိုက်တဲ့ အနီးဆုံးဆိုင်ကို ရွေးပြီး ချီတက်ရုံပါဘဲ။ (ငါးပိချက်နဲ့တို့စရာနဲ့မှ စားချင်ရင်တော့ မသွားပါနဲ့ 😆)

ကျွန်တော်တို့ကတော့ ဒီက လဖက် ready made အစုံပါ ငါးပိကြော်ထုတ်တွေ ယူသွားပါတယ်။ တရုတ်ဆိုင်က ထမင်းဖြူဝယ် ပြီး ဟော်တယ်မှာ လဖက်နဲ့စားလို့ရပါတယ်။ ပြီးရင် ဟိုက ကော်ဖီခါးလို့မသောက်တတ်ရင် ကော်ဖီမစ်ထုတ်တွေယူသွားပါ (ကျွန်တော်တို့ဆို နို့ဆီကို ပလစ်စတစ်ဘူးထဲ ပြောင်းထည့်ပြီး ယူသွားပါတယ်။) ဟိုမှာ ကော်ဖီထဲရောပြီး ဒီကအတိုင်း သောက်လို့ရခဲ့ပါတယ်။ ခေါက်ဆွဲခြောက်ဘူးတွေလည်း ယူသွားလို့ရပါတယ်။

*** ရထားလက်မှတ် ၊ ကားလက်မှတ် ***
ဥရောပမြို့တစ်မြို့နဲ့တမြို့သွားရာမှာ ရထားနဲ့သွားတာ အကောင်းဆုံးပါဘဲ။ ဒါမဲ့ ရထားတွေကောင်းသလို
ရထားလက်မှတ်ကလည်း တစ်ခုချင်း ဝယ်ရင် အလွန်ဈေးကြီးပါတယ်။ အဲဒါကြောင့် နိုင်ငံ အများကြီးလည်မဲ့ တိုးရစ်စ် တွေအတွက် EU Rail Pass လို့ခေါ်တဲ့ လက်မှတ်ကို ၃ ရက် ၅ရက် ၇ရက် ၁၀ ရက်စာ အထိ ဝယ်ယူနိုင်တဲ့ လက်မှတ်ရှိပါတယ်။ ဒီလက်မှတ်ရှိရင် သူအကြုံးဝင်တဲ့ တစ်ရက်အတွင်းမှာ ရထားကြိုက်သလောက်စီး နိုင်ပါတယ်။ သွားမဲ့ ခရီးစဉ်ကို သေချာကြည့်ပြီး တနိုင်ငံနဲ့ တနိုင်ငံကူး ရထားစီးရမဲ့ရက်တွေ တွက်ပြီး EU Rail Pass ကိုဝယ်ယူနိုင်ပါတယ်။ EU Rail Pass ဟာ ရထားတင်မကဘဲ တချို့နိုင်ငံတွေမှာ (ဥပမာ ဂျာမနီ) ဆိုရင် ဘစ်ကားတွေ၊ မြို့တွင်းရထားတွေ အပြင် အခြားတိုးရစ်တွေလည်တဲ့နေရာဝင်ခွင့်ကို ပုံမှန်ဈေးထက် လျော့ပြီး ဝယ်လို့ရနိုင်ပါတယ်။)

ဆွစ်ဇာလန်မှာဆိုရင်တော့ EU Rail Pass တဲ့ ပိုကောင်းတဲ့ Swiss Pass က ပိုသင့်တော်ပါတယ်။ သူက သဘောတရားတူပေမဲ့ ဆွစ်ဇာလန်နိုင်ငံတွင်းမှာ EU Rail Pass ထက်ပိုပြီး အခွင့်အရေးရပါတယ်။ (ဥပမာ ဆွစ်ဇာလန် နိုင်ငံတွင်းမှာရှိတဲ့ ကန်ကြီးတွေအများကြီးမှာ လှေပတ်စီးရင် Swiss Pass က ကန်တိုင်းနီးပါး အလကား စီးလို့ရပြီး EU Rail Pass ကတော့ ၅၀% ၃၀% ဆိုတဲ့ လျော့ဈေးနဲ့ လှေလက်မှတ်ထပ်ဝယ်ရပါသေးတယ်။) ပြီးတော့ ဒီ Pass တွေမှာ First Class နဲ့ Second Class ဆိုပြီး ဈေးကွာပါတယ်။

ကျွန်တော်တို့ကတော့ ဆွစ်ဇာလန်လည်တဲ့ ၃ရက်ကို Swiss Pass နဲ့လည်ပြီး ကျန်တဲ့ နိုင်ငံတွေကိုတော့ EU Rail Pass နဲ့ ၅ရက်စာ လည်ခဲ့ပါတယ်။)

မြို့တစ်မြို့ရောက်ရင်တော့ မြို့တွင်းသွား ရထားလက်မှတ်ကို ထပ်ဝယ်ရပါတယ်။ မြို့တွင်းသွား ရထားတွေက ဈေးအဲလောက်မကြီးပါဘူး။ ထူးခြားတာက မြို့တွင်းရထား (ဂျာမနီ) နဲ့ ဘစ်တွေမှာ လက်မှတ်မရှိလည်း တက်စီးလို့ရပါတယ်။ သူတို့လူတွေကို ယုံကြည်တာ။ (အဲဒါကြောင့် ပဲရစ်မှာ ဘစ်အတော်များများ အလကား စီးခဲ့ရပါတယ် 😆)

*** ရထားခုံနေရာ Seat Reservation ***
EU Rail Pass ရှိရင် ရထားတိုင်း စီးလို့ရပေမဲ့ အချို့သောနာမည်ကြီးမြို့တွေသွားတဲ့ အမြန်ရထားတွေမှာ (ဥပမာ ဆွစ်ဇာလန်မှ ပဲရစ်သို့ ၊ ပဲရစ်မှ ဘယ်ဂျီယန် ဘရက်စဲသို့ သွားတဲ့ High speed TGV, Thalys လိုင်း) Seat Reservation လို့ခေါ်တဲ့ ခုံနေရာကို ထပ်ပြီး booking လုပ်ရပါတယ်။ မလုပ်ရင် လက်မှတ်တော့ရှိတယ် ဒါမဲ့ ထိုင်စရာနေရာမရှိတို့ အချို့ရထားတွေက အတက်ကိုမခံပါဘူး။ (ပဲရစ်ရထားတွေမှာ အဆိုးဆုံးပါဘဲ) EU Rail Pass ကို ဈေးကြီးပေးပြီး ခုံနေရာကိုလည်း ဈေးကြီးနဲ့ ထပ်ပြီး reserve လုပ်ရတော့ အတော် ရင်ခံပါတယ်။

Seat reservation ကိုဖြစ်နိုင်ရင် ရက်အတော်စောပြီး ကြိုလုပ်သင့်ပါတယ် (အထူးသဖြင့် လူသွားများတဲ့ Paris လိုင်းတွေဟာ weekend ရက်တွေမှာ လူပြည့်ပါတယ်)။ ကျွန်တော်တို့တုန်းက သွားမဲ့မနက်မှ လုပ်မိလို့ မရလို့ ပဲရစ်ကနေ့ ဘယ်ဂျီယန် ဘရက်စဲကို ၁နာရီခွဲနဲ့ ရောက်မဲ့ ခရီးကို အခြားမြို့ကတဆင့် ရထားပတ် အဆင့်ဆင့်စီးခဲ့ရလို့ ၅နာရီကြာမှ ရောက်ခဲ့ပါတယ်။ တိုးနဲ့သွားရင်တော့ ဒီကိစ္စက ပူစရာမလိုလောက်ပါဘူး။

*** ဟိုတယ် ***
ဟိုတယ်ရွေးရာမှာ အရေးကြီးဆုံးအချက်က ရထားဘူတာနဲ့ နီးလားမနီးလား အချက်ပါ။ ဖြစ်နိုင်ရင် မြို့လည်ဘူတာကြီးနားနီးတဲ့ ဟော်တယ်ကို ဈေးနည်းနည်းပိုကြီးလည်း နေသင့်ပါတယ်။ ဘူတာကနေအိတ်တွေနဲ့ သွားရမဲ့ ခရီးတွေးကြည့်။ (ပဲရစ်မှာတော့ မြို့ထဲကိုရထားနဲ့ သွားပြီး မြို့နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ ဘူတာနဲ့နီးရင် နေလို့ အဆင်ပြေပါတယ်။) တက်စီငှားရင် တက်ဆီဖိုးအစား ဘူတာကြီးနဲ့ နီးတဲ့ဟော်တယ်မှာ ဈေးပိုပေးပြီး နေသင့်ပါတယ်။ ပြီးတော့ လည်စရာပတ်စရာတွေက မြို့လည်နေရာတွေမှာ စုနေတာများပါတယ်။ တမြို့မှာ တစ်ရက်၂ရက်ဘဲဆိုတော့ အဆင်ပြေဖို့က အဓိကပါ။

ပြီးတော့ နွေရာသီသွားရင် အဲယာကွန်းပါတဲ့ ဟော်တေယ်တွေ ရွှေးတည်းပါ။ ကျွန်တော်တို့လို အပူလိုင်းဖြတ်တာနဲ့ ကြုံရင် အဲယားကွန်းမရှိတဲ့ ဟော်တယ်မှာတည်းမိလို့ ပူလို့အိပ်မရတဲ့ထိ တိုင်ပတ်ပါတယ်။ ဥရောပမြို့ အတော်များများမှာ ဟော်တယ်အများစုမှာ အဲယားကွန်းမရှိပါဘူး။ (အတွေ့အကြုံအရ အပြင်မှာ လေအေးလဲ အဲယာကွန်းပါရင် လေအဝင်အထွက်ပိုကောင်းပါတယ်။ တံခါးဖွင့်လို့ရပေမဲ့ တချို့နေရာတွေမှာ အပြင်က ရထားသံ ကားသံတွေဆူပါတယ်။)

ပြီးတော့ ရှေ့ဟောင်းမြို့နေရာတွေမှာရှိတဲ့ ဟိုတယ် အတော်များများမှာ ဓာတ်လှေခါးမရှိပါဘူး။လှေခါးကို ၂ထပ် ၃ထပ်တက်ရပါတယ်။ အိတ်တွေနဲ့ဆိုပိုဆိုးပါတယ်။ လူကြီးတွေပါရင် ကိုယ်နေ့မဲ့ဟော်တယ်မှာ ဓာတ်လှေခါး ပါမပါ သိသင့်ပါတယ်။

ကျွန်တော်ကတော့ Booking.com မှတဆင့် အကုန် booking လုပ်တော့ အဲအချက်တွေကိုက်ညီတဲ့ ဟော်တယ်တွေရွှေးလုပ်လို့ အတော်များအဆင်ပြေပါတယ်။ ဆွစ်ဇာလန်တောင်ပေါ်မြို့မှာသာ အေးမှာပါလေဆိုပြီး အဲယားကွန်းမပါတဲ့ ဟော်တယ်ငှားမှိလို့ အပူလိုင်းဖြတ်တာနဲ့ကြုံပြီး တိုင်ပတ်ခဲ့ရပါတယ်။

ပြီးတော့ booking လုပ်ရင် ပေးပြီးသားဈေးထဲမှာ city tax ဆိုတဲ့အခွန်မပါပါဘူး။ဟိုမှာ ဟော်တယ် check out လုပ်ရင်ထပ်ပေးရပါတယ်။တိုးနဲ့သွားရင် ဒီပြဿနာ စိတ်ပူစရာ မလိုလောက်ပါဘူး။

*** အသုံးစရိတ် ***
ဥရောပရဲ့ လည်စရာကောင်းတဲ့မြို့တွေ နေရာတွေအကုန်လုံး ဈေးအလွန်ကြီးပါတယ်။ ဘာဝယ်ဝယ် ဘာစားစား။ အထူးသဖြင့် ဆွစ်ဇာလန်မှာ အခြားနေရာ တွေထက်ဈေးပိုကြီးပါတယ်။ (ဈေးကြီးတယ်လို့ လူသိများတဲ့ စင်ကာပူက သူတွေတောင် oh my god oh my god လို့ပြောရလောက်အောင် ဆွစ်ဇာလန်က ဈေးကြီးပါတယ်) (ဆွစ်ဇာလန် ဇူးရစ်မှာ ကန်ဇွန်းရွက်ကျော်တပွဲကို မြန်မာငွေ ငါးသောင်းနီးပါး ပေးပြီးစားခဲ့ရပါတယ် 😬။ စားသောက်ဆိုင်မှာ လူငါးယောက် စားရင် အနည်းဆုံး ၂သိန်းလောက် ကုန်ပါတယ်။ တရက် ၂ကြိမ် စားသောက်ဆိုင်မှာ စားရင်တော့ တွက်သာကြည့်)။ ကျွန်တော်တို့ မိသားစုကတော့ တရက်ကို တစ်ကြိမ် စားသောက်ဆိုင်မှာ သေချာစားပြီး ကျန်တဲ့ ညနေဘက်တော့ အဆင်ပြေသလိုစားပါတယ်။ (လမ်းဘေးဆိုင် သေးသေးလေးတွေမှာ သူတို့ရဲ့ဒေသစာ အသားညှပ်ပေါင်မုန့်တို့ အာလူးကြော်တို့ စားနိုင်ရင်တော့ အဲလောက်မကုန်ပါဘူး။)

ဆွစ်ဇာလန်မှာ ဈေးပေါတာက ကမ္ဘာကျော် Evian water ပါ။ တစ်ဘူးကို မြန်မာငွေ ၁၅၀၀ လောက်နဲ့ supermarket မှာဝယ်ရင်ရပါတယ်။ (Coop ဆိုတဲ့ supermarket တွေရှာဝယ်ပါ။) လမ်းဘေးဆိုင်တွေမှာတော့ ဈေးကြီးပါတယ်။

ပြီးတော့ တိုးရစ်တွေလည်တဲ့ နေရာတွေမှာ အိမ်သာသုံးတိုင်း ပိုက်ဆံပေးရပါတယ်။ ဒီဘက်နိုင်ငံတွေလို အလကားမရပါဘူး။ စားသောက်ဆိုင်တွေမှာတော့ သုံးလို့ရပါတယ်။

*** လမ်းညွှန် ***
Google map ကိုသေချာသုံးတတ်ရင် ကားပတ်မောင်းလို့ရသလို ချောင်ချိုချောင်ကြားမှာရှိတဲ့ တရုတ်ဆိုင်အထိလည်း သွားလို့ရပါတယ်။ မသွားခင်တည်းက ကြိုပြီး နေရာလေးတွေ ရှာထားပြီး မြို့အလိုက်မှတ်ထားရင် ပိုအဆင်ပြေပါတယ်။

ပြီးတော့ လမ်းလျှောက်ရင် သက်သာတဲ့ walking shoe 👟 တရံသေချာရွှေးဝယ်သွားပါ။ အလွန်လှတဲ့ နေရာတွေကို ရောက်ချင်ရင် လမ်းအလွန်လျှောက်ရပါတယ်။ 😁

ကျွန်တော်လည်း မေးတဲ့သူတွေရှိလို့ ရေးရတာ Travel Blogger တွေလိုတော့ မရေးတတ်ဘူး။ ဒီလောက်ဆို ရပြီထင်ပါတယ်။ 😊

Whether you’re looking for hotels, homes, or vacation rentals, you’ll always find the guaranteed best price. Browse our 2,501,971 accommodations in over 85,000 destinations.

မူရင်းပိုင်​ရှင်​ နန်းကို credit ပေးပါတယ်​။ Post အတွက်​ကျေးဇူးပါ။ မင်​မင်​တို့ သွားနိုင်​တဲ့အရွယ်​တုန်းက ခုခေတ်လို FB...
21/05/2019

မူရင်းပိုင်​ရှင်​ နန်းကို credit ပေးပါတယ်​။ Post အတွက်​ကျေးဇူးပါ။ မင်​မင်​တို့ သွားနိုင်​တဲ့အရွယ်​တုန်းက ခုခေတ်လို FB တို့ internet တို့ ခေတ်​မစားသေးလို့ နဲ့ Blogger တွေ ဘာတွေမရှိသေးလို့ information တွေ ခုလောက်​မရှိသေးဘူး။ ငယ်​တဲ့သူတွေ သွားကြည့်​ဖို့တိုက်​တွန်းပါတယ်​။

14/02/2019


သူငယ်ချင်းတယောက်စီစဉ်ပေးတဲ့ ခရီးစဉ်လေးပါ။ သူကဂျပန်ကို ခု၎လပိုင်း thingyan မှာလည်လို့ရအောင် စီစဉ်ထားတယ်။ ၅ရက်ခရီးပါ။ 7 ယောက်ဆိုရင် ၁ ယောက်free ခေါ်ပါတယ် ။ ဆက်သွယ်ရန် ဒေါ်မြမြ 09794846048ပါ။

Air ticket + hotel + transport အကုန်ပါအပီး

Day 1:

Going to Kamakura Buddha
buying local snack

Day 2:

tokyo tower & tokyo skytree
Shibuya
Ginza Shopping

Day 3:
Disney Sea visit or Disney land

Day 4:
odaiba sightseeing and Japanese kimono wearing and enjoy natural hotspring

(or)

Cherry bloosom sightseeing whole day trip

Day 5:
Asakusa Temple and shopping before going back

Usd: 2200

Air ticket + hotel + transport အကုန်ပါအပီးပါ။

မူရင်းပိုင်ရှင်ချောကို credit ပေးပါတယ်။ မျှဝေမှုအတွက်ကျေးဇူးပါ  #ကယား
08/02/2019

မူရင်းပိုင်ရှင်ချောကို credit ပေးပါတယ်။ မျှဝေမှုအတွက်ကျေးဇူးပါ


#ကယား

  #ဘူတန်မူရင်းပိုင်ရှင်ကို credit ပေးပါတယ်ရှင်။ ဗဟုသုတအတွက် ကျေးဇူးပ့
08/02/2019


#ဘူတန်

မူရင်းပိုင်ရှင်ကို credit ပေးပါတယ်ရှင်။ ဗဟုသုတအတွက် ကျေးဇူးပ့

မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။ မျှဝေမှုအတွက်ကျေးဇူးပါ။ #မြောက်ဦး
23/12/2018

မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။ မျှဝေမှုအတွက်ကျေးဇူးပါ။
#မြောက်ဦး

❄️ နှင်းလွှာတွေရစ်ကာခြုံတဲ့ 🔔 မြောက်ဦး 🔔
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

🔸ဆောင်းဆောင်းဆိုင်းဆိုင်း ပြိုင်ရရိုင်းတည့်
🔸မှိုင်းမှိုင်းအုပ်တွေ ဝေဝေမို့မို့
🔸ညို့ရရို့ နှင့် မြသို့ရှိမ်းရှိမ်း
🔸ခပ်သိမ်းတောတောင် ကုန်အောင်ပတ်ကုန်း
🔸မျော်မဆုံးသည် နှလုံးများဘွယ်ရှိလှသည်။

အင်းဝမှ ရှင်မဟာရဌသာရသည် မြောက်ဦးမြင်ကွင်းကို စပ်ဆိုခဲ့သည့်အတိုင်း မြောက်ဦးရဲ့ အလှဟာ စာဖွဲလို့ ကုန်မယ်မထင်။

ဒီတစ်ခါတော့ ခရီးသွား Reviewထက် ကိုယ်ခံစားမိတဲ့ မြောက်ဦးရဲ့ အလှတရားကို စာဖွဲ့ပြီးပြောပြချင်တယ်။ဒီတစ်ခေါက်တော့ ပုံလေးတွေကို သေချာရိုက်ခဲ့တယ်။ ပုံလေးတွေကြည့်ပြီး ရောက်သွားသလို ခံစားမိစေအောင် ကြိုးစားထားပါတယ်။ Blogger ပီပီ ခရီးသွားတိုင်း ခုနောက်ပိုင်းဆို ခံစားတတ်လာတယ်ဘဲ ဆိုရမလား ခရီးစဉ်တိုင်းကို ရင်ခုန်ခဲ့တယ်။ ခရီးတစ်ခု ထွက်ဖို့ဆိုတာ အမှန်တိုင်းပြောရရင် မလွယ်ကူလှပါဘူး. ကျတော့်လို ပြည်ပမှာဘဲနေနေ ပြည်တွင်းမှာဘဲနေနေ ခက်ခဲပါတယ်။ ငွေကြေးပြည့်စုံမှု အချိန်ပေးနိုင်မှု ကံတရားဖေမမှု အစရှိမှသာ ခရီးတစ်ခုကို အောင်မြင်စွာ သွားနိုင်တာပါ။ ခုတစ်ခေါက်တော့ အရမ်းသွားချင်နေတဲ့ ခရီးလေးကို အပေါ်ကပြောထားတဲ့ အချက်၃ ချက်ကိုက်ညီမှုတွေကြောင့် ရောက်အောင်သွားနိုင်ခဲ့တယ်။ ကျတော်သွားဖူးတဲ့ ပြည်တွင်းခရီးတွေထဲကဆို မြောက်ဦးဟာ ကျတော့်အတွက်
ရင်ခုန်စရာ အကောင်းဆုံး ခရီးစဉ်ဖြစ်ခဲ့တယ်။

◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️

မြောက်ဦး အကြောင်းကတော့ တော်တော်များများ
တင်ထားကြတွေ့တော့ ဖတ်ပြီးလောက်ကြပြီလို့
ထင်ပါတယ်။ ထို့အတွက် အကျဉ်းချုပ်လေးဘဲ
တင်ပြလိုက်ပါတယ်။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

ရှေးရခိုင်တို့ နယ်မြေ “မြောက်ဦး” သည် လေ့လာစရာ
များလှသည်။ အရာရာ အကုန်လုံးက သဘာဝအတိုင်း တည်ရှိနေဆဲ။
မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။ မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များပြည့်နှက်ခဲ့သည်ကို ဖတ်သားလေ့လာမှုအရ သိခဲ့ရပါသည်။
မြောက်ဦးမြို့ကို မြို့ဟောင်းမြို့ ဟုလည်း ခေါ်ကြသည်။ ဤသို့ ခေါ်ကြသည့် အကြောင်းမှာ မြောက်ဦးမြို့သည်
ရှေးရခိုင်မင်းများ နန်းစိုက်ရာ အရပ် အဖြစ် နှစ်ပေါင်း များစွာ ကတည်းက ရှိခဲ့သော ရှေးဟောင်းမြို့၊ သမိုင်းဝင်မြို့ ဖြစ်သောကြောင့် ဤသို့ `မြို့ဟောင်း´ ဟု အမည်တွင်ကာခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်ဟု စာပေထဲတွင် လေ့လာတွေ့ ရှိရပါတယ်။
◼️
🌾 သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း ၊ ဆိုတဲ့ စာချိုးအတိုင်း ဘယ်နေရာကြည့်ကြည့် ဘုရားတွေ
အပြည့်။ မြောက်ဦးမှာ ကျတော် သဘောအကျဆုံးနဲ့
ရင်ခုန်စိတ်လှုပ်ရှားခဲ့တဲ့ မြင်ကွင်းကတော့ နေဝင် နေထွက်ချိန်ပါဘဲ။ ကျတော် နိုင်ငံတော်တော်များများလည်းသွားရောက်ပြီး နေဝင်နေထွက်ချိန်တွေကို ပိုက်ဆံကုန်ခံပြီး ကြည့်ခဲ့ဖူးတယ်။
◼️
သိုပေမယ့် မြောက်ဦးမှာ မြင်ခဲ့ ခံစားခဲ့ရတဲ့ နေဝင်နေထွက်ချိန် မြင်ကွင်းကတော့ ကျတော့်အတွက်တော့ တစ်သက်အမှတ်ရစရာတစ်ခုအဖြစ် တည်ရှိနေတော့မှာ။ ကျတော် မြောက်ဦးမသွားခင်ကတည်းက စာတွေ ရှာဖတ် လေ့လာ ပြီးနောက် ကျတော် အလုပ်ချင်ဆုံးအရာက မြောက်ဦးမှာ နေဝင်နေထွက်ချိန်ကို အချိန်ပေး အပင်ပန်းခံကြည့် ဖို့ ရွေးချယ်ခဲ့တယ်။
နေဖြစ်ခဲ့တဲ့ ရက်အတွင်း နေဝင်ချိန်ကို နှစ်နေရာ ၊ နေထွက်ချိန်ကို နှစ်နေရာ ကြည့်ခဲ့တယ်။ တစ်မျိုးစီမှာ ရသ တစ်မျိုးစီ ပေးစွမ်းနိုင်တယ်။ ကျတော်အတွက် အသက်ရူမှားလောက် တဲ့မြင်ကွင်းတွေ မြင်ခဲ့ရတယ်။
ရင်ထဲမှာဖော်ပြလို့ မရတဲ့ ခံစားချက်တွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ မနက် ၄ နာရီထ အပင်ပန်းခံခဲ့ရကျိုးတွေ နပ်ခဲ့တယ်။ အဲ့နေဝင်နေထွက်ချိန်ကို ကိုယ်မျှော်မှန််းထားတာထက် သာလွန်စွာရရှိခဲ့အတွက် မြောက်ဦးခရီးစဉ်ဟာ တန်ဖိုးဖြတ်မရတဲ့ ခရီးတစ်ခုဖြစ်ခဲ့တယ်။
◼️
မြောက်ဦးခရီးစဉ်နဲ့သာပက်သက်ပြီး ရေးရရင်တော့ ကုန်နိုင်မယ် မထင်မိဘူး။ ဒါကြောင့် ခရီးစဉ်လေးနဲ့ ကျတော် လေ့လာသိရှိခဲ့သမျှကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါမယ်။

🖤 မြောက်ဦးကို ကားနဲ့ ဖြစ်စေ လေယာဉ်နဲ့ ဖြစ်စေ သွားရောက်နိုင်ပါတယ်။ အချိန်ကုန် လူပင်ပန်း သက်သာချင်ရင်တော့ လေယာဉ်နဲ့သွားပါ။ လေယာဉ်တွေလည်း အချိန်တွေ အများကြီးရှိပါတယ်။
ကျတော်ကတော့ မနက်အစောနဲ့ လေယာဉ်နဲ့ သွားပြီး ညနေလေယာဉ်နဲ့ ရန်ကုန်ပြန်လာပါတယ်။ လေဆိပ်ကနေ မြောက်ဦးကားဂိတ်ကို သွားပါ။ အဝေးပြေး Bus တွေနဲ့ လာတဲ့သူကတော့ မြောက်ဦးကို အရင်ရောက်ပြီးမှ စစ်တွေကိုရောက်မှာဖြစ်ပါတယ်။

🖤 စစ်တွေကနေ မြောက်ဦးကို သွားတဲ့လိုင်းကားတွေများပါတယ်။ တစ်ချို့တွေက အဲ့ကွန်းပါသလို တစ်ချို့တွေက အဲ့ကွန်းမပါပါဘူး။ ဒါပေမယ့် ကားတွေကောင်းတယ်လို့ ညွန်းပါရစေ။

🖤 မြောက်ဦးမှာ တည်းခို့ဖို့ Resort, Hotel, Hostel, Guest House စျေးမျိုးစုံရှိပါတယ်။ ကျတော်ကတော့ Golden Maruk U Guest House မှာ တည်းခဲ့ပါတယ်။ service ကတော့တော်တော်ကောင်းတယ်လို့ ပြောချင်ပါတယ်။ တစ်ခုဘဲ အင်တာနက်ကတော့ နဲနဲလေးပါတယ်။

🖤 မြောက်ဦးမှာ လည်ကြမယ်ဆိုရင် Tuk Tuk ၃ဘီးငှားပါလို့ အကြုံပြုပါတယ်။ လူလည်သက်သာသလို အချိန်လည်းပိုရတဲ့ အတွက် ပိုခရီးတွင်ပါတယ်။
ကိုကျော်မျိုးလင်း(တုတ်တုတ်) 09423127607 သဘောကောင်းလွန်းလှတယ်

🖤 အစားအသောက်ကတော့ ဆိုင်တော်တော်များများ ရှိပေမယ့် ကျတော်ကတော့ စျေးနားက ထမင်းဆိုင်ဖြစ်တဲ့ ကောင်းသန့် ထမင်းဆိုင်ကို recommend ပေးပါတယ်။ ဆိုင်တော်တော်များများကို စားခဲ့ပေမယ့် ကောင်းသန့်က အဆင်ပြေဆုံးဖြစ်ပါတယ်။

🖤 ကျတော် အမြင်ကတော့ မြောက်ဦးမှာ အဓိက ထားကြည့်ရမယ့်နေရာဆိုပြီး မရွေးပေးချင်ဘူး။ ကျတော်က ခုနောက်ပိုင်းခရီးတွေဆို အေးဆေးသွားဖြစ်တယ် တစ်ခေါက်နဲ့ မစုံရင် နောက်တစ်ခေါက်ပြန်လာမယ်ဆိုတဲ့ စိတ်နဲ့ လည်ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သမိုင်းကြောင်းတွေက အဲ့နယ်မြေဒေသတစ်ခုရဲ့ အကြောင်းကို ကောင်းကောင်းပြောပြနိုင်လို့ပါ...။ မတူညီတဲ့ နယ်မြေအသစ်ကို ခရီးသွားပြီးဆိုရင် အဲ့ဒီဒေသရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ ကျတော့်ကို အဖမ်းစားနိုင်ဆုံးအရာတွေဖြစ်နေလို့ပါ။

🖤 နေဝင်နေထွက်ချိန် - ခမ်းနားလှပလွန်းတဲ့ မြောက်ဦးရဲ့ နေဝင်နေထွက်ချိန်ကို ခံစားသက်ဝင်ဖို့ နေရာလေးကိုတော့ နေဝင်ချိန်ကို ခံစားဖို့ Discovery တောင်ကုန်နဲ့ ရတနာပုံစေတီဘေးက တောင်ကုန်းပါ။ နေထွက်ချိန်ကိုတော့ ဦးမြဝါတောင်ကတော့ အကောင်းဆုံလို့ ပြောပါစေ။

🖤 ညနေခင်းဆိုတာနဲ့ မြောက်ဦးတစ်မြို့လုံး မြူခိုးတွေ တက်လာပါတော့တယ်။ မြူခိုးတွေကြားမှာ ထိုးထွက်နေတဲ့ မြောက်ဦးရဲ့ ဘုရားတွေက သပယ်လွန်းလှတယ်။

🖤 မြောက်ဦးအနီး နောက်ထပ် လည်စရာ တစ်ခုရှိတာကတော့ လေးမြို့မြစ်တစ်လျှောက် စက်လှေစီးပြီး သွားရတဲ့ ချင်းရွာဆိုတာ ရှိပါသေးတယ်.။ ချင်းရွာအကြောင်းကိုတော့ ကျတော် အသေးစိတ် ထပ်တင်ပေးပါ့မယ်။

🖤 နောက်ဆုံးတစ်ခုကတော့ Budget ခရီးစဉ်ထဲမှာတော့ မပါဘူး.. အနဲဆုံး လေယာဉ်နဲ့ဆို ၂ သိန်းနဲ့ ၃ သိန်းကြား ကုန်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင်း လူတိုင်းသွားနိုင်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။
မြန်မာမှန်လျှင် ပုဂံ ရောက်ဖူးရမယ်ဆိုသလို မြန်မာမှန်လျှင် မြောက်ဦးရောက်ဖူးရမယ်ဆိုပြီး ကျတော်ကတော့ ထပ်ဖြည့်ချင်ပါတယ်။

🖤 မြောက်ဦးကို သွားမယ်ဆို အနဲဆုံး ၂ ညအိပ်၃ရက်တော့နေသင့်ပါတယ်.။ အနဲဆုံးပါနော်.. အချိန်ရရင်တော့ ပိုနေစေချင်တယ်။ လေ့လာစရာတွေ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ မြောက်ဦးကို ဒီထက်ပိုပြီး ဧည့်သည်တွေ ဝင်စေချင်တယ်။ ပန်းချီကားတွေအလား လှပလွန်းတဲ့ မြင်ကွင်းတွေက ရင်သက်ရှုမောစရာ။
နိုင်ငံတကာမှာ မျက်နှာငယ်နေတဲ့ အနောက်တံခါးအရပ်ကို ပိုမိုလူသိစေဖို့ ကျတော်တို့တွေ ကြိုးစားရမှာ။ ပြိုင်တူတွန်းရင် ရွေးနိုင်ပါတယ်ဆိုတဲ့ စကားအရ ပြိုင်တူတွန်းကြရအောင်လားဗျာ။ ဒီမြောက်ဥိးအကြောင်းကို အင်္ဂလိပ်လို ရေးပြီး ဖြန့်ဝေဖို့လည်း စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း အသိပေးပါတယ်။

ကျတော့်မှာ ဒီခရီးစဉ်နဲ့ ပက်သက်ပြီး ကျေးဇူးတင်ရမယ့် သူတွေ ရှိနေပါတယ်။ ပြည်ပမှာ နေထိုင်တဲ့ ကျတော့်အတွက် ပြည်တွင်းခရီးတွေ စီစဉ်တဲ့ အခါမှာ တစ်ခါတစ်လေ data infomation တွေလွဲတတ်လို့ ဒီတစ်ခေါက်မှာတော့ ခရီးစဉ်အစအဆုံး အသေးစိတ် ကျတော်လိုချင်တဲ့ ပုံစံအတိုင်း စီစဉ်ပေးခဲ့တဲ့ DORA Travels & Tours ကို တကယ်ကျေးဇူးတင်ရှိပါတယ်။

နောက်ပြီး အနားနီးမှ အပူကပ် လေယာဉ်လက်မှတ်ကြတ်နေတဲ့ကြားက လိုချင်တဲ့ အချိန် လိုချင်တဲ့ ရက် ကို ရအောင်လုပ်ပေးသော Now မှာ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မိတ်ဆွေတို့ အနေနဲ့ အချိန်မရှိလို့ ကိုယ်တိုင် မစီစဉ်ချင် ဘူးဆိုရင် DORA Travels & Toursဒါမှ မဟုတ် Travel Now တို့ကို ဆက်သွယ်နိုင်ပါတယ်။ ဝန်ဆောင်မှုကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် Recommend ပေးခြင်းသာဖြစ်ပါတယ်ဗျာ။

နောက်ဆုံးတစ်ယောက် ကျေးဇူးတင်ရမှာတော့ အခု စာဖတ်သူတို့ ကြည့်နေတဲ့ ပုံကောင်းတွေရဖို့ အပင်ပန်းခံဓာတ်ပုံရိုက်ပေးသော VK WEAR မှာ ဓာတ်ပုံဆရာ Vi VIan ကိုလည်း ရင်ထဲကနေ လှိုက်လှဲစွာကျေးဇူးစကားဆိုပါရစေ။

မြောက်ဦးခရီးစဉ်ကတော့ အဖက်ဖက်ကနေ ပြည့်စုံသာလွန်ကောင်းမွန်သောကြောင့် ကျတော့်ရဲ့ ခရီးသွားမှတ်တမ်းတွေထဲက မမေ့နိုင်စရာ ခရီးတစ်ခု အဖြစ် အဖြစ် တည်ရှိနေတော့မှာပါ။

𝐹𝑜𝓁𝓁𝑜𝓌 𝒴𝑜𝓊𝓇 𝒟𝓇𝑒𝒶𝓂𝓈🤩
𝗪𝗶𝘁𝗵 𝗺𝘂𝗰𝗵 𝗹𝗼𝘃𝗲 💕
Louis, Be A Traveler Not A Tourist
✉️ [email protected]
🌎 www.louisaung.com
🌎 www.louisbeatraveller.com

 #ထားဝယ်credit to original uploader
13/12/2018

#ထားဝယ်
credit to original uploader

15/10/2018

credit to Nas. Thanks for your video about Myanmar. I use to see his video cause it is only 1 minute, attrective video making and he use simple English.
သူ့ဗီဒီယိုလေးတွေကိုကြည့်နေကြပါ။ တမိနစ်သာသာပဲရှိပြီး စိတ်ဝင်စားဖို့လဲကောင်း အင်္ဂလိပ်စာအသုံးအနှုန်းကလဲ ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံကို ကောင်းတဲ့ဖက်က တင်ပြသွားတဲ့ဗီဒီယိုလေးပါ။ ကျေးဇူးပါပဲ။



မူရင်းပိုင်ရှင်ကို credit ပေးပါတယ်ရှင်
14/05/2018

မူရင်းပိုင်ရှင်ကို credit ပေးပါတယ်ရှင်

🏝မြိတ်မြို့မှာ ပက်ပက်စက်စက် စားခဲ့သမျှ..

🌟 ဘိတ်သွားမည့် အစားတစ်လိုင်းများ ဖတ်ဖြစ်အောင်ဖတ်ရန် 🌟

👫ဒီပို့စ်ထဲမှာ ဘိတ်သူဘိတ်သားမြို့ခံတွေ စားလေ့ရှိတဲ့ဆိုင်တွေကို ဖော်ပြပေးထားပါတယ်.. Aunty Popcorn တော့ တကယ်ကို နှိုက်နှိုက်ချွတ်ချွတ်စားဖြစ်ခဲ့တယ်.. ဒီမြို့လေးက မြို့သူမြို့သားတွေက ချစ်စရာကောင်းသလို အစားအသောက်ကို တကယ်မက်မက်စက်စက်စားကြတဲ့ မြို့ပါ.. ပင်လယ်စာတွေ လတ်ဆတ်တာကတော့ ပြောမယုံကြုံဖူးမှသိပါ.. စားစရာဆိုင်တွေအများကြီးကျန်နေသေးလို့ ထပ်လည်းသွားချင်ပါသေးတယ်.. အရမ်းလတ်ဆတ်သော ပင်လယ်စာတွေကို အကောင်းဆုံးအရသာ၊ အတန်ဆုံးအသက်သာဆုံးဈေးနဲ့ အခုလို တော်တန်ရုံမသိနိုင်တဲ့ဆိုင်တွေကို လိုက်ပို့ပေးတဲ့ ဘိတ်သူလေး "အိဖြိုး" ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်.. ဒါ့အပြင် ရောက်သမျှဆိုင်မှာ တက်ညီလက်ညီ တူတူစားသောက်ခဲ့ကြတဲ့ "ကိုညီ၊ ရဲရင့်၊ သော်တာနဲ့ မေဦး" တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်..

ကဲ‼️ စလိုက်ကြရအောင်..

1️⃣ အရှေ့ရွာ (မြန်မာ seafood ထမင်းဆိုင်) - နေ့လည်စာ

မြိတ်မြို့ရောက်ရင် မဖြစ်မနေစားသင့်တဲ့ ဆိုင်ပါ.. ဘာကောင်းလဲဆို ပြောမပြတတ်ဖူးရယ်.. အကုန်ကောင်းလို့ စိတ်ကြိုက်မှာနိုင်ပါတယ်.. ကင်းမွန်ဆို အကောင်အကြီးကြီးတွေကို ကောက်ညှင်းအစာသွပ်ထားပြီး အချိုချက်ထားတယ်.. ကင်းမွန်ရော၊ ကောက်ညှင်းရော နူးမြည့်နေအောင် ချက်ထားတာ တစ်ကိုက်ကိုက်လိုက်တိုင်း အသဲထဲထိစွဲအောင် ကောင်းလွန်းတယ်.. နာနတ်သီးသုပ်၊ ပုဇွန်မီးဖုတ်သုပ်၊ တညင်ရွက်ပေါင်းလှော်၊ ငါးဥနဲ့ ဝက်သားဟင်း အဲ့ဒါတွေကြိုက်တယ်.. ငါးဖယ်ငါးဆုပ်ကြော်တစ်ခုပဲ နဲနဲမာလို့ မစားဖြစ်ခဲ့ဘူး.. ငါးပိသုပ်ကလည်း လွှတ်ကောင်းတော့ ခဏခဏထပ်တောင်းရတယ်.. ဒီဆိုင်မှာ အသားဟင်းက တစ်ပွဲကို (၂,၀၀၀) ကျပ်၊ အရွက်ကြော်က (၁,၀၀၀) ကျပ်၊ လူ (၇) ယောက် ကိုယ့်ဗိုက်ကိုယ်မသယ်နိုင်လောက်အောင်စားတာတောင် (၁၉,၀၀၀) ပဲကျတယ်..

📍နေရာ - စမ်းချောင်းလမ်းမကြီိး (ဆိုင်ရှေ့လမ်းတစ်ဖက်ခြမ်းတွင် အစိုးရရုံးအကျယ်ကြီးတစ်ခုရှိ)
⏰ ဖွင့်/ပိတ်ချိန် - မနက် (၉) နာရီ မှ နေ့လည် (၂) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
2️⃣ ဒေါ်ဝါဝါဆိုင် (မြန်မာထမင်းဆိုင်) - နေ့လည်စာ

ဒီဆိုင်လည်း မဖြစ်မနေစားပါရှင်.. သူကတော့ ဟင်းအမယ်ပိုစုံတယ်.. ဘယ်လိုတွေများ ချက်ကြတာလည်း မသိဘူး အရသာအရမ်းကောင်းတယ်.. စားခဲ့တဲ့ဟင်းတွေကတော့ အများကြီးပဲ.. ပုဇွန်အချိုချက် (၂,၀၀၀) ကျပ်၊ ဆိတ်သားဟင်း (၁,၅၀၀) ကျပ်၊ ငါးအချဉ်ရည်ဆမ်း (၅,၀၀၀) ကျပ်၊ ကြက်ရှမ်းချက် (၁,၀၀၀) ကျပ်၊ ပြီးတော့ သီးစုံပဲကုလားဟင်းအတွက်လည်း ပိုက်ဆံပေးရတယ် (၅၀၀) ကျပ်.. အရမ်းတော့ကောင်းတယ်.. ပိုက်ဆံမပေးရရင် ပိုကောင်းမယ်.. 😬 ပြီးတော့ ဒီဆိုင်က အလကားချပေးတဲ့ "ငါးပိဖျော်" ဆိုတာအရမ်းကောင်းပဲ.. စိမ်းစားငါးပိကို အဆာပလာတွေထဲ့ပြီး အရည်ဖျော်ထားတာ.. ဒီဆိုင်မှာစားဖြစ်ခဲ့ရင် လာမချမချင်းတောင်းပါ..

📍နေရာ - အောင်ဗောဓိဘုရားလမ်း (မိဘမဲ့မိန်းခလေးဂေဟာလမ်း)
⏰ ဖွင့်/ပိတ်ချိန် - မနက် (၉) နာရီ မှ ည (၈) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
3️⃣ ကတ်ကြေးကိုက်ဆိုင်များ

မြိတ်ရောက်လို့မှ ကတ်ကြေးကိုက်ကောင်းကောင်းမစားခဲ့ရရင် ညံ့ရာကျမပေါ့.. ဘိတ်သူဘိတ်သားတွေက ကတ်ကြေးကိုက်ကို မနက်စာကစလို့ အချိန်မရွေးစားကြပါတယ်.. (၃) ဆိုင်စားကြည့်ဖြစ်တယ်.. အရသာက ကိုယ်ပိုင်စတိုင်နဲ့ တစ်မျိုးစီကောင်းကြတယ်.. ရန်ကုန်ကဆိုင်တွေနဲ့တော့ အရသာမတူကြတာ သေချာတယ်.. မှာမယ်ဆိုရင် ပုံမှန်စားမယ်ဆို ရိုးရိုးလို့မှာပြီး၊ အရသာထိထိလေးစားချင်ရင် "ချဉ်ငံစပ်" လို့မှာပါ.. သွားစားတဲ့လူထက် (၁) ပွဲပိုမှာပါ.. စားနေရင်းမှ လိုက်ပွဲလိုချင်ရင် စောင့်နေရမှာစိုးလို့လေ.. Aunty Popcorn ကတော့ အသားစုံနဲ့ ချဉ်ငံစပ်ကြီးဆွဲခဲ့တာ.. တစ်ခါဆွဲ (၂) ပွဲ! 🤤

ဆိုင် (၁) - ဘုရားကိုးဆူလမ်းထိပ်

(၃) ဆိုင်ထဲမှာ သူ့ဆိုင်လေးကို အကြိုက်ဆုံးပဲ.. ဝက်ဆီဖတ်ဟင်းရည်ကိုလည်း မဖြစ်မနေသောက်ကြည့်စေချင်တယ်.. အားလုံးက စေတနာပါပါနဲ့ချက်ပြုတ်ကြတာ သိသာတယ်.. ဝက်ဆီဖတ် တစ်ထုတ် (၂၀၀) တန်လေးတွေကတောင် ဆီချေးစော်မနံဘဲ အရမ်းစားကောင်းတယ်.. အသားစုံနဲ့ကို တစ်ပွဲ (၁,၀၀၀) ကျပ်တည်းရယ်.. တန်သလားတော့ မမေးနဲ့!
📍နေရာ - ဘုရားကိုးဆူလမ်းထိပ် (မြင့်မိုဟိုတယ်နှင့်နီး)
⏰ ဖွင့်/ပိတ်ချိန် - နံနက် (၆) နာရီမှ နံနက် (၁၀) နာရီ၊ ညနေ (၅) နာရီမှ ည (၁၀) နာရီ

ဆိုင် (၂) - ကိုပေါက်ကတ်ကြေးကိုက်
✨တနင်္လာနေ့တိုင်းပိတ်သည်✨

ဒီဆိုင်ကတော့ သွားရတာနဲနဲပိုရှုပ်လို့ ကိုယ်ငှားထားတဲ့ကားသမားကို သိ၊မသိအရင်မေးပြီးမှ သွားစေချင်ပါတယ်.. လမ်းကြားလေးထဲထိ တကူးတကသွားစားရအောင်ကောင်းပါတယ်.. ဝက်အူချောင်း ကတ်ကြေးကိုက်၊ ပင်လယ်စာကတ်ကြေးကိုက်နဲ့ ကြက်၊ ဝက်ကတ်ကြေးကိုက်တွေလည်း ရပါတယ်.. တွဲစားရတဲ့အချဉ်လည်း သိပ်ကောင်းတယ်..
📍နေရာ - ရဲသိပ္ပံလမ်း၊ ကန်ဖျားရပ်
⏰ ဖွင့်/ပိတ်ချိန် - နံနက် (၆) နာရီမှ နံနက် (၁၀) နာရီ၊ ညနေ (၅) နာရီမှ ည (၁၀) နာရီ

ဆိုင် (၃) - မိတ်ဆက်ကပ်ကြေးကိုက်

သူကတော့ ဈေးနဲနဲလေးများတယ်.. Dim Sum လည်းရတယ်.. သူ့အရသာလည်း ကြိုက်တော့ကြိုက်တယ်.. ဒါပေမဲ့ အပေါ်က (၂) ဆိုင်ကို ပိုကြိုက်တယ်.. ပွဲကြီးမှာပြီး လူ (၇) ယောက်စားတယ်.. ပွဲကြီးတစ်ပွဲ (၈,၀၀၀) ကျပ်၊ ပုံမှန် တစ်ပွဲ (၁,၅၀၀) ကျပ်ပါ.. ပုဇွန်နဲ့ တခြားပင်လယ်စာတွေကတော့ နိုင်းချင်းပေါ့.. Dim Sum အရသာက အသားစစ်စစ်အရသာပါ.. အရောအနှောကင်းတယ်.. ဈေးကတော့ တစ်ပေါင်း (၇၀၀) ဆိုတော့ ရန်ကုန်ဈေးပဲပေါ့..

📍နေရာ - ကန်ဖျားမြေနီလမ်း
⏰ ဖွင့်/ပိတ်ချိန် - မနက် (၆) နာရီ မှ ညနေ (၅) နာရီ
〰️〰️〰️〰️〰️〰️〰️
4️⃣ ရွှေနှင်းဆီ (Thai Seafood Restaurant)

ပင်လယ်စာအမျိုးစုံကို လင်ဗန်းတွေနဲ့တန်းစီခင်းထားတယ်.. အရမ်းလတ်ဆတ်တဲ့ ငါးဥတွေ၊ ဂုံးတွေ၊ သွေးဂုံးတွေ၊ ကမာတွေ၊ ပုဇွန်၊ ကြက်နက်နဲ့ တခြားပင်လယ်စာတွေကို မဆလာ၊ အချို၊ ချဉ်စပ်၊ အုန်းနို့၊ စွတ်ပြုတ်၊ သရက်သီးနဲ့ရောသုပ် စတဲ့အရသာမျိုးစုံ ချက်ခိုင်းလို့ရတယ်..
Aunty Popcorn တို့စားခဲ့တာတွေကတော့ ..
1. ရှပ်မဆလာ - (၅,၀၀၀) ကျပ်
2. ကမာအချိုချက် ၆ကောင်ပါ - (၉၀၀၀) ကျပ်
3. ဇလုံးဥ (ငါးဥ) အုန်းနို့ချက် - (၇,၀၀၀) ကျပ်
4. ဗောင်းဆံသရက်သီးသုပ် - (၆,၀၀၀) ကျပ်
5. ကပေါင်းချို (ငါးပေါင်း) - (၉,၀၀၀) ကျပ်
6. ကြက်သရေသုပ် - (၄,၀၀၀) ကျပ်
7. အိုးစုပ်ချဉ်စပ် - (၅,၀၀၀) ကျပ်
8. ကြက်နက်စွပ်ပြုတ်ချဉ်စပ် - (၈,၀၀၀) ကျပ်
9. ကညွတ်ပလိန်း - (၅,၀၀၀) ကျပ်
တစ်ချို့ဟင်းပွဲဈေးနှုန်းတွေ များတယ်လို့ထင်ရပေမယ့် လတ်ဆတ်မှုနဲ့အရသာကတော့ ရှယ်ပါပဲ.. ရန်ကုန်မှာဆိုရင်လည်း မရနိုင်တဲ့ဈေးတွေပါ.. မြိတ်ရောက်ရင် သွားစားကြည့်ဖို့ အကြံပေးပါရစေ..

*ဓာတ်ပုံတွေအောက်မှာ စာလေးတွေရေးပေးထားတယ်နော်!

📍နေရာ - ဗိုလ်ချုပ်လမ်းမပေါ်
⏰ ဖွင့်/ပိတ်ချိန် - မနက် (၉) နာရီ မှ ည (၁၀) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
5️⃣ မြန်မာထမင်းဆိုင်
✨ဝီရိယကြီးမှ စားရမည်✨

ဆိုင်က (၁) နာရီလောက်ပဲ ဖွင့်တယ်.. ဆိုင်ရှင်တွေမလာခင် ဝယ်ဖို့လူတွေက ဆိုင်ထဲမှာထိုင်စောင့်နေတာ အပြည့်.. ကြက်ကြော်ကို လူကြိုက်အများဆုံးပါတဲ့.. ဘိုးစဉ်ဘောင်ဆက် ဒီအရသာတစ်မျိုးတည်းဖြစ်အောင် ကြော်ကြတယ်တဲ့.. ဝက်သားဟင်း၊ ဝက်သဲနဲ့အူချိုဟင်း၊ ကြက်ခြေထောက်ဟင်းတွေကို ဘိတ်သူလေးအစောကြီးထ သွားဝယ်ပေးလို့ စားခဲ့ရတယ်.. တကယ်လည်း ကောင်းတယ်.. ဒါမဲ့ ဟင်းကိုအချိုအရသာမကြိုက်တဲ့သူတွေတော့ မကြိုက်လောက်ဖူးထင်တယ်.. ကြက်လည်ပင်းရိုးကြော် ကိုက်ရတာလည်း အရမ်းကောင်း.. ဆိုင်မှာစားမယ်ဆိုရင်တော့ ထမင်း၊ အသားတစ်တုံးကို (၉,၀၀) ကျပ်ပါတဲ့..

📍နေရာ - တောရကျောင်းအဆင်း
⏰ ဖွင့်/ပိတ်ချိန် - မနက် (၇) နာရီခွဲ မှ မနက် (၈) နာရီခွဲ
〰️〰️〰️〰️〰️〰️〰️〰️
6️⃣ မြိတ်မုန့်ဟင်းခါးဆိုင်

ဆိုင်ကစုတ်စုတ်လေး.. ဒါပေမယ့် လူတွေအုံပြီး အားပေးကြတာ ထိုင်စရာနေရာတောင် မရှိဘူး.. ရန်ကုန်နဲ့မတူ ထူးခြားတာက ကောက်ညှင်းနဲ့ ဝက်ဆီဖတ်ကို မုန့်ဟင်းခါးထဲ ထည့်စားကြတာပဲ.. Aunty Popcorn တို့ရောက်တဲ့အချိန် ကောက်ညှင်းနဲ့ ငါးဖယ်ကုန်ပြီမို့ ဝက်ဆီဖတ်ရယ်၊ ပဲကြော်ရယ်၊ အိုးဘဲဥရယ်ပဲ ထဲ့စားခဲ့ရတယ်.. (၇၀၀) ကျပ်ပေးရတယ်.. ငှက်ပျောအူနုနုထွတ်ထွတ်လေးတွေကို အဝိုင်းလိုက်လေးလှီးထားတယ်.. ရန်ကုန်နဲ့မတူတဲ့အရသာတစ်မျိုးမို့ သွားစားကြည့်စေချင်တယ်.. Aunty Popcorn တော့ ငရုပ်သီးစပ်စပ်လေးနဲ့ ကြိုက်တယ်..

📍နေရာ - တပ်ပြင်လမ်းဆုံမုန့်ဟင်းခါး (ဘုရားအမဖွားသုခ ခြံထဲကျောင်းရှေ့)
⏰ ဖွင့်/ပိတ်ချိန် - နေ့လည် (၂) နာရီမှ ညနေ (၆) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
7️⃣ အကင်နဲ့ သင်္ဘောသီးထောင်းဆိုင်

အကင်ဗန်းကြီးတွေ မြင်တာနဲ့တင် သွားရည်ကျမိတယ်.. ရွေးစရာအများကြီးမရှိပေမယ့် ရှိတာတွေက အရမ်းကောင်းပြီး အရမ်းတန်လို့ စားလိုက်ကြတာ ဝက်ဝက်ကွဲပဲ.. ဝက်သားပြား၊ ကြက်သားပြား၊ ကြက်ပေါင်၊ ကြက်မြစ်၊ ကြက်ရေခွံ၊ ကြက်ခြေထောက်၊ ကြက်ဆီဗူး၊ ရုံးပတီသီး၊ ယိုးဒယားဝက်သားပြား၊ ဝက်ခြေထောက်စွပ်ပြုတ်၊ သင်္ဘောသီးထောင်း တွေရတယ်.. ထမင်းနဲ့တွဲစား ညစာပြီးရော.. ဘီယာလေးစုတ်ရင်း မြည်းချင်တယ်ဆိုရင်တော့ ကိုယ့်ဟာကို ဝယ်သွားကြနော်.. ဆိုင်လေးကတော့ စုတ်တယ်.. ဒါမဲ့ ဆိုင်ဖွင့်တဲ့ နေ့လည် (၃) နာရီတည်းက လူအပြည့်ပဲ..

ကြက်ရေခွံ၊ ကြက်ခြေထောက်၊ ကြက်မြစ်၊ ရုံးပတီသီး - ၃၀၀ ကျပ်
ကြက်သားပြား၊ ဝက်သားပြား၊ ကြက်ဆီဗူး၊ ယိုးဒယားဝက်သားပြား - ၅၀၀ ကျပ်
ကြက်ပေါင်ကင် - ၃၀၀၀ ကျပ်

📍နေရာ - Myeik Shopping Center (ကုန်တိုက်) နောက်က အကင်နဲ့ သဘောင်္သီးထောင်းဆိုင်
⏰ ဖွင့်/ပိတ်ချိန် - နေ့လည် (၃) နာရီ မှ ည (၉) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
8️⃣ Hotel Grand Jade - Dinner

မြိတ်မြို့တစ်မြို့လုံးရဲ့ ညအလှကို အပေါ်စီးကနေ ရှုစားပြီး ညစာစားချင်ရင်တော့ Hotel Grand Jade မှာ သုံးဆောင်နိုင်ပါတယ်.. အစားအသောက်ကတော့ ပုံမှန်ပဲ.. ဈေးနှုန်းကျတော့ ဟိုတယ်ဖြစ်နေတော့ တခြားဆိုင်တွေလောက် မသက်သာဘူးပေါ့နော်.. Roof Top Restaurant ဖြစ်တာကြောင့် ညပိုင်းအေးအေးလူလူ စားသောက်စကားပြောလို့ကောင်းတဲ့ စားသောက်ဆိုင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်..

📍နေရာ - Hotel Grand Jade (9th Floor)
〰️〰️〰️〰️〰️〰️〰️〰️
9️⃣ ရွှေညောင်ပင် စားသောက်ဆိုင်

တရုတ်စာရော၊ မြန်မာစာပါရတဲ့ဆိုင်လေးပါ.. ပြန်ခါနီး ညနေစာသွားစားဖြစ်ကြတယ်.. သူ့ဆီက နာမည်ကြီးတဲ့ဟင်းပွဲတွေပဲ မှာစားခဲ့တာ မှာရကျိုးနပ်ပါတယ်.. ကောင်းမှကောင်းပဲကွယ်.. ဝက်ခေါက်သုပ်၊ ရှမ်းဟင်းချို၊ ငါးချိုချဉ်နဲ့ ကန်စွန်းပလိန်းတွေ စားခဲ့တယ်.. ဝက်ခေါက်သုပ်က အသားနဲလို့ (၃) ပွဲလောက်မှာစားခဲ့ရတယ်.. ငါးချိုချဉ်ကလည်း ရှယ်ကောင်း.. ကန်စွန်းပလိန်းကလည်း ပွဲအကြီးကြီးဆိုတော့ အားရပါးရပဲ.. ညနေစာပေါ့ပေါ့ပါးပါးစားချင်တယ်ဆို ဒီဆိုင်လေးရွေးဖို့ အကြံပြုပါရစေနော်..

📍နေရာ - မြစ်ငယ်ရပ်ကွက်၊ ရေကန်ဘောင်အနီး
⏰ ဖွင့်/ပိတ်ချိန် - မနက် (၉) နာရီ မှ ည (၁၁) နာရီ
〰️〰️〰️〰️〰️〰️〰️〰️
🔟 လှိုင်းအေး အအေးဆိုင်
✨လိုင်းအေးဟု အသံထွက်ပါ✨

အအေးဆိုင်လောက်လေးကို တကူးတကရေးနေတယ်လို့ ထင်ကြမှာပဲ.. ဒါမဲ့ သူ့အရသာ၊ အတွဲအစပ်က ထူးခြားကောင်းမွန်နေတော့လည်း အစားတစ်လိုင်းတွေကို မြည်းကြည့်စေချင်ပြန်ရော.. ခွက်ထဲမှာ အလွှာ (၃) လွှာပါတယ်.. သကြားတစ်လွှာ၊ သံပုရာတစ်လွှာ နဲ့ ကော်ဖီအမြှုပ်တစ်လွှာပါ.. အပေါ်ဆုံး ကော်ဖီမြှုထူထူလေးကို အရင်စားကြည့်တော့ ကော်ဖီအရသာပြင်းပြင်းလေးကို စရတယ်.. ပြီးတော့မှ မွှေလိုက်ပြီး ပိုက်လေးနဲ့စုတ်သောက်တဲ့အချိန်မှာ ကော်ဖီသံပုရာအရသာကို ရတယ်.. သူ့အရသာပြင်းရှရှမှာ ကိုယ်မျောသွားတယ်ကွယ်..

📍နေရာ - ယုဝတီလမ်း၊ နောက်လည်ကျောင်းအနီး၊ (၉) လမ်းထိပ်က လှိုင်းအေးဆိုင်ဆိုသိပြီ။
⏰ ဖွင့်/ပိတ်ချိန် - တစ်နေကုန်ဖွင့်
〰️〰️〰️〰️〰️〰️〰️〰️
1️⃣1️⃣ ဒေါ်မြဝင်း အအေးဆိုင်

လာပါပြီ နောက်တစ်ဆိုင်.. လှိုင်းအေးမရောက်ချင်နေပါစေ.. ဒေါ်မြဝင်းဆီတော့ ရောက်အောင်သွားခဲ့ပါလို့ မှာပါရစေ.. "ဒေါ်ဝင်းဝင်း" မှာထမင်းစားပြီး သူ့ဆီဆက်သွားရင် နီးနီးလေးပါနော်.. သောက်စေချင်တဲ့အအေးက အုန်းသီးနု၊ ထန်းသီး၊ ပေသီးနဲ့ နို့ဖျော်ရည်ပါ.. ဘယ်လိုကောင်းမှန်းမသိပါဘူး.. လူ (၈) ယောက် တစ်ယောက်ခွက်သောက်တာတောင် အားလုံးပေါင်းမှ (၃,၀၀၀) ပဲကျတယ်.. ရေခဲတော့လျော့ခိုင်းနော!

📍နေရာ - အမှတ် (၁) အခြေံပညာအထက်တန်းကျောင်းရှေ့
⏰ ဖွင့်/ပိတ်ချိန် - တစ်နေကုန်
〰️〰️〰️〰️〰️〰️〰️〰️
1️⃣2️⃣ ဒေါ်စောကီ - ကဖေးနှင့် စားဖွယ်စုံ

ဒီဆိုင်လေးမှာတော့ အကောင်းဆုံးမုန့်ချိုတွေရပါတယ်.. မုန့်ချိုဆိုပေမယ့် ချိုရဲနေတာမျိုးတွေမဟုတ်ဘဲ ဘိတ်မူပိုင်မုန့်လေးတွေပါ.. ပူပူနွေးနွေးနဲ့ အရမ်းစားလို့ကောင်းတယ်.. သူတို့ဒေသထွက်မုန့်လေးတွေဆိုတော့ စားကြည့်စေချင်ပါတယ်နော်..

📍နေရာ - မြစ်ငယ်ရပ်၊ ပညာရွှေရည်ဘော်ဒါဆောင်ရှေ့
⏰ ဖွင့်/ပိတ်ချိန် - နံနက် (၁၁) နာရီမစ၍ မုန့်ချိုရပါသည်။
〰️〰️〰️〰️〰️〰️〰️〰️
1️⃣3️⃣ ဒေါ်အိုသိန်းမှာ လက်ဆောင်မုန့်ဝယ်မယ်

ရနိုင်တာတွေက ဘိတ်မြို့ရဲ့အထင်ကရ မုန့်ကုလားမဲ၊ ကောက်ညှင်းညှစ်နဲ့ ဟာလဝါတွေပါ.. ပူပူနွေးနွေးနဲ့ ဒီနေ့လုပ် ဒီနေ့ဝယ်ဆိုတော့ ဘယ်လိုတောင် ကောင်းမှန်းမသိဘူး.. နေ့မကူးသေးတဲ့မုန့်တွေရဲ့ လတ်ဆတ်မှုကတော့ ပြောမယုံကြုံဖူးမှသိနော်.. လက်ဆောင်ဝယ်ချင်ရင် ဝယ်လို့ရအောင် ပင်ရင်းဆိုင်လေးညွှန်းပေးလိုက်တာပါ.. ဘာယူယူ တစ်ဗူး (၁,၅၀၀) ပါ..

📍နေရာ - ရေပုန်းရပ်
☎️ ဖုန်း - 09422197809
〰️〰️〰️〰️〰️〰️〰️〰️
🎈အခုဖော်ပြပေးထားတဲ့ ဆိုင်တော်တော်များများကို ဒေသခံတွေသာ အလွယ်တကူပို့ပေးနိုင်မယ်လို့ ထင်ပါတယ်.. Aunty Popcorn တို့လည်း ဘိတ်ရောက်မှ ကားငှားပြီးလည်တာမို့လို့ ခုလိုအလွယ်ရောက်နိုင်တာပါ.. သူတို့အတွက်တော့ လိပ်စာအတိအကျမလိုဘဲ *📍နေရာ* မှာဖော်ပြပေးထားတဲ့အတိုင်း ပြောပေးရုံနဲ့ လိုက်ပို့ပေးနိုင်ပါတယ်.. တစ်ချို့ဆိုင်လေးတွေမှာ ဆိုင်းဘုတ်မရှိတာကြောင့် ဖော်ပြပေးထားတဲ့ဓာတ်ပုံလေးနဲ့ တိုက်ကြည့်ပြီးမှ ဝင်စေချင်ပါတယ်.. သူငယ်ချင်းတွေနဲ့ ခရီးသွားရင်း မရှိ၊ရှိတဲ့အချိန်မှာ ဓာတ်ပုံတွေလည်းရိုက်၊ လိုအပ်တဲ့အချက်အလက်တွေလည်း ရေးမှတ်ရတဲ့အတွက် အမှားပါနိုင်တာမို့ အမှန်သိသူများ ပြင်ဆင်ပေးဖို့လည်း တောင်းဆိုပါတယ်နော်.. ကိုယ်အစားကောင်းအသောက်ကောင်းတွေစားခဲ့သလို အချစ်တို့ကိုလည်း စားစေချင်ပါတယ်ရှင်..

🏝မြိတ်ခရီးသွားပို့စ်လည်း ရေးတင်ပေးဦးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးလို့..

ချစ်တဲ့
Aunty🍿Popcorn

 မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။ တကယ်လို့ ကိုယ်သွားဖြစ်ရင်လဲ အဲလိုလေးပဲ အေးဆေးသွားချင်တာ သမီးကိုလဲ ပြောပြ ရှင်းပြ တူ...
05/03/2018



မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။ တကယ်လို့ ကိုယ်သွားဖြစ်ရင်လဲ အဲလိုလေးပဲ အေးဆေးသွားချင်တာ သမီးကိုလဲ ပြောပြ ရှင်းပြ တူတူလေ့လာရင်းပေါ့

 #​ဂေါ်ရင်ဂျီ
19/02/2018

#​ဂေါ်ရင်ဂျီ

  #ဘုံတလာမူရင်းပိုစ့်ပိုင်ရှင် နဲ့ page ပိုင်ရှင်ကို credit ပေးပါတယ်။
09/02/2018


#ဘုံတလာ

မူရင်းပိုစ့်ပိုင်ရှင် နဲ့ page ပိုင်ရှင်ကို credit ပေးပါတယ်။

  မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။
07/12/2017


မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။

မူရင်းပိုင်​ရှင်​က Public ဖွင့်​မထားမိလို့ ခွင့်​မ​တောင်းခဲ့ရပါဘူး။ post credit ပါရှင့်​။
28/11/2017

မူရင်းပိုင်​ရှင်​က Public ဖွင့်​မထားမိလို့ ခွင့်​မ​တောင်းခဲ့ရပါဘူး။ post credit ပါရှင့်​။


မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။ မျှ​ဝေမှုအတွက်​​ကျေးဇူးပါ။
22/11/2017

မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။ မျှ​ဝေမှုအတွက်​​ကျေးဇူးပါ။

ပိုင်​ရှင်​ ​တွေကို Credit ​ပေးပါတယ်​ရှင်​။
07/11/2017

ပိုင်​ရှင်​ ​တွေကို Credit ​ပေးပါတယ်​ရှင်​။


   မူရင်း Page ကို credit ​ပေးပါတယ်​ရှင်​။
23/10/2017



မူရင်း Page ကို credit ​ပေးပါတယ်​ရှင်​။

27/08/2017


မူရင်းပိုင်​ရှင်​ကို Credit ​ပေးပါတယ်။

မူရင်းပို​င်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။
10/08/2017

မူရင်းပို​င်​ရှင်​ကို Credit ​ပေးပါတယ်​ရှင်​။

မူရင်းပိုင်​ရှင်​ ကို Credit ​ပေးပါတယ်​ရှင်​။
08/07/2017

မူရင်းပိုင်​ရှင်​ ကို Credit ​ပေးပါတယ်​ရှင်​။

30/06/2017
ပြည့်​ပြည့်​စုံစုံ​ရေးထားတဲ့ မူရင်းပိုင်​ရင်​ကို Credit ​ပေးပါတယ်
13/06/2017

ပြည့်​ပြည့်​စုံစုံ​ရေးထားတဲ့ မူရင်းပိုင်​ရင်​ကို Credit ​ပေးပါတယ်

ပန်ထွာဘုရင်မပျော်စံခဲ့ရာ ဗိဿနိုးမြို့ဟောင်းဆီသို့
===================================
ဗိဿနိုးမြို့ဟောင်းလို့ဆိုလိုက်တာနဲ့ သိပ်လှတဲ့ ဘုရင်မပန်ထွာရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းနဲ့အတူတွဲပြီး သိလေ့ရှိတဲ့မြို့၊ရာဇဝင် သမိုင်းတွေ ဒဏ္ဍာရီတွေနဲ့ ပြည့်နေတဲ့မြို့ဆိုရင်လည်းမမှားပါဘူး။

ဘယ်လိုသွားမလဲ
=============
ဗိဿနိုးမြို့ဟောင်းဟာ တောင်တွင်းကြီးမြို့ရဲ့ ၁၁မိုင်အကွာမှာတည်ရှိတာကြောင့် တောင်တွင်းကြီးကနေကားနဲ့ဆို ၁၅မိနစ်နဲ့ရောက်ပါတယ်။
မကွေးမြို့ကနေ ကားနဲ့လာမယ်ဆိုရင်တော့
တစ်နာရီခန့် ကြာပါတယ်။
ကျွန်တော်တို့ကတော့ မကွေးက ဘုရားတွေလည်း ဖူးချင်သေးတာကြောင့် မကွေးကနေပဲ ဗိဿနိုးကိုလာဖို့ ခရီးစဉ်ဆွဲဖြစ်ခဲ့တယ်။ ရန်ကုန်ကနေ မကွေးကို ခိုင်မန္တလေး၊မန္တလာမင်း express ကားတွေ စီးလာလို့ရပါတယ်။
ရန်ကုန်ကနေ ညကား စီးလာလိုက်ရင် မကွေးကို မနက်စောစောဆိုရောက်ပါပြီ။
မကွေးကားဂိတ်ရောက်တော့မှ ဗိဿနိုးမြို့သွားဖို့ ကားတစ်စီးစီးကို ချိတ်ထားလိုက်ရုံပါပဲ။
ဈေးသက်သာချင်ရင်တော့ သုံးဘီးကို ရွေးနိုင်ပါတယ်။

ဘယ်မှာတည်းမလဲ
==============
မကွေးမှာ Hotelတွေ၊တည်းခိုခန်းတွေ နေရာတော်တော်များများမှာရှိပါတယ်။
ကျွန်တော်ကတော့ တည်းဖြစ်ခဲ့တဲ့ မကွေးကမ်းနားလမ်းက
Nan Htike Thu Hotel ကိုပဲ Recommend ပေးပါရစေ။ Hotelရဲ့အားသာချက်က ကျွန်တော်တို့လို့ နံနက်စောစောရောက်မယ့်သူတွေအတွက် Early Check-In ဝင်လို့ရတတ်တာပါပဲ။
ကားဂိတ်ကနေလာမယ်ဆိုလည်း သုံးဘီးနဲ့ဆို ၁၀မိနစ်လောက်နဲ့ရောက်တာမို့ အဝေးကြီး သွားနေစရာမလိုတော့ဘူးလေ။
အခန်းခတွေကတော့
Superior Room - 38000K
Delux River View- 40000K ပါ။
အခန်းတိုင်းမှာလည်း Wifi၊ ရေပူရေအေး အကုန်ရတာဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်။
တခုသဘောကျတာကRiver View အခန်းကနေ ဧရာဝတီမြစ်ကြီးကို လှမ်းမြင်နေရတာပါပဲ။ ရေကူးကန်ကလည်း အကျယ်ကြီးဆိုတော့ တည်းခိုတဲ့သူတွေ ရေကူးရင်း Relaxဖြစ်မှာအမှန်ပါ။ Hotelမှာ ကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့ နံနက်စာဘူဖေးမှာပါတဲ့ မုန့်ဟင်းခါးပါ။😁
အခန်း Booking တင်ချင်ရင်တော့ 063-28206မှာ တင်လို့ရပါတယ်။

ဗိဿနိုးမြို့ဟောင်းဆီသို့
=================
Hotel ကနေ မနက် ၇ နာရီလောက် ဗိဿနိုးမြို့ကို ကားနဲ့ထွက်လာလိုက်တာ လမ်းကသစ်ရာကောက်မှာ
ခဏနား နံနက်စာစားပြီး လမ်းတလျှောက်က အညာဒေသရဲ့ရူခင်းတွေကိုငေးမောရင်းနဲ့ ဗိဿနိုးမြို့ဟောင်းကိုရောက်ရှိသွားပါပြီ။
ဝိုး. . . ဗိဿနိုးမြို့ဟောင်း အဝင်ဝမုခ်ဦးက ခမ်းနားလိုက်တာ။ မုခ်ဦးဘေးတဘက်တချက်က ပျူစစ်သူကြီးအရုပ်တွေကလည်း တော်တော်လက်ရာမြောက်။
အဝင်မုခ်ဦးအရှေ့နားမှာလည်း UNESCO အသိအမှတ်ပြု ကျောက်စာတိုင်ကြီးကလည်း ထင်းခနဲ။
ဟိုး နှစ်ပေါင်း ထောင်ချီကတည်းက တည်ရှိခဲ့တဲ့ မြို့ဟောင်းထဲရောက်လာခဲ့ပြီဆိုတဲ့ အသိက စိတ်လှုပ်ရှားစရာ ။ လွမ်းမောစရာ ။
မြို့ဟောင်းထဲမှာ လမ်းတလျှောက်လမ်းညွှန်ဆိုင်းဘုတ်လေးတွေ၊
မြေပုံအညွှန်းလေးတွေ ထောင်ထားတာကြောင့် ကြည့်ပြီးဝင်သွားရုံပါပဲ။
ဗိဿနိုးမြို့ဟောင်းဟာ ပုဂံလိုတော့ ခမ်းခမ်းနားနား အဆောက်အဦတွေ ကျန်ရစ်မနေပါဘူး ။ နှစ်ပေါင်းကလဲ ပုဂံထက်အများကြီး ရှေးကျခဲ့သည်ကိုး ။ တူးဖော်ထားတဲ့ အုတ်ရိုးတွေကို ကြည့်ပြီးပဲ သူ့ရဲ့ခမ်းနားခဲ့မှုကို မှန်းဆနိုင်မှာပါ။
ဗိဿနိုးမြို့ဟောင်းထဲမှာလှည့်လည် ကြည့်ရှုဖို့အတွက်တော့ ရှေးဟောင်းသုတေသန ဝန်ထမ်းတွေကို လိုက်ပါရှင်းပြပေးဖို့ အကူအညီတောင်းလို့ရပါတယ်။ကျွန်တော်တို့ကိုတော့ ဝန်ထမ်းအဘတစ်ယောက်က ကူညီပြီးလိုက်ပါရှင်းပြပေးခဲ့ပါတယ်။ မြို့ဟောင်းထဲကအဓိကနေရာ အတော်များများကို ရောက်ခဲ့တယ်။
ပထမဆုံး အင်းကြီးကန်ကို အရင်ရောက်ရှိသွားတယ်။အင်းကြီးကန်ကတော့ မြို့ဟောင်းထဲက ကန်တွေထဲမှာ အကြီးဆုံး ကန်တစ်ကန်ဖြစ်ပြီး ပန်ထွာဘုရင်မနဲ့ဆက်စပ်နေတဲ့ သမိုင်းဝင်ကန်လို့လည်း သိရသလို အပြင်ကျုံးလို့လည်းဆိုကြပါသေးတယ်။ အင်းကြီးကန်နားမှာတော့ ဘုရားငါးဆူကို ဖူးမြင်နိုင်ပါတယ်။ဆက်လက်ပြီး စေတီတွေ၊သာသနိကအဆောက်အဦဖြစ်တဲ့ ဘုန်းကြီးကျောင်းနဲ့ အဝိုင်းပုံ အဆောက်အဦစေတီ(KKG-3)ဘက်၊ အိုးထိန်းတောင်(BTO-30) ဘက်တို့ကိုလည်း ရောက်ခဲ့ပါတယ်။
အိုးထိန်းတောင်နေရာဟာ ပန်ထွာမင်းသမီးကို ဗိဿနိုးနတ်မင်းက မကွဲစေမပျက်စီးစေတဲ့ အိုးတစ်သိန်းဖန်ဆင်းပေးရာနေရာအဖြစ် မှတ်သားဖူးပါတယ်။ ထိုနေရာမှာပဲ အခန်း ၇ခန်းပါ သာသနိက အဆောက်အအုံတခုကို လေ့လာဖြစ်ခဲ့ပါသေးတယ်။
သင်္ချိုင်းနေရာဖြစ်တဲ့ (BTO-28)ဘက်မှာတော့ ပန်ထွာဘုရင်မ ကျိန်ဆိုခဲ့တဲ့ "ငါလာမှကြီး ၊ငါလာမှသီး" ဆိုတဲ့အတိုင်း လူတစ်ရပ်ထက်ပိုမကြီးတဲ့ ပေပင်ပုလေးတွေ အများအပြားကိုတွေရသလို အရိုးအိုးများ၊လက်စင်းပါ အုတ်ချပ်တွေကိုပါလေ့လာခဲ့ရပါတယ်။
ဆက်လက်ပြီး အပြင်မြို့ရိုး၊အတွင်းမြို့ရိုးတို့ကနေ နန်းတော်ကုန်းဘက်ရောက်တဲ့အခါမှာတော့ စာရေးဆရာမကြီးရွှေကူမေနှင်း ရေးသားချက်ကို အမှတ်ရမိပါတယ်။ "တိုင်းပြည်တစ်ပြည်လုံးအုပ်ချုပ်တဲ့ ပန်ထွာဘုရင်မကြီးနေခဲ့တဲ့ နန်းတော်ရာအဆောင်ဟာ သာမန်အရွယ်အစားလောက်ပဲရှိပြီး ကျဉ်းလွန်းပါတယ်။ ရဟန်းတော်တွေကို ကိုးကွယ်တဲ့ကျောင်းဆောင်တွေကသာ အကျယ်ကြီးဖြစ်နေတာကို ထောက်ထားခြင်းဖြင့် ပန်ထွာဘုရင်မဟာ ဘုရင်ဖြစ်ပေမယ့် ကိုယ်ကျိုးစည်းစိမ်ခံဖို့ မစဉ်စားပဲ ဘာသာတရားကိုင်းရှိုင်းတာကို မျက်ဝါးထင်ထင် ကောက်နုတ်ချက်ချလို့ရနိုင်ပါတယ်။"

ဆက်လက်ပြီး ပန်ထွာဘုရင်မတည်ထားခဲ့တဲ့ ရွှေရောင်တော်စေတီကိုလည်း ဖူးမြော်ကြည်ညိုခဲ့တယ်။ ဘုရားလောင်းကြက်ဖြူမင်း ဖြစ်ခဲ့တဲ့အရပ်မှာ တည်ထားခဲ့တာမို့ စေတီတော်မှာ ကြက်ဖြူမင်းအရုပ် ထားရှိတာကိုလည်း တွေ့မြင်ရပါတယ်။ ဘုရားမှာတော့ တချို့ ဂမ္ဘီရဆန်းကြယ်ဖြစ်ရပ်များလို အင်ကြင်းပန်းများ တွေ့ရမလားလို့ ရှာကြည့်မိပေမယ့် မတွေ့ခဲ့ရပါဘူး။စေတီအနောက်နားမှာတော့ ပန်ထွာဘုရင်မရုပ်ထုထားရှိရာ အဆောင်ရှိတယ်။ သော့ခတ်ထားတဲ့အဆောင်မို့ အစောင့်ဝန်ထမ်းတွေကို သော့ဖွင့်ခိုင်းလို့ရပါတယ်။ ဘုရင်မကြီးရုပ်ထုကိုဝင်ကြည့်ပြီး ပြုလုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကို အမျှအတန်းဝေခဲ့ပါသေးတယ်။ ထူးခြားမှုတခုကတော့ ရွှေရောင်တော်ဘုရား အနောက်ဘက်မုခ် ခြင်္သေ့ပါးစပ်ထဲက မိန်းမနဲ့ကလေးအရုပ်ပါ။တချို့ကလည်း ပန်ထွာနဲ့ပန်ထွာရဲ့မိခင်အရုပ်လို့ ပြောကြပါတယ်။
ဘုရင်မအိမ်မက်ပေးလို့ ထားရှိတဲ့ စည်တော်နဲ့ စည်တော်စင်ကြီးကိုလည်း ရွှေရောင်တော်ဘုရားမှာ တွေ့ခဲ့ရတယ်။နန်းတွင်းကျောင်းဘက်မှာ တည်ထားတဲ့ စိန်တော်ရောင်စေတီကိုလည်း ဖူးမြော်ခဲ့တယ်။
အပြန်မှာ မြို့ဟောင်းအဝင်နားက ဗိဿနိုးပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်းပစ္စည်းတွေကိုဝင်ရောက် လေ့လာခဲ့ပြီး ဗိဿနိုးမြို့ဟောင်းလေ့လာရေးခရီးကို အဆုံးသတ်ခဲ့ပါတယ်။တခြားအထင်ကရနေရာတွေ လေ့လာချင်သေးရင်တော့ သမိုင်းဝင်မင်းလှခံတပ်နဲ့ နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တို့ ပင်းမြို့ဟောင်းတို့ဘက်ကိုလည်းလေ့လာလို့
ရပါသေးတယ်။

ဗိဿနိုးမှ ပြန်ခဲ့သည်
===============
မြို့ဟောင်းကနေ မကွေးအပြန်လမ်းတစ်လျှောက်ကတော့
ဟိုး ရှေးနှစ်ပေါင်းများစွာက စည်တီးရင် ရေကြီးတယ်လို့
အဆိုရှိတဲ့ ဗိဿနိုးသခင်မ ပန်ထွာဧကရီရဲ့ စည်ပင်ဝပြောခဲ့တဲ့ တိုင်းနိုင်ငံတော်ကြီး ခုလို အုတ်ရိုးသာ ကျန်တော့တဲ့အထိ ပျက်စီးသွားခဲ့ရပုံကို ငြိမ်သက်ရင်း အနိစ္စသဘောကို အတွေးနယ်ချဲ့  နေမိပါတယ်။
ညနေခင်းမှာတော့ မကွေးမြို့ရဲ့ ကမ်းနားလမ်းအလှကို ခံစားရင်း မြသလွန်စေတီတော်ကို သုံးဘီးလေးစီးလို့ သွားရောက်ဖူးမြော်ခဲ့ပါတယ်။
မြသလွန်ဘုရားပေါ်က မကွေးမြို့ sunset ကို မြင်ရတာ
သိပ်အေးချမ်းတာပဲဗျာ ။

မကွေးတစ်ဖက်ကမ်း မင်းဘူးက ရှင်ပင်စက္ကိန်းတဲ နဲ့ နဂါးပွက်အိုင်ကိုလည်း အချိန်ရရင် သွားစေချင်ပါသေးတယ်။

စားမယ်ဝါးမယ်
=============
မကွေးမှာအစားအသောက်ဆို ကောင်းမွန် Shopping Centreက ကောင်းမွန်ပုံစားဆိုင်က နာမည်ကြီးပါတယ်။ဟင်းတွေက အစပ်များလို့ ကျွန်တော်တို့လို့ အစပ်ကြောက်သူတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။
နောက်ပုံစားတစ်ဆိုင်ကတော့ ခရိုင်အားကစားကွင်းဘေးက စိန်ဖူးပုံစား ရှမ်းဆိုင်လေးပါ။သူကတော့ တော်တော်လေး လက်ရာကောင်းသလို အမယ်လည်းများ ဈေးလည်းတန်ပါတယ်။ မင်းဘူးလမ်းပေါ်က ဟင်္သာတမုန့်ဟင်းခါးဆိုင်မှာလည်း မြန်မာထမင်းဟင်းစားလို့ရပါသေးတယ်။ကမ်းနားလမ်း Nan Htike Thu Hotelရှေ့နားက Elysium Restaurant ကတော့ မကွေးကနာမည်ကြီး စားသောက်ဆိုင်တွေထဲက တစ်ခုအပါအဝင်ပေါ့။ သူတို့ဆိုင်က နာမည်အကြီးဆုံးက ပုဇွန်အစိမ်းသုတ်နဲ့ ငါးသံပုရာပေါင်းပါ။ ညနေဘက် ကမ်းနားလမ်း တလျှောက်မှာ ဖွင့်တဲ့ ရခိုင်မုန့်တီ၊သင်္ဘောသီးသုတ်၊အကင် စတာတွေကတော့ မကွေးမြို့ရဲ့ နာမည်ကြီးတာလေးတွေပေါ့။

နောက်တစ်နေ့မနက်မှာတော့ တည်းခိုတဲ့ဟိုတယ်မှာ မနက်စာစားပြီး မကွေးရွှေမြို့တော်ကနေ ရန်ကုန်ကိုပြန်ခဲ့ပါတယ်။

အချိန်ပေး ဖတ်ရှုခြင်းအတွက်ကျေးဇူးတင်ပါတယ်။
=

Address


Telephone

+959 5039486

Website

Alerts

Be the first to know and let us send you an email when Y&T Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Y&T Travels and Tours:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share