23/08/2019
Indonesia ရဲ့ နံမည်ကြီး Bali ကျွန်းကို မြန်မာခရီးသွား တော်တော်များများ ရောက်ဖူးကြလို့ မြန်မာ tourists တွေနဲ့ မစိမ်းတဲ့ အရပ်ပါ။
Bali ကျွန်းဟာ ကျွန်းကြီး ၁ကျွန်းဖြစ်ပြီး ပုံသဏ္ဋာန်က ကြက်ကလေး၁ကောင် မတ်တပ်ရပ်နေပုံနဲ့ ဆင်တူပါတယ်။
Bali မှာ ငပလီ လို ရေအရမ်းကြည်တဲ့ ကမ်းခြေတွေ အတော်များများ ရှိပြီး မြောက်ပိုင်းမှာ ရှိတဲ့ Mount Batur မီးတောင်ရှုခင်းက အရမ်းလှပပြီး ရင်သပ်ရှုမောစေတာပါ။ မြန်မာပြည်ရဲ့ ကလောလိုမျိုးပေါ့။
အင်းလေးကန်လို Beratan Lake ကလည်း ဘာလီမြောက်ပိုင်းမှာ တည်ရှိတာပါ။
ဘာလီ နေရာအနှံ့မှာ တည်ရှိတဲ့ ရှေးဟောင်းဘုရားကျောင်းအများစုကလည်း ပုဂံလိုမျိုး ဆွဲဆောင်မှု အပြည့်နဲ့ပါ။
Bali ကို သွားဖို့ စိတ်ကူးထားရင် နောက်ဆုံး ၁ညတော့ high end hotels တွေ တည်ရှိတဲ့ Nusa Dua beach မှာ အပန်းဖြေ ဖို့ အကြံပြုချင်ပါတယ်။ Nusa Dua Beach ဟာ high-end beach ဖြစ်ပြီး beach အဝင်မှာ security gate နဲ့ ဝင်ထွက်ရတာပါ။
သူ့မှာ resort style 5 star-hotels တွေရှိပြီး လမ်းတလျှောက် သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ trpoical rain forest ထဲ ရောက်သွားသလို ခံစားရတဲ့ နေရာပါ။
Nusa Dua Beach မှာ staycation လုပ်မယ်ဆိုရင်ဖြင့် private pool ပါတဲ့ villa style suite rooms တွေကို ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။
သဘောကျတဲ့ 5 star-hotel ကို ညွှန်းရရင်ဖြင့် Novotel Bali Nusa Dua hotel ပါ။
အဲဒီမှာ private pool ပါတဲ့ 2 bedroom suite , 3 bedroom suite တို့ ရှိပါတယ်။
၂ယောက်ထဲသွားလည်း ကိုယ်စိတ်တိုင်းကျ 3000 sqft ကျယ်တဲ့ 3 bedroom suite ကို ရွေးချယ်နေထိုင်ချင်လည်း ရပါတယ်။ 3 bedroom suite က အိပ်ခန်း ၃ခန်းပါပြီး ၆ ယောက်ကောင်းကောင်း နေနိုင်ပါတယ်။
ကျယ်ဝန်းတဲ့ ဧည့်ခန်း၊ထမင်းစားခန်း၊ မီးဖိုခန်းတို့ပါဝင်ပြီး အခန်းအတွက် ကိုယ်ပိုင်သီးသန့်ရေကူးကန် ( ၁၅ပေ ပတ်လည်ရှိပြီး whirlpool bath ပါပါတဲ့ ) ပါဝင်ပါတယ်။ ရေကူးကန်ဘေးမှာ rest area လည်း ပါဝင်ပါတယ်။
6 ယောက် နေရင် 600 $ နီးပါးကျသင့်ပြီး ၂ယောက်နေမယ်ဆိုရင် 500$ နီးပါးပါ။ 2 bedroom suite က 1400 sq ft ရှိပြီး ၂ယောက် အတွက် 310$ ပါ။
Novotel အနားမှာ ရှိတဲ့ Sofitel ကတော့ ပိုမို ဈေးမြင့်ပြီး private pool ပါတဲ့ suite room က 950 sq ft ကျယ်ပြီး 530$ နီးပါး ကျသင့်ပါတယ်။
Bali သွားမယ် ဆိုရင်ဖြင့် high-end beach ဖြစ်တဲ့ Nusa Dua က 5 star-resort hotel တွေမှာ ၁ခါတော့ staycation လုပ်ကြဖို့ တိုက်တွန်းပါရစေ....