Tourism Bagan

  • Home
  • Tourism Bagan

Tourism Bagan This page is managed by Bagan Branch Office of the Ministry of Hotels & Tourism,Myanmar.

စည်ပင်လိုင်စင်ရ တည်းခိုခန်းများအား Guest List Management System(GLMS) အသုံးပြုနိုင်ရေး သင်တန်းပို့ချ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅...
15/03/2024

စည်ပင်လိုင်စင်ရ တည်းခိုခန်းများအား Guest List Management System(GLMS) အသုံးပြုနိုင်ရေး သင်တန်းပို့ချ

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်

စည်ပင်လိုင်စင်ရ တည်းခိုခန်းများအား Guest List Management System (GLMS) အသုံးပြုနိုင်ရေး သင်တန်း ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပုဂံမြို့ဟောင်း ရှိ Bagan Information & Training Centre (BITC) တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ညောင်ဦးမြို့နယ် စည်ပင်သာရေးအဖွဲ့ မှ ဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ဝန်ထမ်းများ နှင့်ဖိတ်ကြားထားသည့် တည်းခိုခန်းများမှ GLMS အသုံးပြုမည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဟိုတယ်၊ ခရီးဝန်ထမ်းများမှ GLMS စနစ် မှတ်ပုံတင်ခြင်းနှင့် ဧည့်သည်စာရင်း တိုင်ကြားသည့်ပုံစံများအား လက်တွေ့ရှင်းလင်းပြသခဲ့ပြီး တည်းခိုခန်းများမှ စတင်အသုံးပြုနေပြီဖြစ်ပါသည်။

ညောင်ဦးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO) အစည်းအဝေးကျင်းပပြုလုပ်**********************************************၂၀၂၄...
07/03/2024

ညောင်ဦးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO) အစည်းအဝေးကျင်းပပြုလုပ်
**********************************************

၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်

ညောင်ဦးခရိုင်ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO) အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ညောင်ဦးခရိုင် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO) အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ဦးစွာ ညောင်ဦးခရိုင်ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) ဥက္ကဌ ဦးစောထွန်းဝင်း က အမှာစကားပြောကြားရာတွင် မိမိ DMO ဥက္ကဌတာဝန်ယူပြီးချိန်မှစ၍ ယခုအစည်းအဝေးသည် ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂံခရီးစဉ်ဒေသသည် မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပင်ထင်ရှားကျော်ကြားသော ခရီးစဉ်ဖြစ်သည့် အတွက် DMO အစည်းအဝေးကို ပုံမှန် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ DMO အဖွဲ့အနေဖြင့်လည်း ခရီးစဉ်ဒေသ ရေရှည်တည်တံ့စေရေးနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍနှင့်သက်ဆိုင်သည့် အချက်အလက်များအား ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ပြီး DMO ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

Address


Opening Hours

Monday 09:30 - 16:30
Tuesday 09:00 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Alerts

Be the first to know and let us send you an email when Tourism Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tourism Bagan:

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share