29/02/2024
ဒီနေ့ပြောသွားမဲ့ လေယာဉ်ကတော့ NASA နဲ့ Lockheed Martin ကထုတ်ပြလိုက်တဲ့ X-59 Quest အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ ဒီလေယာဉ်ပျံရင်ဖြစ်လာမဲ့အသံကို 75 DB လောက်ဖြစ်ဖို့ NASA ကမျှော်လင့်ထားပါတယ်။ ပြောရမယ်ဆို ဖုန်စုပ်စက်ကထွက်မဲ့အသံလောက်ပေါ့။
NASA ကတော့လူတိုင်းသိမှာပါ။ ဒါပေမယ့် Lockheed Martin ဆိုတဲ့ကုမ္ပဏီကလဲ ခပ်သေးသေးကုမ္ပဏီမဟုတ်ဘူးနော်။ ဒီကုမ္ပဏီက F-22 Raptor ( 5th generation ) တို့ F-35 ( 5th Generation ) အစရှိတဲ့လေယာဉ်တွေကိုထုတ်လုတ်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီလေယာဉ်က စမ်းသပ်မှုသက်သက်အတွက်ထုတ်လုပ်ထားတာဖြစ်ပြီး လူသယ်လေယာဉ်ပျံရဲ့ Prototype Design မဟုတ်ပါဘူး။
ဒီလေယာဉ်နဲ့ဘာတွေစမ်းသပ်မှာလဲ?
-------
ဒီစမ်းသပ်မူမှာ Mission ၂ ခုရှိပါတယ်။ ပထမ Mission ကတော Sonic Boom ရဲ့ကျယ်လောင်မူကို လျှော့ချပေးနိုင်တဲ့ဒီဇိုင်း ဆွဲပြီးထုတ်လုပ်ဖို့ပါတယ်။ဒါ့အပြင်လူတွေနေထိုင်တဲ့ Community တွေရဲ့အထက်ကနေဖြတ်ပျံပြီး Dataတွေကောက်ရုံတင်မက လူတွေရဲ့ပြောဆိုချက်တွေကို စစ်တမ်းကောက်ပြီး US နဲ့ နိုင်ငံတကာ Regulators တွကိုကောက်ယူထားတဲ့ Data တွေကိုပေးပို့ဖို့ဖြစ်ပါတယ်။ Sonic Boom ဆိုတာဘာလဲဆိုတော့ လေယာဉ်ကအသံထက်မြန်အောင်ပျံရင် ထွက်ပေါ်လာတဲ့ မိုးကြိုးပစ်တဲ့အသံနဲ့ အလားတူတဲ့အသံကိုပြောတာပါ။ ဒီ Shockwave တွေကမြေပြင်မှာရှိတဲ့ အဆောက်အဦးတွေ၊ လူတွေကိုထိခိုက်စေနိုင်ပါတယ်။ အဲ့တာကြောင့် Federal Aviation Administration (FAA) က Supersonic ပျံသန်းမူတွေကို အရေးပေါ်အခြေအနေများကလွဲလို့ပျံသန်းမူကိုကန့်သတ်ထားပါတယ်။
ကဲ ဒီလေယာဉ်ရဲ့ဒီဇိုင်းကိုပြောရအောင်။
-------
ဒီကျယ်လောင်တဲ့ Sonic Boom ကိုလျှော့ချဖို့ ဒီလေယာဉ်ရဲ့ ဒီဇိုင်းကအခြားလေယာဉ်တွေနဲ့မတူပါဘူး။ လေယာဉ်ရဲ့အတောင်ပံက Concorde မှာပါတဲ့ Delta Wings ( တြိဂံပုံစံအတောင်ပံ ) ဖြစ်ပြီး လေယာဉ်၏ကိုယ်ထည်မှာ Streamline Body ပုံစံဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ နောက်ထက်ထူးခြားချက်ကတော့ လေယာဉ်ရဲ့ နှာခေါင်းကအရှည် ၃၈ပေ တောင်ရှိပါတယ်။ လေယာဉ်မှူးက ရှေ့ကို မမြင်ရတာကြောင့်လေယာဉ်ရှေ့မှာ ကင်မရာတပ်ဆင်ထားပြီး လေယာဉ်မှူးသည် ကင်မရာမှတိုက်ရိုက်ထုတ်လွှင့်မူကို Cockpit ထဲက Screen ကနေအရှေ့ကိုမြင်ရပါတယ်။
လေယာဉ်ရဲ့ ဗိုက်အောက်ပိုင်းကလည်း အဖုအထစ်တွေ အစိတ်ပိုင်းလေးတွေမရှိအောင်လုပ်ထားပြီး တော်တော်များများအစိတ်အပိုင်းလေးတွေကို လေယာဉ်ကိုယ်ထည်ရဲ့ အပေါ်ပိုင်းမှာရှိပါတယ်။ ဘာလို့အောက်မှာမထားလဲဆိုတော့ လေယာဉ်မြန်မြန် ပျံသန်းတဲ့အချိန်မှာ Shockwave တွေမြေပြင်ကိုမရောက်အောင်လို့ပြုလုပ်ထားတာဖြစ်ပါတယ်။ ပြီးတော့ဒီလေယာဉ်က Shockwave တွေ Cancel လို့ရအောင် လေယာဉ်ရဲ့အမြှီးက T-tail ဒီဇိုင်းဖန်တီးထားပါတယ်။
ဒီလေယာဉ်ကိုသုတ်ထားတဲ့ဆေးက Anti-static ဆေးနဲ့သုတ်ထားတာဖြစ်ပါတယ်။ Anti-static ဆိုတာဘာလဲ၊ ကျွန်တော်တို့လွယ်လွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့လမ်းလျှောက်နေတုန်းတစ်ယောက်ယောက်နဲ့ ရုတ်တရက်တိုက်မိသွားရင် ဓာတ်အနည်းငယ်လိုက်သလိုပေါ့ ဓာတ်ကဘာလို့လိုက်လဲဆိုတာ နောက်ကျမှရှင်းပြမယ်ဗျာ။
-------
အသံထက်မြန်အောင်ပျံနိုင်ပြီး လူများများသယ်နိုင်တဲ့ လေယာဉ်တွေကို ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီ ( Boom Supersonic ) ကတော့သူတို့လေယာဉ်တွေကို 2027 ခုနှစ်တွင် ပထမဆုံး ပျံသန်းနိုင်အောင်လုပ်ပြီး၊ 2029 တွင် certification ရရှိဖို့မျှော်လင့်ထားပါတယ်။ဒီလေယာဉ်ကို မထုတ်လုပ်ရသေးပါဘူး။ 2026 မှာ ထုတ်လုပ်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဒီလေယာဉ်ကိုအော်ဒါတွေရှိနေကြပါပြီ။ United Airline, American Airline နှင့် Japanese Airline တွေကလေယာဉ်အစီးရေ 130 ကို မှာယူထားပါတယ်။
ကဲဒီတစ်ပတ်ကတော့ဒါပါပဲဗျာ။ နောက်ဘာတွေထက်သိချင်သေးလဲဆိုတာ Comment Section မှာပြောသွားလို့ရပါတယ်။
- Image credit goes to original owner -