Multicoloured Myanmar Travel

  • Home
  • Multicoloured Myanmar Travel

Multicoloured  Myanmar Travel Try some wonderful taste about Burma! We provide you the best service with reasonable price.
(8)

If you want to get some information about Burma/ Myanmar, We will help you out Please contact us through our email address.

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)  ***********ဗုဒ္ဓဘာသာ၀င်များအတွက်  #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။( သန္...
11/07/2022

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)
***********

ဗုဒ္ဓဘာသာ၀င်များအတွက် #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။

( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-ဝါဆို)

#ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ လ ရှိသည်အနက် ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမ ဘုရားလောင်း #ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း #တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း၊

၃။ ဂေါတမ ဘုရားလောင်း #ဓမ္မစင်္ကြာတရားဦးစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် #တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ #ဘုရားအဖြစ်ကို၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ #တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ #သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ #ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

ဓမ္မစင်္ကြာဟောသောနေ့မှာ သံဃာရတနာအစဦးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ ဝါဆိုလပြည့် #သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။

ထိုထိုအကြောင်းများကြောင့် ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာ၀င်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဤနေ့ထူးနေ့မြတ်တွင် ပါ၀င်သော ဓမ္မစကြာတရား ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ကို #ဓမ္မစင်္ကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။

🙏ဘုရားရှင်သည် ဓမ္မစင်္ကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။

🙏ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။

🙏ဓမ္မစကြာတရားခေါ် ဓမ္မစင်္ကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။

ဓမ္မစင်္ကြာတရားတော်တွင် ရှေးဦးစွာ ဝဲယာ #အစွန်းနှစ်ပါးကိုရှောင်ကြဉ်ရန် ဟောပြောထားသည်။
ဝဲယာအစွန်းနှစ်ပါး ဟူသည် #ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊

#အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊

ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို #မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော #မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။

#မဂ္ဂင်ရှစ်ပါး ဟူသည်-

(၁) #သမ္မာဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။

(၂) #သမ္မာသင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။

(၃) #သမ္မာဝါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။

(၄) #သမ္မာကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။

(၅) #သမ္မာအာဇီ၀=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။

(၆) #သမ္မာဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။

(၇) #သမ္မာသတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။

(၈) #သမ္မာသမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။

ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။

#သစ္စာလေးပါးကား-

(၁) ဆင်းရဲအမှန်ဟူသော #ဒုက္ခသစ္စာ။

(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော #သမုဒယသစ္စာ။

(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော #နိရောဓသစ္စာ။

(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော #မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။

ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်

🙏 #ဒုက္ခသစ္စာကိုပိုင်းခြား၍သိရမည်။

🙏 #သမုဒယသစ္စာကိုပယ်ရမည်။

🙏 #နိရောဓသစ္စာကိုမျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။

🙏 #မဂ္ဂသစ္စာကိုပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံး၀ကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

ဓါတ်ပုံ🙏 အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောအုပ်နေရာ
(မြတ်စွာဘုရားရှင်က ဓမ္မစင်္ကြာတရားဦးဟောကြားခဲ့ရာ နေရာ)

နယုန်လပြည့်နေ့ – မဟာသမယနေ့ အကြောင်းသိကောင်းစရာနယုန်လပြည့်နေ့ –  #မဟာသမယနေ့ နယုန်လပြည့်နေ့ကို  ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက ...
23/06/2021

နယုန်လပြည့်နေ့ – မဟာသမယနေ့ အကြောင်းသိကောင်းစရာ

နယုန်လပြည့်နေ့ – #မဟာသမယနေ့

နယုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက မဟာသမယ အခါတော်နေ့ အဖြစ် အလေးအမြတ်ထားခဲ့ကြပါတယ်။ နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ လဲဖြစ်ပါတယ်။ မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း၊ သမယ ဆိုတာ အချိန်-အခါ-ကာလ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး စတုတ္ထဝါ-အရောက်မှာ မဇ္စျိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို သူတို့ရဲ့ စပါး စိုက်ပျိုးခင်းတွေ အတွက် လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူယူမယ် ငါယူမယ် ဆိုပြီးညင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်ခဲ့ရပါတယ်။ ငယ်ကျိုး ငယ်နာတွေလည်းအပြန်ပြန်အလှန်လှန်ဖော်ကြ နဲ့ တင်းမာနေတဲ့ အချိန်ဖြစ််ပါတယ်။

အဲလိုအချိန်ကာလသမယမှာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး “အဖိုးမတန်တဲ့ ရေ အတွက်နဲ့ အဖိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား” မေးမြန်းတော်မူပါတယ်။

ဘုရားရှင်က မေးခွန်းထုတ်လိုက်တော့ အသိတရားဝင်လာကြ ပြီး။ ငြိမ်းချမ်းရေး ရှေးရှုတဲ့ ရန်ပြေ မာန်ပြေ တရားတော်ကို နာယူလိုက်တဲ့အခါ အသိဉာဏ်အမြင်မှန်ရရှိပြီးပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့ရပါတော့တယ်။

တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား ၅၀၀ တို့ဟာလည်း ဘုရားရှင်ရဲ့သာသနာ တော်ကိုဝင်ပြီး ရဟန်းပြုခဲ့ကြပါတယ်။

အဲဒီရဟန်းတွေဟာ သာသနာတော်မှာမပျော်ပိုက်ကြတဲ့အတွက် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင် သို့ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကိုဟောကြားတော် မူခဲ့ပါတယ်။ အဲဒီဇာတ်တော် အဆုံးမှာတော့ ရဟန်း ၅၀၀ တို့ဟာသောတပတ္တိဖိုလ်၌ တည်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့ မဟာဝုန်တောကို ကြွချီတော်မူခဲ့ပါတယ်။ မဟာဝုန်တောမှာ ကမ္မဋ္ဌာန်းကိုပေးတော့ မကြာမြင့်တဲ့ကာလအတွင်းမှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက် တော်မူကြပါတယ်။ အဲဒီရဟန်း-၅၀၀ တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကို လျှောက်ထားဘို့အတွက် နဲ့ ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ စုရုံးရောက်ရှိ လာကြပါတယ်။

အဲလိုညချမ်းအချိန်လေးမှာ ရဟန္တာ ၅၀၀-တစ်စုတစ်ဝေးတည်း စုစည်းနေတာ အလွန့်အလွန် ကြည်ညိုဖွယ် ကောင်းလှပါတယ်။ အဲလိုထူးခြားစွာ ကြည်ညိုဖွယ်ရာ သံဃာ့ အစည်းအဝေးကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ တွေဟာ မဟာဝုန်တော ကို စုရုံးရောက်ရှိလာကြပါတယ်။

အဲလို ပရိသတ်တွေစုဝေးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာ တွေရဲ့ အမည် ။အမျိုးအနွယ်၊ တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုတဲ့အတွက် အမျိုးတူအလိုက်စုပေါင်းကာ— အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူ ပြီးမှသာ မဟာ သမယသုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
မဟာသမယ-သုတ်ကို ဒေဝတာပီယ-နတ်တ်ုိ့ချစ်ခင် မေတ္တာဝင်၊သုတ်တွင်-မဟာသမယလို့ လည်းခေါ်ပါတယ်။
ထို့နောက် မိမိတို့၏ စရိုက်အလိုက် အောက်ပါ သုတ္တန်များကိုလဲ ဟောကြားခဲ့ပါတယ်။
၁။ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဗနိယသုတ်)

၂။ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)

၃။မောဟစရိုက်-အားကြီးသူအတွက်—(မဟာ ဗျူဟသုတ်)

၄။ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠ ဗျူဟသုတ်)

၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)

၆။ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)

တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား ရေတွက် လို့တောင်မရနိုင်လောက်အောင်များပြားခဲ့ပါတယ်။

ဒါကြောင့် နယုန်လပြည့်ရဲ့ထူးခြားမှုတွေကို ခြုံငုံရရင်

🙏🙏🙏

#၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။

#၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။

#၃။ ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။

#၄။ နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။

#၅။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။

#၆။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

စသည်ဖြင့် ပြည့်စုံနေပါတယ်။

သည်လိုနေ့ထူးနေ့မြတ်မှာ မငြိမ်းချမ်းသောနေရာများကိုမေတ္တာပို့သလို့ မဟာသမယသုတ်တော် ကို ရွတ်ဆိုပူဇော်ရင်း ငြိမ်းအေးစေကြာင်း ဆုတောင်းမေတ္တာပို့သနိုင်သလို အပြီးတိုင်း ငြိမ်းအေးရာ အမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အထောက်ပ့ံကောင်းများ ဖြစ်သည့် ဒါနအမှု့၊ သီလအမှု့၊ ဘာဝနာအမှု့များကို တက်အားသ၍ ပြုလုပ်ကြပါရန် အထူးပင်တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မှီငြမ်း။ ။ http://www.thitsaralin.org/2011/06/blog-post_17.html
Photo Courtesy👉 All About Myanmar

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)  ***********ဗုဒ္ဓဘာသာ၀င်များအတွက်  #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။🙏🙏🙏( ...
03/08/2020

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)
***********

ဗုဒ္ဓဘာသာ၀င်များအတွက် #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။

🙏🙏🙏( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-ဝါဆို)

#ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ လ ရှိသည်အနက် ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမ ဘုရားလောင်း #ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း #တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း၊

၃။ ဂေါတမ ဘုရားလောင်း #ဓမ္မစင်္ကြာတရားဦးစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် #တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ #ဘုရားအဖြစ်ကို၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ #တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ #သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ #ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

ဓမ္မစင်္ကြာဟောသောနေ့မှာ သံဃာရတနာအစဦးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ ဝါဆိုလပြည့် #သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။

ထိုထိုအကြောင်းများကြောင့် ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာ၀င်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဤနေ့ထူးနေ့မြတ်တွင် ပါ၀င်သော ဓမ္မစကြာတရား ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ကို #ဓမ္မစင်္ကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။

🙏ဘုရားရှင်သည် ဓမ္မစင်္ကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။

🙏ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။

🙏ဓမ္မစကြာတရားခေါ် ဓမ္မစင်္ကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။

ဓမ္မစင်္ကြာတရားတော်တွင် ရှေးဦးစွာ ဝဲယာ #အစွန်းနှစ်ပါးကိုရှောင်ကြဉ်ရန် ဟောပြောထားသည်။
ဝဲယာအစွန်းနှစ်ပါး ဟူသည် #ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊

#အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊

ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို #မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော #မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။

#မဂ္ဂင်ရှစ်ပါး ဟူသည်-

(၁) #သမ္မာဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။

(၂) #သမ္မာသင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။

(၃) #သမ္မာဝါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။

(၄) #သမ္မာကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။

(၅) #သမ္မာအာဇီ၀=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။

(၆) #သမ္မာဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။

(၇) #သမ္မာသတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။

(၈) #သမ္မာသမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။

ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။

#သစ္စာလေးပါးကား-

(၁) ဆင်းရဲအမှန်ဟူသော #ဒုက္ခသစ္စာ။

(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော #သမုဒယသစ္စာ။

(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော #နိရောဓသစ္စာ။

(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော #မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။

ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်

🙏 #ဒုက္ခသစ္စာကိုပိုင်းခြား၍သိရမည်။

🙏 #သမုဒယသစ္စာကိုပယ်ရမည်။

🙏 #နိရောဓသစ္စာကိုမျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။

🙏 #မဂ္ဂသစ္စာကိုပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံး၀ကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

ဓါတ်ပုံ🙏 အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောအုပ်နေရာ (မြတ်စွာဘုရားရှင်က ဓမ္မစင်္ကြာတရားဦးဟောကြားခဲ့ရာ နေရာ)

MCM-230520GAYA-Virtual Tour #တစ်ဆယ်.နှစ်ရက်မြောက်နေ.ဒီနေ.ကတော. ကျမတို.ရဲ. စိတ်ကူးယဥ်ဘုရားဖူး ခရီးစဥ် ရဲ. တစ်ဆယ်.နှစ်ရက်န...
19/06/2020

MCM-230520GAYA-Virtual Tour

#တစ်ဆယ်.နှစ်ရက်မြောက်နေ.

ဒီနေ.ကတော. ကျမတို.ရဲ. စိတ်ကူးယဥ်ဘုရားဖူး ခရီးစဥ် ရဲ. တစ်ဆယ်.နှစ်ရက်နေ.မြောက်အကြောင်းပါ။
ကုသိနာရုံမှာ မနက်စာသုံးဆောင်ပြီးတာနဲ. ကျမတို.တည်းခိုရာ ဘုန်းကြီးကျောင်းမှ ထွက်ခွာကြပါမယ်။ ကုသိနာရုံမှာ လေ.လာပြီးတာနဲ. ရာဇဂြိုဟ်ကိုခရီးဆက်မှာဖြစ်ပါတယ်။
ကုသိနာရုံသည် ဘုရားရှင်လက်ထက်တော်မှာ မလ္လတိုင်းအတွင်းတည်ရှိပြီး မြတ်စွာဘုရားရှင် ခန္ဓာပရိနိဗ္ဗာန်ပြုခဲ.သောကြောင်. သံဝေဇနိယလေးဌာနာတွင် တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခြင်း ကို စာပေ ကျမ်းဂန်များ၌ အောက်ပါအတိုင်း အမျိုးအစားအားဖြင်. ၃ မျိုးခွဲခြားပြသထားပါတယ်။
(၁) မြတ်စွာဘုရားရှင်ပွင်.တော်မူသော ဗောဓိညောင်ပင်အောက်၌ ကိလေသာ အာသဝေါကုန်ခန်း၍ ဘုရားအဖြစ်သို.ရောက်တော်မူသည်ကို #ကိလေသာပရိနိဗ္ဗာန်ပြု တော်မူသည်။
(၂) မြတ်စွာဘုရားရှင် ကုသိနာရုံအင်ကြင်းဥယျာဥ်၌ ပရိနိဗ္ဗာန်ပြုတော်မူသည်ကို #ခန္ဓာပရိနိဗ္ဗာန်ပြု တော်မူသည်။
(၃) သာသနာတော်နှစ် ၅၀၀၀ ပြည်.သည်.အချိန်၌ အရပ်ဒေသအသီးသီး ၌ ရောက်ရှိနေကြသော မြတ်စွာဘုရားရှင်၏ အရိုးတော်၊ ဓါတ်တော်များသည် ပေါင်းစုပြီး နိမ္မိတရုပ်ပွားတော်ဖြစ်ကာ လူ၊ နတ်၊ ဗြဟ္မာတို.အား နောက်ဆုံးအကြိမ်တရားရေအေးတိုက်ကျွေးပြီးပျောက်ကွယ်သွားခြင်းကို #ဓါတုပရိနိဗ္ဗာန်ပြု တော်မူသည်။

ကုသိနာရုံ နဲ. အနီးတစ်ဝိုက် မှာ ကျမတို.သွားရောက်လေ.လာကြမယ်.နေရာတွေကတော.
ရှေးဦးစွာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသည်နေရာအထိမ်းအမှတ်တည်ထားခဲ.သော #မဟာပရိနိဗ္ဗာနစေတီတော် ကိုသွားရောက်ကြပါမယ်။အဲဒီစေတီတော်အတွင်းမှာ ပေ၂၀ အရှည်ရှိသော မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ဟန်ရုပ်ပွားတော်ကြီးတစ်ဆူရှိပါတယ်။
ထိုရူပ်ပွားတော်မြတ်ကြီးအား မြတ်စွာဘုရားရှင်ကိုရည်စူးရည် မှတ်ပြီး ရောင်စုံမြန်မာအဖွဲ.စုပေါင်း သကန်းဆက်ကပ်လှူဒါန်းကျပါမယ်။
မြတ်စွာဘုရားရှင်နောက်ဆုံးမိန်.မှာကြားခဲ.သောစကားကိုလိုက်နာမှတ်သားကြပါမယ်။ မြတ်စွာဘုရားရှင်နောက်ဆုံးမိန်.ကြားခဲ.သည်မှာ
" ဟန်ဒဒါနိဘိက်ခဝေ အာမန်တာယာမိဝေါ ၊ ဝယဓမ်မော သခါရာ အပ်ပမာဒနေ သမ်မာဒထေ"
မြန်မာလိုအဓိပါယ်မှာ ကား ...
“ရဟန်းတို့ ၊ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောသာရှိကြကုန်၏ ။ မမေ့သော သတိတရားဖြင့် သံသရာမှ လွတ်မြောက်အောင် အားထုတ်ကြကုန်လော့”ဟု နောက်ဆုံးမိန့်တော်မူလေ၏။
မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးနှင့် နောက်ဆုံးမိန့်မှာချက်များ အသေးစိတ်ကိုအောက်ပါ လင်.ခ်.မှာ ဝင်ရောက်ဖတ်ကြည်.နိုင်ပါတယ်။

https://www.facebook.com/MulticolouredMyanmarTravel/posts/364387437829463?__tn__=K-R

အဲဒီနောက်မှာတော. ကျမတို.အဖွဲ. ဆက်လက်ထွက်ခွာလာကြပြီး လျှင် ဘုရားရှင် #နောက်ဆုံးရေကြည်တော်သုံးဆောင်ခဲ.သောနေရာ ၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်ဥတုဇ ရုပ်ကလပ်တော်ကို တေဇောဓါတ်လောင်ကျွမ်းရာမှ ကြွင်းကျန်ရစ်သော မီးသွေးများကို ဌာမနာထည်.၍ တည်ထားသော #အင်္ဂါရစေတီတော် ၊
ထို.မှတဖန် ကုသိနာရုံမှရာဇဂြိုဟ်သို. ထွက်ခွာလာလမ်းတွင် ဝေသာလီပြည်မရောက်မှီ မြတ်စွာဘုရားရှင်သုံးဆောင်တော်မူခဲ.သော သပိတ်တော်ကို ဌာပနာ၍တည်ထားခဲ.သော #ကေသရိယစေတီတော် တို.ကိုဖူးမျှော်ပါမည်။
ထိုမှတဖန်ဝေသာလီပြည် သို.ရောက်ရှိကြပါမယ်။ ဝေသာလီသည် ဝဇ္ဇီတိုင်းဟုခေါ်တွင်ခဲ.ပြီး ရှေးအခါမြတ်စွာဘုရားပွင်.တော်မမူခင်အခါက ဝဇ္ဇီမင်းများ အလှည်.ကျအုပ်ချုပ်လာခဲ.ကြတဲ.‌တိုင်းကြီးဖြစ်ပါတယ်။
လမ်းတစ်လျောက်တွင် လိစ္ဆဝီမင်းများ ရာဇဘိသိက်သွန်းလောင်းသောအခါအသုံးပြုခဲ.သော မဂလာရေကန်တော်ကိုလည်းဝင်ရောက်ပါမယ်။ ရေကန်အနီးရှိ လိစ္ဆဝီမင်းများကိုးကွယ်ခဲ.သောဓါတ်တော်တိုက်ကိုလည်း ဝင်ရောက်ကြပါမယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၁၀၀ အကြာတွင် အရှင်ယသမထေရ် ဦးစီး၍ ရဟန္တာမထေရ် (၇၀၀) စုပေါင်းကာ ဝေသာလီပြည်၌ ဒုတိယသင်္ဂါယတနာတင်.ခဲ.ကြပါတယ်။ ကျမတို.အဖွဲ.သည် ဒုတိယသင်္ဂါယတနာတင်.ခဲ.သောနေရာဖြစ်သည်.
#ကူဋဂါရကျောင်းတော်ရာ ကိုသွားရောက်ဖူးမျှော်လေ.လာကြပါမည်။

နေ.လည်စာ ကို လမ်းမှာ အဆင်သင်.သောနေရာမှာ သုံးဆောင်ပြီး ရာဇဂြိုဟ်ကိုခရီးဆက်မှာဖြစ်ပါတယ်။ ရာဇဂြိုဟ်မြို.ကိုညနေခင်းမှာ ရောက်ရှိပြီး မိမိတို.တည်းခိုမယ်.ဘုန်းကြီးကျောင်းကိုတောက်လျောက်သွားကြပါမယ်။ ဘုန်းကြီးကျောင်းမှာ အေးဆေးစွာအနားယူကြပါမယ်။
ကျမတို.အဖွဲ.အခုဆိုရင် သံဝေဇနိယဌာန ၄ဌာန နဲ. အဝိဇဟိတဌာန လေးဌာနလည်း အားလုံးစုံသွားပါပြီ။ ခရီးစဥ်လည်း ပြီးလုနီးပါးရှိပါပြီနော်
နောက်တစ်နေ.မနက်မှာ တော. မြတ်စွာဘုရားရှင် နေထိုင်သီတင်းသုံးခဲ.တဲ. ရာဇဂြိုဟ်မြို.ရဲ.အထင်ကရနေရာများကိုသွားရောက် လေ.လာကြမှာ ဖြစ်ပါတယ်။
အရသာရှိတဲ.ညစာကိုသုံးဆောင်ပြီး အေးချမ်းစွာ အနားယူအိပ်စက်ကြပါမယ်။

#ရောင်စုံမြန်မာခရီးသွား

“A touch of genuine Nature, feel the Reality and make your trip Memorable”
"စစ်မှန်သော သဘာ၀တရားတွေကို ထိတွေ.ခံစားရင်း အမှတ်ရဖွယ်ကောင်းသော ခရီးများဖြစ်စေဖို. ရောင်စုံမြန်မာ နှင်.ခရီးသွားကြပါစို."

ရောင်စုံမြန်မာခရီးသွားလုပ်ငန်း
အမှတ် (၈၂၉) ၊ ၄လွှာ (ဝဲ) ၊ သမာဓိလမ်း
မေတ္တာ ညွှန်.ရပ်ကွက် ၊ တာမွေ မြို.နယ်
ရန်ကုန်မြို.

Mobile-Viber : 09 797562009 , 09 797230942
Whatsapp: +959797230942

" ဟန္ဒဒါနိဘိက္ခဝေ အာမန္တာယာမိဝေါ ၊ ဝယဓမ္မော သခါရာ အပ္ပမာဒေန သမ္မာဒေထ"

MCM-230520GAYA-Virtual Tour #တစ်ဆယ်.တစ်ရက်မြောက်နေ.ဒီနေ.ကတော. ကျမတို.ရဲ. စိတ်ကူးယဥ်ဘုရားဖူး ခရီးစဥ် ရဲ. တစ်ဆယ်.တစ်ရက်နေ....
09/06/2020

MCM-230520GAYA-Virtual Tour

#တစ်ဆယ်.တစ်ရက်မြောက်နေ.

ဒီနေ.ကတော. ကျမတို.ရဲ. စိတ်ကူးယဥ်ဘုရားဖူး ခရီးစဥ် ရဲ. တစ်ဆယ်.တစ်ရက်နေ.မြောက်အကြောင်းပါ။
ကျမတို.အဖွဲ.က လုမ္ဗီနီမှာရှိတဲ. မြန်မာရွေကျောင်းတော်ကြီးမှာ တစ်ညတာအိပ်စက်အနားယူကြပါတယ်။
လုမ္ဗိနီသည် မြတ်စွာဘုရားရှင် ​ခေတ်အခါက သက္ကတိုင်းတွင်ပါရှိပြီး ယခုအခါ နီ​ပေါနိုင်ငံအတွင်း၊ အိန္ဒယနယ်စပ် ဆို​နောလီမှ ၆ မိုင်အကွာတွင် တည်ရှိပါသည်။
ယခုအခါမှာတော. နီပေါအစိုးရသည် အလျား ၄ မိုင် အနံ ၁ မိုင်ရှိသော လုမ္ဗီနီဥယျာဉ် တော်ကို အပိုင်း ၃ ပိုင်း ပိုင်းခြားပြီး သာယာလှပ သန်.ရှင်းရေးကိုဦးတည် ၍ မြတ်ဗုဒ္ဓအထိမ်းအမှတ် အဆောက်အဦစေတီပုထိုးများ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာနိုင်ငံများ၏ကျောင်းတော်များ၊ တည်းခိုနားနေဆောင်များ စေတီများကိုတည်ဆောက်ရန်ခွင်ပြုထား ပြီး လူနေအိမ်ခြေများ ကျူးကျော်၀င်ရောက်ဆောက်လုပ်ခြင်း ၊ထိစပ်နီးကပ် ရှုပ်ထွေးနေခြင်း များမရှိအောင် စီမံ ဆောင်ရွက်ထားပါတယ်။
မနက်ခင်းမှာ ထုံးစံအတိုင်း နံနက်စာစောစောစားပြီးတာနဲ. ကျမတို.အဖွဲ. ညကတည်းက သိမ်းဆည်းထားတဲ. ကိုယ်.အထုတ်အပိုးတွေကို အကူကလေးများက ကားပေါ်ကို တင်ပါမယ်။
အဲဒီနောက် မှာတော အေးမြတဲ.လေကိုရှုရှိက် ရင်း လမ်းလျောက်ပြီးတော. #မယ်​တော်မာယာအုတ်​ကျောင်း လို.ခေါ် တဲ. မာယာဒေဝီကျောင်းဆောင် ကိုသွားရောက်ကြပါမယ်။
ထို​နေရာသည်ကား နီပေါနိုင်ငံ လုမ္ဗိနီဒေသတွင် တည်ရှိပြီး ဘုရားအလောင်းတော် မင်းသားသိဒ္ဓတ္ထအား ​မွေးဖွားခဲ့​သော ​နေရာဖြစ်ပါသည်။ နီ​ပေါလက်ရာများဖြင့် တင့်တယ်​နေ​သော ​ကျောင်း​တော်ကြီးကို ဖူး​တွေ့ရမှာ ဖြစ်ပါသည်။
ယခုခေတ် လုမ္ဗိနီဒေသ ဖွံ့ဖြိုးရေးအဖွဲ့(Lumbini Development Trust) က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်က တောင်မြောက် အလျား ၃-မိုင်၊ အရှေ့အနောက် ၁-မိုင် ကျယ်ပါတယ်။ တောင်ဖက်ဆုံးမှာ ဗုဒ္ဓမြတ်စွာ အလောင်းလျာ ဖွားမြင်တော်မူရာ မြေမြတ်မဟာ နယ်မြေ၊ အလယ်ပိုင်းမှာ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ နယ်မြေ၊ မြောက်ဖက်ဆုံးမှာတော့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ လုမ္ဗိနီ ရွာသစ်ဆိုပြီး နယ်မြေ သုံးခုခွဲထားပါတယ်။ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ နယ်မြေမှာ တောင်မြောက် တူးမြောင်းဖောက်လုပ်ထားပြီး၊ အရှေ့ဖက်ခြမ်းမှာ ထေရဝါဒ နိုင်ငံတွေက ဘုန်းတော်ကြီးကျောင်းတွေ တွေရှိပါတယ်။ အနောက်ဖက်ခြမ်းမှာတော့ မဟာယာနနဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ ချွင်းချက်အနေနဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာ ရှိပါတယ်။ တူးမြောင်းရဲ့ တောင်ဖက်ထိပ်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းနဲ့ ငြိမ်းချမ်းရေး မီးရှုးတိုင်တို့ ရှိပါတယ်။
အလောင်းတော် ဖွားမြင်ရာ မြေမြတ်မဟာ နယ်မြေမှာ ဖူးမြော်လေ့လာစရာတွေအနေနဲ့
🙏🙏🙏 #မာယာဒေဝီကျောင်းဆောင်၊ #အသောကကျောက်တိုင်၊ #ပေါက္ခရဏီရေကန်နှင့် အခြားစေတီပုထိုးပျက်များ ရှိပါတယ်။
ယခုရှိနေတဲ့ မာယာဒေဝီ ကျောင်းဆောင် အဆောက်အအုံက ၂၀၀၃-ခုနှစ်ကမှ ရှေးအဆောက်အအုံကို ငုံပြီး ဆောက်လုပ်ထားတာပါ။
ရှေးဟောင်းအဆောက်အအုံမှာ မယ်တော်မာယာက အင်ကြင်းကိုင်းကို ကိုင်ပြီး အလောင်းတော်ကို ဖွားမြင်နေဟန် ဂုတ္တခေတ်လက်ရာ ကျောက်ရုပ်တစ်ခု ရှိပါတယ်။ ထိုရုပ်တု​တော်သည် အလွန်ပျက်စီး​နေသဖြင့် မှန်ဖြင့်ကျကျနန ကာထားသည်ကို ​တွေ့ရပါသည်။
ဒေသခံ ဟိန္ဒူဘာသာ၀င်တွေကတော့ #ရုမ္မိနိဒေဝီ (Rumminidevi) နတ်သမီး ရုပ်တုလို့ ယူဆပြီး ကိုးကွယ်ကြပါတယ်။
မယ်​တော်မာယာ ​ကျောင်း​တော်၏ ညာဘက်ခြမ်းတွင် ​စေတီငယ် ​​လေးဆူရှိပါသည်။ ယင်းနေရာသည် မြတ်စွာဘုရား ​လောင်းလျာဖွား​တော်မူပြီး​နောက် ကြာပွင့်ချပ်များခံကာ ၇ လှမ်းကြွခဲ့သည့် ​နေရာဖြစ်ပါသည်။

အလောင်းတော် ဖွားဖြင်တော်မူလိုက်သည်နှင်.တစ်ပြိုင်နက် အရှေ.အရပ်မှ မြောက်အရပ်သို.လက်ညိုးထောင် ၍ ခြေ (၇) ဖဝါးလှမ်းကာ အောက်ပါ #စကားကြီး၃ခွန်း ကို ဥဒါန်းကျူးရင်.ကြွေးကြော်တော်မူလေသည်။

🙏"အဂ္ဂေါဟ မသ္မိလောကဿ
🙏🙏ဇေဌောဟ မသ္မိ လောကဿ
🙏🙏🙏သေဌောဟ မသ္မိ လောကဿ”

အဓိပ္ပါယ်မှာ

#ငါသည်လောကတွင် #အမြတ်ဆုံး
#ငါသည်လောကတွင် #အကြီးဆုံး
#ငါသည်လောကတွင် #ချီးမွမ်းအပ်ဆုံး….
ဟူ ၍ ဖြစ်သည်။

အ​သောကမင်းကြီးက ၇ ဆူတည်ထားခဲ့​သော်လည်း ယခုအခါ ၄ ဆူသာ ကျန်ပါ​တော့တယ်။
၁၉၉၆-ခုနှစ် ထပ်မံတူးဖော်တဲ့အခါ အသောကမင်းက အမှတ်အသားအဖြစ် ထားခဲ့တဲ့ ကျောက်တုံး (marker stone) ကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက အလောင်းတော်ရဲ့ ခြေတော်ရာလို့ ရှင်းပြလေ့ရှိပါတယ်။ ယခုအခါမှာ ကြည်ကာမှန်အတွင်းမှာ ထည့်သွင်းပြီး စောင့်ရှောက်ထားပါတယ်။
မာယာဒေဝီကျောင်းဆောင်ရဲ့ နံဘေးမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင် ရှိပါတယ်။ ဒီနေရာကို ၇-ရာစုကရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်က ကျောက်စာတိုင်ရဲ့ ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ကျောက်စာတိုင် ထိပ်ပိုင်းမရှိတော့ပါဘူး။ ကျောက်စာတိုင် ထိပ်ပိုင်းရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ ကျောက်တုံး တစ်တုံးကို ခြံ၀င်းအတွင်းမှာ ကျောက်စာတိုင်နဲ့ အတူထားပါတယ်။ အတော်လေး ပျက်စီးနေတဲ့အတွက် မြင်းရုပ်ပုံတော့ မပေါ်တော့ပါဘူး။
ကျောက်စာတိုင်မှာ ရေးထိုးထားတဲ့စာက “နန်းသိမ်းပွဲခံပြီး အနှစ် ၂၀-မြောက်အကြာတွင် နတ်တို့ချစ်သော ပိယဒဿီမင်းကြီးသည် သကျမုနိ ဗုဒ္ဓ ဖွားမြင်တော်မူရာ ဤအရပ်သို့ လာရောက်၍ ရှိခိုး ပူဇော်တော်မူခဲ့သည်။ ဖွားမြင်တော်မူရာတွင် ကျောက်သား တိုက်ခန်းကို တည်ထား၍ ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူတော်မူခဲ့သည်။ ဘုရားရှင် ဖွားမြင်တော်မူရာဖြစ်သော ဤလုမ္ဗိနီရွာအား အခွန် ကင်းလွတ်စေပြီး၊ ရှစ်ဖို့ တဖို့ကိုသာလျှင် ပေးဆောင်စေရမည်” လို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ (မှတ်ချက်။ နောက်ဆုံးဝါကျက “ဥဗလိကေ ကတေ အဌဘာဂိယေ စ” ကို ဘာသာပြန်ရာမှာတော့ မူကွဲ အမျိုးမျိုး ရှိပါတယ်။ ဘာသာရေး အထွတ်အမြတ် နေရာတွေကို လာရောက်တဲ့ အခါပေးရတဲ့ အခွန်ကို ကင်းလွတ်စေပြီး၊ မြေခွန်အဖြစ် ထမ်းဆောင်ရလေ့ရှိတဲ့ ထွက်ကုန်ရဲ့ ခြောက်ဖို့ တစ်ဖို့၊ လေးဖို့ တစ်ဖို့သော ခိုင်ကြေး (အခွန်) အစားလျော့ပြီး ရှစ်ဖို့ တစ်ဖို့ကိုသာ ထမ်းဆောင်စေတယ်လို့ အချို့က ယူဆပါတယ်။ အချို့ကလည်း “အခွန်ကို လျှော့ပေါ့၍ ရှစ်ဖို့တစ်ဖို့သာ ထမ်းဆောင်စေသည်” လို့ ခပ်ရိုးရိုး ဘာသာပြန်ပါတယ်။ အရှင်အာဒိစ္စဝံသကတော့ ပါဠိဘာသာနဲ့ “အတ္ထံ စ ဘာဇယေ” လို့ ဖလှယ်ယူပြီး “မိမိပြုသော ကုသိုလ်အဖို့ကို ဝြေခမ်းပါ၏” လို့ ဘာသာပြန်ပါတယ်။)
ကျောက်စာတိုင်ရဲ့ အထက်နားမှာတော့ နောက်ပိုင်းခေတ်ရောက်မှ တိဘက်ဘာသာနဲ့ ရေးထိုးထားတဲ့ “ဥုံမဏိ ပဒမေဟုံ” ဆိုတဲ့ စာတမ်းရှိပါတယ်။ ကျောက်စာတိုင်က အက်ကွဲနေတဲ့အတွက် အရှည်တည်တံ့အောင် ကုသိနာရုံကျောင်း မြန်မာဆရာတော် ဦးစနြ္ဒမုနိက သံပြားနဲ့ ပတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
ကျောက်စာတိုင်ရဲ့ တောင်ဖက်မှာတော့ #ပေါက္ခရဏီ ရေကန်ရှိတယ်။ အလောင်းတော်ကို ဖွားတော်မူစဉ်က ကောင်းကင်က ရေပူ၊ ရေအေး အလျဉ်အစုံကျလာပြီး၊ (အပူအအေး မျှတစေရန်) မယ်တော်နဲ့ အလောင်းတော်တို့ ရေချိုးတော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ အလောင်းတော် ဖွားမြင်ချိန်မှာ ကောင်းကင်က ရေပူရေအေး အလျဉ်တွေ ကျလာတဲ့ ဖြစ်ရပ်အပါအ၀င် မြေငလျှင်တုန်လှုပ်ခြင်း၊ အထက် ဗြဟ္မာပြည်ကနေ အောက် လောကန္တရိတ်ငရဲတိုင်အောင် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကြီး ပေါ်ထွန်းလာခြင်း စသဖြင့်သော အလွန်ထူးခြား အံ့သြဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နဲ့ ဒီဃနိကာယ် မဟာပဒါနသုတ်တို့မှာ ဟောကြားထားတာကို တွေ့ရပါတယ်။

အသေးစိတ်ကိုတော.အောက်ပါ Link မှာဝင်ရောက်ဖတ်ကြည်.နိုင်ပါတယ်။
https://www.facebook.com/MulticolouredMyanmarTravel/posts/514897912778414

မြတ်စွာဘုရား အလောင်းတော် ဖွားမြင်တော်မူခဲ့တဲ့ နီပေါနိုင်ငံ လုမ္မိနီဒေသ ဟာ ငှက်အများစု ပျော်မွေ့ပြီးသာယာလှပတဲ့ဒေသဖြစ်ပါတယ်။ လုမ္မီနီဒေသဟာ နီပေါနိုင်ငံရှိအခြားသောဒေသတွေထက်ကျေးငှက်တွေပေါများပါတယ်။
အထူးသဖြင့်တော့ ကြိုးကြာငှက်လေးတွေရဲ့ပျော်စံရာဒေသပဲဖြစ်ပါတယ်။ ဘုရားလည်းဖူးရင်း နီပေါနိုင်ငံလုမ္မိနီဒေသရဲ့ လှပလွန်းတဲ့ သဘာဝအလှတွေကိုတွေ့မြင်ခံစားရတာ အလွန်ကြည်နူးဖွယ်ရာကောင်းလှပါတယ်။
မယ်တော်မာယာအုတ်ကျောင်း ကိုသွားရောက်လေ.လာဖူးမျှော်ပြီးတဲ.အခါမှာတော. ကျမတို.အဖွဲ. ကားရပ်နားထားရာ မြန်မာရွှေကျောင်းကိုပြန်လည်ရောက်ရှိကြပြီး နီပေါနိင်ငံကနေ ပြန်လည်ထွက်ခွာကြပါမယ်နော်။
ဒီနေ.ကတော.လုမ္ဗိနီ ကနေ နောက်ထပ်သံဝေဇနိယဌာန တစ်ခုဖြစ်တဲ. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူခဲ.ရာ ကုသိနာရုံ ဒေသကိုသွားရောက်ကြမှာပါ။
နယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိင်ငံ အတွင်း က ဆူနောလီ မြန်မာဘုန်းကြီးကျောင်းမှာ နေ.လည်စာသုံးဆောင်ကြပြီး လျှင် ကုသိနာရုံကိုဆက်လက်ထွက်ခွာကြပါမယ်။
ကျမတို.အဖွဲ. ကုသိနာရုံ ရှိ တည်းခိုရာသို.ရောက်ရှိတဲ.အခါမှာ ခဏမျှအနားယူပြီး ညစာသုံးဆောင်ကြပါမယ်။ ညစာသုံးဆောင်ပြီးတဲ.အခါမှာ ဘုန်းကြီးကျောင်းရှိ ဆရာတော်အား ကန်တော.ကြပြီးလှုဖွယ်များလှုဒါန်းကြပါမယ်။
အခုဆိုရင် ကျမတို.ရဲ.ခရီးစဥ် ၁၁ မြောက်နေ. အောင်မြင်စွာပြီးဆုံးသွားပါပြီးနော် ။ သံဝေဇနိယဌာန ၃ ဌာန နဲ. အဝိဇဟိတဌာန ၄ဌာန လည်း ဖူးပြီးသွားပါပြီ။ သံဝေဇနိယဌာန ၁ ဌာနပဲ ကျန်ရှိပါတော.တယ်။
ကုသိနာရုံမှာ ဒီတစ်ည ပဲ အိပ်ပါမယ်။ ဒါကြောင်. နောက်တစ်နေ.မှာတော. ကုသိနာရုံ ကနေပြန်လည်ထွက်ခွာကြမှာဖြစ်ပါတယ်။
နောက်တစ်နေ.မနက်မှာ ဖူးမျှော်ရမယ်. သံဝေဇနီယဌာနတစ်ခုဖြစ်တဲ. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူခဲ.ရာ အထိမ်းအမှတ်နေရာများကို အာရုံပြုပြီး အနားယူအိပ်စက်ကြပါမယ်။

#ရောင်စုံမြန်မာခရီးသွား

“A touch of genuine Nature, feel the Reality and make your trip Memorable”
"စစ်မှန်သော သဘာ၀တရားတွေကို ထိတွေ.ခံစားရင်း အမှတ်ရဖွယ်ကောင်းသော ခရီးများဖြစ်စေဖို. ရောင်စုံမြန်မာ နှင်.ခရီးသွားကြပါစို."

ရောင်စုံမြန်မာခရီးသွားလုပ်ငန်း
အမှတ် (၈၂၉) ၊ ၄လွှာ (ဝဲ) ၊ သမာဓိလမ်း
မေတ္တာ ညွှန်.ရပ်ကွက် ၊ တာမွေ မြို.နယ်
ရန်ကုန်မြို.

Mobile-Viber : 09 797562009 , 09 797230942
Whatsapp: +959797230942

MCM-230520GAYA-Virtual Tour

#တစ်ဆယ်.တစ်ရက်မြောက်နေ.

ဒီနေ.ကတော. ကျမတို.ရဲ. စိတ်ကူးယဥ်ဘုရားဖူး ခရီးစဥ် ရဲ. တစ်ဆယ်.တစ်ရက်နေ.မြောက်အကြောင်းပါ။
ကျမတို.အဖွဲ.က လုမ္ဗီနီမှာရှိတဲ. မြန်မာရွေကျောင်းတော်ကြီးမှာ တစ်ညတာအိပ်စက်အနားယူကြပါတယ်။
လုမ္ဗိနီသည် မြတ်စွာဘုရားရှင် ​ခေတ်အခါက သက္ကတိုင်းတွင်ပါရှိပြီး ယခုအခါ နီ​ပေါနိုင်ငံအတွင်း၊ အိန္ဒယနယ်စပ် ဆို​နောလီမှ ၆ မိုင်အကွာတွင် တည်ရှိပါသည်။
ယခုအခါမှာတော. နီပေါအစိုးရသည် အလျား ၄ မိုင် အနံ ၁ မိုင်ရှိသော လုမ္ဗီနီဥယျာဉ် တော်ကို အပိုင်း ၃ ပိုင်း ပိုင်းခြားပြီး သာယာလှပ သန်.ရှင်းရေးကိုဦးတည် ၍ မြတ်ဗုဒ္ဓအထိမ်းအမှတ် အဆောက်အဦစေတီပုထိုးများ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာနိုင်ငံများ၏ကျောင်းတော်များ၊ တည်းခိုနားနေဆောင်များ စေတီများကိုတည်ဆောက်ရန်ခွင်ပြုထား ပြီး လူနေအိမ်ခြေများ ကျူးကျော်၀င်ရောက်ဆောက်လုပ်ခြင်း ၊ထိစပ်နီးကပ် ရှုပ်ထွေးနေခြင်း များမရှိအောင် စီမံ ဆောင်ရွက်ထားပါတယ်။
မနက်ခင်းမှာ ထုံးစံအတိုင်း နံနက်စာစောစောစားပြီးတာနဲ. ကျမတို.အဖွဲ. ညကတည်းက သိမ်းဆည်းထားတဲ. ကိုယ်.အထုတ်အပိုးတွေကို အကူကလေးများက ကားပေါ်ကို တင်ပါမယ်။
အဲဒီနောက် မှာတော အေးမြတဲ.လေကိုရှုရှိက် ရင်း လမ်းလျောက်ပြီးတော. #မယ်တော်မာယာအုတ်ကျောင်း လို.ခေါ် တဲ. မာယာဒေဝီကျောင်းဆောင် ကိုသွားရောက်ကြပါမယ်။
ထို​နေရာသည်ကား နီပေါနိုင်ငံ လုမ္ဗိနီဒေသတွင် တည်ရှိပြီး ဘုရားအလောင်းတော် မင်းသားသိဒ္ဓတ္ထအား ​မွေးဖွားခဲ့​သော ​နေရာဖြစ်ပါသည်။ နီ​ပေါလက်ရာများဖြင့် တင့်တယ်​နေ​သော ​ကျောင်း​တော်ကြီးကို ဖူး​တွေ့ရမှာ ဖြစ်ပါသည်။
ယခုခေတ် လုမ္ဗိနီဒေသ ဖွံ့ဖြိုးရေးအဖွဲ့(Lumbini Development Trust) က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်က တောင်မြောက် အလျား ၃-မိုင်၊ အရှေ့အနောက် ၁-မိုင် ကျယ်ပါတယ်။ တောင်ဖက်ဆုံးမှာ ဗုဒ္ဓမြတ်စွာ အလောင်းလျာ ဖွားမြင်တော်မူရာ မြေမြတ်မဟာ နယ်မြေ၊ အလယ်ပိုင်းမှာ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ နယ်မြေ၊ မြောက်ဖက်ဆုံးမှာတော့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ လုမ္ဗိနီ ရွာသစ်ဆိုပြီး နယ်မြေ သုံးခုခွဲထားပါတယ်။ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ နယ်မြေမှာ တောင်မြောက် တူးမြောင်းဖောက်လုပ်ထားပြီး၊ အရှေ့ဖက်ခြမ်းမှာ ထေရဝါဒ နိုင်ငံတွေက ဘုန်းတော်ကြီးကျောင်းတွေ တွေရှိပါတယ်။ အနောက်ဖက်ခြမ်းမှာတော့ မဟာယာနနဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ ချွင်းချက်အနေနဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာ ရှိပါတယ်။ တူးမြောင်းရဲ့ တောင်ဖက်ထိပ်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းနဲ့ ငြိမ်းချမ်းရေး မီးရှုးတိုင်တို့ ရှိပါတယ်။
အလောင်းတော် ဖွားမြင်ရာ မြေမြတ်မဟာ နယ်မြေမှာ ဖူးမြော်လေ့လာစရာတွေအနေနဲ့
🙏🙏🙏 #မာယာဒေဝီကျောင်းဆောင်၊ #အသောကကျောက်တိုင်၊ #ပေါက္ခရဏီရေကန်နှင့် အခြားစေတီပုထိုးပျက်များ ရှိပါတယ်။
ယခုရှိနေတဲ့ မာယာဒေဝီ ကျောင်းဆောင် အဆောက်အအုံက ၂၀၀၃-ခုနှစ်ကမှ ရှေးအဆောက်အအုံကို ငုံပြီး ဆောက်လုပ်ထားတာပါ။
ရှေးဟောင်းအဆောက်အအုံမှာ မယ်တော်မာယာက အင်ကြင်းကိုင်းကို ကိုင်ပြီး အလောင်းတော်ကို ဖွားမြင်နေဟန် ဂုတ္တခေတ်လက်ရာ ကျောက်ရုပ်တစ်ခု ရှိပါတယ်။ ထိုရုပ်တု​တော်သည် အလွန်ပျက်စီး​နေသဖြင့် မှန်ဖြင့်ကျကျနန ကာထားသည်ကို ​တွေ့ရပါသည်။
ဒေသခံ ဟိန္ဒူဘာသာ၀င်တွေကတော့ #ရုမ္မိနိဒေဝီ (Rumminidevi) နတ်သမီး ရုပ်တုလို့ ယူဆပြီး ကိုးကွယ်ကြပါတယ်။
မယ်​တော်မာယာ ​ကျောင်း​တော်၏ ညာဘက်ခြမ်းတွင် ​စေတီငယ် ​​လေးဆူရှိပါသည်။ ယင်းနေရာသည် မြတ်စွာဘုရား ​လောင်းလျာဖွား​တော်မူပြီး​နောက် ကြာပွင့်ချပ်များခံကာ ၇ လှမ်းကြွခဲ့သည့် ​နေရာဖြစ်ပါသည်။

အလောင်းတော် ဖွားဖြင်တော်မူလိုက်သည်နှင်.တစ်ပြိုင်နက် အရှေ.အရပ်မှ မြောက်အရပ်သို.လက်ညိုးထောင် ၍ ခြေ (၇) ဖဝါးလှမ်းကာ အောက်ပါ #စကားကြီး၃ခွန်း ကို ဥဒါန်းကျူးရင်.ကြွေးကြော်တော်မူလေသည်။

🙏"အဂ္ဂေါဟ မသ္မိလောကဿ
🙏🙏ဇေဌောဟ မသ္မိ လောကဿ
🙏🙏🙏သေဌောဟ မသ္မိ လောကဿ”

အဓိပ္ပါယ်မှာ

#ငါသည်လောကတွင် #အမြတ်ဆုံး
#ငါသည်လောကတွင် #အကြီးဆုံး
#ငါသည်လောကတွင် #ချီးမွမ်းအပ်ဆုံး….
ဟူ ၍ ဖြစ်သည်။

အ​သောကမင်းကြီးက ၇ ဆူတည်ထားခဲ့​သော်လည်း ယခုအခါ ၄ ဆူသာ ကျန်ပါ​တော့တယ်။
၁၉၉၆-ခုနှစ် ထပ်မံတူးဖော်တဲ့အခါ အသောကမင်းက အမှတ်အသားအဖြစ် ထားခဲ့တဲ့ ကျောက်တုံး (marker stone) ကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက အလောင်းတော်ရဲ့ ခြေတော်ရာလို့ ရှင်းပြလေ့ရှိပါတယ်။ ယခုအခါမှာ ကြည်ကာမှန်အတွင်းမှာ ထည့်သွင်းပြီး စောင့်ရှောက်ထားပါတယ်။
မာယာဒေဝီကျောင်းဆောင်ရဲ့ နံဘေးမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင် ရှိပါတယ်။ ဒီနေရာကို ၇-ရာစုကရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်က ကျောက်စာတိုင်ရဲ့ ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ကျောက်စာတိုင် ထိပ်ပိုင်းမရှိတော့ပါဘူး။ ကျောက်စာတိုင် ထိပ်ပိုင်းရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ ကျောက်တုံး တစ်တုံးကို ခြံ၀င်းအတွင်းမှာ ကျောက်စာတိုင်နဲ့ အတူထားပါတယ်။ အတော်လေး ပျက်စီးနေတဲ့အတွက် မြင်းရုပ်ပုံတော့ မပေါ်တော့ပါဘူး။
ကျောက်စာတိုင်မှာ ရေးထိုးထားတဲ့စာက “နန်းသိမ်းပွဲခံပြီး အနှစ် ၂၀-မြောက်အကြာတွင် နတ်တို့ချစ်သော ပိယဒဿီမင်းကြီးသည် သကျမုနိ ဗုဒ္ဓ ဖွားမြင်တော်မူရာ ဤအရပ်သို့ လာရောက်၍ ရှိခိုး ပူဇော်တော်မူခဲ့သည်။ ဖွားမြင်တော်မူရာတွင် ကျောက်သား တိုက်ခန်းကို တည်ထား၍ ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူတော်မူခဲ့သည်။ ဘုရားရှင် ဖွားမြင်တော်မူရာဖြစ်သော ဤလုမ္ဗိနီရွာအား အခွန် ကင်းလွတ်စေပြီး၊ ရှစ်ဖို့ တဖို့ကိုသာလျှင် ပေးဆောင်စေရမည်” လို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ (မှတ်ချက်။ နောက်ဆုံးဝါကျက “ဥဗလိကေ ကတေ အဌဘာဂိယေ စ” ကို ဘာသာပြန်ရာမှာတော့ မူကွဲ အမျိုးမျိုး ရှိပါတယ်။ ဘာသာရေး အထွတ်အမြတ် နေရာတွေကို လာရောက်တဲ့ အခါပေးရတဲ့ အခွန်ကို ကင်းလွတ်စေပြီး၊ မြေခွန်အဖြစ် ထမ်းဆောင်ရလေ့ရှိတဲ့ ထွက်ကုန်ရဲ့ ခြောက်ဖို့ တစ်ဖို့၊ လေးဖို့ တစ်ဖို့သော ခိုင်ကြေး (အခွန်) အစားလျော့ပြီး ရှစ်ဖို့ တစ်ဖို့ကိုသာ ထမ်းဆောင်စေတယ်လို့ အချို့က ယူဆပါတယ်။ အချို့ကလည်း “အခွန်ကို လျှော့ပေါ့၍ ရှစ်ဖို့တစ်ဖို့သာ ထမ်းဆောင်စေသည်” လို့ ခပ်ရိုးရိုး ဘာသာပြန်ပါတယ်။ အရှင်အာဒိစ္စဝံသကတော့ ပါဠိဘာသာနဲ့ “အတ္ထံ စ ဘာဇယေ” လို့ ဖလှယ်ယူပြီး “မိမိပြုသော ကုသိုလ်အဖို့ကို ဝြေခမ်းပါ၏” လို့ ဘာသာပြန်ပါတယ်။)
ကျောက်စာတိုင်ရဲ့ အထက်နားမှာတော့ နောက်ပိုင်းခေတ်ရောက်မှ တိဘက်ဘာသာနဲ့ ရေးထိုးထားတဲ့ “ဥုံမဏိ ပဒမေဟုံ” ဆိုတဲ့ စာတမ်းရှိပါတယ်။ ကျောက်စာတိုင်က အက်ကွဲနေတဲ့အတွက် အရှည်တည်တံ့အောင် ကုသိနာရုံကျောင်း မြန်မာဆရာတော် ဦးစနြ္ဒမုနိက သံပြားနဲ့ ပတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
ကျောက်စာတိုင်ရဲ့ တောင်ဖက်မှာတော့ #ပေါက္ခရဏီ ရေကန်ရှိတယ်။ အလောင်းတော်ကို ဖွားတော်မူစဉ်က ကောင်းကင်က ရေပူ၊ ရေအေး အလျဉ်အစုံကျလာပြီး၊ (အပူအအေး မျှတစေရန်) မယ်တော်နဲ့ အလောင်းတော်တို့ ရေချိုးတော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ အလောင်းတော် ဖွားမြင်ချိန်မှာ ကောင်းကင်က ရေပူရေအေး အလျဉ်တွေ ကျလာတဲ့ ဖြစ်ရပ်အပါအ၀င် မြေငလျှင်တုန်လှုပ်ခြင်း၊ အထက် ဗြဟ္မာပြည်ကနေ အောက် လောကန္တရိတ်ငရဲတိုင်အောင် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကြီး ပေါ်ထွန်းလာခြင်း စသဖြင့်သော အလွန်ထူးခြား အံ့သြဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နဲ့ ဒီဃနိကာယ် မဟာပဒါနသုတ်တို့မှာ ဟောကြားထားတာကို တွေ့ရပါတယ်။

လုမ္ဗီနီ နဲ့ပတ်သက်လို့အောက်ပါ Link မှာလည်းဝင်ရောက်ဖတ်ကြည်.နိုင်ပါတယ်။
https://www.facebook.com/MulticolouredMyanmarTravel/posts/514897912778414

မြတ်စွာဘုရား အလောင်းတော် ဖွားမြင်တော်မူခဲ့တဲ့ နီပေါနိုင်ငံ လုမ္မိနီဒေသ ဟာ ငှက်အများစု ပျော်မွေ့ပြီးသာယာလှပတဲ့ဒေသဖြစ်ပါတယ်။ လုမ္မီနီဒေသဟာ နီပေါနိုင်ငံရှိအခြားသောဒေသတွေထက်ကျေးငှက်တွေပေါများပါတယ်။
အထူးသဖြင့်တော့ ကြိုးကြာငှက်လေးတွေရဲ့ပျော်စံရာဒေသပဲဖြစ်ပါတယ်။ ဘုရားလည်းဖူးရင်း နီပေါနိုင်ငံလုမ္မိနီဒေသရဲ့ လှပလွန်းတဲ့ သဘာဝအလှတွေကိုတွေ့မြင်ခံစားရတာ အလွန်ကြည်နူးဖွယ်ရာကောင်းလှပါတယ်။
မယ်တော်မာယာအုတ်ကျောင်း ကိုသွားရောက်လေ.လာဖူးမျှော်ပြီးတဲ.အခါမှာတော. ကျမတို.အဖွဲ. ကားရပ်နားထားရာ မြန်မာရွှေကျောင်းကိုပြန်လည်ရောက်ရှိကြပြီး နီပေါနိင်ငံကနေ ပြန်လည်ထွက်ခွာကြပါမယ်နော်။
ဒီနေ.ကတော.လုမ္ဗိနီ ကနေ နောက်ထပ်သံဝေဇနိယဌာန တစ်ခုဖြစ်တဲ. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူခဲ.ရာ ကုသိနာရုံ ဒေသကိုသွားရောက်ကြမှာပါ။
နယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိင်ငံ အတွင်း က ဆူနောလီ မြန်မာဘုန်းကြီးကျောင်းမှာ နေ.လည်စာသုံးဆောင်ကြပြီး လျှင် ကုသိနာရုံကိုဆက်လက်ထွက်ခွာကြပါမယ်။
ကျမတို.အဖွဲ. ကုသိနာရုံ ရှိ တည်းခိုရာသို.ရောက်ရှိတဲ.အခါမှာ ခဏမျှအနားယူပြီး ညစာသုံးဆောင်ကြပါမယ်။ ညစာသုံးဆောင်ပြီးတဲ.အခါမှာ ဘုန်းကြီးကျောင်းရှိ ဆရာတော်အား ကန်တော.ကြပြီးလှုဖွယ်များလှုဒါန်းကြပါမယ်။
အခုဆိုရင် ကျမတို.ရဲ.ခရီးစဥ် ၁၁ မြောက်နေ. အောင်မြင်စွာပြီးဆုံးသွားပါပြီးနော် ။ သံဝေဇနိယဌာန ၃ ဌာန နဲ. အဝိဇဟိတဌာန ၄ဌာန လည်း ဖူးပြီးသွားပါပြီ။ သံဝေဇနိယဌာန ၁ ဌာနပဲ ကျန်ရှိပါတော.တယ်။
ကုသိနာရုံမှာ ဒီတစ်ည ပဲ အိပ်ပါမယ်။ ဒါကြောင်. နောက်တစ်နေ.မှာတော. ကုသိနာရုံ ကနေပြန်လည်ထွက်ခွာကြမှာဖြစ်ပါတယ်။
နောက်တစ်နေ.မနက်မှာ ဖူးမျှော်ရမယ်. သံဝေဇနီယဌာနတစ်ခုဖြစ်တဲ. မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူခဲ.ရာ အထိမ်းအမှတ်နေရာများကို အာရုံပြုပြီး အနားယူအိပ်စက်ကြပါမယ်။

#ရောင်စုံမြန်မာခရီးသွား

“A touch of genuine Nature, feel the Reality and make your trip Memorable”
"စစ်မှန်သော သဘာ၀တရားတွေကို ထိတွေ.ခံစားရင်း အမှတ်ရဖွယ်ကောင်းသော ခရီးများဖြစ်စေဖို. ရောင်စုံမြန်မာ နှင်.ခရီးသွားကြပါစို."

ရောင်စုံမြန်မာခရီးသွားလုပ်ငန်း
အမှတ် (၈၂၉) ၊ ၄လွှာ (ဝဲ) ၊ သမာဓိလမ်း
မေတ္တာ ညွှန်.ရပ်ကွက် ၊ တာမွေ မြို.နယ်
ရန်ကုန်မြို.

Mobile-Viber : 09 797562009 , 09 797230942
Whatsapp: +959797230942

Address

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+959976496930

Alerts

Be the first to know and let us send you an email when Multicoloured Myanmar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Multicoloured Myanmar Travel:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Our Story

Multicoloured MyanmarTravel & Tours is a Tour operator based in Yangon, Myanmar ( Burma) .We organize inbound , outbound and domestic tours under the guidance of over 10 years' experience team is providing best trip to meet the expectations of our clients.

We are member of UMTA ( Union of Myanmar Travel Association ) and specialized in the design and organization of tailor made trips throughout Myanmar and ensures that we serve our customers efficiently.

We also organize the memorable private trips to South East Asia Countries : Thailand, Singapore, Cambodia and also Pilgrimage Tours to India ( Buddha Gaya) & Nepal ( Lumbini) for Myanmar People and Buddhists.