ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန

  • Home
  • ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန

ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်များဝယ်ယူလိုပါက
Viber:09699339418 ဆက်သွယ်ပါ။

2️⃣0️⃣2️⃣4️⃣  ရန်ကုန် / မန္တလေးမှစတင်ထွက်ခွါမည့်ပြည်ပလေကြောင်းခရီးစဉ်နှင့်လေကြောင်းလိုင်းများ 🛫🛫🗺️ရန်ကုန် - စင်ကာပူ 🔸MNA...
25/06/2024

2️⃣0️⃣2️⃣4️⃣ ရန်ကုန် / မန္တလေးမှစတင်ထွက်ခွါမည့်ပြည်ပလေကြောင်းခရီးစဉ်နှင့်လေကြောင်းလိုင်းများ 🛫🛫

🗺️ရန်ကုန် - စင်ကာပူ

🔸MNA = နေ့စဉ်။
🔹MAI = နေ့စဉ်။
▪️Singapore Airline = နေ့စဉ်။

🗺️ရန်ကုန် - မလေးရှား (ကွာလာလမ်ပူ)

🔹MAI = နေ့စဉ်။
▫️Malaysia Airlines = တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ။
🔺Air Asia = အင်္ဂါ၊ ကြာသပတေး၊ စနေ။

🗺️ရန်ကုန် - ဘန်ကောက်

🔸MNA = နေ့စဉ်။
🔹MAI = နေ့စဉ်။
▪️Thai Airways = နေ့စဉ်။
🔺Air Asia = နေ့စဉ်။

🗺️ရန်ကုန် - ချင်းမိုင်

🔸MNA =တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊သောကြာ။

🗺️ရန်ကုန် - ဖူးခက်

🔹MAI = ကြာသပတေး၊တနင်္ဂနွေ။

🗺️ရန်ကုန် - ဒူဘိုင်း

🔹MAI = တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ။

🗺️ရန်ကုန် - ဗီယက်နမ် ( ဟနွိုင်း)

🔹MAI = တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ။

🗺️ရန်ကုန် - ဗီယက်နမ် (ဟိုချီမင်း)

🔹MAI = အင်္ဂါ၊ ကြာသပတေး၊စနေ။

🗺️ရန်ကုန် - ကမ္ဘောဒီးယား (ဖနွမ်းပင်)

🔹MAI =တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ။

🗺️ရန်ကုန် - ကိုးရီးယား ( ဆိုးလ်/ အင်ချွန်း)

🔹MAI = တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊သောကြာ။
▪️Korean Air = ဗုဒ္ဓဟူး။

🗺️ရန်ကုန် - အိန္ဒိယ (နယူးဒေလီ)

🔹MAI = တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ။
🔺Air India = Jan 10,24

🗺️ရန်ကုန် - အိန္ဒိယ (ကာလက္ကတား)

🔹MAI = တနင်္ဂနွေ၊ကြာသပတေး။

🗺️ရန်ကုန် - အိန္ဒိယ (ချနိုင်း)

🔹MAI = စနေ။

🗺️ရန်ကုန် - ထိုင်ပေ။

▪️China Airline =တနင်္လာ၊ အင်္ဂါ၊ စနေ။

🗺️ရန်ကုန် - တရုတ်(ကွမ်ကျိုး)

🔹MAI = အင်္ဂါ၊ကြာသပတေး၊တနင်္ဂနွေ။
▪️China Southern Airline = တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ၊စနေ။

🗺️ရန်ကုန် - တရုတ် (ကူမင်း)

▪️China Eastern Airline = နေ့စဉ်။

🗺️ရန်ကုန် - တရုတ် (မန်စီ)
(Stops in Mandalay)

🔸MNA = အင်္ဂါ၊ ကြာသပတေး၊စနေ။

🗺️မန္တလေး - ဘန်ကောက်

🔹MAI = နေ့စဉ်။

🗺️ရန်ကုန် - ရုရှား (novosibirsk)

🔹MAI = အင်္ဂါ၊ စနေ။

➡️⬅️တိုက်ရိုက်မရောက်တဲ့နိုင်ငံတွေဆီကိုလည်း connection flightsများနဲ့ ချိတ်ပေးလျက်ရှိပါကြောင်း။

📱 ပြည်ပလေယာဉ်လက်မှတ်များအားလုံးကို Authorized Agent ဖြစ်တဲ့ Air Tickets မှာစျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါတယ်နော်။

💳 Mobile Banking, K Pay, Wave Pay တို့ ဖြင့်ငွေပေးချေနိုင်ပြီး Etickets များကို Email, Viber, Messenger တို့ဖြင့်အချိန်ပိုင်းအတွင်းပြန်လည်ပေးပို့ပေးပါသည်။

🎈စိတ်ချမ်းသာစွာခရီးသွားဖို့ Air Tickets မှာလက်မှတ်ဖြတ်စို့🎈

Viber 09699339418

တိုက်(၁) ၊ အခန်း(၃၀၆) ၊ ၃လွှာ ၊ အောင်ဇေယျရိပ်မွန် ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။

2️⃣0️⃣2️⃣4️⃣  ရန်ကုန် / မန္တလေးမှစတင်ထွက်ခွါမည့်ပြည်ပလေကြောင်းခရီးစဉ်နှင့်လေကြောင်းလိုင်းများ 🛫🛫🗺️ရန်ကုန် - စင်ကာပူ 🔸MNA...
22/04/2024

2️⃣0️⃣2️⃣4️⃣ ရန်ကုန် / မန္တလေးမှစတင်ထွက်ခွါမည့်ပြည်ပလေကြောင်းခရီးစဉ်နှင့်လေကြောင်းလိုင်းများ 🛫🛫

🗺️ရန်ကုန် - စင်ကာပူ

🔸MNA = နေ့စဉ်။
🔹MAI = နေ့စဉ်။
▪️Singapore Airline = နေ့စဉ်။

🗺️ရန်ကုန် - မလေးရှား (ကွာလာလမ်ပူ)

🔹MAI = နေ့စဉ်။
▫️Malaysia Airlines = တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ။
🔺Air Asia = အင်္ဂါ၊ ကြာသပတေး၊ စနေ။

🗺️ရန်ကုန် - ဘန်ကောက်

🔸MNA = နေ့စဉ်။
🔹MAI = နေ့စဉ်။
▪️Thai Airways = နေ့စဉ်။
🔺Air Asia = နေ့စဉ်။

🗺️ရန်ကုန် - ချင်းမိုင်

🔸MNA =တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊သောကြာ။

🗺️ရန်ကုန် - ဖူးခက်

🔹MAI = ကြာသပတေး၊တနင်္ဂနွေ။

🗺️ရန်ကုန် - ဒူဘိုင်း

🔹MAI = တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ။

🗺️ရန်ကုန် - ဗီယက်နမ် ( ဟနွိုင်း)

🔹MAI = တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ။

🗺️ရန်ကုန် - ဗီယက်နမ် (ဟိုချီမင်း)

🔹MAI = အင်္ဂါ၊ ကြာသပတေး၊စနေ။

🗺️ရန်ကုန် - ကမ္ဘောဒီးယား (ဖနွမ်းပင်)

🔹MAI =တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ။

🗺️ရန်ကုန် - ကိုးရီးယား ( ဆိုးလ်/ အင်ချွန်း)

🔹MAI = တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊သောကြာ။
▪️Korean Air = ဗုဒ္ဓဟူး။

🗺️ရန်ကုန် - အိန္ဒိယ (နယူးဒေလီ)

🔹MAI = တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ။
🔺Air India = Jan 10,24

🗺️ရန်ကုန် - အိန္ဒိယ (ကာလက္ကတား)

🔹MAI = တနင်္ဂနွေ၊ကြာသပတေး။

🗺️ရန်ကုန် - အိန္ဒိယ (ချနိုင်း)

🔹MAI = စနေ။

🗺️ရန်ကုန် - ထိုင်ပေ။

▪️China Airline =တနင်္လာ၊ အင်္ဂါ၊ စနေ။

🗺️ရန်ကုန် - တရုတ်(ကွမ်ကျိုး)

🔹MAI = အင်္ဂါ၊ကြာသပတေး၊တနင်္ဂနွေ။
▪️China Southern Airline = တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ၊စနေ။

🗺️ရန်ကုန် - တရုတ် (ကူမင်း)

▪️China Eastern Airline = နေ့စဉ်။

🗺️ရန်ကုန် - တရုတ် (မန်စီ)
(Stops in Mandalay)

🔸MNA = အင်္ဂါ၊ ကြာသပတေး၊စနေ။

🗺️မန္တလေး - ဘန်ကောက်

🔹MAI = နေ့စဉ်။

🗺️ရန်ကုန် - ရုရှား (novosibirsk)

🔹MAI = အင်္ဂါ၊ စနေ။

➡️⬅️တိုက်ရိုက်မရောက်တဲ့နိုင်ငံတွေဆီကိုလည်း connection flightsများနဲ့ ချိတ်ပေးလျက်ရှိပါကြောင်း။

📱 ပြည်ပလေယာဉ်လက်မှတ်များအားလုံးကို Authorized Agent ဖြစ်တဲ့ Air Tickets မှာစျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါတယ်နော်။

💳 Mobile Banking, K Pay, Wave Pay တို့ ဖြင့်ငွေပေးချေနိုင်ပြီး Etickets များကို Email, Viber, Messenger တို့ဖြင့်အချိန်ပိုင်းအတွင်းပြန်လည်ပေးပို့ပေးပါသည်။

🎈စိတ်ချမ်းသာစွာခရီးသွားဖို့ Air Tickets မှာလက်မှတ်ဖြတ်စို့🎈

Viber 09699339418

တိုက်(၁) ၊ အခန်း(၃၀၆) ၊ ၃လွှာ ၊ အောင်ဇေယျရိပ်မွန် ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။

Transit Flight တွေစီးတဲ့အခါမှာ ကြားကြားနေရတဲ့ 𝘽𝙖𝙜𝙜𝙖𝙜𝙚 𝘾𝙝𝙚𝙘𝙠 𝙏𝙝𝙧𝙤𝙪𝙜𝙝 ဆိုတာဘာကြီးလဲ🤔ဟုတ်ကဲ့ ကျနော်တို့Baggage check throug...
22/04/2024

Transit Flight တွေစီးတဲ့အခါမှာ ကြားကြားနေရတဲ့ 𝘽𝙖𝙜𝙜𝙖𝙜𝙚 𝘾𝙝𝙚𝙘𝙠 𝙏𝙝𝙧𝙤𝙪𝙜𝙝 ဆိုတာဘာကြီးလဲ🤔

ဟုတ်ကဲ့ ကျနော်တို့Baggage check through ကို အလွယ်အနေနဲ့ flight အဆင့်ဆင့်စီးရတဲ့အခါမှာ check through ရလား မေးတတ်ကြပါတယ်...

👉𝗖𝗵𝗲𝗰𝗸 𝗧𝗵𝗿𝗼𝘂𝗴𝗵ဆိုတာက transit flight တွေစီးတဲ့အခါ နောက်လေဆိပ်မှာ check in တစ်ခါထပ်ဝင်ပြီး Immigration ဖြတ်စရာမလို အိတ်ပြန်ရွေးစရာမလိုဘဲ လေဆိပ်ထဲမှာတင် Transit Lane မှ တဆင့် နောက်လေယာဥ်ဆီကူးလို့ရတာကို ပြောတာပါ

👉နောက်တစ်မျိုးအနေနဲ့ 𝐀𝐢𝐫𝐥𝐢𝐧𝐞 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐞𝐝 𝐓𝐫𝐚𝐧𝐬𝐟𝐞𝐫 လို့လည်း ခေါ်ပါသေးတယ်နော်
ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီးနောက်လေယာဉ်ဆီ တင်ပေးတာကို ​ဆိုလိုတာပါ...

ဒီလောက်ဆိုရင်တော့ check throughဆိုတာDreamtime Travel ရဲ့ ဧည်သည်တော်များ နားလည်သဘောပေါက်သွားပြီပေါ့နော် 🤝🤝🤝

#အသက်သာဆုံး #ပြည်တွင်းပြည်ပလေယာဥ်လက်မှတ် #
09-699 339 418 ဖုန်းခေါ်ဆို၍ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်များဝယ်ယူလို့ရပါတယ်

မဂ်လာပါ( April   )လအတွက်ကြိုတင်လေယာဉ် လက်မှတ် ဝယ်ယူမည်ဆိုAir Tickets ပြည်တွင်း/​ပြည်ပ လေယာဥ်  လက်မှတ် အရောင်းဌာနကို ( 09...
22/04/2024

မဂ်လာပါ( April )လအတွက်ကြိုတင်
လေယာဉ် လက်မှတ် ဝယ်ယူမည်ဆိုAir Tickets
ပြည်တွင်း/​ပြည်ပ လေယာဥ် လက်မှတ် အရောင်းဌာနကို
( 09 699339418 ကို ( Hello )လုပ်လိုက်ပါ။
လွယ်ကူမြန်ဆန်စွာ နှင့် စျေးနှုန်းမှန်ကန်မူကို
သေချာပေါက်တွေ့ရပါလိမ့်မည်။
ပြည်တွင်း လေယာဉ် လက်မှတ် အရောင်းဌာနမှ
ကျွမ်းကျင်သောဝန်ထမ်းများမှ့
ဝန်ဆောင်မူပေးဖို့အမြဲအသင့်ပါ။
🛬 Flight🛬🛬 Air Ticket များကို လွယ်ကူလျင်မြန်စွာဖြင့် Online မှ ကြိုတင် Booking တင်နိုင်သလို
🛬 ပြည်တွင်း-ပြည်ပ Air Ticket အရောင်းဌာန 🛬 09.699339418( Viber )တို့တွင်
လိုအပ်သည်များကို စုံစမ်းမေးမြန်း၍
လက်မှတ်ဖြတ်၍ဝယ်ယူနိုင်ပါပြီ။

🙏🙏 သာယာပျော်ရွှင်သော ခရီးစဉ်လေးများကို ပိုင်ဆိုင်‌နိုင်ပါစေလို့ (( ပြည်တွင်း-ပြည်ပ Air Ticket လေယာဉ် လက်မှတ်အရောင်းဌာန )) မှ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

24-2-2024 Passport Website မှာကြေငြာချက်အရ ‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိ...
29/02/2024

24-2-2024 Passport Website မှာကြေငြာချက်အရ

‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိုယ်ရေးအချက်နဲ့ Qr Code ပါတဲ့ ကဒ်ပြား ခုလူတွေခေါ်နေကျတဲ့ Smart Card တစ်ပါတည်းယူဆောင်ရလာမည် ‼️

ရန်ကုန် / နယ်ကလူတွေ အိမ်ထောင်စုစာရင်းရှိတဲ့မြို့နယ်လဝက ရုံးကိုသွားပီကြိုလုပ်ထားကျပါ ရန်ကုန်မှာရောက်နေတဲ့ နယ်ကလူတွေကတော့ ကိုယ်လက်ရှိ ရှိနေတဲ့ လဝက ရုံးကိုသွားပီလုပ်ကြည့်ပါ တစ်ချို့ လဝက ရုံးတွေကလုပ်ပေးကြပါတယ်

အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက server မှာသွင်းထားတဲ့အချက်လက်မှားနေတာမျိုးဆို နယ်ကရုံးကပြန်ပြင်ပေးမှရနိုင်တာမလို့ အဲ့လိုဖြစ်ခဲ့ရင် နယ်မှာရှိတဲ့ မိသားစုဝင်တစ်ယောက်ကို လဝက ရုံးသွားပီ ပြန်ပြင်ခိုင်းပါ ဒါမှဒီဘက်ရုံးကနေ ကဒ်ပြားထုတ်ပေးလို့ရမှာပါ

Booking ရက်ချိန်းရတာနဲ့ ကြိုတင်ပြင်ဆင်ထားကြပါဗျ

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့လေယာဥ်နဲ့ခရီးသွားကြတဲ့သူအ...
29/02/2024

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"
ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့
လေယာဥ်နဲ့ခရီးသွားကြတဲ့သူအများစု တစ်ခါတစ်လေ confuse ဖြစ်တတ်တဲ့အရာလေးတွေထဲကတစ်ခုဖြစ်တဲ့ baggage(cabin) နဲ့ hand carry ထဲ သယ်ဆောင်လို့ရတာနဲ့ မရတာလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 😊😊😊

အရင်ဆုံး လေယာဥ်ပေါ် လုံးဝ လုံးဝ ❗❗❗ သယ်ဆောင်လို့မရတဲ့ ပစ္စည်းတွေကို အရင်ပြောပြပေးမယ်နော်......
လေယာဥ်ပေါ်လုံးဝတင်ဆောင်လို့မရတဲ့ပစ္စည်းတွေကတော့ ⏬⏬⏬
🚫 ပေါက်ကွဲစေတတ်သောပစ္စည်းများ
(Explosives & Fi****ms)
🚫 ဓာတ်ငွေ့များ (ဖိသွင်းထားသော) နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ
(Compressed Gases & Toxic(Poisonous) sustances)
🚫 လောင်ကျွမ်းစေသော ဓာတ်ငွေ့များ ၊ အရည်များ ၊ အစိုင်အခဲများ နှင့် လောင်စားစေတတ်သောပစ္စည်းများ
(Flammable Gases, Liquids, Solids & Careasives)
🚫 မီးလောင်ခြင်းကိုအားပေးသောပစ္စည်းများ
(Oxidizing Materials)
🚫 ကိုယ်တိုင်လည်းမီးလောင် ၊ မီးလောင်ခြင်းကိုလည်းအားပေးသောအရာ
(Organic Peroxide)
🚫 ရောဂါကူးစက်နိုင်သောအရာများ နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ
(Infectious substances & Radioactive materials)
🚫 အန္တရာယ်ဖြစ်စေနိုင်သောအရာများနှင့် မီးခြစ် ၊ မီးခြစ်စံ
(Miscellaneous Dangerous Goods, Lighter, Blue Flame Lighter, Matches)
🚫 ငရုတ်ကောင်းဖျန်းဆေး ၊ ကျဥ်စက်
(Papper Spray, Electroshock Weapon)
ဒါတွေကတော့ လုံးဝ လုံးဝ သယ်ဆောင်လို့မရတာတွေပဲဖြစ်ပါတယ်နော်......

ဒါဆို ချစ်သောတို့ ရောတတ်တဲ့ Hand carry ထဲမှာ ဘာတွေသယ်လို့ရပြီးတော့ ဘယ်အရာတွေကတော့ Cabin baggage ထဲ ထည့်လို့ရမလဲဆိုတာလေးတွေကို ဆက်ပြောပြပေးမယ်နော် 😊

Hand carry luggage (မိမိနှင့်တစ်ပါတည်း လေယာဥ်​ထိုင်ခုံပေါ်ထိသယ်ဆောင်သွားရမည့်အိတ်) ထဲမှာ သယ်ဆောင်သွားလို့ရတဲ့အရာတွေကတော့ ⏬⏬⏬
☑ နိုင်ငံကူးလက်မှတ်စာအုပ် (Passport)
☑ ကွန်ပျူတာ (Laptop)
☑ စာရွက်စာတမ်းများ (Documents)
☑ ကင်မရာ (Camera)
☑ ဖုန်း (Phone ၊ Tablet ၊ Power bank)
☑ လက်ဝတ်ရတနာ (Jewellery)
☑ ပိုက်ဆံများ (Currency / Money)
☑ သော့များ (Keys) ဒါလေးတွေကတော့ hand carry မိမိနဲ့တစ်ပါတည်းသယ်ဆောင်သွားရပါမယ်ရှင့် cabin baggage ထဲသယ်လို့မရပါဘူးနော် 😊😊😊

ဒါဆို cabin baggage ထဲ သယ်ဆောင်သွားလို့ရတာလေးတွေကကော ဘာတွေဖြစ်မလဲ အဲ့တာတွေကတော့ ⏬⏬⏬
▶ အဝတ်အထည် (dress)
▶ တစ်ကိုယ်ရေသုံးပစ္စည်းများ (cosmetics)
▶ အစားအသောက် (ဆီလုံအောင်သေချာထုပ်ပိုးထားသော) {Foods}
▶ လက်တစ်ဝါးစာအရွယ်သာရှိသော ဘုရားဆင်းတုတော် တို့ပဲဖြစ်ပါတယ်ရှင့်.......

ဒီလို ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတလေးတွေကို တစ်ပတ်တစ်ခါ တင်ပေးသွားမှာမို့ ပြည်တွင်း /ပြည်ပလေယာဉ်လက်မှတ်ရဲ့အခု page လေးကို like & follow လေးကော အောက်က viber channel လေးကိုပါ subscribe လုပ်ထားဖို့ မမေ့နဲ့ဦးနော် 😉😉😉

(Viber)(09.699339418)ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုလည်းရပါတယ်🛬ပြည်တွင်း ပြည်ပလေယဉ်လက်မှက်စျေးနှုန်းများမှတ်ချက်။    ခရီးစဥ် ၁...
29/02/2024

(Viber)(09.699339418)
ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုလည်းရပါတယ်
🛬ပြည်တွင်း ပြည်ပလေယဉ်လက်မှက်စျေးနှုန်းများမှတ်ချက်။ ခရီးစဥ် ၁ ကြောင်းစာအတွက်စျေးနှုန်း များကိုဖော်ပြပေးထားပါသည်။
#လေယာဥ်လက်မှတ်အရောင်း။အောက်ဖော်ပြပါစျေးနှုန်းများသည်ပြည်တွင်းလေယာဥ်များဖြစ်သော (MNA, Air KBZ, Mann Yadanarpon, Air Thanlwin) Ticketတို့၏ ဝယ်ယူရရှိနိုင်သော ခရီးစဥ်များနှင့်အတူ အနိမ့်ဆုံးစျေးနှုန်းများကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင့်.....

☎️09 699339418 ကိုမေးမြန်းနိုင်ပါတယ် (MNA🛬 🛬လေကြောင်းလိုင်း.စျေးနှုန်းများ...................

🛬 ရန်ကုန် 🛬အမ်း = ၁၇၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဗန်းမော် = ၂၉၈၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဘုတ်ပြင်း = ၁၉၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ထားဝယ် = ၁၇၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဟဲဟိုး = ၁၈၅၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဟုမ္မလင်း = ၃၀၁၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ကလေး = ၂၂၇၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကော့သောင်း = ၃၅၅၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကျိုင်းတုံ = ၂၂၆၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကျောက်ဖြူ = ၁၈၂၀၀၀ ကျပ်
🛬 ရန်ကုန်🛬 လားရှိုး = ၂၂၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မကွေး = ၁၇၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မန္တလေး = ၁၆၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬 မိုင်းဆက် = ၁၈၉၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မြိတ် = ၁၉၇၀၀၀ ကျပ်
🛬 ရန်ကုန်🛬 မြစ်ကြီးနား = ၂၈၃၀၀၀ ကျပ်
🛬 ရန်ကုန်🛬 နေပြည်တော် = ၁၇၄၀၀၀ ကျပ်
🛬 ရန်ကုန် 🛬စစ်တွေ = ၁၆၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬 တာချီလိတ် = ၂၀၉၀၀၀ ကျပ်
🛬 ရန်ကုန်🛬 သံတွဲ = ၁၈၂၀၀၀ ကျပ်

🛬 မန္တလေး🛬 ဗန်းမော် = ၁၈၅၀၀၀ ကျပ်
🛬 မန္တလေး🛬 ကလေး မြို့ = ၁၇၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 ကျိုင်းတုံ = ၁၉၀၀၀၀ ကျပ်
🛬 မန္တလေး🛬 ခန္တီးမြို့ = ၂၃၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 လားရှိုး = ၁၇၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 ဟုမ္မလင်းမြို့ = ၂၁၀၀၀၀ ကျပ်
🛬 မန္တလေး🛬 မြစ်ကြီးနား = ၂၀၇၀၀၀ ကျပ်
🛬 မန္တလေး 🛬 ပူတာအို = ၁၈၃၀၀၀ ကျပ်
🛬 မန္တလေး🛬 စစ်တွေ = ၁၈၅၀၀၀ ကျပ်
🛬 မန္တလေး🛬 တာချီလိတ် = ၂၀၃၀၀၀ ကျပ်
🛬 မန္တလေး🛬 မုံရွာ = ၁၅၇၀၀၀ ကျပ်
🛬 မန္တလေး🛬 သံတွဲ = ၂၅၇၀၀၀ ကျပ်

🛬 အမ်း🛬 မကွေး = ၁၆၁၀၀၀ ကျပ်
🛬 အမ်း🛬 စစ်တွေ = ၁၅၂၀၀၀ ကျပ်

🛬 မြိတ်🛬 ဘုတ်ပြင်း = ၁၅၂၀၀၀ ကျပ်
🛬 မြိတ်🛬 ကော့သောင်း = ၁၇၇၀၀၀ ကျပ်

🛬 ထားဝယ် 🛬 မြိတ် = ၁၈၂၀၀၀ ကျပ်
🛬 ထားဝယ် 🛬 ကော့သောင်း = ၁၇၂၀၀၀ ကျပ်

🛬 ဟဲဟိုး 🛬 ကျိုင်းတုံ = ၁၅၆၀၀၀ ကျပ်
🛬 ဟဲဟိုး🛬 တာချီလိတ် = ၁၈၅၀၀၀ ကျပ်
🛬 ဟဲဟိုး 🛬 မိုင်းဆက် = ၁၅၀၀၀၀ ကျပ်
🛬 ဟဲဟိုး 🛬 နေပြည်တော် = ၁၇၂၀၀၀ ကျပ်

🛬 ကော့သောင်း 🛬 မော်လမြိုင် = ၂၃၇၀၀၀ ကျပ်

🛬 မြစ်ကြီးနား 🛬 ပူတာအို = ၁၆၄၀၀၀ ကျပ်

🛬 နေပြည်တော် 🛬 မန်းတလေး = ၁၇၀၀၀၀ ကျပ်
🛬 နေပြည်တော် 🛬 မြစ်ကြီးနား = ၂၀၇၀၀၀ ကျပ်

🛬 မုံရွာ 🛬 ဟုမ္မလင်းမြို့ = ၁၉၅၀၀၀ ကျပ်
🛬 မုံရွာ 🛬 မန်းတလေး = ၉၈၀၀၀ ကျပ်
🛬 မုံရွာ 🛬 ခန္တီးမြို့ = ၂၂၅၀၀၀ ကျပ်

🛬 စစ်တွေ 🛬 သံတွဲ = ၁၅၂၀၀၀ ကျပ်
🛬 စစ်တွေ 🛬 နေပြည်တော် = ၁၅၀၀၀၀ ကျပ်
🛬 လားရှိုး 🛬 တာချီလိတ် = ၁၈၀၀၀၀ ကျပ်

🛬 🛬 လေကြောင်း လိုင်း
⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန်🛬 ထားဝယ် = ၁၉၅၅၀၀ ကျပ်🛬ရန်ကုန် 🛬 ဟဲဟိုး = ၁၈၈၅၀၀ ကျပ်🛬ရန်ကုန်🛬 ကော့သောင်း = ၃၅၅၀၀၀ ကျပ်🛬ရန်ကုန်🛬 ကျိုင်းတုံ = ၂၃၂၅၀၀ ကျပ်
🛬ရန်ကုန် 🛬 ကျောက်ဖြူ = ၁၇၄၅၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၂၃၇၅၀၀ ကျပ်
🛬ရန်ကုန်🛬မန္တလေး = ၁၂၈၀၀၀ ကျပ်
🛬ရန်ကုန်🛬မြိတ် = ၂၁၂၅၀၀ ကျပ်
🛬ရန်ကုန်🛬 မြစ်ကြီးနား = ၂၈၅၅၀၀ ကျပ်
🛬ရန်ကုန်🛬ညောင်ဉီး = ၂၁၀၅၀၀ ကျပ်
🛬ရန်ကုန်🛬 ပူတာအို = ၂၈၇၅၀၀ ကျပ်
🛬ရန်ကုန်🛬စစ်တွေ = ၁၆၉၅၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၂၃၁၅၀၀ ကျပ်
🛬ရန်ကုန် 🛬 သံတွဲ = ၁၇၈၅၀၀ ကျပ်

🛬မန္တလေး 🛬 ကျိုင်းတုံ = ၁၉၇၅၀၀ ကျပ်
🛬မန္တလေး 🛬 မြစ်ကြီးနား = ၁၉၉၅၀၀ ကျပ်
🛬မန္တလေး 🛬 ပူတာအို = ၁၉၂၅၀၀ ကျပ်
🛬မန္တလေး 🛬 တာချီလိတ် = ၁၉၃၅၀၀ ကျပ်

🛬ထားဝယ် 🛬ကော့သောင်း = ၁၆၇၅၀၀ ကျပ်

🛬ဟဲဟိုး 🛬 ကျိုင်းတုံ = ၁၆၄၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 လားရှိုး = ၁၇၁၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 ညောင်ဉီး = ၁၇၀၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 တာချီလိတ် = ၁၅၀၅၀၀ ကျပ်

🛬လားရှိုး 🛬 တာချီလိတ် = ၁၇၂၅၀၀ ကျပ်

🛬မြစ်ကြီးနား 🛬 ပူတာအို = ၁၇၁၅၀၀ ကျပ်

🛬 #မန်းရတနာပုံ လေကြောင်းလိုင်း🛬🛬
⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန်🛬 ဟဲဟိုး = ၁၇၁၀၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၁၆၈၀၀၀ ကျပ်
🛬ရန်ကုန် 🛬 သံတွဲ = ၁၇၃၀၀၀ ကျပ်
🛬ရန်ကုန်🛬စစ်တွေ = ၁၈၁၀၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၁၉၅၀၀၀ ကျပ်
🛬ရန်ကုန် 🛬ထားဝယ် = ၁၉၂၀၀၀ ကျပ်
🛬ရန်ကုန် 🛬 မြစ်ကြီးနား = ၂၀၆၀၀၀ ကျပ်
🛬ရန်ကုန် 🛬 မန်းတလေး = ၁၆၁၀၀၀ ကျပ်

🛬မန်းတလေး 🛬 တာချီလိတ် = ၁၈၂၀၀၀ ကျပ်
🛬မန်းတလေး 🛬 မြစ်ကြီးနား = ၁၇၆၀၀၀ ကျပ်

🛬လားရှိုး 🛬 တာချီလိတ် = ၁၆၂၀၀၀ ကျပ်
🛬ဟဲဟိုး 🛬 တာချီလိတ် = ၁၅၉၀၀၀ ကျပ်

🛬 🛬🛬
⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန် 🛬 ထားဝယ် = ၁၈၀၀၀၀ ကျပ်
🛬ရန်ကုန် 🛬 ဟဲဟိုး = ၁၇၀၀၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၁၈၂၀၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၁၉၂၀၀၀ ကျပ်
🛬မန္တလေး 🛬 မြစ်ကြီးနား = ၁၈၈၀၀၀ ကျပ်
🛬မန္တလေး 🛬 တာချီလိတ် = ၁၇၃၀၀၀ ကျပ်
မထက်ဖော်ပြပါစျေးနုန်းများသည့်နေ့အလိုက်ပြောင်းလွှဲမှုရှိပါသည်

ပြည်တွင်း/ပြည်ပလေယာဥ်လက်မှတ်အတွက်ဆို
ခရီးသည်များလိုအပ်သည့် လေကြောင်းလိုင်းနှင့် အချိန်တို့ကို ရှာပေးခြင်း၊
တိကျ မှန်ကန် မြန်ဆန်ခြင်း၊
လက်မှတ်များအလွယ်တကူ၀ယ်ယူနိုင်ခြင်း၊
စိုးရိမ်ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ဝယ်ယူနိုင်ခြင်း
မနက် 7 နာရီမှ ည 9 နာရီအထိ ဝန်စောင်မှု ပေးခြင်း
ခရီးသည်များကို အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးခြင်း၊
----------------------------------------------------
ခရီးသွားချစ်ဧည့်သည်တော်များ အနှစ်သက်ဆုံးဖြစ်သော တိကျ၊ မှန်ကန်၊ မြန်ဆန်သော အကောင်းဆုံး၀န်ဆောင်မှုနှင့်အတူ Air Tickets မှ ကူညီဆောင်ရွက်ပေးနေပါပြီ . . .
----------------------------------------------------
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -09-699339418 ဆက်သွယ်ပါရှင့်

🏢တိုက်(၁) ၊ အခန်း(၃၀၆) ၊ ၃လွှာ ၊ အောင်ဇေယျရိပ်မွန် ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။

 #နိုင်ငံခြားခရီးစဥ်ကို အခုမှ ​လေယာဥ်နဲ့  #ပထမဆုံးစီးဖူးပြီးသွားမယ်ဆိုသူများအတွက်ပါ - အစဆုံး တချက်​ချင်း​ရေးထားတာမို့ စာ...
18/02/2024

#နိုင်ငံခြားခရီးစဥ်ကို အခုမှ ​လေယာဥ်နဲ့ #ပထမဆုံးစီးဖူးပြီးသွားမယ်ဆိုသူများအတွက်ပါ - အစဆုံး တချက်​ချင်း​ရေးထားတာမို့ စာ​လေး နဲနဲရှည်ပါမယ်​နော် ( ပုံ​​တွေ​ပေါ်မှာလဲ ​ပြော​ပြ​ပေးထားပါတယ်)

1. နိုင်ငံခြားသွားဖို့ စစီစဥ်ချိန်ကတည်းက ​လေယာဥ်ကွင်း​ရောက်ချိန် ​မေး​လေ့ရှိတဲ့ စကား​တွေ ကို နားလည်​အောင် ပြန်​ပြောနိုင်​အောင်​တော့ သင်ထားသင့်ပါတယ်

2. Passport ရချိန် ကိုယ့်နာမည် ​မွေး​သက္ကရာဇ် ​သေချာစစ်ပါ

3. ​လေယာဥ်လက်မှတ်ဝယ်ချိန် passport မှာ ပါတဲ့ နာမည်စာလုံး​ပေါင်းအတိုင်း တူရပါမယ်။ နာမည် ​ရှေ့မှာ Mg, Ma , U, Daw ပါ​နေတာက အစ တူရပါမယ် (ဥပမာ -Passport မှာ ကိုယ့်နာမည်က Ma Thidar လို့ ​ပေါင်းထားရင် ​လေယဥ်လက်မှတ်မှာလဲ တူရပါမယ် - Thidar လို့ပဲ မရသလို Ma Thida လို့ ဖြစ်​နေလို့လဲ မရပါဘူး )

4. ​လေယာဥ်လက်မှတ် ဝယ်တဲ့အခါ ​​ရက် ပြန်​ပြောင်းတာ နာမည်​ပြောင်းတာ​​တွေလုံးဝ လုပ်မရတဲ့လက်မှတ် / ရက် ပြောင်းလို့​တော့ရ အနည်းငယ် အလိုက်​ပေးရမယ်ဆိုတဲ့ လက်မှတ်/ တကြိမ် ရက်​ပြောင်းခွင့် ရလက်မှတ် စသဖြင့် ​စျေးကွာပါတယ်။ အလည်သွားမယ့် သူမဟုတ်ပဲ ကြာကြာ​နေဖို့အစီအစဥ်ရှိရင်​တော့ refund ပြန်ထုတ်လို့ရတဲ့ လက်မှတ်ဆိုရင်​တော့ % အနဲငယ်ပဲ ဆုံးမှာ​​ပေါ့​နော်. ​နောက်တခုက ​စျေးသက်သာတဲ့ Air Asia လိုမျိုးဆိုလဲ Kg ထည့်မဝယ်ရင် free 7kg နဲ့က ဘယ်​လောက်မှ သယ်မရလို့ ကြာကြာ​နေမယ့်သူဆို အဆင်မ​ပြေပါဘူး

5. သွားဖို့ အထုတ်ပြင်တဲ့အခါ -ပိုက်ဆံ, ဘက်ထရီပါ​တဲ့ပစ္စည်း , powerbank, ph, laptop, မီးခြစ် အားလုံးက ကိုယ်နဲ့တူတူ သယ်မယ့် hand carry အိတ်ထဲပဲ ထည့်သယ်ရပါမယ်.
အရည်, cream စတဲ့ ပစ္စည်းအမျိုးစား, မိတ်ကပ် Lotion, ​​ဆေးရည် စတဲ့ အရာအားလုံးက 100ml ထက် ပိုရင် check in counter မှာ အပ်မယ့် luggage ထဲကို ထည့်သယ်ရပါမယ်.. ကိုယ်ရမယ့် အ​လေးချိန်ထက် မပို​အောင်လဲ ထည့်ဖို့လိုပါတယ် . ကီလိုပိုရင် ပျှမ်းမျှ တကီလို 10$ ​လောက်​ပေးရပါတယ်

6. လိုအပ်တဲ့ document passport , hotel booking, ​လေယာဥ် လက်မှတ်, covid ​ဆေးထိုးမှတ်တမ်း အားလုံးကို ဖုန်းထဲမှာ ဓါတ်ပုံရိုက်သိမ်းထားပါ (​ပျောက်တာမျိုးဖြစ်ခဲ့ရင် သုံးဖို့)

7. တ​ယောက်တည်း စသွားရမှာမို့ပဲဖြစ်ဖြစ် ဘာမှ မ​ကြောက်ပါနဲ့. ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထားပြီးသွားပါ
အဝတ်စား သပ်သပ်ရပ်ရပ်ဝတ်ပါလို့ ​ပြောကြတာမှာ မလိုအပ်ပဲ ကုတ်အကျီ စတိုင်​ဘောင်းဘီ​တွေ ဝတ်ဖို့ မဟုတ်ပါဘူး (MOU နဲ့ သွားလို့ ကုမ္ပဏီ က စီစဥ်ရင်​တော့ တမျိုး​ပေါ့​နော် ) ကိုယ်နဲ့ကြည့်​ကောင်းမယ် , သက်​တောင့်သက်သာ ဖြစ်​​စေမယ့် အဝတ်စားမျိုးဆို ရပါတယ်

6. သွားမယ့်​နေ့ - ​လေယဥ်ထွက်ချိန်ထက် သုံးနာရီ ​စော ပြီး ​ကောင်တာ​တွေ ဖွင့်​လေ့ရှိပါတယ် . .အခုမှ စသွားမယ့်သူဆို ၃နာရီ​စော ​ရောက်နိုင်ရင် အ​ကောင်းဆုံးပါ . အနဲဆုံး ၂ နာရီ​လောက်​ထက်တော့ ​​နောက်မကျပါ​စေနဲ့ .
အိမ်က မထွက်ခင် ပစ္စည်း​တွေ ​သေချာပြန်စစ်ပါ -
အဓိက - ပတ်စပို့, လက်မှတ် , ပိုက်ဆံ

7. ​လေယဥ်ကွင်း​ရောက်တာနဲ့ အ​ဆောက်အဦ ထဲကို ဝင်ချိန် အိတ်​တွေ အားလုံးကို X Ray စက်ထဲဖြတ်ရပါမယ် .. အရင်ကလို လိုက်ပို့သူ​တွေ လိုက်လို့မရ​တော့ပါဘူး (လိုက်ချင်ရင် ပိုက်ဆံ​ပေးဝင်ရပါတယ် .မလိုအပ်ဘူးလို့ ထင်တာပါပဲ).

8. X Ray ဖြတ်ပြီးတာနဲ့ အ​ရှေ့နားက တိုင်က TV screen မှာ ကိုယ်စီးမယ့် လေယာဥ်နာမည်ကို ရှာပြီး ဘယ်​ကောင်တာလဲ (A, B, C, D စသဖြင့် ကြည့်ပါ . ပြီးရင် ​ကောင်တာ ရှိ ​နေရာ ကို ရှာပြီး တန်းသွားစီပါ

9. ကိုယ့်​ကောင်တာ က B ဆိုပါစို့ , B ​ ​နေရာ ​ရောက်ရင် ​ကောင်တာ​တွေအ​ပေါ်မှာ ​ရေးထားတဲ့တံဆိပ်က ကိုယ့်​လေယဥ်လိုင်း ဟုတ် မဟုတ်ကြည့်ပါ ၊ ဟုတ်တယ်ဆိုရင်
တန်းစီတဲ့အခါမှာလည်း ရိုးရိုးလက်မှတ် (Economy Class) , အထူးတန်း (Business / First Class) စသဖြင့် ကိုယ့်လက်မှတ် အလိုက် သတ်မှတ်လိုင်းမှာပဲ တန်းစီပါ . , Internet Checkin လုပ်ပြီးသားသူ​တွေ အတွက် လိုင်း တခု , ခနခနခရီးသွားလို့ member အထူးသမား​တွေ အတွက် လိုင်းတခုလဲ ရှိတတ်ပါတယ်. (တချို့​Airline ဝန်ထမ်း​တွေက လိုင်းမှားစီမိရင် ​ပြောတဲ့ပုံစ က မမိုက်လို့ရယ်)

10. အိတ်အပ်ပြီးသွားပြီဆိုရင် ပတ်စပို့်ရယ် boarding pass လို့ ​ခေါ်တဲ့ ကဒ်​လေးတခုရယ်. Immigration ဖြတ်ရင် ပြဖို့ ဖြည့်ရမယ့် စာရွက် တခု ​ပေးပါလိမ့်မယ်
တခါတည်းဖြည့်လိုက်ပါ . Boarding Pass ကို မ​ပျောက်​အောင် ဂရုစိုက်ပါ

11. ပြီးရင်​​တော့ စက်​လှေကားနဲ့ အ​ပေါ်တက်တာနဲ့ immigration ဖြတ်ဖို့ ​​ကောင်တာ​တွေ ​တွေ့ပါမယ် . တခါတန်းစီပါ .. .
Immigration က ပြီးရင် security check ​ကောင်တာကို ထပ်ဖြတ်ရပါမယ် . ရူးဖိနပ် စီးထား , ခါးပတ်ဝတ်ထား ရင် ချွတ်ပြီး ဖြတ်ရပါတယ်

12 . Xray ပြီးရင် စက်​လှေကားနဲ့ အ​​ပေါ်တက် duty free အ​ရောင်းဆိုင်​တွေ ဖြတ်ပြီးရင် ​အောက်ပြန်ဆင်း ကိုယ်စီးရမယ့် gate ကို ​ရှာသွားပါ (boarding pass မှာ gate နံပါတ် ပါပါတယ်) . Gate ​ရှေ့ကို ထွက်မယ့်အချိန်ထက် ၄၅ မိနစ်​လောက် ​စော ​ရောက်​နေနိုင်တာ စိတ်ချရပါတယ်

13. ​လေယဥ်ဆိုက်တဲ့အခါ - Arrival ဆိုတဲ့ ဆိုင်းဘုတ်လမ်းညွှန် အတိုင်း လိုက်သွားပြီး immigration ဆိုတဲ့​နေရာထိသွားရပါမယ် (တခြားနိုင်ငံ ဆက်သွားမယ့်သူများက Transist ဆိုတဲ့လမ်းညွှန်အတိုင်းလိုက်)

14. Immigration မှာ တခါတ​လေ လူများရင် နာရီဝက်​ကျော်​လောက်ထိ တန်းစီရတတ်ပါတယ် .
တချို့ နိုင်ငံ​တွေက immigration မှာပြဖို့ white card / landing card ကို ​လေယဥ်​​ပေါ်မှာ ​လေယာဥ်မယ်က ​ဝေ​ပေးပြီး ဖြည့်ရပါတယ် (တချို့နိုင်ငံ​တွေက online က​နေ ကြိုဖြည့်ထားရပါတယ်) .

15. ကိုယ့်​ရှေ့က လူ immigration counter အလှည့်ကျ ဝင်​နေချိန် ကိုယ့်​အောက်က အဝါ​​​ရောင်စည်းထက် မ​ကျော်ပါနဲ့ .
ကိုယ့်အလှည့်​ရောက်ရင် .passport , boarding pass ကို immigration အရာရှိကို ​ပေးလိုက်ပါ . ပြီးရင် ညာ​ထောင့်က လက်​ဗွေနှိပ်တဲ့စက်​ပေါ် သူညွှန်တဲ့အတိုင်း လက်​လေး​ချောင်းတင် လက်​ဓွေယူ​ပေးလိုက်ပါ . ပြီးရင် mask ချွတ် camera ကို ကြည်ွ ဓါတ်ပုံ အရိုက်ခံလိုက်ပါ . ပြီး ရင် သူစာအုပ်​ပေါ် တုံးထုပြီး စာအုပ်ပြန်​ပေးရင် သွားလို့ရပါပြီ
ပုံမှန်အားဖြင့် အဲ့အဆင့်​​တွေ အားလုံးကို အရာရှိက စကားတခွန်းမှ မ​ပြောပဲ အမူရာနဲ့ ပဲ ပြပါတယ် ။ နဲနဲရစ်ချင်သူနဲ့​တွေ့ရင်​တော့ ဘာလာလုပ်တာလဲ , ဘယ်မှာ​နေမှာလဲ , ဘယ်နှစ်ရက်​နေမှာလဲ, အပြန်လက်မှတ်ဝယ်ပြီးပြီလား စသဖြင့် ​မေးတတ်ပါ တယ်
​မေးလာခဲ့ရင် ချက်ချင်းပြန်​ဖြေနိုင်​​အောင် , ပြဆိုရင်လည်း ချက်ချင်းထုတ်ပြနိုင်​အောင် အဆင်သင့်​ဆောင်ထားပါ (ဖုံးထဲ ဓါတ်ပုံလဲ ပြလို့ရပါတယ်)

** passport ပြန်ရရင် အဝင်တုံးထု​ပေးလိုက်ရဲ့လား , ​​နေ့စွဲ​တွေမှန်ရဲ့လား , သံရုံး က visa ယူလာသူ​တွေ​ဆိုလဲ ရက်အပြည့်ထု​ပေးလိုက်ရဲ့လား စစ်ပါ (မှား​နေရင် တခါတည်း ပြန်​ပြောပါ)

16. ပြီးရင်​တော့ အပ်ထားတဲ့ အိတ်​တွေ ယူနိုင်ဖို့ ထုံးစံအတိုင်း TV screen မှာ ရှာ နံပါတ်ပြတဲ့​နေယာမှာ သွား​စောင့် အထုတ်ယူလို့ရပါပြီ

17. အထုတ်​တွေ ယူပြီး အပြင်ထွက်​တော့မယ်ဆို အစိမ်း​ရောင် Custom Exit က​နေ ထွက်ပါ (အနီ​ရောင်က လုံးဝ မထွက်ပါနဲ့ ၊ အခွန်​ဆောင်ရမယ့် ပစ္စည်းပါလာသူ​တွေ အတွက်ပါ )

ထွက်တဲ့အချိန် အဲ့​နေရာက Cistom အရာရှိ​တွေ သွားကြည့်​ မနေပါနဲ့ . ခပ်တည်တည်ပဲသွားပါ . မဟုတ်ရင် အထုတ်​တွေ ​ခေါ်ဖွင့်ပြခိုင်း​နေတတ်ပါတယ်

အစား​သောက်​ ဆေးဝါး လူသုံးကုန် အားလုံး က ကိုယ်သုံးဖို့​လောက် သယ်တာ သယ်လို့ရပါတယ် . တမျိုးတည်းကို အလွန်အကျွံအများကြီး​တော့ မဖြစ်နဲ့​ပေါ့ (ဂျပန်, သြစ​တေးလျ, အ​မေရိကန် ဆိုရင်​​တော့ သယ်မရတာ​​​တွေ များပါတယ်)

18. အပြင်​ရောက်ပြီဆိုရင်​​တော့ လာကြိုသူ​​တွေက ဘန်​ကောက် ဆိုရင် အများအားဖြင့် Gate 5 မှာ​ ​စောင့်​​နေရ​လေ့ရှိပါတယ် .

(မြန်မာနိုင်ငံက အထွက် ပုံစံကို ​ရေးပြထား​တာပေမယ့်. ဘယ်နိုင်ငံမဆို ဒီပုံစံအတိုင်းပါပဲ ,
Vacation ရလို့ အခုမှ UAEက​​နေ ရန်ကုန်စပြန်မယ့်သူများအတွက်လဲ ပုံစံတူတူပါပဲ (​လေယဥ်ကွင်း ပုံတချို့လဲ ထည့်​ပေးထားပါတယ်)

သိချင်တာရှိလဲ ​​မေးထားလို့ရပါတယ် အားတဲ့အချိန် ​ဖြေ​ပေးပါမယ်

_____________________________

🛫 လေယာဥ်လက်မှတ်များ ဝယ်ယူလိုပါက 🛬

Contact Us

☎️ 09 9699339418

သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

မင်္ဂလာပါ ပြည်တွင်း ပြည်ပ လေယာဥ်လက်မှတ်များဝယ်ယူလိုပါကViber +959699339418ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုလည်းရပါတယ်🛬ပြည်တွင်း ပ...
17/02/2024

မင်္ဂလာပါ ပြည်တွင်း ပြည်ပ လေယာဥ်လက်မှတ်များဝယ်ယူလိုပါက
Viber +959699339418
ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုလည်းရပါတယ်
🛬ပြည်တွင်း ပြည်ပလေယဉ်လက်မှက်စျေးနှုန်းများမှတ်ချက်။ ခရီးစဥ် ၁ ကြောင်းစာအတွက်စျေးနှုန်း များကိုဖော်ပြပေးထားပါသည်။
အောက်ဖော်ပြပါစျေးနှုန်းများသည် ပြည်တွင်းလေယာဥ်များဖြစ်သော (MNA, Air KBZ, Mann Yadanarpon, Air Thanlwin) Ticketတို့၏ ဝယ်ယူရရှိနိုင်သော ခရီးစဥ်များနှင့်အတူ အနိမ့်ဆုံးစျေးနှုန်းများကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင့်.....
Air KBZ MNA Air Thanlwin မန်းရတနာပုံ Air လိုင်းစျေးနှုန်းများ...................

🛬 ရန်ကုန် 🛬အမ်း = ၁၇၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဗန်းမော် = ၂၉၈၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဘုတ်ပြင်း = ၁၉၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ထားဝယ် = ၁၇၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဟဲဟိုး = ၁၈၅၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ဟုမ္မလင်း = ၃၀၁၀၀၀ ကျပ်
🛬 ရန်ကုန် 🛬ကလေး = ၂၂၇၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကော့သောင်း = ၃၅၅၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကျိုင်းတုံ = ၂၂၆၀၀၀ ကျပ်
🛬 ရန်ကုန်🛬 ကျောက်ဖြူ = ၁၈၂၀၀၀ ကျပ်
🛬 ရန်ကုန်🛬 လားရှိုး = ၂၂၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မကွေး = ၁၇၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မန္တလေး = ၁၆၂၀၀၀ ကျပ်
🛬 ရန်ကုန် 🛬 မိုင်းဆက် = ၁၈၉၀၀၀ ကျပ်
🛬 ရန်ကုန် 🛬မြိတ် = ၁၉၇၀၀၀ ကျပ်
🛬 ရန်ကုန်🛬 မြစ်ကြီးနား = ၂၈၃၀၀၀ ကျပ်
🛬 ရန်ကုန်🛬 နေပြည်တော် = ၁၇၄၀၀၀ ကျပ်
🛬 ရန်ကုန် 🛬စစ်တွေ = ၁၆၇၀၀၀ ကျပ်
🛬 ရန်ကုန် 🛬 တာချီလိတ် = ၂၀၉၀၀၀ ကျပ်
🛬 ရန်ကုန်🛬 သံတွဲ = ၁၈၂၀၀၀ ကျပ်

🛬 မန္တလေး🛬 ဗန်းမော် = ၁၈၅၀၀၀ ကျပ်
🛬 မန္တလေး🛬 ကလေး မြို့ = ၁၇၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 ကျိုင်းတုံ = ၁၉၀၀၀၀ ကျပ်
🛬 မန္တလေး🛬 ခန္တီးမြို့ = ၂၃၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 လားရှိုး = ၁၇၅၀၀၀ ကျပ်
🛬 မန္တလေး 🛬 ဟုမ္မလင်းမြို့ = ၂၁၀၀၀၀ ကျပ်
🛬 မန္တလေး🛬 မြစ်ကြီးနား = ၂၀၇၀၀၀ ကျပ်
🛬 မန္တလေး 🛬 ပူတာအို = ၁၈၃၀၀၀ ကျပ်
🛬 မန္တလေး🛬 စစ်တွေ = ၁၈၅၀၀၀ ကျပ်
🛬 မန္တလေး🛬 တာချီလိတ် = ၂၀၃၀၀၀ ကျပ်
🛬 မန္တလေး🛬 မုံရွာ = ၁၅၇၀၀၀ ကျပ်
🛬 မန္တလေး🛬 သံတွဲ = ၂၅၇၀၀၀ ကျပ်

🛬 အမ်း🛬 မကွေး = ၁၆၁၀၀၀ ကျပ်
🛬 အမ်း🛬 စစ်တွေ = ၁၅၂၀၀၀ ကျပ်

🛬 မြိတ်🛬 ဘုတ်ပြင်း = ၁၅၂၀၀၀ ကျပ်
🛬 မြိတ်🛬 ကော့သောင်း = ၁၇၇၀၀၀ ကျပ်

🛬 ထားဝယ် 🛬 မြိတ် = ၁၈၂၀၀၀ ကျပ်
🛬 ထားဝယ် 🛬 ကော့သောင်း = ၁၇၂၀၀၀ ကျပ်

🛬 ဟဲဟိုး 🛬 ကျိုင်းတုံ = ၁၅၆၀၀၀ ကျပ်
🛬 ဟဲဟိုး🛬 တာချီလိတ် = ၁၈၅၀၀၀ ကျပ်
🛬 ဟဲဟိုး 🛬 မိုင်းဆက် = ၁၅၀၀၀၀ ကျပ်
🛬 ဟဲဟိုး 🛬 နေပြည်တော် = ၁၇၂၀၀၀ ကျပ်

🛬 ကော့သောင်း 🛬 မော်လမြိုင် = ၂၃၇၀၀၀ ကျပ်

🛬 မြစ်ကြီးနား 🛬 ပူတာအို = ၁၆၄၀၀၀ ကျပ်

🛬 နေပြည်တော် 🛬 မန်းတလေး = ၁၇၀၀၀၀ ကျပ်
🛬 နေပြည်တော် 🛬 မြစ်ကြီးနား = ၂၀၇၀၀၀ ကျပ်

🛬 မုံရွာ 🛬 ဟုမ္မလင်းမြို့ = ၁၉၅၀၀၀ ကျပ်
🛬 မုံရွာ 🛬 မန်းတလေး = ၉၈၀၀၀ ကျပ်
🛬 မုံရွာ 🛬 ခန္တီးမြို့ = ၂၂၅၀၀၀ ကျပ်

🛬 စစ်တွေ 🛬 သံတွဲ = ၁၅၂၀၀၀ ကျပ်
🛬 စစ်တွေ 🛬 နေပြည်တော် = ၁၅၀၀၀၀ ကျပ်
🛬 လားရှိုး 🛬 တာချီလိတ် = ၁၈၀၀၀၀ ကျပ်

🛬 🛬 လေကြောင်း လိုင်း
⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန်🛬 ထားဝယ် = ၁၉၅၅၀၀ ကျပ်🛬ရန်ကုန် 🛬 ဟဲဟိုး = ၁၈၈၅၀၀ ကျပ်🛬ရန်ကုန်🛬 ကော့သောင်း = ၃၅၅၀၀၀ ကျပ်🛬ရန်ကုန်🛬 ကျိုင်းတုံ = ၂၃၂၅၀၀ ကျပ်
🛬ရန်ကုန် 🛬 ကျောက်ဖြူ = ၁၇၄၅၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၂၃၇၅၀၀ ကျပ်
🛬ရန်ကုန်🛬မန္တလေး = ၁၂၈၀၀၀ ကျပ်
🛬ရန်ကုန်🛬မြိတ် = ၂၁၂၅၀၀ ကျပ်
🛬ရန်ကုန်🛬 မြစ်ကြီးနား = ၂၈၅၅၀၀ ကျပ်
🛬ရန်ကုန်🛬ညောင်ဉီး = ၂၁၀၅၀၀ ကျပ်
🛬ရန်ကုန်🛬 ပူတာအို = ၂၈၇၅၀၀ ကျပ်
🛬ရန်ကုန်🛬စစ်တွေ = ၁၆၉၅၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၂၃၁၅၀၀ ကျပ်
🛬ရန်ကုန် 🛬 သံတွဲ = ၁၇၈၅၀၀ ကျပ်

🛬မန္တလေး 🛬 ကျိုင်းတုံ = ၁၉၇၅၀၀ ကျပ်
🛬မန္တလေး 🛬 မြစ်ကြီးနား = ၁၉၉၅၀၀ ကျပ်
🛬မန္တလေး 🛬 ပူတာအို = ၁၉၂၅၀၀ ကျပ်
🛬မန္တလေး 🛬 တာချီလိတ် = ၁၉၃၅၀၀ ကျပ်

🛬ထားဝယ် 🛬ကော့သောင်း = ၁၆၇၅၀၀ ကျပ်

🛬ဟဲဟိုး 🛬 ကျိုင်းတုံ = ၁၆၄၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 လားရှိုး = ၁၇၁၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 ညောင်ဉီး = ၁၇၀၅၀၀ ကျပ်
🛬ဟဲဟိုး 🛬 တာချီလိတ် = ၁၅၀၅၀၀ ကျပ်

🛬လားရှိုး 🛬 တာချီလိတ် = ၁၇၂၅၀၀ ကျပ်

🛬မြစ်ကြီးနား 🛬 ပူတာအို = ၁၇၁၅၀၀ ကျပ်

🛬 #မန်းရတနာပုံ လေကြောင်းလိုင်း🛬🛬
⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန်🛬 ဟဲဟိုး = ၁၇၁၀၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၁၆၈၀၀၀ ကျပ်
🛬ရန်ကုန် 🛬 သံတွဲ = ၁၇၃၀၀၀ ကျပ်
🛬ရန်ကုန်🛬စစ်တွေ = ၁၈၁၀၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၁၉၅၀၀၀ ကျပ်
🛬ရန်ကုန် 🛬ထားဝယ် = ၁၉၂၀၀၀ ကျပ်
🛬ရန်ကုန် 🛬 မြစ်ကြီးနား = ၂၀၆၀၀၀ ကျပ်
🛬ရန်ကုန် 🛬 မန်းတလေး = ၁၆၁၀၀၀ ကျပ်

🛬မန်းတလေး 🛬 တာချီလိတ် = ၁၈၂၀၀၀ ကျပ်
🛬မန်းတလေး 🛬 မြစ်ကြီးနား = ၁၇၆၀၀၀ ကျပ်

🛬လားရှိုး 🛬 တာချီလိတ် = ၁၆၂၀၀၀ ကျပ်
🛬ဟဲဟိုး 🛬 တာချီလိတ် = ၁၅၉၀၀၀ ကျပ်

🛬 🛬🛬
⋯⋯⋯⋯⋯⋯⋯⋯⋯⋯
🛬ရန်ကုန် 🛬 ထားဝယ် = ၁၈၀၀၀၀ ကျပ်
🛬ရန်ကုန် 🛬 ဟဲဟိုး = ၁၇၀၀၀၀ ကျပ်
🛬ရန်ကုန် 🛬 တာချီလိတ် = ၁၈၂၀၀၀ ကျပ်
🛬ရန်ကုန် 🛬 လားရှိုး = ၁၉၂၀၀၀ ကျပ်
🛬မန္တလေး 🛬 မြစ်ကြီးနား = ၁၈၈၀၀၀ ကျပ်
🛬မန္တလေး 🛬 တာချီလိတ် = ၁၇၃၀၀၀ ကျပ်
မထက်ဖော်ပြပါစျေးနုန်းများသည့်နေ့အလိုက်ပြောင်းလွှဲမှုရှိပါသည်

ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်အတွက်ဆို
(Fly Owl-Air Ticket ) ကို
သတိရပြီး လက်မှတ်၀ယ်ယူလိုက်ပါ . . .
ခရီးသည်များလိုအပ်သည့် လေကြောင်းလိုင်းနှင့် အချိန်တို့ကို ရှာပေးခြင်း၊
တိကျ မှန်ကန် မြန်ဆန်ခြင်း၊
လက်မှတ်များအလွယ်တကူ၀ယ်ယူနိုင်ခြင်း၊
စိုးရိမ်ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ၀ယျယူနိုငျခွငျး၊
ခရီးသည်များကို အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးခြင်း၊
----------------------------------------------------
ခရီးသွားချစ်ဧည့်သည်တော်များ အနှစ်သက်ဆုံးဖြစ်သော တိကျ၊ မှန်ကန်၊ မြန်ဆန်သော အကောင်းဆုံး၀န်ဆောင်မှုနှင့်အတူ Air Tickets မှ ကူညီဆောင်ရွက်ပေးနေပါပြီ . . .
----------------------------------------------------
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -09-699339418 ဖုန်းခေါ်ဆိုလို့ရပါတယ်
တိုက်(၁) ၊ အခန်း(၃၀၆) ၊ ၃လွှာ ၊ အောင်ဇေယျရိပ်မွန် ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက...
17/02/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ

⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…

Address

တိုက်(၁) ၊ အခန်း(၃၀၆) ၊ ၃လွှာ ၊ အောင်ဇေယျရိပ်မွန် ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။

Telephone

+959699339418

Website

Alerts

Be the first to know and let us send you an email when ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည်တွင်း-ပြည်ပ လေယာဥ်လက်မှတ်အရောင်းဌာန:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share