Mingalago

Mingalago Our goal is to deliver comprehensive,
up-to-date information on traveling in Myanmar, first-hand from Myanmar.

ခရီးတွေပြန်သွားလို့ရရင်ဘယ်ကိုအရင်ဆုံးသွားကြမလဲခရီးတွေမထွက်ရတာကြာလို့ခရီးသွားချင်တဲ့ စိတ်တွေကတားမရဆီးမရပါပဲ။ဒါပေမဲ့ ခုချိ...
26/09/2020

ခရီးတွေပြန်သွားလို့ရရင်
ဘယ်ကိုအရင်ဆုံးသွားကြမလဲ

ခရီးတွေမထွက်ရတာကြာလို့
ခရီးသွားချင်တဲ့ စိတ်တွေကတားမရဆီးမရပါပဲ။
ဒါပေမဲ့ ခုချိန်ကတော့
အားလုံးရဲ့ကျန်းမာရေးအတွက်
အိမ်ထဲမှာနေရင် အကောင်းဆုံးအချိန်ပါပဲ။
ဒါပေမဲ့ မကြာတော့ပါဘူး
အရင်လိုပျော်ပျော်ရွှင်ရွှင်ခရီးတွေသွားခွင့်ရဖို့
အခွင့်အရေးတွေပြန်ရောက်လာတော့မှာပါ။
ဒီလိုသွားခွင့်ရတဲ့အချိန်ကျရင်
မြန်မာပြည်ထဲက ဘယ်နေရာကို
အရင်ဆုံးသွားချင်လဲဆိုတာ Comment မှာ
ဖြေသွားခဲ့ပေးဦးနော်။
အတူတူသွားချင်တဲ့ အချစ်ဆုံးသူတွေရှိရင်လည်း
Mention ခေါ်ပြီး ကြိုတင် Booking လုပ်ထားလိုက်တော့နော်။
အားလုံးပဲ အမြန်ဆုံး
ပျော်ရွှင်စရာအချိန်တွေပြန်ရောက်ဖို့
ဒီအခက်အခဲတွေကို တူတူကျော်ဖြတ်ကြစို့နော်။
လောလောဆယ်တော့
Stay at Home is the best ပါပဲ။



မြန်မာပြည်တစ်ဝန်းမှခရီးသွားသတင်းအချက်အလက်များစုံလင်စွာရယူနိုင်ဖို့ Mingalago.comအခုချိန်မှာတော့ ခရီးတွေသွားဖို့ခဏလေးအောင...
18/09/2020

မြန်မာပြည်တစ်ဝန်းမှ
ခရီးသွားသတင်းအချက်အလက်များ
စုံလင်စွာရယူနိုင်ဖို့ Mingalago.com

အခုချိန်မှာတော့ ခရီးတွေသွားဖို့
ခဏလေးအောင့်ထားရမယ့် အချိန်ဖြစ်နေပါတယ်။
ဒီအတွက်သင်ခန်းစာယူစရာကတော့
သွားခွင့်ရတုန်း ခရီးသွားထားတာ
မမှားဘူးဆိုတာပါပဲ။
ဒါပေမဲ့ ခရီးတွေပြန်သွားလို့ရပြီဆိုရင်တောင်
ဘယ်ကိုသွားမလဲ၊ ဘယ်နေရာသွားချင်လဲ၊
ဘယ်နေရာကကောင်းလဲ၊ ဘယ်လိုသွားမလဲ
ဒီလိုမေးခွန်းတွေတန်းစီထွက်လာမှာပါ . . .
ဒီအတွက် အဖြေကတော့
www.mingalago.com ကို Click နှိပ်ပြီး
အခုထဲက မြန်မာပြည်တစ်ဝန်းက
ခရီးစဉ်တွေကိုကြိုဖတ်ပြီး
သွားချင်တဲ့ ခရီးတွေကို စိတ်ကူးထားလို့ရနိုင်မှာပါ။
MingalaGO မှာ မြန်မာပြည်တစ်ဝန်းမှာရှိတဲ့
ခရီးသွားလို့ကောင်းတဲ့နေရာများ၊ စားသောက်ဆိုင် Review များ
Hotel Review များ၊Tourism Information,
Package Tours အချက်အလက်များ
စတဲ့ စုံလင်တဲ့ Content တွေကိုဖတ်ရှုနိုင်မှာဖြစ်တဲ့အပြင်
https://mingalago.com/login
အခုပေးထားတဲ့ Link လေးမှာ Register လုပ်ပြီး
အသုံးပြုမယ်ဆိုရင် MingalaGO ရဲ့ Reward Card ကို
ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပြီး
သင့်ရဲ့ခရီးစဉ်မှာ Reward များကိုစုဆောင်းပြီး
MingalaGO ရဲ့ အမှတ်တရလက်ဆောင်ရယူနိုင်ခွင့်လည်းရှိနေမို့
အခုပဲ Register လုပ်ပြီး ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



ခရီးသွားတဲ့အခါ ဖုန်းထဲမှာကြိုတင်ထည့်သွင်းသွားသင့်တဲ့ APP များခရီးသွားမယ်လို့စဉ်းစားနေလား?ခရီးသွားမယ်ဆိုရင် ကြိုတင်စီစဉ်မ...
31/08/2020

ခရီးသွားတဲ့အခါ ဖုန်းထဲမှာ
ကြိုတင်ထည့်သွင်းသွားသင့်တဲ့ APP များ

ခရီးသွားမယ်လို့စဉ်းစားနေလား?

ခရီးသွားမယ်ဆိုရင် ကြိုတင်စီစဉ်မှုမရှိဘဲသွားတာထက်
ကိုယ်သွားမယ့်နေရာနဲ့ကိုက်ညီမယ့်
အဝတ်အစား၊ accessories နဲ့ နေရာဓလေ့ကို
သိရှိထားမယ်ဆိုပိုပြီး အဆင်ပြေပါတယ်။
ကိုယ်သွားမယ့်ဒေသမှာ
ဘယ်နေရာတွေက အထင်ကရရှိလဲ ၊
ဘယ်ဆိုင်တွေက Review ကောင်းလဲ အကြမ်းဖျင်းသိထားမှသာ
အချိန်ကုန်လူပင်ပန်းသက်သာပြီး
နေရာအနှံ့လည်းရောက်မှာဖြစ်ပါတယ်။
ဒါဆို ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ?

ခရီးသွားဖို့ ဘာတွေပြင်ဆင်ထားရမလဲ?
ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ?
ဘယ်ကိုသွားရင်ကောင်းမလဲ?
ဘာနဲ့သွားရင်ကောင်းမလဲ?

ဟိုဟို ဒီဒီလိုက်မေးနေစရာမလိုဘဲ
မြန်မာပြည်အနှံ့ Up to Date
ခရီးသွားသတင်းအချက်အလက်တွေကို
တစ်နေရာတည်းမှာစုံစုံလင်လင်သိခွင့်ရမယ့်
https://mingalago.com/
ကနေ လေ့လာလို့ရပါတယ်။
MingalaGo နဲ့သာဆိုသင့်ရဲ့ခရီးစဉ်တိုင်းက
အဆင်ပြေချောမွေ့နေစေမှာအသေအချာနော်။
MingalaGo နဲ့အတူ သင့်ဖုန်းထဲမှာရှိထားသင့်တဲ့
အခြား Application လေးတွေလည်း
လမ်းညွှန်ပေးလိုက်ပါတယ်။

• Google Maps
• Trip Advisor
• iDiscover
• Packpoint
• Grab

ဒီလိုအခြေခံကျတဲ့ Application တွေနဲ့
MingalaGo ရဲ့ Up to Date Traveling Information တွေသာ
ရှိနေမယ်ဆိုရင်တော့ မြန်မာပြည်အနှံ့
ပျော်ပျော်ကြီးခရီးဆက်လိုက်တော့နော်။



အချိန်ရှိတုန်း ခရီးသွားပါတစ်ရက်ပြီးတစ်ရက်..တစ်နှစ်ပြီးတစ်နှစ်အချိန်တွေသာကုန်ဆုံးသွားတယ်၊ ဘယ်ခရီးမှမသွားဖြစ်ဘူးဆိုရင်တော့...
17/08/2020

အချိန်ရှိတုန်း ခရီးသွားပါ

တစ်ရက်ပြီးတစ်ရက်..တစ်နှစ်ပြီးတစ်နှစ်
အချိန်တွေသာကုန်ဆုံးသွားတယ်၊
ဘယ်ခရီးမှမသွားဖြစ်ဘူးဆိုရင်တော့
သင်တစ်ခုခုပြောင်းလဲဖို့လိုအပ်နေပါပြီ။

သင့်ရဲ့များပြားလှတဲ့လုပ်ငန်းဆောင်တာတွေကြောင့်လား?

ငွေရေးကြေးရေးကြောင့်လား?

စိတ်တူကိုယ်တူခရီးသွားမယ့် အဖော်မရှိလို့လား?

သွားချင်တဲ့ခရီးစဉ်ကများပြီး ဘယ်မှမရောက်ဖြစ်တာလား?

ဒါဆိုရင်တော့ သင်ကိုယ်တိုင်ပြန်လည်ဆန်းစစ်ဖို့လိုနေပါပြီ။
ခရီးသွားတယ်ဆိုတာ စိတ်ရောလူပါ အနားပေးလိုက်ခြင်းပါပဲ၊
နေရာသစ်မှာ အတွေးသစ်၊ အမြင်သစ်တွေနဲ့
အလုပ်တွေအားလုံးမေ့ပြီး
စိတ်ကိုကောင်းကောင်းအနားပေးကြည့်လိုက်ပါ။

ကျွန်တော်ငယ်ငယ်က
အဖွားဖြစ်သူပြောတဲ့စကားလေးတစ်ခွန်းအမြဲမှတ်မိနေတယ်..
သွားနိုင်တုန်းသွားရတာ၊ မသွားနိုင်တဲ့အချိန်
ရွှေပုံပေးတောင်ဘယ်မှမသွားနိုင်ဘူးတဲ့ ၊
သိပ်မှန်တာပေါ့..
ကျွန်တော်တို့တွေအရွယ်ရှိတုန်း၊ သွားနိုင်လာနိုင်တုန်းမှာ
မရောက်ဖူးသေးတဲ့နေရာတွေ၊
သွားချင်တဲ့နေရာတွေကို ရောက်အောင်သွားရမယ်။

ခရီးမသွားခင် ဘယ်သွားရင်ကောင်းမလဲ?
ဘာနဲ့သွားရင်ကောင်းမလဲ?
ဘာတွေပြင်ဆင်သွားရမလဲ?

ခရီးတစ်ခုသွားဖို့ ဟိုလူ့မေးရ၊ ဒီလူ့မေးရဆိုရင်တော့
သိပ်အဆင်မပြေဘူးလေနော်…
ဟိုဟိုဒီဒီလိုက်မေးနေစရာမလိုဘဲ
UP To Date Traveling information ကို
ဖတ်လိုက်တာနဲ့ အားလုံးပြည့်စုံသွားစေဖို့
MingalaGo ကိုသတိရလိုက်ပါ။
မြန်မာပြည်တစ်ခွင် ခရီးနှင်ဖို့
MingalaGo နဲ့ ခရီးသွားစို့။



"ညောင်ရွှေမြို့က အနားယူ အပန်းဖြေလို့အကောင်းဆုံး Spa (သို့မဟုတ်) Aqua Lilies"---------------------------------English Ver...
12/08/2020

"ညောင်ရွှေမြို့က အနားယူ အပန်းဖြေလို့အကောင်းဆုံး Spa (သို့မဟုတ်) Aqua Lilies"
---------------------------------

English Version- https://mingalago.com/en/interest/detail/aqua-lilies-spa

🏙️ညောင်ရွှေဆိုတာ Backpacker သမားတွေ၊ ပြည်တွင်းပြည်ပ ခရီးသွားတွေ စတည်းချနေကျမြို့လေးပါ။ အင်းလေးကန်နဲ့ ကပ်ရပ်ရှိတဲ့အပြင် Trekking သွားတဲ့လူတွေရဲ့ စိတ်ကြိုက်မြို့လေးဖြစ်ပါတယ်။ အဲ့အတွက် တနေကုန် တောတွေတောင်တွေ တက်၊ မြင်းစီး၊ လှေလှော် လိုမျိုး activity တွေ ပေါင်းစုံကို တနေကုန် လုပ်ပြီးရင် အနားယူဖို့ နေရာလေးတစ်ခုတော့ လိုအပ် တာပေါ့လေ။👌👌

ဟုတ်ကဲ့ပါရှင့်။

နန်း ညောင်ရွှေရောက်လို့ ပြန်ခါနီး ရက်မှာ မသွားမဖြစ်သွားတဲ့ Spa လေး တစ်ခုရှိပါတယ်။❤️❤️အဲ့ဒါကတော့ Aqua Lilies Spa ပါပဲ။ Branch နှစ်ခုရှိပါတယ်။ ဆိုင်တဆိုင်နဲ့ တဆိုင် သိပ်မဝေးဘဲ လမ်းလျှောက်သွားလို့တောင် ရပါတယ်။

👉ပထမဆိုင်အဟောင်းမှာ Traditional နည်းနဲ့ နှိပ်နယ်တဲ့category လေးတစ်ခုပိုပါပြီး ဆိုင်သစ်ကတော့ စားသောက်ဆိုင်လေးနဲ့တွဲဖွင့်ထားတယ်။ 😱😱ဆိုင် အဟောင်းက ရိုးရာအပြင်အဆင်၊ ဆိုင်အသစ်ကတော့ ခေတ်သစ်ဒီဇိုင်းအပြင်အဆင်နဲ့ပေါ့။ ခြံဝန်းလေးထဲမှာ သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုလေးနဲ့ လုပ်ထားတော့ ဆိုင်ထဲဝင်တာနဲ့ စိတ်ကိုလန်းဆန်းသွားတာပဲ။🍀🍀🍀🍀

ဒီနေ့တော့ ညီမက ညီမအမေကိုပါ Spaသွားတာ ခေါ်သွားလိုက်တယ်။Spa သွားရင် ဒုက္ခအရောက်ဆုံးက အစားအသောက်ကိစ္စပါပဲ။ 🍞🥞🥯🍕🌭🧀
ဘယ်သူမဆို Spaသွားတယ်ဆိုထဲက လောလောလောလောနဲ့ မသွားချင်ကြပါဘူး။အဲ့တော့ အချိန်ကြာရင်ကြာသလို တခုခုမှာစားဖို့ Spaရဲ့ အနီးအနားမှာ ဆိုင်အဆင်ပြေရဲ့လား လို့ ကြည့်ရတာလည်း အခါခါ။ ဒီ Spa လေးကတော့ စားသောက် ဆိုင်နဲ့တွဲဖွင့်ထားတဲ့အတွက် အရမ်းအဆင်ပြေတယ်။ပြီးတော့ မိန်းကလေး သီးသန့် ဖြစ်နေတာလည်း ကောင်းပါတယ်။ ဝန်ဆောင်မှုပေးတဲ့ ညီမလေးတွေက လည်း ယဉ်ယဉ် ကျေးကျေး၊ရည်ရည်မွန်မွန်လေးတွေ။ 💕💕💕

ပြီးတော့ အခန်းလေးတွေကလည်း သေချာ ကန့်ထားတော့ Privacy ရှိတဲ့အပြင် သန့်ရှင်း သပ်ရပ်မှုရှိတော့ စိတ်အေးလက်အေး Spaဝင်လို့ရတယ်။ခြေသည်းလက်သည်းအလှဆင်တာတွေ၊ ခန္ဓာကိုယ်တခုလုံး Body Spa တွေ၊ ရိုးရာနှိပ်နည်းတွေ၊ မျက်နှာဆေး ပေါင်းတင် အစရှိသဖြင့် ပျက်စီးသွားတဲ့ အသားအရည်ကို ပြန်လည်ကောင်းမွန်စေတဲ့အပြင် စိတ်ရောကိုယ်ပါ အပန်းပြေ စေပါတယ်ရှင့်။🍀🍀🍀

နန်းနဲ့ မေမေကတော့Spaဝင်တိုင်း အနှိပ်ခံရင်း အိပ်ပျော်သွားတယ်။ နိုးလာတဲ့အချိန်မှာ အသားလေးတွေက ကြည်လင်ပြီး လန်းလန်းဆန်းဆန်းနိုးလာတယ်။ ပြီးတော့ ဗိုက်ဆာဆာနဲ့ Spaနဲ့ တဆက်တည်း ဖွင့်ထားတဲ့ “The Garden Restaurant” ကနေပဲ မှာစားလိုက်တယ်။Pizza🍕🍕 ကစလို့ ဥရောပအစားအစားတော်တော်များများကို ကွာလတီကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်း Homemade ပုံစံ လေးတွေလုပ်ထားပေးတယ်။🏅🏅🏅

ဒီတော့ ညောင်ရွှေရောက်ပြီး Adventureဆန်တဲ့ ခရီးတွေထွက်၊ ဓာတ်ပုံတွေအဝရိုက်ပြီးရင် နောက်ဆုံးပိတ်အနေနဲ့ ဇိမ်ခံဖို့အကောင်းဆုံး မဝင်မဖြစ် နေရာလေးကတော့ Aqua Lilies Spa ဖြစ်ပါတယ်လို့ သတင်းစကားပါးပါရစေနော်။ညောင်ရွှေရောက်လို့ Spa ရောက်ခဲ့လို့ရှိရင် MingalaGo MingalaGo MingalaGo လို့ သုံးခါပြောလိုက်ရင် စားသမျှ၊ သောက်သမျှ၊ Spa ဝင်သမျှကို ၁၅% လျော့ဈေးပေးဦးမှာတဲ့ရှင်။❤️❤️❤️သုံးခေါက် တိတိနော်။ ၂ခေါက်ထဲ အော်ရင် လျော့ဈေးမပေးဘူးတဲ့။ 😝😝
😝

🌺ကိုဗစ်ကြောင့်ပိတ်ထားပေမယ့် သြဂုတ်လ(၁) ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ပါပြီလို့သိရပါတယ်။

လိပ်စာကတော့ ပြတိုက်လမ်း၊ သာစည် ရပ်ကွက်၊ ညောင်ရွှေမြို့ဖြစ်ပါတယ်ရှင့်။ Aqua Lilies Spaဆိုရင် သိပ်တော့မရှာရပါဘူး။ နီးစပ်ရာမေးလို့ရပါတယ်။

ဖွင့်ချိန်ကတော့ မနက်ကိုးနာရီဖြစ်ပြီး
ပ်တ်ချိန်ကတော့ ညကိုးနာရီပါ။
ပိတ်ရက်မရှိဖွင့်ပါတယ်တဲ့နော်။

ကြိုပြီး Bookingလုပ်ချင်ရင်တော့ +95- 9 428363584, +95 9 428315103 တို့ကို ဆင်သွယ်နိုင်ပါတယ်။ ပိတ်ရက်ဆို လူများတတ်တာမို့ Bookingလုပ်ဖို့ မမေ့နဲ့နော်။

‼️ကျန်းမာရေး ကိုအထူးအလေးထားသည့်အနေဖြင့်..
🌺အဝင်တွင်လက်ဆေး basin ထားရှိခြင်း
🌺Mask ,Hand Gel များထားရှိပေးခြင်း
🌺Safety အတွက် တယောက် တစ်ခန်း Service ပေးခြင်း
🌺ခုံတွေကိုလည်းခြားထားပေးခြင်း
🌺ခုံ ပရိဘောဂ အသုံးအဆောင်များကိုလည်းပိုးသတ် သန့်ရှင်းရေးပြုလုပ်ထားခြင်း
🌺ဝန်ထမ်းများကိုလည်း ကျန်းမာရေးအားသေချာစစ်ဆေးပေးခြင်း ၊ကာကွယ်ရေးအတွက် လည်း သေချာပြင်ဆင်ထားတဲ့အတွက် Customer တွေအတွက်လည်း စိုးရိမ်စိတ်ကင်းကင်းနဲ့ အနားယူနိုင်တာပေါ့။

ကဲ....
MingalaGo လို့ သုံးခေါက်ပြောပြီးလျော့စျေးယူလိုက်ကြရအောင်နော်။

Special Thank to
Ma Phoo Pwint Thae Kyle
Ma Moe Ma Kha
Photo credited to - Wai Yam Lynn Myint

ယနေ့ကျရောက်သော နိုင်ငံတကာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။MinglaGO
12/08/2020

ယနေ့ကျရောက်သော
နိုင်ငံတကာလူငယ်များနေ့ကို
ဂုဏ်ပြုကြိုဆိုပါသည်။

MinglaGO


သင့်စိတ်ကူးထဲကခရီးစဉ်ကိုဖွင့်ဟပြီး𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 𝗥𝗲𝘄𝗮𝗿𝗱 𝗖𝗮𝗿𝗱 ကံစမ်းရယူလိုက်ပါStay Home ကာလတွေကို ကျော်ဖြတ်ပြီးလို့New Normal ...
10/08/2020

သင့်စိတ်ကူးထဲကခရီးစဉ်ကိုဖွင့်ဟပြီး
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 𝗥𝗲𝘄𝗮𝗿𝗱 𝗖𝗮𝗿𝗱 ကံစမ်းရယူလိုက်ပါ

Stay Home ကာလတွေကို ကျော်ဖြတ်ပြီးလို့
New Normal Life တစ်ခုမှာ ခရီးတွေထွက်ဖို့
ပြန်လည်ပြင်ဆင်နေကြပါပြီ . . .
အိမ်ထဲမှာ အချိန်တော်တော်ကြာနေခဲ့ရပြီး
ခရီးသွားချင်နေတဲ့ ခြေထောက်တွေက
စိတ်လွတ်လက်လွတ်ခရီးထွက်ပြီး
စိတ်အပန်းဖြေချင်နေကြမှာပါ။

ကဲ . . . ဒီလိုဆို အခုခရီးတွေထွက်လို့ရပြီဆိုတာနဲ့
ပထမဆုံးသွားချင်မိတဲ့ နေရာလေးတွေ
ကိုယ်စီကိုယ်စီ စိတ်ကူးထဲမှာရွေးထားမိမှာ
ရှိမယ်ထင်ပါတယ် . . .
စိတ်ကူးလေးတွေ ဘယ်လောက်ထပ်တူကျမလဲဆိုတာ
သိခွင့်ရနိုင်ဖို့ သင့်စိတ်ကူးထဲက
ခရီးပြန်ထွက်ရရင် မြန်မာပြည်ထဲက
ပထမဆုံးသွားချင်မိတဲ့နေရာလေးကို
Comment မှာ ရေးပေးခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီလို ခရီးစဉ်အမည်လေးတွေ ရေးခဲ့ပေးသူတွေထဲက
(၁၀) ဦးကို Ramdom စနစ်နဲ့ရွေးချယ်ပြီး
နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 ရဲ့ Reward Card လေးတွေ
အမှတ်တရလက်ဆောင်ချီးမြှင့်ပေးသွားမှာပါနော်။

𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 Reward Card လေးတွေကို
ဘယ်လိုအသုံးပြုလို့ရမလဲဆိုတော့
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 Website မှာ
မိမိရဲ့ Facebook Account နဲ့ Register
အရင်လုပ်ရမှာဖြစ်ပါတယ်။
Register လုပ်ပြီးရင်တော့
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 နဲ့ Partnership ဖြစ်တဲ့
စားသောက်ဆိုင်၊ ဟိုတယ် များမှာအသုံးပြုမယ်ဆိုရင်
Reward အမှတ်လေးတွေရရှိမှာဖြစ်ပြီး
ကတ်ပြည့်သွားတဲ့အခါ 𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 မှ
အမှတ်တရလက်ဆောင် Memory Stick များကို
လဲလှယ်ထုတ်ယူနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒါဆို သွားချင်တဲ့နေရာလေးကို
သိစေချင်တဲ့သူကို Mention ခေါ်အသိပေးရင်း
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 𝗥𝗲𝘄𝗮𝗿𝗱 𝗖𝗮𝗿𝗱 လေးတွေရယူလိုက်ရအောင်။

𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 မှာ မြန်မာပြည်တစ်ဝန်းမှ
ခရီးသွားလို့ ကောင်းမယ့်နေရာလေးတွေရဲ့
သတင်းအချက်အလက်တွေ၊
ဝန်ဆောင်မှုတွေ၊
ဆန်းပြားထူးခြားမှုတွေကို
အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့
သွားဖို့လာဖို့စိတ်ဝင်စားတယ်ဆိုရင်
𝗠𝗶𝗻𝗴𝗮𝗹𝗮𝗚𝗢 ကို မမေ့နဲ့နော်။

Click to register our website
https://mingalago.com/login


ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မြန်မာနိုင်ငံတစ်ဝန်းလုံးမှပြည်သူများအားလုံးဝါဆိုလပြည့်နေ့အခါသမယတွင်ကောင်းမှုကုသိုလ်များပွား...
03/08/2020

ဝါဆိုလပြည့်
ဓမ္မစကြာအခါတော်နေ့

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ
ပြည်သူများအားလုံး
ဝါဆိုလပြည့်နေ့အခါသမယတွင်
ကောင်းမှုကုသိုလ်များပွားများပြီး
ကိုယ်၊ စိတ်၊ နှလုံးအေးချမ်းသာယာ
နိုင်ကြပါစေကြောင်း
MingalaGO မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

New Normal ဖြင့် ခရီးသွားတဲ့အခါဘာတွေပြင်ဆင်ထားရမလဲအိမ်မှာ၊ ရုံးမှာ၊ အလုပ်မှာ တစ်ရက်တစ်ရက်အချိန်တွေကုန်ဆုံးပြီး ခရီးတွေထွ...
02/08/2020

New Normal ဖြင့် ခရီးသွားတဲ့အခါ
ဘာတွေပြင်ဆင်ထားရမလဲ

အိမ်မှာ၊ ရုံးမှာ၊ အလုပ်မှာ တစ်ရက်တစ်ရက်
အချိန်တွေကုန်ဆုံးပြီး ခရီးတွေထွက်ချင်နေကြပြီထင်တယ်။
ဒါပေမဲ့ အရာရာဟာ အရင်လိုတော့ မဟုတ်တော့ပါဘူး။
New Normal နဲ့အတူ နေရာတိုင်းမှာပြောင်းလဲမှုတွေဖြစ်နေပါတယ်။
ခရီးသွားတဲ့အခါမှာလည်း New Normal အတွက်
ပြောင်းလဲပြုပြင် ကြိုတင်ပြင်ဆင်သင့်တာတွေကို
ကြိုသိထားခြင်းက သင့်အတွက်လုံခြုံမှုရှိတဲ့
ခရီးစဉ်တစ်ခုဖြစ်လာစေမှာပါ။
ဒီအတွက် MingalaGO က New Normal မှာ
ခရီးထွက်ကြမယ့်အခါ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ
သတိပြုနိုင်စေဖို့ အချက်အလက်လေးတွေ
ဖော်ပြပေးလိုက်ပါတယ်။

✅ လိုအပ်သောစာရွက်စာတမ်းများ
ကြိုတင်ပြင်ဆင်ထားပါ။

ယခုအချိန်ခရီးထွက်မယ်ဆိုရင်
မိမိကျန်းမာရေးနဲ့ပတ်သက်တဲ့ ထောက်ခံစာများ၊
လိုအပ်သောစာရွက်စာတမ်းများကို
ပြည့်စုံစွာပြင်ဆင်သွားဖို့လိုပါတယ်။
ရပ်ကွက်သို့၊ မြို့နယ်ကျန်းမာရေးဌာနရဲ့
ကျန်းမာရေး ထောက်ခံစာများကို
ကြိုတင်ရယူထားနိုင်ပါတယ်။

✅ ပုံစံသစ်များကိုလိုက်နာပါ။

New Normal ရဲ့ ပုံစံသစ်အရ မိမိရောက်ရှိရာနေရာ
ရောက်ရှိရာဒေသမှာ လိုအပ်တဲ့ကိုယ်ရေးအချက်အလက်
စုံစမ်းမှုများကို ပြည့်ဝစွာလိုက်ပြီး
ပြည့်စုံမှန်ကန်စွာပေးနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့လိုပါတယ်။
ဒါမှသာ မိမိကျန်းမာရေးအတွက် သက်ဆိုင်ရာမှ
ကူညီဆောင်ရွက်ရာမှာ အဆင်ပြေစေမှာဖြစ်ပါတယ်။

✅ တစ်ကိုယ်တော်ခရီးထွက်ခြင်း (သို့)
ရက်တိုခရီးထွက်ခြင်းကိုရွေးချယ်ပါ။

New Normal ဖြင့် ခရီးသွားတဲ့အခါမှာ တစ်ယောက်ထဲ
ဒါမှမဟုတ် နှစ်ဦးခန့်သာ ခရီးထွက်ခြင်းက
အသင့်တော်ဆုံးဖြစ်စေမှာပါ။
ရက်ရှည်ခရီးထွက်ခြင်းထက် ရက်တိုခရီး (သို့မဟုတ်)
ခေတ္တအနားယူဖို့သွားရောက်ခြင်းမျိုးသာ ပြုလုပ်သင့်ပါတယ်။
ခရီးသွားဖို့ ရွေးချယ်ရာမှာ Staycation အဖြစ်
လူနေထူထပ်တဲ့နေရာမျိုးကို သွားရောက်ခြင်းထက်
သဘာဝတရားကိုခံစားနိုင်ပြီး၊ စိတ်အပန်းဖြေနိုင်မယ့်နေရာမျိုးမှာ
တစ်ရက်၊ နှစ်ရက်ခန့် အနားယူခြင်းကိုရွေးချယ်သင့်ပါတယ်။

✅ ကိုယ်ပိုင်ယာဉ်ဖြင့်ခရီးထွက်ပါ။

ယခုအချိန်ကာလမှာ အများပြည်သူသုံးပို့ဆောင်ရေးစနစ်
ဘတ်စ်၊ ရထား၊ လေယာဉ်များဖြင့်သွားရောက်ခြင်းထက်
ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာခြင်းက
ပိုမိုလုံခြုံစေမှာဖြစ်ပါတယ်။
အများပြည်သူသုံးယာဉ်များကို စီးနင်းရာတွင်လည်း
Social Distancing များကို
တိကျစွာလိုက်နာသင့်ပါတယ်။

✅ လက်သန့်ဆေးရည်ဆောင်ထားပါ။

ခရီးထွက်တဲ့အခါ လက်သန့်ဆေးရည်ကိုဗူးကို
ခရီးဆောင်အိတ်မှာတစ်ပါထဲ တွဲထားပြီး
ယူဆောင်သွားဖို့ မမေ့ပါနဲ့။
အများပြည်သူသုံး သန့်စင်ခန်း၊ စားသောက်ဆိုင်၊
ဓာတ်လှေကား၊ တံခါးအစရှိတဲ့နေရာများကိုအသုံးပြုပြီးတိုင်း
လက်ကိုပြန်လည်သန့်စင်ပေးဖို့လိုအပ်ပါတယ်။
အပြင်ထွက်ပြီးတိုင်းလည်း
လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပေးပါ။

✅ Mask တပ်ဖို့မမေ့ပါနဲ့။

အရေးကြီးတဲ့တစ်ချက်ကတော့
ဘယ်နေရာရောက်ရောက်
အပြင်ထွက်တိုင်း Mask တပ်ဖို့မမေ့ပါနဲ့။

✅ တားမြစ်ထားတဲ့နေရာများကိုရှောင်ကြဉ်ပါ။

ကျန်းမာရေးဌာနမှ ကြေညာချက်ထုတ်ပြန်ထားသော
သွားလာရန်ကန့်သတ်ထားသည့်နေရာများရဲ့
သတင်းအချက်အလက်များကို
ပုံမှန်စောင့်ကြည့်လေ့လာပြီး
သွားလာခြင်းမှရှောင်ကြဉ်ပါ။

✅ တတ်နိုင်သလောက်
ငွေသားဖြင့်ပေးချေမှုကိုရှောင်ကြဉ်ပါ။

ခရီးစဉ်အတွင်း ငွေပေးချေရန်လိုအပ်လာပါက
ငွေသားဖြင့်ပေးချေခြင်းထက်
Mobile Money, Credit Card
အစရှိတဲ့ Cashless Payment ဖြင့်
ပေးချေခြင်းကိုပြုလုပ်ပါ။

✅ ပြည့်ဝစွာအနားယူပါ။

တစ်နေကုန် သွားလာလှုပ်ရှားပြီး
ညပိုင်းတွင် TV, Computer, Smart Phone များဖြင့်
အချိန်ဖြုန်းခြင်းထက်၊ ပြည့်ဝစွာ
အိပ်စက်အနားယူခြင်းဖြင့်
ခွန်အားပြည့်ဝစေရန်အနားယူပေးပါ။


ကိုဗစ်ကြောင့် "ဧရာဝတီလင်းပိုင်" တောင် မျိုးတုန်းတော့မလား
16/07/2020

ကိုဗစ်ကြောင့် "ဧရာဝတီလင်းပိုင်" တောင် မျိုးတုန်းတော့မလား

နာမည်နဲ့လိုက်အောင် စိတ်ချမ်းသာမှုအပြည့်ပေးတဲ့ Joker Restaurant----------------------------------------------------------...
13/07/2020

နာမည်နဲ့လိုက်အောင် စိတ်ချမ်းသာမှုအပြည့်ပေးတဲ့ Joker Restaurant
---------------------------------------------------------------------------------

ဒီနေ့က Friday လည်းဖြစ် ၊ ငါတို့Team target လည်း ပြည့်ထားတယ်ဆိုတော့ Dinnerလေး လုပ်ပေးချင်တယ် လို့ ဂျာကြီးက ပြောလာတယ်။ နေရာထိုင်ခင်းကျယ်ကျယ်နဲ့ အစားအသောက်ကောင်းရမယ်တဲ့။ (ကိုယ်ကလည်း နှံ့စပ်တယ်လေ )အင်း ကိုယ်လည်းစဉ်းစားကြည့်လိုက်တော့ ဆိုင်တဆိုင်တော့ မျက်လုံးထဲမြင်တယ်။ကိုယ်ရုံးက လူတော်တော်များများကလည်း သင်္ကန်ကျွန်းတို့ တောင်ဥက္ကလာတို့ တောင်ဒဂုံဘက်ကဆိုတော့ ကွက်တိပဲဆိုပြီး ဂျာဂျာရေ သမီး လုံးဝrelax ဖြစ်ပြီ၊ အဖွဲ့လိုက် Chillလို့ရမယ့်နေရာခေါ်သွားမယ်လို့။ ဟုတ်ပြီ အဲဒါဆို နင်စီစဉ်လိုက်တဲ့။(ok )ခေါ်သွားတဲ့ နေရာလေးက လေးထောင့်ကန်လမ်းမကြီးပေါ်မှာရှိတဲ့ ဆိုတဲ့ဆိုင်လေးပဲ။

နာမည်နဲ့လိုက်အောင် စိတ်ချမ်းသာမှု အများကြီးရတဲ့နေရာလေး ကြိုပြီး reservedလုပ်ထားတဲ့အတွက် ရောက်တဲ့အချိန်မှာ လုံးဝအမောပြေ TGIFအတွက် Chillဖို့ အသင့်တော် ဆုံးပဲ ။ (တောအုပ်လေးအလယ်မှာ Party ပေးရသလိုပဲ) ဂျာဂျာကတော့ ပီတိပြုံးနဲ့ ။

အစားအသောက်အပိုင်းတော့ရောက်ပြီ။

ဘယ်နေရာရောက်ရောက် အဲဒီဆိုင်ရဲ့ဝန်ထမ်းရဲ့ reviewကို နားထောင်ပြီးမှ မှာတတ်တာတော့ အကျင့်ဖြစ်နေပြီ (Joker pageကနေပြီး reviewလေးတွေလည်း နည်းနည်းတော့မွှေထားတယ်လေ)အစ်မရေ ဒါလေးတွေ အဆင်ပြေတယ်ဆိုလို့ ကိုယ်မှာလိုက်တာလေးတွေ တခုချင်းစီရဲ့ အရသာလေးတွေ ပြောရမယ်ဆိုရင် taste quality A ပါ ။ Localတွေ ပိုပြီး အရသာတွေ့စေမယ့် tasteကို ပေးပါတယ်။ ဆိုင်ရှင်အစ်မကြီးကတော့ ကြက်တောချက်လေးကို လုံးဝ recommend ပေးတယ်။ ကြက်တောချက်ဆိုတဲ့အတိုင်း တကယ့် တောရွာမှာချက်စားရတဲ့ဟင်းလိုပဲ။ တောထဲကရတဲ့အရွက်အသီး ဟင်းခတ်အစုံနဲ့ ကြက်သား အိနေအောင်အရည်သောက် ထားတာ(တုံယမ်းနဲ့အရသာနီးစပ်ဆုံးဆင်တယ် တုံယမ်းလောက်တော့ အချဉ်မပါဘူး)
ကိုယ်လုံးဝအကြိုက်ဆုံးကတော့ #ဘဲကင်ဆော့စ်ဆမ်းနဲ့ #ဆိတ်မွှထောင်းပဲ (လုံးဝလုံးဝအရသာအပိုအလိုမရှိ ကွက်တိ)ဘဲကင်ကြွပ်ကြွပ်လေးကို Tomato ဆော့စ်လေးနဲ့ အိနေအောင် ပြန်နှပ်ထားသလိုပဲ ။ ပြီးတော့ နာနတ်သီးစိတ်လေးတွေနဲ့ အအီပြေ ဝန်းရံပေးထားတယ်။ (ပြောခါမှ ပြန်စားချင်လာပြီ)
ကဲလာပြီ။ ဆိတ်မွှထောင်းပေးရတဲ့ဈေးနဲ့ တန်အောင်များလည်း များတယ်။ အရသာလည်း ရှိတယ်။ သူ့ချည်းပဲ စားရင် တောင်အချိုနဲ့ အသားအရသာပဲ ကြိုက်တဲ့သူတွေအတွက်အဆင်ပြေနေပြီ။ (အသောက်သမားလေးတွေ အတွက်ကတော့ သံပုရာသီးစိတ်လေးညစ်မယ်၊ ပါးပါးလှီးပီး ထည့်ပေးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ လေးရယ် မြေပဲ၊ ငရုတ်သီးကြော်နဲ့တွဲစားမယ်ပေါ့။ )ဘယ်လိုပုံစံနဲ့လာလာ မင်းကို ချစ်ပါတယ်ပေါ့။
ပုစွန်ကြိုက်တဲ့သူတွေပါတော့ စင်ကာပူစတိုင် ပုစွန်ထုပ်ကြော်နဲ့ ပုစွန်မွှကြော် မှာလိုက်သေးတယ်။ တကယ့် ပုစွန်ထုပ်နော်၊ ဂျင်းမဟုတ်ဘူး။ ကိုယ့်လက်ဖဝါး တဝက်ကြော်တဲ့ ပုစွန်ထုတ်ကြီး ၆ကောင်ပါတယ်။ပြီးတော့ ထင်တာတော့ ကြက်ဥနဲ့ မုန့်နှစ်ရောပြီး ကြက်သွန်ကြော်တေပုံစံမျိုး ထည့်ပေးထားတာ။ (ကိုယ်က ကြက်သွန်ကြော်တွေထင်လို့)စားကြည့်မှ ကောင်းတယ်ဟဆိုပြီး ကြိတ်တာပဲ၊ ငရုတ်သီးတောင့်လေးနည်းနည်းထည့်ထားတော့ အစပ်နည်းနည်းလေးရှိမယ်။ပုစွန်မွှကြော်ကတော့ တကယ့် snapပုံစံမျိုးပါ၊ ကြွပ်ကြွပ်နဲ့ ထိုင်ဝါးဖို့သင့်တော်တယ်။ ဒီလောက်နဲ့က နည်းသေးတယ်လေ၊ အဲဒီတော့ ငါးမုတ်ကြွပ်ကြော်(ကြက်သွန်ဖြူမွှေးအကြွပ်ကြော်)ရယ် ယိုးဒယားပြောင်းဖူးထောင်းရယ် ထပ်မှာတယ်။ငါးမုတ်ကြွပ်ကြော်ကတော့ ရိုးရိုးပါပဲ။ ငါးမုတ်အကောင်ကြီးကို သူ့ရဲ့သဘာဝအရသာအတိုင်းနီးပါး အကြွပ်ကြော်တယ်။ ကြက်သွန်ဖြူ/နီ အများကြီး အကြွပ်ကြော်ပြီး ဝန်းရံတယ်။ ယိုးဒယားပြောင်းဖူးထောင်းရဲ့ အရသာကတော့ နည်းနည်းStrong တယ်။ (ကိုယ်ကတော့ အစပ်သမားဆိုတော့ အကြိုက်ပေါ့) အရသာ နည်းနည်းပျော့ချင်တဲ့သူတွေ လျော့ခိုင်းနော်) အထောင်းအစားအစာတွေရဲ့ပုံစံအတိုင်း အကုန်ပါတယ်။ သူက ဆေးဘဲဥလေးပါထဲ့သုပ်ပေးတယ်။
အမလေးတော်ပြီ။ တော်ကြာ ဂျာဂျာ Budgetထိတယ်ဆို ပွားနေမယ် ။ (ဒါပေမဲ့ ဒီဆိုင်အရမ်းတန်တယ်၊ သူbillရှင်းရင်သိမှာပါ)စားပြီး သောက်ပြီး Joker ရဲ့barမှာရတဲ့ Cocktailsလေးတွေနဲ့လည်း cheerခဲ့သေးတယ် ။ (Bar counter လှလှလေးမှာ ပဲကျွေးဓာတ်ပုံရိုက်ရင်းပေါ့)အဓိက ပြောပြချင်တာကတော့ ကိုယ်တွေလို office dinner ဖြစ်ဖြစ်၊ birthday party တွေဖြစ်ဖြစ် အရမ်း အဆင်ပြေတဲ့နေရာကောင်းတခုပဲ။
အော်မေ့လို့၊ သူတို့က ဆိုင်မလာနိုင်လည်း ကိုယ့်ရုံးတို့ ခြံထဲတို့အထိ Serviceပေးတယ်လို့လည်း ပြောတယ်။ အသေးစိတ်သိချင်ရင်တော့ -

ဖုန်းနံပါတ် - 09777530077,
095102139 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လိပ်စာကတော့ ( င/ ၁၀-စ/ ခရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ဘီအိုစီ မှတ်တိုင်အနီးပဲ ဖြစ်ပါတယ်။

https://mingalago.com/en/interest/detail/nice-restaurant-in-town-1 (English Version) Also Available!

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ်န...
03/07/2020

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပကြခြင်းဖြစ်ပါသည်။ မျက်မှောက်ကာလတွင် မြန်မာအမျိုးသမီးများသည် မောင်တစ်ထမ်း မယ်တစ်ရွက်နှင့် အိမ်ထောင်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြပါသည်။ မြန်မာအမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအားပြုစုပျိုးထောင်ရေးသည်လည်း မဖြစ်မနေဆောင်ရွက်ပေးရမည့်အလုပ် ဖြစ်သည်။ တစ်ဖက်တွင် အဆိုပါအမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရမည်ဖြစ်သလို အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးများကလည်း မိမိတို့၏ အမျိုးသမီးဂုဏ်ရည်ကို ထိန်းသိမ်းမြင့်တင်ကြရပေမည်။

Desgine by Nyein Su Wai

𝙉𝙤 𝙧𝙚𝙨𝙩𝙧𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙛𝙤𝙧 𝘿𝙤𝙢𝙚𝙨𝙩𝙞𝙘 𝙏𝙧𝙖𝙫𝙚𝙡 𝙞𝙣 𝙈𝙮𝙖𝙣𝙢𝙖𝙧Respective Region/State Governments recently issued instructions on restri...
26/06/2020

𝙉𝙤 𝙧𝙚𝙨𝙩𝙧𝙞𝙘𝙩𝙞𝙤𝙣𝙨 𝙛𝙤𝙧 𝘿𝙤𝙢𝙚𝙨𝙩𝙞𝙘 𝙏𝙧𝙖𝙫𝙚𝙡 𝙞𝙣 𝙈𝙮𝙖𝙣𝙢𝙖𝙧

Respective Region/State Governments recently issued instructions on restricting foreigners entering their Regions/States to contain COVID 19 pandemic. It is now learnt that except for foreigners residing in Insein township, a Stay Home Designated Area, foreigners with legal stay permit in Myanmar can travel without any restriction in Regions and States except for restricted areas imposed by Ministry of Defence and Ministry of Home Affairs.

Ref: Ministery of Hotels and Tourism
Photo by Road Trip with Raj on Unsplash

မြန်မာလူမျိုးတိုင်းတော့မဟုတ်ပါဘူး။ တချို့ရှေးအယူအဆ အစွဲအလမ်းကြီးတဲ့လူတွေမှာတော့ အယူသီး တာတွေ တွေ့ရမှာပါ။ ရိုးရာ ယဉ်ကျေးမ...
23/06/2020

မြန်မာလူမျိုးတိုင်းတော့မဟုတ်ပါဘူး။ တချို့ရှေးအယူအဆ အစွဲအလမ်းကြီးတဲ့လူတွေမှာတော့ အယူသီး တာတွေ တွေ့ရမှာပါ။ ရိုးရာ ယဉ်ကျေးမှု တိုင်းမှာအယူသီးမှုဆိုတာ ရှိစမြဲပါ။ အယူသီးမှုတွေကို လေ့လာ ရတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အချို့အယူသီးမှုတွေကို လေ့လာကြရအောင်။

Burmese Version- https://mingalago.com/my/interest/detail/superstitious-burmese-people

English Version-https://mingalago.com/en/interest/detail/superstitious-burmese-people

မြန်မာလူမျိုးတိုင်းတော့မဟုတ်ပါဘူး။ တချို့ရှေးအယူအဆ အစွဲအလမ်းကြီးတဲ့လူတွေမှာတော့ အယူသီး တာတွေ တွေ့ရမှာပါ....

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့မှာ မြန်မာပြည်သူပြည်သား အားလုံးနဲ့အတူ မွေးနေ့ဆုမွန်...
19/06/2020

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့မှာ မြန်မာပြည်သူပြည်သား အားလုံးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းအဖြစ် “ ပြည်သူတွေချစ်တဲ့အမေ သက်တော်ရာကျော်ရှည်ပါစေ”လို့ MingalaGo အနေနဲ့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Photo - credited to Nyein Su Wai Nsw

Cloudy day in Downtown area 🌥🌥🌥📸 Sai Han Pha
16/06/2020

Cloudy day in Downtown area 🌥🌥🌥

📸 Sai Han Pha

အားလုံးပဲမင်္ဂလာပါ။ဒီရက်ပိုင်း လာမည့် Program အတွက် Survey တွေ ခဏခဏဆင်းမိနေပါတယ်။ အရင်Survey တုန်းက လူအယောက် ၁ဝဝဝကျော် ဖ...
12/06/2020

အားလုံးပဲမင်္ဂလာပါ။

ဒီရက်ပိုင်း လာမည့် Program အတွက် Survey တွေ ခဏခဏဆင်းမိနေပါတယ်။
အရင်Survey တုန်းက လူအယောက် ၁ဝဝဝကျော် ဖြေပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။

ဒီSurvey လေးကတော့ ရိုးရှင်းပါတယ်။
အသက်ဘယ်လောက်လဲ။
ကျား/မ
ဘာဖုန်းသုံးလဲ။

အချိန်အလွန်ဆုံးပေးရရင် စက္ကန့် သုံးဆယ်ပါပဲဗျ။

လွယ်ပါတယ်။ ကူညီပေးကြပါဦးနော်။

https://docs.google.com/forms/d/e/1FAIpQLScqrAM6dwZKhcXwF75TPQJQNnRb4YPMZpvSfKyE8vtqOfTMXA/formResponse?edit2=2_ABaOnudAKOjbYJFC7kdPNlThBl-4nhMQSl1CYAR1U81bKjbV4zOHIWdr2_NRF9qquteQnPo

ကပ်ကြီး ပြီးတာနဲ့ စားမယ် ဝိုက်မယ်ဆိုတဲ့ သူတွေအတွက် MingalaGo က ပါရမီဖြည့်ပေးထားပါတယ် ဗျို့ ။Discount လည်းရ ကိုယ့်နာမည်နဲ...
09/06/2020

ကပ်ကြီး ပြီးတာနဲ့ စားမယ် ဝိုက်မယ်ဆိုတဲ့ သူတွေအတွက် MingalaGo က ပါရမီဖြည့်ပေးထားပါတယ် ဗျို့ ။
Discount လည်းရ ကိုယ့်နာမည်နဲ့ customized memory stick လေးလည်း ရဖို့ အခွင့်အရေးလေး လာပါပြီ ဗျာ။ 🔥🔥🔥

ဟုတ်ပြီ Discount ရဖို့ နဲ့ 32GB customized memory stick ရဖို့က ဘယ်လိုလုပ်ရမလဲ။
❓❓
လွယ်ပါတယ်၊ အရမ်း အရမ်းလွယ်ပါတယ်။

ပုံလေးမှာပြထားတဲ့ MingalaGo reward card လေး ကို အသုံးပြုရမှာပါ။🌞🌞🌞

"အသုံးပြုနည်းလေး"
----------------------

MingalaGo websiteရဲ့ Coupon Page (https://mingalago.com/en/coupon/cat/all )ထဲကိုဝင်၊ အဲ့ထဲမှာ ရန်ကုန်မြို့ထဲက စားသောက်ဆိုင်တွေ၊ chill လို့ကောင်းမယ့်bar တော်တော်များများ ရှိပါတယ်။ ဘော်ဒါတို့စိတ်ကြိုက်ကိုရှာပါ။
- Discount ဘယ်လောက်ပေးလဲ ဆိုတာ တခါတည်းရေးပေးထားပါတယ် ( 10 % ကအနည်းဆုံးနော် ) ❤️❤️❤️
- ဘော်ဒါတို့သွားချင်တဲ့ဆိုင်ရောက်ပြီဆိုတာနဲ့ MingalaGo reweard card ရှိရင် ဆိုင်ကိုပြ ပါ။မရှိရင်လဲ စိတ်မပူပါနဲ့။ ဆိုင် ကနေလည်း ရယူနိုင်ပါတယ် 😇
- ကတ်လေးရပြီး ရင်တော့ discount ရယူနိုင်ပါပြီ။ပြီးတော့ ကတ်လေးမှာsticker လေးကပ်ခိုင်းဖို့ မမေ့နဲ့ဦးနော်။
- ဘော်ဒါတို့ reward card ရဲ့ sticker လေး ၁၀ ခုပြည့်ပြီဆိုရင်တော့ MingalaGoFacebook page မှာပုံပြပြီး နာမည်လေးပြောရုံနဲ့ လိုချင်တဲ့နာမည်နဲ့ အလန်းစား 32 GB memory stick လေးရယူနိုင်ပါပြီ။ ကိုယ့်နာမည်မှမဟုတ်ဘူးနော် ကိုယ့်ကောင်မလေး၊ ဒါမှမဟုတ်ကောင်လေးရဲ့ နာမည်လုပ်ပေးဆိုလည်းရတယ်နော်။❤️❤️❤️

ကဲ ကိုမြင့်နိုင်ကြီး ( covid 19 ) ကြောင့် ဝိုက်ချင်တိုင်းမဝိုက်ရမစားရတဲ့ အချိန်တွေအတွက် စားချင်တာလည်းစားရ၊ Discount တွလည်းရ customized stick လေးလည်း ရ ။

ကဲ.........ဘာလိုသေးလဲဗျာ ?

Address


Alerts

Be the first to know and let us send you an email when Mingalago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mingalago:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Auspiciousness to you all

Auspiciousness to you all. Mingalago is a travel media and it presents useful information for the travelers. Regarding with those information, you can expect something which are embedded with usefulness and entertaining information. Moreover, there are many more articles, which are emerged from sharp curiosity and native experiences, exploring Myanmar Culture and life style.

Why the Mingalago is unique, comparing with other Travel Guides?

The Mingalago presents not only hotels, restaurants reviews and about festivals but also investigative contents, which explore the country culture, for the international guests, who are eager to understand the Myanmar Culture totally.

It is a certain difference between Travel Writers and Travel Journalists. We, Travel Journalists make possible to break down the gap of cultural barriers, the stage of being alien, which forms “Them” and “Us”. It also makes possible emerging of mutual understand between the Myanmar and the world.