Connect DV Service

  • Home
  • Connect DV Service

Connect DV Service Connect DV Service
ဆက်သွယ်ရန်:
09442630611


Email:
[email protected]

Grab your opportunity!Eligible for kids born between :Sep 2, 2005 - May 1, 2009မိမိကလေးများ အထက်ပါခုနှစ်အတွင်းမွေးတဲ့ကလေ...
30/11/2023

Grab your opportunity!
Eligible for kids born between :
Sep 2, 2005 - May 1, 2009

မိမိကလေးများ အထက်ပါခုနှစ်အတွင်းမွေးတဲ့ကလေးတွေဆို ပညာသင်ဆုလျှောက်ကြပါ။

UWC Scholarship Entry 2024 is open!
မြန်မာကျောင်းသူ ကျောင်းသားများအတွက် နှစ်စဥ်နှစ်တိုင်း ပညာသင်ဆု ပေးလေ့ရှိတဲ့ UWC International Baccalaureate Diploma Programme (IBDP) ကို စတင်လျှောက်လို့ ရပါပြီ။

📂 What is UWC Movement?
United World Colleges (UWC) ဆိုတာကတော့ ပညာရေးကို တွန်းအားတစ်ခုအဖြစ်နဲ့ သုံးပြီး မတူညီတဲ့ နိုင်ငံ၊ ယဉ်ကျေးမှုနဲ့ လူမျိုးတွေ စုစည်းပြီး ငြိမ်းချမ်းရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပါတယ်။

UWC ကျောင်းတွေဟာဆိုရင် သာမန် အထက်တန်း ပညာရေးထက်ပိုတဲ့ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ရေး Diversity ၊ Sustainability နဲ့ Community Engagement စတဲ့ UWC Values တွေကို အလေးထားတဲ့ ကျောင်းသားတွေကို နှစ်စဥ် မွေးထုတ်ပေး‌နေတာ ဖြစ်ပါတယ်။

📂 UWC History
UWC ကို 1962 မှာ Atlantic College နဲ့အတူ Kurt Hahn က စတင်တည်ထောင်ခဲ့ပါတယ်။ Nelson Mandela, King Charles-lllနဲ့ Louis Mountbatten တို့ ကိုယ်တိုင် UWC ရဲ့ President အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာတော့ Queen Noor of Jordan က President အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

📂 UWC Scholarship
ဒီ Scholarship ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ United World Colleges (၁၈) ကျောင်းမှာ International Baccalaureate Diploma Programme (IBDP) အထက်တန်းပညာရေး သင်ကြားဖို့ အသက် ၁၆ နှစ်နဲ့ ၁၉ နှစ်ကြား ကျောင်းသားတွေကို နှစ်စဉ်ရွေးချယ် ပေးအပ်တဲ့ ပညာသင်ဆုပဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ က မတူညီတဲ့ကျောင်းသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ရင်း ပညာသင်ယူခွင့်ရမှာမလို့ ကွဲပြားစုံလင်တဲ့ ယဥ်ကျေးမှူ ဓလေ့စရိုက်နဲ့ အတွေ့အကြုံအသစ် များစွာ ရမှာဖြစ်ပါတယ်။

📂 What is IB Diploma Program?
IB Diploma Program ဆိုတာကတော့ ကျောင်းသူ ကျောင်းသားတွေအတွက် High School Curriculum တင်မဟုတ်ပဲ lifetime အတွက်လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှုစတဲ့ အရည်အချင်းတွေကိုပါ ပြင်ဆင်ပေးတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပါတယ်။ IB Diploma Program ကိုတော့ IBDP Year-1နှင့် IBDP Year-2 ဆိုပြီး (၂) နှစ် တက်ရောက်ရပါတယ်။

✅-Subjects in IB-✅
IB မှာ Core Subjects (၃) ခု နှင့် Subject Area (၆) ခုရှိပါတယ်။
Core Subject တွေကတော့ Theory of Knowledge, Extended Essay နဲ့ CAS (Creativity, Activity, Service) project တို့ဖြစ်ပါတယ်။

Subject Area ခြောက်ခုကတော့-

1️⃣ Studies in Language and Literature
2️⃣ Language Acquisition
3️⃣ Individuals and Societies
4️⃣ Sciences
5️⃣ Maths
6️⃣ Arts

ကျောင်းသားရဲ့စိတ်ဝင်စားမှုအပေါ်နှင့် မိမိတက်ရောက်မယ့် ကျောင်းရဲ့ Offer ပေးတဲ့ ဘာသာရပ်တွေအပေါ်မူတည်ပြီး Group တခုစီကနေ တဘာသာစီရွေးချယ်ရပါတယ်။ Group 6 Arts ကတော့ Optional ဖြစ်တာကြောင့် Arts အစား ကျန်တဲ့ Group ငါးခုကနေကြိုက်ရာရွေးချယ်လို့ ရပါတယ်။

IBDP Year 2 ပြီးရင်တော့ IB Diploma ချီးမြှင့်ခြင်းခံရမှာဖြစ်ပြီး IB Diploma နဲ့အတူ တကမ္ဘာလုံးမှာရှိ တဲ့ အဆင့်မြင့်တက္ကသိုလ်တွေကို apply လုပ်လို့ရနိုင်ပါတယ်။

What are UWC schools?
UWC ဟာနိုင်ငံ (၁၈) နိုင်ငံမှာ တကျောင်းစီတည်ရှိပြီး တည်ရှိတဲ့ နိုင်ငံတွေကတော့-

1️⃣Atlantic College (UK)
2️⃣UWC-USA(New Mexico-USA)
3️⃣UWC Costa Rica (Costa Rica)
4️⃣UWC Pearson College (Canada)
5️⃣UWC Red Cross Nordic (Norway)
6️⃣UWC Robert Bosch (Germany)
7️⃣UWC Maastricht (Netherlands)
8️⃣UWC Adriatic (Italy)
9️⃣UWC Mostar (Bosnia and Herzegovina)
🔟UWC Dilijan (Armenia)
1️⃣1️⃣Waterford Kamhlaba UWC (Eswatini)
1️⃣2️⃣UWC East Africa (Tanzania)
1️⃣3️⃣Li Po Chun UWC (Hong-Kong)
1️⃣4️⃣UWC Mahindra (India)
1️⃣5️⃣UWC South East Asia (Singapore)
1️⃣6️⃣UWC Thailand (Thailand)
1️⃣7️⃣UWC Changshu (China)
1️⃣8️⃣UWC ISAK (Japan)

UWC ကိုလျှောက်ထားနိုင်မယ့် နည်းလမ်း နှစ်မျိုး ရှိပါတယ်။

1️⃣ Global Selection Process(GSP)
2️⃣ National Committee (NC)

🔵 Global Selection Process (GSP) နဲ့ လျှောက်မယ်ဆိုရင် (၁၈) ကျောင်းထဲကမှ မိမိနှစ်သက်ရာ UWC ကျောင်းကို ရွေးပြီး လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် GSP နဲ့လျှောက်ထားမယ်ဆိုရင် scholarship နဲ့ financial assistance ရမှာ မဟုတ်ဘဲ မိမိ budget နဲ့ school fees ပေးရမှာ ဖြစ်ပါတယ်။ GSP နဲ့ လျှောက်ထားဖို့ စိတ်၀င်စားတယ်ဆိုရင် apply.uwc.org ကိုသွားပြီး GSP (Global Selection Process) ကိုရွေးချယ်ပြီး လျှောက်ထားနိုင်ပါတယ်။ GSP လျှောက်မယ်ဆိုရင် appliction deadline မရှိတဲ့အတွက် တနှစ်ပတ်လုံး မိမိအဆင်​ပြေတဲ့အချိန် လျှောက်ထားနိုင်ပါတယ်။

🔵 National Committee ဆိုတာကတော့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာရှိပြီး နှစ်စဥ် UWC ကျောင်းသား ရွေးချယ်ရေး process ကို လုပ်ပြီး၊ UWC ကျောင်းတွေကို တင်ပေးပါတယ်။ ကျောင်းတွေက ထပ်ဆင့် ရွေးချယ်ပြီးမှ ကျောင်းသားကို အတည်ပြုပြီး Scholarship ပေးပါတယ်။ National Committee ကနေလျှောက်မယ်ဆိုရင် ကိုယ့်နိုင်ငံကို နေရာချပေးတဲ့ ကျောင်း တွေကိုသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

UWC Myanmar National Committee ကတော့ ၂၀၁၀ ကတည်းက UWC ကျောင်းသားရွေးချယ်မှုကို
စတင်ခဲ့တဲ့ non-profit organisation တစ်ခုဖြစ်ပါတယ်။ Myanmar NC ဟာဆိုရင် UWC alumni တွေ၊ volunteers တွေနဲ့ ဖွဲ့ စည်းထားတာဖြစ်ပြီး UWC ကျောင်းတွေမှာ မြန်မာကျောင်းသားတွေ တက်ရောက်နိုင်ဖို့ selection process ကို နှစ်စဉ် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။

UWC Scholarship ရရှိပါက ကောင်းမွန်တဲ့ IB program ကိုသင်ယူခွင့်ရမယ့် အပြင် cultural understanding နဲ့ personal growth အတွေ့အကြုံတွေ ရရှိနိုင်တာဖြစ်တဲ့အတွက် သတ်မှတ်ချက်ကိုက်ညီသူ အားလုံးကို လျှောက်ထားဖို့ တိုက်တွန်းပါတယ်။

Apply link: https://apply.uwc.org/prog/mm2024/
Deadline: January 14, 2024

Entry Year 2024 ကိုလျှောက်ဖို့အတွက် ရရှိနိုင်တဲ့ ပညာသင်ဆု အမျိုးအစားနဲ့ လိုအပ်ချက်တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Link: https://www.mm.uwc.org/apply/eligibility

12/11/2023
လူငယ် တော်တော်များများဟာ ကိုယ့်ကို “ မင်း တန်ဖိုးမရှိတဲ့ကောင်လို့ ” ပြောရင် သိပ်စိတ်ဆိုးတာပဲ ။ အဲတော့ “ တန်ဖိုး ” ဆိုတာ ...
04/11/2023

လူငယ် တော်တော်များများဟာ
ကိုယ့်ကို “ မင်း တန်ဖိုးမရှိတဲ့ကောင်လို့ ” ပြောရင်
သိပ်စိတ်ဆိုးတာပဲ ။

အဲတော့ “ တန်ဖိုး ” ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။

တကယ်တော့ “ တန်ဖိုး ” ဆိုတာ
သဘာဝကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား ။

အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ် ။
ငါ သွားခွာလည်း ရတယ် ။
သဘာဝက အလကား ပေးထားတာလေ ။

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး ။
ငါက သွားခွာပြီး လောက်စလုံး လုံးတယ် ။
ငါက လုပ်အား ထည့်လိုက်တာပေါ့ ။
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်းလို့ ရတယ် ။

သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
“ တန်ဖိုး ” တက်မသွားဘူးလား ???

ငါ့ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ ။

လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွားပေဘူးလား ။

ငါတို့တွေ လေကို အလကား မရှူရဘူးလား ။
ဒါပေမယ့် စက်ဘီးတွေ ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရဘူးလား ??

မင်းက အကိုရယ် လေ အလကား ရတာပဲလို့
ပြောကြည့်ပါလား ။
မင်းကို ဟိုက ပါးပိတ်ရိုက်မှာပေါ့ ။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါပဲ ။
သဘာဝလို့ပဲ ဆိုပါတော့ ။

ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက်လာမှာပါပဲလို့ ငါ ပြောချင်တယ် ။

#ဆရာကြီးဦးအောင်သင်း #အောင်သင်း

ကလေးတွေအတွက်အင်မတန်ကောင်းတဲ့အခွင့်အလမ်းမို့အသက်ကန့်သတ်ချက်ဝင်ရင်လျှောက်ကြပါ။ အထက်တန်းအောင်ခါစအရွယ်တွေလျှောက်လို့ရတဲ့အစီစ...
02/11/2023

ကလေးတွေအတွက်အင်မတန်ကောင်းတဲ့အခွင့်အလမ်းမို့အသက်ကန့်သတ်ချက်ဝင်ရင်လျှောက်ကြပါ။

အထက်တန်းအောင်ခါစအရွယ်တွေလျှောက်လို့ရတဲ့အစီစဉ်ပါ။ အက်မင်ငယ်တုန်းကလျှောက်တုန်းကတော့ recommendation letter 2 စောင်နဲ့ essay လိုမေးခွန်းလေးတွေ writing ရေးပြီးသံရုံးကို email ပို့ရပါတယ်။ မိမိဘာသာလေ့လာကြည့်ပါ။ အက်မင်တို့ငယ်တုန်းကတော့ တစ်နိုင်ငံလုံးမှာမှ ၄ ယောက်လားပဲရွေးတယ်။ အခု ဘယ်နှယောက်ထိရွေးလဲတော့အက်မင်မသိတော့ပါ။ ဆိုတော့ အရွေးမခံရလည်းအတွေ့အကြုံတစ်ခုလို့သဘောထားပါ။ အောင်မြင်ပါစေ။

🇺🇸 အမေရိကားကို ၆ ပတ်ကြာ ပညာတော်သင်သွားရမယ့် Myanmar Youth Leadership Program 2024 ဖွင့်ပြီဗျို့ 🛎️

💁‍♂️ MYLP ဆိုတာကတော့ အသက် ၁၆ ကနေ ၁၉ အတွင်း လူငယ်တွေ လျှောက်လို့ရတဲ့ Fully Funded Exchange Program တစ်ခုဖြစ်ပါတယ်။ Fully Funded ဆိုတဲ့ အတိုင်း Visa ကြေးကအစ လေယာဉ်ကြေး၊ စားစရိတ်၊ နေစရိတ် အကုန်ကို Cover ဖြစ်ပါတယ်။ U.S. Department of State Bureau of Educational and Cultural Affairs က အလုံးစုံထောက်ပံ့တဲ့ အမေရိကန်စရိတ်ငြိမ်းပညာတော်သင်အစီအစဉ်ဖြစ်ပါတယ်

🗽 အမေရိကားရဲ့ နေရာဒေသ အနှံ့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အကြောင်းတွေ Team-building activities တွေ leadership training တွေကို သင်ရ လက်တွေ့လုပ်ရတယ်ပေါ့နော်။ ဒါ့အပြင် Site visits တွေ Fun activities တွေ campus tour တွေနဲ့ပျော်ရွှင်စရာလည်း အတိပါပဲ..။

🎗️ Program က ပြန်လာပြီးရင်တော့ သင်လာသမျှအရာတွေ အသုံးချပြီး Community Service Project တစ်ခု လုပ်ပေးရပါတယ်။ လုပ်မယ့် Idea ကိုလည်း Essay ရေးတင်ပေးခိုင်းပါတယ်..။

🙌 လျှောက်မယ့်သူအလွန်များတာမို့ Program ရဲ့ Objectives တွေ Requirements တွေ Essay Questions တွေကို သေချာလေး ဖတ်ဖို့ တိုက်တွန်းပါရစေ..။

🔴 Requirements for Youth Participant

🔹 be between 16 – 19 years old as of April 26, 2024

🔹be high school or first-year college students currently enrolled in schools and universities in Myanmar

🔹have interest in civic action and community service

🔹have strong academic and social skills and have leadership
potential

🔹have appropriate level of maturity, open-mindedness, and sociability for an international exchange program


🔴 Requirements for Adult Chaperones

🔹Be between 30 – 40 years old

🔹Be teachers or community leaders who work with youth

🔹Be proficient in English and hold a university degree

🔹Have experience mentoring youth and demonstrate a commitment to working with young people and interested in their professional development

🔹Be committed to working with MYLP participants after their return from the United States

🔹Be committed to the goals and ideals of the program, including civic leadership, diversity, environmental sustainability and fostering positive regional and global interactions.

ℹ️ For more information ->👇
https://mm.usembassy.gov/education-culture/scholarship-programs/

✅ Apply Now ->

For youth participants 👇 https://docs.google.com/forms/d/e/1FAIpQLScQqFfO_dvg1I81ZEikWEfsqGhUSrzfWHoPuguXH1N3dfn6fQ/viewform

For Adult mentor/ chaperone 👇
https://docs.google.com/forms/d/e/1FAIpQLSdlQ6mSkSD-f2ONvNI1VkeFOn7uXodM84yfOkP4tF-pVt49Zw/viewform

(MYLP '23)

၂၀၂၃ ယမန်နှစ်အတွက်အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့်လျှောက်ထားခြင်းပရိုဂရမ် အတွက် service လက်ခံခြင်းကို နို၀င်ဘ...
31/10/2023

၂၀၂၃ ယမန်နှစ်အတွက်အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့်လျှောက်ထားခြင်းပရိုဂရမ် အတွက် service လက်ခံခြင်းကို နို၀င်ဘာလ ၆ရက်နေ့တွင်ပိတ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၁ နှစ်တွင် ၁ ကြိမ်သာလျှောက်ထားခွင့်ရသော အင်မတန်ကောင်းလှသည့်အခွင့်အရေးဖြစ်တဲ့အတွက် အိမ်ရှိမိသားစု၀င်အကုန်လျှောက်ထားရန်အထူးတိုက်တွန်းအပ်ပါသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မတိုင်မီservice fees ပေးသွင်းသူများအားလုံးအား confirmation receipt များပြန်လည်ပေးပို့ပြီးပါပြီ။ receipt မရသေးသူများရှိပါက viber မှတဆင့်တချက်ပြောပေးပါ။ Oct 25 ရက်နေ့နောက်ပိုင်းငွေသွင်းထားသူများ reply တွင်ပေးပို့ထားသော သက်ဆိုင်ရာရက်အလိုက်ပေးပို့ပေးသွားပါမည်။

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Viber: +959 442 630 611
Email: [email protected]

#ဒီဗီ #ဒီဗွီ

အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြေချခွင့်လျှောက်ထားခြင်း DV -2025 Program စတင်ဖွင့်လှစ်ပါပြီ!!ကြိုတင်စာရင်းပေးသွင်းထားသ...
04/10/2023

အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြေချခွင့်လျှောက်ထားခြင်း DV -2025 Program စတင်ဖွင့်လှစ်ပါပြီ!!

ကြိုတင်စာရင်းပေးသွင်းထားသူများအားအစဉ်လိုက်လျှောက်ပေးသွားမည်ဖြစ်ပါသည်။ ငွေလက်ခံရရှိကြောင်းတွင်စာပြန်ပေးထားသော Dateများအလိုက် Confirmation Receipt များပြန်လည်ပေးပို့သွားမည်ဖြစ်သောကြောင့် မိမိရက်အလိုက်စောင့်ဆိုင်းပေးပါရန်။

ယခုနှစ်မှစတင်လျှောက်ထားသူများလည်းစာရင်းပေးသွင်းနိုင်ပါသေးသည်။ စာရင်းပေးရန်ကျန်ရှိနေသေးသောမိတ်ဟောင်းများလည်း Viber သို့ဆက်သွယ်အကြောင်းကြားထားပေးပါ။
အောက်တိုဘာလကုန်ခန့်အထိစာရင်းလက်ခံပေးသွားပါမည်။ နောက်ဆုံး Deadline ပိတ်ရက်က Official Nov 7ရက်ဆိုပေမဲ့ အက်မင်တို့ ကို ဘယ်နေ့နောက်ဆုံးပေးလို့ရမလည်းဟုမေးလျှင် အစောဆုံးပေးထားနိုင်ခြင်းသည်သာအကောင်းဆုံးပါ။ အနားနီးမှထပ်မံအသိပေးကြေငြာပေးပါမည်။
Please like, follow our page and stay tuned!

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Viber: +959 442 630 611
Email: [email protected]

#ဒီဗီ #ဒီဗွီ

အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြေချနေထိုင်နိုင်ခွင့် DV Lottery - 2025 မနက်ဖန်စဖွင့်ပါပြီ။ တစ်နှစ်မှာမှတစ်ခါသာရရှိတဲ့အ...
03/10/2023

အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့အခြေချနေထိုင်နိုင်ခွင့် DV Lottery - 2025 မနက်ဖန်စဖွင့်ပါပြီ။ တစ်နှစ်မှာမှတစ်ခါသာရရှိတဲ့အခွင့်အရေးဖြစ်တာမို့ မြန်မာပြည်သူပြည်သားများလက်လွတ်မခံသင့်ဘဲလျှောက်ထားရန်အထူးတိုက်တွန်းအပ်ပါသည်။ အချက်အလက်များကို Connect DV Service သို့ပေးပို့ပြီးအမြန်ဆုံးလျှောက်ထားလိုက်ပါ!

မြန်မာနိုင်ငံသား အခြေခံပညာ အထက်တန်း အောင်မြင် ပြီးသူများ အားလုံး အသက်ကန့်သတ်ချက် မရှိ မည်သူ မဆို လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုသူများ အောက်တိုဘာလကုန်မတိုင်မီ အောက်ဖော်ပြပါ Viber သို့မဟုတ် အီးမေးလ် Email သို့ အချက်အလက်များပေးပို့၍ ကြိုတင်စာရင်းပေးနိုင်ပါသည်။
Viber သို့မဟုတ် Emailဖြင့်သာအချက်လက်များစာရင်းသွင်းခြင်းလက်ခံပါသည်။
Facebook messenger မှအချက်လက်များပေးပို့ခြင်းလုံးဝမပြုလုပ်ကြပါရန်။ (လျှောက်ထားရာတွင် ဓာတ်ပုံကွာလတီမပြည့်မှီနိုင်သဖြင့်ပယ်ချခြင်းခံရနိုင်သောကြောင့်စေတနာဖြင့်ဖြစ်သည်)
ဆက်သွယ်ရန်:
Viber No. :
+959442630611
Email :
[email protected]

အောက်တိုဘာ ၄ရက်နေ့ မှ စတင်ပြီး လျှောက်ထားပေးသွားမှာ ဖြစ်ပြီး လျှောက်ထားပြီးပါက Confirmation Entry Receipt များကို Viber သို့မဟုတ် Email များမှ တစ်ဆင့် ပြန်လည်ပေးပို့ သွားမှာဖြစ်သည်။
နေ့စဉ် မနက် ၉:၀၀ နာရီမှ ည ၈:၀၀ အတွင်း Messenger တွင် စုံစမ်းမေးမြန်းနိုင်သည်။ အချက်လက်များကိုမူ Viber or Email တွင်သာပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက်။ ။တစ်ဦးချင်းလျှောက်နိုင်သလို မိသားစုလိုက်တွဲလျှောက်နိုင်သည်။
မိသားစုနှင့်တွဲလျှောက်မည့်သူများ မိမိ၏မိသားစုဝင်တစ်ဦးချင်းအချက်လက်များကိုလည်းအောက်ဖော်ပြပါအတိုင်းအတူပေးပို့ရမည်။ (၂၁နှစ်အောက်သားသမီးသာ မိဘနှင့်အတူတွဲလျှောက်ထားနိုင်သည်။)
==================================
ကြိုတင်စာရင်းပေးရန် ပေးပို့ရမည့်အချက်အလက်များ
*ENGLISHဘာသာဖြင့်သာပေးပို့ရန်*
1. အမည်
2. ကျား/ မ
3. မွေးနေ့ (ရက်၊ လ ၊ ခုနှစ်) (ဉပမာ။ ။ 5th April 1988 ကဲ့သို့formatဖြင့်ရေးပေးပါ)
4. လက်ရှိနေရပ်လိပ်စာအပြည့်အစုံ
5. မွေးဖွားရာမြို့ (passport ရှိပါကပတ်စ်ပို့ထဲကအတိုင်းဖြစ်ရမည်)
6. မွေးဖွားရာနိုင်ငံ
7. လက်ရှိနေထိုင်သောနိုင်ငံ
8. ပညာအရည်အချင်း
9. ဖုန်းနံပါတ်
10. Email အီးမေးလ်လိပ်စာ
11. အိမ်ထောင်ရေးအခြေအနေ (ဉပမာ။ ။ Married/ Single/ Widow မုဆိုးဖို/ Legally Separated တရား၀င်ကွာရှင်း)
12. သားသမီးဦးရေ (မှတ်ချက်။ ။တစ်ဦးတည်းလျှောက်ထားလိုသူများ သို့မဟုတ် သားသမီးမရှိသူများသည် အရေအတွက်ဦးရေတွင် “0” ဟုဖြည့်ပေးပါရန်)
13. ၂လက်မ ပတ်လည် အဖြူရောင်နောက်ခံ ရောင်စုံဓါတ်ပုံ soft copy (မှတ်ချက်။ ။ မျက်မှန်မတပ်ရ၊ ဉီးထုပ်မဆောင်းရ၊အလုပ်နှင့်ပတ်သက်သောယူနီဖောင်းမ၀တ်ရ၊ သနပ်ခါးမလိမ်းရပါ။ နီးစပ်ရာဓာတ်ပုံဆိုင်တွင်သွားရောက်ရိုက်ကူး၍soft copy ပုံထုတ်မည်ဟုပြောပြီး မိမိ၏ဖုန်း သို့မဟုတ် memory stick ထဲသို့ထည့်ခိုင်းပါ။ရလာသောပုံကို Viber or Email မှပို့ပေးပါ၊ ယခင်နှစ်ကလျှောက်ထားဖူးသောပုံပြန်လည်သုံးခွင့်မရှိပါ)
14. Passportရှိပါက passport ပထမစာမျက်နှာဓါတ်ပုံရိုက်ပို့ရန် (မရှိသူများပေးပို့ရန်မလိုအပ်ပါ)

အိမ်ထောင်ရှိပါက ခင်ပွန်း/ဇနီး၏အောက်ပါအချက်အလက်များကိုပေးပို့ရန်
1. အမည်
2. မွေးနေ့
3. မွေးဖွားရာမြို့
4. မွေးဖွားရာနိုင်ငံ
5. ဓာတ်ပုံ

၂၁ နှစ်အောက် သားသမီးရှိပါက သားသမီးများ၏အောက်ပါအချက်အလက်များကိုပေးပို့ရန်
1. အမည်
2. မွေးနေ့
3. မွေးဖွားရာမြို့
4. မွေးဖွားရာနိုင်ငံ
5. ဓာတ်ပုံ
*လင်မယားနှစ်ယောက်အပြန်အလှန် ၂စောင်လျှောက်ထားနိုင်ပါတယ်
သားသမီး ၁၀တန်းအောင်ပြီးပါက သပ်သပ် ၁စောင် ထပ်မံလျှောက်ထားနိုင်ပါတယ်*
Single Mom/အိမ်ထောင်ကွဲ/မုဆိုးဖို၊မ / အိမ်ထောင်ဖက်အချက်အလက်ပေးရန်မလိုပါ။

စာရွက်စာတမ်းပေးရန်မလိုပါအချက်အလက်သာလိုပါသည်။

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Viber: +959 442 630 611
Email: [email protected]

#ဒီဗီ #ဒီဗွီ

DV ၏အကျိုးခံစားခွင့်များ အပိုင်း (၁)−−−−−−−−−−−−−−−−−−−−−−အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့် DV Winner ဖြစ်ပါက ...
12/09/2023

DV ၏အကျိုးခံစားခွင့်များ အပိုင်း (၁)
−−−−−−−−−−−−−−−−−−−−−−
အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့် DV Winner ဖြစ်ပါက ခံစားရမည့် Benefits အကျိုးခံစားခွင့်များ

ကဲ သိသူဖော်စားမသိသူကျော်သွားမဲ့ အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခွင့် DV Program ရဲ့အနှစ်သာရတွေကို သိသူများဖြစ်သွားအောင် အစဆုံးသေချာစာဖတ်ကြဖို့ သူ့ခေါင်းစဉ်နဲ့သူပုံတစ်ပုံခြင်းစီအောက်မှာအကျယ်တ၀င့်ရေးသားဖော်ပြလိုက်ပါတယ်။ပုံလေးတွေကိုနှိပ်ပြီးဖတ်ပါ။

အခုထိ DV လျှောက်ဖို့ဘာတွေလိုမှန်းမသိသေးရင် Comment မှာရေးထားပေးပါတယ်။ Viber မှာ အချက်အလက်ပို့နည်းတွေလည်း Video နှင့်တကွရှင်းပြထားတဲ့ Video link လည်း Comment box မှာထားထားပါတယ်။

ချစ်ခြင်းများစွာဖြင့်

Connect DV Service
Email: [email protected]
Viber: +959442630611

#ဒီဗီ #ဒီဗွီ
#ဒီဗီ #ဒီဗွီ

အမေရိကန်ပြည်ထဲရေး၀န်ကြီးဌာနမှ ယခုနှစ်အတွက် DV 2025 စတင်ဖွင့်လှစ်မည့်အချိန်အားတရား၀င်ထုတ်ပြန်ကြေငြာထားပါပြီ!US time အောက်...
09/09/2023

အမေရိကန်ပြည်ထဲရေး၀န်ကြီးဌာနမှ ယခုနှစ်အတွက် DV 2025 စတင်ဖွင့်လှစ်မည့်အချိန်အားတရား၀င်ထုတ်ပြန်ကြေငြာထားပါပြီ!

US time အောက်တိုဘာလ ၄ ရက်နေ့ (မြန်မာစံချိန် အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀နာရီခွဲ) မှ နို၀င်ဘာလ ၇ရက်နေ့ ၀န်းကျင်အထိ ၃၄ရက်ကာလတာအတွင်း ဖောင်တင်ရန်ဖြစ်လှစ်သွားပါမည်။

တစ်နှစ်မှာမှတစ်ခါသာရရှိတဲ့အခွင့်အရေးဖြစ်တာမို့ မြန်မာပြည်သူပြည်သားများလက်လွတ်မခံသင့်ဘဲလျှောက်ထားရန်အထူးတိုက်တွန်းအပ်ပါသည်။
လျှောက်ထားရန် ဓာတ်ပုံနှင့်အချက်အလက်များကိုလည်း အချိန်ယူပြီးသေချာပြင်ဆင်နိုင်ဖို့မျှော်လင့်ပါသည်။

လျှောက်ထားသူများအားလုံးကံကောင်းကြပါစေ။

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Email: [email protected]
Viber: +959442630611

#ဒီဗီ #ဒီဗွီ

31/08/2023

အမေရိကန်နိုင်ငံသို့ မိသားစုလိုက်ရွှေ့ပြောင်းနေထိုင်ခွင့် DV လျှောက်ထားရန်လိုအပ်သည့်အချက်အလက်များပေးပို့နည်း Tutorial
------------------------------------
အချက်အလက်များကိုဘယ်လိုပေးပို့ရမှန်းမသိသူများကြည့်ရှုရန် Video

သေချာ Detail အသေးစိတ်ရှင်းပြထားတဲ့ Video လေးဖြစ်တဲ့အတွက် အချက်အလက်များကိုမှန်ကန်စွာပေးပို့နိုင်မယ်လို့ယုံကြည်ပါတယ်။
တချို့အိမ်ထောင်ရေးအခြေအနေအနည်းငယ်ရှုပ်ထွေး complicated ဖြစ်လို့ Marital Status ဘာထည့်ရမလည်းမသိဖြစ်ရင် အက်မင်တို့နဲ့ ဆွေးနွေးလို့ရပါတယ်။

eg.
မေး။ ။December ကျရင် အိမ်ထောင်ပြုမှာ ယခု Married ထည့်ရမလား?
ဖြေ။ ။ မလိုပါ၊ လက်ရှိ Single ပဲထည့်ပါ။ ပေါက်မှ DS form မှာပြန်တင်ပါ။ Married ထည့်မယ်ဆို အမျိုးသားအချက်အလက်နဲ့ Marriage Certificate တွင် ရက်ပြောင်းချုပ်ဖို့လိုပါမယ်။ ဆိုင်ရင်ပိုင်ရင်လုပ်။ မဆိုင်မပိုင်ရင်တော့ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်။

မေး။ ။ အခုလက်ရှိ ကလေးလွယ်ထားတယ် နောက်နှစ် January မှမွေးမှာ ကလေးဉီးရေး ၁ လို့ထည့်ဖို့လိုလား?
ဖြေ။ ။မလိုပါ။ အရွေးခံရမှ DS form မှာကလေးအချက်အလက်ဖြည့်ပါ။

မေး။ ။ အမျိုးသားကနိုင်ငံခြားထွက်သွားတာကြာပြီ၊ ပြန်မလာတော့ဘူး။ လက်ထပ်စာချုပ်လည်းမလုပ်ထားဘူး ကွာရှင်းစာချုပ်လည်းမရှိခဲ့ဘူး။ အိမ်ထောင်စုစာရင်းထဲမှာလဲသူ့နာမည်မထည့်ထားဘူး ဘယ်လိုဖြည့်ရမလဲ?
ဖြေ။ ။ အရှုပ်ရှင်းကင်းပြီး စာရွက်စာတမ်းဇယားမရှုပ်ချင်ရင် Single ပဲထည့်။

မေး။ ။အမျိုးသားကမလိုက်ချင်ဘူး။သူ့အချက်အလက်မထည့်လို့ရလား?
ဖြေ။ ။ ကလေးလဲရှိ၊ အိမ်ထောင်စုစာရင်းထဲမှာနာမည်ပါပြီးလက်ထပ်စာချုပ်ချုပ်ထားရင် အမျိုးသားကိုဓာတ်ပုံပဲရိုက်ခိုင်းပြီး အရွေးခံရမှသူမလိုက်ချင်နေခဲ့လဲရတယ်။ လျှောက်လွှာတင်တဲ့အခါမှာတော့ ကလေးတွေနောင်ရေးအတွက်စဉ်းစားပေးရင် ဓာတ်ပုံလေးတော့လိုက်ရိုက်ပေးလိုက်ပါ။ ကျန်တာမှမလိုတာ။
သူကဓာတ်ပုံကိုးမရိုက်ပေးချင်ဘူး Single mom တင်လို့မရဘူးလားဆိုရင် ရတာတော့ရပါတယ်။ အက်မင်တို့ကတော့ ဓာတ်ပုံရိုက်ပြီးထည့်စေချင်တယ်။ လုံး၀ရွေးခြယ်ခွင့်မရှိမှသာ Single Mom လို့ဖြည့်တင်ပါ။

ဘာလို့အခုလိုဟာတွေထိလိုက်ပြောပေးလဲဆိုတော့ အက်မင်တို့နဲ့လျှောက်တဲ့သူတိုင်းအရွေးခြယ်ခံရစေချင်တယ်။ အရွေးခံရပြီးတိုင်းလဲသေချာပေါက်visa ရအောင်အတွက်အသေးစိတ်အကုန်အမှားအယွင်းမရှိအောင် စေတနာထားပြီးလိုက်ပြောပေးတာပါ။ စတင်လျှောက်တဲ့အခါသေချာပြင်ဆင်ထားမှကံတရားကကိုယ့်ကိုရွေးခြယ်တဲ့အခါ အတားအဆီးမရှိရေစီးကြောင်းအတိုင်းလိုက်စီးမြောရုံပဲမဟုတ်လား ?

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Email: [email protected]
Viber: +959442630611

#ဒီဗီ #ဒီဗွီ

🗽DV ဆိုတာဘာလဲ?Diversity Visa လို့ခေါ်တဲ့ DV ဆိုတာ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ခွင့်လတ်မှတ်ထုတ်ပေးတဲ့ အစီအစဉ်ပါ။ DV လ...
23/08/2023

🗽DV ဆိုတာဘာလဲ?
Diversity Visa လို့ခေါ်တဲ့ DV ဆိုတာ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ခွင့်လတ်မှတ်ထုတ်ပေးတဲ့ အစီအစဉ်ပါ။ DV လျှောက်ထားသူများကို Computer ကျပန်းစနစ်နဲ့ random ရွေးချယ်ပြီး အမေရိကန်အစိုးရက Green Card တရားဝင်အခြေချနေထိုင်အလုပ်လုပ်ခွင့် ထုတ်ပေးပါတယ်။ 1994 မှစတင်ပြုလုပ်ပြီး နှစ်စဉ်တစ်နှစ်ကို လူပေါင်း 55000 လောက်ကိုအခြေချနေထိုင်ခွင့်ပေးနေတဲ့ တစ်နှစ်မှတစ်ကြိမ်သာလျှောက်ထားနိုင်တဲ့ မဟာအခွင့်အရေးကြီးဖြစ်ပါတယ်။ အမေရိကန်အစိုးရမှတရား၀င်ပေးသော အခြေချနေထိုင်ခွင့် ၊ အလုပ်လုပ်ခွင့် ရတဲ့ Green Card ရရှိပြီး အမေရိကန်နိုင်ငံသားနီးတူအကျိုးခံစားခွင့်များရရှိမှာဖြစ်ပါတယ်။ Green Card နှင့် ၅နှစ်နေထိုင်ပြီး Citizenship အမေရိကန်နိုင်ငံသားခံယူခွင့်ရရှိမည်။

🗽DV ကို ဘယ်လို လူတွေလျောက်လို့ရလဲ?
လျောက်ထားသူသည် ပညာအရည်အချင်းအနည်းဆုံးဆယ်တန်းအောင်မြင်ပြီးသူတိုင်း အသက်အရွယ်ကန့်သတ်ချက်မရှိလျှောက်ထားနိုင်ပါတယ်။
၂၀၂၄ မှစပြီး Passport လိုအပ်ချက်ဖြေလျှော့ပေးလိုက်သည်ဖြစ်တဲ့အတွက် လျျှောက်ထားစဉ် passportရှိရန်မလိုအပ်တော့ပါ။ အထက်တန်းမအောင်မြင်ထားသူများ အသက်မွေး၀မ်းကျောင်းလုပ်ငန်းလုပ်သက်အနည်းဆုံး ၂နှစ်နှင့်အထက်ရှိပါက်လည်း ကံစမ်းလျှောက်ထားနိုင်ပါသည်။

မိသားစုလိုက်လျှောက်ချင်သူများ မိမိအိမ်ထောက်ဘက်နဲ့ အသက် ၂၁နှစ်အောက် သားသမီးများအကုန်အတူ တခါတည်းခေါ်ဆောင်သွားခွင့်ရှိပါတယ်။
အသက် ၂၁နှစ်အထက် သားသမီးများသည် တစ်ယောက်ချင်း individual တစ်စောင်စီ သပ်သပ်လျှောက်ထားနိုင်ပါတယ်။

🗽ဘယ်အချိန်မှာform များစတင်တင်လို့ရလဲ?
အောက်တိုဘာလ လဆန်း ကနေ နိုဝင်ဘာလဆန်းအတွင်းဖောင်တင်ရမှာဖြစ်ပါတယ်။
​အောက်တိုဘာ လဆန်းမှာ စတင် form များတင်ရမှာမို့ Aug 21 ရက်နေ့မှစတင်ပြီး CONNECT DV service တွင်ကြိုတင် အချက်အလက်များပေးပို့ပြီးစာရင်းပေး၍လျှောက်ထားနိုင်ပါပြီ။

ဘယ်အချိန်မှာ အရွေးချယ်ခံရတဲ့ Winner Result ကို သိရမလဲ ?
နှစ်စဉ်မေလလယ် ၁၀ရက်နေ့ပတ်၀န်းကျင်လောက်တွင် DV Winner များ result ထွက်ပါသည်။

DV Winner Statistic Throughout years
--------------------
DV2021 မှာ 776 ဦး
DV2022 မှာ 561 ဦး
DV2023 မှာ 1107 ဦး
DV2024 မှာ 1667 ဉီး အသီးသီးအရွေးခြယ်ခံခဲ့ရပါတယ်။

အယောက် ၁၀၀ မှာ အနည်းဆုံး ၁ ယောက် အရွေးခြယ်ခံရတဲ့အတွက်ကြောင့် စာသင်ခန်း ၁ခန်းမှာ ကျောင်းသား ၁ယောက် ရွေးခံရသလို ရွေးခြယ်ခံရနှုန်းများတဲ့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ!

လျှောက်ထားချင်တယ်ဆိုရင် Connect DV Service ကို အမြန်ဆုံးဆက်သွယ်ပြီး အချက်အလက်များပေးပို့ပြီး စာရင်းပေးလိုက်ပါ!

Viber: 09442630611
Email: [email protected]

လျှောက်ထားဖို့ဘာတွေပေးပို့ဖို့လိုအပ်မလဲ? (Note: Viber/ Email တွင်အချက်အလက်များကို စာရိုက်ပို့ရန်သာလိုသည်၊ အထောက်အထား Certificate များပေးပို့ရန် မလိုအပ်သေးပါ)

ENGLISH ဘာသာဖြင့်သာပေးပို့ရန်
1. အမည်
2. ကျား/ မ
3. မွေးနေ့ (ရက်၊ လ ၊ ခုနှစ်) (ဉပမာ။ ။ 5th April 1988 ကဲ့သို့formatဖြင့်ရေးပေးပါ)
4. လက်ရှိနေရပ်လိပ်စာအပြည့်အစုံ
5. မွေးဖွားရာမြို့ (passport ရှိပါကပတ်စ်ပို့ထဲကအတိုင်းဖြစ်ရမည်)
6. မွေးဖွားရာနိုင်ငံ
7. လက်ရှိနေထိုင်သောနိုင်ငံ
8. ပညာအရည်အချင်း
9. ဖုန်းနံပါတ်
10. Email အီးမေးလ်လိပ်စာ
11. အိမ်ထောင်ရေးအခြေအနေ (ဉပမာ။ ။ Married/ Single/ Widow မုဆိုးဖို/ Legally Separated တရား၀င်ကွာရှင်း)
12. သားသမီးဦးရေ (မှတ်ချက်။ ။တစ်ဦးတည်းလျှောက်ထားလိုသူများ သို့မဟုတ် သားသမီးမရှိသူများသည် အရေအတွက်ဦးရေတွင် “0” ဟုဖြည့်ပေးပါရန်)
13. ၂လက်မ ပတ်လည် အဖြူရောင်နောက်ခံ ရောင်စုံဓါတ်ပုံ soft copy (မှတ်ချက်။ ။ မျက်မှန်မတပ်ရ၊ ဉီးထုပ်မဆောင်းရ၊အလုပ်နှင့်ပတ်သက်သောယူနီဖောင်းမ၀တ်ရ၊ သနပ်ခါးမလိမ်းရပါ။ နီးစပ်ရာဓာတ်ပုံဆိုင်တွင်သွားရောက်ရိုက်ကူး၍soft copy ပုံထုတ်မည်ဟုပြောပြီး မိမိ၏ဖုန်း သို့မဟုတ် memory stick ထဲသို့ထည့်ခိုင်းပါ။ရလာသောပုံကို Viber or Email မှပို့ပေးပါ၊ ယခင်နှစ်ကလျှောက်ထားဖူးသောပုံပြန်လည်သုံးခွင့်မရှိပါ)
14. Passportရှိပါက passport ပထမစာမျက်နှာဓါတ်ပုံရိုက်ပို့ရန် မရှိသူများပေးပို့ရန်မလိုအပ်ပါ

အိမ်ထောင်ရှိပါက ခင်ပွန်း/ဇနီး၏အောက်ပါအချက်အလက်များကိုပေးပို့ရန်
1. အမည်
2. မွေးနေ့
3. မွေးဖွားရာမြို့
4. မွေးဖွားရာနိုင်ငံ
5. ဓာတ်ပုံ

၂၁ နှစ်အောက် သားသမီးရှိပါက သားသမီးများ၏အောက်ပါအချက်အလက်များကိုပေးပို့ရန်
1. အမည်
2. မွေးနေ့
3. မွေးဖွားရာမြို့
4. မွေးဖွားရာနိုင်ငံ
5. ဓာတ်ပုံ
လင်မယားနှစ်ယောက်အပြန်အလှန် ၂စောင်လျှောက်ထားနိုင်ပါတယ်
သားသမီး ၁၀တန်းအောင်ပြီးပါက သပ်သပ် ၁စောင် ထပ်မံလျှောက်ထားနိုင်ပါတယ်
Single Mom/အိမ်ထောင်ကွဲ/မုဆိုးဖို၊မ / အိမ်ထောင်ဖက်အချက်အလက်ပေးရန်မလိုပါ
စာရွက်စာတမ်းပေးရန်မလိုပါအချက်အလက်သာလိုပါသည်။

ချစ်ခြင်းများစွာဖြင့်

Connect DV Service
Viber: +959 442 630 611

#ဒီဗီ #ဒီဗွီ
Email: [email protected]

IGCSE O level နဲ့ DV visa ရမှာလား IGCSE O level ( US ၁၀ တန်း ? )IGCSE AS level (US ၁၁ တန်း?)IGCSE A level (US ၁၂ တန်း၊ H...
14/05/2023

IGCSE O level နဲ့ DV visa ရမှာလား

IGCSE O level ( US ၁၀ တန်း ? )
IGCSE AS level (US ၁၁ တန်း?)
IGCSE A level (US ၁၂ တန်း၊ High School Diploma?)

IGCSE ( International General Certificate of Secondary Education ) ဆိုတာ UK ကလာတာပါ

DV 20**တယောက်ရဲ့အကြာင်းပါ

- 20** မှာ ကျောင်းကတဆင့် IGCSE O level အောင်ပါတယ်

- 20** Oct မှာ DV တင် 20** May မှာ ပေါက် ၊ case number 20000 ကျော်၊

-လက်ထဲမှာ O level အောင်လက်မှတ်ပဲရှိတာနဲ့ အဲဒါနဲ့ပဲ DS 260 တင်လိုက်တယ် (High School Diploma အနေနဲ့ပဲ တင်လိုက်ပါတယ်)

-အင်တာဗျူးစောင့်နေရင်းနဲ့ A level ဖြေဖို့လုပ်နေခဲ့ပါတယ်

- A level မှာ တကယ်တော့ ၂ ဆင့်ရှိပါတယ်( AS နဲ့ A level) (၁၁ တန်း နဲ့ ၁၂ တန်းလို့ပဲ ပြောရမလားမသိပါ)

-AS level ကို ကျောင်းဆက်မတက်တော့ပဲ self study လုပ်ပြီး 20** Oct မှာ AS level ဖြေခဲ့တယ် 20** January မှာအောင်စာရင်းထွက်ခဲ့ပြီး 20**May လရောက်မှ AS အောင်လက်မှတ် လက်ထဲရောက်ပါတယ်

- 20** May မှာပဲ 2NL ရပြီးတော့ July မှာ interview ဝင်ခဲ့ပါတယ်

-သံရုံးအဝင်မှာ IGCSE O နဲ့ AS အောင်လက်မှတ် နှစ်ခုလုံး ပေးလိုက်ပါတယ်

- Interviewer က
‘You did IB or A level? ‘ လို့မေးပါတယ်
international baccalaureate (IB) or A level

-A level ဆက်ဖြေပြီး US ရောက်ရင် college ဆက်တက်မယ်လို့ ပြောလိုက်ပါတယ်

- ဘာမှ ထွေထွေထူးထူးထပ်မမေးပါ visa အောင်ပါတယ်

- တကယ်လို့ interviewer ရစ်လာခဲ့ရင်လည်း O level နဲ့တက္ကသိုလ်တိုက်ရိုက်တက်လို့ရကြောင်းပြောပြဖို့ ထိပြင်ဆင်ထားပါတယ် (အောက်က University Of Maryland Baltimore County ရဲ့ admissions စာရွက်ကို ယူသွားပါတယ်)

- US ရောက်တော့လည်း Community College က IGCSE O level ကို လက်ခံပြီး ကျောင်းတန်းတက်လို့ရခဲ့ပါတယ်

-နောက်မှ အချိန်ရရင် US ရဲ့ college life အကြောင်းဆက်ရေးပေးပါမယ်

* GCE နဲ့ IGCSE က အတူတူပါ ( UK systems)

**** GED နဲ့ IGCSE O level မတူပါ
**** GED အောင်လက်မှတ်နဲ့တော့ DV Visa မရနိုင်ပါ

-ချုပ်ပြောရရင်
လက်ထဲမှာ ဘာအောင်လက်မှတ် မရှိတာနဲ့စာရင် IGCSE O level အောင်လက်မှတ်ရှိတာက အခွင့်အရေးအများကြီးသာပါတယ်

Cambridge က တော့ O level ဟာ US high school diploma နဲ့ ညီတယ်လို့ ဆိုထားပါတယ်

(DV အတွက်ဆို အောင်ဖို့ပဲလိုတာပါ Grading ကောင်းဖို့ မလိုပါ)

A level ကတော့ college level courses and exams for high school students လို့ဆိုပါတယ်

Quora မှာလည်း Retired US Counselor Officer တယောက်ကို IGCSE O level အကြောင်းမေးဘူးတယ်။ သူကတော့ O level နဲ့ University တက်လို့ရရင် DV eligible ဖြစ်တယ်လို့ပြန်ဖြေပါတယ်။

Consular ကမေးခွန်းတွေမေးလာရင်လည်း မကြောက်ပဲ အကျိုးအကြောင်းသေချာရှင်းပြနိုင်ရင်
အဆင်ပြေမှာပါ

Case တခု နဲ့ တခု ၊ Consular officer တယောက်နဲ့ တယောက် အခြေအနေချင်း မတူကြတဲ့အတွက် ရလဒ်ကွဲပြားမှုတွေတော့ရှိနိုင်ပါတယ်

အားလုံးပဲ အဆင်ပြေကြပါစေ

Viccent




https://americantranslationservice.com/foreign-credential-evaluation-in-usa-gce.html #:~:text=The%20GCE%20“O”

https://www.cambridgeinternational.org/usa/about-cambridge-international-us/the-cambridge-pathway/ #:~:text=Typically%20offered%20in%20early%20high,a%20US%20high%20school%20diploma.

ယနေ့စစ်ပြီးသော Winner အချို့ကိုဖော်ပြလိုက်ပါတယ်။ Winner ရရှိသူများကိုလည်း ဖုန်းဆက်အကြောင်းကြားပြီးပါပြီ။ စစ်ရန်ကျန်ရှိနေ...
08/05/2023

ယနေ့စစ်ပြီးသော Winner အချို့ကိုဖော်ပြလိုက်ပါတယ်။ Winner ရရှိသူများကိုလည်း ဖုန်းဆက်အကြောင်းကြားပြီးပါပြီ။
စစ်ရန်ကျန်ရှိနေသေးတာမို့ ဆက်လက်ရင်ခုန်စွာအဖြေစောင့်ကြပါအုန်း။ Viber လေးလည်းမကြာခနစစ်ပေးကြပါ။ ညဘက်စစ်ပြီးတာနဲ့ Winner ဆိုစာလာပို့ပါမယ်။

ယခုနှစ်မပါသူများလည်းစိတ်ဓာတ်မကျပါနဲ့။ နောက်နှစ်တွေထပ်မံကြိုးစားဖို့အခွင့်အရေးရှိပါသေးတယ်။ အခြားသော Visa type များနဲ့လည်း သွားနိုင်အောင် service ပေးဖို့အစီအစဉ်တွေလာပါမယ်။

ချစ်ခြင်းများစွာဖြင့်
Connect DV Service
Viber: +959 442 630 611
Email: [email protected]

#ဒီဗီ #ဒီဗွီ

07/05/2023

ကံထူးရှင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်စကားလေးတွေကို မျှဝေပေးလိုက်ပါတယ်။
…………….
DV 2024 မပေါက်တော့ဘာဖြစ်လဲ။
စိတ်ဓါတ်ကျစရာမှမဟုတ်တာ ။
လူတိုင်းကောင်းတာပဲဖြစ်ချင်ကြတာပဲလေနော် ။
2024 မပေါက်ရင် 2025,2026 နှစ်စဥ်တိုင်းဆက်တိုက်
DV ကကံစမ်းလို့ရနေသေးတာပဲ ။
ဒီနှစ်မပေါက်လည်း နောက်နှစ်တွေဆက်ပြီး
ကံစမ်းဖို့ကကိုယ့်အလုပ် ။

ကျနော်တို့ခေတ်က DV ကိုကံစမ်းရတာအရမ်း
လွယ်သွားပါပြီ ။ ကိုယ်တိုင် Online မှာကံစမ်းလို့
ရသလို ၊ အလုပ်ရှုပ်မခံချင်လို့ဖြစ်ဖြစ် ၊
မလုပ်တတ်လို့ဖြစ်ဖြစ် Service ​ပေးတဲ့ Agent တွေ
မှိုလိုပေါနေပါပြီ ။ အရင်ခေတ်တွေတုန်းကလို
စာတိုက်ပုံးထဲသွားသွားထည့်ပြီး စမ်းတဝါးဝါးနဲ့
ကံစမ်းရတဲ့ခေတ်မှမဟုပ်တော့တာ ။

ကျနော်ကတော့ ၃ ကြိမ်မြောက်မှာ
ကံထူးသွားတာပါ။ ကျနော် 2021 ပေါက်ခဲ့တုန်းက
ကျနော်တို့နဲ့အတူကံထူးရှင်ဦးလေးတစ်ယောက်
ပါလာပါတယ်။သူဆို အမေရိကားကို
ရောက်ချင်လွန်းလို့ ကံစမ်းလာတာ အနှစ်(၂၀)ကျော်
တောင်ရှိပါပြီ။ DV ကံစမ်းဖို့အချိန်ရောက်လာတာနဲ့ပြင်ဆင်ပြီးစာတိုက်ပုံးထဲစာသွားထည့် ၊ ဘယ်အချိန်
အိမ်ကိုကံထူးကြောင်းစာတိုက်က စာပြန်လာမလဲ
မျှော်နေရတာ နှစ်(၂၀)ကျော်တောင်ဆိုတော့
မျှော်ရတာဘယ်လောက်ရင်မောလိုက်မလဲနော်။
အသက်(၃၀)ဝန်းကျင်က DV ကိုကံစမ်းလာတာ
အသက်(၆၀)နားကပ်မှကံထူးရှင်ဖြစ်တာပါ။

အားပေးချင်တာတစ်ခုက စိတ်ဓါတ်မကျပါနဲ့။
အမေရိကား DV Green Card Visa အိပ်မက်က
စျေးကြီးပါတယ်။ အမေရိကားကလူတိုင်း
လာချင်သလို လာလို့လွယ်တာမှမဟုပ်တာ။
အမေရိကားရှိနေသေးသရွေ့ DV ကကံစမ်းလို့
ရနေဦးမှာပါ ။ ကံထူးသွားသူအတွက်
ဝမ်းသာပီတိဖြစ်မိသလို ၊ ကံမထူးသေးတဲ့သူတွေအတွက်လည်း နောက်နှစ်တွေဆက်ပြီး ကံစမ်းပါလို့အားပေးချင်ပါတယ်.... ။

#စခွါခွါ

Server down နေတဲ့ကြားကနေ ပထမဆုံး ၁၀ ယောက်စစ်လိုက်တဲ့ထဲ ပန်းပဲတန်းက အစ်မမိသားစုသုံးယောက် စတင်အိတ်ဖောက်ကံထူးသွားပါပြီ။မနှစ...
06/05/2023

Server down နေတဲ့ကြားကနေ ပထမဆုံး ၁၀ ယောက်စစ်လိုက်တဲ့ထဲ
ပန်းပဲတန်းက အစ်မမိသားစုသုံးယောက် စတင်အိတ်ဖောက်ကံထူးသွားပါပြီ။
မနှစ်ထဲကစပြီး အမျိုးသားဉီးဆောင်ရောအမျိုးသမီးဉီးဆောင်ရောအပြန်အလှန်နဲ့ မိသားစု ၂စောင်လျှောက်ထားတာ အခု second time မှာကံထူးသွားပြီ။ မလျှော့သောဇွဲ နဲ့ပါလာသောကံကောင်းခြင်းတွေဟာသက်သေပါပဲ။

မနှစ်ကတော့ ၁၆ယောက်မြောက်မှာစကံထူးသူတွေ့ ယခုနှစ်တော့ ၁၀ယောက်မြောက်ထဲက ကံထူးရှင်စတွေ့ပါပြီ။
ကျန်တဲ့သူတွေ အားလုံး Best of Luck

30/04/2023

"အမေရိကားမှာ အင်္ဂလိပ်စကားမတတ်ရင်အလုပ်ရမလား?
တစ်ရက် လူတစ်ယောက် ကျွန်မတို့အိမ်တံခါးလာခေါက်ပါတယ်။စပိန်လူမျိုးတစ်ယောက်ဖြစ်ပြီး ဆံပင်ညှပ်
ဖို့လာတာဖြစ်ကြောင်း အမူအရာနဲ့ပြောပါတယ်။ကျွန်မက
အမျိုးသားအပြင်သွားနေလို့ ညနေခြောက်နာရီကျရင်ပြန်
လာခဲ့ပါလို့ ပြောတာကို သူနားမလည်ပါဘူး။သူ့ဖုန်းထဲကနေ
Note ကိုပြပြီး စာနဲ့ ရေးခိုင်းပါတယ်။"Please,comeback
6pm"လို့ ရေးပြလိုက်မှ ဪဆိုပြီးထွက်သွားပါတယ်။
ယောကျ်ားပြန်လာတဲ့အခါ ပြောပြလိုက်တော့ မက္ကဆီကိုကနေ အမေရိကားကိုဝင်လာတဲ့ Spanish (စပိန်လူမျိုး)
Outside လို့ခေါ်တဲ့ လမ်းလုပ်သားဖြစ်တယ်လို့ပြောပြပါတယ်။"သူက ဒီမှာအလုပ်အဆင်ပြေလို့ မက္ကဆီကိုမှာရှိတဲ့
သူ့မိသားစုတွေကိုတောင် လေယာဉ်နဲ့ခေါ်မှာတဲ့""အင်္ဂလိပ်
စကားတစ်လုံးမှတောင် မတတ်ဘဲ ယောကျ်ားနဲ့ဘယ်လို
စကားပြောကြတာတုန်းဆိုတော့ ဓာတ်ပုံပြပြီးလက်ဟန်ခြေဟန်နဲ့ ပြောကြတာ" လို့ဆိုပါတယ်။
အမေရိကားမှာ လူတန်းစားမျိုးစုံ/အသားအရောင်
မျိုးစုံရှိပါတယ်။အင်္ဂလိပ်စကားမတတ်တဲ့သူတွေလည်း
အများကြီးရှိပါတယ်။အဲလို အင်္ဂလိပ်စကားမတတ်တဲ့သူ
တွေလည်း အလုပ်ရကြပါတယ်။ပညာရေးထောက်ခံစာပြ
ရတဲ့အလုပ်ရှိသလို/ID/Green card/work permit ပြရုံနဲ့
လုပ်လို့ရတဲ့ အလုပ်တွေလည်း အများကြီးရှိပါတယ်။ဒီ
အလုပ်ကို Unskill အလုပ်လို့ခေါ်ပါတယ်။အလုပ်ခွင်ထဲမှာ
လုပ်တတ်ကိုင်တတ်အောင် tranier တွေက စိတ်ရှည်ရှည်နဲ့
သင်ပေးပါတယ်။Warehouse လို့ခေါ်တဲ့ companyတွေ
မှာ လုပ်ဖို့ဆိုရင် ဘာပညာအရည်အချင်းမှ မလိုပါဘူး။
Company ထဲမှာ ငှာနပေါင်းစုံရှိပါတယ်။အင်္ဂလိပ်စာ/စကား
မတတ်ရင် supervisor တွေက သူနဲ့အဆင်ပြေမဲ့နေရာမှာ
နေရာချထားပါတယ်။
ကျွန်မလက်ရှိလုပ်နေတဲ့ Shoe Show company
ဟာလည်း unskill သမားတွေလုပ်ကြတဲ့အလုပ်ဖြစ်ပါတယ်။အင်္ဂလိပ်စကားမတတ်တဲ့ နီပေါ/စပိန်/လူမည်း(အာဖရိက)တွေအများကြီးရှိပါတယ်။လုပ်ငန်းခွင်မှာတော့
သူတို့တွေက "Me hungry/Me go now" စတဲ့broken english သုံးကြပါတယ်။အမေရိကားမှာ တစ်ယောက်နဲ့
တစ်ယောက် နှိမ့်ချတာ/ခွဲခြားဆက်ဆံတာတွေ/အသားအရေခွဲခြားတာတွေကို ဥပဒေကလုံးဝတားမြစ်ထား
တာကြောင့် ဘာစကားမှ မတတ်လည်း လုပ်ငန်းကျွမ်းကျင်ရင် သိမ်ငယ်စရာမရှိပါဘူး။လုပ်ငန်းခွင်ထဲမှာ
အိမ်သာဆေးတဲ့သူတောင် မိသားစုကို လုပ်ကျွေးနေသူမို့
လုပ်သက်များရင် လုပ်အားခအရမ်းများပါတယ်။
ကျွန်မတို့ company က နိုင်ငံတကာက တင်ပို့လာတဲ့
ဖိနပ်ပေါင်းစုံကို လက်ကားဆိုင်ခွဲတွေဆီ ဖြန့်ချိရောင်းချ
နေတဲ့လက်ကားဒိုင်ဖြစ်ပါတယ်။ကွန်ပျူတာအသေးစားနဲ့
တူတဲ့ စက်လေးတွေထဲရေးမှတ်ရတဲ့ငှာနရှိသလို/စာတစ်လုံးမှပြောဖို့/ရေးဖို့ မလိုတဲ့ ငှာနတွေလည်းရှိပါတယ်။ဒါပေမဲ့
ABCDနဲ့ 1/2/3 တတ်ထားရင်တော့ အကောင်းဆုံးပေါ့နော်။
အလုပ်ထဲမှာ အင်္ဂလိပ်စကားလုံးဝမတတ်တဲ့ ကယား/ကရင်
တိုင်းရင်းသား ဦးလေးကြီးတွေ/အသက်ငါးဆယ်ကျော်လူကြီးတွေ အများကြီးရှိပါတယ်။သူတို့နဲ့စကားပြောချင်ရင်
မြန်မာစကားကို သူတို့စကားနဲ့ဘာသာပြန်ပေးတဲ့သူနဲ့ပြောရပါတယ်။သူတို့က Thai camp မှာ ဆယ့်ငါးနှစ်လောက်နေလာကြသူတွေမို့ သူတို့တိုင်းရင်းသားစကားနဲ့ ထိုင်းစကားပဲ
တတ်ကြပါတယ်။အသက်ငါးဆယ်ကျော် နီပေါ/မြန်မာနိုင်ငံ
သားတွေ အများစုက အလုပ်ထဲမှာ Stock(ဖိနပ်ဖာတွေကို
သူ့ အတိုင်/အတန်းတွေရဲ့ ထိပ်မှာစီပေးရတဲ့အလုပ်)မှာ
လုပ်ကြပါတယ်။ဇုံတစ်ခုမှာ အတန်း line နံပါတ်၄၀ထိရှိတာ
မို့ ကိုယ်တာဝန်ယူရတဲ့ line အလိုက် ဖိနပ်ဖာပုံးတွေကို မှန်
အောင်နေရာချထားဖို့ လိုအပ်ပါတယ်။ဒီငှာနအတွက်သုံးမဲ့
အင်္ဂလိပ်စာ 1/2/3ကိုတော့ Tranier တွေက သင်ပေးပါတယ်။လုပ်သက်ကြာလာတာနဲ့အမျှ လုပ်ငန်းကျွမ်းကျင်သွားကြပါတယ်။Stock မှာလုပ်တဲ့ ဦးလေးတွေ
ကို လုပ်သက်မေးကြည့်ရင် ငါးနှစ်နဲ့ဆယ်နှစ်အထက်မှာ
ရှိကြပါတယ်။ကျွန်မတို့ Companyက လုပ်ငန်းခွင်စိတ်ဖိစီး
မှု လုံးဝ မရှိတာကြောင့် အလုပ်ဝင်သူတိုင်း မြဲကြပါတယ်။
လုပ်ငန်းခွင်မှာ ခါးကုန်းနေတဲ့ လူဖြူ အဖိုးကြီး/အဖွားကြီး
တွေကအစ ပျော်ပျော်ပါးပါးအလုပ်လုပ်ကြပါတယ်။
ဒါပေမဲ့ စားသောက်ဆိုင်/ကုန်တိုက် Cashier နဲ့
customer serviceတွေမှာ တော့ အင်္ဂလိပ်စကားတတ်ဖို့လို
ပါတယ်။တချို့ အင်္ဂလိပ်စကားအခြေခံရှိပြီးသူတွေ/မြန်မာ
နိုင်ငံကနေ ဆယ်တန်းအောင်ပြီးသူတွေ အင်္ဂလိပ်စကားပို
ပြီး ရေရေလည်လည်ပြောနိုင်အောင် လူတွေနဲ့ ပြောဆို
ဆက်ဆံရတဲ့ အလုပ်တွေ ရွေးလုပ်ကြပါတယ်။တစ်ကယ်
လို့ ကိုယ်က အင်္ဂလိပ်စကားလည်းမတတ်/လူကလည်း
မလည်မဝယ်/ထုံထုံထိုင်းထိုင်းဆိုရင်တောင်မှ အလုပ်လက်မဲ့ဖြစ်နေရတယ်ဆိုတာ မရှိပါဘူး။အမေရိကား
မှာ Unskill အလုပ်တွေ အများကြီးရှိပါတယ်။စက်နဲ့အပြိုင်လုပ်ရတဲ့ စက်ထဲကနေထွက်လာတဲ့ Productတွေ
ကို ကောက်ယူပြီးထုတ်ပိုးရတာမျိုး/ဘောလ်ပင် company/
ဆေးရုံသုံးပစ္စည်းတွေထုတ်ပိုးရတာမျိုး/အသားငါးစက်ရုံ
တွေမှာဆိုရင် ကိုယ့်ရှေ့စက်နဲ့ရောက်လာတဲ့ ကြက်ရင်/ပေါင်စတာတွေကို တစ်နေကုန်ခွဲရတာမျိုး/ပီဇာ company
ဆိုရင် ပီဇာထုတ်ပိုးရတာမျိုး အင်္ဂလိပ်စာနဲ့စကား သုံးစရာ
မလိုတဲ့ အလုပ်တွေ အများကြီးရှိပါတယ်။
တချို့က အမေရိကားမှာနေရင် အင်္ဂလိပ်စကား
ကို သေစာ/ရှင်စာတတ်မှဖြစ်မယ်ဆိုတဲ့ စိတ်ရှိကြပါတယ်။အဲလိုလူတွေက ESLလို့ခေါ်တဲ့ English as a Second
Language classတွေ အခမဲ့ တက်လို့ရပါတယ်။ဒီ program
က အင်္ဂစာအရေး/အဖတ်အပြောကို လက်တွေ့အသုံးချပြီး
ပြောဆိုလို့ရတဲ့အထိ သင်ကြားပေးတာပါ။နီပေါနိုင်ငံသား
အဖိုး/အဖွားတွေက ဇွဲရှိရှိနဲ့ Bus ကားစီးပြီး ESL တက်ကြ
ပါတယ်။မြန်မာနိုင်ငံသားတွေကတော့ ဉာဏ်ပြေးကြသူ
တွေမို့ အလုပ်လုပ်ရင်းနဲ့ပဲ အင်္ဂလိပ်စကားကို နားရည်ဝသွား
ပြီး လူတွေနားလည်အောင် ပြောတတ်ဆိုတတ်သွားကြပါ
တယ်။
ဘာကြောင့် အမေရိကားမှာ အင်္ဂလိပ်စကားမတတ်သူတွေလည်းရှင်သန်နေထိုင်လို့ရသလဲ ဆိုတာအချုပ်
အနေနဲ့ ပြောရရင် စီးပွါးလုပ်ငန်းပေါင်းစုံရှိနေလို့ /အခြေခံ
အလုပ်သမား/ကာယလုပ်သားလုပ်အပ်မှုတွေ အရမ်းများ
နေတဲ့အတွက်ကြောင့်ပါပဲ။အမေရိကားရဲ့ စက်ရုံတွေမှာ ကာယလုပ်သားအနေနဲ့ လုပ်နေရပေမဲ့ နှစ်ပေါင်း ၃၀
payment planနဲ့ အိမ်ဝယ်နိုင်တယ်။ကားကောင်းကောင်း
ဝယ်စီးလို့ရသလို/အိမ်ထဲမှာ ဇိမ်ခံပစ္စည်းအစုံအလင်နဲ့
နွေဆိုရင် အဲကွန်း/ဆောင်းဆို အပူပေးစက်(Heater)အိမ်
တိုင်း/အခန်းတိုင်း ကိုယ်ကြိုက်သလို ဖွင့်လို့ရတာကြောင့်
အမေရိကားမှာ ရှင်သန်နေထိုင်ရခြင်းရဲ့ အားသာချက်
တစ်ခုလို့ ပြောလို့ရပါတယ်ရှင်။
ညနေမိုး(ကလေး)
-Kalay

Address

Nyaung Tone Street

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959442630611

Website

Alerts

Be the first to know and let us send you an email when Connect DV Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Connect DV Service:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share