Thit Sar Shin Car Rental

  • Home
  • Thit Sar Shin Car Rental

Thit Sar Shin Car Rental To serve your transportation with our best vehicles!

09/02/2024

ရည်းစားမထားဘဲ ချောကလက်

ရနည်း… See more

11/01/2024
01/01/2024

Happy New Year 2024 မင်္ဂလာရှိသောနှစ်သစ်မှစ၍ သက်ရှည်ခြင်း၊ကျန်းမာခြင်း၊အောင်မြင်ခြင်း၊တိုးတက်ကြီးပွားခြင်း၊ဘေးအန္တရာယ်ကင်းရှင်းခြင်း၊လာဘ်လာဘပေါများခြင်း၊ကံကောင်းခြင်းဆုလာဘ်အပေါင်းနှင့်ပြည့်စုံပါစေလို့ ကျ​တော်များ TSS Thit Sar Shin Car Rental 🙏🙏🙏 မှ ဆု​တောင်းပါတယ်

26/12/2023
Online ပေါ်မှာ ကားထဲကဆီကို ဘယ်လို ပြန်ထုတ်ရမလဲလို့ မေးထားလို့ ပြန်ဖြေပေးပါမယ်။JDM ကားတွေမှာ ဆီဖြည့်ရင် ဆိတိုင်ဂီ အပြည့် ...
11/12/2023

Online ပေါ်မှာ ကားထဲကဆီကို ဘယ်လို ပြန်ထုတ်ရမလဲလို့ မေးထားလို့ ပြန်ဖြေပေးပါမယ်။
JDM ကားတွေမှာ ဆီဖြည့်ရင် ဆိတိုင်ဂီ အပြည့် ကနေ စပြီး ပိုက်လည်ပင်းနေရာမှာ ဆီစစ်စကာရှိပါတယ် ။
ကားတစ်စီးမှာ တစ်ခုပဲပါပါတယ်။ Carbon နန်းကြိုးမျှင်များစွာနှင့် လုပ်ထားပါတယ်။
အဲဒါက ဘာကိုအကျိုးပြုလဲဆိုတော့ ကားထဲထည့်တဲ့ဆီမှာ မသန့်တဲ့ ခဲဓါတ်တွေပါရင် စုပ်ယူထိန်းသိမ်းထားပြီး အပူရှိန်နှင့် လောင်ကျွမ်းစေပါတယ်။ အဲဒိ Filter အပြင်မှာ လုံးဝ (လုံးဝ) ဝယ်မရပါ။
အဲဒိ Filter မကောင်းရင် ဆီပန့် Filer ကို လဲရတဲ့ဖြစ်စဥ် ဖြစ်ပါမယ်။
ဒီတော့ ခဏတာ အကျိုးအမြတ်နဲ့ ကားတစ်စီးရင်းပြီး ဆီထုတ် ရောင်းစားနေသူများ ရေရှည်ကိုကြည့်ပါ။
ဆီပန့် Filter က အလွယ်တကူဝယ်မရပါ။
အကြောင်းတရားနှောက်မှာ အကျိုးတရားရှိတယ် ဆိုတာ သိကြပါ။
ခင်ဗျားတို့ အရင်က သုံးခဲ့တဲ့ ကာပရိုက်တာ အဆင့် ကားတွေ 1986 model ကားတွေလောက်ပဲတွေးတက်ရင်တော့ ?

Crd : Ko Chit Ko Ko

Date မကြည့်ဘဲ ဝယ်မိလို့...၃လလောက်ဘဲသုံးရပြီးဂန့်သွားဘူးတယ်..ဝယ်တဲ့ဆိုင်မှာ ပြန်သွားပြောတော့အသစ် ဆင်တူနောက် တစ်လုံးလဲပေးတ...
06/12/2023

Date မကြည့်ဘဲ ဝယ်မိလို့...
၃လလောက်ဘဲသုံးရပြီးဂန့်သွားဘူးတယ်..ဝယ်တဲ့ဆိုင်မှာ ပြန်သွားပြောတော့အသစ် ဆင်တူနောက် တစ်လုံးလဲပေးတယ်..ဒါလည်း ၃လ လောက်ဘဲခံတယ်...အားနာလို့ ထပ်မပြောရဲတော့ဘူး...

အိုးခြောက်ဘက်ထရီများသည် စက်ရုံမှထုတ်ပြီး (၆)လအတွင်း စတင်သုံးစွဲရန် လိုအပ်ပါသည်။
စက်ရုံမှ ထုတ်လုပ်မှု သက်တမ်းနေ့စွဲကို အောက်ပါအတိုင်း စစ်ဆေးနိုင်ပါသည်။
အသားတံဆိပ်ရိုက်နှိပ်ထားသော ဘက်ထရီ အိုးပေါ်ရှိ ပုံတွင် ပြထားသော ကုဒ်ကို ရှာဖွေ ဖတ်ရှုရပါမည်။ တစ်စုံတစ်ရာ ပြင်ချက်မရှိရပါ။
>> ပုံတွင် ပြထားသော အသားတံဆိပ် 8F04B သည် စက်ရုံမှ ထုတ်လုပ်သည့် နေ့စွဲဖြစ်ပါသည်။
>> 8 သည် 2018 ခုနှစ်
>> F သည် June လ ( A=Jan,B,C,D,E,F,G,H,J,K,L,M သည် လအစဉ်ဖြစ်ပါသည် )
>> 04 သည် Date ရက်
>> B သည် တပ်ဆင်ထုတ်လုပ်စစ်ဆေးသည့် production လိုင်း ကို ကိုယ်စားပြုပါသည်။
ဒါကြောင့် 8F04B သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် B အဖွဲ့မှ တပ်ဆင်ထုတ်လုပ်ထားသည့်ဟု သိရှိနိုင်ပါသည်။

02/12/2023

ခရီးထွက်ပါ
______________
( 1 ) ခရီးထွက်ပါ
မွန်းကြပ်နေတဲ့ သင့်စိတ်တွေ ပြန်လည်လန်းဆန်းသြားစေဖို့။

( 2 ) ခရီးထွက်ပါ
မတူညီတဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာသိရှိဖို့။

( 3 ) ခရီးထွက်ပါ
ဒေသန္တရ ဗဟုသုတတွေ တိုးပွားအကျိုးများစေဖို့။

( 4 ) ခရီးထွက်ပါ
အတွေးသစ် အမြင်သစ်တွေ ရရှိခံစားနိုင်ဖို့။

( 5 ) ခရီးထွက်ပါ
ပုံမှန်ကမ်ဘာလေးထဲမှရုန်းထွက် ကမ်ဘာသစ်ကြီးဆီသို့။

( 6 ) ခရီးထွက်ပါ
ပျင်းစရာကောင်းလွတဲ့ ပုံမှန်အသိုက်ကလေးဆီမှ ပို၍ကြီးကျယ်ခမ်းနားသော အသိုက်အမြုံကြီးဆီသို့။

( 7 ) ခရီးထွက်ပါ
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းတွေဖွင့်ဖို့။

( 8 ) ခရီးထွက်ပါ
အတွေ့အကြုံ ဗဟုသုတတွေ မြောက်များစွာရရှိဖို့။

( 9 ) ခရီးထွက်ပါ
ပိတ်လှောင်နေတဲ့အခန်းငယ်လေးအတွင်းမွ
တဒင်္ဂလွတ်မြောက်ပျော်ရွှင်စေဖို့။

( 10 ) ခရီးထွက်ပါ
မြို့ပြရဲ့မွန်းကြပ်မှုတွေအောက်မွ တဒင်္ဂလွတ်မြောက်ချမ်းသာဖို့။

အရှင်လက္ခဏ(အင်းပါ)

10/11/2023

သဘာဝအလှ

30/10/2023

#သတိပြုရန်
မန္တလေးမှ ရှမ်းမြောက်ပြန်မည့်သူများ နောင်ချို-တောင်ကြီးလမ်းမှ ပတ်ပြီးပြန်မည်ဆိုပါက အရေးကြီးဆုံး ကိုသတိပြုမိရန်ပါ။
နောင်ချို-ကံကြီး-တောင်းခမ်း-နားရှိုး ပြီးလျင် 16 ကွေ့ ဆင်းရပါမယ်။တံတားကျော်တာနဲ့ရှမ်းတောင် ထဲဝင်ပါပြီ။
ပြောချင်တာက အဆင်းမတ်စောက်ပြီး သတိထားရအောင်ပါ။လမ်းညာဘယ်မှာ ဂွေ့နံပါတ်တွေရေးထားပါတယ်။16 ဂွေ့ကနေ စဆင်းတာနဲ့ အော်တီုဂီယာ ဆိုရင် D နဲ့မဆင်း ပဲ 2 နဲ့ဆင်းပါ။ ကြားထဲမှာ ပြေးတက်ပြေးဆင်း ကုန်းတွေကအဆင်ပြေသလို မှန်မှန်ပဲဆင်းပါ။
8 ဂွေ့စဆင်းဖို့ ကွန်ဂရက် ဂွေ့ကနေစပြီး ဟိုး တောင်အောက်ရောက်တဲ့အထိ အော်တီဆိုရင် L နဲ့ဆင်းပါ။
ရိုးရိုးဂီယာဆို 1 နဲ့ပဲဆင်းပါ။မပေါ့ပါနဲ့ တကယ်မတ်ပါတယ်တောင်က။အဲ့ဒီ 4 ဂွေ့ကနေ 5ဂွေ့ကိုအတက်ဆိုရင် ဆိုင်ကယ် ဂီယာ 2 ကနေ1ချိန်းပြီး လီဗာ ဆောင့်ဆွဲမိရင် နောက်ကျွမ်းပါပြန်ကြအောင် မတ်တာပါ။
စိတ်ရှည်ရှည်ဆင်းပါ။ကားဘယ်လောက်ကောင်းကောင်း ဘရိတ်ရှူးအရမ်းပူရင် ဘရိတ်ကမာလျှောပြီး မမိတော့ပါဘူး ။
ဂွေ့တွေမှာလဲ ဟွန်းတီးကြပါ။
သိသူများ သိကြပြီး၊ မပေါ့ရဲကြသလို မသိသူများကလည်း မကြောက်ကြပဲ မကြာခဏ ဒုက္ခ ရောက်ကြသူတွေများလို့ပါ။
ဂုတ်တွင်း ပိတ်ထားလို့ တောင်ပိုင်းလမ်းကနေပတ်ပြန်ဖို့ ဖုန်းဆက်ပြီး မေးနေကြသော မိတ်ဆွေများ နှင့် မသိသေးသောသူများ လိုရာခရီးအန္တာရယ်ကင်းစွာ ရောက်ရှိနိုင်ရန် ဒီစာကို ရေးရပါတယ်။
အားလုံးပဲ လိုရာခရီး ဘေးကင်းကင်းဖြင့် သွားနိုင်ကြပါစေ။❤️
စိုင်းအောင်နိုင်ဦး
30.10.2023 10:00 AM

ဒီရက်ပိုင်း လမ်း​ပေါ်ကမင်းသား​လေးများဘာကားလိုလို Hello095110600
22/07/2023

ဒီရက်ပိုင်း လမ်း​ပေါ်ကမင်းသား​လေးများ
ဘာကားလိုလို Hello
095110600

09/06/2023

အမြွှာ​လေးနဲ့ပုဂံမှာ​တွေ့

ဘာကားလိုလို ဟလို 095110600
07/06/2023

ဘာကားလိုလို ဟလို 095110600

Hello 095110600
18/05/2023

Hello 095110600

29/04/2023

ရာသီဥတု အပူချိန် 40'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် .....

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

Address


Telephone

+9595110600

Website

Alerts

Be the first to know and let us send you an email when Thit Sar Shin Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thit Sar Shin Car Rental:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share