Family Myanmar Travels & Tours

  • Home
  • Family Myanmar Travels & Tours

Family Myanmar Travels & Tours Love to Travel is Love yourself.

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့မှာ စိန်ပန်းပင်တွေနဲ့ အလှဆင်ထားပုံ...☘️Crd; Photo လေးစားစွာ Crd ပေးပါတယ်
24/06/2024

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့မှာ
စိန်ပန်းပင်တွေနဲ့ အလှဆင်ထားပုံ...☘️

Crd; Photo
လေးစားစွာ Crd ပေးပါတယ်

ရွာငံလမ်း နှင့် မိုးရာသီCrd;Kalaw Traveling ပြန်လည်မျှဝေခြင်းပါ
22/06/2024

ရွာငံလမ်း နှင့် မိုးရာသီ

Crd;Kalaw Traveling
ပြန်လည်မျှဝေခြင်းပါ

နှစ်ပေါင်း ( ၁၀၀၀ ) ကျော်ပြီဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရား‌ကျောင်းကြီးဖြစ်သော အင်ဒိုနီးရှားနိုင်ငံရှိ  #ဗောရောဗ...
19/06/2024

နှစ်ပေါင်း ( ၁၀၀၀ ) ကျော်ပြီဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရား‌ကျောင်းကြီးဖြစ်သော အင်ဒိုနီးရှားနိုင်ငံရှိ #ဗောရောဗုဓော

#တည်‌ဆောက်သူ - ဆေးလင်ဒြာမင်းဆက်

#တည်ဆောက်သည့်ခုနှစ် - AD 9 ရာစု

#တည်နေရာ - အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗား အလယ်ပိုင်း၊ မေဂျလန်တွင် တည်ရှိသည်။

#ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် - ၇၂ ဆူ

#ဗုဒ္ဓဆင်းတုတော် - ၅၀၄ ဆူ

▪️ရှေးခေတ်က #သီရီဝိဇယ‌နိုင်ငံ လို့ခေါ်တဲ့ အင်ဒိုနီးရှားကျွန်းစုသည် AD 7 ရာစု မှ AD 12 ရာစုအတွင်း ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ နိုင်ငံတော်များ အဖြစ် တည်ရှိခဲ့တာဖြစ်ပါတယ်။ AD 7 ရာစုမှ အစပြု၍ အင်အားကြီးသော သီရီဝိဇယ ရေကြောင်းနိုင်ငံတော်သည် စည်ပင်ထွန်းကားလာခဲ့ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးလာခြင်းမှာ ၎င်းတို့နှင့်အတူ တင်သွင်းလာသော ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့ကြောင့်လို့ ဆိုရပါမယ်။ ယခုအခါ အင်ဒိုနီးရှားနိုင်ငံတွင် ဟိန္ဒူဘာသာဝင် 1.74% နှင့် ဗုဒ္ဓဘာသာဝင် 0.8% နေထိုင်ပါတယ်။ အင်ဒိုနီးရှားကျွန်းစုများအတွင်း မွတ်စလင်များ နေထိုင်မှု၏ အစောဆုံး အထောက်အထားအဖြစ် AD 13 ရာစု( လွန်ခဲ့သောနှစ် ၇၀၀ ဝန်းကျင် )က ဆူမတြာကျွန်း မြောက်ပိုင်းတွင် ဖြစ်ပြီး မွတ်စလင်ကုန်သည်များသည် အရှေ့တောင်အာရှမှတဆင့် အစ္စလာမ်ခေတ်တွင် ပထမဆုံး ရောက်ရှိလာခဲ့ကြပါတယ်။ ထို့‌‌နောက် ကျွန်းစုများ၏ အခြားအပိုင်းများတွင် အစ္စလာမ်ဘာသာကို တဖြည်းဖြည်း ကူးပြောင်း ကိုးကွယ်လာခဲ့ကြပြီး AD 16 ရာစု( လွန်ခဲ့သောနှစ် ၄၀၀ ဝန်းကျင် )အကုန်တွင် ဂျားဗားကျွန်း( ယခု နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော် နေထိုင်) နှင့် ဆူမကြာကျွန်းတို့၌ အဓိကဘာသာ ဖြစ်လာခဲ့ပါတယ်။ ယနေ့အချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

#ဒို့ရှမ်းပြည်
SitNyeinLu
ပြန်လည်မျှဝေခြင်းပါ

Happy Father's dayကမ္ဘာပေါ်ရှိ အဖေများအားလုံးပျော်ရွှင်ကျန်းမာကြပါစေလို့Family Myanmar Travels & Tours မိသားစုမှ ဆုမွန်က...
16/06/2024

Happy Father's day

ကမ္ဘာပေါ်ရှိ အဖေများအားလုံး

ပျော်ရွှင်ကျန်းမာကြပါစေလို့

Family Myanmar Travels & Tours မိသားစုမှ

ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ....🙏🙏🙏

ဘားအံဟာ မိုးရာသီမှာ ပိုလှတယ်တဲ့။ကိုယ်အမြဲတမ်း သွားချင်နေခဲ့တဲ့ မြို့ဟာလည်း ဘားအံပါပဲ☘️တောင်ပေါ်မြို့လေးမဟုတ်ပေမယ့် တောင်...
15/06/2024

ဘားအံဟာ မိုးရာသီမှာ ပိုလှတယ်တဲ့။
ကိုယ်အမြဲတမ်း သွားချင်နေခဲ့တဲ့ မြို့ဟာလည်း ဘားအံပါပဲ☘️

တောင်ပေါ်မြို့လေးမဟုတ်ပေမယ့် တောင်တွေဝန်းရံထားတဲ့မြို့လေးမို့
ဘားအံဟာ တောင်တွေနဲ့မှ၊
ဘားအံဟာ လိုဏ်ဂူတွေနဲ့မှ၊
ဘားအံဟာ ရေတံခွန်တွေနဲ့မှ။
ဘားအံရဲ့ အရသာဟာ သဘာဝပဲ။
ဘားအံဟာ သဘာဝကိုသွားတဲ့ သုခတံခါးပဲ☘️🍀

ဇွဲကပင်တောင် တက်မလား၊
တောင်ဝိုင်းတောင် တက်မလား၊
မြို့နဲ့အနီးဆုံးနဲ့ တက်ရလွယ်ကူတဲ့ ကြာအင်းတောင်ပဲ တက်မလား၊
ဘားအံရဲ့ အလှအပကို အပေါ်ကနေ မိုးပြီး အပြည့်အဝ ကြည့်လို့ရတယ်🌿☘️

ပြီးတော့
တောင်ကြားလမ်းဆိုတာ အလွမ်းတွေ ကြီးစိုးတဲ့နေရာ၊
ကော့ကသောင်ဆိုတာ အမှတ်တရတွေ ကြီးစိုးတဲ့နေရာ၊
ကန်သာယာဆိုတာ လူငယ်ဘဝတွေ ကြီးစိုးတဲ့နေရာ☘️🍀

ဒါဟာ ဘားအံရဲ့ အရသာ၊
ဒါဟာ ဘားအံရဲ့ အမှတ်သညာ။

အားလုံး ငြိမ်းချမ်းသွားတဲ့အခါ
ကိုယ်လည်း လမ်းထိပ်ခဏဆိုပြီး ဘားအံဘက် အလည်ခိုးထွက်ဦးမယ်🍁🌿☘️

Credit to ~ ဘိုနီရယ် ~

Photo credit to owner

ကားသမားတို့ အသုံးဝင်ဖို့ မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ် ၁၄ ခုရဲ့ လမ်းမိုင်ပြ မြေပုံများ.....🏞️
13/06/2024

ကားသမားတို့ အသုံးဝင်ဖို့ မြန်မာနိုင်ငံရှိ

တိုင်းနဲ့ပြည်နယ် ၁၄ ခုရဲ့ လမ်းမိုင်ပြ မြေပုံများ.....🏞️

မုန်လန်ဝမ်ဒုံ ( Munglanwandong ) ဒေသသည် ပူတာအိုရဲ့အနောက်ဖက်မှာတည်ရှိပြီး ရေခဲတောင်နှင့် အနီးဆုံး ဒေသ ဖြစ်ပါသည်။ရေခဲတောင်...
12/06/2024

မုန်လန်ဝမ်ဒုံ ( Munglanwandong ) ဒေသသည်
ပူတာအိုရဲ့အနောက်ဖက်မှာတည်ရှိပြီး ရေခဲတောင်
နှင့် အနီးဆုံး ဒေသ ဖြစ်ပါသည်။

ရေခဲတောင်နောက်ခံရှုခင်းကို အနီးကပ်မြင်နေရသော ဒေသတစ်ခုလည်း ဖြစ်ပြီး သဘာဝတရားနှင့်
အမြဲထိတွေ့ ခံစားမှုရနိုင်သော ဒေသလည်းဖြစ်သည်။

to Khun Rein ( အားရိန် )ဓာတ်ပုံ
#ရေခဲတောင်နှင့်အနီးဖြစ်သောမုန်လန်ဝမ်ဒုံဒေသ
ပြန်လည်မျှဝေခြင်းပါ

ရန်ကုန် - သန်လျင်တံတား အမှတ်(၃) ကြီး စတင်ဖွင့်လှစ်လိုက်ပြီနော်...🌺တံတားစတင်ဖွင့်လှစ်သည့်နေ့တွင် ကားများကို တံတားဖြတ်သန်း...
10/06/2024

ရန်ကုန် - သန်လျင်တံတား အမှတ်(၃) ကြီး
စတင်ဖွင့်လှစ်လိုက်ပြီနော်...🌺

တံတားစတင်ဖွင့်လှစ်သည့်နေ့တွင် ကားများကို
တံတားဖြတ်သန်းခ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရပါတယ်

Photo Credit To Owner
ပြန်လည်မျှဝေခြင်းပါ

ဒုဠဝတီမြစ် နဲ့ ဒုဠဝတီတံတား(နောင်ချို)Crd; 📷 Sai Swan ပြန်လည်မျှဝေခြင်းပါ ခင်ဗျ
03/06/2024

ဒုဠဝတီမြစ် နဲ့ ဒုဠဝတီတံတား(နောင်ချို)

Crd; 📷 Sai Swan
ပြန်လည်မျှဝေခြင်းပါ ခင်ဗျ

မန္တလေးမြို့ကွက်ကို ဘယ်လိုတည်ခဲ့သလဲ ...? #ဝင်းတွေနဲ့တည်ခဲ့သည့်မင်းနေပြည်၄၈ ရပ်သော ပြဿဒ်ရံဝန်းသည်း အတွင်းမြို့ရိုး နန်းမြ...
27/05/2024

မန္တလေးမြို့ကွက်ကို ဘယ်လိုတည်ခဲ့သလဲ ...?

#ဝင်းတွေနဲ့တည်ခဲ့သည့်မင်းနေပြည်

၄၈ ရပ်သော ပြဿဒ်ရံဝန်းသည်း အတွင်းမြို့ရိုး နန်းမြို့တော်

အပြင်မြို့ကွက် ‌

မြောက်ပြင် ၅ ရပ်ကွက်

အရှေ့ပြင် ၇ ရက်ကွက်

တောင်ပြင် ၁၃ ရပ်ကွက်

အနောက်ပြင် ၂၉ ရပ်

မန္တလေးမြို့သည်
ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု
မြို့တော်ဖြစ်မည့် အတိတ်နိမိတ်အတိုင်း
မြန်မာဆန်သော ထီးဟန်၊ နန်းဟန်
အဓိပ္ပါယ်ပြည့်ဝသော အမည်များဖြင့်
ရပ်ကွက်အမည်များ မှည့်ခေါ်ခဲ့၏။

အချို့ရပ်ကွက်များသည်
ရတနာသိင်္ဃပြည်ရွှေဘို၊ အင်းဝ၊ အမရပူရ
မြို့တော်များမှ မြစ်ဖျားခံခဲ့ပြီး
အချို့လည်း ရာဇဝင်သမိုင်းဆိုင်ရာ
အမည်များဖြစ်၏။
အချို့လည်း ဒေသအလိုက် နေရာအခေါ်များ
ပေးခဲ့၏။

မင်းတုန်းမင်းသည်
အလျားအနံ ၁၂ ပြ စီရှိသော
စတုရန်းကွက်ကြီကို အုတ်ရိုး၊ ကျုံး ဖြင့်ကာရံလျက် "လေးကျွန်းအောင်မြေ" ဟုအမည်ပေးခဲ့သည်။
ရပ်ကွက် ၅၄ ဌာနကို အောက်ပါအတိုင်း
အမည်ပေးခဲ့ပါသည်။

အရှေ့ပြင် ၇ ရပ်ကွက်
၁။ ကျွန်လုံးမော် *
၂။ ဝိဇယမဟီ *
၃။ ဇေယျမင်္ဂလာ *
၄။ ဘူမိဇေယျာ *
၅။ မဟာဇေယျဘုံ
၆။ ပြည်ကြီးမျက်မှန်
၇။ ပြည်ကြီးမျက်ရှင်

တောင်ပြင် ၁၃ ရပ်ကွက်
၈။ ပတ်ကုန်းပျော်ဘွယ်
၉။ ဇမ္ဗူမျက်ရှင်*
၁၀။ ပတ်ကုန်းဝန်းကျင်
၁၁။ ရန်မျိုးလုံ
၁၂။ မဟာနွယ်စဉ်
၁၃။ သကျနွယ်စဉ်
၁၄။ မောရဂီဝါ
၁၅။ စိတ်တရမဟီ
၁၆။ ဟေမာဇလ
၁၇။ ကၪၥဏမဟီ
၁၈။ ဟေမမာလာ
၁၉။ ချမ်းမြသာစည်
၂၀။ အောင်ချမ်းသာ *

အနောက်ပြင် ၂၉ ရပ်ကွက်
၂၁။ အမရစံခေါင်
၂၂။ အမရဌာနီ
၂၃။ ပြည်လုံးချမ်းသာ
၂၄။ မဃဂေီရိ
၂၅။ ပုလဲငွေရောင်
၂၆။ ပြည်ကြီးကျက်သရေ
၂၇။ အောင်မြေရန်လုံ *
၂၈။ ဇမ္ဗူကြငှန်း *
၂၉။ ချမ်းအေးသာဇံ
၃၀။ တုလွတ်ရန်အောင် *
၃၁။ ဘေးမဲ့လွတ်ရှောင် *
၃၂။ အောင်နန်းရိပ်သာ
၃၃။ ရတနာဘူမိ
၃၄။ မဟာအောင်မြေ
၃၅။ ကျွန်းလုံးကြေညာ *
၃၆။ ရွှေဘုန်းရှိန်
၃၇။ ကျွန်းလုံးဥသျှောင်
၃၈။ တမ်ပဝတီ
၃၉။ သန်လျက်မော်
၄၀။ စိန်ပန်း
၄၁။ ဒေးဝန်း
၄၂။ ပြည်ကြီးပျော်ဘွယ်
၄၃။ သီရိဟေမာ
၄၄။ သီရိမာလာ
၄၅။ အောင်မြေသာစံ
၄၆။ ပြည်ကြီးရန်လုံ
၄၇။ မင်းတဲအီကင်
၄၈။ ဘုန်းတော်ရောင် *
၄၉။ ညောင်ကွဲ

မြောက်ပြင် ၅ ရပ်ကွက်
၅၀။ မြကျွန်းတန်ဆောင် *
၅၁။ မြနန်းအောင်မြေ *
၅၂။ မြနန်းစံရာ *
၅၃။ မြနန်းဘုံသာ *
၅၄။ မြကျွန်းမြေငူ *

ထိုသို့ ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက်
သတ်မှတ်ခဲ့သော်လည်း

အရှေ့ပြင်မှ
ကျွန်းလုံးမော်၊ ဝိဇယမဟီ၊
ဇေယျမင်္ဂလာ၊ ဘူမိဇေယျာ
ရပ်ကွက် ၄ ရပ်ကွက်

တောင်ပြင်မှ
ဇမ္ဗူမျက်ရှင်၊ အောင်ချမ်းသာ
ရပ်ကွက် ၂ ရပ်ကွက်

အနောက်ပြင်မှ
အောင်မြေရန်လုံ၊ ဇမ္ဗူကြငှန်း၊
တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊
ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်
ရပ်ကွက် ၆ ရပ်ကွက်

မြောက်ပြင်မှ
မြနန်းတန်ဆောင်၊ မြနန်းအောင်မြေ၊
မြနန်းစံရာ၊မြနန်းဘုံသာ၊ မြကျွန်းမြေငူ
ရပ်ကွက် ၅ ရပ်ကွက်

စုစုပေါင်း ၁၇ ရပ်ကွက်တို့သည်
ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်အခါတွင် မန္တလေးမြို့၏
ရပ်ကွက်ပေါင်း ၃၇ ရပ်ကွက်သာ
ရှေးအမည်အတိုင်း ထင်ရှားလျက် တည်ရှိပါသည်။

ပေါင်း ၅၄ ရပ်ကွက် မူလ မန္တလေးမြို့မြေပုံ

မင်းတုန်းလက်ထက် မြို့ကွက် ဖြစ်ပါသည်



အေးချမ်းသွားတဲ့ အခါ ဒီလိုတောရွာလေးမှာ အခြေချမယ် ....🌳Crd: photo
25/05/2024

အေးချမ်းသွားတဲ့ အခါ ဒီလို
တောရွာလေးမှာ အခြေချမယ် ....🌳

Crd: photo

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ ) ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့(၁) ဗျာဒိတ်ခံယူသည့်နေ့ (၂) ဘုရားရှင်ဖွားမြင်တေ...
22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

(၁) ဗျာဒိတ်ခံယူသည့်နေ့
(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့
(၃) ဘုရားဖြစ်သည့်နေ့
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
(၅) ပရိနိဗ္ဗာန်စံသည့်နေ့

ခုနှစ်ရက်သားသမီးအားလုံး ဘေးဘယာဝေးကွာအေးချမ်းသာယာကြပါစေ... 🙏🙏🙏

ထွန့်ပတိုင်တံတားဘားအံမြို့ နောင်လုံရွာအနီးမှာရှိပြီး စတုဒီသာ သတ်သတ်လွတ်ထမင်း နေ့တိုင်းကျွေးပါတယ်။ ရှုခင်း အရမ်းလှတာမို့လ...
20/05/2024

ထွန့်ပတိုင်တံတား

ဘားအံမြို့ နောင်လုံရွာအနီးမှာရှိပြီး စတုဒီသာ သတ်သတ်လွတ်ထမင်း နေ့တိုင်းကျွေးပါတယ်။ ရှုခင်း အရမ်းလှတာမို့လို့ အခါအခွင့်ကြုံရင် ထွန့်ပတိုင်တံတားကို သွားလည်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

Crd; ဘားအံ ခရီးသွား
Hpa An Traveller
ပြန်လည်မျှဝေခြင်းပါ

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ .... ? ☘️☘️ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖ...
18/05/2024

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ
ဘယ်လိုဖြစ်လာသလဲ .... ? ☘️☘️

ဟိုးတုန်းကတော့ ရန်ကုန်ဟာ
ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့
ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။

အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက
ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။
ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော
ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ
ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။
မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့
အဓိပ်ပါယျရပါတယျ။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ
ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍
စတင်ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ကုန်းဘောင်ခေတ် ၊
ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး
ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ
မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့
အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊
စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့
ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ
ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည်
အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်
မျှဝေလိုက်ပါတယ်။

ကမာရွတ် -
မွန်ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊
ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။
ရတနာကန် ဆိုတဲ့ အဓိပ်ပါယျပေါ့။
အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား -
ကုန်းဘောင်ခေတ်ဦးတုန်းက
ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့
နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို
ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု
ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် -
မွန်ဘာသာအမည် ကမနျဋျုငျက
ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့
အဓိပ်ပါယျရပါတယျ။

ကံဘဲ့ -
မွန်ဘာသာအမည် ခပင်း(ခပေင်) ကို
မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီး
ဖြစ်လာတာပါ။ အဓိပ်ပါယျက ကသစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း -
မွန်ဘာသာ ကော့ကောင်း က ဆင်းသက်
လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊
ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့
အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း -
စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် -
ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့်
ဆင်တွေဟာ အဲဒီနေရာရောက်ရင်
ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ
ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး
ဖြစ်လာပါသတဲ့။

တာမွေ -
မွန်အမည် တာမွေ ကနေ တိုက်ရိုက်
ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့
အဓိပ်ပါယျဖွဈပါတယျ။

ပုဇွန်တောင် -
မွန်ဘာသာ ပုဇွန်ဒေ ကလာတာပါ။
တောင်ကုန်းငါးခု လို့ အဓိပ်ပါယျရပါတယျ။
အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊
သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့
ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း -
ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေ
ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့
အဓိပ်ပါယျရပါတယျ။ ရှေးအခါက ကန့်ထွက်တဲ့
အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် -
မွန်ဘာသာ ပေါက်ထောကနေလာပြီး
ရွှေဟင်္သာလို့ အဓိပ်ပါယျရပါတယျ။

မင်္ဂလာဒုံ -
မွန်အမည် ဍုံဒရိုင်မငေ ကနေ
ဆင်းသက်လာပါတယ်။ အဓိပ်ပါယျက
မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။
အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်
ယူသုံးရာကနေ မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း -
၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက်
အခုမြို့မကျောင်းနား က ကွင်းပြင်မှာ
အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ်
မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး
ဆိုတာ ပါ ပါတယ်။ အဲဒီတံခါးကနေ ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ -
ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး
မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို
သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့
ကတ်ပတိန်လတ္တာ (Capt.Lattar) ကို
ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။
လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ
လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။
အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီး
ခေါ်ခဲ့ကြပါတယ်။

လမ်းမတော် -
သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် -
မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ
ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ်ပါယျရပါတယျ။

Crd : One Daily Media Knowledge
photo credit

15/05/2024

မှော်ဆန်သော ချုံချင့်မီးရထားသည်
ပတ်လမ်းပြောင်းလဲမှုကို ၅ စက္ကန့်အတွင်း
ပြီးမြောက်နိုင်ပါသည်။

Crd: Video
မူရင်းရေးသားသူအား လေးစားလျှက်ပါ။
knowledge

🌳🌳🌳 ကန်တော်ကြီး (သို့မဟုတ်) ရန်ကုန်ရောက်ရင် မဖြစ်မနေ ဝင်လည်ရတဲ့ Oasis လေးတစ်ခု  .... 🌴☘️☘️ကန်တော်ကြီးထဲမှာ ..ကောင်မလေးနဲ...
13/05/2024

🌳🌳🌳 ကန်တော်ကြီး (သို့မဟုတ်)
ရန်ကုန်ရောက်ရင် မဖြစ်မနေ ဝင်လည်ရတဲ့ Oasis လေးတစ်ခု .... 🌴☘️☘️

ကန်တော်ကြီးထဲမှာ ..
ကောင်မလေးနဲ့ အတူလည်ဖူးလား ..?
ဒါမှမဟုတ်
သူငယ်ချင်းတွေနဲ့ ဂစ်တာတီးပြီး သီချင်းတွေ
အော်ဆိုဖူးလား ...?

ရန်ကုန်ရောက်လို့မှ
ဒီလိုအမှတ်တရတွေ မရှိဖူးသေးရင်
ခေတ်မမှီတော့ဘူးနော် 🥰🥰

Crd; photo
Paoh Stars

မြန်မာ့ယဉ်ကျေးမှု ရှေးရိုးအစဉ်အလာကို စောင့်ထိန်းခဲ့ကြသည့် ရေပုတ်ကြီးရွာမှ ကလေးငယ်များ===================================...
11/05/2024

မြန်မာ့ယဉ်ကျေးမှု ရှေးရိုးအစဉ်အလာကို စောင့်ထိန်းခဲ့ကြသည့် ရေပုတ်ကြီးရွာမှ ကလေးငယ်များ
========================================================

မြန်မာတို့ရဲ့ စံပြရွာလို့ခေါ်လောက်တဲ့ ရေပုတ်ကြီးရွာဟာ ပွင့်ဖြူမြို့ ရှောက်တောရွာမှ ၈ မိုင်ကွာဝေးပြီး တမံဘောင်အတိုင်း ကားဖြင့်သွားပါက ၂၅ မိနှစ် နာရီဝက်လောက် မောင်းရပြီး ရေပုတ်ကြီးရွာလို့ခေါ်ရတဲ့ အကြောင်းရင်းက ရှေးယခင်က ရွာ၏အရှေ့ဘက်မှာရှိတဲ့ ကန်ကြီးဟာ ငှက်တစ်ကောင်ရဲ့ အစာဇလုတ်ပုံစံ ဖြစ်နေတာကြောင့် ရေဇလုတ်ကြီးရွာရယ်လို့ အမည်မှည့်ခေါ်ရာမှ ကာလရွေ့လျောလာသည့်အခါ ရေပုတ်ကြီးရွာ ဖြစ်လာလေသည်။

အိမ်ခြေပေါင်း ၆၇၃ အိမ်၊ အိမ်ထောင်စုပေါင်း ၆၂၂ စု၊ လူဦးရေ ၃၄၀၀ ရှိကာ ဆံရစ်ဝိုင်းထားသူဦးရေ ၇၀၀ ကျော် ရှိကြောင်းရေပုတ်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။ ရေပုတ်ကြီးရွာမှာ ရှေးရိုးအစဉ်အလာအတိုင်း ဆံရစ်ဝိုင်းပုံစံလေးတွေ ထားခဲ့ကြတာ နှစ်ပေါင်း ၂၀၀ ဝန်းကျင်လောက် ရှိပြီဖြစ်ကြောင်း ရွာမှရှေးမှီ နောက်မှီ အဘိုးအဘွားများထံမှ သိရသည်။

ရှေးယခင် အဘိုးအဘွားတွေ လက်ထက်ကတည်းက ထားခဲ့တဲ့ရိုးရာဓလေ့ ဆံရစ်ဝိုင်းဟာ နဖူးထိပ် ဆံပင်မှစ၍ ဦးခေါင်းပတ်လည် စက်ဝိုင်းပုံစံရစ်ဖွဲ့ထားသော ဆံစလေးများကို အောက်ကိုအတန်းလိုက် ချထားပြီး အပေါ်ဘက်မှ ဆံပင်များကို စုထုံးဖို့ရာ လှန်ပြီးတင်ထားရသည်။ တနည်းအားဖြင့် ဆံရစ်ဝိုင်းပုံဟာ ကလေးဆန်ဆန် ပုံစံဖြစ် နေတော့သည်။

ကလေးတွေ အသက် ၅နှစ် သားသမီးမှစတင်ကာ ဆံရစ်ဝိုင်းပုံထားကြပြီး ထိုပုံစံဟာ ဟိုယခင် အဘိုးအဘွားများ လက်ထက်က ရိုးရာဓလေ့တခုဖြစ်ပြီး ဆယ်ကျော်သက် ၁၅/၁၆ အရွယ်ရောက်လာတဲ့အခါမှာတော့ ဆံပင်ကို အုံလုံးသိမ်းကာ ဆံထုံးတွေ၊ ဆံတောက်တွေနဲ့ မိမိတို့စိတ်ကြိုက် အလှတွေပြင် ပန်းတွေသီကုန်းကြပြီး ရိုးရာမပျက် နေထိုင်ကြတော့သည်။

ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၇၂၀ ဝန်းကျင်လောက်ဟာ ယခုအချိန်အထိ ဆံပင်ပုံကို ဆံရစ်ဝိုင်း ပုံလေးတွေထားကြကြောင်း သိရသည်။ ဆံရစ်ဝိုင်းပုံလေးများကို ယောကျ်ားလေးရော မိန်းကလေးများပါ ထားကြပြီး ယောကျ်ားလေးများ ရှင်ပြုသင်္ကန်းဝတ်သည့်အခါ ဆံပင်ကိုရိတ်ကြပေမဲ့ ကိုရင်လူထွက်သည့်အခါ ဆံရစ်ဝိုင်းပုံ ပြန်ထားကြလေသည်။

သို့ပေမဲ့ ယောကျ်ားလေးများ အရွယ်ရောက်လာသည့်အခါ ဆံပင်ကိုဘိုကေပုံစံထားကြပြီး မိန်းကလေးများ အိမ်ထောင်ရက်သားများ ကျသည့်အခါမှာတော့ ဆံပင်ကို အရွယ်ကြီးသည့် အမျိုးသမီးကြီးများကဲ့သို့ အုံလုံးသိမ်း ထားကြပြန်တော့သည်။ မည်သို့ပင်ရှိစေကာမူ ရှေးခေတ် ကျေးလက်ဒေသ တောရွာများရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်များကို မကွယ်ပျောက်စေဘဲ ဆံရစ်ဝိုင်း ဆံပင်ပုံစံလေးများကို ထိန်းသိမ်းလျက်ရှိကြသည့် ပွင့်ဖြူမြို့နယ် ရေဇလုတ်ကြီးကျေးရွာ( ခေါ် ) ရေပုတ်ကြီးရွာကို ဆံရစ်ဝိုင်းရွာဟု တင်စားဂုဏ်ပြု လိုက်ရပါတော့သည်။


ဇေယျာထက် (မင်းဘူး)

ကြေးမုံ

 #ကလော သွားကြမယ့် ခရီးသွားမိတ်ဆွေများအစဥ်ပြေစေရန် အတွက် ကလော မှာရှိတဲ့ Hotel, Motel တွေကို Linkတွေနဲ့ စုစည်းပေးထါးပါတယ် ...
09/05/2024

#ကလော သွားကြမယ့် ခရီးသွားမိတ်ဆွေများ
အစဥ်ပြေစေရန် အတွက် ကလော မှာရှိတဲ့ Hotel, Motel တွေကို Linkတွေနဲ့ စုစည်းပေးထါးပါတယ်

Hotel Mya Yar Pin
https://www.facebook.com/150776092259400/posts/860176797985989/

Dream Mountain Resort Kalaw
https://www.facebook.com/111503262654684/posts/1268594800278852/

360 Kalaw Hotel
https://www.facebook.com/172319259786556/posts/1157653317919807/

Nature Land Hotel - 1 Kalaw
https://www.facebook.com/341696649930344/posts/1046222252811110/

Nature Land Hotel - 2 Kalaw
https://www.facebook.com/149352068440184/posts/6218884824820181/

Dream Villa Hotel Kalaw
https://www.facebook.com/180224619307765/posts/843357572994463/

Pinn Pinn Kalaw Hotel
https://www.facebook.com/213520335973791/posts/718894278769725/

Hill Top Villa Hotel Kalaw
https://www.facebook.com/900260226772349/posts/1922916647840030/

Green Haven Hotel
https://www.facebook.com/225312570841663/posts/3384207874952101/

Hotel Kingdom Kalaw
https://www.facebook.com/102186184572622/posts/467406501383920/

Winner Hotel Kalaw
https://www.facebook.com/356989421043208/posts/4037626059646174/

Seint Hotel Kalaw
https://www.facebook.com/2040972849483890/posts/2987315634849602/

Snow White Hotel
https://www.facebook.com/2086986988242059/posts/3160729130867834/

The Hotel - Kalaw Hill Lodge
https://www.facebook.com/1614661792112676/posts/3183759318536241/

Kalaw Honeypine Hotel
https://www.facebook.com/1069935649821185/posts/1649474951867249/

Kalaw Garden Hotel
https://www.facebook.com/2100921436638893/posts/4748541218543555/

Kalaw Heritage Hotel
https://www.facebook.com/1645809459016781/posts/2993662190898161/

Kalaw Silver Pine Hotel
https://www.facebook.com/251020389044771/posts/759085308238274/

Kalaw Princess Hotel
https://www.facebook.com/735851563166814/posts/4519554928129773/

Royal Kalaw Hills Resort
https://www.facebook.com/855333151156501/posts/4665281356828309/

7Mountains View Motel
https://www.facebook.com/290367784893015/posts/651016025494854/

Crd:မူရင်းရေးသားသူအား လေးစားလျှက်ပါ။

တစ်ချိန်က ရွာငံ-ဟန်မြင့်မိုရ်လမ်းမCrd; Hodoholic
06/05/2024

တစ်ချိန်က ရွာငံ-ဟန်မြင့်မိုရ်လမ်းမ

Crd; Hodoholic

02/05/2024

ဒီလို ရာသီဥတုနဲ့
ဒီလို ရွာလေးမှာ ဆို အေးဆေးပဲ...😍

Crd: Video

ခုလို ရာသီဥတုမှာ သဘာဝဆန်ဆန်အိမ်လေးနဲ့ပဲ နေချင်တော့တယ်။ Crd; photo
26/04/2024

ခုလို ရာသီဥတုမှာ သဘာဝဆန်ဆန်အိမ်လေးနဲ့ပဲ
နေချင်တော့တယ်။

Crd; photo

25/04/2024

အညာမြေက နွားတွေကို မြင်ပြီး

သူငယ်ချင်းတွေကိုတောင် သတိရသွားတယ်...🤪

Crd; Video

ပြင်ဦးလွင်နာရီမျှော်စင် ( Purcell Tower)   #ပြင်ဦးလွင် Myanmar NewsRoom
22/04/2024

ပြင်ဦးလွင်နာရီမျှော်စင် ( Purcell Tower)

#ပြင်ဦးလွင်
Myanmar NewsRoom

တိမ်မြူတွေကြားက ရွာငယ်လေး ရီဇီ ၊ တူရကီ Rize 🇹🇷Crd: photo
19/04/2024

တိမ်မြူတွေကြားက ရွာငယ်လေး
ရီဇီ ၊ တူရကီ
Rize 🇹🇷

Crd: photo


Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959443399706

Website

Alerts

Be the first to know and let us send you an email when Family Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

ခရီးသွား မိဘပြည်သူများအတွက် သတင်းကောင်းလေးပါ ။

မင်္ဂလာပါ //

Golden Family Travel & Tours မှ ရုံးဝန်ထမ်းများ ၊ အသင်းအဖွဲ့များ ၊ မိသားစုများ ၊ အပေါင်းအသင်းမိတ်ဆွေများဖြင့် အမှတ်တရခရီးစသ်များကို သွားရောက်ချင်သူမိဘပြည်သူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများနှင့်အတူ ပြည်တွင်းခရီးများကို ဈေးနှုံးသက်သာစွာဖြင့် ၀န်ဆောင်မှုပေးခြင်း ၊ ကားစဉ်းလုံးငှားရမ်းချင်သူ မိဘပြည်သူများအတွက်လဲ ကားကောင်း ကားသန့်များကို ဈေးနှုံးချိုသာစွာဖြင့် ၀န်ဆောင်မှု ပေးနေပါပြီ ခင်ဗျာ ။