Amata Travel

Amata Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amata Travel, Travel Company, .

 #ငွေကိုဘယ်လိုထားမလဲငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ်။ ဒါပေမဲ့ထားတဲ့နည်းစံနစ် လိုပါတယ်။မိမိငွေ အဝင်မျာ...
16/01/2024

#ငွေကိုဘယ်လိုထားမလဲ

ငွေကို ပိုက်ဆံအိတ် အံဆွဲ
မီးခံသေတ္တာ စသည်မှာ
ထားပါတယ်။ ဒါပေမဲ့
ထားတဲ့နည်းစံနစ် လိုပါတယ်။
မိမိငွေ အဝင်များဖို့
အထွက်နည်းဖို့
လာဘ်ကောင်းဖို့
လုံခြုံစိတ်ချဖို့
ကံတက်စေဖို့
အဝင်ကောင်း သလို
အထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေ
Fung Shui ပညာက အခုလို
အကြံပြုပါတယ်။

၁ ကရဝေးရွက် နဲ့အတူထားပါ။ အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ။ ငွေပွားများ လာစေပါတယ်။
၂ အကျိုးအနာမပါတဲ့
ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ။
လာဘ်ပွင့်လန်းစေတဲ့အပြင်
မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်။
၃ ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်
အိတ်ကလေးနဲ့ ထုပ်ပြီးငွေ
နဲ့အတူထားပါ။
ငွေကြေး အရှုပ်အရှင်းကိစ္စ
ကြွေးမြှီ အမှုအခင်းကိစ္စများ
ကာကွယ်ပေးပါတယ်။
၄ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ
အတူထားပါ။ ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်။
၅ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ။
ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ။
၆ ပိုက်ဆံအိတ်ထဲမှာငွေ
လုံးဝ မရှိတဲ့ အဖြစ်မျိုး မပြု
မိပါစေနဲ့။ ငွေကံ ညံ့သွားတတ်ပါတယ်။
၇ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေ
ကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ။
ရော မထားပါနဲ့။
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့။
လာဘ်တိတ်ပါတယ်။
၈ အားလုံးထည့်ထားနိုင်ရင်
ကောင်းပါတယ်။ အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့
သင့်ပါတယ်။
၉ ဝင်ငွေကောင်း ငွေမြဲပြီး
လာဘ်လာဘ ပွားများကြပါ
စေ။
၁၀ တားရော့ကတ် အနေနဲ့
နံပါတ် ၁၇ The Star ကို
အဆောင်အဖြစ် ထည့်ထား
နိုင်ပါတယ်။



credit
မူရင်းတင်သူကို credit ပေးပါတယ်

၂၀၂၄ အတွက် admin ရဲ့ mood ကတော့👇👇👇👇
01/01/2024

၂၀၂၄ အတွက် admin ရဲ့ mood ကတော့
👇👇👇👇

 #ရန်ကုန်_မန္တလေး_အခမဲ့ခရီးစဉ်=====================မနက်ဖြန် မနက် ၄ နာရီAlphard ကား ၃စီးမန္တလေးပို့ရန် ရှိပါသည်။ကားတစီးလျ...
10/12/2023

#ရန်ကုန်_မန္တလေး_အခမဲ့ခရီးစဉ်
=====================

မနက်ဖြန် မနက် ၄ နာရီ
Alphard ကား ၃စီး
မန္တလေးပို့ရန် ရှိပါသည်။

ကားတစီးလျှင်
ယာဉ်မောင်းတဦး စပါယ်ယာတဦးသာ
ပါမည်ဖြစ်ပါသဖြင့်

Alphard ကား တစီးလျှင်
လမ်းကြုံခရီးသည် ၅ ဦး

ကား ၃စီးစာ ၁၅ ဦး
ရန်ကုန် မန္တလေး ခရီးစဉ် စဆုံး
#မခမဲ့ ( #အခမဲ့ဖြစ်ပါတယ်)
လမ်းကြုံ လိုက်နိုင်ပါတယ်။
အတူပါ ခရီးသည်များ၏ လုံခြုံရေးကို
အလေးထားသည့်အနေဖြင့်
#ကြားမှတ်တိုင် #ဆင်းခွင့်မပြုပါ။

ခရီးစဉ်အတွက် #အခမဲ့ စီးခွင့်ရရုံသာမက

ခရီးစဉ် အစမှ အဆုံးထိ

Zero mile တွင် Breakfast
လက်ဖက်ရည်/ကော်ဖီ နှစ်သက်ရာနှင့်
ထမင်းကြော် ကြက်မွ/ကြက်ဥ အဝစား။

၁၁၅ မိုင်တွင်
နှစ်သက်ရာ ဟင်းလျာဖြင့်
နေ့လည်စာ အဝစား။

မိတ္ထီလာလမ်းခွဲတွင်
Teatimeအဖြစ်
လက်ဖက်ရည်/ကော်ဖီ နှင့် မုန့် စသဖြင့်

အခမဲ့ ( ငွေကြေးပေးစရာမလို)
ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ပါသည်။

လမ်းကြုံလိုက်ပါလိုသူများ အနေဖြင့်
မှတ်ပုံတင်တမျိုးသာ
မဖြစ်မနေ ယူဆောင်လာရန်လိုပြီး
ခရီးစဥ်အတွက် ပိုက်ဆံ တပြားတကျပ်မှ
ယူဆောင်လာရန်မလိုပါ။

ခရီးစဉ် စထွက်ရက် နဲ့ အချိန်က‌တေတာ့
မနက်ဖြန် မနက် ၄နာရီ တိတိဖြစ်ပြီး

ခရီးသည် စုရပ် ကတော့
ရန်ကုန် ကမ်းနားလမ်း
သီရ်မဂ်လာဈေးဟောင်း မှတ်တိုင်
ဖြစ်ပါတယ်။

လိုက်ပါလိုသူများ
အချိန်မီ ဖုန်း/messenger ဖြင့်
ဆက်သွယ် စာရင်းပေးစေလိုပါသည်။

ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး
အထူးပန်ကြားလိုတာ တခုကတော့----
=
=
=
=
=
=
=
=
=
=

"""တလှေထဲစီး တခရီးထဲသွား စိတ်ဓါတ်"""
"""မိသားစုအသွင် #ဝိုင်းလုပ်ဝိုင်းစားပုံစံ"""
မျိုးဖြင့်

အဆိုပါ မောင်းစရာဓါတ်ဆီ မရှိသည့် Alphard ကား ၃စီးအား
#ရန်ကုန် မှ #မန္တလေးထိ

၃ယောက် နား
၃ယောက်တွန်း ပုံစံမျိုးဖြင့်
တလှဲ့စီ တွန်းလိုက် စီးလိုက် လုပ်ရင်း

စည်းစည်းလုံးလုံး ချီတက်ကြဖို့ဘဲ
ဖြစ်ပါတယ်။😁😁😁😁😁😁
Oriiginal Uploder & Photo

Address


Telephone

+959420048320

Website

Alerts

Be the first to know and let us send you an email when Amata Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share