Green Myanmar Travels & Tours

  • Home
  • Green Myanmar Travels & Tours

Green Myanmar Travels & Tours Your local travel partner Best shopping e-commerence in Myanmar. Get everything you need in one figure click.

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
12/02/2025

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မလေးရှား (ကွာလာလမ်ပူ ) သွားဖို့အတွက် လက်မှတ်လို အပ်နေပြီလား??ခရီးသွားရာသီကလည်း ရောက်လာပြီဆိုတော့ မလေးရှား ( ကွာလာလမ်ပူ )...
10/10/2023

မလေးရှား (ကွာလာလမ်ပူ ) သွားဖို့အတွက် လက်မှတ်လို အပ်နေပြီလား??
ခရီးသွားရာသီကလည်း ရောက်လာပြီဆိုတော့ မလေးရှား ( ကွာလာလမ်ပူ ) သို့ သွားရောက် လည်ပတ်ချင်ကြပါသော ဧည့်သည်တော်များအတွက် USD
70 ဝန်းကျင်မှစသော ဈေးနှုန်းများနဲ့ Myanmar Flight Ticket မှာ ကြိုတင် booking တင်ပြီး လက်ဦးထားလိုက်တော့နော်။ 🥰🥰😄
ကွာလာလမ်ပူ မှ တဆင့် ချင်းမိုင်၊ ဖူးခက်၊ မကာအို၊ ဆိုးလ်၊ တိုကျို၊ ပီနန်းအပြင် အခြားသော ခရီးစဉ် လက်မှတ်များကိုလဲ ဝယ်ယူရရှိနိုင်ပါတယ်ရှင်
ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကိုသက်သာတဲ့နှုန်းထားများနဲ့ ကြိုတင်ဝယ်ယူလိုပါက ပိတ်ရက်မရှိ ဝန် ဆောင်မှုပေးနေတဲ့ Myanmar Flight Ticket ကို သတိရလိုက်ပါနော်...🥰🥰
🏘 သင်္ဃန်းကျွန်း ၊ အမှတ် ၃၉၁၊ ဝေဇယန္တာ လမ်းမကြီး၊ ပြည်သာယာမီးပွိုင့်အနီး
☎️ Phone/ Viber : 09895711200 / 09420077655
Messanger- https://m.me/ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်...

Covid ​သောက်​ဆေးက မကြာခင်ထွက်လာ​တော့မှာလား ၊ ကာကွယ်​ဆေးထိုးထားပင်မဲ့ဘာလို့ ကူး​နေ​သေးတာလဲဒီ Video ထဲမှာ- Covid ကူးစက်ခံရ...
01/11/2021

Covid ​သောက်​ဆေးက မကြာခင်ထွက်လာ​တော့မှာလား ၊ ကာကွယ်​ဆေးထိုးထားပင်မဲ့ဘာလို့ ကူး​နေ​သေးတာလဲ
ဒီ Video ထဲမှာ
- Covid ကူးစက်ခံရတာဘယ်လောက်ရှိသွားပြီလဲ
- ကာကွယ်ဆေးကောဘယ်လောက်ထိုးပြီးကြပြီလဲ
- Covid ကုသတဲ့ သောက်ဆေးအကြောင်း
- [Interview] အဲ့ Covid သောက်ဆေးကို US FDA က ဘယ်တော့ အသိအမှတ်ပြုမှာလဲ
- [Interview] Covid ကာကွယ်ဆေးထိုးထားပေမဲ့ ဘာလို.Covid ဖြစ်ပြီး ဘာလို.ကူးနေသေးတာလဲ
- [Interview] ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသားလူတွေက Booster ထပ်ထိုးသင့်လား
- [Interview] Booster ထပ်မထိုးခင် antibody စစ်သင့်လား
- Covid ကုတဲ့သောက်ဆေးထွက်လာရင်ရော ကုန်ကျစရိတ်ဘယ်လောက်ရှိမှာလဲ
https://www.youtube.com/watch?v=oYpxPGiY4Ms

ဒီ Video ထဲမှာ00:00 Covid ကူးစက်ခံရတာဘယ်လောက်ရှိသွားပြီလဲ00:48 ကာကွယ်ဆေးကောဘယ်လောက်ထိုးပြီးကြပြီလဲ01:10 Covid ကုသတဲ့ သောက်ဆေး....

14/12/2020

လေယာဉ်ခရီးစဉ်တွင် လိုက်ပါစီးနင်းမည့်ခရီးသည်များ ကို ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦး နှင့် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနတွင် နေ့စဉ် နံနက် (၉)နာရီ မှ ညနေ (၃)နာရီ အတွင်း စစ်ဆေးပေးမည်။

လေယာဉ်ခရီးစဉ်မစတင်မှီ (၃၆)နာရီအတွင်းစစ်ဆေးရမည်။

Source : :Yangon Regional Health Department

12/09/2020

Stay at Home မှာ တပြားမှ မကုန်ပဲ ပျော် အောင်နေလို.ရတဲ့ (၁၀) ချက်

− − − − − − − − − − −−− − −− − − − − − − − − − − − − − − −− − − − − − − −

တကယ်တော့ တသက်လုံး ပူပန်ပြီး အလုပ်လုပ်လာတာ Covid19 ကြီးကြောင့် အလုပ်မလုပ် ရတော့ဘူးဆိုပြီး စိတ်ညစ်နေတယ်ဆိုရင် အကောင်းဘက်က တွေးကြည့်ပါ.. မသေမချင်း အလုပ်လုပ်ရမယ့် အတူတူ ကိုယ့်အတွက် အားလပ်ချိန်လေးရတယ်လို့ စဥ်းစားပြီး အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာပဲ စဥ်းစားကြည့်ရအောင်..

အရင်က လုပ်ချင်ပေမယ့် မအားလို့ . မလုပ်ဖြစ်ခဲ့တာ ဘာတွေရှိလဲ ဒီအချိန်က တကယ့်ကို အသုံးချဖို့ အခွင့်အရေးပါပဲ... စိတ်ညစ်နေဖို. မဟုတ်ဘူး

ကျွန်တော်လည်း အပျော်မက် အပြင်ထွက်တဲ့သူမို့ နေ့တပိုင်းလောက် အပြင်မထွက်ရရင်တောင် ငြီးစီစီ ကြီးရယ်.. အခုတလော စီးပွားရေး အခြေအနေတွေက လည်း မကောင်းကြလို့ စိတ်ဓါတ်ကျတာတွေ စိတ်ညစ်ထားတွေ ခနလောက်မေ့ထားလိုက် ဒါ ခုချိန်လူတိုင်းဖြစ်တာပဲလေ ဒီနေ့ကစပြီး ပျော်အောင်နေနိုင်ဖို့ ကျွန်တော်အသုံးချနေတဲ့ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်

1️⃣ဘာသာစကားလေ့လာပါ

ကိုယ်မသိတဲ့ ဘာသာစကား အသစ် တစ်လုံး သိသွားရင်တောင် ပျော်ရွှင်မှုတစ်ခုပါပဲ...ဘာသာစကား အသစ် တွေ mobile app ကနေ သင်ပါ ဂိမ်းကစားသလို သင်ပေးတော့ စာသင်တယ် လို့တောင် ခံ စားရမှာ မဟုတ်ပါဘူး .. ဒါပေမဲ့ အခြေခံတွေ သေချာသင်ပေးပြီး ကိုယ့်အသံထွက် မှန်မမှန်ကိုလည်း ပြန်ပြောခိုင်းပြီး စစ်ပေးတာ တကယ် မိုက်ပါတယ် တကယ် စိတ်၀င်စားရင် advance ထိ သင်ယူနိုင်ပြီး Free ပါ..... ရှာချင်ရင် play store မှာ Duolingo : Learn Languages Free လို့ရှာပေးနေ်

Play Store Download Link: https://bit.ly/3ikNecd

2️⃣ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ

ငြီးစီစီ ဖြစ်နေတယ် ဆို အကောင်းဆုံးက cardio ( သို့ ) workout လေး လုပ်ပါ လူတိုင်းအတွက် အဆင်ပြေအောင် equipment လည်းမလို ကိုယ်တိုင်လည်း သုံးနေတဲ့ Home Workout - No Equipment ဆိုတဲ App လေး ညွှန်းချင်တယ်. တခြား ကောင်းတာတွေ အများကြီး ရှိပေမဲ့ ကိုယ်သုံးနေကျ app လေး ပဲ ညွှန်းလိုက်ပါတယ် ၁၅ မိနစ်လောက်ပဲ ဆိုတော့ လိုက်လုပ်ဖို့ လွယ်ကူပြီး ချွေးလဲထွက်တော့ ညဘက်ကောင်းကောင်း အိပ်ပျော်ပါတယ်..

Play Store Download Link: https://bit.ly/2DOiO39

3️⃣တရားထိုင်ပါ တရားစာအုပ်ဖတ်ပါ -

ခုချိန်က တရားထိုင်နေကျ သူတွေ တောင် တရားထိုင်ရင်း လောကီအပူမီးတွေကြောင့် အာရုံသိပ်ကပ်တဲ့ အချိန်မဟုတ်ပါဘူး... ဒါပေမဲ့ ဒီအချိန်မှာ ဘုရား တရားကို ခန ဖြစ်ဖြစ် သေ ချာလုပ်ကြည့်ဖို. အကောင်းဆုံး အချိန်ပါ ... တခြား အချိန်မှာ အလုပ်သွား အလုပ်ပြန် နဲ.တင် ပင်ပန်းနေတဲ့ အချိန်မဟုတ်လား.... ထိုင် နေကျ မဟုတ်ရင် ၀င်လေသိ ထွက်လေသိ လေးပဲ မှတ်ပြီး တခြား ဘာဆိုဘာမှ မတွေးပဲ ငါးမိနစ်လောက်လေးပဲ သေချာလေး စိတ်တည်ငြိမ် အောင် ကြိုးစားကြည့်ပါ...

အဲ့ကတဆင့် အောက်က Dhamma Talk mobile app ထဲက ကိုယ် အဆင်ပြေတဲ့ ဆရာတော်ရဲ. အလုပ်ပေး တရား လေး ဖွင့်ပြီး ကြိုးစားကြည့်တာ အိမ်မှာ အေးဆေး ရှိနေတုန်းမလွတ်သင့် တဲ့ အခွင့်အရေးမို.လား

Play Store Download Link: https://bit.ly/2DPJGQl

4️⃣ဟင်းအဆန်းအပြားတွေ ချက်ကြည့်ပါ

အချစ်ဆုံးဖြစ်ကြောင်း သက်သေပြဖို့ဆိုတာ အကောင်းဆုံးဟင်းကို ကိုယ်တိုင်ချက်ကျွေးတာပါ ....ယုံပါ တဖြုတ်ဖြုတ်ကျအောင် ကြွေမှာပါ .... အဲ့လို ဆန်းဆန်းပြားပြားဟင်းတွေ ချက်ကျွေးဖို.ဆို အခုချိန်က လေ့ကျင့်ထားဖို. အကောင်းဆုံးအချိန်ပဲ .... ရော့ Cooking Apps တွေ… ဒါတွေတော့ သိပ်မစမ်းဖူးဘူးဆိုတော့ ကောင်းမကောင်းပြန်ပြောဦး...

မြန်မာဟင်းတွေ အတွက်...
Burmese Food Lovers: https://bit.ly/33lXuL0
အိမ်ရှင်မလက်စွဲ: https://bit.ly/2DOxXS4

Facebook မှာရှာကြည့်ရင် လည်း အများကြီး ရှိတယ် နော်..

5️⃣မိတ်ဆွေစာရင်း ပြန်စစ်ပါ −

Facebook friend list နဲ့ Phone contact ပြန်စစ်ပြီး မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေကို ဖုန်းခေါ်ပါ − အလုပ်များလို့ နေ့စဥ်ဘ၀မှာ ကိုယ့် အလုပ် ကိုယ်ရှုပ်နေလို. သူငယ်ချင်းတွေ တခါတလေ FB မှာ ပုံတက်လာရင် like ပေးတာ အပြင် မလုပ်ဖြစ်ဘူးဟုတ် Facebook friend list နဲ. phone contact ကို ပြန်စစ် လိုက်ပြီး နေကောင်းလား အဆင်ပြေလား မေးဖို့ ဖုန်းခေါ်ချလိုက်ပါ.... သင်တောင် မထင်ထားတဲ့ နွေးထွေးခင်မင်မှုနဲ. ပြောစရာတွေ အများကြီးက.... ငယ်ဘ၀ ကို အများကြီး အမှတ်ရစေမှာပါ

6️⃣အနာဂတ်မှာ ကြီးပွားကြောင်း လေ့လာပါ

မြန်မာနိုင်ငံ အနာဂတ်မှာ ရင်းနှီးမြုပ်နှံမှုပုံစံက ရွေ ၊ အိမ် ၊ ခြံ ၊ ကား ၊ bank တိုးထိုင်စားတာထက် stock or bond ရင်းနှီးမြုပ်နှံမှုက ပိုမိုကျယ်ပြန်.လာနိုင်ပါတယ် .. မပြောနိုင်ဘူး အသက်ကြီးလာရင် ကိုယ့်ရဲ. သေချာတဲ့ passive income တောင် ဖြစ်လာနိုင်ပါသေးတယ် အဲ့တော့ ခုချိန်မှာ သေချာလေ့လာ ထားကြည့်တာ မမှားဘူး ထင်တာပဲ..

Ygn stock exchange အကြောင်းကို https://ysx-mm.com/ မှာလေ့လာလို့ရပါတယ် .... public company တစ်ခုခြင်းဆီရဲ. profile , market data , financial statement တွေ , company activities တွေ တင်ထားတာဆိုတေ့ ခုချိန်ရှိတုန်းလေး သေချာ လေ့လာတာ နောင်အတွက် အရမ်း အကျိုးရှိမှာပါ …

မြန်မာပြည်မှာ အလားအလာ ရှိတဲ့ private company အများကြီးရှိပါတယ်... အဲ့ထဲက မှ ကိုယ်အယုံကြည်ရဆုံး company တွေကနေ ipo (initial public offering ) ဖွင့်တဲ့ အခါ stock share ကိုယ်၀ယ်ထား နိုင်ရင် အနာဂတ်မှာ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်နိုင်ပါတယ်…

Yangon stock exchange က company နည်းသေးတာမို့ ထပ်လေ့လာချင်ရင် 1) investopedia.com 2)bloomberg.com 3) sgx.com တို့ကို ဆက်လေ့လာနော်

7️⃣Online Public profile သေချာဖွင့်ပါ

FB မှာပဲ အချိန်ကုန်တာထက် Linkedin မှာ profile လေး သေချာဆောက်ပြီး ကိုယ့် skill , experience တွေ သေချာထည့်...ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ် ထဲက လူတွေရဲ့ အကောင့်တွေ သေချာလိုက်ရှာပြီး connect လုပ် စကားလိုက်ပြောပါ...မရှုံးပါဘူး.. ကံကောင်းရင် အခွင့်အရေးကောင်းတွေတောင် ဒီကနေ အများကြီးရနိုင်ပါတယ်....

ဆရာကြီးတော်တော်များများက Linkedin မှာပဲ အလုပ်အတွက်သေချာသုံးပြီး profile သေချာ ရေးကြတာပါ... fb အကို အပျော်နဲ. သတင်းကြည့်ဖို.လောက်ပဲ သုံးကြတာပါ... Facebook Account တွေကိုလည်း မယုံကြပါဘူး

8️⃣အ၀တ်ဗီဒိုရှင်းပါ

အကုန်လုံးအတွက်တော့ မှန်ချင်မှ မှန်မှာပါ.... မိသားစုနဲ့ မနေဖြစ်ပဲ ကိုယ့် အ၀တ်ကိုယ်လျော်ရတဲ့ ကျတော့် အတွက်တော့ မီးပူမှန်မှန်တိုက်ဖို့ ဆိုတာ မလွယ်လို. အကြမ်းလေး ပဲ ခေါက် ဗီဒိုထဲ ထည့် . အပြင်သွားမယ်ဆိုမှ ယူပြီး မီးပူတိုက်တာပါ...

အဲ့လိုနည်းက မီတာခလည်း နည်းနည်းသက်သာတယ်လေ.... အဲ့တော့ အခု အားတဲ့ အချိန်မှာ အ၀တ်ဗီဒို ကို သေချာ ပြန်ရှင်းရင် အလုပ်တစ်ခုပြီးသွားပြီး စိတ်ချမ်းသာတယ်.... ရည်းစားဟောင်းတွေ ပေးထားတဲ့ လက်ဆောင် ပစ္စည်းတွေလည်း ပြန်ထွက်လာတတ်တာမို့ လွင့်ပစ်မယ်ဆုံးဖြတ်ရင် ကျွန်တော်ကို လှမ်းခေါ်လိုက်နော်.... အ၀တ်ဗီဒိုရှင်းတာအပြင်.... အုတ်ကန်ဆေးတာ မျက်နှာကျက်သန်.ရှင်းရေးလုပ်တာ တွေလည်း လုပ်လို့ရသေးတယ်

9️⃣မိသားစု (သို့) အိမ်သားတွေ နဲ. ရင်းရင်းနှီးနှီးနေပါ

ပုံမှန် အားဖြင့် အိမ်နဲ့ ကျွန်တော်တို. ဟာ ‌ဝေးကွာနေလေ့ ရှိတော့ မိသားစုနဲ့ အတူ ထမင်းအတူစားတာ ၊ TV series အတူကြည့်ဖြစ်တာ ၊ ညီအကို သူငယ်ချင်းတွေနဲ. အိမ်မှာပဲ ဘီယာလေး ဖြစ်ဖြစ် အတူသောက်ဖြစ်တာမျိုး က ပုံ မှန် အလုပ်ရှုပ်နေတဲ့ ဘ၀မျိုးမှာ လုပ်ဖို့ မေ့နေတတ်ကြ ပေမဲ့ တယောက်ယောက် နဲ့ သိဖို့ မိသားစုအတွက် ရင်းနှီးလာဖို့ က ဒီအချိန်မှာ အချိန်များများပေးပါ

🔟စာဖတ်ပါ

အိမ်က လေကောင်းလေသန့် ရတဲ့ နေရာလေးမှာ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး စာအုပ်ကောင်းလေး တစ်အုပ် ဖတ်ရတာ လောက် ကောင်းတာ မရှိပါဘူး စာအုပ်တွေ မ၀ယ်ရသေးဘူးဆို မြန်မာစာအုပ်တွေကို ဒီမှာ https://bit.ly/35vtNKw Free download လုပ်လို့ရပါတယ်

Amazon original English စာအုပ်တွေကိုတော့ Instock ဒီမှာ https://bit.ly/3bQZFu0 ရှာလို့ရပါတယ်

ဒီအချိန်မှာ အစိုးရကလည်း ရှိသမျှအားနဲ. တိုက်ဖျက်နေတယ် ကျွန်တော်တို့ တကယ် ကူညီချင်တယ် ဆို လုပ်ပေးရမှာ ၂ ပတ်လောက် အိမ်ထဲ နေပြီး မလိုအပ်ရင် အပြင်မထွက်ဖို့ပါပဲ ၀မ်းရေးကြောင့် နဲ. လိုအပ်လို. အပြင်ထွက်ကြမယ် ဆိုလည်း mask တပ် ၊ ၆ ပေခွာ ၊ သတိရတိုင်း လက်ဆေး ခက်ခဲတာ တခုမှ မပါပါဘူး...

ကျွန်တော်တို့ တယောက် အကူးခံရ သက်သာသွားလည်း အကျိုးအများကြီး ရှိမှာမို့.... အိမ်မှာ ပျော်အောင် နေနည်း ၁၀ ချက်ကို သိသလောက် မျှဝေလိုက်ပါတယ်... ကိုယ်ပိုင် အိမ်မှာပဲ ပျော်အောင်နေနည်း လျှို့၀ှက်ချက်တွေ ရှိရင်လည်း မျှဝေပါဦးဗျာ

အားလုံး covid19 disaster ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ
- Phyo Zaw

27/07/2020
24/07/2020

ပြည်တွင်းလေယာဥ် လက်မှတ်အားလုံး တကြောင်း ၃၀၀၀ ကျပ်ပြန်ပေး
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
B&F Clubcard ရှိတယ် ဆို Myanmar Flight Ticket မှာ ပြည်တွင်း လေယာဥ်လက်မှတ်အားလုံး transaction ၁ ကြောင်း ကို ၃၀၀၀ ကျပ် ပြန်ပေးမည် ။ B&F Clubcard ကလည်း လေယာဥ်လက်မှတ်အားလုံး ၊ ကားလက်မှတ်အားလုံး ၊ စားသောက်ဆိုင် ၊ ဆေး ၊စျေး၀ယ် ၊ ကျန်းမာရေး အားလုံး ဒီကဒ်နဲ.တင် Discount ၊ Cash Back ၊ Buy 1 Get 1 တွေ ပြန်ပေးနေတဲ့ အပြင် အခုဆိုရင် ၀န်ထမ်းဆိုတာနဲ. ၅၀% ရာခိုင်နှုန်း ထို discount ချပေးလိုက်တော့ တကဒ်ကို ၁ သောင်းပဲ ကျတော့ ဘာတန်သလဲ မပြောနဲ. ကဲ B&F Club card ၀ယ်ပြီး ပြည်တွင်းလေကြောင်းလိုင်းအားလုံးအတွက် cash back 3000 ကျပ် ပြန်ရချင်ရင် https://www.facebook.com/bnfweeklypromotions/ မှာ သွားမေးလိုက်တော့နော် ........ ယခု cash back အား ထပ်မံ ကြေငြာတဲ့ အချိန်ထိ ပေးသွားမှာနော်......

ငွေဆောင်တို့ ချောင်းသာတို့လား ရိုးလွန်းတယ်😪 ကိုယ်တွေက ကြည်လင်နေတဲ့ ရေပြင်ကြီးရယ် သဘာဝဆန်တဲ့ ပတ်ဝန်းကျင်တွေနဲ့ လတ်လတ်ဆတ်ဆ...
22/07/2020

ငွေဆောင်တို့ ချောင်းသာတို့လား ရိုးလွန်းတယ်😪 ကိုယ်တွေက ကြည်လင်နေတဲ့ ရေပြင်ကြီးရယ် သဘာဝဆန်တဲ့ ပတ်ဝန်းကျင်တွေနဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေစားဖို့ 🏖ညောင်ဦးဖီးကမ်းခြေဆီကို ရွက်လွှင့်ဖို့တောင် ပြင်ဆင်နေပြီ😎

ခရီးထွက်ဖို့စိတ်ကူးလေးတွေပျောက်ပြီး အိမ်နဲ့အလုပ်ကြား ဗျာများနေရတာ တနှစ်လောက်ရှိတော့မှာဆိုတော့😔 စိတ်ရှပ်စရာတွေနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ ဒီလောက်တော့သွားသင့်တယ်လေ😅 တိုက်တိုက်ဆိုင်ဆိုင် ဒီလကုန်မှာ 4 ရက်ဆက်တိုက် ပိတ်ရက်လေးရှိနေတော့ Pay Day မှာ ညောင်ဦးဖီးသွားပြီး Snorkelling ကြမယ်🏄‍♂️🏊‍♀️ ဘယ်လိုသွားကြမလဲ? အစီအစဥ◌်လေး ပြောပြမယ်နော်.🤓

1️⃣ပထမရက်မှာ ရန်ကုန်ကနေ ကော့သောင်းကို ✈️လေယာဥ◌် (သို့မဟုတ်) ကားနဲ့ သွားကြမယ် (ကားနဲ့ဆိုရင်တော့ တရက်ကြိုသွားရမယ်နော်) ဟိုရောက်ရင် နေလည့်လောက်ဖြစ်မှာဆိုတော့ ဟိုတယ်မှာ နေ့လည်စာ စားလို့ရအောင်အရင်လိုက်ပို့ပေးပြီးမှ ကော့သောင်းမြို့ထဲကို 🚗ကားလေးနဲ့ ပတ်ကြတာပေါ့😌

ရေတံခွန်တွေ/ တန်ခိုးကြီးဘုရားတွေနဲ့ ဓါတ်ဖမ်းလို့ရအောင် ရှုခင်းလှတဲ့နေရာလေးတွေကိုလဲ လိုက်ပို့ပေးဦးမှာ📸 လည်ပတ်ပြီး ပင်ပန်းသွားပြီဆိုမှ ကော့သောင်းမြို့ရဲ့ Victoria Cliffe ဟိုတယ်ကြီးမှာ တစ်ညတာ အနားယူရင်းနောက်နေ့အတွက် အားဖြည့်ကြမယ်😴

2️⃣Day 2 မှာတော့ လူငယ်တွေအကြိုက် ကျွန်းပတ်ခရီးစဥ◌်တွေစတင်ဖို့ ဟိုတယ်မှာ မနက်စာစားပြီးတာနဲ့ ညောင်ဦးဖီးကျွန်းကို 🚤Speed Boat လေးနဲ့ သွားကြမယ်. ပြီးရင် Snorkelling မလုပ်တတ်တဲ့သူတွေကို Guide တွေက သေချာသင်ပေးပြီးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူဌေးမကမ်းခြေမှာ ရောင်စုံငါးလေးတွေနဲ့ ရေတူတူကူးရင် Snorkelling လုပ်ကြမယ်🥰 ညနေစောင်းလောက်ဆို ဟိုတယ်ပြန်ပြီး Infinity Pool ကြီးမှာ ရေကူးရင် Chill မလား Spa မှာ Massage လုပ်မလား? As you like နော်😍

ရန်ကုန်ကနေ ကော့သောင့်ခရီးစဥ◌်မှာ မနက်စာ/ နေ့လည်စာ/ ညစာနဲ့ Sightseeing ကားတွေ Speed Boat တွေပါပြီးသားဆိုတော့ အပိုကုန်စရာမလိုပဲ သဘာဝအလှတွေကို အပြည့်အဝခံစားရမှာ👍 လကုန်ပိတ်ရက်လေးမီချင်တယ်ဆိုရင်တော့ မြန်မြန်လေးလာပြောထားမှရမယ်📲 ခရီးစဥ◌်အကြောင်းအသေးစိတ်သိချင်တယ်ဆိုရင်တော့ Chatbox ဒါမှမဟုတ် ဖုန်းနံပါတ် 09-797296000,09969910110, Viber ဖုန်းနံပါတ် - 09-969910106 ကို ဆက်သွယ်စုံစမ်းလို့ရတယ်နော်🥰

14/07/2020

မဖြစ်မနေ ခရီးသွားဖို့လည်းရှိနေတယ်...
ကားလက်မှတ်ဝယ်ဖို့လည်း သီးသန့်အချိန်မရှိ ဖြစ်နေလား?🚌🧳

ဒါဆိုရင်တော့ Onepay အက်ပ်ရဲ့ ONE-Travel အောက်က bnfexpress.com - Myanmar Bus Ticket မှာ ပြည်တွင်းကားလိုင်းမျိုးစုံရဲ့ ကားလက်မှတ်တွေကို အချိန်ကုန်သက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူလို့ ရပြီနော် ☺️

အချိန်ကုန်၊ အလုပ်ရှုပ်သက်သာစွာနဲ့ လုံခြုံစိတ်ချစွာ ကားလက်မှတ်တွေ ဝယ်ယူဖို့ အက်ပ်တစ်ခုပဲလိုတယ်…Onepay

Onepay app အားရယူရန်

📲Playstore: http://bit.ly/androidonepaydownload

📲App Store: http://bit.ly/onepaydownload

အားပေးကြမ်းတဲ့ ခရီးသွားဧည့်သည်များ၏ တောင်းဆိုချက်ကြောင့် 𝐌𝐘𝐏 ရဲ့ 𝟓𝟎% 𝐨𝐟𝐟 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အစီအစဉ်လေး နောက်တစ်ကြိမ် ရောက်ရှိလို့...
10/07/2020

အားပေးကြမ်းတဲ့ ခရီးသွားဧည့်သည်များ၏ တောင်းဆိုချက်ကြောင့် 𝐌𝐘𝐏 ရဲ့ 𝟓𝟎% 𝐨𝐟𝐟 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အစီအစဉ်လေး နောက်တစ်ကြိမ် ရောက်ရှိလို့လာပါပြီနော်...📢📢📢 (𝐌𝐘𝐏𝟓𝟎) ဆိုတဲ့ 𝐂𝐨𝐮𝐩𝐨𝐧 𝐂𝐨𝐝𝐞 လေး မှတ်ထားလိုက်ရုံ နဲ့ ယခု 𝐩𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကိုရရှိမှာဖြစ်ပါတယ်။

လက်မှတ်လိုချင်တယ်ဆို အခုပဲ Green Myanmar Travel ကို ဆက်သွယ်လိုက်တော့နော်

ပုဂံ မှာ မီးပုံးပျံစီးပြီး ရှုမျှော်ခင်းတွေကို တဝကြီး ကြည့်ရှုခံစားနိုင်ဖို့ အိမ်မက် နေသူတွေအတွက် 😀ပုဂံဒေသက စေတီပုထိုးတွ...
08/07/2020

ပုဂံ မှာ မီးပုံးပျံစီးပြီး ရှုမျှော်ခင်းတွေကို တဝကြီး ကြည့်ရှုခံစားနိုင်ဖို့ အိမ်မက် နေသူတွေအတွက် 😀
ပုဂံဒေသက စေတီပုထိုးတွေရယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီး ရယ် ပုဂံဒေသရဲ့ မနက်ခင်းနေထွက်ချိန် အလှ ကို ခံစားချင်သူများအတွက်😁
Adventure လုပ်ရတာသဘောကျနှစ်သက်တဲ့သူတွေအတွက် 😍တသက်တာမမေ့နိုင်တဲ့ အတွေ့အကြုံကို အမြန်ဆုံးရယူနိုင်ဖို့ STT Ballooning ကနေ ဈေးအရမ်းတန်တဲ့ Promotion လေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်
#ယခင်ဈေးနှုန်း
Local - 350,000 ks မှ ယခု # 140,000 ks 🥰
Foreigner - USD 320 ကေန. ယခု 🥰ဆိုတော့ အရမ်းတွေတန်နေပါပီနော် ဒါပဲလား မဟုတ်သေးဘူးကျန်သေးတယ်နော် 😀😀
Balloon ကို ဈေးသက်သာနဲ့ စီးလို့ရမယ့်အပြင်
နန်းမြင့် မျှော်စင် ကို ဝင်ကြေးပေးစရာမလိုဘဲ ရှုခင်းတွေကို တဝကြီး ထပ်ကြည့်လို့ရမှာနော်
ပုဂံရွှေနန်းတော်ကြီးမှာ Dandaree Show ကိုလဲ free ကြည့်ရမှာနော်
နန်းမြင့် မျှော်စင်မှာရှိတဲ့ Restaurant နဲ့ The Little Thai Kitchen Restaurant မှာ Food & Beverage သုံးဆောင်မယ်ဆိုရင်လည်း 25% discountရအုံးမှာနော်
Treasure SPA at Myanmar Treasure Resort မှာလည်း 25% discountရအုံးမှာနော် 👍👍
ကာလကန့်သတ်ချက်လေးရှိတာမို့ အဲဒါလေးတော့သတိထားစေချင်ပါတယ်နော်
လက်မှတ်ဝယ်ရမည့် ကာလကတော့ : 8 July 2020 to 31 August 2020
Balloon စီးရမည့် date တွေက တော့ : 7 October , 2020 to 10 April , 2021
booking တင်ထားချင်တယ် ဆိုရင်တော့ အခုပဲ ဒီဖုန်းတွေကို ဆက်သွယ်လိုက်ပါနော်
09969910109 / 09797296000 / 09969910110

၇၅ ကြိမ်မြောက်ကျရောက်သော တပ်မတော် နေ့ အားဂုဏ်ပြုကြိုဆို အပ်ပါသည်
26/03/2020

၇၅ ကြိမ်မြောက်ကျရောက်သော တပ်မတော် နေ့ အားဂုဏ်ပြုကြိုဆို အပ်ပါသည်

စနေ,တနင်္ဂနွေ နှင့် အစိုရရုံးပိတ်ရက်များတွင်Green Myanmar Travels & Tours ရုံးပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းက...
24/03/2020

စနေ,တနင်္ဂနွေ နှင့် အစိုရရုံးပိတ်ရက်များတွင်
Green Myanmar Travels & Tours ရုံးပိတ်မည်ဖြစ်ကြောင်း
ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်

19/03/2020

သင်္ကြန်ပိတ်ရက်မှာ ကားလက်မှတ်တွေဝယ်လို့ မရတော့လို့ စိတ်ညစ်နေတာလား????

ဒီနှစ် သင်္ကြန်မှာ ပိတ်ရက် ၁၀ ရက်တောင် ရှိတာဆိုတော့ အိမ်ပြန်ချင်တဲ့ သူတွေပဲဖြစ်ဖြစ်
သင်္ကြန်မှာ ခရီးသွားမယ်လို့ စီစဉ်နေတဲ့ သူတွေပဲ ဖြစ်ဖြစ် ကားလက်မှတ်တွေက ဝယ်ရခက်နေတယ် ဟုတ်။

ကားဂိတ်တွေမှာလဲတိုးကြိတ်ပြီး မဝယ်ချင်ပြန်ဘူး.....
ဒီလို အခက်အခဲ တွေကို မင်မင်က ကြိုသိနေလို့.....
ဧပြီ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့အတွက် ကားလက်မှတ်တွေ ကို Bnf Top up app လေးနဲ့ ဝယ်ယူလို့ရနေပြီ...။

တိုးကြိတ်ပြီးလဲ ဝယ်စရာမလိုပဲ အိမ်ကနေ သက်တောင့်သက်သာ ဝယ်ယူနိင်တယ်။ လက်မှတ်တွေအတွက် payment ကိုတော့ BNF TopUp ကနေပဲ လက်ခံပေးပါမယ်နော်။ BNF TopUp application မှာ Register လုပ်ပြီး Online ကနေပဲ
ပေးလို့ရတယ်ဆိုတော့ ပေးရတာလဲလွယ်ကူပါတယ်။

ရန်ကုန်မြို့ပြကြီးကနေထွက်ပြီး အေးအေးဆေးဆေး
အနားသွားယူချင်တဲ့သူတွေအတွက် ဝယ်ယူနိုင်တဲ့ ကားလမ်းကြောင်းတွေကတော့.....

• ရန်ကုန် - တောင်ကြီး
• ရန်ကုန် - ပုဂံ
• ရန်ကုန် - မန္တလေး
• ရန်ကုန် - ရွှေဘို
• ရန်ကုန် - မြင်းခြံ
• ရန်ကုန် - ပြင်ဦးလွင်
• ရန်ကုန် - ပြည်
• ရန်ကုန် - မုံရွာ

ကားလမ်းကြောင်းတွေက အချိန်နဲ့ အလိုက် Update ဖြစ်နေတာဆိုတော့ အသေးစိတ် Information ကို
BNF Top-Up messenger မှာ စုံစမ်းလို့ရပါတယ်။

ခုံတွေက သိပ်မကျန်တော့ဘူးဆိုတော့ BNF Top-Up Application ကို
အခုပဲ download ဆွဲပြီး ဝယ်ယူလိုက်ပါနော်

Ph-09969910132
Address - No.391, Waizayantar Road , Za/South Quarter , Thingangyun.

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959969910110

Alerts

Be the first to know and let us send you an email when Green Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Myanmar Travels & Tours:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Our Story

Green Myanmar Travel , we love make you to have a good story to tell with Myanmar.