25/06/2023
မရွေး
ငယ်ဘဝက စားခဲ့ရတဲ့ သွားရည်စာလေး ပြန်တွေ့တော့ ငယ်သူငယ်ချင်း တစ်ယောက်ကို ပြန်တွေ့ရသလိုမျိုး ရင်ထဲခံစားရပြန်ရော။
အရင်ကလူတွေဟာ အိမ်မှာ ထမင်းကျန်ရင် လွှင့်မပစ်ပဲ နေလှမ်းအခြောက်ခံထား တတ်ကြတယ်။ ခေတ်ကာလမကောင်းတဲ့ အချိန်တွေဆိုတော့ အချိန်မရွေး ပြေးရလွှားရရင် စားဖို့ ရိက္ခာခြောက် အနေနဲ့ အသုံးပြုဖို့ပေါ့။
ထမင်းခြောက်ကိုလှော်ပြီး စားရင် အစာပြေတယ်လေ။ ဘာဟင်းမှကို မလိုတာ။ အဲ.... ခေတ်ကာလကောင်းချိန်ဆိုရင် အဲ့ဒီ ထမင်းခြောက်ကိုပဲ အခုလို " မရွေးမုန့်" လုပ်စားကြပြန်ရော။ နေ့လည်နေ့ခင်း စားစရာ သွားရည်စာ အဖြစ်နဲ့ပေါ့။
ကျနော်တို့ ငယ်ငယ်က အခုခေတ်လို ဘီစကစ်တွေ ကိတ်မုန့် ပေါင်မုန့်တွေ ရှားပါးချိန်ဆိုတော့ မြန်မာ့ရိုးရာမုန့်များနဲ့သာ ယဥ်ပါးကြီးပြင်းခဲ့ကြ ရတာပါ။ မုန့်ဖိုး ၅ပြါးဆိုရင် စိတ်ကြိုက်အဝစားလို့ ရတဲ့ခေတ်ဆိုတာ အခုခေတ်ကလေးတွေကို ဘယ်လိုရှင်းပြရမှာပါလိမ့်🤔🤔
ပြားဆိုတာဘာလဲဟင်လို့ မေးရင် နမူနာပြစရာ ပြားတို့ မူးတို့ မတ်တို့ကလည်း အသင့်ရှိမနေတော့ မသိချင်ယောင် ဆောင်နေတာပဲ ကောင်းပါတယ်လေ😛