Royal Gandamar Travels & Tours

  • Home
  • Royal Gandamar Travels & Tours

Royal Gandamar Travels & Tours Royal Gandamar, one of the preferred choices for travelers. Door to Door service available! Call 09 67 9999 807,808, 09 68 4700 828, 838, 380, 308

14/02/2024

မြန်မာနိုင်ငံသားများအတွက် Visaမလိုအပ်ပဲ passportရှိရုံနဲ့သွားရောက်နိုင်သည့် နိုင်ငံများ

1 Singapore ( 30 days )
2 Vietnam ( 30 days )
3 Thailand ( 14 days )
4 Brunei ( 14 days )
5 Laos (14 Days)
6 Indonesia ( 14 days )
7 Philippines ( 14 days )
8 Cambodia ( 14 days)

#သွားမယ်&တည်းမယ်

Credit IFC Travel & Tours

13/02/2024
29/01/2024

စစ်ကိုင်း မင်းကွန်းကားလမ်းဘေး☘️

တရုတ်စကားပင်ကြီးတွေရှိတဲ့ ရတနာထွဋ်ခေါင်ကျောင်း🍀

📍တည်နေရာ
စစ်ကိုင်း မင်းကွန်းကားလမ်းဘေး ခိုတောင်ရွာမရောက်ခင် မင်းဇော် (မြန်မာမှု)ဆိုင်းဘုတ်ရှိတဲ့ ဘယ်ဘက်ခြမ်းထဲကို ဝင်သွားရတာပါ🍀

ln Infinity
📷 Than Myint Zaw(ဓာတ်ပုံ)

30/10/2023

#တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

#ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရျိမျကွပါနှငျ့။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

21/10/2023
20/10/2023
16/10/2023
15/10/2023
08/10/2023
30/09/2023
30/09/2023
29/09/2023
29/09/2023
28/09/2023
F.Y.I
26/09/2023

F.Y.I

26/09/2023
18/09/2023

နှစ်ပေါင်း ၃၂၀၀ ကျော်က ၅/ ဘုတလင်သူလယ်သူမ၂ဦး

ရှေးဟောင်း DNA ဆိုတာ မြန်မာနိုင်ငံလို အပူပိုင်းဒေသရာသီဥတုမှာ ကောက်ယူနိုင်တဲ့ အနေအထားအထိ မပျက်မစီးပဲ တည်ရှိဖို့ခက်ခဲလှပါတယ်။

၂၀၁၅ခုနှစ်တုန်းက ပြင်သစ်နဲ့ မြန်မာရှေးဟောင်းသုတေသနပညာရှင်တွေပါဝင်တဲ့ Franco-Myanmar archaeological cooperation project က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ အုတ်အိုင်ကြေးခေတ်သင်္ချိုင်းရာက တူးဖော်ရရှိခဲ့တဲ့ အမျိုးသမီးငယ်ရုပ်ကြွင်း S-28 နဲ့ အရွယ်ရောက်ပြီးအမျိုးသမီးရုပ်ကြွင်း S-29 တို့ကနေ ရှားပါးလှတဲ့ ရှေးဟောင်း DNA ကို အောင်မြင်စွာ ကောက်ယူစစ်ဆေးနိုင်ခဲ့ပါတယ်။

ဒီအမျိုးသမီးရုပ်ကြွင်းတွေကို အခေါင်း သို့မဟုတ် အဝတ်စနဲ့ စည်းနှောင်ပြီးမြုတ်နှံခဲ့ပြီး သူတို့နဲ့အတူ စားမြိန်ထုတ်ထည့်ထားတဲ့ အိုးခွက်တွေပါတွေ့ရှိရပါတယိ။ ကျောက်ခေတ်နှောင်း(ကျောက်ချောခေတ်)ကုန်ဆုံးပြီး ကြေးခေတ်အစပြုရာကာလ ၁၂၀၀ ဘီစီဝန်းကျင် လွန်ခဲ့တဲ့ အနှစ် ၃၂၀၀ ကျော်က ဘုတလင်မြို့နယ် အုတ်အိုင်ဒေသမှာ အခြေချနေထိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်အသက်မွေးခဲ့သူများလို့ ကာဘွန်သက်တမ်းတွက်ချက်နည်းအရ ရော တူးဖော်ရရှိတဲ့ အထောက်အထားတွေအရ သက်သေပြထားပါတယ်။

ရုပ်သွင်စစ်ဆေးချက်နဲ့ DNA စစ်ဆေးချက်တွေအရ ဒီအမျိုးသမီးတွေဟာ Sino-Tibetan speakers တရုတ်တိဗက်ဘာသာစကားပြောလူမျိုးတွေလို့ သိရတဲ့ အတွက် ယနေ့ခေတ် မြန်မာလူမျိုးတွေနဲ့ အတူတူပဲဖြစ်ပါတယ်ခင်ဗျာ။

ပြောချင်တာက အညာဒေသ ဘုတလင်မြို့နယ်မှာ လွန်ခဲ့တဲ့ အနှစ်၃၂၀၀ကတည်းက ၅/ တွေလယ်
စိုက်နေကြပါပြီ။ မြန်မာတွေက အေဒီ၉ရာစုကျမှ နတ်ထိပ်တောင်ကြားကနေ ကျောက်ဆည်လွင်ပြင်ကိုမြင်းစီးပြီး ဝင်လာတယ်ဆိုတဲ့ အယူအဆကို လက်ခံတဲ့သူတွေကိုတော့ တံတားလေးပို့သင့်နေပါပြီလို့ 😁😁😁😁



17/09/2023
14/09/2023
F.Y.I
12/09/2023

F.Y.I

08/09/2023
07/09/2023

FYI

This is the official Facebook of Myanmar Airways International. For more details information, click h

06/09/2023

ဘားအံမြို့ရှိ ရေဂူ အလှတရားကြီး

ခရီးမထွက်ရလို့ စိတ်ပင်ပန်းလာတဲ့ အခါ ပန်းတွေကြည့်ပြီး အပန်းဖြေပါ
06/09/2023

ခရီးမထွက်ရလို့ စိတ်ပင်ပန်းလာတဲ့ အခါ ပန်းတွေကြည့်ပြီး အပန်းဖြေပါ

Address


Alerts

Be the first to know and let us send you an email when Royal Gandamar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Gandamar Travels & Tours:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share