MMVisit

MMVisit Travel website for all visitors, booking reviews, advices on hotels, resorts, flights, vacation rentals, car rentals, travel packages, and lots more!
(2)

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️▶️ သာမိုင်းခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို...
01/01/2023

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

▶️ သာမိုင်းခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိပါသည်။ သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဥာဥ်မြို့တော်၊ လောကီပညာရပ်များ လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခုဖြစ်ပါသည်။

🔯 နရပတိစည်သူမင်းတည်ထားခဲ့တဲ့
စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့
“ သာမိုင်းခမ်း ”

🔯 ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်း ခမ်း”

🔯 ကလောမြို့ အောင်ပန်းမြို့တို့ကို
မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.”

🔯 ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင်
အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့
“ စဝ်ထွန်းအေး”ရဲ့ မွေးရပ်မြေဖြစ်တဲ့
“ သာမိုင်းခမ်း. ”.

🔶 ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောခဲ့သော နေရာလေးတစ်ခုဖြစ်ခဲ့ပါသည်။ မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်ပြီး ထိုခေတ်အခါက ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ သီပေါစော်ဘွား၊ သာမိုင်းခမ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိခဲ့ပါသည်။

🔷 သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်ပါသည်။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ၎င်းမြို့တွင် အင်းပညာရှင်၊ စမပညာရှင်၊ ဗေဒင်ပညာရှင်၊ အဂ္ဂိရတ်ပညာရှင်၊ ဆေးပညာရှင်၊ ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားခဲ့သော ဘုရားဟု နာမည်ကျော်ကြားလှပါသည်။ ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်ကာ လွန်စွာမှလည်း ဆုတောင်းပြည့်လျှက်ရှိပါသည်။

🔷 သာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြား လျှက်ရှိပါသည်။ ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်များအထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက်လျှက်ရှိပါသည်။

🔶 သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုများကြောင့် မြန်မာဘုရင်မှ အမျက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခမ်းအား သိမ်းပိုက်‌
စေပါသည်။ သာမိုင်းခဏ်းစော်ဘွားသည် " မိမိမရှိတော့သည့်အချိန်တွင် ထိုသာမိုင်းခဏ်းမြို့သည်လည်းမရှိစေရ၊ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ” ကျိန်စာတစ်ရပ်အား ဆိုခဲ့ပါသည်။

♦️ မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားကွယ်လွန်ပြီး ကျိန်စာများနှင့်ပြည့်ဝသော သာမိုင်းခမ်းသည်လည်း ပျောက်ကွယ်လေသည်။ သာမိုင်းခမ်းစော်ဘွား၏ အသုဘကို အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြပါသည်။ သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားပြီး ထိုအုတ်ဂူအတွင်း၌ သူပိုင်ဆိုင်သမျှ ရွှေ၊ ငွေ ၊ကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သောရတနာများ ထည့်သွင်းမြုပ်နှံသဂြိုလ်ထားသည့်အပြင် ထိုအုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော်အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေသည်။ ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြားနှင့် ကြောင်မျက်ရှင်ရတနာများလည်း ပါသည်ဟု ဆိုကြပါသည်။

♦️ ထိုစော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြပါသည်။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထိုဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြပါသည်။ မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သာလျှင် ရူးလျှင်ရူး၊ မရူးလျှင် သေပွဲဝင်ခဲ့ကြလေသည်။

🔯 ယခုအခါ သာမိုင်းခမ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရွာငယ်အဆင့်မျှပင် မရှိတော့သည်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

: Via Saya U Win Mg (TPWD)


ကမ္ဘာပေါ်က နေမဝင်တဲ့နိုင်ငံ(၆)နိုင်ငံ ♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️▶️  ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။...
29/12/2022

ကမ္ဘာပေါ်က နေမဝင်တဲ့နိုင်ငံ(၆)နိုင်ငံ
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

▶️ ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။ အဲဒီလို နေမဝင်တဲ့ နိုင်ငံတွေဆီ အလည်အပတ် ရောက်နိုင်သူတွေကတော့ ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။ နေ မဝင်တဲ့ အရပ်က လူတွေအတွက်တော့ ဘယ်အချိန်မှာ အိပ်ရမယ်ဆိုတာကို ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ မျက်လှည့်ပြမှု တခုလိုပါပဲ။

(၁) နော်ဝေနိုင်ငံ

▶️ အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နော်ဝေနိုင်ငံကို လူတွေက ညဉ့်သန်းခေါင်တိုင်အောင် နေထွက်နေတဲ့မြို့လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ နော်ဝေနိုင်ငံမှာ နေ မဝင်တဲ့ ရက်ပေါင်းက ၆၉ ရက် ရှိပါတယ်။ မေလကနေ ဇူလိုင်လအတွင်းဟာ နော်ဝေနိုင်ငံအတွက် နေမဝင်တဲ့ အချိန်တွေပါပဲ။

(၂) အိုက်စလန်နိုင်ငံ

▶️ အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံကလည်း နော်ဝေနိုင်ငံလိုပဲ မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လအထိ နေ မဝင်ဘဲ ရှိနေတတ်ပါတယ်။ အိုက်စလန်နိုင်ငံဟာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေပေါများတဲ့ နိုင်ငံဖြစ်သလို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသာဥယျာဉ်တွေဆီ လည်ပတ်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

(၃) ကနေဒါနိုင်ငံ

▶️ ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သလို ကနေဒါ တနိုင်ငံလုံးကိုလည်း ဆီးနှင်းတွေက တနှစ်ပတ်လုံး ဖုံးလွှမ်းထားတတ်ပါတယ်။ နွေရာသီမှာဆိုရင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ Inuvik လို မြို့တွေဟာ ရက်ပေါင်း ၅၀ လောက်ကြာအောင် နေမဝင်ဘဲ ရှိနေတတ်ပါတယ်။

(၄) အလာစကာပြည်နယ်

▶️ အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။

(၅) ဆွီဒင်နိုင်ငံ

▶️ နေမဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ ရှိ ပြီး မနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။

(၆) ဖင်လန်နိုင်ငံ

▶️ ဖင်လန်နိုင်ငံဟာ ထောင်ချီတဲ့ ရေကန်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်သလို နွေရာသီမှာဆိုရင် ၇၃ ရက်တိုင်တိုင် နေမဝင်တာကို ကြုံရလေ့ ရှိပါတယ်။

♻️ခရီးသွားချစ်သူတို့အတွက် ဒေသန္တရ ဗဟုသုတရရှိစေရန် နာမည်ကြီးနေရာဒေသများကို MMVisit Online Travels မှတင်ပြအပ်ပါသည်.....

. idiva.com


Address


Alerts

Be the first to know and let us send you an email when MMVisit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMVisit:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share