Princess Irrawaddy Travels & Tours

Princess Irrawaddy Travels & Tours Tourism is not only meant for Leisure but also offers us “the golden opportunity” to experience
(2)

Princess Irrawaddy is one of the leading tour operators / travel agents in Myanmar and has built up a good and reliable team who are suitably qualified, licensed and insured to manage your travel arrangements. At each destination both in the country and around the world you will be met and escorted to your hotel or on your sightseeing tour. You can contact our representative offices at any time or

ourselves here in Yangon giving you the confidence of traveling in the whole country. We care of our clients to provide a unique experience of your tour. You can therefore be assuring not only for the best service, but also the most pleasurable and unmatched level of service to satisfy our customer individual likes. The programmes and tours we offer here are an insight into the rich culture and diverse landscapes of the region of each country. Each is designed to capture the unique history, architecture, religion, heritage, costumes and beauty that make this part of the world so fascinating. The hotels and itineraries we recommend reflect this and capture some of the nostalgia of a bygone era, combining the traditions and hospitality that personalizes every trip. Ones can expect more than just a story but an amazing experience too real to be true by travelling with Princess Irrawaddy.

𝗡𝗲𝘄𝗡𝗼𝗿𝗺𝗮𝗹မြန်မာပြည်တွင်းလေကြောင်းခရီးသွားနည်း ⭕ လေယာဉ်လက်မှတ်များကို ပြည်တွင်း လေယာဉ်လက်မှတ်အရောင်းဌာနများအားလုံးမှ မည်သ...
16/12/2020

𝗡𝗲𝘄𝗡𝗼𝗿𝗺𝗮𝗹မြန်မာပြည်တွင်းလေကြောင်းခရီးသွားနည်း

⭕ လေယာဉ်လက်မှတ်များကို ပြည်တွင်း လေယာဉ်လက်မှတ်အရောင်းဌာနများအားလုံးမှ မည်သည့်ထောက်ခံချက်မျှမလိုဘဲ ပုံမှန်အတိုင်းဝယ်ယူနိုင်ပါတယ်။
⭕ ခရီးစဉ်အတွက် RDT Kit ဖြင့် ပိုးစစ်ဆေးမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက(သို့)အစိုးရဆေးရုံ ၊ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် လေယာဉ်လက်မှတ်ပြ၍ဖြစ်စေ သက်ဆိုင်ရာလေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ မိမိစရိတ်ဖြင့်စစ်ဆေးရပါမယ်။
⭕ လေဆိပ်တွင် Check-In ဝင်သည့်အခါ (၃၆)နာရီသက်တမ်းရှိ RDT Kit ဖြင့် စစ်ပီး ကင်းရှင်းကြောင်းလက်မှတ်ပြသရမည်။ ကိုဗစ်နှင့်ဆိုင်တဲ့ရောဂါလက္ခဏာအနေအထားများ ရှိမနေစေရပါ။ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို ပေးအပ်/ဖြည့်စွက်ပေးရပါမယ်။ ကျန်းမာရေးဆိုင်ရာ ကြေငြာချက်စာရွက်အားသက်ဆိုင်ရာကျန်းမာရေးတာဝန်ရှိသူများသို့ ပေးရပါမယ်။
⭕ လေယာဉ်ခရီးစဉ်တစ်လျှောက် သတ်မှတ်ထားသော ခုံအမှတ်၌သာထိုင်၍ Mask ၊ Face Shield တို့အား သေချာစွာဝတ်ဆင်ထားရှိရန်နှင့် လေယာဉ်အမှုထမ်းတို့၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရပါမယ် ။
⭕ ဆင်းမည့်လေဆိပ်သို့ရောက်သည့်အခါ လေဆိပ်ရှိ တာဝန်ရှိသူများထံ ကျန်းမာရေးဆိုင်ရာကြေငြာချက်စာရွက်နှင့် တောင်းခံသည့်အချက်အလက်များအားမှန်ကန်စွာပေးရပါမယ်။
🛑(Non Stay Home ဒေသလေဆိပ်) မှ (လေဆိပ်အားလုံး) သို့ ်ရန်မလိုပါ
🛑(Stay Home ဒေသလေဆိပ်) မှ (Stay Home ဒေသလေဆိပ်) သို့ ်ရန်မလိုပါ
🛑(Stay Home ဒေသလေဆိပ်) မှ (Non Stay Home ဒေသလေဆိပ်) သို့ ်ရပါမယ်
🛑 Q ဝင်ရာတွင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များအတိုင်း Facility Q (သို့) Hotel Q ဝင်ရောက်ခြင်း/ မိမိစရိတ်ဖြင့် ပိုးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။
🛑 အကြမ်းဖြင်းအားဖြင့်
RT-PCR Test ဖြင့်စစ်ဆေးခံပါကQ(၃)ရက်၊
(RDT Kit) ဖြင့် စစ်ဆေးခံပါက Q(၇) ရက် ဝင်ရောက်ရပါမယ်။

✈️✈️ လေ​ကြောင်းခရီးစဉ်ဖြင့် ခရီးသွားမည့်သူများအတွက် ရန်ကုန်မြို့တွင် ဓာတ်ခွဲမှုနမူနာ စစ်ဆေးနိုင်မည့်နေရာ နှင့် လိုက်နာရမ...
15/12/2020

✈️✈️ လေ​ကြောင်းခရီးစဉ်ဖြင့် ခရီးသွားမည့်သူများအတွက် ရန်ကုန်မြို့တွင် ဓာတ်ခွဲမှုနမူနာ စစ်ဆေးနိုင်မည့်နေရာ နှင့် လိုက်နာရမည့်အချက်များ

******************************************

ဖြေလျော့ပေးမှုများကို အဆင့်အလိုက်စတင်လာပြီဖြစ်ရာ မကြာမီပြည်တွင်းလေယာဉ်ခရီးစဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်သောကြောင့် လိုက်ပါကြမည့်ခရီးသည်များအတွက် COVID-19 ဓါတ်ခွဲစစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက အောက်ပါအတိုင်း ဆောင်ရွက်ပေးသွားပါမည်။

Credit to MOHS

 #ဗဟုသုတမြင်ဖူးတယ်ရှိအောင်ပါကြယ်မိုးရွာမည်ကိုကြည့်ချင်သူများ----------------++---------------++---------------- #ယနေ့၁၃....
13/12/2020

#ဗဟုသုတမြင်ဖူးတယ်ရှိအောင်ပါကြယ်မိုးရွာမည်ကိုကြည့်ချင်သူများ-
---------------++---------------++----------------
#ယနေ့၁၃. ၁၂.၂၀၂၀ နှင့် #မနက်ဖြန်၁၄.၁၂.၂၀၂၀
ည ( ၁၂ )နာရီနောက်ပိုင်းမြန်မာနိုင်ငံမှမြင်ရသော
#ကြယ်မိုးရွာမည့်ကမ္ဘာ့ရှားပါးဖြစ်စဥ်ကြီးပေါ်ပေါက်မည်
===================

ယခုလာမည့် ဒီဇင်ဘာ ၁၃ရက် ည နဲ့ ၁၄ ရက်နေ့မနက်အစောပိုင်းတွေ မှာတော့ ကြယ်မိုး ရွာခြင်း ဖြစ်စဉ်တွေထဲက အများဆုံး မြင်ရတဲ့ Geminids Meteor Shower ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ ကြယ်မိုး က တော့ 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့ တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ 3200 Paethon ဟာ ၁.၄ နှစ် မှာ တစ်ကြိမ် နေကို လှည့်ပတ်နေတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညသန်းခေါင် ကနေ ၁၄ ရက်နေ့မနက် အာရုံမတက်ခင်ထိ အများဆုံး မြင်ရမှာဖြစ်ပြီး တစ်နာရီ ကို ကြယ်မိုးပေါင်း ၁၀၀ လောက်ထိ မြင်ရမှာဖြစ်ပါတယ်။ ဒီနှစ် Geminids ကြယ်မိုးရွာတဲ့ ရက်ဟာ လကွယ်နေ့ နဲ့နီးကပ်နေတာကြောင့် လ ရဲ့ အလင်းရောင် နှောင့်ယှက်မှု မရှိသလောက်နည်းပါးပြီး တောက်ပတဲ့ ကြယ်မိုး အရေအတွက် များစွာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကြယ်မိုးရွာတယ်ဆိုတာ အာကာသထဲရှိ ကမ္ဘာနည်းတူ နေကို လှည့်ပတ်နေတဲ့ ကြယ်တံခွန်တွေ ၊ ဥက္ကာပျံ တွေရဲ့ လမ်းကြောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲ အမှုန်အမွှား တွေက ကမ္ဘာ က နေကို ပတ်နေတဲ့ လမ်းကြောင်း ထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။

Geminids Meteor Shower ကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင် နည်းပါးတဲ့ နေရာ ကနေ အရှေ့ဖက် ကောင်းကင်ကို စောင့်ကြည့်နိုင်ပါတယ်။ ဆောင်းရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေး ဝတ်ပြီး ကြည့်ဖို့လဲ အကြံပြုလိုပါတယ်။

Source : MASES

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇ...
13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မှာတဲ့နော် 🤩🤩🤩

ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပါတယ်

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 ✈️

TG Thai Airway လေကြောင်းလိုင်း 1 Jan 2021 မှစတင်ကာပြန်လည် ပြေးဆွဲမည် ။ TG ထိုင်းလေကြောင်းလိုင်းဟာ 1 January မှ 27 March ...
21/11/2020

TG Thai Airway လေကြောင်းလိုင်း 1 Jan 2021 မှစတင်ကာပြန်လည် ပြေးဆွဲမည် ။

TG ထိုင်းလေကြောင်းလိုင်းဟာ 1 January မှ 27 March 2021 Winter Flight Schedule ဆောင်းရာသီလေယာဉ်ပြေးဆွဲမူ့ ခရီးစဉ်များ ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။

Confirmed flight schedules✈️✈️

✅ Europe

💢TG910/911 Bangkok-London-Bangkok, one flight per week on Sunday.

💢TG920/921 Bangkok-Frankfurt-Bangkok, one flight per week on Friday.

💢TG950/951 Bangkok-Copenhagen-Bangkok, one flight per week on Sunday.

✅Australia

💢TG475/476 Bangkok-Sydney-Bangkok, one flight per week (depart from Bangkok on Sunday and return from Sydney on Monday).

✅Asia

💢TG622/623 Bangkok-Osaka-Bangkok, one flight per week (depart from Bangkok on Saturday and return from Osaka on Sunday).

💢TG624/625 Bangkok-Manila-Bangkok, one flight per week on Thursday.

💢TG632/633 Bangkok-Taipei-Bangkok, one flight per week on Friday.

💢TG638/639 Bangkok-Hong Kong-Bangkok, daily flight.

💢TG642/643 Bangkok-Tokyo (Narita)-Bangkok, three flights per week (depart from Bangkok on Monday, Wednesday, and Saturday then return from Tokyo on Tuesday, Thursday, and Sunday).

💢TG656/657 Bangkok-Seoul-Bangkok, one flight per week (depart from Bangkok on Wednesday and return from Seoul on Thursday).

အာရှထဲမှာ မြန်မာ ပါမလားလို့ အပြေးအလွှား ဖတ်လိုက်ရတာ ထင်တဲ့အတိုင်းမပါလာခဲ့ဘူး 😣

Source - Bangkok post
Photo Credit - Bangkok Post

👉🏻Stay at Home  ကာလမှာ စိတ်အပန်းဖြေဖို့ ဘာတွေလုပ်ကြမလဲ???🔺မနှစ်က ဒီအချိန်ဆို ခရီးတွေထွက်ပြီးလာမယ့်ပိတ်ရက်တွေမှာအနားယူဖို...
17/10/2020

👉🏻Stay at Home ကာလမှာ စိတ်အပန်းဖြေဖို့ ဘာတွေလုပ်ကြမလဲ???

🔺မနှစ်က ဒီအချိန်ဆို ခရီးတွေထွက်ပြီးလာမယ့်ပိတ်ရက်တွေမှာအနားယူဖို့ အစီအစဉ်ဆွဲနေကြလောက်ပြီပေါ့နော် 😒

🔹အဲ့...အခုတော့ ကိုဗစ်ကြောင့် Stay at Home တွေဖြစ်ကြရပြီ 😒 အရင်လို သူငယ်ချင်းတွေနဲ့ Bar သွားတာတို့၊ ရုပ်ရှင်ကြည့်တာတို့ Shopping ထွက်တာတို့ ခရီးသွားတာတို့လည်း လုပ်လို့မရဘူး။ အဲ့တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်အပန်းဖြေဖို့နည်းလမ်းတွေ လိုအပ်လာပြီလေနော် 😉😉
📢ဒါမို့...အောက်က နည်းလမ်းတွေအတိုင်း ကျင့်သုံးရင်း Stay at Home ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြရအောင် 😍

🥗🍲🍝🥧ဟင်းချက်နည်းတွေ သင်ယူပါ အစားအသောက်တွေ ကြိုက်နှစ်သက်တဲ့သူဆိုရင် ဒီအချိန်မှာ လူကြီးတွေဆီက ဟင်းချက်နည်းတွေ သင်ယူဖို့ အကောင်းဆုံးအချိန်ပါ။ အတူတူနေရတဲ့ အခိုက်အတန့်မှာ မိသားစုဝင်တွေနဲ့အတူ မုန့်တွေ လုပ်စားပါ၊ မာလာရှမ်းကောပဲလုပ်စားစား YouTube ကနေမုန့်လုပ်နည်းအသစ်တွေကြည့်ပြီးတော့ပဲ လုပ်စားစားပျော်ရွှင်စွာချက်ပြုတ်စားသောက်ရင်းဖြတ်သန်းပါ။

🌳🎋🥀🌻သစ်ပင်စိုက်ပါ
သစ်ပင်တွေကို မချစ်တဲ့သူတော့ မရှိလောက်ဘူးထင်တယ်နော်။အရင်ကတော့အလုပ်တစ်ဖက်နဲ့အချိန်ပေးပြီးဂရုမစိုက်နိုင်လို့ မစိုက်ဖြစ်ခဲ့ဖူးဆိုရင် အခုပဲအကောင်အထည်စဖော်လိုက်ပါ။ အိမ်မှာ သစ်ပင်လေးတွေ စိုက်တာလည်း စိတ်အပန်းဖြေနိုင်မယ့် နည်းလမ်းတစ်ခုပါနော်။အိမ်မှာရှိပြီးသား အပင်လေးတွေကို ရေလောင်း ပေါင်းသင်ပြီး ဂရုစိုက်ပေးတာ၊ အပင်လေးတွေကို ပွားပြီး စမ်းစိုက်ကြည့်တာ၊ ကိုယ်သဘောကျတဲ့ အပင်သစ်တွေ ဝယ်ပြီး ကိုယ်ပိုင်ဥယျာဉ်ငယ်လေးဖန်တီးကြည့်ပါနော်

📚📖📙စာအုပ်ဖတ်ပါ
ဒီအချိန်က စာအုပ်စာပေတွေဘက် လှည့်ရမယ့် အချိန်ကောင်းပါ။ သုတ၊ ရသ ကိုယ်နှစ်သက်သမျှ စာအုပ်တွေဖတ်ပြီး အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးပါ။ ဖေ့ဘုတ်(စ်)က စိတ်ညစ်ညူးစရာ သတင်းတွေကို မဖတ်ပါနဲ့။

⛹️‍♀️🏋️‍♀️🧘‍♀️လေ့ကျင်ခန်းလုပ်ပါ
တနေ့ကုန် ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ညောင်းညာတာတွေမဖြစ်အောင် ကျန်းမာရေးနဲ့ လဲညီညွတ်အောင် တနေ့ မိနစ် သုံးဆယ်လောက် လေ့ကျင့်ခန်းလုပ်ပါ။ အပြင်းအထန်လုပ်စရာမလိုပါဘူး။ ယော့ဂကျင့်တာ၊ Cardio လုပ်တာ၊ ကတာတွေ လုပ်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မကောင်းတဲ့ ဖီလင်တွေလည်းပျောက်ပြီး စိတ်ပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်။

👩‍🎨💃ကျွမ်းကျင်မှုအသစ်တွေ သင်ယူပါ
ဒီကာလမှာ မပျင်းရအောင် ကိုယ်မလုပ်ဖူးတာလေးတွေစမ်းလုပ်ကြည့်ပါ အသစ်တွေလေ့လာသင်ယူပါ စက်ချုပ်တာ ပန်းထိုးတာ DIY handmade လေးတွေလုပ်ကြည့်တာမျိုးပေါ့

👨‍👩‍👧‍👧📞☎️သူငယ်ချင်း ၊ မိသားစုဆွေမျိုးများနဲ့ အဆက်သွယ်မပြတ်ရှိပါ။အရင်လို သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ မတွေ့ရတော့လို့ အဆက်သွယ်မပြတ်ပါစေနဲ့ ။ မကြာခဏ ဖုန်းခေါ်တာပဲဖြစ်ဖြစ် Messenger, Zoom တို့ကနေ video call ခေါ် ပြီး ရှေ‌ဟောင်းနှောင်းဖြစ်တွေ ပြောပါ

🎥 💿 Movie တွေကြည့်ပါ
စိတ်အပန်းဖြေဖို့အတွက် အရင်ကမကြည့်ရသေးတဲ့ Movie တွေ အသစ်ထွက်တဲ့ Drama Series တွေ Reality Show,Variety Show တွေကို အခုချိန်မှာအတိုးချပြီးကြည့်ပါ

👨‍👩‍👦‍👦🏠 မိသားစုနဲ့ အတူတူ Hand-made ပစ္စည်းလေးတွေ လုပ်တာ၊ အိမ်အတွက် DIY ပစ္စည်းတွေ စမ်းလုပ်ကြည့်တာမျိုး အိမ်အလှဆင်တာမျိုးလေးတွေအတူတူပူးပေါင်းပြီးလုပ်ကြည့်ပါ။

👩🏻👨🏻တရားထိုင်ပါ
အာရုံစုစည်းမှုအားကောင်းအောင် ဖန်တီးမှုစွမ်းရည်မြင့်တက်အောင် နဲ့ စိတ်တည်ငြိမ်အေးချမ်းအောင်အချိန်ပေးပြီး တရားထိုင်ကြည့်ပါနော်

📖 👩‍💻 Online Study ,Languages အသစ်တွေသင်ယူလေ့လာပါ
ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင် အတတ်ပညာတိုးပွါးအောင် Youtube or Website တွေကနေတဆင့် ဘာသာစကားနဲ့အခြားသောဘာသာရပ်ဆိုင်ရာများကိုလေ့လာသင်ယူပါ

ဒီကာလမှာ ကိုယ်ဝါသနာပါတာလေးတွေလုပ်ပြီး စိတ်ညစ်တာတွေ ဖြေဖျောက်ကြရအောင်နော် 😀
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေလို့ ယွန်းယွန်းဖြိုးမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်
-At-Home
❤️

နိုင်ငံတကာသို့ ခရီးသွားမည့် ခရီးသွားများအတွက် Covid 19 ကင်းစင်ကြောင်းထောက်ခံချက် ( Travel fit certificate for Covid 19 )...
09/07/2020

နိုင်ငံတကာသို့ ခရီးသွားမည့် ခရီးသွားများအတွက် Covid 19 ကင်းစင်ကြောင်းထောက်ခံချက် ( Travel fit certificate for Covid 19 ) ကို အမျိုးသား ကျန်းမာရေးဆိာင်ရာဓါတ်ခွဲမှုဌာန မှာစစ်ဆေးပေးမည်ဖြစ် ကြောင်း
================================

နိုင်ငံတကာသို့ လေကြောင်းခရီးဖြင့် သွားလာမည့်ခရီးသွားများအတွက် Covid 19 ကင်းစင်ကြောင်းထောက်ခံချက် ( Travel fit certificate for Covid 19 ) ကို အမျိုးသား ကျန်းမာရေးဆိာင်ရာဓါတ်ခွဲမှုဌာန မှာစစ်ဆေးပေးမည်ဖြစ် ကြောင်းသိရပါသည်။ ခရီးသွားတဲ့အခါ COVID-19 အတွက် အရေးပေါ် ဆေးစစ်ဖို့လိုအပ်တဲ့ လူတွေကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန ( မော်ကွန်းတိုက်လမ်း) တွင် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီကြားအချိန်တွင် ဆေးစစ်ခ ၂ သိန်းကျပ်ဖြင့် ဆေးစစ်ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Credit- Myanmar Tourism update news

 #ကမ္ဘာတစ်လွှားလေဆိပ်များပြန်ဖွင့်မယ့်ရက်...𝗪𝗼𝗿𝗹𝗱 𝗔𝗶𝗿𝗽𝗼𝗿𝘁𝘀 𝗼𝗽𝗲𝗻𝗶𝗻𝗴 𝗱𝗮𝘁𝗲𝘀 1. Lebanon 🇱🇧 July 15, 20202. Bahrain 🇧🇭 June 1...
01/07/2020

#ကမ္ဘာတစ်လွှားလေဆိပ်များပြန်ဖွင့်မယ့်ရက်...

𝗪𝗼𝗿𝗹𝗱 𝗔𝗶𝗿𝗽𝗼𝗿𝘁𝘀 𝗼𝗽𝗲𝗻𝗶𝗻𝗴 𝗱𝗮𝘁𝗲𝘀

1. Lebanon 🇱🇧 July 15, 2020
2. Bahrain 🇧🇭 June 10, 2020
3. Qatar 🇶🇦 June 10, 2020
4. Jordan 🇯🇴 July 15, 2020
5. Iraq 🇮🇶 (Air Corridor) August 1, 2020
6. Iran 🇮🇷 August 1
7. Egypt 🇪🇬 August 1
8. Saudi Arabia 🇸🇦 August 1, 2020
9. Tunisia 🇹🇳 August 1
10. sweat Baghdad 🇮🇶 first of August month
11. Japan 🇯🇵 June 15, 2020
12. Northern Macedonia 🇲🇰 June 15, 2020
13. Lithuania 🇱🇹 June 15, 2020
14. Hungary 🇭🇺 June 15, 2020
15. Poland 🇵🇱 June 15, 2020
16. Romania 🇷🇴 June 15, 2020
17. Serbia 🇷🇸 June 15, 2020
18. Netherlands 🇳🇱 June 20, 2020
19. Kazakhstan 🇰🇿 June 20, 2020
20. Albania 🇦🇱 June 22, 2020
21. Bosnia and Herzegovina 🇧🇦 June 22, 2020
22. Denmark 🇩🇰 June 22, 2020
23. Estonia 🇪🇪 June 22, 2020
24. Finland 🇫🇮 June 22, 2020
25. South Korea 🇰🇷 June 22, 2020
26. Ireland 🇮🇪 June 22, 2020
27. Kyrgyzstan 🇰🇬 June 22, 2020
28. Latvia 🇱🇻 June 22, 2020
29. Norway 🇳🇴 June 22, 2020
30. Slovakia 🇸🇰 June 22, 2020
31. Australia 🇦🇺 July 1, 2020
32. Belgium 🇧🇪 July 1, 2020
33. Belarus 🇧🇾 July 1, 2020
34. China 🇨🇳 (Beijing only) July 1, 2020
35. Sweden 🇸🇪 July 1, 2020
36. Canada 🇨🇦 July 1, 2020
37. Colombia 🇨🇴 July 1, 2020
38. Kosovo 🇽🇰 July 1, 2020
39. Malaysia 🇲🇾 July 1, 2020
40. Moldova 🇲🇩 July 1, 2020
41. Uzbekistan 🇺🇿 July 1, 2020
42. Republic of Taiwan 🇹🇼 July 1, 2020
43. Turkmenistan 🇹🇲 July 1, 2020
44. Ukraine 🇺🇦 July 1, 2020
45. Indonesia 🇮🇩 July 10, 2020
46. India 🇮🇳 July 10, 2020
47. Pakistan 🇵🇰 July 10, 2020
48. Algeria 🇩🇿 July 15, 2020
49. Morocco 🇲🇦 July 15, 2020
50. Philippines 🇵🇭 July 15, 2020
51. South Africa 🇿🇦 July 15, 2020
52. Georgia 🇬🇪 (only for Georgia City) July 15, 2020
53. UK 🇬🇧 July 15, 2020
55. Kuwait 🇰🇼 July 15, 2020
56. Libya 🇱🇾 July 15, 2020
57. Cyprus (Turkish side) June 1, 2020
58. Russia 🇷🇺 July 15, 2020
59. Bulgaria 🇧🇬 June 10, 2020
60. Brazil 🇧🇷 August 1
61. Armenia 🇦🇲 August 1, 2020
62. France 🇫🇷 August 1
63. Greece 🇬🇷 June 10, 2020
64. Germany 🇩🇪 June 15, 2020
65. Spain 🇪🇸 August 1
66. Italy 🇮🇹 August 1
67. Austria 🇦🇹 June 15, 2020
68. Azerbaijan 🇦🇿 June 15, 2020
69. Czech Republic 🇨🇿 June 15, 2020
70. USA 🇺🇸 September 1, 20
71. Switzerland 🇨🇭 June 15, 2020
72-UAE first flight to Beirut airport on 1 / 7

*Data source quoted ICAO (ဒီ link ကို ကြည့်ရင် ပို အသေးစိတ်ပါပါတယ်)...
https://www.icao.int/safety/Pages/COVID-19-Airport-Status.aspx

အာဆီယံ နိုင်ငံ အတော်များများ စာရင်းထဲ မပါသေးပါ...
Most of the Asean Countries are not included
Thailand,
Myanmar,
Laos,
Vietnam,
Cambodia,
Singapore....



ထိုင်းက နိုင်ငံခြားသား ခရီးသွားအချို့ ဝင်ရောက်မူ့ကို လာမည့် သီတင်းပတ်မှစတင်၍ ခွင့်ပြုပေးရန် စီစဥ်=======================...
01/07/2020

ထိုင်းက နိုင်ငံခြားသား ခရီးသွားအချို့ ဝင်ရောက်မူ့ကို လာမည့် သီတင်းပတ်မှစတင်၍ ခွင့်ပြုပေးရန် စီစဥ်
================================

ထိုင်းနိုင်ငံတွင် COVID -19 ရောဂါ ကူးစက်ပြန့်ပွားမူ့ကို ထိန်းချုပ်ရန်အတွက် သတ် မှတ်ပြဌာန်းထားသော ပိတ်ပင်ကန့်သတ်ချက် များကို ဖြေလျော့ပေးနေစဥ် နိုင်ငံအ တွင်းသို့ ပြည်ပခရီးသွားအချို့ ဝင်ရောက်မူ့ကို လာမည့် သီတင်းပတ်မှစတင်၍ ခွင့်ပြုပေး သွားရန် စီစဥ်နေကြောင်း ထိပ်တန်း တာ ဝန်ရှိသူတစ်ဦးက ဇွန် ၂၄ ရက်တွင်ပြောကြား ခဲ့သည်။
အသွားအလာကန့်သတ်၍ ၁၄ ရက် သီးခြားစောင့်ကြည့်ရန် စာရင်းသွင်းခံထားပြီးဖြစ်သော နိုင်ငံခြားသား ပထမအသုတ်ထဲတွင် အလုပ်လုပ်ကိုင်ခွင့် ရထားသူများ၊ ရင်းနှီးမြုတ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြောင်း COVID -19 အခြေအနေ စီမံခန့်ခွဲမူ့ဆိုင်ရာ အစိုးရဗဟိုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တာဝီဆင်ဝီဆာနူယိုထင်က ဆိုသည်။
ပြည်ပ ခရီးသွားအချို့အား နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည့် စီမံဆောင်ရွက်ချက်ကို အစိုးရအဖွဲ့ အထူးလုပ်ငန်းအဖွဲ့က အ တည်ပြုနိုင်ဖွယ်ရှိကြောင်း ဝင်ရောက်ခွင့် ပြုမည့်သူများထဲတွင် ဆေးကုသမူ့ဆိုင်ရာ ခရီး သွားများ ပါဝင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ လေကြောင်းထိန်းသိမ်းရေး အဖွဲ့က စီးပွားဖြစ် လေကြောင်းခရီးစဥ် ပြေးဆွဲမူ့များကို ဇွန်လအကုန်ထိ ပိတ်ပင်ထားသော်လည်း စီးပွားရေးအလုပ်ကိစ္စဖြင့် ခရီး သွားခြင်းအချို့ကို ဇူလိုင်လတွင် ပြန်လည်စတင်နိုင်မည်ဟု ထုတ်ပြန်ထားသည်။ ကပ် ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး၌ ကူးစက်ပြန့်ပွားနေဆဲ ဖြစ်သောကြောင့် များမကြာမီ ကာ လအတွင်း လေကြောင်းခရီးစဥ်များကို အပြည့်အဝ ပြန်လည်ပြေးဆွဲသွားလိမ့်မည် မ ဟုတ်သော်လည်း တိကျသေချာသော ပြည်ပခရီးစဥ်အတွက် စီစဥ်ဆောင်ရွက်မူ့များ လုပ် ဆောင်နိုင်ကြောင်း တာဝီဆင်က ဆိုသည်။
အလုပ်ကိစ္စဖြင့် ကာလတို ခရီးသွားသူများအနေဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေချိန်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံစာ၊ ကျန်းမာရေးအာ မခံကို ရယူရန် လိုအပ်လိမ့်မည်ဖြစ်ကာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ စောင့်ကြည့်စစ် ဆေးမူ့ကိုလည်း ခွင့်ပြုလက်ခံရန် လိုအပ်လိမ့် မည်ဖြစ်သည်။ သို့သော် ရောဂါ စမ်းသပ်စစ်ဆေးမူ့ကို အကန့်အသတ်ဖြင့် လုပ်ဆောင်ခြင်းကြောင့် ခရီးသွားများအတွက် ဗိုင်းရပ်စ်ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံစာ ရယူရန် ခက်ခဲနေလိမ့်မည်ဖြစ်ပြီး လေ ကြောင်း လိုင်း လေယာဉ်အများအပြားမှာ ခရီးစဥ်ပျံသန်းပြေးဆွဲမူ့ ရပ်နားထားရခြင်းနှင့်အတူ ကပ်ရောဂါက ကမ္ဘာလုံးဆိုင်ရာ လေ ကြောင်းခရီးသွားလာမူ့ အားလုံးကို လုံးဝရပ် ဆိုင်းသွားလုနီး ဖြစ်စေခဲ့သည့်အတွက် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်ခြင်းမှာလည်း ခရီးသွားများအတွက် အခက် အခဲ ရှိနေလိမ့်မည်ဖြစ်သည်။
COVID -19 ကာလအတွင်း နိုင်ငံအချင်းချင်း နားလည်မူ့ယူ၍ ခရီးသွားများကို အသုတ်လိုက် ဝင်ရောက်ခွင့်ပြုသည့် ကိုရိုနာခရီးသွားစကြ်န်ဟု အသိများသော Travel Bubble ကြိုတင်ပြင်ဆင်မူ့များရှိသည့် နိုင်ငံများမှ ခရီးသွားများအား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ကို သြဂုတ်လတွင် ခွင့်ပြုပေးသွားမည် ဖြစ်သော်လည်း ထိုခရီးသွားများသည် Villa Quarantine ဟု ထိုင်းအစိုးရ အဖွဲ့ ခေါ်ဆိုသော သီးသန့်နေရာများတွင် အ သွားအလာ ကန့်သတ်၍ သီးခြားစောင့်ကြည့်ခြင်း ခံရမည်ဖြစ်သည်။
နိုင်ငံခြားခရီးသွား ဝင်ရောက်မူ့သည် ၂၀၁၉ ခုနှစ်တွင် ၃၉. ၈ သန်းရှိပြီး ယခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဝင်ရောက်မူ့ ၈ သန်း ဝန်းကျင်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ ပြည်ပမှ ဝင်ရောက်လာသူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထိုင်းက ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် COVID -19 ရောဂါကြောင့် သေဆုံးသူ ၅၈ ဦး ရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၅၈ ဦး ရှိသည့်အနက် လူနာ ၃၀၃၈ ဦးမှာ ပြန်လည်ကျန်းမာလာကြောင်း သိရသည်။ စာသင်ကျောင်းများ၊ ဘားများ၊ အနှိပ်ခန်းများကို တင်းကျပ်သော ကျန်းမာ ရေး လမ်းညွန်ချက်များနှင့်အတူ လာမည့်လတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြု သွားမည်ဖြစ် ကြောင်း ထိုင်းအစိုးရအဖွဲ့က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။




Ref Reuters

နိုင်ငံခြား ခရီးသွားများအား  ဇူလိုင် ၇ ရက်မှစတင်ကာ ဒူဘိုင်းသို့  လည်ပတ်ခွင့်ပြုမည်================================ဒူဘိုင...
01/07/2020

နိုင်ငံခြား ခရီးသွားများအား ဇူလိုင် ၇ ရက်မှစတင်ကာ ဒူဘိုင်းသို့ လည်ပတ်ခွင့်ပြုမည်
================================
ဒူဘိုင်း၊ ဇွန် ၂၃

ဒူဘိုင်းတွင် တစ်စုံတစ်ခုသောအတိုင်း အတာအထိ ထိန်းချုပ်မှုများပြုလုပ်နိုင်ပါက ဇူလိုင် ၇ ရက်မှစတင်ကာ နိုင်ငံခြားခရီးသွားများကို ဒူဘိုင်းသို့ လာရောက်လည်ပတ်ခွင့် ပေးသွားမည်ဟု ဇွန် ၂၁ ရက်တွင် ဖော်ပြထားသည်။
ဒူဘိုင်းသည် ယူအေအီးနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် နေရာလည်း ဖြစ်သည်။ ကိုဗစ် -၁၉ ပျံ့နှံ့မှု ထိန်း ချုပ်ရေးအတွက် မတ်လ အလယ်မှစတင်ကာ နိုင်ငံခြားခရီး သွားများဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။ ထွက်ခွာသည့်ဂိတ်တွင် ပီစီအာ စမ်းသပ်မှုပြုလုပ်ရမည်ဖြစ်ပြီး စမ်း သပ်မှုရလဒ်တွင် ရောဂါမရှိဟု ပြသမှသာ ဝင်ရောက်ခွင့်ရမည် ဖြစ်သည်။ နောက်ထပ်လိုအပ်ချက် တစ်ခုမှာ ဒူဘိုင်းတွင် ဆေးကုသ စရိတ်အတွက် ကာမိသည့်ကျန်းမာရေး အာမ ခံရှိရမည်ဖြစ်သည်။ ဒူဘိုင်းလေဆိပ်သို့ရောက် သည့်အခါတွင်လည်း ဆေးစစ်မှုခံယူရန်လိုအပ်ပြီး ရောဂါစစ်ဆေးတွေ့ရှိပါက အ သွားအလာ ကန့်သတ်ထားသည့်နေရာတွင် သီးခြားနေထိုင်ရမည် ဖြစ်သည်။ ယူအေအီးနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုနှုန်းမှာ မကြာသေးမီ ရက်ပိုင်းအတွင်း ကျဆင်းလာပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ ၄၀၀ အောက်သို့ လျော့နည်းလာသည်။ ကမ်းခြေများ၊ ဟို တယ် များ၊ ဖျော်ဖြေရေးနှင့် သက်ဆိုင်သည့် အဆောက်အအုံများ ကိုလည်း တဖြည်း ဖြည်းချင်းဖွင့်လှစ် ခွင့်ပေးနေပြီဖြစ်သည်။
ဒူဘိုင်း၏စီးပွားရေးသည် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေသည့်အတွက် ယူအေအီးရှိ အခြားမြို့များ ထက်စောကာ ဒူဘိုင်းတွင် နိုင်ငံခြား ခရီးသွားများ ပြန်လည်လက် ခံနိုင်ရေး ကြိုးစားနေသည်။

Ref; N H K

June 5th ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင် စိမ်းလန်းရေးနေ့လေးဖြစ်လို့ မိမိရဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်းစိမ်းစိုလှပတဲ့ ကမ္ဘာက...
06/06/2020

June 5th ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်
စိမ်းလန်းရေးနေ့လေးဖြစ်လို့ မိမိရဲ့
ပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်း
စိမ်းစိုလှပတဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းကြပါစို့....

05/06/2020

ပုဂံရဲ့ မိုးရာသီ ရာသီဥတုကိုလွမ်းနေတဲ့
ဧည့်သည်တော်များအတွက်
16,6,2020 တွင်ပုံဘုရားများပြန်လည်ဖွင့်မှာ
ဖြစ်တဲ့အပြင် ဟိုတယ် ၊ တည်းခိုခန်းများလည်းဖွင့်ပါမည် ။
ပုဂံကို အလည်သွားမည့် ဧည့်သည်တော်များ
အဆင်သင့်ပြင်ထားပေးပါရှင့် 🥰🥰🥰
vd crd original post

👉🏻👉🏻အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ ပြန်လည်စတင်ပြေးဆွဲမည့်ရက်တွေကို ဝေမျှပေးလိုက်ပါတယ်နော်👈🏻👈🏻သက်ဆိုင်ရာ Airlines အလ...
22/05/2020

👉🏻👉🏻အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ ပြန်လည်စတင်ပြေးဆွဲမည့်ရက်တွေကို ဝေမျှပေးလိုက်ပါတယ်နော်👈🏻👈🏻

သက်ဆိုင်ရာ Airlines အလိုက် အခြေအနေတွေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်

Photo Credit:Oway

❗လက်ရှိဖြစ်ပွားလျက်ရှိသော Covid19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ၁၅.၆ ၂၀၂၀ တွင် ပြန်လည်စတင်ပြေးဆွဲမည့် ခရီးစဥ် တချို့ကိ...
22/05/2020

❗လက်ရှိဖြစ်ပွားလျက်ရှိသော Covid19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ၁၅.၆ ၂၀၂၀ တွင် ပြန်လည်စတင်ပြေးဆွဲမည့် ခရီးစဥ် တချို့ကို ၃၁.၅.၂၀၂၀ အထိ ခတ္တယာယီ ပိတ်ထားပါကြောင်း အသိပေးအပ်ပါတယ်ရှင် ❗️
🚎🚎 လက်ရှိပေးဆွဲပေးလျက်ရှိသော ခရီးစဥ်များမှာ.......
ရန်ကုန်-မုံရွာ-ရန်ကုန်
နေပြည်တော်-ရန်ကုန်
ရန်ကုန်-မြဝတီ-ရန်ကုန်
ရန်ကုန်-မော်လမြိုင်-ရန်ကုန်
ရန်ကုန်-တောင်ကြီး-ရန်ကုန်
မြစ်ကြီးနား-ရန်ကုန် ပြေးဆွဲလျက်ရှိပါတယ်။

ပိတ်ရက်မှာ ခရီးထွက်ဖို့ စဉ်းစားနေတဲ့ ဧည့်သည်တော်များ အတွက် ပုဂံခရီးစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ခု Princess Irrawaddy က...
17/03/2020

ပိတ်ရက်မှာ ခရီးထွက်ဖို့ စဉ်းစားနေတဲ့
ဧည့်သည်တော်များ အတွက်
ပုဂံခရီးစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ခု Princess Irrawaddy က စီစဉ်ပေးမဲ့
ခရီးစဉ်လေးကတော့
ပုဂံရဲ့ဘုရားအစုံကိုလိုက်ပို့မှာဖြစ်တဲ့ အပြင် စွယ်တော်လေးဆူနဲ့ ပုပ္ပါးကိုပါ
အရောက်ပို့ပေးမယ် 😉
ခရီးစဉ်လေးကို သက်တောင့်သက်သာဖြစ်အောင် ရေကူးကန်ပါတဲ့ 3Stars အဆင့်ရှိ
Hotel မှာ Luxury ဆန်ဆန်တည်းပြီး
Buffet ပဲကျွေးမှာနော် ...
Ebike လေးနဲ့ နေရာအနံ့လျှောက်လည်ပြီး
တော်ရုံမရောက်ဘူးသေးတဲ့
နေရာတွေမှာလဲ ဓာတ်ဖမ်းဖို့လိုက်ပို့ပေးမယ်..
😁😁😁
Ebike မစီးတတ်ရင်လဲပူစရာမလိုဘူးနော်
TukTuk လေးနဲ့ လည်ပတ်ဖို့စီစဉ်ပေးဦးမှာ ..😍
ညနေစောင်းကို ဇီးပင်အောက်က အညာအကြော်ဆိုင်လေးမှာ အကြော်ပူပူလေးနဲ့
ရေနွေးခြမ်းလေးသောက်ပြီး
စကားလေးတွေပြောကြမယ် ဘီယာနဲ့
အကင်ဆိုရင်တော့ ညဘက်
ညောင်ဦးဘက်ကအကင်ဆိုင်ကောင်းကောင်းလေးကိုပို့ပေးဦးမှာနော်.. 🍢🍻
ကဲဒီလောက်ကောင်းတဲ့ခရီးစဉ်မှာ
Couple လေးတွေရော၊FA လေးတွေရော
Single လေးတွေရော ခရီးသွားဖို့
သူငယ်ချင်းတွေစုမရဖြစ်နေ
ရင်စိတ်ပျက်မနေနဲ့တော့နော် 😎😎😎

👉ခရီးစဉ် Package များကတော့
💢ပုဂံ စွယ်တော်လေးဆူ ခရီးစဉ်
၂ညအိပ် ၃ရက်
၁ဦးလျှင် - 85000ကျပ် ( 2stars Hotel)
၁ဦးလျှင် - 100000ကျပ် (3Stars Hotel)

💢ပုဂံ-ပုပ္ပါး ခရီးစဉ်
၃ညအိပ် ၄ရက်
၁ဦးလျှင် - 120000ကျပ် (2Stars Hotel)
၁ဦးလျှင် - 135000ကျပ် (3Stars Hotel)

✔ဝန်ဆောင်မှုများကတော့
🚌 Aircon Express အသွားအပြန်လက်မှတ်များ စီစဉ်ပေးခြင်း...
🏨 Motel / Hotel တွင်တည်းခိုရန် အခန်းများစီစဉ်ပေးခြင်း...
🏍 ပုဂံအနှံ့ပေါ့ပေါ့ပါးပါးလည်ပတ်နိုင်ရန် Ebike များစီစဉ်ပေးခြင်း...
🚤 တန့်ကြည့်တောင် အသွားအပြန်စက်လှေများစီစဉ်ပေးခြင်း... စသည်တို့ပဲဖြစ်ပါတယ် 😊😊😊

⭕ အထက်ပါ စျေးနှုန်းများမှာ
၂ယောက်အနည်းဆုံးလာရမည်ဖြစ်ပြီး
၂ယောက်အထက် အဖွဲ့လိုက်လာချင်သူများ အတွက် စျေးနှုန်းအသေးစိတ် ပြန်လည်တွက်ချက်ပေးပါ့မယ်... ☺☺☺

🌟စိတ်ဝင်စားလို့ အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင် messenger ကပဲဖြစ်ဖြစ်
Viber ကပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းပြီး Booking လုပ်လို့ရပါတယ်ရှင် 😉😉😉
👉🏻Company ကြီးများ၊ အသင်းအဖွဲ့များ၊ မိသားစုများအတွက်လည်း အထူးသက်သာသော
ဈေးနှုန်းများဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို
လူကြီးမင်းတို့ စိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်။👈🏻
ဆက်သွယ်စုံစမ်းမေးမြန်းရန်
Hot Line ☎️ 01 394499, 09420096087,09420096083
Princess Irrawaddy Travels and Tours
🏡Office Address - Building 93,Second Floor,Myanmar Gone Yee Street,Kandawlay,Mingalar Taung Nyunt Township,Yangon
🙅‍♀️ပုံများကိုကူးယူခွင့်မပြုပါ🙅‍♀️

✈🚆🚕ခရီးသွားနေစဉ်အတွင်း ....  ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲ ❓ခရီးသွားနေစဉ်မှာ မိဘတွေအားလုံးဟာ မိမိကို...
13/03/2020

✈🚆🚕ခရီးသွားနေစဉ်အတွင်း ....
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲ ❓
ခရီးသွားနေစဉ်မှာ မိဘတွေအားလုံးဟာ မိမိကိုယ်တိုင်အတွက်ရော မိမိတို့ကလေးတွေအတွက်ပါ စံကျန်းမာရေး အစီအမံတွေကို လိုက်နာသင့်ပါတယ် - လက်ကိုမကြာခဏဆေးခြင်း သို့မဟုတ် Alcohol အနည်းဆုံး ၆၀% ပါတဲ့ လက်သန့်စင်ဆေးရည်တစ်ခုကို အသုံးပြုခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အလေ့အကျင့်ကောင်းကို ကျင့်သုံးခြင်း (ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တံတောင်ဆစ်ကွေး သို့မဟုတ် Tissue နဲ့ လုံအောင်ဖုံးအုပ်ပြီး အသုံးပြုပြီးသား Tissue ကို ချက်ချင်းလွှင့်ပစ်ခြင်း)နဲ့ ချောင်းဆိုး၊ နှာချေနေသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ရှားခြင်းတို့ ဖြစ်ပါတယ်။ ဒါအပြင် မိဘတွေကို အမြဲ လက်သန့်စင်ဆေးတစ်ဘူး၊ တစ်ခါသုံး Tissue ထုတ်နဲ့ disinfecting wipes (ပိုးသတ်ဆေးပါစက္ကူစို) တွေ ဆောင်ထားကြဖို့ အကြံပြုထားပါတယ်။
myanmar

🌟ရန်ကုန်-ကော့သောင်း-ညောင်ဦးဖီးကျွန်း / Package AB  (4Days-3Nights)🌟===================================မြို့ပြရဲ့ မွန်းကြ...
11/03/2020

🌟ရန်ကုန်-ကော့သောင်း-ညောင်ဦးဖီးကျွန်း / Package AB (4Days-3Nights)🌟
===================================
မြို့ပြရဲ့ မွန်းကြပ်မှုများဆီမှ သဘာဝရဲ့ အလှတရားများဆီသို့ ၃ညအိပ် ၄ရက် ခရီးစဉ် Package AB လေးက သင့်ကိုစောင့်ကြိုနေပါတယ်…🤩🤩

ဒီ ခရီးစဉ်လေးရဲ့ ထူးခြားချက်လေးကတော့ ညောင်ဦးဖီးကျွန်းမှာ အေးအေးဆေးဆေး ညအိပ်အနား ယူချင် တယ်ဆိုတဲ့သူများအတွက် ကျွန်းမှာ တစ်ည၊ ကော့သောင်းမြို့ရှိ Victoria Cliff Hotel & Resort မှာ နှစ်ည အိပ်ရမှာဆိုတော့ အချိန်အများကြီးရတဲ့အတွက် ကော့သောင်းမြို့ ရှိ လည်ပတ်စရာ နေရာများ နှင့် ညောင်ဦးဖီးကျွန်းရဲ့အလှကို ညအိပ်ပြီး တစ်ဝကြီး ခံစားလို့ရပြီပေါ့ 🏖🏖

Package AB ခရီးစဉ်တွင် ပါဝင်မယ့်နေရာများကတော့
=======================
Day 1 (ကော့သောင်းမြို့)
👉 သာယာလှပသော သဘာဝ ရေပူတွင်း
👉 ကော့သောင်းမြို့ရဲ့ အလှအပတစ်ခုဖြစ်သော မလိဝမ်း ရေတံခွန်
👉 ကော့သောင်းမြို့ရဲ့ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော ပြည်တော်အေးဘုရား
👉 ၅၅၅တောင်ထိပ် (view point) ပေါ်မှ ကော့သောင်းမြို့ရဲ့ အလှ အပများ
👉 ဝင့်ကြွားထည်ဝါသော ဘုရင့်နောင်ကုန်းမြေ
👉 မြန်မာပြည် အစွန်ဖျားဆုံး ကုန်းမြေဖြစ်သော ဘုရင့်နောင်အငူ
==================================
Day 2 (ညောင်ဦးဖီးကျွန်း)
⛱ ညောင်ဦးဖီးကျွန်းသို့ Speedboat စီးပြီးသွားကြမယ်
⛱ သူဌေးမ ကမ်းခြေ ၌ Snorkeling လုပ်ရင်း လှပသော သန္တာ ကျောက်တန်းများ ကြည့်ကြမယ်
⛱ ရဲမက်ကျွန်းနှင့်နီမိုအော်တို့တွင်နီမိုငါးများ၏ ချစ်စရာ့အိမ်လေး များကို Snorkeling လုပ်ရင်းလေ့လာကြမယ်
⛱ သဲဖြူလွှလွှကမ်းခြေတွင် လှိုင်းရိုက်ခတ်သံများနဲ့အတူ BBQ ည စာဘူဖေးကို သုံးဆောင်
ကြမယ်
⛱ မီးအလှပြကပွဲ၊ တိုင်းရင်းသားရိုးရာကပွဲများ အစရှိသည့် ဖျော်ပြေပွဲများကို ကြည့်ရှုခံစားကြမယ်
==================================
Day 3 (ညောင်ဦးဖီးကျွန်း+ကော့သောင်းမြို့)
🏝 စာလုံးကျွန်းမှာ Snorkeling လုပ်ကြမယ်
🏝 Hiking လုပ်လို့ရမယ်၊ ရေပြင်ကျယ်ကျယ်ကြီးမှာ ကယက်လှေလှော်လို့ရပါမယ်
(Additional Charges)
🏝 ညောင်ဦးဖီးကျွန်းမှ ကော့သောင်းမြို့သို့ Speedboat ဖြင့် ပြန် လည်ထွက်ခွာပါမယ်။
🏝 ပင်ပန်းမှုများပြေပျောက်စေရန် Victoria Cliff Hotel ၏ Panorama Style ရေကူးကန်
တွင် အပန်းဖြေ အနားယူကြမယ်
🏝 International Dinner ကို ကော့သောင်းမြို့ရှိ Victoria Cliff Hotel & Resort တွင် သုံးဆောင်ပါမယ်။
=================================
Day 4 (ကော့သောင်း+ရန်ကုန်)
📷 ဟိုတယ်နဲ့အနီးပတ်ဝန်းကျင်ရှိ လှပသောနေရာများတွင် ဓာတ်ဖမ်းကြမယ်…
🍝 နေ့လည်စာကို Victoria Cliff Hotel & Resort (Kawthaung) မှာ သုံးဆောင်ပြီး ရန်ကုန်သို့ပြန်လည်ထွက်ခွာပါမယ်။
စတဲ့ လှပသော နေရာမျိုးစုံကို ရောက်ရှိမှာ ဖြစ်လို့ အမြန်ဆုံး စုံစမ်းဝယ်ယူကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်။
📌📌မှတ်ချက်အနေဖြင့် လေယာဉ်လက်မှတ်သည် ပြင်ပ၀န်ဆောင်မှုဖြစ်ပါသည်။ လူကြီးမင်းတို့အနေဖြင့် လိုအပ်ပါက ၀န်ဆောင်မှုပေးပါသည်။

✅ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ
===========================
✔️ ကော့သောင်းတွင် လေဆိပ်အကြိုအပို့နှင့် Baggage များကို
အပ်နှံ/ ထုတ်ယူပေးခြင်း
✔️ နံနက်စာ၊ နေ့လည်စာ၊ ညစာ များ၊ သစ်သီးများ၊ အချိုပွဲများ
နှင့် အချိုရည်များ
✔️ ကော့သောင်းမြို့တွင်း လည်ပတ်ရာတွင် အဆင့်မြင့် အဲကွန်း ကားများနှင့် ပို့ဆောင်ပေးခြင်း
✔️ ဒေသခံ ဧည့်လမ်းညွှန်များ နှင့် ဝင်ကြေးများ
✔️ Speedboat ပေါ်တွင်အသက်ကယ်အင်္ကျီ၊ Snorkeling ကိရိ ယာအပြည့်အစုံများ
✔️ ဧည့်သည်များ၏ လုံခြုံစိတ်ချမှုအတွက် Snorkeling လုပ်နေတဲ့ တစ်လျှောက် ရေငုပ်ကျွမ်းကျင်သူများက အချိန်ပြည့် စောင့်
ရှောက်ပေးခြင်း
✔️ ဧည့်သည်များ၏ လုံခြုံစိတ်ချမှုအတွက် Travel Insurance
========================================

Victoria Cliff Hotel & Resort (KawThaung) ၌ တည်းခိုရာတွင်လည်း
🏤 Lake View Villa (Twin Bed)
🏤 Ocean View Wing (Twin Bed/ Double Bed)
🏤 Hillside Villa (Double Bed)
🏤 Ocean View Villa (Double Bed)
======================
Victoria Cliff Resort (Nyaung Oo Phee Island) ၌ တည်းခိုရာတွင်လည်း
🏤 Luxury Tent (Sea View) (Twin Bed)
🏤 Luxury Tent (River View) (Twin Bed)
🏤 Superior Room (Twin Bed)
🏤 Deluxe Room (Double Bed)
🏤 Beach Villa (Double Bed/ Twin Bed)
အစရှိသဖြင့် အခန်းအမျိုးအစား များကိုရွေးချယ်နိုင်ပြီးတော့ အခန်းအမျိုးအစားအလိုက်လဲ စျေးနှုန်းလေးအပြောင်းလဲ ရှိပါတယ်။

🌟စိတ်ဝင်စားလို့ အသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Messenger ကပဲဖြစ်ဖြစ် Viber ကပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းပြီး Booking လုပ်လို့ရပါတယ်ရှင် 😉😉😉

👉🏻Company ကြီးများ၊အသင်းအဖွဲ့များ၊မိသားစုများအတွက်လည်း အထူးသက်သာသောဈေးနှုန်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ပေးပါတယ်ရှင် 👈🏻

ဆက်သွယ်စုံစမ်းရန်-
Hot Line ☎️ 01 394499, 09420096087,09420096083
Princess Irrawaddy Travels and Tours
🏡Office Address - Building 93,Second Floor,Myanmar Gone Yee Street,Kandawlay,Mingalar Taung Nyunt Township,Yangon.

🛫ရန်ကုန်-ကော့သောင်း-ညောင်ဦးဖီးကျွန်းခရီးစဉ် March 2020 Promotion Package !!🛬🏖ရန်ကုန်-ကော့သောင်း- ညောင်ဦးဖီးကျွန်းခရီးစဉ်...
11/03/2020

🛫ရန်ကုန်-ကော့သောင်း-ညောင်ဦးဖီးကျွန်းခရီးစဉ် March 2020 Promotion Package !!🛬

🏖ရန်ကုန်-ကော့သောင်း- ညောင်ဦးဖီးကျွန်းခရီးစဉ် Package တွေကို အခုလို ခရီးသွားရာသီဖြစ်တဲ့ High Season မှာပါ ပုံမှန်ဈေးနှုန်းထက် ၁၀% သက်သာတဲ့ နှုန်းထားနဲ့ သွားလည်နိုင်ပြီဆိုတော့ … AMAZING ပေါ့။😍

😊Package တွေကို Promotion ကာလ February 24 ကနေ March 14 ရက်နေ့ထိရောင်းချပေးမှာဖြစ်ပြီး ခရီးစဉ်ကိုတော့ 1st March ကနေ 31st March အတွင်း ဧည့်သည်တော်တွေသဘောကျတဲ့ရက်ကို ရွေးချယ်လည်ပတ်နိုင်မှာဖြစ်တာကြောင့် မြန်မြန်ဝယ်ထားဖို့တော့ လိုမယ်နော်။😊

👉🏻Company ကြီးများ၊အသင်းအဖွဲ့များ၊မိသားစုများအတွက်လည်း အထူးသက်သာသောဈေးနှုန်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ပေးပါတယ်ရှင် 👈🏻


Hot Line ☎️ 01 394499, 09420096087,09420096083
🏡Office Address - Building 93,Second Floor,Myanmar Gone Yee Street,Kandawlay,Mingalar Taung Nyunt Township,Yangon.

🗓💁🏻‍♀️အလုပ်ပိတ်ရက်မှာ ခရီးထွက်ဖို့ ခရီးဆောင်လက်ဆွဲအိတ်ကို ဘယ်လိုပြင်ဆင်မလဲ❓❓📌အလုပ်ပိတ်ရက်၊ ကျောင်းအားလပ်ရက်တွေမှာ ပြည်တွ...
09/03/2020

🗓💁🏻‍♀️အလုပ်ပိတ်ရက်မှာ ခရီးထွက်ဖို့ ခရီးဆောင်လက်ဆွဲအိတ်ကို ဘယ်လိုပြင်ဆင်မလဲ❓❓

📌အလုပ်ပိတ်ရက်၊ ကျောင်းအားလပ်ရက်တွေမှာ ပြည်တွင်းပြည်ပ ခရီးထွက်ကြပါမယ့်သူများအတွက် ခရီးသွားတဲ့အခါ ခရီးဆောင်အိတ်ထဲကို မလိုအပ်တာရော လိုအပ်တာပါ အကုန်ထည့်တတ်ကြပါတယ်။လိုအပ်တယ်ထင်တာတွေက များနေတော့ ခရီးသွားရင် ကိုယ့်အိတ်တောင်ကိုယ်မနိုင်ပါပဲဖြစ်တတ်ပါတယ် 😅
ဒီတော့ ခရီးသွားရင် ခရီးဆောင်လက်ဆွဲသေတ္တာထဲကို စနစ်တကျနှင့် ဘယ်ပစ္စည်းတွေကို ဘယ်လိုထည့်ကြမလဲဆိုတာလေးပြောပြပေးပါမယ်နော် 😉
ပုံလေးတွေနဲ့တကွ တစ်ပုံချင်းဆီမှာ Caption အသေးစိတ်ရေးပေးထားတာမို့ တပုံချင်းဝင်ကြည့်ပေးပါဦးနော် 🥰


😍 နွေရာသီပိတ်ရက်လေးတွေမှာ ထိုင်းနိုင်ငံ ဘန်ကောက် ၊ ပတ္တရား ၊ ဟွာဟင်း ၊ဖူးခက်အစရှိတဲ့ နေရာလေးတွေကို သွားရောက်လည်ပတ်ဖို့  ...
09/03/2020

😍 နွေရာသီပိတ်ရက်လေးတွေမှာ ထိုင်းနိုင်ငံ ဘန်ကောက် ၊ ပတ္တရား ၊ ဟွာဟင်း ၊ဖူးခက်အစရှိတဲ့ နေရာလေးတွေကို သွားရောက်လည်ပတ်ဖို့ စဉ်းစားနေသူများအတွက်😍

🤩🤩🤩 ထိုင်းနိုင်ငံရဲ့ ကစားကွင်း၀င်ခွင့်လက်မှတ်လေးတွေ ၊ ငါးပြတိုက်ဝင်ခွင့်လက်မှတ်တွေ၊Cruise Dinner လက်မှတ်လေးတွေ ၊ (5) Star & (4) Star Hotel International Buffet Lunch & Dinner လက်မှတ်တွေ နဲ့ ပတ္တရား၊ဟွာဟင်၊ဖူးခက်ကျွန်းအလည်အပတ်ခရီးစဉ်လေးတွေရဲ့ Entrance Tickets လေးတွေကို ဧည့်သည်တော်များအတွက် စိတ်တိုင်းကျစေမယ့်၀န်ဆောင်မှုလေးတွေပေးနေပြီနော်

📞📞📞 လက်မှတ်လေးတွေအကြောင်းသိချင်လို့ စပြီး ဖုန်းဆက်လိုက်ပြီဆိုတာနဲ့ စိတ်ကျေနပ်သည်အထိ စိတ်ရှည် လက်ရှည် အသေးစိတ်ရှင်းပြပေးတဲ့ ဖော်ရွေတဲ့ ၀န်ထမ်းလေးတွေရှိပါတယ်နော်

💸💸💸 အဲဒီကမှ ကိုယ်ကြိုက်တဲ့လက်မှတ်လေးအဆင်ပြေပြီ ၀ယ်တော့မယ်ဆိုရင် ရုံးကိုပဲကိုယ်တိုင်လာပြီးဝယ်လဲရသလို၊ AYA , CB , CB pay , KBZ , KBZ pay အစရှိတဲ့ online banking တွေကပဲဖြစ်ဖြစ် ငွေလေးလွှဲပြီး တခဏအတွင်း E-Ticket လက်မှတ်က ချစ်တို့ဆီတန်းရောက်မှာနော်

💯💯💯 ဟိုရောက်မှ လှမ်း၀ယ်ချင်တာလား အဆင်ပြေတယ်လေ .. (Mobile banking လေးနဲ့တော့ငွေကြိုလွှဲပေးရမယ်) ပြီးတာနဲ့ ချက်ချင်းလက်မှတ်ပို့ပေးမှာ
👉🏻Page Messenger ကနေပဲ မေးမေး ၊Viber ကပဲမေးမေး၊ ဖုန်းလေးပဲဆက်ဆက် ပြန်လည်ဖြေကြားပေးမယ့် Admin တွေလည်း အဆင်သင့်ရှိနေတာမို့ ပိုပြီးအဆင်ပြေတယ်လေ👈🏻

📌📌📌တချို့ကလည်း ကစားကွင်းရှေ့ရောက်နေလို့တဲ့ လှမ်း၀ယ်လို့ရလားမေးတယ်… ရပါတယ်လို့ Online ကနေ ငွေလွှဲပြီးတာနဲ့ E-ticket လေးရရင်ကစားကွင်းထဲ တန်း၀င်ယုံပဲနော် ( Booking process လေးအတွက် အချိန်လေး နည်းနည်းတော့ စောင့်ရပါမယ်နော် )

✅ပထမဆုံးခရီးစဉ်ဖြစ်လို့လည်း မစိုးရိမ်ပါနဲ့နော် messenger,viber ကနေဖုန်းလေး တချက်လှမ်းခေါ်လိုက်တာနဲ့ သိချင်တာလေးတွေ အသေးစိတ်ဖြေကြားပေးမှာဆိုတော့ ဘာလိုသေးလဲနော်
ခရီးသွားဖို့စဉ်းစားနေပြီဆိုရင် ခုသာဖုန်းဆက်လိုက်တော့နော် 📱 📞

👉🏻Company ကြီးများ၊အသင်းအဖွဲ့များ၊မိသားစုများအတွက်လည်း အထူးသက်သာသောဈေးနှုန်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ပေးပါတယ်ရှင် 👈🏻


Hot Line ☎️ 01 394499, 09420096087,09420096083
🏡Office Address - Building 93,Second Floor,Myanmar Gone Yee Street,Kandawlay,Mingalar Taung Nyunt Township,Yangon.

🤩🏊🏻‍♀️ 💦Summer Holidays is coming 💦🏊🏻‍♀️🤩✅နွေပိတ်ရက်တွေမှာ ငပလီသွားမယ်ဆိုရင် ကမ်းခြေမှာရေကူးပြီးပင်လယ်စာတွေစားရုံတင်မကပဲ...
09/03/2020

🤩🏊🏻‍♀️ 💦Summer Holidays is coming 💦🏊🏻‍♀️🤩
✅နွေပိတ်ရက်တွေမှာ ငပလီသွားမယ်ဆိုရင် ကမ်းခြေမှာရေကူးပြီးပင်လယ်စာတွေစားရုံတင်မကပဲ တခြားလုပ်လို့ရမယ့် Adventure ဆန်ဆန် Acitvities များ
✴Trekking / ✴Biking
✴Elephant Camp Trip / ✴Snorkeling
✴Kayaking / ✴Scuba Diving
✴Fishing ✴ Hot Air Balloon ✴ Private Boat Trip အစရှိတဲ့စိတ်၀င်စားဖွယ်ရာ package များလဲရှိပါတယ်လို့ 😉

✅Trekking သွားမယ် 🏃🏻‍♂️🏃🏻‍♀️

Trekking လျှောက်တဲ့လမ်းတစ်လျှောက် နဂါးမောက်တန်းတွေ /အပင်ကြီးတွေ🌳 နဲ့ အရိုင်းဆန်ဆန် လှနေတဲ့ တောလမ်းတလျှောက်ကို ဖြတ်သန်းပြီးတဲ့နောက် Adventure ဆန်ဆန် ပြုလုပ်ထားတဲ့ သစ်ပင်အိမ်နဲ့ ဒန်းလေးဆီရောက်ပါပြီနော် ☺☺
မြင့်မားတဲ့တောင် ⛰ ⛰ပေါ်ကနေ ဒန်းလေးစီးပြီး လွင့်မျောရတဲ့ ဖီးလ်ကတော့ လုံဝ အလွင့်ပါနော် သစ်ပင်အိမ်လေး 🏡 ကနေ တိမ်တွေ၊ရှုခင်းတွေ၊ပင်လယ်ရဲ့အလှနဲ့ ကျွန်းတွေရယ် မြင်ရတာ လုံးဝကိုအသက်ဝင်တဲ့ ပန်းချီကားတစ်ချပ်လိုပါဘဲ ...
ပုံမှန်သွားနေကြ Trekking လမ်းကြောင်းက မနက်၈ နာရီကနေ စထွက်ပြီ နေ့လည် ၁ နာရီဝန်းကျင်ဆို Hotel ကိုပြန်ရောက်ပါပြီနော်
Trekking Package ထဲမှာ နေ့လည်စာ / ရေ / အသီးအနှံ /လမ်းပြ Guide တို့ပါဝင်ပါတယ်....

Ngapali Trekking လျှောက်ချင်သူတွေကတော့...
-----------------------------------------------
1Person Price - 30000 mmk (local)
1 Person Price - $ 30 (foreigner)

✅Biking 🚴🏻‍♂️🚴🏻‍♀️

Biking လုပ်ချင်သူတွေအတွက်ကတော့ ၃နာရီဝန်းကျင်လောက်ကြာတဲ့ Trip နဲ့ ၆ နာရီဝန်းကျင်လောက်ကြာနဲ့ Trip ဆိုပြီး၂ မျိုးရှိပါတယ်..

စက်ဘီးအရမ်းမစီးနိုင်တဲ့သူတွေက ၃နာရီဝန်းကျင်လောက်ကြာတဲ့ ခရီးကို ရွေးချယ်ပါလို့ပြောပါရစေရှင့် .. ၃နာရီလောက်ကြာတဲ့ခရီးစဉ်က တံငါးရွာကို စက်ဘီးလေးနဲ့သွားပြီး တံငါးရွာမှာရှိတဲ့ တံငါးသည်တွေရဲ့ ဘဝနဲ့ ငါးဖမ်းလုပ်ငန်းအကြောင်းကိုလေ့လို့ရပါတယ်ရှင့် တစ်ခုရှိတာက တံငါရွာ ဆိုတဲ့အတိုင်း ငါး၊ ပုဇွန်၊ ပြည်ကြီးငါး အစရှိတဲ့ ပင်လယ်ထွက်တွေ ဖမ်းတဲ့ နေရာမို့လို့ ငါးညှီ နံ့လိုမျိူးတော့ ရှိတဲ့အတွက် အနံ့ sensitive ဖြစ်တဲ့သူမျိူးဆို tissue သို့မဟုတ် ရှုဆေးဗူးတော့ ဆောင်ဖို့လိုပါတယ်
နော် ...
၆ နာရီဝန်းကျင်လောက်ကြာတဲ့ ခရီးစဉ်ကတော့ တောတွေ တောင်တွေဖြတ်ပြီးသွားရမှာမို့ လုံးဝ Adventure ဆန်တဲ့ Trip ဖြစ်ပါတယ်ရှင့်

Biking စိတ်ဝင်စားသူအတွက်ကတော့...
---------------------------------------------
1 Person Price - $ 30 (for 3 hr trip)
1 Person Price - $ 50 (for 6 hr trip)

✅Ngapali Elephant Sanctuary 🐘

ဆင်စခန်းသွားမဲ့နေ့မနက်မှာ လမ်းကြောင်းပြတဲ့ guide ကဟိုတယ်ကိုလာကြိုပေးပြီး jetty ကိုသွားပါတယ် Ngapali Elephant Sanctuary ဆင်စခန်းကိုသွားဖို့ စက်လှေစီးရပါမယ်ရှင်..🚣...
စက်လှေက နွေဘက်ဆိုရေနည်းလို့ ၄၅ မိနစ်လောက်စီးရ ပေမဲ့ ဆောင်းတွင်းနဲ့မိုးတွင်းမှာတော့ရေများတဲ့အတွက် မိနစ် ၃၀ ဘဲစက်လှေစီးရပါတယ် jettyကိုရောက်ပြီး 🚶🚶 ..၅မိနစ်လမ်းလျှောက်း
ပြီးတာနဲ့ဆင်စခန်းကိုရောက်ပါပြီရှင့် 🐘🐘🐘

ဆင်စခန်းကို ရောက်ရင် တဲအိမ်လေးထဲ အနားယူ ရေသောက်ပြီး ဆင်လေးတွေကို အစာ 🍌 🍌ကျွေးလို့ရသလို ဆင်စီးချင်တဲ့လူတွေလဲစီးလို့ရပါတယ် .. ဒါမဲ့ ဆင်စီးတာကိုတော့ သိပ်အားမပေးချင်ဘူးရယ် ဆင်ရေချိုးတာကိုကြည့်ချင်ရင်တော့ မနက် ၉နာရီခွဲဝန်းကျင်လောက်ဆို ကြည့်လို့ရပါတယ်

နေ့လည်ခင်းရောက်ရင်လဲ ရေသန့် / အအေး/ ဘီယာ / နေ့လည်စာ
(အသားတစ်မျိုး / အသီးရွက်ကြော် ၇ မျိုး / အရည်သောက်/ ရခိုင်ငပ်ထောင်း/ ထမင်းအဝစား) ကိုလဲ ကျွေးမွေးဧည့်ခံအုံးမှာပါနော်
နေ့လည်စာ စားပြီးပြီ တအောင့်တနားနားပြီးပြီဆိုတာနဲ့ ဟိုတယ်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ရှင့် .😄😄

ဆင်စခန်းသွားချင်သူတွေအတွက်
-------------------------------------
1 Person Price - 50000 mmk (local)
1 Person Price - $ 80 (foreigner)

✅Snorkeling 🤿🎣

Snorkeling က ပုလဲကျွန်းမှာ လုပ်လို့ရတယ်။ ပုလဲကျွန်းမှာ Snorkeling လုပ်ဖို့တွက် ရေသန့် /life jacket/ရေငုတ်မျက်မှန် နှင့် Snorkeling Set အပြည့်စုံပါဝင်မှာဖြစ်ပါတယ် ...
Snorkeling တော့လုပ်ချင်တယ် ရေမကူးတက်တဲ့သူတွေလဲ စိတ်မပူပါနဲ့နော် လှေဆရာအကိုက ရေတိမ်တဲ့နေရာမှာ Traning အရင်ပေးပါသေးတယ်
ဘာပဲလုပ်လုပ် life jacket တွေ ဝတ်ထားတာဆိုတော့ ရေအန္တရာယ်အတွက်တော့ စိတ်ချ ရပါတယ်။
နောက်တစ်ခုက ငါးမြှားချင်သူတွေအတွက်လဲငါးစာနဲ့ ငါးမြှားတံအပြည့်စုံကိုလဲ စီစဉ်ပေးပါတယ်နော် ...

Snorkeling လုပ်ချင်သူ တွေကတော့...
----------------------------------------------

လှေတစီး (half day) - 40000 mmk
လှေတစီး (full day) - 55000 mmk

Note : လှေတစ်စီးကို ၆ ယောက်ထိဆံ့ပါတယ်ရှင့် ..
ဟိုတယ်အကြို ပို့ကဝေးရင် charges ခ ထပ်ကောက်ပါတယ်ရှင့် ..

✅Kayaking🚣🏻🚣🏻‍♂️

Kayaking လုပ်ရတာ အရမ်းကိုစိတ်လှုပ်ရှာစရာကောင်းတယ် ..
ကယက်လှော်တက်တဲ့သူတွေရော မလှော်တက်တဲ့သူတွေရော ငပလီရောက်ရင် Kayaking Activities လေးလုပ်ကြည့်ဖို့အကြံပေးပါရစေ ... ငပလီကမ်းခြေကနေ ပုလဲကျွန်းထိ တစ်ပတ် ပတ်တာပါ ကယက်က၂ယောက်စီးလဲရှိတယ် ၁ယောက်စီးလဲရှိပါတယ် ...
ကယက်လှေ မလှော်တက်တဲ့သူတွေလဲ စိတ်မပူပါနဲ့နော် ကယက်လှေမလှော်တက်တဲ့သူတွေအတွက် Guide ပါထည့်ပေးပါတယ်ရှင်

Kayaking လှော်ချင်သူ တွေကတော့...
----------------------------------------------
1Person Price - $ 40 (local & foreigner)

✅Scuba Diving 🤿

Scuba diving ကတော့လူတိုင်းလုပ်ချင်တဲ့ Activites တစ်ခုဖြစ်ပေမဲ့ ရေကူးတက်သူတွေအတွက်ဘဲအဆင်ပြေပါတယ် ..ရေကူးတက်ပေမဲ့လဲ scuba dive က ကိုယ်လုပ်ချင်တိုင်း ရေထဲ ဝုန်းဒိုင်းဆင်းပြီး ခုန်ချလို့ မရပါဘူး။ training အရင် ယူရပါတယ်။ သိသင့်သိထိုက်တာတွေ ဆောင်ရန် ရှောင်ရန်တွေအားလုံးသချာမှတ်ထားရပါမယ်နော် ဘာလို့လဲဆိုတော့ ရေအောက်ထဲမှာက တစ်ခုခုဆို စကား
ပြော လို့ မရပါဘူးး လက်နဲ့ပဲ signal ပြရတာဆိုတော့ training အချိန် က တကယ်ကိုအရေးကြီးပါတယ်နော် ...Scuba Diving လုပ်ဖို့အတွက် Local Dive Site နဲ့ Off Shore Dive Site ဆိုပြီး ၂နေရာရှိပါတယ် ...
Local Dive Site ကတော့ ရေအရမ်းကြီးမနက်တဲ့အတွက် local တွေအတွက် ပိုအဆင်ပြေပါတယ် ဘေးနားမှာလဲ trainer တစ်ယောက်အမြဲပါတဲ့အတွက်အရမ်း ကြီးစိတ်မပူပါနဲ့နော်

Scuba Dive လုပ်ချင်သူများတွက် ကတော့
-----------------------------------------------
1 Person Price - $ 110 (local)
1 Person Price - $ 150 (foreigner)

Inclusive Service
----------------------------
@ Tanks & Weight
@ Dive Master & Crews
@ Lunch / Coffee / Tea / Fruits
@ Pick Up & Drop Off

Exclusive
--------------
@ Dive Equipment
@ Soft Drink
@ Beer / Alchoholic Drink
@ Tips
@ Personal Expenses & Insurance and ect...

Note : $30 for Dive Equipment

✅Hot air Balloon in Ngapali 🎈

ပုဂံ မှာ Balloon စီးလို့ရသလို ငပလီမှာလည်း ပင်လယ်ကြီးရယ် သံတွဲမြို့အလှရယ် ရခိုင်ရိုးမတောင်တန်းကြီးရယ် ကို အပေါ်စီးကနေကြည့်လို့ရတဲ့ မိုးပျံဘောလုံးကြီး 🎈 🎈စီးလို့ရနေပါပြီ...
စီးမယ်ဆိုရင်....
စီးမဲ့နေ့ မနက်၅နာရီဝန်းကျင် မှာ ဟိုတယ်ထိလာကြိုပေးပါတယ်
ကားနဲ့ မိနစ်၂၀ လောက်မောင်းပြီးတဲ့အခါ မီးပုံးပျံလွှတ်တင်မဲ့ သံတွဲမြို့နားက ကွင်းထဲရောက်မှာပါ...

မီးပုံးပျံတက်ဖို့ ပြင်ဆင်နေတာကိုထိုင်စောင့်နေချိန်မှာ မနက်ခင်းအဆာပြေ လက်ဘက်ရည်☕ ကော်ဖီနဲ့ မုန့်တွ🍰🌮တွေနဲ့ ဧည့်ခံမှာပါရှင်....

ပြန်အဆင်းမှာ အောင်မြင်စွာဆင်းသက်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ရှန်ပိန် / fruit တွေနဲ့ထပ်မံဧည့်ခံမှာဖြစ်ပြီး..
မီးပုံးပျံစီးတဲ့ Certificate ကိုလည်း ကိုယ့်နာမည်လေးနဲ့ ထုတ်ပေးမှာပါ..☺

Oriental Ballooning မှာ မီးပုံးပျံ အရွယ်အစား၂မျိုးရှိပါတယ်။ တစ်မျိုးက ၆ယောက်စီးလို့ရပြီး နောက်တစ်မျိုးကတော့ ၄ယောက်စီးပါရှင့်...

Ballooning စီးချင်သူတွေတွက်ကတော့..
----------------------------------------------
1 person price - 380000 mmk (local)
1 person price - $ 350 (foreigner)

Oreintal Ballooning ရဲ့ ၀န်ဆောင်မှုတွေက
*************************************
-ဟိုတယ် အကြို / ပို့
-မနက်စာ
- ရှန်ပိန် / အသီးနှံ
- Certificate

✅ကျွန်းလည်ခရီးစဉ် ( Private Boat Trip) 🚤

လှေနဲ့ အနီးအနားမှာရှိတဲ့ကျွန်းတွေကိုလည်ပတ်ရတာအရမ်းကိုပျော်စရာကောင်းပါတယ်😁 အနီးနားမှာရှိတဲ့ ပုလဲကျွန်း/သဲဖြူကျွန်းနဲ့ Light House ကိုလိုက်ပို့ပေးမှာပါ ။

ပုလဲကျွန်းကငပလီကမ်းခြေနဲ့သိပ်မဝေးပါဘူး လှမ်းကြည့်ရင်တောင်မြင်နေရပါတယ် ....ပုလဲကျွန်းကသဲဖြူကျွန်းထက်ပိုကျယ် ပြီး သောင်ပြင်တစ်လျှောက်လမ်းလျှောက် 🚶လို့လဲကောင်းပါ တယ် ..ရေကကြည်လင်ပြီး သဲဖြူလေးတွေ ကိုယ့်ခြေထောက်ကြား ၀င်နေတာကို အတိုင်းသား မြင်နေရတယ်..
နောက်တစ်ခုက သဲဖြူကျွန်း သူက အကျယ်ဝန်းအားဖြင့်သေးသေးလေးပါ ..ကျွန်းပေါ်မှာတော့ဆိုင်လေးတစ်ဆိုင်ရှိပါတယ် အကင်ဘာညာမှာလိုရပါတယ်...ကမ်းခြေတစ်လျှောက် သဲဖြူဖြူ လွှလွှလေးတွေ ပေါ်မှာ လမ်းလျှောက်ရတာ တကယ်မိုက်ပါတယ် ..

#ဓာတ်ပုံများကိုတဆင့်ပြန်လည်ကူးယူဖော်ပြထားပါသဖြင့်ဓာတ်ပုံပိုင်ရှင်များကိုCreditပေးပါတယ်ရှင်

စိတ်ဝင်စားလို့ အသေးစိတ်စုံစမ်းမေးမြန်း ချင်တယ်ဆိုရင် Messenger ကပဲဖြစ်ဖြစ် Viber ကပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းပြီး Booking လုပ်လို့ရပါတယ်ရှင် ။ 🥰🥰🥰
Company ကြီးများ၊အသင်းအဖွဲ့များ၊မိသားစုများအတွက်လည်း အထူးသက်သာသောစျေးနှုန်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျစီစဉ်ပေးပါတယ်ရှင်


Hot Line ☎️ 01 394499, 09420096087,09420096083
🏡Office Address - Building 93,Second Floor,Myanmar Gone Yee Street,Kandawlay,Mingalar Taung Nyunt Township,Yangon.

Address

Yagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420096087

Alerts

Be the first to know and let us send you an email when Princess Irrawaddy Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Princess Irrawaddy Travels & Tours:

Share

Category

Nearby travel agencies


Other Tour Agencies in Yagon

Show All