24/01/2025
မြိုင်ကြီးငူအထူးဒေသက
ကျုံထော်ရေတံခွန် 🌊🌊
ဘားအံကနေသွားရင် လှိုင်းဘွဲမြို့ ကြာအင်းရွာဖက်က သွားရင် လမ်းပိုကောင်းပြီး ပိုမြန်ပါတယ်
ကြာအင်းရွာဖက်ကနေသွားရင် မြိုင်ကြီးငူကျောက်စာ ဘေးလမ်းမှ ပြန်ဆုံပါမယ်
ကျောက်စာကွင်းမှာ ဓာတ်ဖမ်းလို့တအားလှပါတယ်
မြိုင်ကြီးငူကနေသွားရင် နောက်ထပ် မိနစ် ၄၀ ခန့် ဆက်သွားရပါမယ်။
လမ်းကောင်းပေမယ့် တောင်တက်တောင်ဆင်းနဲနဲများပါတယ်
မြိုင်ကြီးငူနယ်မြေဖြစ်တာကြောင့် ကျုံထော်ရေတံခွန်မှာ အသား ငါးနဲ့ အရက်ဘီယာ စားသုံးခွင့် ပိတ်ထားပါတယ်။ မင်မင်တို့ကတော့ မြိုင်ကြီးငူမဝင်ခင်မှာ ထမင်းဟင်းဝင်ဆွဲပါတယ်😁
ဘားအံရောက်လို့ အခွင့်အခါသင့်ရင် ကျုံထော်ရေတံခွန်ကိုလဲ လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါတယ်
credit to owner waiphyopaing
အလည်အပတ်ခရီးတွေသွားရတာခက်ခဲနေတဲ့ဒီလိုကာလမှာ မြန်မာနိုင်ငံအနှံ့က နေရာဒေသလေးတွေအကြောင်းကိုဗဟုသုတအဖြစ် တင်ပေးသွားမှာဖြစ်လို့ Go Around Myanmar Page လေးကို Follow လုပ်ပေးထားနော် ☺️
Page Link - https://www.facebook.com/profile.php?id=61552197710535