04/05/2024
ကျမဘဝ ရဲ့ ပထမဆုံးသော နိုင်ငံခြား ခရီးစဉ်ကို ပြောပါဆိုရင်တော့ …
လူငယ်တွေကြားမှာ အရမ်းရေပန်းစားတဲ့ EXO show ကို ဟောင်ကောင် မှာသွားကြည့်ခွင့်ရတာဘဲရှင် …
ကျမ တို့ဘဝ တစ်လျှောက်လုံးရှေ့မှာ
အမြဲမားမား မတ်မတ်ရှိတဲ့ ဦးလေး တစ်ယောက်ရှိတယ်
ကျမ ဦးလေး က သူ့တူတွေတူမတွေ ဆို သိပ်ကို နိုင်ငံခြားရောက်ဖူးစေချင်တာ
သူ့ရဲ့လောဂျစ် တစ်ခုရှိတယ်
“ငါ့တူတွေတူမတွေ အကုန် နိုင်ငံခြားရောက်ဖူးရမယ် “ ဆိုတာဘဲ
EXO ပွဲ ဟောင်ကောင်မှာ လုပ်တယ်သွားကြည့်ချင်လားတဲ့ တူတွေတူမတွေကိုပေါ့ …
အဲဒီလိုအချိန်မှာ ကံကောင်းသူ မောင်ရှင် ကတော့ ကျမ ပါဘဲ 🤭
အလုပ်ကလဲ ထွက်ပြီး အလုပ်သစ်စဝင်ရမယ့်အချိန် ကြားကာလ လေးမှာ အားယားနေသော ကျမ က တော့ EXO Show ကို ဟောင်ကောင်မှာ ကြည့်ခွင့်ရခဲ့ပါတယ် ….
ပထမဆုံး နိုင်ငံခြားခရီးစဉ်လဲဖြစ်
ဟောင်ကောင်မှာ EXO ပွဲကြည့်ရတာဆိုတော့ ရင်တွေခုန်ဒူးတွေတုန်
အမလေး ရှင် … EXO Show တင်မဟုတ်ဘူးနော် အတူတူ သွားတဲ့ညီမလေး က Exo fan စစ်စစ် ကျမ ကတော့အတုပေါ့နော်
လေဆိပ်ဟော်တယ်မှာတည်းပြီး EXO လာတာကို ၄နာရီလောက်မတ်တပ်ရပ်ကြီး ကြိုတာဗျာ 🥴🥴
အမှတ်တရပေါင်း တသိန်းခြောက်သောင်းနဲ့ပေါ့ …!!