04/11/2023
ကိုဗစ်ကာလ 2019 ကတည်းက ရပ်ထားခဲ့ရတဲ့အလုပ် ကို အခုမဖြစ်မနေပြန်စဘို့လိုနေပါပြီ၊ ဖေါက်သည် ဘုရားဖူးခရီးသွားတွေကလည်း ဖုန်းနဲ့ တဂွမ်ဂွမ် ဆက်ပြီး သူများတွေထွက်နေကြပြီ မထွက်သေးဘူးလားလို့ နှစ်စဉ်နှစ်တိုင်းမေးလာခဲ့ကြပေမဲ့ အခြေနေအရအဆင်မပြေလို့မထွက်သေးဘူးငြင်းလာခဲ့တာ သုံးနှစ်တောင်ရှိလာရောပေါ့၊ တဖက်ကလည်းစားဝတ်နေရေးရှိလာပြန်တော့ ဒီတစ်ကြိမ်ထွက်ပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့လိုက်ရပါတယ်၊ တောင်ကြီးမီးပုံးပျံပွဲတော်ရယ်လို့တော့မဟုတ်ပါဘူး၊ တောင်ကြီး၊ ကလော၊ ပင်းဒယ၊ အင်းလေး၊ မွေတော်ကက္ကူ ခရီးစဉ် ထွက်ပါမယ်၊ ယခင် ဆီတစ်လီတာ ၆၅၀၊ ဆန်တစ်ပြည် ၂၅၀၀ ခေတ်က တစ်ယောက်ကို ၅၅၀၀၀ နဲ့ပြေးဆွဲခဲ့ပေမဲ့ အခုကာလစျေးနဲ့ဆိုရင်တော့ ၁၂၀၀၀၀ ဖြစ်နိုင်ဘွယ်ရှိပါတယ်၊ ကျနော်တို့အဖွဲ့ကတော့ ထုံးစံအတိုင်း၊ မတူညီတဲ့မနက်စာကို ကော်ဖီ၊ လက်ဖက်ရည်နဲ့ ရှယ် အပါအဝင်ထမင်းတစ်နေ့ သုံးနပ်ကျွေးပြီး၊ ကားစရိတ်၊ လှေစရိတ်၊ တည်းခိုခစရိတ်ငြိမ်းဖြစ်တယ်ဆိုတာ သွားဖူးသူတိုင်းသိကြပါတယ်၊ အကျွေးမွေးကလည်း ခရီးစဉ်တစ်ခုမှာ အမြဲ special dinner with karaoke နဲ့ဆိုတော့ very entertaining ဖြစ်ပါတယ်၊ စိတ်အပန်းဖြေသွားချင်တဲ့သူများရှိရင်တော့ messenger ကသော်လည်းကောင်း၊ ဖုန်းနံပါတ် 09778501277 ကိုသော်လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း................