Let's Go Vlogs Myanmar

Let's Go Vlogs Myanmar

ဒီဇင်ဘာ (၁)ရက်နေ့မှ စ၍ လက်ရှိပြေးဆွဲနေသည့် ရထားများ၏ အချိန်စာရင်းနှင့် ဈေးနှုန်းများရန်ကုန် - မန္တလေး လေအိတ် အမြန်ရထား (...
06/12/2023

ဒီဇင်ဘာ (၁)ရက်နေ့မှ စ၍ လက်ရှိပြေးဆွဲနေသည့် ရထားများ၏ အချိန်စာရင်းနှင့် ဈေးနှုန်းများ

ရန်ကုန် - မန္တလေး လေအိတ် အမြန်ရထား (နေ့စဥ်)
ညနေ ၃း၃၀ နာရီ
မန္တလေး - ရန်ကုန်
နေ့လယ် ၃း၃၀ နာရီ
ရိုးရိုးတန်း -7750
အထက်တန်း - 15500
ရန်ကုန် - မန္တလေး အမြန် ရထား ( နေ့စဥ်)
ညနေ ၄း၄၅ နာရီ
မန္တလေး - ရန်ကုန်
ညနေ ၅း၀၀ နာရီ
ရိုးရိုးတန်း -7750
အထက်တန်း - 15500
အိပ်စင် - 21000
ရန်ကုန် - မန္တလေး လော်ကယ် ရထား ( ရက်ခြား )
ည ၉ နာရီ
မန္တလေး - ရန်ကုန်
မနက် ၅း၃၀ နာရီ
ရိုးရိုးတန်း - 5700
ရန်ကုန် - ပြည် လေအိတ် အမြန် ရထား (နေ့စဥ်)
နေ့လယ် - ၁၁ နာရီ
ပြည် - ရန်ကုန်
ည ၉ နာရီ
ရိုးရိုးတန်း - 3250
အထက်တန်း - 6450
ကြည့်မြင်တိုင် - ပြည် စာပို့ရထား (နေ့စဥ်)
မနက် ၆း၄၅ နာရီ
ပြည် - ကြည့်မြင်တိုင်
မနက် ၆ နာရီ
ရိုးရိုးတန်း 2900
အထက်တန်း - 5800
ရန်ကုန် - မော်လမြိုင် လေအိတ် ရထား (နေ့စဥ်)
မနက် ၆ နာရီ ၃၀
မော်လမြိုင် - ရန်ကုန်
မနက် ၈ နာရီ ၃၀
ရိုးရိုးတန်း- 3550
အထက်တန်း - 7050
ရန်ကုန် - ပဲခူး (နေ့စဥ်)
ညနေ ၄း၁၅ နာရီ
ပဲခူး - ရန်ကုန်
မနက် ၅း၃၀ နာရီ
ရိုးရိုးတန်း 950
ပျဥ်းမနား - တောင်တွင်းကြီး စာပို့ရထား(နေ့စဥ်)
မနက် ၆ နာရီ ခွဲ
တောင်တွင်းကြီး - ပျဥ်းမနား
နေ့လယ် ၂ နာရီ
ရိုးရိုးတန်း - 3100
တောင်တွင်းကြီး - ပျဥ်းမနား RBE ရထား(နေ့စဥ်)
မနက် ၆ နာရီ
ပျဥ်းမနား - တောင်တွင်းကြီး
နေ့လယ် ၂ နာရီ
ရိုရိုးတန်း - 5000
ပုသိမ် - ကြံခင်း စာပို့ရထား(နေ့စဥ်)
မနက် ၆ နာရီ
ကြံခင်း - ပုသိမ်
မနက် ၆ နာရီ
ရိုးရိုးတန်း -6700
ပြင်ဦးလွင် - ဂုတ်ထိပ် (နေ့စဥ်)
မနက် ၈ နာရီ
ဂုတ်ထိပ် - ပြင်ဦးလွင်
နေ့လယ် ၁၂ နာရီ
ရိုးရိုးတန်း - 1250
သာစည် - ရွှေညောင်(တနင်္လာ)
မနက် ၇ နာရီ
ရွှေညောင် - သာစည် (အင်္ဂါ)
မနက် - ၈ နာရီ
ရိုးရိုးတန်း - 2000
ပြည်တော်သာ - ရေချမ်းပြင် ( နေ့စဥ်)
မနက် ၇း၃၀ နာရီ
နေ့လယ် ၂း၀၀ နာရီ
ရေချမ်းပြင် - ပြည်တော်သာ
မနက် ၁၀ နာရီ
ညနေ ၄ နာရီ
ရိုးရိုးတန်း - 450
တောင်တွင်းကြီး - ပုဂံ (နေ့စဥ်)
နေ့လယ် ၂း၃၀
ပုဂံ - တောင်တွင်းကြီး
မနက် ၆း၀၀
ရိုးရိုးတန်း - 4700
လက်ပံတန်း - သာရဝေါ ( တနင်္လာ/ ဗုဒ္ဓဟူး/ သောကြာ)
နေ့လယ် ၂း၃၀
သာရဝေါ - လက်ပံတန်း
မနက် ၆း၀၀
ရိုးရိုးတန်း -2100
ရန်ကုန် - ပုဂံ ( သောကြာ)
ညနေ ၄း၁၅
ပုဂံ - ရန်ကုန် ( အင်္ဂါ)
ညနေ ၄း၁၅
ရိုးရိုးတန်း - 7200
အထက်တန်း - 14400
အိပ်စင် - 19800
မန္တလေး - သာစည် (နေ့စဥ်)
မနက် ၆း၀၀
သာစည် - မန္တလေး
နေ့လယ် ၂း၀၀
ရိုးရိုးတန်း - 5000
သာစည် - ပျဥ်းမနား (နေ့စဥ်)
မနက် ၆း၀၀
ပျဥ်းမနား - သာစည်
နေ့လယ် ၂း၀၀
ရိုးရိုးတန်း - 5000
ပျဥ်းမနား - တောင်ငူ(နေ့စဥ်)
မနက် ၇း၀၀
တောင်ငူ - ပျဥ်းမနား
နေ့လယ် - ၁း၀၀
ရိုးရိုးတန်း - 3500

မီးရထားလက်မှတ်များကို Online ဖြင့် လုံးဝ (လုံးဝ) မရောင်းသေးပါသဖြင့် Online ဖြင့် ငွေလိမ်ခြင်များ အထူးသတိပြုကြပါရန် တိုက်တွန်းအပ်ပါသည်။
#မြန်မာ့မီးရထား

ဆီရှိလား ဖုန်းလေးဆက်ပြီး သွားလို့ရအောင်ပါ။Max Energy & Denko Max 1-ဗဟန်း 09 891755004, 01 5552922-ကျွန်းတော 09 891755002...
15/11/2023

ဆီရှိလား ဖုန်းလေးဆက်ပြီး သွားလို့ရအောင်ပါ။
Max Energy & Denko

Max
1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046

Denko

ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230

ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိုင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိုင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိုင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြို့မ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်
09 940549232

စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားကတအားကိုကြီ...
13/05/2023

စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗

ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက
တအားကိုကြီးပြီး တော်တော်လေးကိုကျယ်ပါတယ် ❌❌❌❌

ဖွဲ့စည်း နေတဲ့ တိမ်စုကြီးကလဲ အရွယ်အစားအားနဲ့ နိုင်းယှဉ်ရင် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုလုံးနီးပါးလောက်ကို ကြီး
နေလို့ပါ ... 🔺🔺🔺🔺🔺

🔺နာဂစ်တုန်းက
လေတိုက်နှုန်း = ၁ နာရီ ၁၃၅ မိုင်
မုန်တိုင်း မျက်စိ အချင်း = ၁၂ မိုင်

🔺အခုလာမယ့် မိုခါ
လေတိုက်နှုန်း = ၁ နာရီ ၁၀၃.၇ မိုင် (167 km per hr)
မုန်တိုင်းမျက်စိ အချင်း = 50 မိုင် (ခန့်မှန်း)
စက်ကွင်း ကျယ်ပြန့် အချင်းမိုင်ပေါင်း = 500 မိုင်

⚠️နာဂစ် မုန်တိုင်းမျက်စိ အချင်း (12) မိုင်ရဲ့ ပျက်စီးမှုကို မှတ်မိကြမှာပါ။ အခု လာမှာ အချင်း မိုင် (50) နဲ့ လာမယ့် မုန်တိုင်းကြီးပါ။

‼️မုန်တိုင်း အားအပြင်းဆုံးဝင်ရောက်မယ့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ။‼️

ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ကမ်းရိုးတန်းတစ်လျောက် အလွန် အန္တရာယ်ရှိပါတယ်။

⚠️လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

⚠️ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

⚠️GDACS (ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်း) ကနေ အနီရောင် သတိပေးချက်ပါ ထုတ်ပြန်လိုက်ပါပြီ။

မုန်တိုင်းအကြောင်းအသေးစိတ်ကို အောက်ပါ Link တွေမှာ ဝင်ဖတ်နိုင်ပါတယ်။

🔴မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ အသေးစိတ် အင်တာဗျူး
https://m.facebook.com/story.php?story_fbid=780965586934929&id=100050644832324&mibextid=Nif5oz

🔴မိုးလေဝသ ခန့်မှန်းသူ မစုစုစံရဲ့ သတိပေးချက်
(မုန်တိုင်းသတင်းများကို su su san page မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေပါတယ်။)
https://m.facebook.com/story.php?story_fbid=1565803507246950&id=100014519469601&mibextid=Nif5oz

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်
https://m.facebook.com/story.php?story_fbid=1956026664751736&id=100010332636450&mibextid=Nif5oz

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတိရှိကြပါနော်





အသဲကွဲနေလို့ ခရီးထွက်ပါတယ် ကားပေါ်ရောက်တော့ ငိုပြီးပြန်လာခဲ့ရတယ်😫
26/04/2023

အသဲကွဲနေလို့ ခရီးထွက်ပါတယ်

ကားပေါ်ရောက်တော့ ငိုပြီးပြန်လာခဲ့ရတယ်😫

📣 ကျနော်တို့ Let’s Go Vlogs Myanmar အဖွဲ့သား တွေမှမကြာခင်မှာ အရသာရှိတဲ့ Street Food လေးတွေကိုVlogs အဖြစ်တင်ဆက်သွားမှာဖြစ...
22/02/2023

📣 ကျနော်တို့ Let’s Go Vlogs Myanmar အဖွဲ့သား တွေမှ

မကြာခင်မှာ အရသာရှိတဲ့ Street Food လေးတွေကို

Vlogs အဖြစ်တင်ဆက်သွားမှာဖြစ်ပါတယ် 🖤

🙏မေတ္တာရပ်ခံခြင်း🙏ငွေဆောင်ကမ်းခြေကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တော်များ။ငွေဆောင်ကမ်းခြေကိုအမှီပြုပြီးအနယ်နယ်အရပ်ရ...
21/02/2023

🙏မေတ္တာရပ်ခံခြင်း🙏

ငွေဆောင်ကမ်းခြေကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တော်များ။

ငွေဆောင်ကမ်းခြေကိုအမှီပြုပြီးအနယ်နယ်အရပ်ရပ်မှလာရောက်လုပ်ကိုင်စားသောက်စီးပွါးရှာနေကြသောမိတ်ဆွေများ(အမှတ်တရပစ္စည်းအရောင်းဆိုင်များ)။

ငွေဆောင်ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသောလူကြီးမင်းများ။

Speed Boatလုပ်ငန်းရှင်များနှင့်ဝန်ထမ်းများခင်ဗျာ။

ကျနော်တို့ငွေဆောင်ကမ်းခြေမှာ coral(သန္တာကျောက်တန်း)များကိုခွါယူရောင်းချနေကြသူများရှိနေတဲ့အတွက် သန္တာကျောက်တန်း ပြုန်းတီးမည့်အန္တရယ်နဲ့ကြုံတွေ့နေရပါတယ်။

ထို့ကြောင့်ခရီးသွားမိတ်ဆွေ ဧည့်သည်တော်များအနေဖြင့်လည်း သန္တာကျောက်ပွင့်/ကျောက်ပန်းခက်များကို မဝယ်ယူခြင်း မသယ်ဆောင်ခြင်းများဖြင့်ဝိုင်းဝန်းကူညီစေချင်ပါတယ်။

ငွေဆောင်ကမ်းခြေကိုအမှီပြုပြီးစီးပွါးရှာနေသော လူကြီးမင်းများအနေဖြင့်လည်း ကိုယ့်နိူင်ငံရဲ့တန်ဖိုးရှိသော သယံဇာတတွေကိုတစ်ဦးချင်းစီတိုင်းကမိမိကိုယ်ပိုင်အသိဖြင့်ပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ကိုမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ🙏🙏🙏

ကျေးဇူးတင်စွာဖြင့် :Ngwe Saung Princess Boat Trip

Crd

V- Day နေ့ အလုပ်က ခွင့်ယူပြီး ရည်းစား စီသွားခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ဖူး
14/02/2023

V- Day နေ့ အလုပ်က ခွင့်ယူပြီး ရည်းစား စီသွားခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ဖူး

လူ့ဘဝတစ်လျှောက် စောင့်ဆိုင်းရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။ပိုက်ဆံရှိမှ ခရီးသွားမယ်။အားမှ သွားမယ်။အခွင့်အရေးရှိမှ သွားမယ်။ပ...
19/01/2023

လူ့ဘဝတစ်လျှောက် စောင့်ဆိုင်းရင်းနဲ့ပဲ
အချိန်ကုန်သွားတယ်။ပိုက်ဆံရှိမှ ခရီးသွားမယ်။
အားမှ သွားမယ်။အခွင့်အရေးရှိမှ သွားမယ်။
ပူပန်စရာမလိုတော့မှ လုပ်မယ်။အစစအရာရာ
အဆင်သင့်ဖြစ်မှ သွားမယ်။ဒီလိုနဲ့ပဲ စောင့်ရင်း
စောင့်ရင်း အသက်တွေကြီးသွားမယ်။
နောက်ဆုံးစောင့်ရင်းနဲ့ ရလာတာ နောင်တတွေ
တစ်ပုံကြီးသာ ရလာခဲ့တယ်။
ဒါကြောင့် ငယ်ရွယ်တုန်းမှာ
- စားချင်တာ စားပါ။
- ဝတ်ချင်တာ ဝတ်ပါ။
- သွားချင်တဲ့နေရာဆီ သွားပါ။
- တွေ့ချင်တဲ့လူကို သွားတွေ့ပါ။
- ချစ်ချင်တဲ့သူကို ချစ်ပါ။
- လုပ်ချင်တာ ဖြစ်အောင် လုပ်ပါ။

အသက်ကြီးလာတဲ့အခါ စိတ်သွားတိုင်း ကိုယ်
မပါနိုင်တော့ဘူး။စားချင်တာတွေ ခံတွင်း
မတွေ့တော့ဘူး။သွားချင်တဲ့နေရာဆီ မသွား
နိုင်တော့ဘူး။ပင်ပန်းမှုတွေ မခံနိုင်တော့ဘူး။
ကျန်းမာရေးလည်း ချူချာလာပြီ။အဲချိန်မှာ
ငါအဲတုန်းက လုပ်ဖြစ်ရင် သွားဖြစ်ရင် ကောင်း
မယ်လို့ တွေးမိလည်း ဘာမှ မလုပ်နိုင်တော့ပါ။
ဘဝကို နောင်တနည်းနည်းဖြင့် ရှင်သန်စေချင်
တယ်။

ကလေးဘဝမှာ စားရတဲ့ ဂျယ်လီနဲ့ အသက်
ကြီးတဲ့အခါ စားရတဲ့ဂျယ်လီသည် အရသာ
တူချင်မှ တူတော့မယ်။ခုအရမ်းကြိုက်တဲ့
မာလာရှမ်းကောအရသာကို နောင်ငါးနှစ်မှာ ဒီ
အရသာ ရချင်မှ ရတော့မယ်။အရွယ်ရှိတုန်း
ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ပါ။

အချိန်နဲ့ ငယ်ရွယ်နုပျိုခြင်းက ကိုယ်တို့ကို
မစောင့်ဘူးတဲ့။

#နူးနူးအောင်
17 Jan,2023

ကလော အောင်ပန်း ပင်းတယ ရွာငံ အင်းလေး လမ်းညွှန်လေးပါ 🖤ကားအဆင်မပြေဖြစ်နေသူများတွက်လဲKS 78 Car Rental မှ ၅ ယောက် စီးမှ ၁၅ယော...
28/12/2022

ကလော အောင်ပန်း
ပင်းတယ ရွာငံ အင်းလေး
လမ်းညွှန်လေးပါ 🖤

ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

အပန်းဖြေခရီးသွားရသော်လည်း ရုံးအလုပ်များမပီးသောအခါ 😂👇👇👇
27/12/2022

အပန်းဖြေခရီးသွားရသော်လည်း
ရုံးအလုပ်များမပီးသောအခါ 😂

👇👇👇

မှော်ဘီမြို့က မင်မင်ရောက်ဖြစ်တဲ့ ရန်ကုန်ကနေ ၁ နာရီခွဲ ၂ နာရီ ဝန်းကျင်နဲ့ နေ့ချင်းပြန် Day Trip လေး ၂ နေရာလေးက မှော်ဘီမြိ...
18/12/2022

မှော်ဘီမြို့က မင်မင်ရောက်ဖြစ်တဲ့
ရန်ကုန်ကနေ ၁ နာရီခွဲ ၂ နာရီ ဝန်းကျင်နဲ့ နေ့ချင်းပြန် Day Trip လေး ၂ နေရာလေးက
မှော်ဘီမြို့ ရှုခင်းအရမ်းလှတဲ့
ပန်းတပွင့်တောင်လမ်းမပေါ်က
ပန်းတပွင့်တောင်စေတီနဲ့ ဖူးကြီးဆည်ရေလှောင်ကန်ပဲဖြစ်ပါတယ်
ပန်းတပွင့်တောင်စေတီကနေ ဖူးကြီးဆည်ကို ၁၀မိနစ်လောက်ဆက်မောင်းရုံပဲ
လမ်းတွေလဲကောင်းနေပါပီ တနေရာ ၂ နေရာလောက်ပဲမြေမညီတဲ့ လမ်းဖြတ်လေးတွေရှိတာပါ ကားမသွားလို့ရတဲ့ အနေအထားမျိုးမဟုတ်ပါဘူး
စားသောက်ဆိုင်လေးတွေ ရှားတဲ့အတွက်တော့
အိမ်ကနေ ချိုင့်ဆွဲလာရင် အဆင်ပြေမယ်ထင်ပါတယ်
သွားတဲ့လမ်းမှာလဲ သက်ကြီးရွယ်အိုတွေ ကလေးတွေတောင်းရမ်းတာပေါပါတယ်
ကိုယ်က လှူချင်တဲ့သူဆို မုန့်လေးတွေ အကြွေလေးတွေဆောင်သွားရင် အဆင်ပြေပါတယ်
ပုံတပုံချင်းဆီမှာ အသေးစိတ်ရေးထားပါတယ်နော်❤️

ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

ရာစုနှစ် တစ်ခုရဲ့  Goat တစ်​ယောက် ​👑 နေဝင်ချိန်က ဒီ့ထက်ခမ်းနား​နေရမှာ… အခုတော့ 😢😢😢😢
10/12/2022

ရာစုနှစ် တစ်ခုရဲ့ Goat တစ်​ယောက် ​👑
နေဝင်ချိန်က ဒီ့ထက်ခမ်းနား​နေရမှာ… အခုတော့ 😢😢😢😢

တယောက်ကို 7,000 ကျပ် သာကျသင့်မယ့် Kalaw က Sweet House ​လေး 😱 Budget ခရီးသွားချင်သူများအတွက် အရမ်းအဆင်ပြေတဲ့ ​နေရာ​​လေးတစ...
09/12/2022

တယောက်ကို 7,000 ကျပ် သာကျသင့်မယ့် Kalaw က Sweet House ​လေး 😱

Budget ခရီးသွားချင်သူများအတွက် အရမ်းအဆင်ပြေတဲ့ ​နေရာ​​လေးတစ်ခုပါ အိမ်တလုံးကို 35,000 ကျပ် ၅ ယောက်ထိနေလို့ရပါတယ် အောက်ထပ်က၂ယောက်အိပ်မွေ့ရာနဲ့ပါ အပေါ်ထပ်မှာ ၃ယောက်အိပ်လို့ရပါတယ်​နော် 😊

လူမရှိရင် မနက်၆နာရီထဲက early checking ရပီး အပြန် checkout ကိုလည်းကားဂိတ်ဆင်းခါနီး အထိရပါတယ်​နော် 😘

ထမင်းစားချက်ပြုတ်စားဖို့ ဆီ ဆား အချိုမုန့် ရေသန့် ကြွေပန်းကန် ကော်ဖီခွက် အကင်အိုး ဇွန်းအကုန်ထားပေးပါတယ် က​လောမြို့မ​စျေးနဲ့ နီးဖြစ်လို့ စိတ်ကြိုက် ချက်ပြုတ်စားလို့ရပါတယ်​နော် 😋

ညဘက်​အေး​ဆေး Chill ချင်တဲ့ သူများအတွက် Bluetooth Speaker ​လေးပါ ထား​ပေးထားလို့ သီးချင်း​လေးဖွင့်ပြီး အဖွဲလိုက်စား​သောက်လို့ ရပါတယ်​နော် 🤗

အိမ်​လေးက ၂လုံးထဲသာ ရှိလို့ ကိုယ်လိုချင်တဲ့ ရက်ရဖို့ Booking တင်ထားမယ်ဆိုရင်

☎️ 09790144979

Hello ​လေးသာ လုပ်လိုက်ပါ​နော် 😊

Kalaw Sweety House
Kalaw heritage hotel လမ်းကြား

ကားငှါးရန် အဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]


Ref ; Wah Wah Lwin

C RonaldoGoat 🐐
29/11/2022

C Ronaldo
Goat 🐐

တောင်ပေါ်မြို့လေးမေမြို့ရဲ့နေကြာရိုင်းတို့ အလှဆုံးအချိန်(Location: မြို့ရှောင်လမ်း၊ အင်းထိပ်ဦးရွာ၊ ရွှေသင်းရွာ၊ ရေငယ်ကျေ...
25/11/2022

တောင်ပေါ်မြို့လေးမေမြို့ရဲ့
နေကြာရိုင်းတို့ အလှဆုံးအချိန်

(Location: မြို့ရှောင်လမ်း၊ အင်းထိပ်ဦးရွာ၊ ရွှေသင်းရွာ၊ ရေငယ်ကျေးရွာ)


Crd - Htoo Thu Aung ( Bagan )

အေးလွန်းလို့ စောင်ခြုံထားသော်လည်းအသက်ရှူကြပ်ပီး မသေချင်သောအခါ 🥲
25/11/2022

အေးလွန်းလို့ စောင်ခြုံထားသော်လည်း
အသက်ရှူကြပ်ပီး မသေချင်သောအခါ 🥲

25/11/2022

မြင်ဖူးလား

ရှမ်းပြည်ဘက်က အင်းလေးကန်မှာ
ဟိုးအဝေးကြီးအထိဝင်သွားရင်
အ​မြင့်ကြီးတက်ရတဲ့ဘုန်းကြီးကျောင်းရှိတယ်
အဲ့ဘုန်းကြီးကျောင်းမှာ
ထူးဆန်းတာတွေအများကြီးရှိတယ်

ကယားဘက် မှာ
လွိုင်ကော်အလွန် ဆက်တက်သွားရင်
အောက်မှာလေ မြစ်ကြီးတစ်ခု
ချောင်းကြီးတစ်ခုလို ရေစီးသန်တဲ့
ဂူကြီးတစ်ခုရှိတယ်
အထဲမှာသဲသောင်ပြင်ဘောလုံးကွင်းတောင်ကစားလို့ရတယ်
အောက်ကိုဆင်းတဲ့လမ်းမရှိဘူး
ဝါးလုံးနဲ့ဆင်းရတယ်
အောက်ရောက်သွားရင်အရမ်းပျော်ဖို့ကောင်းတယ်
မြေအောက် ကမ္ဘာတစ်ခုကိုရော့သွားသလိုပဲ
အရမ်းလည်းလှတယ်
ရေလည်းကူးလို့ရတယ်
ရေကလည်းကြည်တောက်နေတာပဲ
တစ်ကယ့်မြေအောက် ကမ္ဘာအလှတစ်ရားတစ်ခုပဲ

ပုဂံမှာလေ ညဘက်တစ်ယောက်တည်းသွားထိုင်လို့အရမ်းကောင်းတဲ့ဘုရားရှိတယ်သိလား
ဘုရားဖူးလို့လည်းအရမ်းကောင်းတယ်
အရမ်းလည်းအေးချမ်းတယ်
လူတွေသိပ်မသိကြဘူး

နောက်တစ်ခုလည်းလူတွေသိပ်မသိကြဘူး
ပုဂံမှာ ​ညဘက်ကြယ်တွေကြည့်လိ​ု့အရမ်းကောင်းတဲ့ဘုရားရှိတယ်
တန့်ကြည့်တောင်
အခုတော့ နောက်ပိုင်းလူတွေက
တစ်ရက်အတွင်းဆွယ်တော်လေးဆူဖူးကြတော့
ညဘက် တန့်ကြည်တောင်မှာ မအိပ်ကြဘူး

အိပ်ကြည့်လိုက်
ွဘုရားပေါ်ကနေထိုင်ပြီး
ကြယ်တွေရေတွက်ရတာ
အောက်ကစီးဆင်းနေတဲ့ မြစ်ရဲ့အလှ
တစ်ဖက်ကမ်းက မီးရောင်ပြပြတွေ
မှိတ်တုတ်မှိတ်တုပ်ကြယ်လေးတွေကကိုယ့်ဘေးနားမှာ

ပုပ္ပါးရောက်ရင်တောင်ကလပ်ဘက်မတက်နဲ့
တောင်မကြီးကိုတက်
လမ်းမှာစားဖို့ အောက်ကနေ
ဩဇာသီးခြင်းလိုက်ဝယ်သွား
အပေါ်ရောက်ရင်အမောလေးကိုပြေနေရော
မြင်ကွင်းကလည်းလှ လေလေးကလည်းအေး
ဩဇာသီးလေးကလည်း ချိုမွှေးနေရော

တောင်တွင်းကြီးနဲ့မကွေးကြားမှာမြို့ဟောင်းလေးတစ်ခုရှိတယ်
ဗသနိုးတဲ့
အရပ်ကလူတွေပြောတာတော့ အဲ့အရှေ့ကလူရုပ်ကြီးက
ညဘက်လာသာချိန်ဆိုလမ်းလျှောက်ပြီးလိုက်တတ်တယ်တဲ့ 😁
ပုံပြင်တွေအများကြီးနဲ့မြို့ဟောင်းပေါ့
ညနေနေဝင်ဆည်းဆာမှာ
ဗသနိုးမြို့ဟောင်းရဲ့ ကုန်းကမူလေးပေါ်မှာထိုင်ပြီး
အဲ့မြို့လေးရဲ့နေဝင်ချိန်ကိုထိုင်ကြည့်
ပြီးတော့ပုံပြင်လေးတွေနားထောင်ကြည့်အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
ကျိန်စာတွေလည်းအရမ်းကြမ်းတယ်
ကိုယ့်လူတစ်သက်နဲ့တစ်ကိုယ်မကြားဖူးတာတွေကြားရလိမ့်မယ်
ငြင်းစရာတွေလည်းတစ်ပုံတစ်ပင်ထွက်လာလိမ့်မယ်

မွန်ပြည်နယ်က
ကျိုက်ထီးရိုးဘုရားကိုတော်တော်များများရောက်ဖူးတယ်
ဒါပေမယ့်မတူတာက
ညဘက် ကြီးမီးတုတ်ကိုင်ပြီးမတက်ဖူးကြဘူး
လူလျှောက်လမ်းကနေ
သူငယ်ချင်းတွေအုပ်လိုက်
မီးတုတ်ကြီးကိုင်ပြီး
ညဆယ့်နှစ်နာရီလောက်တက်ကြည့်ပါလား
မနက်လည်းမိုးအလင်းတောင်ပေါ်လည်းအရောက်ပဲ
ကိုယ့်လူတစ်သက် မှာ တစ်ခါမှမရဘူးတဲ့
ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပျော်ရွင်စရာတွေ
သူငယ်ချင်းတွေနဲ့စုံတိုင်းပြောစရာတွေတစ်သသနဲ့ကျန်ခဲ့လိမ့်မယ်

မေမြို့ရောက်ဖူးတယ်မဟုတ်လား
ဒါပေမယ့် မေမြို့မှာ အက်ဘန်ချာထရစ်အနေနဲ့
မသွားဖူးဘူးမဟုတ်လား

ကိုယ့်လူဘုရားဆူး
ဒီနေရာတွေမေမြို့မှာရှိပါလားဆိုတာမေးယူရမယ့်အထိ
အံ ​့ဩစရာနေရာတွေမေ မြိ​ု့မှာရှိတယ်
ရေတံခွန်အသစ်တွေ
တောတွင်းအတွေ့အကြုံအသစ်တွေအများကြီးရမယ့်နေရာတွေရှိတယ်

နေဦး ကိုယ့်လူ တောင်ကြီးက မီးပုံပျံပွဲမှာ
မီးပုံးမချိတ်ဖူးသေးဘူးမို့လား

ချိတ်ကြည့်
မီးပုံးပျံကြီးတက်သွားတဲ့အချိန် ယမ်းတွေပေါက်တဲ့အချိန်မှာ လွတ်အောင်ပြေးကြည့်

ွမြန်မာပြည်ရဲ့ဟိုးအောက် မှာ
ကျွန်းတွေရှိတယ်
အဲ့ကျွန်းတွေကိုလျှောက်သွား
တစ်ယောက်တည်းမသွားနဲ့
သူငယ်ချင်းတွေအုပ်လိုက်သွား
ေမာ်တေယ်ဘုတ်ပုတ်ပြတ်ဌား
မော်တေါ်ပေါ်မှာနား မော်တော်ပေါ်မှာစား
ကျွန်းတွေပေါ်တက် ရေငုတ်
ဒေသထွက်အစားအစာတွေစား
ရေစာလို့ခေါ်တဲ့ပင်လယ်စာတွေအဝစား
နိုင်ငံခြားတိုင်းပြည်တွေမှာငွေကုန်ကြေးကျအများကြီး
ပေးရတဲ့အလှအပတွေကိုတစ်ဝကြီးခံစား

ကရင်ပြည်ကိုသွား
ဂူတွေစုံအောင်သွား

မွန်ဘက်ကိုဆင်း
နိုင်ငံခြားတွေမှာ ခဏခဏမြင်ဘူးတဲ့
ရာဘာတောတွေကြားကဘွားကနဲပေါ်လာတဲ့
ကားလမ်းလေးကိုရေးအဝင်နားမှာမြင်ရမယ်

ဟိုးအောက်ဘက်မှာ
တနသာ်ရီမြစ်ဘေးကတောင်ကို
ကပ်ပြီးဆင်းသွားတဲ့ကားလမ်းလေးဟာ
ဒါမြန်မာပြည်မှဟုတ်ရဲ့လားလို့ထင်ရလောက်အောင်
လှပတယ်

စောရီး ကိုယ့်လူဒါတွေမခံစားရသေးဘူးမဟုတ်လား
နေကောင်းအောင်နေ
မြန်မာပြည်ကြီးနေကောင်းတဲ့အချိန်မှာ
ကိုယ့်လူရောက်အောင်သွားသင့်တဲ့နေရာတွေအများကြီးကျန်သေးတယ်

လုပ်စရာတွေလည်းအများကြီးကျန်သေးတယ်
ဖိုက်တင်း

ေသတ္တာ(ခေတ္တလူကောင်း)

ရန်ကုန်နားက camping site ၅ခုရာသီဥတုသာယာနေပြီဆိုတော့ဒီအချိန်က camping ထွက်လို့အကောင်းဆုံးပါပဲ။ ရန်ကုန်နဲ့အနီးအနားက campin...
23/11/2022

ရန်ကုန်နားက camping site ၅ခု

ရာသီဥတုသာယာနေပြီဆိုတော့ဒီအချိန်က camping ထွက်လို့အကောင်းဆုံးပါပဲ။ ရန်ကုန်နဲ့အနီးအနားက camping site ၅ခုအကြောင်းပြောပြပေးချင်ပါတယ်။ Day trip သီးသန့်ထွက်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်နော်။

1 .Mother's Village Resort - အမေ့ရွာ

ရွာလေးတရွာရောက်သွားသလိုခံစားရမယ့်ဒီ camp site ကတော့ နေ့တဝက်ဆိုရင် တယောက် ကျပ် ၁၈၀၀၀ ကျသင့်ပြီး ညအိပ်ရင်တော့ ကျပ် ၃၂၀၀၀ ပါ။ ရေကူးလို့ရတယ်၊ ကြက်တောင်ရိုက်လို့ရတယ်၊ စက်ဘီးလျှောက်စီးလို့လည်းရပါတယ်။ ၂ရက်ကြိုဘွတ်ကင်တင်ပေးဖို့မမေ့နဲ့နော်။

အမှတ် ၁၆၊ လေထီးလမ်း၊ ပန်းတပွင့်တောင်၊ မှော်ဘီ၊ ရန်ကုန်။
09 899 447 387, 09 978 741 417

2. HmawBi Camping

Hmawbi camping ကစမ်းချောင်းလေးအနားမှာရှိလို့ အပျင်းပြေငါးမျှားလှေစီးလို့ကောင်းပါတယ်။ Day trip အတွက် ၂ယောက်စာဘန်ဂလိုတလုံး ကျပ် ၄၀၀၀၀ ကျသင့်ပြီး ညအိပ်နေရင်တော့ ကျပ် ၇၀၀၀၀ ပါ။ Package ၂ခုလုံးအစားအသောက်ပါဝင်ပြီးဖြစ်ပါတယ်။

ပန်းတပွင့်တောင်အနီး၊ မှော်ဘီ၊ ရန်ကုန်။
09 777 00 6848~50

3. Nature Land Camping & Glamping Site

ပဲခူးရိုးမနားမှာရှိတဲ့ Nature Land Camping ကအစီအစဉ်အသစ်တွေနဲ့အတူပြန်ဖွင့်လိုက်ပါပြီ။ သူငယ်ချင်းတွေနဲ့အတူ ဝါးဖောင်စီးမယ်၊ ရေလွှာလျှောစီးမယ်၊ မြှားပစ်လေ့ကျင့်မယ်။ နေ့တဝက်ဆိုရင်တယောက်ကို ကျပ် ၃၅၀၀၀ ကျသင့်ပြီး ညအိပ်ရင် ကျပ် ၄၅၀၀၀ ကျသင့်ပါတယ်။ နိုဝင်ဘာလအတွက် 10% လျှော့ဈေးလည်းရှိပါတယ်။

အမြန်လမ်း ၂၃မိုင်အနီး၊ ပဲခူး။
09 7850 42953, 09 7777 44 999, 09 7777 45 999

4. Tha Bar Wa Camp Ground - သဘာဝ

တောအုပ်ကလေးထဲလမ်းလျှောက်လို့ရတယ်။ သူငယ်ချင်းတွေနဲ့စက်ဘီးစီးမယ်။ ၂ယောက်စာ day pack က ကျပ် ၅၀၀၀၀ ကျသင့်ပြီး night pack က ကျပ် ၆၀၀၀၀ ပါ။ လူဦးရေများရင်များသလို customize လုပ်လို့လည်းရပါတယ်။

ဖောင်ကြီးလမ်း၊ တိုက်ကြီး၊ ရန်ကုန်။
09 42110 3634

5. Secret Capes

ပဲခူးမြစ်တလျှောက်လှေစီးမလား၊ အနားကတောလမ်းကလေးအတိုင်းလမ်းလျှောက်မလား။ Secret Capes ကသဘာဝကိုချစ်မြတ်နိုးသူတွေအတွက်ခရီးတိုထွက်လို့ကောင်းတဲ့နေရာလေးပါ။ နေ့ချင်းပြန်ဆိုရင်တဦးကို ကျပ် ၂၅၀၀၀ ကျသင့်ပြီး နိုဝင်ဘာလအတွက် 40% လျှော့ဈေးပေးနေပါတယ်။ ညအိပ်ရင်တော့ ကျပ် ၃၅၀၀၀ ကျပါမယ်။

0 Mile မှ မိနစ် ၉၀ခန့်ကားမောင်းရ၊ ရန်ကုန်-မန္တလေးအမြန်လမ်း။
09 795 757573

🏕️ Camping’s သို့သွားရန် ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

သဘာဝထဲက သဘာဝ....🍀မြို့ပြင်ဆို🍀 map🍀 မှာသာငေးကြည့်ရတဲ့ ဘဝသမားလေးတွေမို့  နီးနီးနားနားကိုမှ ညွှန်ပေးကြပါဦး ဆိုသူလေးတို့အတ...
23/11/2022

သဘာဝထဲက သဘာဝ....🍀
မြို့ပြင်ဆို🍀 map🍀 မှာသာငေးကြည့်ရတဲ့ ဘဝသမားလေးတွေမို့ နီးနီးနားနားကိုမှ ညွှန်ပေးကြပါဦး ဆိုသူလေးတို့အတွက် ရန်ကုန်မြို့ကနေ✅✅ တစ်နာရီကျော်ကျော်မောင်းရုံလေးနဲ့ရောက်ရှိမယ့်🌳 My Dream Garden....

🍀စိမ်းအုံ့အုံ့လေးနဲ့မို့ ဘယ်မြို့ကိုများရောက်သွားလေသလဲ... မတွေးလိုက်နဲ့... ညောင်နှစ်ပင်မှာ ညောင်နှစ်ပင်မှာ ချစ်သောတို့ရေ

🍀သစ်ပင်တွေက ခြံရံထားတာကြောင့် လေကောင်းလေသန့်ရဖို့ဆိုရင် အသင့်တော်ဆုံးပဲ...

🍀ig မှာပုံတင်ဖို့ဆိုလည်း ရွေးရခက်စေအောင် Gallery ထဲပြည့်သွားစေဖို့ အလှဆုံးနေရာတွေကရှိ​သေးတယ်...

🍀နန်းဆန်ဆန် လှေကားထစ်တွေနဲ့ sky walk လေးက ပုဂံမြို့ရိုးလေးတောင် ပြေးလွမ်းသွားစေဦးမယ်...
ဒါနဲ့ sky walk ကြီးရှည်ချက်က တရုတ်ပြည်က မဟာတံတိုင်းနဲ့ နင်လားငါလားပဲ....🤔🫣
ဟုတ်မဟုတ်က လာကြည့်မှသိမှာနော်🤭🤭

🍀Relax and Chill ဆိုတာ ခေတ်ရေစီးကြောင်းမှာ လှိုင်းထနေတာမို့ တကယ့်အနှစ်သာရကိုတွေ့ဖို့ကို ဆို My Dream Garden ထဲ ထိုင်ခုံလေးတစ်လုံးပဲလိုတယ်...

🤔ထိုင်မနေချင်ဘူး.. ဘာလုပ်လို့ရသေးလဲ!!

လာပါ ရေကူးကန်ဘက် လှိမ့်ရအောင်...🤗🏊‍♂️🏊‍♀️
ကန်ဘေးမှာလည်း သောက်ရင်းနားဖို့ အရိပ်ကောင်းတဲ့ နေရာ အကျယ်ကြီးရှိသေးတယ် (ရေကူးဝတ်စုံလေးတော့ ယူခဲ့ပေးနော်)

🤔ဘာထပ်ရှိသေးလဲ!!
လာဗျာ..ဟောဒီမှာ Golf ကွင်းကြီး... စိမ်းမြမြ ရောင်စဥ်တွေနဲ့ Golf ကွင်းကြီးကြောင့် ပါတနာတွေနဲ့အတူ စကားစမြည်ပြောရင်း လက်ရည်စမ်းကြတာပေါ့..🤗🏌🏼🏌️‍♀️

ကျယ်ဝန်းလှတဲ့ခြံကြီးထဲမှာ တည်းခိုအနားယူဖို့ရာ Bungalow အသစ်လေးတွေကလည်း ရှိ​သေးတယ်...🤗🤗🛖🏠

မိသားစုလိုက် လာမလား...သူငယ်ချင်းနဲ့လာမလား.. အလုပ်ကိစ္စတွေကို စိတ်အေးလက်အေးဆွေးနွေးမှာလား...ဝန်ထမ်းတွေကို လုံခြံမှုရှိမယ့်နေရာလေးလိုက်ပို့ချင်တာလား...
ဘယ်လိုအကြောင်းပြချက်နဲ့မဆို ကိုက်ညီနေတာ ဟောဒီက My Dream Garden လေးပါ..🤗🤗

အရေးကြီးဆုံးအပိုင်းလေးလာပြီ...🤩
ခြံအကျယ်ကြီးကိုမှ တစ်နေ့ကို🤩 နှစ်ဖွဲ့ပဲ 🤩လက်ခံပေးပါမယ်..ဒီလိုဆို ချစ်သောတို့ ဘယ်လောက်တောင်အေးဆေးလိုက်မလဲနော်..

အချိန်ကရော..Day Return လေးတွေက
👉.မနက် 7:30 ကနေ ညနေ 5:00 အထိ 👈လာရောက်လည်ပတ်နိုင်ပါတယ်...

😴ညအိပ်ညနေရော... လက်ခံလား
ဒါပေါ့.. ညအိပ်မယ့်သူတွေအတွက် package လေးက 🕛နေ့လည်12:00 ကနေ နောက်တစ်နေ့ နေ့လည်12:00🕛 အထိ နော်...

🎶KTV လေးလည်း သီဆိိုနိုင်မှာဆိုတော့ ညအိပ် package လေးက ဘယ်လောက်တောင်ပျော်စရာတွေနဲ့ ပြည့်နေလိုက်မလဲ..

အစားအသောက်ကရော...
🍀နေ့လည်စာရယ်....
🍀အစာပြေ အကြော်စုံရေနွေးကြမ်းနဲ့ လက်ဖက်သုပ် လေးတွေနဲ့ တည်ခင်းဧည့်ခံပါမယ်

🤔ဝင်ကြေးရော...
နေ့ချင်းပြန် package တစ်ယောက်ကိုမှ 🤗18000🤗 သာ သတ်မှတ်ထားတာမို့ တန်မှတန်နော်..
Relax and Chill ဆိုတဲ့ Vibe ကို 18000 ထဲနဲ့ရရှိနိုင်မှာပါ..🤗🤗

🤔သွားချင်တယ်..ဘာနဲ့သွားရမလဲ...
My dream garden ကို လာလည်ဖို့ စိတ်လေးတစ်ခုသာရှိလိုက်ပါ... ကားငှားပေးဖို့ကအစ စီစဥ်ပေးဦးမှာ..🤗🤗

My Dream Garden သို့သွားရန် ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

ဒါ့ကြောင့် လိုနေတာ သွားချင်စိတ်ကလေးနော်...🤗🤗

❣️09960507000 ဒါလေးက Booking လှမ်းလုပ်ဖ်ို့အတွက်... ဪမေ့လို့ အနည်းဆုံး (၂၄)နာရီကြိုပြီး Booking တင်ပေးရတယ်နော်။

✌🏼ချစ်သောတို့ လာလည်ဖို့ My Dream Garden ရဲ့ ခြံတံခါးလေးက ဖွင့်လှစ်ထားလျက်ပါ....😇😇 🚪

လိပ်စာကတော့
My Dream Garden
https://maps.app.goo.gl/Y5nwa9tBpUhqgoZf9?g_st=ic








21/11/2022

ကြည့်ရှုသူ သန်းချီ လာတဲ့
2022 World Cup Trailers

20/11/2022

၂၀၂၂ကမ္ဘာ့ဖလားဖွင့်ပွဲတိုက်ရိုက်ကြည့်ရန်လင့်

http://bit.ly/3hYZa8d

ရွှေဘတောင်🏞️ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်နှစ်ပေါင်း ၉၀၀ တ...
14/11/2022

ရွှေဘတောင်🏞️

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်

နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်

ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်

နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့် ရွှေဘတောင်

ရွှေဘတောင်
မုံရွာတစ်ဘက်ကမ်း
ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း
ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။

အံသြရပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။

ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။

ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီး နေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဥ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။

နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။
ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။

ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။

ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။
ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။
လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသောကျောက် ဖြစ်ပါတယ်။

လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။

ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်

ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

(ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်)

ဖြစ်နိုင်မယ်ဆိုရင်မင်း နဲ့အတူ ခရီးတွေထွက်ချင်တယ်..ပင်လယ်ကမ်းစပ်တွေဆီတောင်တန်းတွေဆီဟိုး…မြေနီလမ်းကနေကြာပန်းတွေဆီ… #လူခေး
14/11/2022

ဖြစ်နိုင်မယ်ဆိုရင်
မင်း နဲ့အတူ
ခရီးတွေထွက်ချင်တယ်..
ပင်လယ်ကမ်းစပ်တွေဆီ
တောင်တန်းတွေဆီ
ဟိုး…မြေနီလမ်းက
နေကြာပန်းတွေဆီ…

#လူခေး

Lunar Eclipses လကြတ်တာကို အမျိုးသမီးများထွက်မကြည့်ကြပါနဲ့  ❗❗လင်မရပါဘူးတဲ့
08/11/2022

Lunar Eclipses

လကြတ်တာကို အမျိုးသမီးများထွက်မကြည့်ကြပါနဲ့ ❗❗

လင်မရပါဘူးတဲ့

ချစ်သူက အလုပ်ခွင့်မရသောအခါ
28/10/2022

ချစ်သူက အလုပ်ခွင့်မရသောအခါ

ရှမ်းပြည်နယ်တောင်ပိုင်း🏞️တောင်ကြီး-ကလောမြို့အတွင်းရှိမြင်ကွင်းတချို့🏞️တစ်နေ့ရောက်အောင်လှမ်းခဲ့ပါ❤️🎥-Tin Htay
25/10/2022

ရှမ်းပြည်နယ်တောင်ပိုင်း🏞️

တောင်ကြီး-ကလောမြို့အတွင်းရှိ
မြင်ကွင်းတချို့🏞️

တစ်နေ့ရောက်အောင်လှမ်းခဲ့ပါ❤️

🎥-Tin Htay

ဒါလေး လဲ ပုဂံ က ဟော်တယ် တစ်ခု ပဲ သိလား ဈေးလေး အသင့် အတင့်နဲ့ အရမ်း မိုက်တယ့် ဟော်တယ် လှလှလေးနော် တည ၃၅,၀၀၀ ဝန်းကျင် ပဲ ည...
19/10/2022

ဒါလေး လဲ ပုဂံ က ဟော်တယ် တစ်ခု ပဲ သိလား
ဈေးလေး အသင့် အတင့်နဲ့ အရမ်း မိုက်တယ့် ဟော်တယ် လှလှလေးနော် တည ၃၅,၀၀၀ ဝန်းကျင် ပဲ
ညနေဘက် ဆို Unplugged တွေနဲ့ ရေကူးကန် ဘေး လေးမှာ ဘားရှိတော့ မပျင်းရဘူးပေါ့ ဟော်တယ် တည်း တဲ့ သူတွေဆို ရေလေးကူး ရင်း အပန်းဖြေရုံ ပဲ
ကိတို့တော့ အပြင်ဧည့် သည်အနေနဲ့ Dinner သုံးဆောင် ခဲ့တာပါ
အစားအသောက်လေးတွေက လဲ လုံး ဝစားကောင်းပြီး အဆင်ပြေတဲ့ ဈေးလေးတွေနဲ့ရယ်
ဟော် တယ် အခန်းနံပါတ်လေးတွေက လဲ အဆန်း ပဲ မိုင်တိုင်လေးတွေနဲ့ရေးထားတာ တကယ် ချစ်ဖို့ကောင်းတယ် ❣️
Page My Place Hotel - Bagan

ကားအဆင်မပြေဖြစ်နေသူများတွက်လဲ
KS 78 Car Rental မှ ၅ ယောက် စီးမှ
၁၅ယောက်စီး ကားများ
အငှားဝန်ဆောင်မှု့ကို သတိရလိုက်ပါ

အသေးစိတ်သိရှိလိုပါက
🚘KS 78 Travel & Car Rental Services🚘
🏠No. (51), Kyaung Street, Sawyanpaing South Quarter, Ahlone Township, Yangon, Myanmar
☎️+95 9786677711-33
📞Viber No +95 9786677711
09260005862
09973476734
📩Email [email protected]

Crd

ကလောမြို့❤️နိုင်ငံခြားလိုပဲလှလိုက်တာ😍အင်းပြင်ဟိုတယ်ဇုန်နားက
15/10/2022

ကလောမြို့❤️

နိုင်ငံခြားလိုပဲလှလိုက်တာ😍

အင်းပြင်ဟိုတယ်ဇုန်နားက

နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မယ့် ထိုင်းနိုင်ငံရဲ့အကြီးဆုံးတောင် နေကြာပန်းခင်းကြီး   Thung Bua Tong 🌼🌼🌼Thung B...
15/10/2022

နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မယ့် ထိုင်းနိုင်ငံရဲ့အကြီးဆုံးတောင် နေကြာပန်းခင်းကြီး Thung Bua Tong 🌼🌼🌼

Thung Bua Tong အကြောင်းသိထားသင့်သည့်အချက်ဆယ်ချက်

1. Thung Bua Tong ဟာ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွမ်မှာ တည်ရှိတာပါ။

2. အလွန်ကျယ်ဝန်းပြီး ဧရိယာ 500 ရိုင်ကျော်လောက် ရှိပါတယ်။

3. ပင်လယ်ရေမျက်နှာပြင်အထက် 1600 မီတာအမြင့်တွင်တည်ရှိပါတယ်။

4.ပြီးတော့ ဒီနေရာဟာထိုင်းနိုင်ငံရဲ့ အကြီးဆုံးကြာပန်းပွင့်ကွင်းကြီးလည်းဖြစ်ပါတယ်။

5. Bua Tong Blooming Festival 2021 ကို နိုဝင်ဘာလ 11 ရက်နေ့ တွင်စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

6.နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအစောပိုင်းတွင် ပန်းတွေအရမ်းပွင့်တဲ့ဖြစ်တာမို့ နောက်တစ်နှစ်ရောက်ဖို့စောင့်မနေသင့်ပါဘူးနော်။ နိုဝင်ဘာ 15 ရက်မှစတင်၍ ပန်းတွေ အပြည့်ပွင့်မည်ဟု ခန့်မှန်းရပြီး ဒီဇင်ဘာတွင် တစ်ကွင်းလုံးပြည့်ပွင့်မှာဖြစ်ပါတယ်။

7. ဒီနေရာကိုရောက်တဲအ့ခါ ခရီးသွားတွေဟာ360 ဒီဂရီ ပတ်၀န်းကျင်မှာပြည့်နေတဲ့ တောင်နေကြာပန်းတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး အရမ်းကိုသာယာလှပနေမှာပါ။

8. Thung Bua Tong သို့ရောက်ရန် လမ်းကြောင်းအမှတ် ၁၀၈ (မယ်ဟောင်ဆောင်-ခွန်ယွမ်) တစ်လျှောက် ခွန်ယွမ်ခရိုင်ကို ဖြတ်၍ မရောက်မီ ၁ ကီလိုမီတာခန့်၊ သောင်ဘာတုံသို့ အမြန်လမ်းမကြီး 1263 မှ 26 လက်ဝဲဘက်သို့ ကွေ့ရပါတယ်။

9. လူအများကြီးကို ဘယ်သူကမှသေချာလိုက်ပြီးမပြောနိုင်တာမို့ ကိုယ့်အသိစိတ်နဲ့ကိုယ့် သန့်ရှင်းသပ်ရပ်မှုကိုကူညီပြီး ပန်းခင်းကြီးမပျက်စီးအောင်ဂရုစိုက်ကြမှာဖြစ်ပါတယ်။

10. အနီးနားရှိ အထင်ကရနေရာများ

> Mae Surin Waterfall အမျိုးသားဥယျာဉ်
>> Ban Nong Haeng ရေပူစမ်း
>>> လက်နက်ပြတိုက်
>>>> ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်ယာဉ်များ

အသေးစိတ်အချက်အလက်များကို တွင် မေးမြန်းလိုပါက Mae U Kho Subdistrict အုပ်ချုပ်ရေးအဖွဲ့
တယ်လီဖုန်း ၀၅၃-၆၁၅၉၈၇ နှင့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း

အာဏာပိုင်အဖွဲ့ မယ်ဟောင်ဆောင်ရုံး ဖုန်း ၀၅၃-၆၁၂၉၈၂ တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပုဂံ-လွမ်းစရာဌာနေ မိုးအကုန် ဆောင်းအစ သိပ်လှတဲ့ရာသီ....ဒီရာသီချိန်ဆို ပုဂံရဲ့မနက်ခင်းတွေကသိပ်ကို လှနေပေတော့မယ်....
14/10/2022

ပုဂံ-လွမ်းစရာဌာနေ
မိုးအကုန် ဆောင်းအစ
သိပ်လှတဲ့ရာသီ....
ဒီရာသီချိန်ဆို ပုဂံရဲ့မနက်ခင်းတွေက
သိပ်ကို လှနေပေတော့မယ်....

ဒီအချိန် ဘယ်သူမှ အဆင်ပြေမနေကျဘူးဗျာ 😓
19/08/2022

ဒီအချိန် ဘယ်သူမှ အဆင်ပြေမနေကျဘူးဗျာ 😓

" ဆရာကြီး ...သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်""ကျေးဇူးပါ..သာဓုပါကွယ်...အိမ်မှာ အဖေနဲ့အမေ ရှိသေးလား..သူတို့ကိုရော ကန်တ...
27/07/2022

" ဆရာကြီး ...သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်"

"ကျေးဇူးပါ..သာဓုပါကွယ်...
အိမ်မှာ အဖေနဲ့အမေ ရှိသေးလား..
သူတို့ကိုရော ကန်တော့ပြီးပြီလား"

"ဟုတ်..ကန်တော့မှာပါ"

"သမီးလခ ဘယ်လောက်ရသလဲ"

"၃သိန်း -၄ သိန်းရပါတယ်"

"မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ"

" လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို
သီတင်းကျွတ် ..
သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်.."

" လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့..
တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ"

" လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်"

" တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို
၁သိန်း/၂ သိန်းပေါ့...
တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။
အင်း ..လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ"

" ၅၀၀ လောက်ဖြစ်နေပြီဆရာ"

"သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး
ကန်တော့သလိုဖြစ်နေတာပေါ့။
သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား။

ကျောင်းလည်းထား..အဝတ်အစားလည်းဆင်.နေမကောင်းလဲဆေးကုပေး ..
ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ...

သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး
ရသေးလို့လဲ...လဘက်ရည်တစ်ခွက်ဖိုးလောက်
ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ
ဟုတ်လား...ခက်ခဲနေပြီ ဟုတ်လား"

" သမီးက ပေးတယ်..အမေတို့က မယူတာ..
မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်"

"စိတ်မဆိုးနဲ့နော်..သမီးမိဘက ဘောစိလား"

"မဟုတ်ပါဘူးဆရာရယ်..မရှိလို့ အခုလို တနယ်တကျေး
မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့..သမီးလဲ
တစ်လတစ်လ မလောက်ဘူး"

"တစ်လ ၃သိန်း/၄ သိန်းဆိုတာ
ဆရာတို့ အိမ်မက်တောင်
မ မက်ခဲ့ဘူးတဲ့လစာ။
ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင်
ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ..

မိဘက မလိုလို့မယူတာမဟုတ္ဘူး..
မယူရက္လို့ မယူတာ..
လိုချင်တာ ဝယ်ပေးတာထက်
သမီး ပေးတဲ့ ပိုက်ဆံလေး ကိုင်ချင်တာပေါ့။

ပြောမထွက်ရက်လို့သာ။
သူလိုချင်တာ သူစားချင်တာ
သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ...

အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို
သူ့ကိုယ်ပိုင်ငွေနဲ့ ဝတ္ထု ကပ်လှုချင်တာ..

ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။
သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။

အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ။ သမီး ဘာတွေဖြည့်ဆည်းပေးပေး
ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ်
ဘယ်လောက်ကုန်လဲ"

"၃သောင်း-၄ သောင်း။

" အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက်
ပိုအောင်စုကြည့်ပါ။
မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။

တခါတည်း တစ်သိန်းကန်တော့တာထက်
တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်။ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။

လစဉ်မှန်မှန် ကန်တော့တဲ့အတွက်
မိဘလဲ သမီးကန်တော့မဲ့ငွေ
၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။

သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့ကျေနပ်တာပေါ့"

"ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။

သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ
ရှိတာပါလား"
ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်။

" သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။
အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။
တစ်နေ့ ၂၀၀၀-၃၀၀၀ ပဲ ။

သမီးမှာ ချစ်သူရှိရင်ဆိုင်ကောင်းကောင်းစားရတာနဲ့
လည်ပတ်ရတာနဲ့ သူ့မွေးနေ့ကိုယ့်မွေးနေ့
လက်ဆောင်တွေပေးရတာနဲ့ valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့ နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ ...

အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ...
အဲဒီအချိန်မှာ သမီး မိဘက သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို
နှစ်ယောက်ဆို တစ်ယောက်တစ်ဝက်
သောက်နေရတာနော်..
မုန့်မပါဘူး။
ထမင်း ဟင်းမပါသေးဘူး ..ဆိုတာလေး မျက်စိထဲ
မြင်ယောင်ကြည့်လိုက်ပါ။

သမီး တစ်လ ၃/၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄၀၀/၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ"

ကလေးမလေး မျက်ရည်တွေ ကျလာသည်။

" သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို
တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား"

ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်။

" သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။
မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့
ငိုပြမနေတော့နဲ့။

ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “ လောက်ကို ကျေးဇူးဆပ်တယ်ထင်မနေနဲ့။

သူတို့မစားနိုင်အိပ်ယာပေါ်က မထနိုင်တော့တဲ့
အချိန်မှလည်း ကျွေးမနေတော့နဲ့။

ဆရာ့ရဲ့ သီတင်းကျွတ် လက်ဆောင်ကတော့
" မိဘကို အမြန်ဆုံး လုပ်ကျွေးပါ" လို့ပဲ ပြောချင်ပါတယ် သမီးရေ"

ကလေးမလေး ငိုချတော့သည်။

" ကဲ...အခုလို ဆရာ့ကို ကန်တော့ရသော
အကျိုးအားကြောင့်
မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ
တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်"

•မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ
လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ။

•အမြန်ဆုံးလုပ်ကျွေးပါ။
တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ။
•မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ။
•လုပ်ကျွေးနေတဲ့ လူတွေလဲ ယခုထက်ပိုပြီး များများလုပ်ကျွေးကြပါ။

"ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည်"

သင်ဖတ်ပြီးလို့ လက်ခံတယ်ဆိုရင်အများသူငှါ အသိတိုးစေဖို့မေတ္တာဖြင့် ဖြန့်ဝေပါအုံးနော် ။

မူရင်း
ပြန်လည်မျှဝေပါသည်

Address

Yangon

Telephone

+959679798019

Website

Alerts

Be the first to know and let us send you an email when Let's Go Vlogs Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Go Vlogs Myanmar:

Videos

Share

Category